Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တွင် ရင်ခေါင်းသေနတ်ထိမှန်၍ ကျဆုံးခဲ့သော မောင်ဇင်မျိူးမောင်၏ ရုပ်အလောင်း မနက်ဖြန် သဂြိုလ်မည်

ကလေးမြို့တွင် ရင်ခေါင်းသေနတ်ထိမှန်၍ ကျဆုံးခဲ့သော မောင်ဇင်မျိူးမောင်၏ ရုပ်အလောင်း မနက်ဖြန် သဂြိုလ်မည်

0
By Editor on March 4, 2021 Headline
#Unicode
By မာဂရက် – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မတ်လ ၂ ရက်နေ့က ဆန္ဒဖော်ထုတ်မှုကို ရဲနှင့်တပ်မတော်က သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းရာတွင် ရင်ခေါင်းကျည်ထိမှန်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိူးမောင်သည် မတ်လ ၃ ရက်နေ့ ၃ နာရီဝန်းကျင်ခန့်က သေဆုံးခဲ့ပြီး ရုပ်အလောင်းကို မနက်ဖြန်တွင် သဂြိုလ်ကြမည်ဟုသိရသည်။
“ မနေ့က ၂း၄၅ မိနစ်မှာ ဆုံးသွားတာပါ၊ မနေ့က မန္တလေးကို သူတို့က သွားတာရတယ်ဆိုတော့ မန္တလေးကို ဆင်းတာ လမ်းမှာပဲဆုံးသွားလို့ ပြန်သယ်ခဲ့တယ်၊ မနေ့ည ၈ ခွဲကို ပြန်ရောက်တယ်၊ အသုဘက မနက်ဖြန် (၃) နာရီမှာချမယ် ဒီနေ့မချသေးဘူး သားအကြီးမရောက်သေးလို့” ဟု ကိုဇင်မျိုးမောင်၏ မိခင်ကပြောသည်။
မတ်လ ၂ ရက်နေ့ ကလေးမြို့လူထုဆန္ဒဖော်ထုတ်မှုတွင် ရဲနှင့် တပ်မတော်က မျက်ရည်ယိုဗုံးဖြင့်ပစ်ခတ်ဖြိုခွင်းခဲ့သည့် အပြင် သေနတ်ကျည်အစစ်များဖြင့်ပစ်ခတ်ခဲ့သည့်အတွက် မောင်ဇင်မျိူးမောင်အပါအဝင် လူ ၄ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
ရင်ခေါင်းကျည်ထိမှန်သည့် မောင်ဇင်မျိူးမောင်သည် အခြေအနေစိုးရိမ်ရသည့်အတွက် မန္တလေးမြို့သို့ဆေးကုသရန် ပို့ဆောင်နေစဉ်လမ်းခုလပ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
မောင်ဇင်မျိူးမောင်သည် ကလေးမြို့နယ် လှိုင်သာယာရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒဖော်ထုတ်မှုတွင် ရဲနှင့် တပ်မတော်မှ ပစ်ခတ်မှုကြောင့် ပထမဆုံး ကျဆုံးခဲ့သူဖြစ်သည်။
#Zawgyi
By မာဂရက် – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မတ်လ ၂ ရက်နေ့က ဆန္ဒဖော်ထုတ်မှုကို ရဲနှင့်တပ်မတော်က သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းရာတွင် ရင်ခေါင်းကျည်ထိမှန်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်သည် မတ်လ ၃ ရက်နေ့ ၃ နာရီဝန်းကျင်ခန့်က သေဆုံးခဲ့ပြီး ရုပ်အလောင်းကို မနက်ဖြန်တွင် သဂြိုလ်ကြမည်ဟုသိရသည်။
မတ်လ ၂ ရက်နေ့ ကလေးမြို့လူထုဆန္ဒဖော်ထုတ်မှုတွင် ရဲနှင့် တပ်မတော်က မျက်ရည်ယိုဗုံးဖြင့်ပစ်ခတ်ဖြိုခွင်းခဲ့သည့် အပြင် သေနတ်ကျည်အစစ်များဖြင့်ပစ်ခတ်ခဲ့သည့်အတွက် မောင်ဇင်မျိုးမောင်အပါအ၀င် လူ ၄ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
ရင်ခေါင်းကျည်ထိမှန်သည့် မောင်ဇင်မျိုးမောင်သည် အခြေအနေစိုးရိမ်ရသည့်အတွက် မန္တလေးမြို့သို့ဆေးကုသရန် ပို့ဆောင်နေစဉ်လမ်းခုလပ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
မောင်ဇင်မျိုးမောင်သည် ကလေးမြို့နယ် လှိုင်သာယာရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒဖော်ထုတ်မှုတွင် ရဲနှင့် တပ်မတော်မှ ပစ်ခတ်မှုကြောင့် ပထမဆုံး ကျဆုံးခဲ့သူဖြစ်သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.