• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»AA တပ်ဖွဲ့မီးရှို့သည့် ကုလားတန်မြစ်ကူးတံတားသံဘောင်များ ပြန်လည်အသုံးပြု၍မရအောင်ပျက်စီး

AA တပ်ဖွဲ့မီးရှို့သည့် ကုလားတန်မြစ်ကူးတံတားသံဘောင်များ ပြန်လည်အသုံးပြု၍မရအောင်ပျက်စီး

0
By Editor on May 24, 2019 Khonumthung

By လားနွန် – ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) မှ မီးရှို့ခဲ့သည့် ကုလားတန်မြစ်ကူးတံတာ သံဘောင်များကို ဂျပန်နည်း ပညာရှင်များမှ စစ်ဆေးကြည့်ရာ ပြန်လည်အသုံးပြု၍မရတော့ဘဲ အသစ်ပြန်လုပ်ရ မည်ဟု ချင်းပြည်နယ် အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“မီးလောင်သွားတဲ့အတွက်ခံနိုင်ရည်ကျသွားတယ် ဂျပန်ပညာရှင်တွေလာစစ်တဲ့အခါကျတော့ အပေါ်ရံကတော့ သုံးလို့ရမယ်ထင်လိုက်တာ နောက်ပြန်ပြီးတော့ ဆေးသုတ်ပြီးခေါက်ထည့်လို့ရှိရင် အဆင်ပြေမယ်လို့ထင်တယ် သူတို့ ဓာတ်ခွဲစမ်းသပ်မှုလုပ်တဲ့အချိန်မှာ ခံနိုင်ဝန်ကတအားကျသွားတာ အဲဒါကြောင့် ဒီဟာကိုသုံးရင် ဒီတံတား ကရေရှည်ခိုင်မှာမဟုတ်ဘူး အဲဒါကြောင့် ဒါကို ပြန်ငြင်းပယ်ခံလိုက်ရတယ် အဲဒီအစားကိုအသစ်ပြန်လု ပ်ရမယ်”ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် တည်ဆောက်လျက်ရှိသည့် ကုလားတန်းမြစ်ကူးတံတားအတွက် အသုံးပြုရန် ရန်ကုန်မြို့မှ သင်္ဘောဖြင့် တင်ဆောင်လာသော တံတားသံဘောင်များ တန်ချိန် (၃၀၀) နီးပါးကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(အေအေ)က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးရှို့ဖျက်ဆီးခံရသည့် သံဘောင်များကို ဂျပန်ပညာရှင်များက စစ်ဆေးကြည့်ရာ၌ အစကနဦးပိုင်းတွင် ပြန်လည်အသုံးပြုနိုင်မည်ဟု ယူဆခဲ့ကြသော်လည်း အကယ်၍အသုံးပြုပါက ရေရှည်ခံနိုင်ဝန်ကျဆင်းကာ အသုံးပြုရန် မသင့်တော်အတွက် အသုံးပြုခွင့်မပြုတော့ခြင်းဖြစ်သည်။ ထို့ကြောင့် တံတားအတွက် သံဘောင်များကို အသစ်ပြန်လည်ထုတ်လုပ်ရမည်ဖြစ်သည်။

ယင်းသံဘောင်များကို ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် JF3 ကုမ္ပဏီတို့မှ ဆက်စပ်ထုတ်လုပ်ထား ခြင်းဖြစ်ပြီး တံတားသံဘောင်နှင့် ဆက်စပ်ပစ္စည်းများ၏ ဆုံးရှုံးမှုတန်ဖိုး ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၃၂၇၃၆၀ နှင့် ညီမျှသော မြန်မာငွေကျပ် ၄၉၁၀၄၀၀၀၀ ခန့်ရှိသည်ဟုသိရသည်။

သို့သော်လည်း IKBZ အာမခံကုမ္ပဏီထံသို့ အာမခံထားရှိသည့်အတွက် သက်ဆိုင်ရာမှ လျှော်ကြေးအချိန်မီရရှိ လာပါက နဂိုသတ်မှတ်ထားသည့် လာမည့် ၂၀၂၀ ခုနှစ် ချင်းအမျိုးသားနေ့တွင် ဖွင့်လှစ်နိုင်မည်ဟု မေလ (၁၇) ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သော အစိုးရ၏ တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများ သတင်းစာရှင်းလင်းပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်လင်းကပြောကြားခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.