(005MK) မီဇိုရမ်ပြည်နယ်တွင် အသက် ၁၅ နှစ်အရွယ် ကျောင်းသူ H. Lalramdinpuii အသတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ၂ ဦးကို မီဇိုရမ်ရဲတပ်ဖွဲ့က ယနေ့မှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီဟုသိရသည်။ မီဇိုရမ်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ Lunglei ခရိုင်၊ Mualthuam North ရွာသူ H. Lalramdinpuii အသတ်ခံရမှုနှင့် ပတ်သက်၍ Lunglei ရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (SIT) က သေချာစွာ စုံစမ်းစစ်ဆေးကာ သံသယရှိသူ အသီးသီးကို ခေါ်ယူစစ်ဆေးခဲ့ရာ Mualthuam North ရွာမှ Denghmingthanga (၂၀ နှစ်) နှင့် Lalneihkima (၃၄ နှစ်) တို့ နှစ်ဦးကို ယနေ့မှာ ဖမ်းဆီးလိုက်သည်ဟု သိရသည်။ Denghmingthanga နှင့် Lalneihkima တို့ နှစ်ဦးကို အကြိမ်ကြိမ် မေးမြန်းစစ်ဆေးရာမှာ ၎င်းတို့၏ ဖုန်းအသုံးပြုမှု မှတ်တမ်းများ (digital evidence) နှင့် မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားများ (forensic evidence) မှ တစ်ဆင့် မသင်္ကာဖွယ်ရာများကို ဆက်လက်စုံစမ်းခဲ့ပြီး၊ အထောက်အထားများနှင့် မေးခွန်းအမျိုးမျိုးကို ရင်ဆိုင်ရ ပြီးနောက် ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ၎င်းတို့နှစ်ဦးသည် Lunglei ရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ SIT ရှေ့မှောက်မှာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ကြသည်ဟု သိရသည်။ ပြစ်မှုဝန်ခံပြီးနောက် ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ယနေ့ မွန်းလွဲ ၁:၀၀ နာရီတွင် ချက်ချင်းဖမ်းဆီးခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းမှာပင် တရားရုံးချုပ်နှောင်မှု (Judicial…
Author: Editor
(006SV) အရှိုချင်းလူငယ် ခေါင်းဆောင်တစ်ဦးဖြစ်သည့် CDF- အရှို တပ်ဦးချုပ် ဆလိုင်းရိုးရှင်း ကျဆုံးမှုသည် တော်လှန်ရေး အတွက်သာမက ပြည်ထောင်စုနှင့် အရှိုချင်းတစ်မျိုးသားလုံးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်သည်ဟု လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – မကွေး)က ကြေညာသည်။ PRA – မကွေး၏ ဗဟိုကော်မတီက ချင်းကာကွယ်ရေးတပ် – အရှို၏ တပ်ဦးချုပ် ဆလိုင်းရိုးချင်း ကျဆုံးခြင်းအတွက် ဩဂုတ်လ ၁၈ ရက်က ပေးပို့သော သဝဏ်လွှာတွင် ယင်းသို့ ထုတ်ပြန်ခြင်းဖြစ်သည်။ “CDF -အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်း ကျဆုံးမှုနဲ့ပတ်သက်လို့ ကျနော်တို့ အလွန်ပဲ ဝမ်းနည်းကြေကွဲရပါတယ်။ အလေးနီလည်း ပြုပါတယ်။ အထူးသဖြင့် အရှိုလူမျိုးတွေအတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ သူချမှတ်ခဲ့တဲ့ မူဝါဒတွေ၊ သူချခဲ့တဲ့ တော်လှန်ရေး စိတ်ဓါတ်တွေကို ကိုင်စွဲပြီးတော့မှ CDF အရှိုဟာ ဆက်လက် ရပ်တည်နေပြီးတော့မှ တော်လှန်ရေးမှာ ရှိနေမယ်ဆိုတာ ယုံကြည်ထားပါတယ်” ဟု PRA – Magway တပ်ဖွဲ့ ဥက္ကဌ ကိုနေမွန်က ပြောသည်။ နွေဦးတော်လှန်ရေး ခရီးလမ်းသည် ကြမ်းတမ်းခက်ခဲလှပြီး အဖိုးတန် အသက်ပေါင်းများစွာကို စတေးခဲ့ရသော ခရီးရှည်ကြီး တစ်ခုဖြစ်သည်ဟု PRA – မကွေး၏ ထုတ်ပြန်ချက်မှာ ရေးသားထားသည်။ ယခုကဲ့သို့ မိမိတို့၏ ကိုယ်ကျိုးကို စွန့်လွှတ်ကာ တိုင်းပြည်နှင့် လူမျိုး၏ အနာဂါတ်အတွက် ရှေ့တန်းမှ ဦးဆောင်ခဲ့သော အရှိုချင်းလူငယ်ခေါင်းဆောင်တစ်ဦး ကျဆုံးသွားရခြင်းသည်…
(004SS) စစ်ဘေးရှောင် ပြည်သူများဖလမ်းမြို့သို့ နေရပ်ပြန်နိုင်ရေးအတွက် ဖလမ်းခရစ်ယာန် ဓမ္မအမှုတော်ဆောင်များ မိသဟာယ FCMF နှင့် ဒေသတွင်း CSOs များ ပူးပေါင်းစီစဉ်သည့် ၅ ကြိမ်မြောက် ကလေး-ဖလမ်း နေရပ်ပြန် ခရီးစဉ်ကို လာမည့် ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြန်လည်စတင်မည်ဟု သိရသည်။ ယခု ၅ ကြိမ်မြောက် ခရီးစဉ်တွင် ခရီးသည်ဦးရေ ၆၀ အထိသာ ကန့်သတ်လက်ခံသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် လိုက်ပါလို သူများအနေဖြင့် ဩဂုတ်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် Central Chin Pawlpi ရုံး၌ မနက်ပိုင်း ၉ နာရီမှ ညနေ ၃ နာရီ အတွင်း အမည်စာရင်း ကြိုတင်ပေးသွင်းကြရန် အကြောင်းကြားထားသည်။ ခရီးသည်တစ်ဦးလျှင် အဝတ်အထည်နှင့် ကိုယ်ပိုင်အသုံးအဆောင်အိတ်ကြီး ၃ အိတ်အထိ သယ်ဆောင်ခွင့်ပြုမည်ဖြစ်ပြီး အဆိုပါ ပစ္စည်းများကို ဩဂုတ်လ ၂၆ ရက်နေ့တွင် အထက်ပါရုံး၌ ကြိုတင်အပ်နှံရမည်ဖြစ်သည်။ ထို့အပြင် ဖလမ်းမြို့တွင်း၌ ပြည်သူများအတွက် သက်သာသော ဈေးနှုန်းဖြင့် ဆန်များ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ တာ ကြောင့် ယခုခရီးစဉ်တွင် ဆန်အိတ်များ သယ်ယူခွင့်ကို ကန့်သတ်ထားသလို စီးပွားရေးဆိုင်ရာ ကုန်ပစ္စည်းများ၊ စတိုးဆိုင် ပစ္စည်းများနှင့် အရက်သေစာများ သယ်ဆောင်ခြင်းကိုလည်း တင်းကြပ်စွာ တားမြစ်ထားကြောင်းသိရသည်။ အတူလိုက်ပါမည့် မော်တော်ယာဉ်များအနေဖြင့်လည်း ဩဂုတ်လ ၂၂ ရက်နေ့ထက် မနောက်ကျဘဲ တာဝန်ရှိသူများထံ စာရင်းပေးသွင်းရမည်ဖြစ်ပြီး ကုန်စည်သယ်ယူခများကို အသက်သာဆုံးနှုန်းထားဖြင့်သာ ကောက်ခံပေးကြရန် FCMF…
(006SV) ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC/ CB) အင်အားစုများအကြား ပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် “Chin Peace Summit 2026” ခေါင်းစဉ်ဖြင့် ချင်းငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့သည်ဟု သိရသည်။ ဩဂုတ်လ ၆ ရက်မှ ၈ ရက်အထိ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၊ Aijal Club မှာ အဆိုပါ ချင်းငြိမ်းချမ်း ရေးဆွေးနွေးပွဲကို အမေရိကန်အခြေစိုက် Chin Peace and Reconciliation Initiative (CPRI) နှင့် မီဇိုရမ်ပြည်နယ် အစိုးရက ဦးဆောင်ဖွဲ့စည်းပေးထားသော Advocacy Group for Peace, Mizoram တို့က ဦးဆောင်၍ ပူးပေါင်း ကျင်းပသည်ဟု သိရသည်။ အဆိုပါ ချင်းငြိမ်းချမ်းရေးညီလာခံကို ချင်းလဲန်းကောင်စီမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီး ချုပ် ဦးဆောင်သော အစိုးရအဖွဲ့ဝင်တချို့ တက်ရောက်သည်ကို တွေ့ရပြီး ICNCC နှင့် ချင်းညီနောင် (CB) တို့မှ သဘာပတိအဖွဲ့ဝင်တချို့အပါအဝင် နိုင်ငံရေးနှင့် စစ်ရေးထပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ မီဇိုရမ်ပြည်နယ်မှ ပြည်ထဲရေးဝန်ကြီးအပါအဝင် ပြည်နယ်အစိုးရတာဝန်ရှိသူတချို့၊ ဘာသာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မီဇိုးလူငယ်များအသင်း (CYMA) အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများက ကိုယ်စားလှယ်များ တက်ရောက်သည်ဟု သိရသည်။ အဆိုပါချင်းအင်အားစုများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မည်ကဲ့သို့ ကျင်းပခဲ့သည်၊ မည်သည့်အကြောင်းအရာများ သဘောတူညီမှု ရရှိခဲ့သည်ကို ခိုနူမ်းသုန်အနေဖြင့် မသိရသေးသော်လည်း…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်တပ်နှင့် လူဝန်မှုကြီးကြပ်ရေးဌာန(လဝက) တို့သည် အိမ်ထောင်စုစာရင်းစစ်ဆေးသည်ဟုအကြောင်းပြကာ စစ်မှုထမ်းအရွယ်ရှိသော လူငယ်များ၏ စာရင်းကောက်၍ စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုပိုကြမ်းလာသည်ဟု သိရသည်။ အသက် (၁၈) နှစ်မှ အသက် (၃၅) နှစ်ရွယ်ရှိသူများကို နာမည်စာရင်းဖြင့် အိမ်တိုင်ရာရောက် စစ်မှုထမ်းဆင့် ခေါ်စာ ပေးပို့နေပြီး အသက်အရွယ်မပြည့်မီသေးသည့် လူငယ်များအား ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းနေကြောင်း ကလေး မြို့ခံတစ်ဦးက ပြောသည်။ ကလေးမြို့ဒေသခံက “အိမ်တိုင်ရာရောက်စစ်မှုထမ်း စစ်ခေါ်စာတွေပို့တယ်။ အဆိုးဝါးဆုံးကတော့ နိုင်ငံရေးအမှုနဲ့ ဖမ်းခံထားရတာ ထောင်နှစ်ရှည်ကျတဲ့ အိမ်ကိုရောက်လာပြီးထောင်ကျနေတယ်လို့ ပြောတာတောင်မရဘူး သူ့မိဘ တွေကထောင်ကိုသွားပြီးမှ ထောက်ခံစာသွားယူရတယ်၊ နောက်ကံပုလဲရွာ မှာဆိုရင် စစ်မှုထမ်းစာရင်းပါတာ သေပြီးတဲ့ စာရင်း ၃ ယောက်ပါတယ်လို့ပြောတယ်။ သေပြီးတာ တောင်မရဘူး၊ မယုံဘူးပေါ့။ နိုင်ငံခြားသွားတဲ့သူတွေဆိုရင် ပတ်စပို့ပြ၊ ပြန်ခေါ်ဆိုတဲ့ပုံစံ အဲ့မျိုးလုပ်တယ်။နောက် ချမ်းမြေ့အောင်စည်ရပ်ကွက်ထဲမှာဆိုရင် ဈေးဝယ်နေတဲ့ ချင်းတိုင်းရင်းသားလေး ၂ ယောက်စလုံးကိုဖမ်းတယ် တရွက်တိုက်ဖမ်း ဆွဲခေါ်သွားတယ်။ အရင်ထက်ကို ပိုပြီး ဖိဖိစီး စီးလုပ်လာတယ်၊ ပိုပြီးတော့ ယုတ်မာလာတယ်။” ဟုပြောသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတဦးမင်းအောင်လှိုင်သည် စစ်မှုထမ်းဥပဒေအား ဆက်လက်အကောင်အထည် ဖော်မည်ဟု ပြည်ထောင်စုလွှတ်တော်မှာ ပြောဆိုခဲ့ပြီးနောက် ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖမ်းဆီးမှု သိသိသာသာ တိုးလာကြောင်း ၎င်းကပြောသည်။ စစ်မှုထမ်းဥပဒေအရ အသက်အရွယ်အကျုံးမဝင်သေးသည့် နဝမတန်း (Grade-9) ကျောင်းသားတစ်ဦးအား ဒသမတန်း (Grade-10) အောင်မြင်ပြီးပါက စစ်မှုထမ်းပါမည်ဟု ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းသည့်ဖြစ်စဉ်များလည်းရှိနေ သည်ဟု သိရသည်။ “၉ တန်းကျောင်းသားလေးအိမ်ကိုရောက်သွားတယ်။ ၉ တန်းပဲရှိ…
(006SV) ချင်းအမျိုးသားတက္ကသိုလ် (CNU) က ယခုနှစ် စက်တင်ဘာလတွင် Diploma in Community Development သင်တန်းကို စတင်ဖွင့်လှစ်မည်ဖြစ်၍ သတ်မှတ်အရည်အချင်း ကိုက်ညီသူများ လျှောက်ထားနိုင်သည်ဟု သိရသည်။ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၏ ပညာသင်နှစ်ကို ၂၀၂၇ ခုနှစ် ဩဂုတ်လတွင် တပြေးညီ စတင်ဖွင့်လှစ်ရန် စီစဉ်ထားပြီး အဆိုပါ အဆင့်မြင့်ပညာသင်နှစ် မစတင်မီကာလအတွင်း Diploma in Community Development သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်ဟု CNU ထံမှ သိရသည်။ ၉ လတာ ကြာမြင့်မည့် အဆိုပါဒီပလိုမာသင်တန်းကို ဩဂုတ်လ ၃၀ ရက် နောက်ဆုံးထား၍ လျှောက်ရမှာဖြစ်ပြီး Google forms ဖြင့် လျှောက်ထားနိုင်သကဲ့သို့ Google Forms ဖြင့် လျှောက်ထားရင် အဆင်မပြေသူများသည် chinnationaluniversity@gmail.com သို့ လျှောက်လွှာများ တောင်းယူနိုင်သည်ဟု သိရသည်။ အခြေခံပညာပြီးမြောက်ကြောင်းလက်မှတ် (BECC of Chinland MoE or NUG MoE) ရရှိထားသူများ၊ စစ်အာဏာသိမ်းမှုကြောင့် တက္ကသိုလ်ဆက်မတက်တော့ဘဲ ရပ်နားထားသူများ ၊ အိမ်နီးချင်းနိုင်ငံများမှ Grade 12 အောင်မြင်ခဲ့သူများ GED (General Education Development) နှင့် IGCSE (International General Certificate of Secondary Education) စာမေးပွဲ ဖြေဆိုအောင်မြင်ထားသူများ ၊ တိုင်းရင်းသား ပညာရေးစနစ်များမှ အထက်တန်းပညာ ပြီးမြောက်အောင်မြင်ထားသူများ လျှောက်ထားနိုင်သည်ဟု သိရသည်။ သတ်မှတ်ချက်များနှင့် ပတ်သက်၍ ချင်းအမျိုးသားတက္ကသိုလ်၊…
(004SS) ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hualngoram ထိန်းချုပ်ထားသော အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်ရန်ပြင်ဆင်မှုများရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိတော့ စစ်ရေးလှုပ်ရှားမှုအရိပ် အယောင်မတွေ့ရသေးဘူးလို့ CDF-Hualngoram တာဝန်ရှိ သူကပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက တီးတိန်မြို့ပေါ်မှာအခြေစိုက်သော အာဏာသိမ်းစစ်တပ်သည် အရပ်သားပိုင် မော်တော်ယာဉ်အစီး ၅၀ ကျော်ကို ချောဆွဲကာ ရိခေါဒါရ်မြို့ဘက်သို့ ထိုးစစ်ဆင်ရန်ပြင်ဆင်နေသည် သတင်းများထွက်ပေါ်နေသည့်အခြေအနေနဲ့ပတ်သက်၍ မေးမြန်းရာမှာ CDF-Hualgoram ကာကွယ်ရေးအတွင်းရေးမှူးက ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။ CDF-Hualngoram Defense Secretary က “ မြေပြင်မှာ အဲလိုမျိုးတကယ်မရှိဘူး။ တစ်ချို့လော်ဘီတွေ ရေးတာပါ။ ပြည်သူတွေ ဂဏာမငြိမ်ဖြစ်အောင် တမင်လုပ်တာ။ ကျွန်တော်တို့ လိုက်မေးကြည့်ပြီးပြီ။ လက်ရှိမှာ စစ်ရေးအခြေအနေလဲ ဘာမှမရှိဘူး။ ပုံမှန်သွားလာနေကြတယ်။ ဒီလိုသတင်းတွေကြောင့် ပြည်သူတစ်ချို့ ကျတော့ ကြောက်ပြီး စစ်ဘေးရှောင် သွားကြတဲ့သူတွေလဲ ရှိတယ်။ ကျွန်တော်ပြောချင်တာက ဒီလိုအခြေအမြစ်မရှိတဲ့ သတင်းကို ပြည်သူတွေ မယုံကြဖို့။ အခု ဒီရိဒ်ဘက်ပဲကျန်တာဆိုတော့ တစ်ချို့လော်ဘီတွေက သတင်းမှားဖြန့်တာပါ” ဟု ပြောသည်။ အဆိုပါအခြေအနေနှင့်ပတ်သက်၍ ခိုနူမ်းသုန်သတင်းဌာက တီးတိန်- ရိအကြား ယာဉ်မောင်းတချို့ကိုမေးမြန်းကြည့်ရာ တွင်လည်း ထိုကဲ့သို့သတင်းမျိုးမကြားမိကြောင်း ပုံမှန်သွားလာနေကြကြောင်း ပြောဆိုသည်။ “ကျွန်တော် အဲဒါမျိုးမကြားမိဘူးနော်။ အခုလက်ရှိကျွန်တော် တီးတိန်- ရိဒ်ကြားမှာပဲ ကျွန်တော်တို့ပုံမှန်သွားလာနေကြ တာပဲ။” ဟု ၎င်းက ပြောသည်။တီးတိန်မြို့ဒေသခံတစ်ဦးကလည်း ရိခေါဒါရ်ဘက်ကို ကားတွေချောဆွဲခံရတာမကြားမိကြောင်း သို့သော်လည်း စစ်တပ်က သူတို့သွားလိုသည့်နေရာများသို့ ကားချောဆွဲလေ့ရှိသည်ဟု ပြောသည်။ “ ရိဒ်ဘက်တော့ မကြားမိဘူး။ ပြီးခဲ့တဲ့တစ်ပါတ်ကတော့ ကျွန်တော့်ကား…
(006SV) မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF- အရှို)၏ တပ်ဦးချုပ် အပါအဝင် ရဲဘော် ၃ ဦးတို့သည် စစ်တပ်၏ စောင့်ကြိုစီးနင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ရသည်ဟု ယနေ့ ဩဂုတ်လ ၁၇ ရက်မှာ ကြေညာသည်။ ဩဂုတ်လ ၁၄ ရက်က တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း CDF – အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နှင့် ရဲဘော်အောင်လင်းဇော်တို့ ကျဆုံးခဲ့ရခြင်းဖြစ်သည်။ “အထောက်စခန်းဘက်ကို ရဲဘော်တွေနဲ့ သွားစစ်ကြည့်ရင်း စစ်တပ်စစ်ကြောင်းနဲ့တိုးပြီး အဝိုင်းခံရတဲ့ပုံစံမျိုးပါ။ ကျနော်တို့ တော်လှန်ရေးဘက်က ရဲဘော် ၃ ဦး အင်အားပါပဲ ” ဟု CDF – အရှိုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တပ်ဦးချုပ်ကို ယခုကဲ့သို့ ဆုံးရှုံးရမှုသည် CDF – အရှိုတပ်ဖွဲ့နှင့် အရှိုချင်းလူမျိုးအားလုံးအတွက် အစားထိုးမရသော ဆုံးရှုံးမှု ဖြစ်ပြီး ယုံကြည်စွာ အပ်နှင်းခံရသော တပ်၏ တပ်ဦးချုပ်တာဝန်နှင့် တော်လှန်ရေး တာဝန်များကို အသက်နှင် ခန္ဓာစွန့်၍ တာဝန်ထမ်း ဆောင်ခဲ့သောကြောင့် များစွာ ဂုဏ်ယူပါသည်ဟု CDF – အရှိုက ထုတ်ပြန်သည်။ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နှင့် ရဲဘော်အောင်လင်းဇော်တို့ ကျဆုံးမှုသည်လည်း CDF – အရှိုအတွက် အစားထိုး မရသော ဆုံးရှုံးမှုဖြစ်သည်ဟု CDF – အရှိုထံမှ သိရသည်။ အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း စစ်တပ်က CDF – အရှို၏ ရဲဘော် ၁ ဦးကို…
(002MG) မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်၏ ဒရုန်းဖြင့်ရမ်းသမ်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သီးကုန်းကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ (၃) ဦးသေဆုံးခဲ့ကာ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်လက်အောက်ခံ တပ်မ ၉၉ သည် လက်နက်ကြီးရမ်းသမ်းပစ်ခြင်း၊ ဒရုန်းဗုံးသီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ နေ့စဉ်လုပ်ဆောင်နေပြီး ဩဂုတ်လ ၁၅ ရက်နေ့က စစ်ဘေးရှောင် ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၆ နှစ်အရွယ် ဒေါ်မြဝင်း၊ အသက် ၅၀ အရွယ် ဦး နန်းမြိုင်နှင့် အသက် ၄၆ နှစ်အရွယ် ဒေါ်ဌေးဌေးတို့သည် ပွဲချင်း သေဆုံးခဲ့ရပြီး ပြည်သူ တစ်ဦးမှာ မစိုးရိမ်ဒဏ်ရာရရှိခဲ့သည်ဟု သိရ သည်။ စစ်တပ်သည် ဆောမြို့နယ် အပါအဝင် လောင်းရှည်တိုက်နယ်ကြား ၊ ကျောက်ထုတိုက် နယ်နှင့် ရွှေအောင်သာကျေးရွာ ကြား ဒေသများတွင်လည်း ဂျက်ဖိုက်တာ၊ Y-12 ၊ လက်နက်ကြီးများနှင့် ဒရုန်း များကို အသုံးပြုကာ စစ် ဆင်ရေး တိုက်ခိုက်မှုများ နေ့စဉ် ဆက်တိုက် ပြုလုပ်လျက်ရှိသည်ဟု သိရ သည်။ ချင်း-မကွေးအစပ် ဆောမြို့နယ်ထဲတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲများဆက်ရှိနေပြီး ဇူလိုင်လ (၂၉) ရက်နေ့တွင် ဆောမြို့အတွင်းမှ လောင်းရှည်ဘက်သို့ စစ်ကူထွက်လာသည့် စစ်ကြောင်းအား ပြည်သူ့ကာကွယ် ရေးတပ် မတော် PDF တပ်များက ဆော-လောင်းရှည်လမ်းပိုင်း တစ်နေရာတွင် ဟန့်တားတိုက်ခိုက်မှုပြုလုပ်ခဲ့ သော ကြောင့်…
(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ၃ ဦးသည် တပ်အတွင်းမှ ထွက်ပြေးလာပြီး PDF-Zoland တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အလင်းဝင်ရောက်လာသူများမှာ တီးတိန်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၆၉) တပ်မှ တပ်သား ၃ ဦးဖြစ်ပြီး၊ တီးတိန်မြို့နှင့် ကနေဒီတောင် အကြားရှိ ဗာလ်ဗုမ် လမ်းခွဲ ကင်းစခန်းတွင် တာဝန်ထမ်းဆောင်စဉ် ထွက်ပြေးလာ ကြခြင်းဖြစ်သည်။ ထိုသို့ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် PDF Zoland ထံသို့ သွားရောက်ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။ ပြည်သူဘက်သို့ ကူးပြောင်းလာသည့် အဆိုပါ တပ်သား ၃ ဦး၏ အသေးစိတ်အချက်အလက်များနှင့် ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းများ ပါလာခြင်း ရှိ/မရှိ ဆိုသည်ကိုမူ PDF Zoland က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ လက်ရှိတွင် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တပ်ချိန်းသည့် အခြေအနေများ ရှိနေကြောင်း သိရသည်။
