စစ်ကောင်စီ တပ်ရင်းမှူး ၂ ဦး၊ တပ်/ရဲအရာရှိ ၅ ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံး (006SV) ချင်းပြည်အစိုးရ ပူးပေါင်းတပ်များ၏ Jericho စစ်ဆင်ရေးအတွင်း ဟားခါး – ထန်တလန်ကြားက စစ်ရေးအရ အချက်အချာကျသည့် စစ်ကောင်စီစခန်း ၄ ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ရင်းမှူး ၂ ဦး၊ တပ်နှင့်ရဲအရာရှိ ၅ ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။ ချင်းပြည်မြောက်ပိုင်း၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားကို ထိန်းချုပ်နိုင်ရေးအတွက် ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့များသည် Jericho စစ်ဆင်ရေးအဖြစ် နိုဝင်ဘာလ ၂၂ ရက်မှ စတင်၍ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ Jericho စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ Kiamtlang/Ruavazung စခန်း၊ သီမြစ်ချောင်စခန်း၊Umpu Puaknak စခန်းနှင့် ပွိုင့် – ၃ စခန်းတို့ကို သိမ်းလိုက်ခြင်းဖြစ်ပြီး ယခုအထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်းနေသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ကျနော်တို့ ဒီစခန်းက ၄ ခုကို သိမ်းပိုက်ရရှိခဲ့တာပါ။ ဒီစစ်ဆင်ရေးက နိုဝင်ဘာလ ၂၂ ရက်ကနေ စတင်တဲ့ စစ်ဆင်ရေးဖြစ်တယ်။ ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဓိကက ဟားခါးမြို့နယ်ထဲက စခန်း ၂ ခုရယ်၊ ထန်တလန်မြို့နယ်ဘက်က စခန်းငယ်၂ ရယ်၊ အားလုံးပေါင်း…
Author: Editor
ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားရှိ စစ်ကောင်စီတပ်ဖွဲ့၏ Ruavazung စခန်း ကို ချင်းလဲန်းကောင်စီ /ချင်းပြည်အစိုးရတပ်ဖွဲ့က ယနေ့သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၁၉ ဦးကိုလည်း ဖမ်းမိထားသည်ဟု သိရသည်။ ယနေ့ နိုဝင်ဘာလ ၃၀ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် Ruavazung စခန်းကို သိမ်းပိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖက်က ခလရ(၂၂၂)မှ ဗိုလ်ကြီးတဦးနှင့် ရဲမှူးအပါအဝင် ၁၀ ယောက်ကျော်သေဆုံးသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။ ယင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၁၉ ဦးကို ဖမ်းမိထားပြီး သေနတ်အလက် ၄၀ ကျော်နှင့် ခဲယမ်းများလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။ ဟားခါး နှင့် ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်ဒေသတဝိုက်မှာခြေကုတ်ယူတပ်စွဲထားကြသော စစ်ကောင်စီ တပ်စခန်းများကို ချင်းပြည်အစိုးရတပ်ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်ခန့်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ရေးအရရေးပါသော ပွိုင့် ၃ စခန်းကုန်းကို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ နောက်ဆုံးရရှိသည့်သတင်းများအရ သီမြစ်လွင်ပြင်ဒေသတွင် တပ်စွဲထားကြသော စစ်ကောင်စီစခန်းအားလုံးကို ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်ထားပြီဟုသိရသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးပေ။
(002MG) “ထိုင်းမှာ အလုပ်လုပ်ဖို့ ကျွန်တော်က အောက်လမ်းနဲ့သွားတယ်။ ကား (၁၂) ဆင့်စီးရတယ်၊ လူကလည်း ကြပ်ညှပ်နေအောင်စီးရတယ်။ ကားအရှေ့ခန်းမှာတောင် တယောက်ပေါ် တယောက်ဆင့်ပြီး (၃) ယောက်ထိုင် စီးတယ်။ စီးလိုက်၊ လမ်းလျှောက်လိုက်နဲ့ ကျွန်တော်တို့အသုတ်က (၁၂) ယောက်တစီး စီးတယ်။ မြဝတီ ရွှေကုက္ကိုဖက်ကနေသွားတယ်” ဒါကတော့ အောက်လမ်းကနေ ထိုင်းကိုသွားပြီး ရှစ်လကြာ အလုပ်လုပ်နေတဲ့ ကိုချင်းလေး(အမည်လွဲ) က သူကြုံခဲ့ရတာကို ပြန်ပြောပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းမှာ သွားရောက်ပြီး အလုပ်လုပ်ဖို့ အတွက်ဆိုရင် ပွဲစားတဦးနဲ့တဦး ပွဲစားခယူတာမတူညီကြပါဘူး။ ကိုချင်းလေးတယောက်ကတော့ ထိုင်းကို အလုပ်လုပ်ဖို့ ကျပ်ငွေ (၃၅) သိန်းပေးရပြီးရောက်ခါစမှာတော့ ဆောက် လုပ်ရေးလုပ်ငန်း၊ သံပန်း၊ ဆေးသုတ် အမျိုးမျိုးကို လုပ်ကိုင်ခဲ့ရပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တစ်နေရာြပီးတစ်နေရာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တစ်ချို့ဒေသတွေမှာဆိုရင် မြို့ပေါ်အထိ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ဒေသခံလူငယ်တချို့ဟာ အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်ဖို့ လုပ်လက်စအလုပ်တွေကို ရပ်နားပြီး နယ်စပ်အပါအဝင် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်နဲ့ တခြားမြို့တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ မတိမ်းရှောင်နိုင်တဲ့လူငယ်တွေအနေနဲ့လည်း မြို့တွင်းမှာ သတိရှိရှိနေထိုင်ရင်း စားဝတ်နေရေးအတွက်အလုပ်ရှာ ကြရပါတယ်။ ဒါပေမယ့် အလုပ်အကိုင်ရှားပါးပြီး ရတဲ့အလုပ်ရဲ့ဝင်ငွေက ထွက်ငွေထက်နည်းပါးတာကြောင့် မိသားစု စားဝတ်နေရေးပြဿနာတွေကို မဖြေရှင်းပေးနိုင်ပါဘူး။၊ ဒါကြောင့်လူငယ်များစွာဟာ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ပြည်ပနိုင်ငံတွေကို ရရာနည်းလမ်းနဲ့ ထွက်ခွာနိုင်ဖို့ကြိုးစားကြရပါတော့တယ်။ ပြည်ပထွက်ခွာရာဝယ်…. ပြည်ပကို ထွက်ခွာမယ်ဆိုရင် တနိုင်ငံနဲ့တနိုင်ငံ သွားပုံသွားနည်း မတူညီကြပါဘူး။ အဓိက လမ်း ကြောင်းနှစ်ကြောင်းဖြစ်တဲ့ တရားဝင်လမ်းနဲ့ အောက်လမ်းဆိုပြီးတော့ရှိပါတယ်။ တရားဝင်လမ်းဆိုတာကပတ်စပို့၊ ဗီဇာအပါအဝင် အချက်အလက်…
(006SV) ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ အချင်းချင်းကြား နိုင်ငံရေးသဘောထားကွဲလွဲမှုဟာလည်း ညှိလို့မရဘဲ ပို၍ရှုတ်ထွေးမယ့်အခြေအနေမှာရှိနေပြီး ချင်းတော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ “စင်ပြိုင်အစိုးရ” တွေ ဖွဲ့စည်းတည်ထောင်လာမယ့် အခင်းအကျင်းတွေလည်း မြင်တွေ့လာရပါတယ်။ ချင်းပြည်အစိုးရတရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့စည်းပုံပဋိညာဉ် (Charter) မူကြမ်းကို ရေးဆွဲထားပြီလို့ ကြားကာလချင်းအမျိုးသာားအတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ ချင်းညီနောင် (CB) တို့က ပြီးခဲ့တဲ့ ရက်က အသိပေးလာပါတယ်။ ချာတာမူကြမ်းကို ပြန်လည်သုံးသပ်အတည်ပြုဖို့ပဲကျန်တော့ပြီး၊ ချင်းပြည်အစိုးရဖွဲ့ဖို့ အဆင်သင့်အနေအထား ပြင်ဆင်ထားမှု ဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့အချုပ် (CNO/CNDF) ဒု-ဥက္ကဌ ဆလိုင်းပီတာထန်က ခေါ်နုမ်းသုန်းကို အတည်ပြုထားပါတယ်။ တဖက်မှာလည်း ချင်းပြည်ကောင်စီအဖွဲ့ဝင်တွေဟာ ၂၀၂၄ ဖေဖော်ဝါရီလက ချင်းပြည်အစိုးရကို ဖွဲ့စည်းတည်ထောင်ပြီး ချင်းပြည် မဏ္ဍိုင် ၃ ရပ် ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် လိုအပ်နေတဲ့ ဥပဒေတွေနဲ့ Institution တွေကို ပီပီပြင်ပြင် ဖော်ဆောင်နေပြီးဖြစ်ပါတယ်။ အာဏာသိမ်းပြီးခါစ ချင်းတော်လှန်ရေးဟာ စုစုစည်းစည်းနဲ့ ဆောင်ရွက်ခဲ့ကြပြီး အာဏာသိမ်းပြီး ၃ လခန့်အကြာမှာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) ကို ရွေးကောက်ပွဲအနိုင်ရ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေ၊ အရပ်ဘက်ကိုယ်စားပြုကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတော်လှန်နေတာဖြစ်ပါတယ်။ ယင်းနောက် တော်လှန်ရေးကာလ သဘောထားကွဲလွဲမှုတွေကနေ ၂၀၂၃ ဧပြီလထဲမှာ CNF နဲ့ လွှတ်တော်ကိုယ်စားလှယ်ထက်ဝက် ခန့် ICNCC က နုတ်ထွက်သွားပါတယ်။ ယင်းနှစ်…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် CDF – မတူပီ တပ်ဖွဲ့အချင်းချင်းကြား ပြန်လည်သင့်မြတ်မှု ရရှိရေး အတွက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးပြုလုပ်နိုင်ရန် ဆောင်ရွက်မည်ဟု မတူချင်း ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ အဖွဲ့ထံမှ သိရသည်။ မတူပီမြို့ ချင်းကာကွယ်ရေးအင်အားစုများကြား ပဋိပက္ခအတွက် သင့်မြတ်မှု ရရှိရန်နှင့် နယ်ခြားရောက် မတူလူထု အမြန်ဆုံး နေရပ်ပြန်နိုင်ရန် မီဇိုရမ်ရောက် မတူချင်း ဓမ္မအမှုတော်ဆောင်များ မိတ်သဟာသ၏ ငြိမ်းချမ်းရေး ကော်မတီက ဆောင်ရွက်နေ ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ကော်မတီက နိုဝင်ဘာလ ၂၈ ရက်ထုတ်ပြန်သည်။ CDF- မတူပီ၏ တပ်မဟာ – ၁ ၊ တပ်မဟာ – ၂ ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးမည့် ငြိမ်းချမ်းရေးကော်မတီမှ ဓမ္မအမှုတော်ဆောင်ဆရာတော်များ စသဖြင့် သုံးပွင့်ဆိုင် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ CDF-မတူပီ တပ်မဟာ – ၂ ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းကလည်း ငြိမ်းချမ်းရေးကော်မတီက ဆောင်ရွက်နေမှုများ သည် ဟုတ်မှန်ကြောင်း အတည်ပြုသည်။ “ကျနော်တိုက သဘောထား ရယူပြီးရင်တော့ အမြန်ဆုံး ကျနော်တို့ အချင်းချင်း တွေ့ဆုံပြီးမှ ဆွေးနွေးအဖြေရှာတာက အကောင်း ဆုံးဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့် ဦးဆောင်တဲ့ အဖွဲ့တွေက ဘယ်အချိန်မှာ တွေ့မယ်၊ ဘယ်လို လုပ်မယ်ဆိုတာက သူတို့အပေါ်မှာ မူတည်တယ်။ ပါစတာတွေရဲ့ အစီအစဉ်အတိုင်း ဖြစ်လိမ့်မယ်။ သဘောထားကို စုစည်းတဲ့ဟာကို ကျနော်တို့ ဘယ်လိုသဘောတူညီမှု လုပ်နိုင်မလဲဆိုတာဟာတွေ ဆက်လက်ဆောင်ရွက်ဖို့ရှိတယ်”…
စစ်ကောင်စီမှ ၂ ဦးသေဆုံး၊ ၁၄ ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိဟုဆို (006SV) ရခိုင်ပြည်နယ်၊ အနောက်ပိုင်းစစ်ဌာနချုပ်(အမ်း) ကွပ်ကဲမှု လက်အောက်ရှိ စစ်ကောင်စီ၏ ဆုတ်ခွာစစ်ကြောင်းကို အမ်း-ပဒါန်း လမ်း တနေရာတွင် ACDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၃ ရက်က အမ်းမြို့အခြေစိုက် အနောက်ပိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းမှ ဆုတ်ခွာသော စစ်ကြောင်းကို အမ်း- ပဒါန်းလမ်းတနေရာတွင် စောင့်ကြို၍ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု ကျောင်းသားလက်ရုံးတပ်တော် – SAF က ယနေ့ နိုဝင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်သည်။ ဗိုလ်မှူး ဇော်ထက်အောင် ဦးစီးသော စစ်ကောင်စီစစ်ကြောင်းသည် ပိတ်ဆို့တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲအတွင်း ဖွဲ့စည်းပုံ ပျက်ကာ တကွဲတပြားစီ ထွက်ပြေးလျက်ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်က ဆက်လက်၍ နယ်မြေရှင်းလင်းလျက်ရှိသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး သုံ့ပန်း ၁၄ ဦးကို ဖမ်းဆီးရမိထားကာ ၎င်းတို့ကို လိုအပ်သော ဆေးဝါးကုသမှုနှင့် စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်ဟု သိရသည်။ လက်နက်ငယ် ၂ လက်နှင့် ခဲယမ်းတချို့ကို တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
(005MK) မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ မြန်မာနိုင်ငံသားတစ်ဦးထံမှ ရူပီးသိန်း ၃၈၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြား (Methamphetamine) ၂၉ ကီလိုကျော်ကို ယနေ့မနက်ပိုင်းက ဖမ်းဆီးရမိသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ မီဇိုရမ်ရဲတပ်ဖွဲ့လက်အောက်ခံ CID(SB) နှင့် Special Narcotic ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၇ ရက်ညက မူးယစ်ဆေးဝါးနှိမ်နှင်းရေးလှုပ်ရှားမှုဆောင်ရွက်ရာမှာ ယနေ့မနက်ပိုင်း ၁၂ နာရီခွဲခန့်မှာ အိုင်ဇောလ်မြို့အ ထွက် Zemabawk ရပ်ကွက်တွင် ဆုတောင်းဆောင်နေရာအနီးမှာ မူးယစ်ဆေးဝါးများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယ-မြန်မာနယ်စပ် Zokhawthar ကျေးရွာဘက်မှထွက်လာသော Scorpio ကားတစ်စီးကို ရှာဖွေစစ်ဆေး ကြည့်ရာမှာ အလေးချိန် ၂၉ ကီလိုကျော်ရှိသော စိတ်ကြွဆေးပြားများကို ဖမ်းဆီးခဲ့ခြင်းပြီး ဒေသပေါက်ဈေး အရ ရူပီးငွေ သိန်း ၃၈၀ ကျော်တန်ဖိုးရှိသည်ဟု သိရသည်။ မူးယစ်ဆေးဝါးနှင့်အတူ ကလေးမြို့ တာဟန်းရပ်ကွက်နေ အသက် ၃၀ အရွယ် Tlangthanmawia ကိုလည်း ဖမ်းဆီးပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် နိုင်ငံခြားသားအက်ဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။ ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးမှုမကြာခဏရှိနေပြီး နိုဝင်လာလ ၂၆ ရက်နေ့ကလည်း ဘိန်းဖြူ ၈ ကီလိုကျော် (ရူးပီးငွေ သိန်း ၂ ထောင်ကျော်) ကို ဒေသခံ ၃ ယောက်ထံမှ ဖမ်းဆီးရမိခဲ့သည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်သွားမည်ဟု ချင်းပြည်အစိုးရကထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခွဲမှာ လုမ်သဲပြည်သူ့ဆေးရုံကို စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အဦး နှင့် အနီးနားကပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့်အပြင် ကျန်းမာရေးဝန်ထမ်း ၂ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်အစိုးရက နိုဝင်ဘာလ ၂၇ ရက်နေ့ညက ထုတ်ပြန်သည်။ စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများ မှီခိုအားထားနေရသော ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် စစ်ကောင်စီသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး ချင်းပြည်က အပြစ်မဲ့ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်သည့်အပြင် လူမျိုးတုံးသတ်ဖြတ်မှုများကို ရက်ရက်စက်စက် ကျူးလွန်နေသည်ဟု ချင်းပြည်အစိုးရကပြောသည်။ လုမ်သဲဆေးရုံဗုံးကြဲခံရမှုနှင့် အပြစ်မဲ့ပြည်သူများသေဆုံးမှုအပေါ် လွန်စွာဝမ်းနည်းကြောင်း နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်သွားမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သောအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကိုလည်း ပြင်းထန်စွာ အရေးယူသွားမည်ဟု ချင်းပြည် အစိုးရက ထုတ်ပြန်ထားသည်။
(004SS) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် ကြားကာလ ပြည်သူ့အခြေပြုကျောင်းများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြပြီး ယခုလျှင် ၂ နှစ်ကျော်ရှိလာပြီဖြစ်သည်။ ယခုလက်ရှိတွင် ပလက်ဝမြို့နယ်ထဲက ပလက်ဝကောင်စီထိန်းချုပ်နယ်မြေတချို့နှင့် အိန္ဒိယ-မြန်မာနယ်စပ် စစ်ဘေးရှောင် စခန်းများတွင် ကျောင်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်နိုင်ပြီး ကျောင်းသူကျောင်းသား ၇၀၀၀ ကျော်က ပညာသင်ကြားလျှက်ရှိသည်။ ပလက်ဝမြို့နယ်သည် အာရက္ခတပ်တော် AA သိမ်းပိုက်အုပ်ချုပ်နေသည့်အတွက် ကြားကာလပညာရေးဖော်ဆောင်သည့် နေရာတွင် အခက်အခဲများကြုံနေကြသည့်အပြင် ကျောင်းဆရာ/ဆရာမမလုံလောက်မှု၊ ကျောင်းသင်ထောက်ကူပစ္စည်း လိုအပ်ချက်များနှင့် ဆရာ/ဆရာမများအား လစဉ်ကြေးထောက်ပံ့ရန် အခက်အခဲများစွာရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ ဥက္ကဌ John Bosco ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။ မေး။ ပထမဆုံးအနေနဲ့ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ကို ဘယ်တုန်းကဖွဲ့စည်းခဲ့ကြလဲ။ ဘယ်လိုပုံစံနဲ့ဖွဲ့ခဲ့ကြလဲ၊ အရင်ရှင်းပြလို့ရမလား? ဖြေ။ ကျွန်တော်တို့ NUG အစိုးရဘက်ကနေပြီးတော့မှ လမ်းညွှန်မှုရှိတယ်ပေါ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဖွဲ့ပြီးတော့မှ မြို့နယ်မှာရှိတဲ့ ကြားကာလပြည်သူ့ကျောင်းတွေ ဖွင့်ဖို့အတွက်ကို အဆင်ပြေအောင် ဦးစီးဦးဆောင်လုပ်ပေးဖို့ဆိုပြီးမှ ကျွန်တော်တို့ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ကို ၂၀၂၂ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းခဲ့ကြပါတယ်။ အဲတုန်းက Paletwa Autonomous District Council ပေါ့ အခုကတော့ Paletwa Council ပေါ့ အဲဒီက လူကြီးတွေနဲ့ ဆွေးနွေးပြီးမှ မြို့နယ်မှာ ဘယ်သူတွေ ပါဖို့သင့်တော်မလဲ ဆိုပြီးတော့ သူတို့ဘက်က Guidelines ပေးတယ်၊ CDM လုပ်တဲ့ ဆရာ၊ ဆရာမတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ရပ်မိရပ်ဖတွေ၊…
(002MG)ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို စစ်ကောင်စီက ယမန်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တာဝန်ကျ ဆရာမ (၁) ဦးအပါအဝင် အမျိုးသား (၅) ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။ နိုဝင်ဘာလ ၂၆ ရက်မွန်းလွဲပိုင်း ၁ နာရီခန့်မှာ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ (၃) ဦးထက်မနည်းလည်း ပြင်းထန်ဒဏ်ရာရရှိကြသည့်အပြင် လူနေအိမ် ခန့်မှန်းခြေ (၆) အိမ်ခန့်ပျက် စီးသွားသည်ဟု သိရသည်။ လုမ်သဲကျေးရွာသည် ဖလမ်းမြို့နှင့် မိုင် (၂၀) ခန့်ကွာဝေးကာ အိမ်ခြေ (၆၀) နီးပါးရှိသည်ဟုသိရသည်။နို၀င်ဘာ ၂၅ ရက်နေ့ကလည်း ဖလမ်းမြို့နယ် ဗားရ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ဘုရားကျောင်းနှင့်လူနေအိမ်တချို့ပျက်စီးခဲ့သည်။ ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ဖလမ်းမြို့တွင် မြို့သိမ်း စစ်ဆင်ရေးစတင်ခဲ့ကြပြီး ယခုဆိုလျှင်နှစ်ပတ်ကျော်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီက လေကြောင်းနှင့် လက်နက် ကြီး ပစ်ကူများအလွန်အကျွံအသုံးပြုခဲ့သည်။