• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»AA ကခေါ်ဆောင်သွားသည့် ခူမီးချင်းတိုင်းရင်းသား (၅၀) ကျော် ပြန်လွှတ်ပေးရန် KACC တောင်းဆို

AA ကခေါ်ဆောင်သွားသည့် ခူမီးချင်းတိုင်းရင်းသား (၅၀) ကျော် ပြန်လွှတ်ပေးရန် KACC တောင်းဆို

0
By Editor on May 1, 2019 Headline

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) မှ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ ဖေဖော်ဝါရီလဆန်းပိုင်းက ခေါ်ဆောင်သွားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကင်းတလင်း (Kangtlang) ကျေးရွာ မှ ခူမီးချင်းတိုင်းရင်းသား (၅၀) ကျော်ကို ပြန်လွှတ်ပေးရန် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) ကတောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂) ရက်နေ့က ကင်းတလင်း (Kangtlang) ကျေးရွာ မှ ခူမီးချင်းတိုင်းရင်းသား (၅၄) ဦးအား အေအေလက်နက်ကိုင်အဖွဲ့မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ၎င်းတို့စခန်းချရာနေရာ သို့ ကာယကံရှင်တို့၏ဆန္ဒသဘောထား မပါဘဲ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ယင်းတို့အထဲမှ (၂) ဦး ပြန်လည်လွှတ်မြောက်လာကာ (၅၂) ဦးသည် အေအေအဖွဲ့စခန်းချရာနေရာတွင် ဆက်လက်နေထိုင်နေရဆဲဖြစ်သည်ဟု ဧပြီလ (၂၈) ရက်နေ့ကထုတ်ပြန်သော KACC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

KACC ညှိနှိုင်းရေးမှူး ဦးစောမြက “အဲဒီတုန်းက တိုက်ပွဲဖြစ်တော့ အစိုးရတပ်ဘက်က လေကြောင်းသုံးပြီး ပစ်တယ်လို့ကြား ရတယ် အဲလိုပစ်တော့ ရွာသားတွေကို အကာအကွယ်ယူပြီး ခေါ်သွားတဲ့သဘောမှာရှိတယ် ရွာသားတွေပါတော့ တပ်ကပစ်လို့မရတော့ဘူးလေ AA ထုတ်ပြန်တာက ဘင်္ဂလားဒေရှ့်ဘက်သို့ သူတို့နဲ့လိုက်သွားတယ်ဆိုတာ မှားတယ် ခုထိ သူတို့ကိုပြန်မလွှတ်သေးဘူး” ဟု ခိုနူမ်းသုန်ကိုပြောသည်။

ခူမီးချင်းတိုင်းရင်းသား (၅၂) ဦးတို့သည် AA တပ်ဖွဲ့၏ စေခိုင်းသည့်အလုပ်များကို လုပ်ကိုင်ပေးနေရကြောင်း၊ အစာရေစာများကိုလည်း မလုံမလောက်သာ စားသောက်ရပြီး ယင်းတို့အား ခေါ်ယူထားသည်မှာ (၃) လနီးပါး ရှိလာပြီဖြစ်သကဲ့သို့ ၎င်းတို့၏မိသားစုဝင်များကလည်း စိုးရိမ်ပူပန်နေကြပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် အလေးအနက်တောင်းဆိုသည်ဟု KACC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

“AA အနေနဲ့ သူတို့ရဲ့နိုင်ငံရေးမှန်းချက်ပေါ့နော် သူတို့တိုက်ချင်တာ တိုက်တာတပိုင်းထားပါ ဒါပေမယ့် အရပ်သားတွေကိုတော့ ခုတုံးမလုပ်သင့်ဘူး အမြန်ဆုံးပြန်လွှတ်ပေးပါ’’ ဟု ဦးစောမြကပြောသည်။

ချင်းပြည်နယ်အစိုးရအပါအ၀င် နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေးအဖွဲ့အစည်းများကလည်း ယင်းခူမီးချင်းတိုင်းရင်း သား (၅၂) ဦး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် လိုအပ်သလိုဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရန် အလေးအနက် မေတ္တာရပ်ခံသည်ဟု KACC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ AA တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ ၎င်းတို့အနေဖြင့် တိုက်ပွဲကြားပိတ်မိနေသည့် ရွာသားများကို နယ်စပ်ဘက်သို့ ကယ်ထုတ်ခြင်းသာဖြစ်ပြီး မည်သူ့ကိုမှ အတင်းအကျပ်ဖြင့် ခေါ်ထားခြင်းမျိုးမရှိကြောင်း ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

“ကျနော်တို့အဲလိုခေါ်သွားတာတော့မရှိဘူး ကင်းတလင်းဘက်မှာ ဗမာစစ်တပ်တွေ လက်နက်ကြီးနဲ့ပစ်တဲ့အခါ ကြားထဲမှာ ပိတ်မိနေတဲ့လူတွေကိုတော့ နယ်စပ်ဘက်ကိုကယ်ထုတ်ပေးလိုက်တာတွေတော့ရှိတယ် အဲဒီလူတွေက အခုထိတော့ နယ်စပ်ဘက်မှာရှိနေကြတုန်းပဲ ကျနော်တို့က ကယ်ထုတ်ပေးလိုက်ရုံပဲနော် AA ကနေ ခေါ်ထားတာမျိုးမရှိဘူး သူတို့သဘောထားဆန္ဒနဲ့အဲဒီမှာပဲနေကြတာ ကျနော်တို့က ဘယ်သူ့ကိုမှအတင်းအကျပ်ခေါ်ထားတာမျိုးလုံးဝမရှိဘူး သူတို့ဆန္ဒအလျောက်ပဲအဲဒီမှာနေနေကြတာ” ဟု ဦးခိုင်သုခကပြောသည်။ (ကင်းတလင်းရွာသားတချို့ /ဓာတ်​ပုံ – Khumi Media)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.