Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့ပြည်သူ့ဆေးရုံအတွင်း စစ်သားများဝင်ရောက်၊ တီးတိန်လူငယ်များက အခြေအနေစောင့်ကြည့်နေ

တီးတိန်မြို့ပြည်သူ့ဆေးရုံအတွင်း စစ်သားများဝင်ရောက်၊ တီးတိန်လူငယ်များက အခြေအနေစောင့်ကြည့်နေ

0
By Editor on March 8, 2021 Headline
#Unicode
မာဂရက် – ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း တပ်မတော်သားများက တာဝန်အရ ဟုဆိုကာ ဝင်ရောက်နေရာယူထားပြီး တီးတိန်မြို့ရှိ လူငယ်များကလည်း အခြေအနေစောင့်ကြည့်နေကြသည်ဟု သိရသည်။
တီးတိန်မြို့ ဒေသခံတစ်ဦးက “ ကျွန်တော်တို့ ကြားသလောက်တော့ မနေ့ကလည်း ဆေးရုံမှာအိပ်သ လိုကြားတယ် သူတို့ဘယ်ချိန်အိပ်လဲဆိုတာမသိဘူး လူငယ်တွေလည်းကင်းလှည့်တဲ့အချိန်မှာ မရှိသေး တားလား၊ မတွေ့သေးတာလားမသိဘူး ဒီမနက်ကြတော့ နှစ်ခါ သုံးခါလောက်လာတယ်လို့ သတင်း ကြားလို့စိတ်ပူပြီး လာကြည့်တာ တပ်က ၄ ယောက် ၅ ယောက်လားမသိ လက်နက်အပြည့်အစုံနဲ့ တာဝန်အရဆိုပြီး ဒီမှာလာနေတယ်၊ ကျွန်တော်တို့ လူငယ်တွေက သဘောမကျဘူး ဆေးရုံဝင်းထဲမှာ လက်နက်ကိုင်ဆောင်တာ မကောင်းဘူးလေ၊ လောလောဆယ် တပ်ကလည်း ဒီတိုင်းနေတယ်၊ အနားမှာလည်း လူငယ်တွေကစောင့်နေတယ် အခြေအနေကတော့ ဒီအတိုင်းပဲ၊ ပုံစံကြည့်ရတာ တပ်ကလည်း သူတို့တာဝန်အရဆိုပြီး မပြန်ချင်တဲ့ပုံစံပဲ၊ ကျွန်တော်တို့ တီးတိန်ကလည်း အေးချမ်း နေတဲ့အချိန်မှာ ဆေးရုံဝင်းထဲထိလာတာဆိုတော့ လူငယ်တွေစိတ်ပူတာပေါ့ တခြား မြို့တွေလို ဆေးရုံထဲမှာ လာတပ်ဆွဲရင် ပြဿနာပဲ” ဟု ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ ခရိုင်ပြည်သူ့ဆေးရုံဝင်းတွင်လည်း ယနေ့မွန်းလွဲပိုင်းက တပ်မတော်က တပ်စွဲရန် ရောက်ရှိလာသော်လည်း ပြည်သူလူထုက ဆန္ဒပြမောင်းထုတ်ကြသည့်အတွက် ပြန်လည်ထွက်သွားခဲ့ကြသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္၊ တီးတိန္ျမဳိ႕ ျပည္သူ႔ေဆးရုံဝင္းအတြင္း တပ္မေတာ္သားမ်ားက တာဝန္အရ ဟုဆုိကာ ၀င္ေရာက္ေနရာယူထားၿပီး တီးတိန္ျမဳိ႕ရွိ လူငယ္မ်ားကလည္း အေျခအေနေစာင့္ၾကည့္ေနၾကသည္ဟု သိရသည္။
တီးတိန္ျမဳိ႕ ေဒသခံတစ္ဦးက “ ကြ်န္ေတာ္တုိ႔ ၾကားသေလာက္ေတာ့ မေန႔ကလည္း ေဆးရုံမွာအိပ္သ လုိၾကားတယ္ သူတုိ႔ဘယ္ခ်ိန္အိပ္လဲဆုိတာမသိဘူး လူငယ္ေတြလည္းကင္းလွည့္တဲ့အခ်ိန္မွာ မရွိေသး တားလား၊ မေတြ႔ေသးတာလားမသိဘူး ဒီမနက္ၾကေတာ့ ႏွစ္ခါ သုံးခါေလာက္လာတယ္လုိ႔ သတင္း ၾကားလုိ႔စိတ္ပူျပီး လာၾကည့္တာ တပ္က ၄ ေယာက္ ၅ ေယာက္လားမသိ လက္နက္အျပည့္အစုံနဲ႔ တာဝန္အရဆုိျပီး ဒီမွာလာေနတယ္၊ ကြ်န္ေတာ္တုိ႔ လူငယ္ေတြက သေဘာမက်ဘူး ေဆးရုံဝင္းထဲမွာ လက္နက္ကုိင္ေဆာင္တာ မေကာင္းဘူးေလ၊ ေလာေလာဆယ္ တပ္ကလည္း ဒီတုိင္းေနတယ္၊ အနားမွာလည္း လူငယ္ေတြကေစာင့္ေနတယ္ အေျခအေနကေတာ့ ဒီအတုိင္းပဲ၊ ပုံစံၾကည့္ရတာ တပ္ကလည္း သူတို႔တာဝန္အရဆုိျပီး မျပန္ခ်င္တဲ့ပုံစံပဲ၊ ကြ်န္ေတာ္တုိ႔ တီးတိန္ကလည္း ေအးခ်မ္း ေနတဲ့အခ်ိန္မွာ ေဆးရုံဝင္းထဲထိလာတာဆုိေတာ့ လူငယ္ေတြစိတ္ပူတာေပါ့ တျခား ျမဳိ႕ေတြလုိ ေဆးရုံထဲမွာ လာတပ္ဆြဲရင္ ျပႆနာပဲ” ဟု ေျပာသည္။
ခ်င္းျပည္နယ္ေတာင္ပိုင္း မင္းတပ္ၿမိဳ႕ ခ႐ိုင္ျပည္သူ႔ေဆးရံု၀င္းတြင္လည္း ယေန႔မြန္းလြဲပိုင္းက တပ္မေတာ္က တပ္စြဲရန္ ေရာက္ရွိလာေသာ္လည္း ျပည္သူလူထုက ဆႏၵျပေမာင္းထုတ္ၾကသည့္အတြက္ ျပန္လည္ထြက္သြားခဲ့ၾကသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD ပါတီဥက္ကဌဟောင်း SNDP ကျားဖြူပါတီ ကိုယ်စားပြုပြီး ရန်ကုန်မှာ ရွေးကောက်ပွဲ ဝင်မည်

အင်အားအလုံးအရင်းဖြင့် ဆက်တိုက်ထိုးစစ်ဆင်ခံရပြီးနောက် ခဲယမ်းမလောက်ငှ၍ ကြံသာကို တော်လှန်ရေးတပ်တွေ လက်လွတ်ခဲ့ရ

ကလေးမြို့တွင် ၁၀ ရက်ကျော်ကြာ ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ခံရမှုကြောင့် ဒေသခံပြည်သူများ လူမှုဘဝအကြီးအကျယ် ထိခိုက်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.