• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»AA တပ္ဖြဲ႔မွ ကုလားတန္ဘက္စံုစီမံကိန္းလုပ္သားမ်ားအား တစ္ညဖမ္းဆီးၿပီးျပန္လႊတ္

AA တပ္ဖြဲ႔မွ ကုလားတန္ဘက္စံုစီမံကိန္းလုပ္သားမ်ားအား တစ္ညဖမ္းဆီးၿပီးျပန္လႊတ္

0
By Editor on March 23, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္၀ၿမိဳ႕နယ္၊ ကုလားတန္ဘက္စံုဖြံ႔ၿဖိဳးေရးစီမံကိန္း၏ အစိတ္အပိုင္းတစ္ခုျဖစ္သည့္ ပလက္၀ဆိပ္ခံတံတားတည္ေဆာက္ေရးစီမံကိန္းလုပ္သား (၁၅) ဦးကို ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔မွ ယမန္ေန႔၊ မတ္လ (၂၂) ရက္ေန႔က ဖမ္းဆီးေခၚေဆာင္သြားၿပီး ယေန႔တြင္ ျပန္လႊတ္လိုက္ၿပီဟုသိရသည္။

ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရိွ စည္ပင္၀န္ၾကီး ဦးစိုးထက္က “လုပ္သားေတြက ပလက္၀ျမိဳ႕အေရွ႕ဖက္ကမ္းမွာရိွတဲ့ ဇိုရမ္ပြီးလမ္း အိႏိၵယဆိုဒ္မွာေနတယ္၊ ညပိုင္းကိုလာဖမ္းသြားတယ္၊ သူတို႔ကို ညပိုင္းေခၚသြားျပီးေတာ့ မနက္ပိုင္းမွာ ျပန္လႊတ္ေပးလိုက္တယ္၊ ေငြက်ပ္သိန္း (၅၀) ေပးထားျပီးေတာ့ ပစၥည္းတစ္ခ်ိဳ႕လည္း ယူသြားတယ္လို႔ေျပာတယ္၊ အခုေတာ့ ပလက္၀ဖက္မွာ လာေနျပီးေတာ့ တာ၀န္ရိွတဲ့သူေတြနဲ႔ ေတြ႕ဆံုျပီး အေမးအေျဖေဆြးေႏြးတာေတြ လုပ္ေနတယ္၊ ေနာက္ဆံုးအေျခအေနေတာ့ အဲဒီေလာက္ပဲသိတယ္’’ ဟု ေျပာသည္။

AA တပ္ဖြဲ႔၀င္မ်ားသည္ ပလက္၀ၿမိဳ႕အေရွ႕ဘက္ကမ္းတြင္ တည္ေဆာက္ေနသည့္ ပလက္၀ဆိပ္ခံတံတားစီမံကိန္းတြင္ အလုပ္လုပ္ေနၾကေသာ အိႏိၵယႏုိင္ငံသား (၈) ဦး၊ ေဒသခံအလုပ္သမား (၇) ဦး၊ စုစုေပါင္း (၁၅) ဦးကို ၾကက္ဥ၀ရြာအနီးသို႔ ဖမ္းဆီးေခၚေဆာင္သြားၿပီး ယေန႔နက္ပိုင္းတြင္ ျပန္လႊတ္ေပးလိုက္ျခင္းျဖစ္သည္။

ယခုကိစၥႏွင့္ပတ္သက္၍ (AA) ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္သုခက “အဲဒီလူေတြကို က်ေနာ္တို႔ ခဏေလး ထိန္းသိမ္းထားတာ၊ ဘာေၾကာင့္လဲဆိုလို႔ရိွရင္ အဲဒီ အိႏိၵယဆိပ္ခံတံတား အေဆာက္အဦးေတြကိုေနရာယူျပီးေတာ့မွ ျမန္မာစစ္တပ္ကေနျပီးေတာ့ ဒီလက္နက္ၾကီးလက္နက္ငယ္ေတြနဲ႔ လွမ္းလွမ္းျပီးေတာ့ ပစ္ေနတာရိွတယ္၊ အဲဒီမွာ သူတို႔ေလာင္ခ်ာေတြ ရိုကက္ေတြနဲ႔ လွမ္းပစ္တာရိွတယ္၊ အဲဒီအေဆာက္အဦးေတြကေနျပီးေတာ့ေပါ့၊ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ အဲဒီစစ္သားေတြ ေသနတ္ပစ္တဲ့ေနရာေတြကို မေန႔ကညေနပိုင္းမွာ ၀င္ေရာက္ျပီးေတာ့ ရွင္းလင္းေပးတာရိွတယ္၊ အဲဒီမွာက လက္နက္က်ည္ခြံေတြ၊ ေနာက္စစ္သားေတြေနရာယူျပီးေတာ့ ေနခဲ့တဲ့ေနရာေတြ၊ အဲဒါေတြက်ေနာ္တို႔ေတြ႔ရတယ္၊ ဒါေၾကာင့္ အဲဒီအေဆာက္အဦးေနရာကလူေတြကို အဲဒီမွာခဏေလးေခၚျပီးေတာ့ ထိန္းသိမ္းေမးျမန္းတာရိွတယ္၊ ဒီလူေတြ စစ္တပ္နဲ႔ ဘာမွပတ္သက္မႈမရိွတဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ဘက္ကေန ေကာင္းေကာင္းမြန္မြန္ မနက္အေစာၾကီးျပန္လႊတ္ေပးလိုက္ျပီ” ဟု ေျပာသည္။

ေအေအတပ္ဖြဲ႔အေနျဖင့္ ပလက္၀ဆိပ္ခံတံတားတည္ေဆာက္ေရးလုပ္သားမ်ားထံ က်ပ္ေငြသိန္း (၅၀) ေတာင္းယူသည္ဆိုသည့္ကိစၥမွာ မဟုတ္မွန္ေၾကာင္း ဦးခိုင္သုခကဆက္ေျပာသည္။

သို႔ေသာ္လည္း ခုိႏူမ္းသုန္သတင္းဌာနအေနျဖင့္ သီးသန္႔အတည္ျပဳႏုိင္ျခင္းမရွိေသးေပ။

အိႏိၵယ-ျမန္မာႏွစ္ႏုိင္ငံဆက္သြယ္ထားေသာ ပလက္၀ႏွင့္ ဇိုးရင့္ပြီးအထိ ႏွစ္လမ္းသြားကားလမ္း ေဖာက္လုပ္ေနသည့္ ကုမၸဏီ၀န္ထမ္းမ်ားႏွင့္ အလုပ္သမား (၁၃) ဦးကိုလည္း ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၃၀) ရက္ေန႔က AA တပ္ဖြဲ႔၀င္မ်ားက ဖမ္းဆီးခဲ့ၿပီး စစ္တပ္ႏွင့္ပတ္သက္ဆက္ႏြယ္မႈမရွိသည့္အတြက္ ေနာက္ပိုင္းတြင္ ျပန္လည္လႊတ္ေပးခဲ့သည္။

#Unicode

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပလက်ဝဆိပ်ခံတံတားတည်ဆောက်ရေးစီမံကိန်းလုပ်သား (၁၅) ဦးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့မှ ယမန်နေ့၊ မတ်လ (၂၂) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့တွင် ပြန်လွှတ်လိုက်ပြီဟုသိရသည်။

ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိ စည်ပင်ဝန်ကြီး ဦးစိုးထက်က “လုပ်သားတွေက ပလက်ဝမြို့အရှေ့ဖက်ကမ်းမှာရှိတဲ့ ဇိုရမ်ပွီးလမ်း အိန္ဒိယဆိုဒ်မှာနေတယ်၊ ညပိုင်းကိုလာဖမ်းသွားတယ်၊ သူတို့ကို ညပိုင်းခေါ်သွားပြီးတော့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်၊ ငွေကျပ်သိန်း (၅၀) ပေးထားပြီးတော့ ပစ္စည်းတစ်ချို့လည်း ယူသွားတယ်လို့ပြောတယ်၊ အခုတော့ ပလက်ဝဖက်မှာ လာနေပြီးတော့ တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဆုံပြီး အမေးအဖြေဆွေးနွေးတာတွေ လုပ်နေတယ်၊ နောက်ဆုံးအခြေအနေတော့ အဲဒီလောက်ပဲသိတယ်’’ ဟု ပြောသည်။

AA တပ်ဖွဲ့ဝင်များသည် ပလက်ဝမြို့အရှေ့ဘက်ကမ်းတွင် တည်ဆောက်နေသည့် ပလက်ဝဆိပ်ခံတံတားစီမံကိန်းတွင် အလုပ်လုပ်နေကြသော အိန္ဒိယနိုင်ငံသား (၈) ဦး၊ ဒေသခံအလုပ်သမား (၇) ဦး၊ စုစုပေါင်း (၁၅) ဦးကို ကြက်ဥဝရွာအနီးသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့နက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “အဲဒီလူတွေကို ကျနော်တို့ ခဏလေး ထိန်းသိမ်းထားတာ၊ ဘာကြောင့်လဲဆိုလို့ရှိရင် အဲဒီ အိန္ဒိယဆိပ်ခံတံတား အဆောက်အဦးတွေကိုနေရာယူပြီးတော့မှ မြန်မာစစ်တပ်ကနေပြီးတော့ ဒီလက်နက်ကြီးလက်နက်ငယ်တွေနဲ့ လှမ်းလှမ်းပြီးတော့ ပစ်နေတာရှိတယ်၊ အဲဒီမှာ သူတို့လောင်ချာတွေ ရိုကက်တွေနဲ့ လှမ်းပစ်တာရှိတယ်၊ အဲဒီအဆောက်အဦးတွေကနေပြီးတော့ပေါ့၊ ဒါကြောင့်မို့လို့ ကျနော်တို့ အဲဒီစစ်သားတွေ သေနတ်ပစ်တဲ့နေရာတွေကို မနေ့ကညနေပိုင်းမှာ ဝင်ရောက်ပြီးတော့ ရှင်းလင်းပေးတာရှိတယ်၊ အဲဒီမှာက လက်နက်ကျည်ခွံတွေ၊ နောက်စစ်သားတွေနေရာယူပြီးတော့ နေခဲ့တဲ့နေရာတွေ၊ အဲဒါတွေကျနော်တို့တွေ့ရတယ်၊ ဒါကြောင့် အဲဒီအဆောက်အဦးနေရာကလူတွေကို အဲဒီမှာခဏလေးခေါ်ပြီးတော့ ထိန်းသိမ်းမေးမြန်းတာရှိတယ်၊ ဒီလူတွေ စစ်တပ်နဲ့ ဘာမှပတ်သက်မှုမရှိတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဘက်ကနေ ကောင်းကောင်းမွန်မွန် မနက်အစောကြီးပြန်လွှတ်ပေးလိုက်ပြီ” ဟု ပြောသည်။

အေအေတပ်ဖွဲ့အနေဖြင့် ပလက်ဝဆိပ်ခံတံတားတည်ဆောက်ရေးလုပ်သားများထံ ကျပ်ငွေသိန်း (၅၀) တောင်းယူသည်ဆိုသည့်ကိစ္စမှာ မဟုတ်မှန်ကြောင်း ဦးခိုင်သုခကဆက်ပြောသည်။

သို့သော်လည်း ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးသန့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံဆက်သွယ်ထားသော ပလက်ဝနှင့် ဇိုးရင့်ပွီးအထိ နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နေသည့် ကုမ္ပဏီဝန်ထမ်းများနှင့် အလုပ်သမား (၁၃) ဦးကိုလည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့က AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး စစ်တပ်နှင့်ပတ်သက်ဆက်နွယ်မှုမရှိသည့်အတွက် နောက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.