Author: Editor

(004SS) ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hualngoram ထိန်းချုပ်ထားသော အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်ရန်ပြင်ဆင်မှုများရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိတော့ စစ်ရေးလှုပ်ရှားမှုအရိပ် အယောင်မတွေ့ရသေးဘူးလို့ CDF-Hualngoram တာဝန်ရှိ သူကပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက တီးတိန်မြို့ပေါ်မှာအခြေစိုက်သော အာဏာသိမ်းစစ်တပ်သည် အရပ်သားပိုင် မော်တော်ယာဉ်အစီး ၅၀ ကျော်ကို ချောဆွဲကာ ရိခေါဒါရ်မြို့ဘက်သို့ ထိုးစစ်ဆင်ရန်ပြင်ဆင်နေသည် သတင်းများထွက်ပေါ်နေသည့်အခြေအနေနဲ့ပတ်သက်၍ မေးမြန်းရာမှာ CDF-Hualgoram ကာကွယ်ရေးအတွင်းရေးမှူးက ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။ CDF-Hualngoram Defense Secretary က “ မြေပြင်မှာ အဲလိုမျိုးတကယ်မရှိဘူး။ တစ်ချို့လော်ဘီတွေ ရေးတာပါ။ ပြည်သူတွေ ဂဏာမငြိမ်ဖြစ်အောင် တမင်လုပ်တာ။ ကျွန်တော်တို့ လိုက်မေးကြည့်ပြီးပြီ။ လက်ရှိမှာ စစ်ရေးအခြေအနေလဲ ဘာမှမရှိဘူး။ ပုံမှန်သွားလာနေကြတယ်။ ဒီလိုသတင်းတွေကြောင့် ပြည်သူတစ်ချို့ ကျတော့ ကြောက်ပြီး စစ်ဘေးရှောင် သွားကြတဲ့သူတွေလဲ ရှိတယ်။ ကျွန်တော်ပြောချင်တာက ဒီလိုအခြေအမြစ်မရှိတဲ့ သတင်းကို ပြည်သူတွေ မယုံကြဖို့။ အခု ဒီရိဒ်ဘက်ပဲကျန်တာဆိုတော့ တစ်ချို့လော်ဘီတွေက သတင်းမှားဖြန့်တာပါ” ဟု ပြောသည်။ အဆိုပါအခြေအနေနှင့်ပတ်သက်၍ ခိုနူမ်းသုန်သတင်းဌာက တီးတိန်- ရိအကြား ယာဉ်မောင်းတချို့ကိုမေးမြန်းကြည့်ရာ တွင်လည်း ထိုကဲ့သို့သတင်းမျိုးမကြားမိကြောင်း ပုံမှန်သွားလာနေကြကြောင်း ပြောဆိုသည်။ “ကျွန်တော် အဲဒါမျိုးမကြားမိဘူးနော်။ အခုလက်ရှိကျွန်တော် တီးတိန်- ရိဒ်ကြားမှာပဲ ကျွန်တော်တို့ပုံမှန်သွားလာနေကြ တာပဲ။” ဟု ၎င်းက ပြောသည်။တီးတိန်မြို့ဒေသခံတစ်ဦးကလည်း ရိခေါဒါရ်ဘက်ကို ကားတွေချောဆွဲခံရတာမကြားမိကြောင်း သို့သော်လည်း စစ်တပ်က သူတို့သွားလိုသည့်နေရာများသို့ ကားချောဆွဲလေ့ရှိသည်ဟု ပြောသည်။ “ ရိဒ်ဘက်တော့ မကြားမိဘူး။ ပြီးခဲ့တဲ့တစ်ပါတ်ကတော့ ကျွန်တော့်ကား…

Read More

(006SV) မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF- အရှို)၏ တပ်ဦးချုပ် အပါအဝင် ရဲဘော် ၃ ဦးတို့သည် စစ်တပ်၏ စောင့်ကြိုစီးနင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ရသည်ဟု ယနေ့ ဩဂုတ်လ ၁၇ ရက်မှာ ကြေညာသည်။ ဩဂုတ်လ ၁၄ ရက်က တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း CDF – အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နှင့် ရဲဘော်အောင်လင်းဇော်တို့ ကျဆုံးခဲ့ရခြင်းဖြစ်သည်။ “အထောက်စခန်းဘက်ကို ရဲဘော်တွေနဲ့ သွားစစ်ကြည့်ရင်း စစ်တပ်စစ်ကြောင်းနဲ့တိုးပြီး အဝိုင်းခံရတဲ့ပုံစံမျိုးပါ။ ကျနော်တို့ တော်လှန်ရေးဘက်က ရဲဘော် ၃ ဦး အင်အားပါပဲ ” ဟု CDF – အရှိုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တပ်ဦးချုပ်ကို ယခုကဲ့သို့ ဆုံးရှုံးရမှုသည် CDF – အရှိုတပ်ဖွဲ့နှင့် အရှိုချင်းလူမျိုးအားလုံးအတွက် အစားထိုးမရသော ဆုံးရှုံးမှု ဖြစ်ပြီး ယုံကြည်စွာ အပ်နှင်းခံရသော တပ်၏ တပ်ဦးချုပ်တာဝန်နှင့် တော်လှန်ရေး တာဝန်များကို အသက်နှင် ခန္ဓာစွန့်၍ တာဝန်ထမ်း ဆောင်ခဲ့သောကြောင့် များစွာ ဂုဏ်ယူပါသည်ဟု CDF – အရှိုက ထုတ်ပြန်သည်။ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နှင့် ရဲဘော်အောင်လင်းဇော်တို့ ကျဆုံးမှုသည်လည်း CDF – အရှိုအတွက် အစားထိုး မရသော ဆုံးရှုံးမှုဖြစ်သည်ဟု CDF – အရှိုထံမှ သိရသည်။ အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း စစ်တပ်က CDF – အရှို၏ ရဲဘော် ၁ ဦးကို…

Read More

(002MG) မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်၏ ဒရုန်းဖြင့်ရမ်းသမ်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သီးကုန်းကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ (၃) ဦးသေဆုံးခဲ့ကာ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်လက်အောက်ခံ တပ်မ ၉၉ သည် လက်နက်ကြီးရမ်းသမ်းပစ်ခြင်း၊ ဒရုန်းဗုံးသီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ နေ့စဉ်လုပ်ဆောင်နေပြီး ဩဂုတ်လ ၁၅ ရက်နေ့က စစ်ဘေးရှောင် ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၆ နှစ်အရွယ် ဒေါ်မြဝင်း၊ အသက် ၅၀ အရွယ် ဦး နန်းမြိုင်နှင့် အသက် ၄၆ နှစ်အရွယ် ဒေါ်ဌေးဌေးတို့သည် ပွဲချင်း သေဆုံးခဲ့ရပြီး ပြည်သူ တစ်ဦးမှာ မစိုးရိမ်ဒဏ်ရာရရှိခဲ့သည်ဟု သိရ သည်။ စစ်တပ်သည် ဆောမြို့နယ် အပါအဝင် လောင်းရှည်တိုက်နယ်ကြား ၊ ကျောက်ထုတိုက် နယ်နှင့် ရွှေအောင်သာကျေးရွာ ကြား ဒေသများတွင်လည်း ဂျက်ဖိုက်တာ၊ Y-12 ၊ လက်နက်ကြီးများနှင့် ဒရုန်း များကို အသုံးပြုကာ စစ် ဆင်ရေး တိုက်ခိုက်မှုများ နေ့စဉ် ဆက်တိုက် ပြုလုပ်လျက်ရှိသည်ဟု သိရ သည်။ ချင်း-မကွေးအစပ် ဆောမြို့နယ်ထဲတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲများဆက်ရှိနေပြီး ဇူလိုင်လ (၂၉) ရက်နေ့တွင် ဆောမြို့အတွင်းမှ လောင်းရှည်ဘက်သို့ စစ်ကူထွက်လာသည့် စစ်ကြောင်းအား ပြည်သူ့ကာကွယ် ရေးတပ် မတော် PDF တပ်များက ဆော-လောင်းရှည်လမ်းပိုင်း တစ်နေရာတွင် ဟန့်တားတိုက်ခိုက်မှုပြုလုပ်ခဲ့ သော ကြောင့်…

Read More

(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ၃ ဦးသည် တပ်အတွင်းမှ ထွက်ပြေးလာပြီး PDF-Zoland တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အလင်းဝင်ရောက်လာသူများမှာ တီးတိန်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၆၉) တပ်မှ တပ်သား ၃ ဦးဖြစ်ပြီး၊ တီးတိန်မြို့နှင့် ကနေဒီတောင် အကြားရှိ ဗာလ်ဗုမ် လမ်းခွဲ ကင်းစခန်းတွင် တာဝန်ထမ်းဆောင်စဉ် ထွက်ပြေးလာ ကြခြင်းဖြစ်သည်။ ထိုသို့ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် PDF Zoland ထံသို့ သွားရောက်ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။ ပြည်သူဘက်သို့ ကူးပြောင်းလာသည့် အဆိုပါ တပ်သား ၃ ဦး၏ အသေးစိတ်အချက်အလက်များနှင့် ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းများ ပါလာခြင်း ရှိ/မရှိ ဆိုသည်ကိုမူ PDF Zoland က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ လက်ရှိတွင် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တပ်ချိန်းသည့် အခြေအနေများ ရှိနေကြောင်း သိရသည်။

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်း ULA/ AA ၏ ထိန်းချုပ်ဒေသများတွင် အခွန် ကောက်ခံမှုမှတစ်ဆင့် တစ်လလျှင် ကျပ်သန်း ၁၅၀၀ ခန့် ရရှိနိုင်ကြောင်း သိရသည်။ ပလက်ဝခရိုင်အပါအဝင် ရခိုင်ဒေသကို ခရိုင် ၈ ခုဖြင့် အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသော ULA/ AA သည် ရေခွန်၊ မီးခွန်၊ မြူနီစီပယ်ခွန်၊ မီးလုံခြုံရေးခွန်များမှ တစ်လလျှင် အခွန်ငွေ ကျပ်သန်း ၅၀၀ ခန့် ရရှိနိုင်ပြီး အင်တာနက်အသုံးပြုခ ကောက်ခံမှု မှလည်း ကျပ်သန်း ၁,၀၀၀ ခန့် ရရှိနိုင်သည်ဟု Institute for Strategy and Policy – Myanmar (ISP-Myanmar) က ဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်လာသည့် ISP – မြန်မာ၏ ပြည်ကြီးဝန်ကို အိုးတန်ဆန်ခပ် ဟူ၍ အမည်ပေးထားသော ULA / AA ၏ စီမံအုပ်ချုပ်မှုနှင့် နယ်မြေစိုးမိုးမှုအလွန် စိန်ခေါ်ချက်များစစ်တမ်းတွင် ထိုကဲ့သို့ဖော်ပြခြင်းဖြစ်သည်။ စစ်တမ်းတွင် ခရိုင်တစ်ခု ချင်းစီမှ ကောက်ခံရရှိသော အခွန်ပမာဏကို သီးခြားဖော်ပြထားခြင်း မရှိပေ။ အခွန်အမျိုးအစားအနေဖြင့် လုပ်ငန်းခွန်၊ ကုန်သွယ်ခွန်ကဲ့သို့ စီးပွားရေးအခွန်များကို ကောက်ယူနေသည့်အပြင် လစဉ်အခွန်အဖြစ် ရေခွန်၊ မီးလုံခြုံရေးခွန်၊ မြူနီစီပယ်ခွန်၊ အိမ်ခွန်၊ ဆိုင်ခန်းခွန်၊ စတာလင့် အေးဂျင့်ခွန်တို့ကိုလည်း ကောက်ခံသည်ဟု သိရသည်။ ရရှိလာသော အခွန်များကို စစ်ရေးလိုအပ်ချက်များတွင် အများဆုံး အသုံးပြုပြီး လမ်းပြင်ခြင်းနှင့် ကျန်းမာရေး…

Read More

(006SV) ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF – KKG ၏ ဗဟိုကော်မတီဝင် ၁ ဦး အပါအဝင် ရဲဘော် ၂ ဦးနှင့် ဒေသခံပြည်သူ ၁ ဦးတို့ကို လုပ်ကြံသတ်ဖြတ်သူများအား ခိုလှုံခွင့်ပြုသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု CDF – KKG ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီက ကြေညာသည်။ လုပ်ကြံသတ်ဖြတ်သူများကို ကျူးလွန်သူများနှင့် ၎င်းတို့၏ အချက်အလက်များကို ဖော်ထုတ်နိုင်ပြီဟု ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် CDF – KKG က ထုတ်ပြန်သည်။ အမှုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ကျန်ရှိနေသေးသည်ဖြစ်၍ လိုအပ်သော အသိပေး ထုတ်ပြန်မှုများကို တရားဝင် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသော ကျူးလွန်သူများကို ခိုလှုံခွင့်ပြုသူ၊ ပံ့ပိုးကူညီသူများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဟု သိရသည်။ မတရားသတ်ဖြတ်ခံရသော CDF – KKG မှ အဖွဲ့ဝင်များနှင့် စစ်ရှောင်အပြစ်မဲ့ ပြည်သူတို့အတွက် တရားမျှတမှု ရရှိရေး၊ အမှုမှန် ပေါ်ပေါက်ရေးတို့ကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု CDF – KKG ထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက် ညတွင် CDF – KKG ၏ မြို့နယ်/ ဒေသကိုယ်စားလှယ်နှင့် ဗဟိုကော်မတီဝင် ဖြစ်သူ ဖြိုးလွင်ဦး (ခ) ဘဖြိုး၊ တပ်ရင်း ၆ မှ ရဲဘော် မဲကြီးနှင့် အပြစ်မဲ့ စစ်ရှောင်ပြည်သူတစ်ဦးတို့ကို တော်လှန်ရေးအမည်ခံ စစ်ကျင့်ဝတ်မရှိသူတချို့က လုပ်ကြံသတ်ဖြတ်မှု…

Read More

(002MG) အာဏာသိမ်းစစ်တပ်သည် ကလေး- တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ် ရေးယန္တရားလုပ်ငန်းပြန်လည်စတင်သော်လည်း စစ်ဘေးရှောင်ပြည်သူအများစုမှာ နေရပ်မပြန်ရဲကြသေး ကြောင်း သိရသည်။ “အခုထိတော့မြို့ရဲ့ (၅) ပုံ (၁) ပုံလောက်ပဲရှိအုံးမယ်။အမှတ် (၂) ကတော့ ၃၀၀ ကနေ ၄၀၀ လောက် ရောက် ပြီလို့ ပြောတယ်။ အမှတ် (၁) ကတော့ လုံးဝမပြန်ဖြစ်သေးဘူး။ အမှတ် (၃)၊ အမှတ် (၄) တို့က ပြန်တဲ့သူတွေ ရှိတော့ ရှိတယ်အဲ့လောက်ကြီးများဘူး၊ အယောက် (၁၀၀) ဝန်းကျင်လောက်ပဲ ရှိမယ်။ တော်တော်များများမပြန်ဘူး။ တချို့က သူတို့ စကစတွေ ရှိနေကြတယ်ဆိုတော့ လူငယ်ရှိတဲ့ မိသားစုတွေပေါ့ ဥပမာ- ၁၄ နှစ်၊ အနှစ် ၂၀ ကြားသားသမီးတွေ ရှိတဲ့သူတွေကတော့ သိပ်မပြန်ရဲကြဘူး။ တချို့အိန္ဒိယနယ်စပ်မှာ သွားနေကြတဲ့သူတွေက မပြန်တော့ပဲနဲ့ မီဇိုရမ်ဖက်မှာ ရောက်တဲ့ သူတွေလည်း ရှိတယ်။” ဟု ခမ်းပတ်မြို့စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးမှ တာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ (၁) ရက်နေ့က ခမ်းပတ်မြို့တွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်နိုင်ရန် စစ်တပ်လက် အောက်ခံ ဌာနဆိုင်ရာဝန်းထမ်းများကို စေလွှတ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများလည်း နေရပ်ပြန်နိုင်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ခမ်းပတ်မြို့ပေါ်တွင် ရပ်ကွက်ကြီး (၅) ရပ်ကွက်ရှိကာ ခန့်မှန်းခြေ အိမ် ထောင်စု (၃,၀၀၀)မှ (၄,၀၀၀) အကြားရှိပြီး လူဦးရေ တစ်သောင်းကျော်ခန့်ရှိသည်။လက်ရှိအထိ အမှတ် (၂) ရပ်ကွက်တွင်နေရပ်ပြန်သူအများဆုံးဖြစ်ပြီး…

Read More

(004SS) ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲတွင်အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇ ဦးသည် လက်နက် နှင့်အတူ စစ်တပ်ထံပူးပေါင်းဆိုသည့်သတင်းမှာ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်ချိမှုသက်သက်သာဖြစ်သည်ဟု PDF-Zoland စစ်ဦးစီးချုပ် Greenland Gideon ကပြောသည်။ စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များက PDF-Zoland တပ်ရင်း (၄) မှ တပ်ဖွဲ့ဝင် ၇ ဦးသည် ဩဂုတ်လ ၅ ရက်နေ့က တီးတိန်မြို့ရှိ စစ်တပ်ထံ လက်နက်များနှင့်အတူ ပူးပေါင်းဝင်ရောက်ခဲ့ကြောင်း ဩဂုတ်လ ၁၃ ရက်နေ့က ဝါဒဖြန့်ချိထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ PDF-Zoland စစ်ဦးစီးချုပ် Greenland Gideon က ပြည်သူများထင်ယောင်ထင်မှားဖြစ်စေ ရန် သတင်းမှား ဝါဒဖြန့်ချိမှုသက်သက်သာြဖစ်ကြောင်းပြောဆိုသည်။ “ဒီလို စစ်တပ်ဘက် ပူးပေါင်းတာမျိုးမရှိပါဘူး။ ဒါက ဝါဒဖြန့်ချိမှုသက်သက်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်မှာ ထုတ်လွှင့်ခဲ့သည့် ဝါဒဖြန့် ရုပ်သံမှတ်တမ်းမှာ PDF-Zoland တပ်ဖွဲ့ဝင်တစ်ဦး ဆိုသူရဲ့ ပြောဆိုချက်များသည်လည်း သဘာဝမကျဘဲ လုပ်ကြံဖန်တီးထားမှုများသာ ဖြစ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။ “သူတို့ရဲ့ ထုတ်ပြန်ချက်ကို နားထောင်ကြည့်တော့ အဲ့ဒီ ၇ ယောက်ထဲက တစ်ယောက်က PDF တွေရဲ့ မကောင်းကြောင်းတွေ၊ လူမှုရေးဖောက်ပြန်မှုတွေကအစ ပြောပြီး ဥပဒေဘောင်အတွင်း အေးချမ်းစွာ နေထိုင်သွားပါမယ်လို့ ပြောတယ်။ ဒါပေမဲ့ သေချာနားထောင်ကြည့်ရင် ချင်းအသံ လုံးဝမပေါက်ဘူး။အများအားဖြင့် PDF-Zoland ဆိုတာ တီးတိန်နဲ့ ဒီဒေသခံတွေပဲ ဝင်ကြတာပါ။ အခု ဗီဒီယိုထဲကသူက ဗမာစကားပြောတာ မွတ်နေတာပဲ။ စစ်တပ်က လုပ်ကြံရင်တောင်…

Read More

(006SV) ချင်း- မကွေးအစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF – KKG ၏ တပ်ရင်း (၆) ဥက္ကဌ အပါအဝင် ရဲဘော် ၃ ဦးတို့သည် ယမန်နေ့ညက လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း CDF – KKG နှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီ ၁၁ မီနစ်ခန့်မှာ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာ ရာဇမုနိဘုန်းကြီး ကျောင်းကုန်းအနီးတွင် CDF – KKG တပ်ရင်း ၆ ဥက္ကဌ ရဲဘော်ဘဖြိုး၊ ရဲဘော် မဲကြီးနှင့် အခြားရဲဘော် ၁ ဦးတို့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။ CDF -KKG တပ်ဖွဲ့မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်စဉ်မှာ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေဆဲ ဖြစ်သည့်အတွက် လတ်တလောမှာ ဖြေဆိုရန် မရှိသေးကြောင်း၊ ယင်းဖြစ်စဉ်သည် KKG အတွက် ဆုံးရှုံးမှု ကြီးမားသည်ဟု ပြောသည်။ မကွေးဖက်ဒရယ်ယူနစ်အတွင်း ဘုံရည်မှန်းချက် တူညီသော တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား လက်နက်အားကိုးပြီး အကြမ်းဖက်သတ်ဖြတ်ခြင်းများကို လက်မခံကြောင်း၊ လက်ရှိ တော်လှန်ရေးကာလအတွင်း နစ်နာသူ မိသားစုနှင့် အဖွဲ့အစည်းများ တရားမျှတမှု ရရှိရေးအတွက် ဆောင်ရွက်မည်ဟု မကွေးဖက်ဒရယ်ယူနစ်မှ ဝန်ကြီးချုပ် ရဲထွန်းဇော်က သူ၏ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားအသိပေးထားသည်။ “မကွေးဖက်ဒရယ်ယူနစ်အတွင်းက တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေတွေမှာ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ ရည်ရွယ်ချက်မရှိဘဲ ဖြစ်ခဲ့သည်ဖြစ်စေ၊ ဘုံရည်မှန်းချက်တူတဲ့ တော်လှန်ရေးအဖွဲ့အစည်း…

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။ ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီ ၂၀ ခန့်မှာ ဆမီးမြို့အဝင်ဝနှင့် စစ်တပ်၏ ဗျူဟာစစ်စခန်းဟောင်း နေရာများကို စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတချို့နှင့် ဒေသတွင်း သတင်းဌာနများထံမှ သိရသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဦးငန်တင်းနှင့် ဒေါ်ပြောင်နွဲ့တို့၏ အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူ သေဆုံးခဲ့ရသည်ဟု သိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများတွင် ဦးငန်တင်းနှင့် ဒေါ်ပြောင်နွဲ့တို့အပါအဝင် ၎င်းတို့၏ သားများဖြစ်သော အသက် ၁၀ နှစ်အရွယ် မောင်ထက်လင်းအောင်၊ အသက် ၁၁ နှစ်အရွယ် မောင်ထွန်းလင်းနိုင်၊ အသက် ၈ နှစ်အရွယ် မောင်စိုးမိုးအောင် ၊ ဦးမင်းလှိုင်စိုး၏ သမီး အသက် ၈ နှစ်အရွယ် မနွယ်နွယ်လှိုင်တို့ဖြစ်ကြောင်း၊ အသက် ၅ နှစ်အရွယ် ကလေး ၁ ဦးနှင့် အခြားဒေသခံ ၁ ဦးတို့လည်း ပါဝင်ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးဝါးကုသမှု ပေးနေပြီး ဘေးကင်းရာသို့ ပြောင်းရွေ့ထားသည်ဟု သိရသည်။ ဩဂုတ်လ ၁၁…

Read More