Author: Editor

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ထိစပ်နေသော ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် မိုးဆက်တိုက် သည်းထန် ရွာသွန်း၍ချောင်းရေများ လျှံတက်လာသောကြောင့် Maranatha (AG) ဘုရားကျောင်း ရေထဲပြိုကျမျောပါသွား သည်ဟု သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ခိုင်ကမ်းမြို့အနီး ကွဲချောင်းရေမြင့်တက်လာကာ ကမ်းပါးတိုက်စားခြင်းနှင့် ရေလျှံတက် ခြင်းတို့ ကြောင့် Maranatha (AG) ခရစ်ယာန်ဘုရား ရှိခိုးကျောင်း အပါအဝင် လူနေအိမ်တစ်လုံးမှာ ပစ္စည်းများ ရွှေ့ပြောင်းချိန်မရဘဲ ရေစီးနှင့်အတူ မျောပါပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ၎င်းအပြင် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်နေထိုင်သည့် အမျိုးသမီးသည် ချောင်းရေတက်သည်ကို သွားကြည့် အချိန်တွင် ၎င်းအမျိုးသမီးရပ်ကြည့်သည့် တံတားကျိုးပဲ့သွားသောကြောင့် ရေထဲမျောပါသွား သည်ဟု သိရပြီး လက်ရှိအချိန်အထိ ရှာမတွေ့သေးကြောင်း သိရသည်။ လက်ရှိအချိန်တွင်လည်း မိုးဆက်ရွာသွန်းနေဆဲဖြစ်သည့်အပြင် ချောင်းရေ ထပ်မံမြင့်တက်လာနိုင်သော ကြောင့် မြေအနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသည့် နေရာများသို့ အရေးပေါ်ပြောင်း ရွှေ့နေကြရကြောင်း သိရသည်။ ကလေးမြို့ဘက်တွင်လည်း ဥပုသ်ချောင်းရေမြင့်တက်လာပြီး လူနေရပ်ကွက်တချို့မှာ ရေလျှံမှုများဖြစ်ပေါ်နေ ကြောင်း သိရသည်။ ထို့အပြင် ကလေးမြို့နယ်တောင်ပိုင်း၊ ဇင်းကလင်းတံတားအောက်ခြေ ရေတိုက်စားသည့်အပြင် မြေပြိုမှုများရှိ နေသောကြောင့် ကလေးတောင်ပိုင်းလမ်းကြောင်း သွားလာအသုံးပြုခြင်းအား လတ်တလောတွင် ပိတ်ထားရကြောင်း သိရသည်။

Read More

(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင် စုစုပေါင်း ၃၈,၂၁၃ ဦးရှိနေပြီး စစ်ဘေးရှောင်များ စောင့်ရှောက်ရေး အတွက် ရူပီး ၂၈၅ သိန်းကျော် သုံးစွဲပြီဟု မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga ကပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နှင့် ၂၇ ရက်နေ့များ၌ ကျင်းပခဲ့သော ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် MNF လွှတ်တော်အမတ် အတိုက်အခံခေါင်းဆောင် Lalchhandama Ralte ၏ စာဖြင့်မေးမြန်းချက်ကို ပြည်ထဲရေးဝန်ကြီး K Sapdanga က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့အထိ စာရင်းများအရ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ် (Manipur) တို့မှ မီဇိုရမ်သို့ ဝင်ရောက်လာသည့် စစ်ဘေးဒုက္ခသည် စုစုပေါင်း ၃၈,၂၁၃ ဦး မှတ်ပုံတင်ထားရှိကြောင်း ပြည်ထဲရေးဝန်ကြီးကပြော သည်။ ပြည်ထဲရေးဝန်ကြီး၏ ထုတ်ပြန်ချက်အရ စစ်ဘေးရှောင် ၃၈,၂၁၃ ဦးအနက် မြန်မာနိုင်ငံမှ ဝင်ရောက်လာသူ ၂၉,၅၇၅ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၆,၉၅၉ ဦးနှင့် မဏိပူရ်ပြည်နယ်မှ ၁,၆၇၉ ဦးတို့ ဖြစ်ကြသည်။ Champhai ခရိုင်သည် စစ်ဘေးရှောင် ၁၂,၄၈၇ ဦးဖြင့် အများဆုံးနေထိုင်ရာခရိုင်ဖြစ်ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များကို စောင့်ရှောက်ရန်အတွက် မီဇိုရမ်အစိုးရသည် ရူပီး ၂,၈၅,၃၉,၆၁၁ ကို သုံးစွဲခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ မြန်မာစစ်ဘေးဒုက္ခသည်များ၏ ဇီဝအချက်အလက် (Biometric Enrolment) ကောက်ယူခြင်းကို ၉၈.၉၀%…

Read More

(006SV) အာဏာသိမ်းစစ်တပ်၏ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်းကျေးရွာကို ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကလေးငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံပြည်သူ ၈ ဦး အစုအပြုံလိုက် သေဆုံးခဲ့ရသည်ဟု ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့ တပ်မတော် (CPA/ CPU) ထံမှ သိရသည်။ “ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုက ပြည်သူတွေနေရာကလည်းပဲ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘူး။ တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့လည်း တော်တော်ဝေးတယ်။ ၁၄/ ၁၅ မိုင်လောက် ဝေးပါတယ်။ သူတို့ကလည်း တချို့က စစ်ဘေးရှောင်တွေက စစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။ ဆိုတော့ အဲဒီဘက်မှာ တိုက်လေယာဉ်နဲ့ ကြဲတာ ၂ နေရာပေါ့။ တစ်ခါကြဲရင် ၂ လုံးစီနဲ့ ၂ နေရာမှာ ရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေပေါ့။ ကြဲတဲ့ နေရာကလည်း တစ်နေရာနဲ့ တစ်နေရာ မီတာ ၃၀၀/ ၄၀၀ လောက် ကွာပါတယ်။ အဲလိုခွဲခြားပြီးမှ ကြဲလိုက်တာ။ အဲလိုမျိုးကြဲတာမှာ ပြည်သူတွေ ထိသွားတာပါ” ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။ ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီခွဲမှာ ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝမ်းခုမ်းကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မူလတန်းကျောင်းသား ၂ ဦး၊ ၉ တန်းကျောင်းသူ ၁ ဦး ၊ စစ်ဘေးရှောင် ၂ ဦး၊ သက်ကြီးရွယ်အို အဘိုးအဘွားများ အပါအဝင်…

Read More

(004SS) ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖြစ်သဘောမဟုတ်ဘဲ ဒေသခံများ၏ လိုအပ်ချက်ပေါ် မူတည်၍ စနစ်တကျ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ကြရန်နှင့် လာမည့် ၅ နှစ်အတွင်း ချင်းပြည်နယ်တွင် အလှပဆုံးနှင့် အတိုးတက်ဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မည်ဟု အာဏာသိမ်းစစ်တပ်ခန့် ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက ပြောသည်။ ဩဂုတ်လ ၂၉ ရက်နေ့၊ စနေနေ့ က ဖလမ်းမြို့ FBC ဘုရားကျောင်းတွင် ကျင်းပသည့် “ဖလမ်းမြို့အား ဘုရားသခင်ထံ ဆုတောင်းအပ်နှံခြင်း” (Sathi Luan) အစီအစဉ်မှာ ဦးကောလ်လျန်းထန်းက ထိုကဲ့သို့ပြောကြားသွားခြင်းဖြစ်သည်။ “အခု ကျွန်တော်တို့ဖလမ်းမြို့ကို ပြန်လည်ထူထောင်တဲ့အခါမှာ ဖြစ်သလိုဆိုတဲ့ဟာကို ဖျောက်ပစ်ရမယ်။ အလုပ်လုပ်ရင် အဖြစ်သဘောနဲ့မလုပ်ဘဲ ရည်ရွယ်ချက်ရှိရှိ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ်။ ရေရှည်မျှော်မှန်းချက်နဲ့ တစ်နှစ်နဲ့မပြီးရင် နှစ်နှစ်၊ နှစ်နှစ်နဲ့မပြီးရင် သုံးနှစ် လုပ်ဆောင်သွားရမယ်။ အမိုးမိုးတာကစလို့ ဒေသခံတွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး အရည်အသွေးနဲ့ စံချိန်စံညွှန်းမီအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ ရပ်မိရပ်ဖ ပြည်သူတွေ ငြိမ်သက်ခြင်းနဲ့ ငြိမ်းချမ်းခြင်း ရှိဖို့လိုတယ်။ ဘုရားသခင်အလိုတော်ရှိရင် အခု အချိန်တန်ပြီ။ နောက်လာမဲ့ ၅ နှစ်အတွင်း ကျွန်တော်တို့ ဖလမ်းမြို့ဟာ ချင်းတောင်မှာ အလှပဆုံး အတိုးတက်ဆုံးဖြစ်လာစေရမယ်။ အတူတကွပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့တိုးတက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရပ်မိရပ်ဖ ပြည်သူတွေ အစိုးရနဲ့ ပူးပေါင်းပြီး အားလုံးအား စိုက်ထုတ်ကြရအောင်။” ဟု ၎င်းက ပြောကြားသည်။ ထို့အပြင် ဖလမ်းမြို့ရှိ လက်ရှိ ကုတင် (၂၀၀) ဆံ့ ဆေးရုံတစ်ခုတည်းသာမက…

Read More

(006SV) ချင်းပြည်နယ်၊ ဆဲင်ထန်ဗဟိုကောင်စီနယ်မြေအတွင်း ပြည်သူများ၏ လုံခြုံရေးအတွက် အာဏာသိမ်းစစ်တပ်အုပ်စု၏ ထောက်တိုင်များဖြစ်သော Non – CDM များ၊ ဒလန်များကို တော်လှန်ရေးကာလအတွင်း လိုက်နာရန် ပြဌာန်းထားသော ဥပဒေဖြင့် အရေးယူသွားမည်ဟု ဆဲင်ထန်ဗဟိုကောင်စီထံမှ သိရသည်။ ဆဲင်ထန်ဗဟိုကောင်စီ ဒုတိယသက်တမ်း၊ ဒုတိယအကြိမ် ကောင်စီ အစည်းအဝေးနှင့် ပတ်သက်၍ ဩဂုတ်လ ၃၁ ရက်က ထုတ်ပြန်ရာတွင် ယင်းသို့ ကြေညာလာခြင်းဖြစ်သည်။ ဆဲင်ထန်ဗဟိုကောင်စီနယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးကို ပြည်သူများ၏ လိုလားချက်နှင့်အညီ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ “ပြည်သူများ၏ လုံခြုံရေးကို ရှေရှု၍ အကြမ်းဖက်စစ်အုပ်စု၏ ထောက်တိုင်များဖြစ်သော Non – CDM များ၊ ဒလန်များကို တော် လှန်ရေးကာလအတွင်း လိုက်နာရန် ပြဌာန်းထားသည့် သက်ဆိုင်ရာ ဥပဒေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်” ဟု ဆဲင်ထန်ဗဟိုကောင်စီက ဆိုသည်။ စစ်အုပ်စုသည် အာဏာရှင်စနစ် ဆက်လက်ရှင်သန်နိုင်ရေးအတွက် ပြည်သူများအပေါ် လေကြောင်းရန်ကို ဗဟိုပြု၍ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတွင် နည်းမျိုးစုံဖြင့် ဖိအားပေး စည်းရုံး သိမ်းသွင်းလျက်ရှိသည်ဟု သိရသည်။ ပြည်သူများအနေဖြင့် စစ်အုပ်စု၏ လုပ်ဆောင်ချက်များတွင် ပူးပေါင်းပါဝင်ခြင်း မပြုဘဲ မိမိတို့၏ အမျိုးသားရေးနှင့် ပြည်သူ့ အကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်များမှ ရှောင်ရှားကြရန်နှင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ဆဲင်ထန်ဗဟိုကောင်စီက အသိပေးထားသည်။ ဆဲင်ထန်ဗဟိုကောင်စီနယ်မြေအတွင်းရှိ နယ်မြေများကို သက်ဆိုင်ရာဌာန၊ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်၊…

Read More

(005MK) မီဇိုရမ်ပြည်နယ် လောတလိုင်ခရိုင်အတွင်း စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ စစ်ဘေးရှောင်များနှင့် နိုင်ငံခြားသား များအား အိမ်ငှားရမ်းပေးခြင်း လုံးဝမပြုလုပ်ရန် တားမြစ်လိုက်သည်ဟု သိရသည်။ ဩဂုတ်လ ၃၁ ရက်နေ့က လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး Pu Donny Lalruatsanga ဦးဆောင်မှုဖြင့် “တရားဥပဒေ စိုးမိုးရေး (Enforcement of Law and Order)” နှင့် ပတ်သက်သည့် အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြပြီး ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါအစည်းအဝေးတွင် လောင်တလိုင်ခရိုင်အတွင်း နိုင်ငံခြားသားများ အဝင်/အထွက် ထိန်းချုပ်ရေး လုပ်ငန်းများ ကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ယနေ့ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ စစ်ဘေးရှောင်များနှင့် နိုင်ငံခြားသားများအား အိမ်ငှားရမ်းပေးခြင်း လုံးဝမပြုလုပ်ရန် တားမြစ်ကြောင်းဆုံးဖြတ်ခဲ့ကြသည်ဟု မီဇိုရမ်အစိုးရ ပြန်ကြားရေးဌာနကထုတ်ပြန်သည်။ ယင်းကိစ္စအတွက် ခရိုင်အုပ်ချုပ်ရေးမှူး(DC) ရုံးမှ လိုအပ်သလို အမိန့်ထုတ်ပြန်သွားရန်နှင့် ဟိုတယ်၊ ဟုမ်းစတေး (Homestay) များကိုလည်း ပိုမိုတင်းကြပ်စွာ စစ်ဆေးသွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။ ထို့အပြင် လောင်တလိုင်ခရိုင်အတွင်း အထောက်အထား (Certificates) အတုထုတ်ပေးခြင်းမရှိစေရေး ဆောင်ရွက်ရန်၊ ထောက်ခံစာအတု ပြုလုပ်သူနှင့် ထုတ်ပေးသူများကို ဖမ်းဆီးပြီး ဥပဒေအရ အရေးယူရန် DC ရုံးနှင့် CYLA တို့က လိုက်ပါဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူနိုင်ရန် ရဲတပ်ဖွဲ့နှင့် YLA တို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟုလည်းသိရသည်။…

Read More

ချင်းအမျိုးသားတက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသူ/သား ၄၀၀ ကျော်ရှိဟုဆို (006SV) လက်ရှိတော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်ကျောင်း ပေါင်း ၃၇၃ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသားပေါင်း ၃၅, ၈၉၇ ဦး ပညာသင်ယူလျက်ရှိကြောင်း သိရ သည်။ ၂၀၂၄ ခုနှစ်စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေသည့်အကြားတွင် ချင်ပြည်နယ်အနှံ့မှာ စာသင်ကျောင်းများ ပုံမှန်ဖွင့်လှစ် နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ ကျေးရွာပေါင်း ၆၆၀ ကျော်ကို လွမ်းခြုံသော စာသင်ကျောင်းများကို ဖွင့်လှစ်ထားခြင်းဖြစ်သည်။ “ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံကျောင်းပေါင်း ၃၇၃ ကျောင်းဖွင့်လှစ်နိုင်ခဲ့တယ်။ အခုလည်း လက်ရှိ ဖွင့်နေပါ တယ်။ ကျောင်းသားကျောင်းသူအနေနဲ့ သုံးသောင်းခွဲကျော် ရှိပါတယ်။ ဆရာ၊ ဆရာမက သုံးထောင်ကျော်နဲ့ ဒီကျောင်း တွေကို လည်ပတ်နေတာ ဖြစ်တယ်။ အခုလက်ရှိမှာ ကျမတို့ အစိုးရအဖွဲ့အနေနဲ့က ငွေကြေး အများကြီး ထုတ်ပေးနိုင် တာ မရှိပါဘူး။ ပညာရေးဝန်ဆောင်မှု အားလုံးရဲ့ အများစုက ပြည်သူလူထုရဲ့ အားစိုက်ထုတ်မှုကနေ လာပါတယ်” ဟု ချင်းပြည်အစိုးရအဖွဲ့မှ Dr. Sharon Par က ပြောသည်။ ချင်းပြည်ဖက်ဒရယ် ဒီမိုကရေစီပညာရေးမူဝါဒနှင့် ပညာရေးမဟာဗျူဟာလုပ်ငန်းစဉ် (၂၀၂၅- ၂၀၂၃၀ ကိုလည်း ရေးဆွဲ ထားပြီး ပညာရေးလမ်းညွှန်မူဘောင်အဖြစ် ကျင့်သုံးနေသည်ဟု သိရသည်။ လက်ရှိမှာ ရပ်ရွာအခြေပြု ပြည်သူတရပ်လုံးက စုပေါင်းထည့်ဝင်သော ဘဏ္ဍာငွေများဖြင့် ဆရာ/မ လစာနှင့် အခြေခံ အဆောက်အဦး လိုအပ်ချက်များကို အဓိက ဖြည့်ဆည်းနေရပြီး ပညာရေးမှာ…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် နှစ်ပေါင်း ၄၀ နီးပါး သက်တမ်း ရှိ သော ဝယ်စလီ ပုဂ္ဂလိက (Wesley Hospital) ဆေးရုံကြီးအား ပိုမိုကျယ်ဝန်းသည့် နေရာသစ်သို့ ဩဂုတ်လ ၂၉ ရက်နေ့မှစတင်ကာ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ယနေ့မှစတင်ကာ လူနာများအား ပုံမှန်အတိုင်း ဆေးကုသမှုပေးနေပြီဖြစ်ကြောင်း သိရသည်။ ဝယ်စလီပုဂ္ဂလိက ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက “အဟောင်းမှာဘယ်သူမှ မရှိတော့ဘူး။ အကုန်လုံး ပြောင်းပြီး သွားပြီ။ စနေနေ့ကပြောင်းတာ။ ဒီနေ့ကနေစပြီးတော့မှ ပြင်ပလူနာတွေလည်း အသစ်မှာပဲ စဖွင့်ပြီ။ အခုဆေးရုံက ပုံမှန်အတိုင်းအကုန် ခွဲစိတ်မှုကအစလုပ်လို့ရပြီ။ကျောက်ကပ်ဆေးတာ၊ ကင်ဆာ ကုတာရယ်၊ အမျိုးသမီးတွေအတွက် ရင်သားကင်ဆာအတွက်လည်း ကုသလို့ရပြီ။ အခုဆေးရုံက ၆ ထပ် လုပ်ဖို့စဉ်းစားထားတယ်။ ဒါပေမယ့် အခု လောလောဆယ်တော့ ၅ ထပ်အထိပဲ ဖွင့်သေးတာပေါ့။” ဟု ပြောသည်။ ဆေးရုံဟောင်းတွင် တက်ရောက်ကုသနေကြသည့်လူနာများအား ပြောင်းရွှေ့ရာတွင်လည်း ကလေးမြို့ရှိ လူမှုကူညီရေး အသင်းများဖြစ်သည့် မေတ္တာထွဋ်ခေါင်၊ ကာယကံမေတ္တာ၊ ပုညကုသလ၊ တာဟန်းဇိုမီး လူ ငယ်၊ မြို့လှ၊ အင်ဒိုင်းကုန်း နှင့် Wesley အသင်းတော်မှ လူငယ်တို့သည် ဝိုင်းဝန်းကူညီ ရွှေ့ပြောင်း ပေးခဲ့ကြသည်ဟုသိရသည်။ မေတ္တာထွဋ်ခေါင် လူမှုကူညီရေးအသင်းက Yar Zar Aung “ဝယ်စလီဆေးရုံကြီး နေရာသစ်ကို ပြောင်းရွှေ့ပြီမို့ သက်တမ်းတစ်လျှောက်လုံးသုံးလာခဲ့တဲ့ ဆေးရုံ(ဟောင်း) မှာ လက်ရှိတက် ရောက်နေ ကုသနေကြတဲ့လူ နာ တွေကို နေရာအသစ်ကို ပြောင်းရွှေ့…

Read More

(006SV) ကရင်နီအမျိုးသားတော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးအောင်ဆန်းမြင့် ကွယ်လွန်သွားခြင်းသည် တိုင်းရင်း သားလူမျိုးများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေး မှာ ကြီးမားသော ဆုံးရှုံးမှုတရပ်ဖြစ်သည်ဟု ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ချင်းပြည် (Chinland) ကောင်စီက ဩဂုတ်လ ၃၁ ရက်က ပေးပို့ရာတွင် အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။ လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း ဦးအောင်ဆန်းမြင့်သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင်၊ တိုင်းရင်းသားလူမျိုးများ ကောင်စီ၏ Coordinator ၊ ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ (KSCC) ၏ ဥက္ကဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး စသည့် ကြီးလေးသော တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေချိန်မှာ ကွယ်လွန်ခြင်းဖြစ်သည်။ ဦးအောင်ဆန်းမြင့်၏ တော်လှန်ရေးတာဝန်ကျေပွန်မှု၊ အနစ်နာခံ ပေးဆပ်မှုများအပေါ် ဦးညွှန်ဂါရဝ ပြုပါသည်ဟု ချင်ပြည်ကောင်စီက ဆိုသည်။ ကရင်နီလူမျိုးများ၏ နိုင်ငံရေး ရည်မှန်းချက်နှင့် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု ရှိပြီး တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆုံးရှုံးမှု ကြီးမားသည်ဟု သိရသည်။ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းသည် ပြည်သူ့တော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုတရပ်ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း ယနေ့ ဩဂုတ်လ ၃၁ ရက်မှာ ထုတ်ပြန်သည်။ “သူ၏ ဘဝတလျှောက်လုံး ကရင်နီပြည်၏ နိုင်ငံရေး၊ တော်လှန်ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများတွင်…

Read More

စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးများ အသုံးပြု၍ ဗုံကြဲ ဟုဆို (006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၂ ထဲက ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ၈ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိသည်ဟု သိရသည်။ ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီခန့်တွင် တိုက်နယ်အမှတ် ၂ ထဲမှ ကျေးရွာတစ်ရွာ၏ နေရာ ၂ ခုကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးဟူ၍ ယူဆရသော ဗုံး ၄ လုံး အသုံးပြုပြီး ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသည်ဟု မင်းတပ်ဒေသခံတချို့ထံမှ သိရသည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် KG မူလတန်းတက်ရောက်နေသော ကလေးငယ်၁ ဦး၊ ၉ တန်း တက်ရောက်နေသော ကလေးငယ် ၁ ဦးနှင့် သက်ကြီးရွယ်အိုများအပါအဝင် ကျား ၄ဦး၊ မ ၄ ဦး စုစုပေါင်း ၈ ဦးသေဆုံးခဲ့ကြောင်း၊ ဒေသခံအရပ်သားပြည်သူ ၁၀ ဦးကျော်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ ထိခိုက်သေဆုံး ဒဏ်ရာရရှိသူများထဲတွင် အဆိုပါကျေးရွာတွင် စစ်ဘေးရှောင်နေကြသော စစ်ဘေးရှောင် ပြည်သူများ…

Read More