Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»AA တပ္ဖြဲ႔၏ ၄ လခြဲၾကာ ဖမ္းဆီးထိန္းသိမ္းခံခဲ့သည့္ ဆလုိင္းေအာင္စုိးႏွင့္ ေမးျမန္းျခင္း

AA တပ္ဖြဲ႔၏ ၄ လခြဲၾကာ ဖမ္းဆီးထိန္းသိမ္းခံခဲ့သည့္ ဆလုိင္းေအာင္စုိးႏွင့္ ေမးျမန္းျခင္း

0
By Editor on December 18, 2020 Headline

#Unicode

Benezer – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းလူငယ် ဆလိုင်းအောင်စိုးဟာ ၄ လခွဲ ( ရက်ပေါင်း ၁၃၈) ရက်ထိန်းသိမ်းခံခဲ့ရပြီးနောက်ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့က သူ့ရဲ့ဇာတိမြို့ ပလက်ဝမြို့ပေါ်ကိုရောက်ရှိလာခဲ့ပါပြီ။ AA တပ်ဖွဲ့အနေနဲ့ ဆလိုင်းအောင်စိုးကို ဘာကြောင့် ဖမ်းရတာလဲ၊ အဖမ်းခံခဲ့ရစဉ်မှာ စစ်ဆေးရိုက်နှက်မှုတွေခံခဲ့ရလား၊ သူ့အနေနဲ့ အေအေလက်ထဲရှိနေချိန် ရက်ပေါင်း (၁၃၈) ရက်ကို ဘယ်လိုစိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းခဲ့ရသလဲ၊ စတဲ့အကြောင်းအရာနှင့်ပတ်သက်ပြီး ဆလိုင်းအောင်စိုးကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခုလက်ရှိ အကို့ရဲ့ ကျန်းမာရေးအခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ ကျန်းမာရေးကတော့ကောင်းပါတယ်၊ ဒီအတိုင်းပဲဘာမှတော့မဖြစ်ဘူး၊ အဖမ်းခံရတဲ့အချိန်မှာ ကျွန်တော် ပထမအချက်မှာ အဆုတ်နည်းနည်းရောင်ချင်နေပြီးတော့ နောက်ပိုင်းမှာဆိုရင်တော့ ဘာမှတော့မဖြစ်ဘူး ပုံမှန်အတိုင်း ဖြစ်သွားတာပေါ့နော်၊ အဲ့အချိန်တုန်းကလည်း ကိုယ့်ကျန်းမာရေးကိုယ် နည်းနည်းလေးစိုးရိမ်တာပေါ့နော်။

မေး။ ။ သူတို့ (AA) က ဆေးကုပေးတာတို့ရောရှိလား။

ဖြေ။ ။ ဆေးကတော့ပြည့်ပြည့်စုံစုံတော့ဘယ်ရမလဲအဲ့မှာတော့ ၊ အဆုတ်သန့်ဆေးရတာပေါ့နော်အဲ့တာ တခုတော့ ရတဲ့နည်းနဲ့ရှာပေးကြပါတယ်၊ ဘာမှကြီးကြီးမားမားမဖြစ်ဘူးဆိုတော့ အဲ့တာနဲ့ကောင်းသွား တာပေါ့နော်။

မေး။ ။ ဇူလိုင် ၂၉ ရက်နေ့က အဖမ်းခံရတဲ့ပုံစံကို နည်းနည်းလေးပြန်ပြောပေးလို့ရမလား။

ဖြေ။ ။ ကျွန်တော်ရန်ကုန်အပြန်ပေါ့လေ၊ ရန်ကုန်ကနေ စစ်တွေမှာ တစ်ညအိပ်တယ်၊ စစ်တွေမှာတစ်ညအိပ်ပြီး တော့ထွက်လာတာပေါ့လေ၊ တကယ်တော့အဖမ်းခံရတာ ၂၉ ရက်မဟုတ်ဘူး၊ ၃ဝ ရက်နေ့၊ ရန်ကုန်ကနေ ဆေးကုပြီးပြန်လာတယ်၊ စစ်တွေမှာ တစ်ညအိပ်တယ်၊ မနက်ကျောက်တော်ကို ပေါင်မုန့်ကားနဲ့စီးတယ်၊ ကျောက်တော်ကိုရောက်တယ်၊ ကျောက်တော်ကနေပြီးတော့ ပင်ဆိုင်ကျေးရွာဆိုတာရှိတယ်၊ အဲရွာကနေပြီးတော့ ဆိုင်ကယ်နဲ့သွားတယ် ထော်လာဂျီနဲ့သွားတယ်အဲ့ထိ၊ အဲ့ပင်ဆိုင်ကျေးရွားကနေပြီးတော့ စက်လှေကို ၁ သိန်းနဲ့ ငှားထားတာပေါ့လေ စုစုပေါင်းက ၇ ယောက်ရှိတယ်၊ ၁ သိန်းနဲ့ငှားပြီးတော့ ရေတံခွန်ထိ ပင်ဆိုင်ကျေးရွာကနေငှားထားတာ၊ ပလက်ဝမြို့မရောက်ခင် ချောက်ကျေးရွာ အထက်နားလေးမှာ ကျွန်တော်တို့ကို အောက်ကနေပြီးတော့ ကွျွန်တော်တို့ စက်လှေစီးရင်းနဲ့ အနောက်ကနေပြီးတော့ စက်လှေနဲ့လိုက်ပြီးတော့ ဝင်ဖမ်းတာပေါ့လေ၊ ဖမ်းပြီးတော့ မျက်နှာဖုံးစွပ်ပြီးတော့ ကျွန်တော်တို့ကို မိနစ် ၂ဝ လောက်စက်လှေမောင်းပြီးတော့ ဘယ်ကိုမောင်းလဲဆိုတာမသိဘူး၊ မျက်နှာဖုံးစွပ်ပြီးတော့တောထဲကိုခေါ်သွားတာပေါ့။

မေး။ ။ AA အဖွဲ့တွေအနေနဲ့ အစ်ကိုတို့ကို ဘာလို့ဖမ်းရတာလဲဆိုတာရောပြောသေးလား။

ဖြေ။ ။ အဓိကတော့ ကျွန်တော်တို့ကို ဘာလို့ဖမ်းလဲဆိုရင်ကျွန်တော်တို့ကို မသင်္ကာလို့ဖမ်းတာတဲ့၊ သူတို့ရဲ့အလုပ်ကို နှောက်ယှက်တာပေါ့လေ၊ အထူးသဖြင့် ကျွန်တော့်ကို ခူမီးသတင်းမီဒီယာမှာ လုပ်တယ်ဆိုပြီးတော့ စွပ်စွဲချက်တော့ ရှိတယ်ပေါ့လေ၊ ပြီးတော့ မြန့်မာစစ်တပ်နဲ့ အဆက်သွယ်ရှိတယ်ဆိုပြီးတော့ စွပ်စွဲပြီးတော့ ကျွန်တော့်ကို မသင်္ကာဘူးပေါ့ ဟုတ်မဟုတ် ဆိုပြီးတော့ကျွန်တော်ကို ဖမ်းသွားတာပေါ့လေ၊ ရိုက်နှိက်တာမျိုးလည်းမရှိပါဘူး၊ ကျွန်တော်တို့ကို ဖမ်းတဲ့အချိန်မှာလည်း သူတို့ရဲ့အကြီးအကဲတွေနဲ့ အဆက်သွယ်လုပ်တယ် ဖုန်းနဲ့ အပေါ်ကလူကြီးက သူတို့ကို ဘာမှမလုပ်နဲ့ ရိုက်လည်းမရိုက်နှိက်နဲ့ဆိုပြီးတော့ သူတို့ရဲ့ရဲဘော်တွေကိုသတိပေးထားတယ်။

မေး။ ။ သူတို့က အဲဒီမှာ ဘယ်လိုပုံစံမျိုးထားလဲ။

ဖြေ။ ။ ပထမ ၂ လကတော့ အကျဉ်းသားပုံစံမျိုးနဲ့ အကျဉ်းသားတွေနဲ့ကျွေးတယ်၊ အဲ့လိုစားရတာပေါ့၊ ပထမတော့ ဘယ်အဆင်ပြေပါ့မလဲ၊ ထမင်းလည်းမကောင်းဘူး၊ ဟင်းလည်းမကောင်းဘူး၊ ဟင်းကတော့တမျိုးထဲကျွေးတယ် ဘာဘဲဖြစ်ဖြစ်အသီးအရွက်တွေနဲ့ပေါ့၊ ၂ လပြည့်တဲ့နောက်ပိုင်းကျတော့ သူတို့ရဲဘောတွေနဲ့ အတူတကွစားရတယ် မကောင်းရင်တောင်မှ နည်းနည်းပါးပါး ကောင်းတယ်လို့ပဲဆိုရတာပေါ့၊ နောက်ထပ် ၂ လခွဲကတော့ သူတို့နဲ့အတူစားရတာပေါ့လေ။

မေး။ ။ အစ်ကို့ရဲ့သူငယ်ချင်းတွေကို သြဂုတ်လ ၂၅ ရက်မှာ ပြန်လွတ်ပေးပြီးတော့မှ အစ်ကိုကိုကျတာ့ ဘာလို့ဆက်ဖမ်းထားပြီးမှ သူတို့ကိုဘာလို့လွတ်ပေးတာလဲ။

ဖြေ။ ။ ကျွန်တော့အကြောင်းကို ကောင်းကောင်းအထောက်အကူဖြစ်အောင်၊ သိအောင် ဟုတ်မဟုတ်ဆိုပြီး ဘာတွေလုပ်နေလဲဆိုတာ အထောက်အကူဖြစ်အောင်ဆိုပြီး ကျွန်တော့်ကို ခေါ်သွားတဲ့ပုံစံပဲ၊ သူတို့က တစ်လတောင်မပြည့်ဘူး ရက် ၂ဝ ကျော်လောက်ပဲ ပြန်လွတ်လိုက်တာ။

မေး။ ။ အစ်ကို့ကို ၄ လကျော်အောင်ဖမ်းထားတယ်ဆိုတော့ အဲ့ရက်တွေမှာ အကိုဘယ်လိုဖြတ်သန်းခဲ့ရလဲ၊ ဘာအခက်အခဲတွေကြုံခဲ့ရလဲ။

ဖြေ။ ။ အခက်အခဲကတော့ခံစားရတာပေါ့လေ၊ ကျွန်တော်တို့ကို ဘာများလုပ်မလဲဆိုပြီး စိတ်ပူပန်းမှုနည်းနည်းရှိတာပေါ့ ၊ကျွန်တော်တို့ကို စရောက်တဲ့အချိန် ၂ အပတ်အတွင်းမှာ ၃ ခါလောက်ကိုကြည့်တာပေါ့လေ၊ စစ်ပြီးတော့ နောက်ပိုင်းတော့ ကျွန်တော်စိုးရိမ်မှုသိပ်မရှိတော့ဘူး ကျွန်တော့်ကျန်းမာရေးကိုပဲ စိုးရိမ်တယ်၊ သူတို့ကတော့ ပြန်လွတ်ပေးမယ်ဆိုတာ ကျွန်တော်တို့ကတော့အခြေအနေသိသွားပြီလေ၊ ဒါပေမယ့် ဘယ်နှစ်လထားမယ်၊ ဘယ်လောက်ထားမယ်ဆိုတာ မသိဘူးလေ၊ ဒါပေမယ့် ဦးဝှေ့တင်းတုန်းကလည်း ၃ လလောက်ပဲထားတယ်ဆိုတော့လေ ကျွန်တော်ကိုလည်း ဘာပဲဖြစ်ဖြစ်အလွန်ဆုံး ၃ လလောက်ပဲထားမှာပါ ၂ လလောက်ဆိုရင်လွတ်မယ်လို့ထင်တာပေါ့လေ အများဆုံး ၃ လလောက်ဖြစ်မယ်၊ ဒီထက်ပိုပြီး မထားနိုင်လောက်ဘူး၊ နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ လပိုင်းကြာလာတော့ ဘယ်ထင်တော့မလဲ ၊ မျှော်လင့်ချက်တွေပိုပြီးတော့ မှေးမိန်လာတာပေါ့လေ၊ ဘယ်ချိန်လောက်မှ ပြန်လွတ်နိုင်မလဲ ဘယ်ချိန်လောက်မှ ပြန်မလဲမသိဘူးလေ၊ အဲ့မှာကျတော့လည်း ကိုယ့်ကျန်းမာရေးအကြောင်းကလည်း တကြောင်း၊ တပ်ဖက်ကလည်း ဗုံးတွေကြဲချလိုက်ရင် အလကားသေသွားမှာပေါ့ အဲ့တာတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့လေ။

မေး။ ။ အစ်ကိုအဖမ်းခံထားရတုန်းက တခြားသူတွေရော အဖမ်းခံထားတာရှိလား၊ ဘာကြောင့်လဲ။

ဖြေ။ ။ ကျွန်တော်တို့ အဖမ်းခံရတဲ့နေရာမှာတော့ ခူမီးလူမျိုးက ကျွန်တော့်မှအပ တခြားသူတွေမရှိဘူး၊ အကုန်လုံးက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ဖက်ကနေ ဖမ်းထားတာပေါ့၊ အယောက်၂၀၊ ၃၀ ဝန်းကျင်လောက်ရှိတယ်၊ သူတိို့ကိုဖမ်းတာကြတော့ သူတို့စကားနဲ့ အသုံးနှုန်းနဲ့ပြောမယ်ဆိုလို့ရင် နွားခိုးမှုဆိုပြီးတိုင်လို့ဖမ်းတယ်၊ လူသတ်မှု သူတို့ အရပ်သားအချင်းချင်း ရခိုင်အချင်းချင်းပဲမတော်တဆ လူသတ်မှုကြောင့်ဖမ်းတယ်၊ ဆေးမှု WY တွေကိုဖမ်းတယ်၊ WY သုံးစွဲတဲ့သူတွေကို ဖမ်းတယ်၊ အဲလိုအဖမ်းခံရတဲ့သူတွေဘဲရှိတယ်။

မေး။ ။ AA အနေနဲ့ အကို့ကို ဘာကြောင့်ပြန်လွတ်ပေးတယ်လို့ပြောလဲ။

ဖြေ။ ။ ကျွန်တော့်ကိုစစ်တော့ လုံးဝအပြစ်မရှိဘူးဆိုတာ သူတိို့အသိဆုံးပဲလေ၊ အဲ့တာကြောင့်လွတ်ပေးတာပေါ့၊ အခု လွတ်ပေးတယ်ဆိုတော့ မင်းကပျော်မှာပေါ့နော်တဲ့၊ ကျွန်တော်ကလည်း ပြန်လွတ်ပေးတော့ အတိုင်းမသိပျော်တာပေါ့၊ ကျွန်တော်ကလည်း ပြန်ချင်တာတော့ ကြာလှပြီပေါ့ ၊ အချုပ်ခန်းမှာဆိုလို့ရင် ဘာမှ လွတ်လွတ်လပ်လပ်မနေရတာ ကျွန်တော်လည်း နားလည်ပြီးသားပါ၊ လွတ်လွတ်လပ်လပ်နေချင်တာပေါ့၊ အချိန်တွေလည်းကုန်တာပေါ့၊ ကျွန်တော်တို့ လည်း စိတ်မကောင်းဘူးလို့ပြောတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ ။ ။ လူတယောက်ကို သံသယရှိယုံနဲ့ မဖမ်းဖို့၊ တိုင်တဲ့သူရှိရင်တောင်မှ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိရင် မဖမ်းဖို့ ပြောချင်ပါတယ်။

#Zawgyi

Benezer – ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕နယ္မွာ ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔က ဖမ္းဆီးထိန္းသိမ္းထားတဲ့ ခ်င္းလူငယ္ ဆလိုင္းေအာင္စိုးဟာ ၄ လခြဲ (ရက္ေပါင္း ၁၃၈) ရက္ထိန္းသိမ္းခံခဲ့ရၿပီးေနာက္ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီး ဒီဇင္ဘာလ ၁၅ ရက္ေန႔က သူ႔ရဲ႕ဇာတိၿမိဳ႕ ပလက္၀ၿမိဳ႕ေပၚကိုေရာက္ရွိလာခဲ့ပါၿပီ။ AA တပ္ဖြဲ႔အေနနဲ႔ ဆလိုင္းေအာင္စိုးကို ဘာေၾကာင့္ ဖမ္းရတာလဲ၊ အဖမ္းခံခဲ့ရစဥ္မွာ စစ္ေဆး႐ိုက္ႏွက္မႈေတြခံခဲ့ရလား၊ သူ႔အေနနဲ႔ ေအေအလက္ထဲရွိေနခ်ိန္ ရက္ေပါင္း ၁၃၈ ရက္ကို ဘယ္လိုစိုးရိမ္ပူပန္မႈေတြနဲ႔ ျဖတ္သန္းခဲ့ရသလဲ၊ စတဲ့အေၾကာင္းအရာႏွင့္ပတ္သက္ၿပီး ဆလိုင္းေအာင္စိုးကို ခိုႏူမ္းသုန္သတင္းဌာနက ဆက္သြယ္ေမးျမန္းထားပါတယ္။ 

ေမး။      ။ အခုလက္ရွိ အကို႔ရဲ႕ က်န္းမာေရးအေျခအေနဘယ္လုိရွိလဲ။

ေျဖ။      ။ က်န္းမာေရးကေတာ့ေကာင္းပါတယ္၊ ဒီအတုိင္းပဲဘာမွေတာ့မျဖစ္ဘူး၊ အဖမ္းခံရတဲ့အခ်ိန္မွာ ကြ်န္ေတာ္ ပထမအခ်က္မွာ အဆုတ္နည္းနည္းေရာင္ခ်င္ေနျပီးေတာ့ ေနာက္ပုိင္းမွာဆုိရင္ေတာ့ ဘာမွေတာ့မျဖစ္ဘူး ပုံမွန္အတုိင္း ျဖစ္သြားတာေပါ့ေနာ္၊ အဲ့အခ်ိန္တုန္းကလည္း ကုိယ့္က်န္းမာေရးကုိယ္ နည္းနည္းေလးစုိးရိမ္တာေပါ့ေနာ္။ 

ေမး။      ။ သူတို႔(AA) က ေဆးကုေပးတာတုိ႔ေရာရွိလား။ 

ေျဖ။      ။ ေဆးကေတာ့ျပည့္ျပည့္စုံစုံေတာ့ဘယ္ရမလဲအဲ့မွာေတာ့ ၊ အဆုတ္သန္႔ေဆးရတာေပါ့ေနာ္အဲ့တာ တခုေတာ့ ရတဲ့နည္းနဲ႔ရွာေပးၾကပါတယ္၊ ဘာမွၾကီးၾကီးမားမားမျဖစ္ဘူးဆုိေတာ့ အဲ့တာနဲ႔ေကာင္းသြား တာေပါ့ေနာ္။ 

ေမး။      ။ ဇူလုိင္ ၂၉ရက္ေန႔က အဖမ္းခံရတဲ့ပုံစံကုိ နည္းနည္းေလးျပန္ေျပာေပးလုိ႔ရမလား။ 

ေျဖ။      ။ ကြ်န္ေတာ္ရန္ကုန္အျပန္ေပါ့ေလ၊ ရန္ကုန္ကေနစစ္ေတြမွာတစ္ညအိပ္တယ္၊ စစ္ေတြမွာတစ္ညအိပ္ျပီး ေတာ့ထြက္လာတာေပါ့ေလ၊ တကယ္ေတာ့အဖမ္းခံရတာ ၂၉ ရက္မဟုတ္ဘူး၊ ၃၀ရက္ေန႔၊ ရန္ကုန္ကေန ေဆးကု ၿပီးျပန္လာတယ္၊ စစ္ေတြမွာတစ္ညအိပ္တယ္၊ မနက္ေက်ာက္ေတာ္ကုိ ေပါင္မုန္႔ကားနဲ႔စီးတယ္၊ ေက်ာက္ေတာ္ကုိေရာက္တယ္၊ ေက်ာက္ေတာ္ကေနျပီးေတာ့ ပင္ဆုိင္ေက်းရြာဆုိတာရွိတယ္၊ အဲရြာကေနျပီးေတာ့ ဆုိင္ကယ္နဲ႔သြားတယ္ ေထာ္လာဂ်ီနဲ႔သြားတယ္အဲ့ထိ၊ အဲ့ပင္ဆုိင္ေက်းရြားကေန ျပီးေတာ့ စက္ေလွကို ၁ သိန္းနဲ႔ ငွားထားတာေပါ့ေလ စုစုေပါင္းက ၇ေယာက္ရွိတယ္၊ ၁သိန္းနဲ႔ငွားျပီးေတာ့ ေရတံခြန္ထိ ပင္ဆုိင္ေက်းရြားကေနငွားထားတာ၊ ပလက္ဝျမဳိ႕မေရာက္ခင္ ေခ်ာက္ေက်းရြာအထက္နားေလးမွာ ကြ်န္ေတာ္တုိ႔ကုိ ေအာက္ကေနျပီးေတာ့ ကြြ်န္ေတာ္တုိ႔ စက္ေလွစီးရင္းနဲ႔ အေနာက္ကေနျပီးေတာ့ စက္ေလွနဲ႔လုိက္ျပီးေတာ့ ဝင္ဖမ္းတာေပါ့ေလ၊ ဖမ္းျပီးေတာ့မ်က္ႏွာဖုံးစြပ္ျပီးေတာ့ ကြ်န္ေတာ္တုိ႔ကုိမိနစ္ ၂၀ေလာက္စက္ေလွေမာင္းျပီးေတာ့ ဘယ္ကုိေမာင္းလဲဆုိတာမသိဘူး၊ မ်က္ႏွာဖုံးစြပ္ျပီးေတာ့ေတာထဲကုိေခၚသြားတာေပါ့။ 

ေမး။      ။ AAအဖြဲ႔ေတြအေနနဲ႔ အစ္ကိုတုိ႔ကုိ ဘာလုိ႔ဖမ္းရတာလဲဆုိတာေရာေျပာေသးလား။ 

ေျဖ။      ။ အဓိကေတာ့ကြ်န္ေတာ္တုိ႔ကိုဘာလုိ႔ဖမ္းလဲဆုိရင္ကြ်န္ေတာ္တုိ႔ကုိ မသကၤာလုိ႔ဖမ္းတာတဲ့၊ သူတို႔ရဲ႕အလုုပ္ကို ေႏွာက္ယွက္တာေပါ့ေလ၊အထူးသျဖင့္ ကြ်န္ေတာ့္ကုိ ခူးမီးသတင္းမီဒီယာမွာ လုပ္တယ္ဆုိျပီးေတာ့ စြပ္စြဲခ်က္ေတာ့ ရွိတယ္ေပါ့ေလ ၊ျပီးေတာ့ျမန္႔မာစစ္တပ္နဲ႔ အဆက္သြယ္ရွိတယ္ ဆိုျပီးေတာ့စြပ္စြဲျပီးေတာ့ ကြ်န္ေတာ့္ကုိ မသကၤာဘူးေပါ့ ဟုတ္မဟုတ္ ဆုိျပီးေတာ့ကြ်န္ေတာ္ကုိ ဖမ္းသြားတာေပါ့ေလ၊ ရုိက္ႏွိက္တာမ်ဳိးလည္းမရွိပါဘူး၊ကြ်န္ေတာ္တုိ႔ကုိ ဖမ္းတဲ့အခ်ိန္မွာလည္း သူတို႔ရဲ႕အၾကီးအကဲေတြနဲ႔ အဆက္သြယ္လုပ္တယ္ ဖုန္းနဲ႔ အေပၚကလူၾကီးက သူတုိ႔ကုိ ဘာမွမလုပ္နဲ႔ ရုိက္လည္း မရုိက္ႏွိက္နဲ႔ဆုိျပီးေတာ့ သူတုိ႔ရဲ႕ရဲေဘာ္ေတြကိုသတိေပးထားတယ္။ 

ေမး။      ။ သူတို႔က အဲဒီမွာ ဘယ္လုိပုံစံမ်ဳိးထားလဲ။

ေျဖ။      ။ ပထမ ၂ လကေတာ့ အက်ဥ္းသားပုံစံမ်ဳိးနဲ႔ အက်ဥ္းသားေတြနဲ႔ေကြ်းတယ္၊ အဲ့လုိစားရတာေပါ့၊ ပထမေတာ့ ဘယ္အဆင္ေျပပါ့မလဲ၊ ထမင္းလည္းမေကာင္းဘူး၊ ဟင္းလည္းမေကာင္းဘူး ၊ဟင္းကေတာ့တမ်ဳိးထဲေကြ်းတယ္ ဘာဘဲျဖစ္ျဖစ္အသီးအရြက္ေတြနဲ႔ေပါ့၊ ၂ လျပည့္တဲ့ေနာက္ပုိင္းက်ေတာ့ သူတုိ႔ရဲေဘာေတြနဲ႔ အတူတကြစားရတယ္ မေကာင္းရင္ေတာင္မွ နည္းနည္းပါးပါးေကာင္းတယ္လုိ႔ပဲဆုိရတာေပါ့၊ ေနာက္ထပ္၂ လခြဲကေတာ့ သူတုိ႔နဲ႔အတူစားရတာေပါ့ေလ။ 

ေမး။      ။ အစ္ကို႔ရဲ႕ သူငယ္ခ်င္းေတြကုိ ၾသဂုတ္လ၂၅ရက္မွာျပန္လြတ္ေပးျပီးေတာ့မွ အစ္ကုိကုိက်တာ့ ဘာလုိ႔ဆက္ဖမ္းထားျပီးမွ သူတုိ႔ကိုဘာလုိ႔လြတ္ေပးတာလဲ။ 

ေျဖ။      ။ ကြ်န္ေတာ့အေၾကာင္းကုိ ေကာင္းေကာင္းအေထာက္အကူျဖစ္ေအာင္၊ သိေအာင္ ဟုတ္မဟုတ္ဆုိျပီး ဘာေတြလုပ္ေနလဲဆုိတာ အေထာက္အကူျဖစ္ေအာင္ဆုိျပီးကြ်န္ေတာ့္ကုိ ေခၚသြားတဲ့ပုံစံပဲ၊ သူတို႔က တစ္လေတာင္မျပည့္ဘူး ရက္၂၀ေက်ာ္ေလာက္ပဲျပန္လြတ္လုိက္တာ။ 

ေမး။      ။ အစ္ကုိ႔ကို ၄ လေက်ာ္ေအာင္ဖမ္းထားတယ္ဆုိေတာ့ အဲ့ရက္ေတြမွာကိုဘယ္လုိျဖတ္သန္းခဲ့ရလဲ၊ဘာ အခက္အခဲေတြၾကဳံခဲ႔ရလဲ။ 

ေျဖ။      ။ အခက္အခဲကေတာ့ခံစားရတာေပါ့ေလ၊ ကြ်န္ေတာ္တုိ႔ကုိ ဘာမ်ားလုပ္မလဲဆုိျပီး စိတ္ပူပန္းမႈနည္းနည္းရွိတာေပါ့ ၊ကြ်န္ေတာ္တုိ႔ကုိ စေရာက္တဲ့အခ်ိန္၂ အပတ္အတြင္းမွာ ၃ ခါေလာက္ကိုၾကည့္တာေပါ့ေလ၊ စစ္ျပီးေတာ့ေနာက္ပုိင္းေတာ့ ကြ်န္ေတာ္စုိးရိမ္မႈသိပ္မရွိေတာ့ဘူး ကြ်န္ေတာ့္က်န္းမာေရးကုိပဲစုိးရိမ္တယ္၊ သူတုိ႔ကေတာ့ ျပန္လြတ္ေပးမယ္ဆုိတာ ကြ်န္ေတာ္တုိ႔ကေတာ့အေျခအေနသိသြားျပီေလ၊ ဒါေပမယ့္ ဘယ္ႏွစ္လထားမယ္၊ ဘယ္ေလာက္ထားမယ္ဆုိတာ မသိဘူးေလ၊ ဒါေပမယ့္ ဦးေဝွ႔တင္းတုန္းကလည္း ၃ လေလာက္ပဲထားတယ္ဆုိေတာ့ေလ ကြ်န္ေတာ္ကုိလည္း ဘာပဲျဖစ္ျဖစ္အလြန္ဆုံး ၃ လေလာက္ပဲထားမွာပါ ၂ လေလာက္ဆုိရင္လြတ္မယ္လုိ႔ထင္တာေပါ့ေလ အမ်ားဆုံး ၃ လေလာက္ျဖစ္မယ္၊ ဒီထက္ပုိျပီး မထားႏုိင္ေလာက္ဘူး၊ ေနာက္ပုိင္းက်ေတာ့ တျဖည္းျဖည္းနဲ႔ လပုိင္းၾကာလာေတာ့ ဘယ္ထင္ေတာ့မလဲ ၊ ေမ်ွာ္လင့္ခ်က္ေတြပုိျပီးေတာ့ေမွးမိန္လာတာေပါ့ေလ၊ ဘယ္ခ်ိန္ေလာက္မွ ျပန္လြတ္ႏိုုင္မလဲ ဘယ္ခ်ိန္ေလာက္မွျပန္မလဲမသိဘူးေလ၊ အဲ့မွာက်ေတာ့လည္း ကုိယ့္က်န္းမာေရးအေၾကာင္းကလည္းတေၾကာင္း၊ တပ္ဖက္ကလည္းဗုံးေတြၾကဲခ်လုိက္ရင္ အလကားေသသြားမွာေပါ့အဲ့တာေတာ့နည္းနည္းေတာ့ စုိးရိမ္တာေပါ့ေလ။ 

ေမး။      ။ အစ္ကုိအဖမ္းခံထားရတုန္းက တျခားသူေတြေရာအဖမ္းခံထားတာရွိလား၊ဘာေၾကာင့္လဲ။ 

ေျဖ။      ။ ကြ်န္ေတာ္တုိ႔အဖမ္းခံရတဲ့ေနရာမွာေတာ့ ခူမီးလူမ်ဳိးက ကြ်န္ေတာ့္မွအပ တျခားသူေတြမရွိဘူး၊ အကုန္လုံးက ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ျမဳိ႕နယ္ဖက္ကေနဖမ္းထားတာေပါ့၊ အေယာက္၂၀၊ ၃၀ ဝန္းက်င္ေလာက္ရွိတယ္၊ သူတိုိ႔ ကိုဖမ္းတာၾကေတာ့ သူတို႔စကားနဲ႔ အသုံးႏႈန္းနဲ႔ေျပာမယ္ဆုိလုိ႔ရင္ ႏြားခုိးမႈဆုိျပီးတုိင္လုိ႔ဖမ္းတယ္၊ လူသတ္မႈ သူတုိ႕ အရပ္သားအခ်င္းခ်င္း ရခုိင္အခ်င္းခ်င္းပဲမေတာ္တဆလူသတ္မႈေၾကာင့္ဖမ္းတယ္၊ ေဆးမႈ WY ေတြြကိုဖမ္းတယ္၊ WY သုံးစြဲတဲ့သူေတြကုိ ဖမ္းတယ္၊ အဲလိုအဖမ္းခံရတဲ့သူေတြဘဲရွိတယ္။ 

ေမး။      ။ AA အေနနဲ႔ အကို႔ကို ဘာေၾကာင့္ျပန္လြတ္ေပးတယ္လုိ႔ေျပာလဲ။ 

ေျဖ။      ။ ကြ်န္ေတာ့္ကုိစစ္ေတာ့ လုံးဝအျပစ္မရွိဘူးဆိုတာ သူတိုိ႔အသိဆုံးပဲေလ၊ အဲ့တာေၾကာင့္လြတ္ေပးတာေပါ့၊ အခု လြတ္ေပးတယ္ဆုိေတာ့ မင္းကေပ်ာ္မွာေပါ့ေနာ္တဲ့၊ ကြ်န္ေတာ္ကလည္း ျပန္လြတ္ေပးေတာ့ အတုိင္းမသိ ေပ်ာ္တာေပါ့၊ ကြ်န္ေတာ္ကလည္းျပန္ခ်င္တာေတာ့ ၾကာလွျပီေပါ့ ၊ အခ်ဳပ္ခန္းမွာဆုိလုိ႔ရင္ ဘာမွ လြတ္လြတ္လပ္လပ္မေနရတာ ကြ်န္ေတာ္လည္းနားလည္ျပီးသားပါ၊ လြတ္လြတ္လပ္လပ္ေနခ်င္တာေပါ့၊ အခ်ိန္ေတြလည္းကုန္တာေပါ့၊ ကြ်န္ေတာ္တုိ႔ လည္း စိတ္မေကာင္းဘူးလုိ႔ေျပာတယ္။

ေမး။      ။ ေနာက္ဆံုးအေနနဲ႔ ဘာမ်ားျဖည့္စြက္ေျပာခ်င္တာရွိလဲ။

 ေျဖ ။     ။ လူတေယာက္ကုိ သံတယရွိယုံနဲ႔ မဖမ္းဖုိ႔၊ တုိင္တဲ့သူရွိရင္ေတာင္မွ သက္ေသအေထာက္အ ထားခုိင္ခုိင္လုံလုံမရွိရင္ မဖမ္းဖုိ႔ေျပာခ်င္ပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.