မြန်မာနိုင်ငံသားများကြောင့် ရာဇဝတ်မှုနှုန်းမြင့်တက်ဟုပြောဆိုမှုမှာ မှန်ကန်သောယူဆချက်မဖြစ်နိုင်ဟု ဆို (005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် လွန်ခဲ့သော ၆ နှစ်အတွင်း မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရသူများအနက် မြန်မာနိုင်ငံသား ၂.၉ ရာခိုင်နှုန်းသာပါဝင်ပြီး ယင်းအခြေအနေကိုကြည့်လျင် မြန်မာနိုင်ငံသား/စစ်ဘေးရှောင်များကြောင့် ရာဇဝတ်မှု(Crime rate) မြင့်တက်လာသည်ဟု ယူဆချက်မှာ မှန်ကန်ခြင်းမရှိနိုင်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်း ဌာနတစ်ခုကဖော်ြပသည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် Zalen News နေ့စဉ်ထုတ်သတင်းဌာနက မီဇိုရမ်ရဲတပ်ဖွဲ့ နှင့် မူးယစ်တပ်ဖွဲ့ ထံမှ ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၆ နှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှုစာရင်းကို တောင်းခံရာတွင် မူးယစ်ဆေးဝါး မှုကြောင့် ဖမ်းဆီးခံရသူ လူပေါင်း ၄၈၁၅ ဦးရှိခဲ့သည့်အနက် ၁၄၀ မှာ မြန်မာနိုင်ငံသားများဖြစ်ကြပြီး ရာခိုင်နှုန်းအားဖြင့် ၂.၉ ရာခိုင်နှုန်းသာရှိသည်ဟု ဖော်ပြထားသည်။ မူးယစ်မှုကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၄၀ ထဲတွင် စစ်ဘေးရှောင်မည်မျှပါဝင်သည်ကိုမူ အတိအကျမသိ ရဘဲ စစ်ဘေးရှောင်တချို့လည်းပါဝင်ကောင်းပါဝင်နိုင်သော်လည်း မြန်မာစစ်ဘေးရှောင်များ မူးယစ်ဆေးဝါးသယ်ယူ ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်နေကြကြောင်း ထင်မြင်ယူဆချက်များသည် မှန်ကန်သောယူဆချက်များမဖြစ်နိုင် ကြောင်း မီဇိုရမ်နေ့စဉ်သတင်းစာကဖော်ပြသည်။ စစ်ဘေးရှောင်များကြောင့် မီဇိုရမ်ပြည်နယ်တွင် ရာဇဝတ်မှုနှုန်းမြင့်တက်လာသည်ဟု ထင်မြင်ယူဆချက်များရှိသည့် အပေါ်တွင်လည်း အဆိုပါသတင်းစာက ဆက်လက်စုံစမ်းရာမှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မှုခင်းဆိုင်ရာ မီဇိုရမ် ရဲတပ်ဖွဲ့၏ စာရင်းကိုတောင်းခံခဲ့သည်ဟု သိရသည်။ ယင်းမှုခင်းဆိုင်ရာစာရင်းတွင် ၂၀၂၂ ခုနှစ်တွင် ပြစ်မှုဆိုင်ရာဥပဒေချိုးဖောက်မှုကြောင့် ဖမ်းဆီးခံရသူ လူပေါင်း ၃၂၁၈ ဦး ရှိသည့်အနက် မြန်မာနိုင်ငံသား ၈၅ ဦးပါဝင်ပြီး၊ ၂၀၂၃…
Author: Editor
(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ စစ်ကူရောက်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ ယမန်နေ့က တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားရာ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၃၆ ဦး သေဆုံးသည်ဟု ချင်းလဲန်း ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ဖေဖော်ဝါရီလ ၃ ရက် မနက်ပိုင်းက စစ်ကိုင်း၊ ကလေးမြို့မှ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်ဖွဲ့ကို သိုင်းငင်း- ဖလမ်းကြားရှိ ဇောင်လေးကျေးရွာ အနီးတွင် ချင်းပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီဝန်းကျင် ကြာမြင့်သည်ဟု သိရသည်။ “မနေ့က ၃ ရက်နေ့ တိုက်ပွဲမှာတော့ ဗိုလ်မှူး ၁ ဦးအပါအဝင် ၃၆ ယောက်တော့ အလောင်းရရှိတယ်။ ဒဏ်ရာ ရတဲ့ လူကတော့ ဒီထက်များနိုင်တယ်။ ကျနော်တို့ ကြားသိရသလောက်တော့ အယောက် ၂၀ လောက် ဒဏ်ရာ ရတယ်လို့ ကြားတယ်။ တိုက်ပွဲက နေ့စဉ်နဲ့အမျှ အချိန်မရွေး ဖြစ်နိုင်တဲ့ အခြေအနေတော့ ရှိတယ်။ ဒီနေ့ လုံးဝမဖြစ်ဘူးဆိုတာတော့ မရှိဘူး။ ဒီဘက်ကို လာနေတဲ့ စစ်ကြောင်းတွေကို အကုန်လုံး ဝိုင်းပိတ်ထားတော့ ဟိုဘက်ကလည်း မတိုးနိုင်အောင်၊ ဒီဘက်ကလည်း ဝိုင်းဝန်းပိတ်ထားတာ ဖြစ်တော့ အချိန်မရွေး တိုက်ပွဲ ထိတွေ့မှု ဖြစ်နိုင်တယ်” ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Salai Nai John Kim က ပြောသည်။ တိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ်…
စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့သို့ စစ်ကူအဖြစ်တက်လာသော စစ်ကော်မရှင်တပ် နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့မနက်ပိုင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ စစ်ကော်မရှင်တပ်ဘက်က အယောက် ၃၀ ကျော်သေဆုံးခဲ့သည်ဟု သိရသည်။ စစ်အင်အား ၃၀၀ ဝန်းကျင်ဖြင့် ဖလမ်းမြို့ကို ချီတက်လာသော စစ်ကော်မရှင်တပ်ဖွဲ့ကို သိုင်းငင်း-ဖလမ်းကြား ဇောင်လေးကျေးရွာအနီးတွင် ချင်းတော်လှန်ပူးပေါင်းတပ်ဖွဲ့က ယနေ့ဖေဖော်ဝါရီ ၃ ရက်မနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ၃၆ ယောက်ခန့်သေဆုံးခဲ့ပြီး ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ ထို့အပြင် လက်နက်မျိုးစုံ ၃၀ ကျော် နှင့် ကျဉ်ဆံအမြောက်အများလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။ စစ်ကော်မရှင်တပ်ဖွဲ့သည် ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ရေးအတွက် ၂၀၂၅ ခုနှစ်နိုဝင်ဘာလဆန်းကတည်းက သိုင်းငင်း နှင့် ဝေဘူလ လမ်းကြောင်းမှတဆင့် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့သည်။ သို့သော်လည်း အဆိုပါ စစ်ကြောင်း ၂ ကြောင်းသည် ဖလမ်းမြို့နယ် Khuangli နှင့် Sumhrang ရွာအနီးတွင် ချင်းတော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက် ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ တန့်နေခဲ့ကြသည်။ ထို့ကြောင့် ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ်(ဒကစ) မှ စစ်ကူအင်အား ၃၀၀ ခန့် ဖလမ်းမြို့ကို ဇန်နဝါရီ ၂၀ ရက်နေ့က ထပ်မံ စေလွှတ် လာခဲ့ခြင်းဖြစ်သည်။
အာဆီယံအဖွဲ့ဝင် တီမောက မြန်မာလူထု၏ နစ်နာမှုများကို တရားမျှတရေး လက်ခံမှုအတွက် ဂုဏ်ယူကြောင်း CHRO ပြော (006SV) စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်အရာရှိ ၁၀ ဦး၏ ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တီမောလက်စတေးနိုင်ငံမှာ တရားစွဲမှုကို ဖေဖော်ဝါရီလ ၂ ရက်မှာ တီမောတရားရုံံးက လက်ခံအမှုဖွင့်လိုက်ပြီဟု သိရသည်။ ယင်းသည် အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်က အခြားအဖွဲ့ဝင်နိုင်ငံတစ်ခု၏ အရေးနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် အမှုလက်ခံ ဖွင့်လှစ်၍ တရားစွဲအရေးယူနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့် Myanmar Accountability Project တို့၏ ယမန်နေ့က ပူးတွဲကြေညာသည်။ “တီမောလစ်စတေး အစိုးရက ကျနော်တို့ရဲ့ တိုင်တန်းချက်ကို လက်ခံတာက ဖေဖော်ဝါရီလ ၂ ရက်နေ့ မနေ့က စတင် လက်ခံတာ ဖြစ်တယ်။ တရားရေးဌာနက ရှေ့နေတစ်ယောက်ကို တာဝန်ပေးပြီးတော့မှ ကျနော်တို့ရဲ့ တိုင်တန်းချက်နဲ့ ပတ်သက်ပြီး သူကို စုံစမ်းဖို့ တာဝန်ပေးလိုက်ပြီပေါ့နော်။ ဒီဟာက တီမောလစ်စတေး နိုင်ငံရဲ့ တရားဥပဒေလမ်း ကြောင်းက ဘယ်လိုဆက်ဖြစ် မလဲဆိုတာ ပြောဖို့ ခက်သေးတယ်။ အတတ်နိုင်ဆုံး တီမောလက်စတေးနိုင်ငံကလည်း သူတို့ရဲ့ တရားစီရင်ရေးအတိုင်း ၊ နောက်သူက အာဆီယံအဖွဲ့ဝင် နိုင်ငံလည်း ဖြစ်တယ်ပေါ့လေ။ ဒီလိုဖြစ်တော့ ကျနော်တို့က တရားမျှတမှုအတွက် တီမောနိုင်ငံ ကနေ သူတို့ရဲ့ တရားရေးလမ်းကြောင်းအရ အကောင်းဆုံး လုပ်ပေး လိမ့်မယ်လို့ မျှော်လင့်တယ်”…
တော်လှန်ရေး ၅ နှစ်တာမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀၀ ကျော် ကျဆုံး (006SV) လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ချင်းပြည်နယ်တွင် စစ်အာဏာသိမ်း ၅ နှစ်တာအတွင်း ချင်းလူမျိုး ၁၁၈၃ ဦးသေဆုံး ခဲ့ပြီး ယင်းသေဆုံးမှုထဲ အသက်အပိုင်းအခြားအရ ချင်းလူငယ်လူရွယ်သေဆုံးမှုမှာ ၅၀၀ နီးပါးဖြင့် အများဆုံးဖြစ်သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်သည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၆ ဇန်နဝါရီလ ၃၁ ရက်အထိ ချင်းလူမျိုးများအပေါ် စစ်ကော်မရှင်ကြောင့် ငါးနှစ်အတွင်း ဖြစ်ပွားခဲ့သော သေဆုံးမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း အစီရင်ခံစာကို ချင်းရေးရာအဖွဲ့ချုပ်က ဇန်နဝါရီလ ၃၁ ရက်နေ့ မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “ဒီငါးနှစ်တာကာလကို ပြန်ပြီး ခြုံကြည့်လိုက်မယ်ဆိုရင် တိုက်ပွဲအတွင်းမှာ သေဆုံးတဲ့ လူတွေက အများဆုံး တွေ့ရတယ်။ ဒီဟာကို ဘာကို ဆိုလိုသလဲဆိုရင် ဒါက CDF တွေဘက်ကနေ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပေါ်လာတဲ့ အဖွဲ့အစည်းသော်လည်းကောင်း၊ အရင်ကတည်းက ရှိနှင့်ပြီးသာဖြစ်တဲ့ ERO/ ERA တွေအနေနဲ့ သော်လည်းကောင်း စစ်ရေးလိုအပ်ချက်တွေ တော်တော်များနေ တယ်လို့ သုံးသပ်လို့ ရတယ်။ ဘယ်လိုမျိုး စကမတွေက ကျူးလွန်တာလည်း ဆိုတော့ သူတို့က ရတဲ့ နည်းမှန်သမျှနဲ့ ကျူးလွန်နေ တာပေါ့နော်။ လေကြောင်းတိုက်ခိုက်မှု အနေနဲ့သော်လည်းကောင်း၊ လူသားဒိုင်းအနေနဲ့သော်လည်းကောင်း၊ မြေမြုပ်မိုင်း အနေနဲ့သော် လည်းကောင်းပေါ့နော်။ အဆိုးဆုံးကတော့ ဖမ်းဆီး နှိပ်စက်ပြီးတော့ လူသားဒိုင်းအနေနဲ့ အသုံးပြုတာတွေ ဖြစ်တယ်။ ဆိုတော့…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်တွင် သွေးသစ္စာသီချင်းသီဆိုကာ အကျဉ်းသား များ အခွင့်အရေးတောင်းဆိုခဲ့ကြသည့် အကျဉ်းသူအမျိူးသမီး (၁၅) ဦး တိုက်ပိတ်ခံထားရသည်ဟု သိရသည်။ ကလေးမြို့ နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူက “မနေ့က ကလေးထောင်မှာရှိတဲ့ အမျိုးသမီး အ ဆောင်မှာပဲ အမျိုးသမီးတွေသီးသန့်ပဲလုပ်တာ။ သူတို့က သွေးသစ္စာ သီချင်းဆိုတယ်။နောက်ပြီးတော့ သူတို့ရဲ့လိုလားချက်တွေ တောင်းဆိုတယ် အဲဒါကြောင့် (၁၅) ယောက် တိုက်ပိတ်ခံရတယ်လို့ ကြားရတယ်” ဟု ပြောသည်။ အာဏာသိမ်း (၅) နှစ်ပြည့် ဖေဖော်ဝါရီလ (၁) ရက်နေ့က ကလေးမြို့အကျဉ်းထောင်ထဲက အမျိုးသမီးအဆောင်တွင် တော်လှန်ရေးသီချင်း သွေးစ္စာသီဆိုကာ အမှုကြီး (၉) မှု ပယ်ကာ ဖျက်သိမ်းရေး၊ အကျဥ်းသား/ အကျဉ်းသူ တန်းတူ အချိုး ရရှိရေး၊ အာဏာရှင် အဖွဲ့အစည်းမှန်သမျှ ကျရှုံးရေး ဟု အချက် (၃) ချက်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ကလေးမြို့အကျဉ်းထောင်ဝန်ထမ်းများသည် နိုင်ငံရေး အကျဉ်းသူများအား အလုပ်ကြမ်းခိုင်းစေခြင်း၊ ဆေးဝါးကုသခွင့် မပေးခြင်းအပြင် အလုပ်မလုပ်နိုင်သူများအား ငွေကြေးမတရား တောင်းဆိုမှုများရှိနေသည်ဟုသိရသည်။ အကျဥ်းထောင်အတွင်း တိုက်ပိတ်ခံထားရသည့် အကျဥ်းသူများ၏ လုံခြုံရေးအခြေအနေ၊ စိုးရိမ်နေရမှုများအပေါ် ပြည်သူများ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အလေးထား၍ စောင့်ကြည့်ခြင်းများ ပြုလုပ်ပေးပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားကွန်ရက် – PPNM က အသိပေးထားသည်။ ကလေး အကျဉ်းထောင်တွင် အကျဉ်းသား စုစုပေါင်း လူဦးရေ (၁၆၀၀) ခန့်ရှိသည်ဟု သိရပြီး နိုင်ငံရေးအကျဉ်းသား လူဦးရေ စုစုပေါင်း…
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ စစ်ကော်မရှင်၏ လက်နက်ကြီး မီးခိုးငွေ့များကြောင့်ပါ ထပ်ဆင့်အုံ့မှိုင်းနေခဲ့သည်။ မြောက်ပိုင်းဒေသ၏ ဆောင်းက အသားထဲစိမ့်ဝင်အောင် အေးမြလွန်းလှသော်လည်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်၏ မြို့ပြအချို့တွင်မူ နိုင်ငံရေး အပူရှိန်က တောက်လောင်လျက်ရှိသည်။ စစ်ကော်မရှင်သည် ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက် အဖြစ် အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပသည့် ရွေးကောက်ပွဲ၏ နောက်ဆုံးအဆင့်ကို နိုင်ငံတစ်ဝှမ်း၌ အတင်းအဓမ္မ ဖော်ဆောင်လျက်ရှိသည်။ သို့သော် မြေပြင်၌ ကြားနေရသည်မှာ မဲပေးသူတို့၏ ဆန္ဒဖော်ထုတ်သံ သို့မဟုတ် မဲရုံဆီသို့ လျှောက်လှမ်းသည့် ခြေသံများမဟုတ်ပေ။ ဖားကန့်မြို့၏ တုန်ဟီးနေသော လက်နက်ကြီးသံများနှင့် ကျောက်မဲ၊ သီပေါမြို့တို့၏ ခြောက်ကပ်နေသော လမ်းမ ထက်က တိတ်ဆိတ်မှုများသာ ဖြစ်သည်။လူသူကင်းမဲ့နေသည့် လမ်းမများ၏ ထိုတိတ်ဆိတ်မှုသည်ပင် စစ်ကော်မရှင်၏ အဓမ္မရွေးကောက်ပွဲအပေါ် ပြည်သူတို့၏ အသံတိတ် ဆန့်ကျင်မှုကို သက်သေပြနေသကဲ့သို့ ရှိတော့သည်။ || ရှမ်းမြောက်၏ ခြောက်ကပ်သော မဲရုံများနှင့် ‘ကိုယ်စားပြုမှုမဲ့ခြင်း’ ရှမ်းပြည် မြောက်ပိုင်း၏ အချက်အချာကျသော ကျောက်မဲနှင့် သီပေါမြို့နယ်များတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် ‘ကိုယ်စားပြုမှု လုံးဝမရှိသော ရွေးကောက်ပွဲ’ အဖြစ် သမိုင်းတွင်ခဲ့သည်။ ကျောက်မဲမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၈၁ အုပ်စု ရှိသော်လည်း စစ်ကော်မရှင်သည် မြို့ပေါ်ရပ်ကွက် ၉ ခုနှင့် ကျေးရွာအုပ်စု ၅ အုပ်စုတွင်သာ မဲရုံများ ဖွင့်လှစ်နိုင်ခဲ့သည်။ ဤသည်မှာ တစ်မြို့နယ်လုံး၏ ၆ ရာခိုင်နှုန်းခန့်သာ ရှိပြီး ကျန်ရှိသည့် ၉၄ ရာခိုင်နှုန်းသော…
စစ်အာဏာသိမ်း ၅ နှစ်အတွင်း မြန်မာသည် နိုင်ငံအချို့၏ အကျိုးစီးပွားအတွက် အသုံးချခံဘဝ ကျရောက်နေဟုဆို (006SV) ချင်းပြည်သူများ၊ ချင်းတော်လှန်ရေး အင်အားစုများနှင့် လက်တွဲပြီး ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်တည် ဆောက် ရေးနှင့် ချင်းပြည်နယ်နိမိတ် စုစည်းကာကွယ်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်သွားမည်ဟု စစ်အာဏာ သိမ်း ၅ နှစ်ပြည့်ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ကြေညာသည်။ ဘုံရည်မှန်းချက်တူ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဟု CNF / CNA ထံမှ သိရသည်။ ယနေ့အထိ စစ်ကော်မရှင်မှ အကြမ်းဖက်မှု နည်းလမ်းပေါင်းစုံဖြင့် ပြည်သူကို ဖိနှိပ်သတ်ဖြတ်နေသော်လည်း ပြည်သူ့ထောက်ပံ့ မှုဖြင့် ဆင်နွှဲလျက်ရှိသော ခုခံတော်လှန်တိုက်ပွဲများ ပိုမိုအားကောင်းလာနေသည်မှာ ပြည်သူ တရပ်လုံး၏ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးသံန္နိဌာန် မည်မျှပြင်းပြကြောင်း ပေါ်လွင်နေမှုဖြစ်သည်ဟု ဆိုသည်။ စစ်အာဏာသိမ်းမှ ၅ နှစ်တာအတွင်း မြန်မာနိုင်ငံသည် အာဆီယံနှင့် ကမ္ဘာ့မျက်နှာစာတွင် ဘောင်တန်းမဝင်တော့ဘဲ အာဏာရှင် နိုင်ငံအချို့၏ အကျိုးစီးပွားအတွက် စိတ်ကြိုက်ချယ်လှယ်အသုံးချခံဘဝသို့ ကျရောက်နေသည်ဟု CNF က ပြောသည်။ အာဏာမသိမ်းမှီက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးသော နိုင်ငံများ စာရင်းဝင်ဖြစ်ခဲ့ရာမှ လက်ရှိတွင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်း ထိပ်တန်းဝင်နိုင်ငံဖြစ်လာသည်ဟု သတိပေးထားသည်။ ပြည်သူ့တော်လှန်ရေးကာလအတွင်း စစ်ကော်မရှင်တပ်၏ အကြမ်းဖက်မှုကြောင့် အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူအပေါင်းနှင့်…
ရေး – BL. Khaisa (Mara) ၂၁ နွေဦးတော်လှန်ရေးမတိုင်ခင် ချင်းပြည်တော်လှန် ရေးအဖွဲ့အစည်းအနေနဲ့ CNF/CNA နဲ့ ZRA ရယ်လို့ ၂ ဖွဲ့သာ ရှိပါ တယ်။ ၂၁ နွေဦးတော်လှန်ရေးစတင်တော့ ချင်းပြည်မှာ တော်လှန်ရေးအဖွဲ့ (၂၆) ဖွဲ့ ရှိလာပါတယ်။ အဲဒီ (၂၆) ဖွဲ့ကလည်း ချင်းပြည်ကောင်စီ – CC အုပ်စုနဲ့ ချင်းညီနောင် – CB အုပ်စုဆိုပြီး အုပ်စုနှစ်ခုအဖြစ် ကွဲထွက်သွားပါတယ်။ ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေကို ထပ်မံလေ့လာရင် မြို့နယ်အခြေခံအုပ်စုနဲ့ လူမျိုးစုအခြေခံအုပ်စုဆိုပြီး ထပ်ကွဲတာ တွေ့ရပါတယ်။ ဘယ်လိုပဲကွဲနေပါစေ ကြားနေအဖွဲ့အစည်းတဖွဲ့မှမရှိတာ တွေ့ရပါလိမ့်မယ်။ ဒီလိုပါပဲ ဒီအုပ်စု ၂ ခုလုံးကပဲ ပြည်သူလူထုရရှိခံစားနိုင်မယ့် လူသားချင်းစာနာထောက်ထားမှုအကူအညီကို အပြန်အလှန် ပိတ်ပင်တားဆီးနေကြတာတွေ့ရလို့ အင်မတန် ဝမ်းနည်းစရာကောင်းလှပါတယ်။ ချင်းပြည်မှာ ၂၁ နွေဦးတော်လှန်ရေးမစတင်ခင်မှာ ချင်းအရပ်ဖက်အဖွဲ့အစည်း- CSO တွေ ရှိကြပါတယ်။ အဲဒီ CSO တွေကို လေ့လာကြည့်ရင် ချင်းဆိုတဲ့ အမည်ခံ CSOs၊ မြို့နယ်အခြေခံ CSOs နဲ့ လူမျိုးစုအခြေခံ CSOs ဆိုပြီး အုပ်စု ၃ ခု ရှိတာ တွေ့ရပါတယ်။ ဒီ ချင်းအရပ်ဖက် CSOs တွေရဲ့ ကွဲပြားခြားနားပုံအတိုင်း လုပ် ဆောင်မှုတွေဟာလဲ ကွာခြားတာ တွေ့ရပါတယ်။ ချင်းအမည်ခံ (ချင်းလူမျိုးကို လွှမ်းခြုံ) CSOs တွေရဲ့ လုပ် ငန်းဆောင်ရွက်ပုံဟာ ကျယ်ပြန့်ပြီး မြို့နယ်နဲ့ လူမျိုးစုအခြေခံ…
(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် Zo Reunification Organization (ZORO) အဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၄ နှစ်မြောက် ချင်း-လူရှိုင်းညီလာခံ(Chin-Lushai Conference) နှစ်ပတ်လည်အခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက် နေ့က ကျင်းပခဲ့ကြသည်။ အဆိုပါအခမ်းအနားကို ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့ရှိ Lal Thanhawla Auditorium ခန်းမမှာ ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်း ၁၁ နာရီတွင် ကျင်းပခဲ့ကြပြီး မီဇိုရမ်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးအပါအဝင် ZORO ၊ MZP ခေါင်းဆောင်များနှင့် ချင်းလွှတ်တော်အမတ်များလည်း တက်ရောက်ခဲ့ကြကြောင်းသိရသည်။ ၁၃၄ နှစ်မြောက် ချင်း-လူရှိုင်းညီလာခံအခမ်းအနားမှာ ဧည့်သည်တော်ကြီးအဖြစ်တက်ရောက်လာသော မီဇိုရမ်ပြည် နယ်လွှတ်တော်ဥက္ကဌ Pu Lalbiakzama က “ Zofate (ချင်း-လူရှိုင်း-ကူကီး) အနွယ်ဝင်တွေဟာ မိမိတို့ရဲ့သဘောထား ဆန္ဒမပါဘဲ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် ၃ နိုင်ငံမှာ တကွဲတပြားစီပိုင်းခြားခံရပြီး နေထိုင်ကြရတယ်၊ လူတွေကပြုလုပ်ထားတဲ့ နယ်နိမိတ်မျဉ်းတွေရဲ့ ပိုင်းခြားကန့်သတ်ခံရမှုတွေကြာလာတဲ့အခါမှာ ဘာသာစကား၊ အပြုအမူ၊ လူနေမှုပတ်ဝန်းကျင် အပြောင်းအလဲတွေရှိနေပေမယ့်လည်း မိမိတို့ဟာ တအူတုံဆင်းညီရင်းအကိုတွေဖြစ်ကြပါတယ်။ ဒါကြောင့် မိမိတို့ညီအကိုအချင်း ချင်းကြားမှ နားလည်မှုရှိရှိနဲ့ ချစ်ကြည်ရင်းနှီးစွာနေထိုင်သွားကြဖို့ မှားကြားလိုပါတယ်” ဟုပြောဆိုခဲ့သည်။ ချင်း-လူရှိုင်း-ကူကီး (Zofate) မျိုးနွယ်စုများ နေထိုင်ရာပတ်ပတ်လည်တွင် မိမိတို့ထက် ကြီးမားသောလူမျိုးများက ဝိုင်းထားသည့်အတွက် စည်းလုံးညီညွတ်မှုမရှိပါက လူမျိုးရေးအရဖြစ်စေ ဝါးမြိုခံရနိုင်သည့်အခြေအနေတွင်ရှိနေကြောင်း သတိချပ်ကြရန်လည်း မီဇိုရမ်လွှတ်တော်ဥက္ကဌက ပြောဆိုသည်။ ချင်း-လူရှိုင်းညီလာခံနှစ်ပတ်လည်အခမ်းအနားတွင် တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်များက အချက် ၇ ချက်ပါဝင်သော သဘောတူညီချက်ကို ဆုံးဖြတ်ခဲ့ကြသည်။…
