Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့ပြည်သူ့ဆေးရုံအတွင်း စစ်သားများဝင်ရောက်၊ တီးတိန်လူငယ်များက အခြေအနေစောင့်ကြည့်နေ

တီးတိန်မြို့ပြည်သူ့ဆေးရုံအတွင်း စစ်သားများဝင်ရောက်၊ တီးတိန်လူငယ်များက အခြေအနေစောင့်ကြည့်နေ

0
By Editor on March 8, 2021 Headline
#Unicode
မာဂရက် – ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း တပ်မတော်သားများက တာဝန်အရ ဟုဆိုကာ ဝင်ရောက်နေရာယူထားပြီး တီးတိန်မြို့ရှိ လူငယ်များကလည်း အခြေအနေစောင့်ကြည့်နေကြသည်ဟု သိရသည်။
တီးတိန်မြို့ ဒေသခံတစ်ဦးက “ ကျွန်တော်တို့ ကြားသလောက်တော့ မနေ့ကလည်း ဆေးရုံမှာအိပ်သ လိုကြားတယ် သူတို့ဘယ်ချိန်အိပ်လဲဆိုတာမသိဘူး လူငယ်တွေလည်းကင်းလှည့်တဲ့အချိန်မှာ မရှိသေး တားလား၊ မတွေ့သေးတာလားမသိဘူး ဒီမနက်ကြတော့ နှစ်ခါ သုံးခါလောက်လာတယ်လို့ သတင်း ကြားလို့စိတ်ပူပြီး လာကြည့်တာ တပ်က ၄ ယောက် ၅ ယောက်လားမသိ လက်နက်အပြည့်အစုံနဲ့ တာဝန်အရဆိုပြီး ဒီမှာလာနေတယ်၊ ကျွန်တော်တို့ လူငယ်တွေက သဘောမကျဘူး ဆေးရုံဝင်းထဲမှာ လက်နက်ကိုင်ဆောင်တာ မကောင်းဘူးလေ၊ လောလောဆယ် တပ်ကလည်း ဒီတိုင်းနေတယ်၊ အနားမှာလည်း လူငယ်တွေကစောင့်နေတယ် အခြေအနေကတော့ ဒီအတိုင်းပဲ၊ ပုံစံကြည့်ရတာ တပ်ကလည်း သူတို့တာဝန်အရဆိုပြီး မပြန်ချင်တဲ့ပုံစံပဲ၊ ကျွန်တော်တို့ တီးတိန်ကလည်း အေးချမ်း နေတဲ့အချိန်မှာ ဆေးရုံဝင်းထဲထိလာတာဆိုတော့ လူငယ်တွေစိတ်ပူတာပေါ့ တခြား မြို့တွေလို ဆေးရုံထဲမှာ လာတပ်ဆွဲရင် ပြဿနာပဲ” ဟု ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ ခရိုင်ပြည်သူ့ဆေးရုံဝင်းတွင်လည်း ယနေ့မွန်းလွဲပိုင်းက တပ်မတော်က တပ်စွဲရန် ရောက်ရှိလာသော်လည်း ပြည်သူလူထုက ဆန္ဒပြမောင်းထုတ်ကြသည့်အတွက် ပြန်လည်ထွက်သွားခဲ့ကြသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္၊ တီးတိန္ျမဳိ႕ ျပည္သူ႔ေဆးရုံဝင္းအတြင္း တပ္မေတာ္သားမ်ားက တာဝန္အရ ဟုဆုိကာ ၀င္ေရာက္ေနရာယူထားၿပီး တီးတိန္ျမဳိ႕ရွိ လူငယ္မ်ားကလည္း အေျခအေနေစာင့္ၾကည့္ေနၾကသည္ဟု သိရသည္။
တီးတိန္ျမဳိ႕ ေဒသခံတစ္ဦးက “ ကြ်န္ေတာ္တုိ႔ ၾကားသေလာက္ေတာ့ မေန႔ကလည္း ေဆးရုံမွာအိပ္သ လုိၾကားတယ္ သူတုိ႔ဘယ္ခ်ိန္အိပ္လဲဆုိတာမသိဘူး လူငယ္ေတြလည္းကင္းလွည့္တဲ့အခ်ိန္မွာ မရွိေသး တားလား၊ မေတြ႔ေသးတာလားမသိဘူး ဒီမနက္ၾကေတာ့ ႏွစ္ခါ သုံးခါေလာက္လာတယ္လုိ႔ သတင္း ၾကားလုိ႔စိတ္ပူျပီး လာၾကည့္တာ တပ္က ၄ ေယာက္ ၅ ေယာက္လားမသိ လက္နက္အျပည့္အစုံနဲ႔ တာဝန္အရဆုိျပီး ဒီမွာလာေနတယ္၊ ကြ်န္ေတာ္တုိ႔ လူငယ္ေတြက သေဘာမက်ဘူး ေဆးရုံဝင္းထဲမွာ လက္နက္ကုိင္ေဆာင္တာ မေကာင္းဘူးေလ၊ ေလာေလာဆယ္ တပ္ကလည္း ဒီတုိင္းေနတယ္၊ အနားမွာလည္း လူငယ္ေတြကေစာင့္ေနတယ္ အေျခအေနကေတာ့ ဒီအတုိင္းပဲ၊ ပုံစံၾကည့္ရတာ တပ္ကလည္း သူတို႔တာဝန္အရဆုိျပီး မျပန္ခ်င္တဲ့ပုံစံပဲ၊ ကြ်န္ေတာ္တုိ႔ တီးတိန္ကလည္း ေအးခ်မ္း ေနတဲ့အခ်ိန္မွာ ေဆးရုံဝင္းထဲထိလာတာဆုိေတာ့ လူငယ္ေတြစိတ္ပူတာေပါ့ တျခား ျမဳိ႕ေတြလုိ ေဆးရုံထဲမွာ လာတပ္ဆြဲရင္ ျပႆနာပဲ” ဟု ေျပာသည္။
ခ်င္းျပည္နယ္ေတာင္ပိုင္း မင္းတပ္ၿမိဳ႕ ခ႐ိုင္ျပည္သူ႔ေဆးရံု၀င္းတြင္လည္း ယေန႔မြန္းလြဲပိုင္းက တပ္မေတာ္က တပ္စြဲရန္ ေရာက္ရွိလာေသာ္လည္း ျပည္သူလူထုက ဆႏၵျပေမာင္းထုတ္ၾကသည့္အတြက္ ျပန္လည္ထြက္သြားခဲ့ၾကသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.