Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့ ဆန္ဒဖော်ထုတ်မှုတွင် ဖမ်းဆီးခံရသူ ၅ ဦးရှိပြီး ကလေးထောင်တွင် ထိန်းသိမ်းထား

ကလေးမြို့ ဆန္ဒဖော်ထုတ်မှုတွင် ဖမ်းဆီးခံရသူ ၅ ဦးရှိပြီး ကလေးထောင်တွင် ထိန်းသိမ်းထား

0
By Editor on March 16, 2021 Khonumthung

#Unicode

မာဂရက် – စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၅ ဦးရှိပြီဟုသိရပြီး ယင်းတို့အနက် ၄ ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ကာ တစ်ဦးကို သဘာဝဘေးစီမံဥပဒေဖြင့် အမှုဖွင့်ခံထားရသည်ဟု ကလေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးကပြောသည်။

အဆိုပါဖမ်းဆီးခံရသူများကို ကလေးမြို့အင်ဒိုင်းကြီးထောင်တွင် ထိန်းသိမ်းထားပြီး ၎င်းတို့လွတ်မြောက်ရေးအတွက် တရားလွှတ်တော်ရှေ့နေများနှင့် အမှုလိုက်ပါဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေါ်ရှားမီးက သူ၏ Facebook စာမျက်နှာ တွင်ရေးသားဖော်ပြထားသည်။

“ ကျွန်မတို့ ကလေးမြို့နယ်အတွင်း ဆန္ဒပြခြင်းကြောင့် ဖမ်းဆီးခံကြရသော (၅) ဦး၊ ပုဒ်မ ၅၀၅ (က) ၄ ဦး၊ ၂၀၁၃ သဘာဝဘေးစီမံဥပဒေ ပုဒ်မ ၂၅/၃၀ (က) ဖြင့် တရားစွဲဆိုထောင်ချခံရသူများအား စေတနာအပြည့်အဝထား ကူညီစောင့်ရှောက်ပေးသူရှေ့နေများနှင့် ငွေအား၊ လူအား ကူညီကြသူများအားလုံးအပေါ် ဖမ်းဆီးထိန်းသိမ်းခံရသူ မိသားစုများ၏ ကိုယ်စားကျေးဇူးအထူးတင်ရှိကြောင်းလေးလေး နက်နက် ဖော်ပြအပ်ပါသည်။” ဟု ဒေါ်ရှားမီးက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကြောင့် ကလေးမြို့တွင်အဖမ်းခံရသူများမှာ(၁) ဦးကျော်ကျော်မိုး (၄၇ နှစ်) ၊ (၂) ဦးလာလ်ရမ်းမောယာ(၃၄နှစ်) ၊ (၃) ဦးစိုးဝင်း(၅ဝနှစ်)၊ (၄) မောင်ဗန်လျန်ကျဲ(၂၆ နှစ်) နှင့် (၅) မဆုန်းချင်တီလ်(၂၅နှစ်) တို့ဖြစ်ကြသည်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) သည် အာမခံပေးခွင့်မရှိသော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် (၂) နှစ်အထိ ကျခံနိုင်ပြီး ငွေဒဏ်လည်းကျခံနိုင်ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ အရပ်သားအစိုးရထံ အာဏာသိမ်းယူပြီးနောက် မြန်မာ တနိုင်ငံလုံးတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများပြုလုပ်ကြသောပြည်သူများကို ရဲနှင့် စစ်သားများက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၁၈၀ ကျော်နှင့် ဖမ်းဆီးခံခဲ့ရသူူ ၂၀၀၀ ကျော်ရှိပြီဟ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ထုတ်ပြန်ချက်အရသိရသည်။

#Zawgyi

မာဂရက္ – စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕တြင္ စစ္အာဏာရွင္စနစ္ဆန႔္က်င္ဆႏၵေဖာ္ထုတ္မႈေၾကာင့္ ဖမ္းဆီးခံခဲ့ရသူ စုစုေပါင္း ၅ ဦးရွိၿပီဟုသိရၿပီး ယင္းတို႔အနက္ ၄ ဦးကို ပုဒ္မ ၅၀၅ (က)ျဖင့္ အမႈဖြင့္ကာ တစ္ဦးကို သဘာဝေဘးစီမံဥပေဒျဖင့္ အမႈဖြင့္ခံထားရသည္ဟု ကေလးၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚရွားမီးကေျပာသည္။

အဆိုပါဖမ္းဆီးခံရသူမ်ားကို ကေလးၿမိဳ႕အင္ဒိုင္းႀကီးေထာင္တြင္ ထိန္းသိမ္းထားၿပီး ၎တို႔လြတ္ေျမာက္ေရးအတြက္ တရားလႊတ္ေတာ္ေရွ႕ေနမ်ားႏွင့္ အမႈလိုက္ပါေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း ေဒၚရွားမီးက သူ၏ Facebook စာမ်က္ႏွာ တြင္ေရးသားေဖာ္ျပထားသည္။

“ ကၽြန္မတို႔ ကေလးၿမိဳ႕နယ္အတြင္း ဆႏၵျပျခင္းေၾကာင့္ ဖမ္းဆီးခံၾကရေသာ (၅) ဦး၊ ပုဒ္မ ၅၀၅ (က) ၄ ဦး၊ ၂၀၁၃ သဘာဝေဘးစီမံဥပေဒ ပုဒ္မ ၂၅/၃၀ (က) ျဖင့္ တရားစြဲဆိုေထာင္ခ်ခံရသူမ်ားအား ေစတနာအျပည့္အဝထား ကူညီေစာင့္ေရွာက္ေပးသူေရွ႕ေနမ်ားႏွင့္ ေငြအား၊ လူအား ကူညီၾကသူမ်ားအားလုံးအေပၚ ဖမ္းဆီးထိန္းသိမ္းခံရသူ မိသားစုမ်ား၏ ကိုယ္စားေက်းဇူးအထူးတင္ရွိေၾကာင္းေလးေလး နက္နက္ ေဖာ္ျပအပ္ပါသည္။” ဟု ေဒၚရွားမီးက သူ၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ေရးသားေဖာ္ျပထားသည္။

စစ္အာဏာရွင္စနစ္ဆန႔္က်င္ဆႏၵေဖာ္ထုတ္မႈေၾကာင့္ ကေလးၿမိဳ႕တြင္အဖမ္းခံရသူမ်ားမွာ(၁) ဦးေက်ာ္ေက်ာ္မိုး (၄၇ ႏွစ္) ၊ (၂) ဦးလာလ္ရမ္းေမာယာ(၃၄ႏွစ္) ၊ (၃) ဦးစိုးဝင္း(၅ဝႏွစ္)၊ (၄) ေမာင္ဗန္လ်န္က်ဲ(၂၆ ႏွစ္) ႏွင့္ (၅) မဆုန္းခ်င္တီလ္(၂၅ႏွစ္) တို႔ျဖစ္ၾကသည္။

ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က) သည္ အာမခံေပးခြင့္မရွိေသာ ပုဒ္မျဖစ္ၿပီး ေထာင္ဒဏ္ (၂) ႏွစ္အထိ က်ခံနိုင္ၿပီး ေငြဒဏ္လည္းက်ခံနိုင္ေၾကာင္းသိရသည္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔တြင္ စစ္တပ္မွ အရပ္သားအစိုးရထံ အာဏာသိမ္းယူၿပီးေနာက္ ျမန္မာ တနိုင္ငံလုံးတြင္ ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္မႈမ်ားျပဳလုပ္ၾကေသာျပည္သူမ်ားကို ရဲႏွင့္ စစ္သားမ်ားက အၾကမ္းဖက္ၿဖိဳခြင္းမႈေၾကာင့္ ေသဆုံးသူ ၁၈၀ ေက်ာ္ႏွင့္ ဖမ္းဆီးခံခဲ့ရသူူ ၂၀၀၀ ေက်ာ္ရွိၿပီဟ နိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း(AAPP) ၏ ထုတ္ျပန္ခ်က္အရသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားသွားရာလမ်း၌ ကွယ်လွန်ခဲ့သူ Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး ကလေးမြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

ချင်းပြည်နယ်တွင် စစ်အစိုးရလက်အောက်ခံအခြေခံကျောင်းများဖွင့်လှစ်၊ ကျောင်းတက်ရောက်သူ လူဦးရေ နှစ်သောင်းကျော်ရှိဟု ဆို

မင်းတပ်နှင့် ကန်ပက်လက်ကို စစ်တပ်က အင်အား ၂၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေဟု CPU ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.