Author: Editor

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်း ULA/ AA ၏ ထိန်းချုပ်ဒေသများတွင် အခွန် ကောက်ခံမှုမှတစ်ဆင့် တစ်လလျှင် ကျပ်သန်း ၁၅၀၀ ခန့် ရရှိနိုင်ကြောင်း သိရသည်။ ပလက်ဝခရိုင်အပါအဝင် ရခိုင်ဒေသကို ခရိုင် ၈ ခုဖြင့် အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသော ULA/ AA သည် ရေခွန်၊ မီးခွန်၊ မြူနီစီပယ်ခွန်၊ မီးလုံခြုံရေးခွန်များမှ တစ်လလျှင် အခွန်ငွေ ကျပ်သန်း ၅၀၀ ခန့် ရရှိနိုင်ပြီး အင်တာနက်အသုံးပြုခ ကောက်ခံမှု မှလည်း ကျပ်သန်း ၁,၀၀၀ ခန့် ရရှိနိုင်သည်ဟု Institute for Strategy and Policy – Myanmar (ISP-Myanmar) က ဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်လာသည့် ISP – မြန်မာ၏ ပြည်ကြီးဝန်ကို အိုးတန်ဆန်ခပ် ဟူ၍ အမည်ပေးထားသော ULA / AA ၏ စီမံအုပ်ချုပ်မှုနှင့် နယ်မြေစိုးမိုးမှုအလွန် စိန်ခေါ်ချက်များစစ်တမ်းတွင် ထိုကဲ့သို့ဖော်ပြခြင်းဖြစ်သည်။ စစ်တမ်းတွင် ခရိုင်တစ်ခု ချင်းစီမှ ကောက်ခံရရှိသော အခွန်ပမာဏကို သီးခြားဖော်ပြထားခြင်း မရှိပေ။ အခွန်အမျိုးအစားအနေဖြင့် လုပ်ငန်းခွန်၊ ကုန်သွယ်ခွန်ကဲ့သို့ စီးပွားရေးအခွန်များကို ကောက်ယူနေသည့်အပြင် လစဉ်အခွန်အဖြစ် ရေခွန်၊ မီးလုံခြုံရေးခွန်၊ မြူနီစီပယ်ခွန်၊ အိမ်ခွန်၊ ဆိုင်ခန်းခွန်၊ စတာလင့် အေးဂျင့်ခွန်တို့ကိုလည်း ကောက်ခံသည်ဟု သိရသည်။ ရရှိလာသော အခွန်များကို စစ်ရေးလိုအပ်ချက်များတွင် အများဆုံး အသုံးပြုပြီး လမ်းပြင်ခြင်းနှင့် ကျန်းမာရေး…

Read More

(006SV) ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF – KKG ၏ ဗဟိုကော်မတီဝင် ၁ ဦး အပါအဝင် ရဲဘော် ၂ ဦးနှင့် ဒေသခံပြည်သူ ၁ ဦးတို့ကို လုပ်ကြံသတ်ဖြတ်သူများအား ခိုလှုံခွင့်ပြုသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု CDF – KKG ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီက ကြေညာသည်။ လုပ်ကြံသတ်ဖြတ်သူများကို ကျူးလွန်သူများနှင့် ၎င်းတို့၏ အချက်အလက်များကို ဖော်ထုတ်နိုင်ပြီဟု ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် CDF – KKG က ထုတ်ပြန်သည်။ အမှုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ကျန်ရှိနေသေးသည်ဖြစ်၍ လိုအပ်သော အသိပေး ထုတ်ပြန်မှုများကို တရားဝင် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသော ကျူးလွန်သူများကို ခိုလှုံခွင့်ပြုသူ၊ ပံ့ပိုးကူညီသူများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဟု သိရသည်။ မတရားသတ်ဖြတ်ခံရသော CDF – KKG မှ အဖွဲ့ဝင်များနှင့် စစ်ရှောင်အပြစ်မဲ့ ပြည်သူတို့အတွက် တရားမျှတမှု ရရှိရေး၊ အမှုမှန် ပေါ်ပေါက်ရေးတို့ကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု CDF – KKG ထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက် ညတွင် CDF – KKG ၏ မြို့နယ်/ ဒေသကိုယ်စားလှယ်နှင့် ဗဟိုကော်မတီဝင် ဖြစ်သူ ဖြိုးလွင်ဦး (ခ) ဘဖြိုး၊ တပ်ရင်း ၆ မှ ရဲဘော် မဲကြီးနှင့် အပြစ်မဲ့ စစ်ရှောင်ပြည်သူတစ်ဦးတို့ကို တော်လှန်ရေးအမည်ခံ စစ်ကျင့်ဝတ်မရှိသူတချို့က လုပ်ကြံသတ်ဖြတ်မှု…

Read More

(002MG) အာဏာသိမ်းစစ်တပ်သည် ကလေး- တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ် ရေးယန္တရားလုပ်ငန်းပြန်လည်စတင်သော်လည်း စစ်ဘေးရှောင်ပြည်သူအများစုမှာ နေရပ်မပြန်ရဲကြသေး ကြောင်း သိရသည်။ “အခုထိတော့မြို့ရဲ့ (၅) ပုံ (၁) ပုံလောက်ပဲရှိအုံးမယ်။အမှတ် (၂) ကတော့ ၃၀၀ ကနေ ၄၀၀ လောက် ရောက် ပြီလို့ ပြောတယ်။ အမှတ် (၁) ကတော့ လုံးဝမပြန်ဖြစ်သေးဘူး။ အမှတ် (၃)၊ အမှတ် (၄) တို့က ပြန်တဲ့သူတွေ ရှိတော့ ရှိတယ်အဲ့လောက်ကြီးများဘူး၊ အယောက် (၁၀၀) ဝန်းကျင်လောက်ပဲ ရှိမယ်။ တော်တော်များများမပြန်ဘူး။ တချို့က သူတို့ စကစတွေ ရှိနေကြတယ်ဆိုတော့ လူငယ်ရှိတဲ့ မိသားစုတွေပေါ့ ဥပမာ- ၁၄ နှစ်၊ အနှစ် ၂၀ ကြားသားသမီးတွေ ရှိတဲ့သူတွေကတော့ သိပ်မပြန်ရဲကြဘူး။ တချို့အိန္ဒိယနယ်စပ်မှာ သွားနေကြတဲ့သူတွေက မပြန်တော့ပဲနဲ့ မီဇိုရမ်ဖက်မှာ ရောက်တဲ့ သူတွေလည်း ရှိတယ်။” ဟု ခမ်းပတ်မြို့စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးမှ တာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ (၁) ရက်နေ့က ခမ်းပတ်မြို့တွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်နိုင်ရန် စစ်တပ်လက် အောက်ခံ ဌာနဆိုင်ရာဝန်းထမ်းများကို စေလွှတ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများလည်း နေရပ်ပြန်နိုင်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ခမ်းပတ်မြို့ပေါ်တွင် ရပ်ကွက်ကြီး (၅) ရပ်ကွက်ရှိကာ ခန့်မှန်းခြေ အိမ် ထောင်စု (၃,၀၀၀)မှ (၄,၀၀၀) အကြားရှိပြီး လူဦးရေ တစ်သောင်းကျော်ခန့်ရှိသည်။လက်ရှိအထိ အမှတ် (၂) ရပ်ကွက်တွင်နေရပ်ပြန်သူအများဆုံးဖြစ်ပြီး…

Read More

(004SS) ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲတွင်အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇ ဦးသည် လက်နက် နှင့်အတူ စစ်တပ်ထံပူးပေါင်းဆိုသည့်သတင်းမှာ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်ချိမှုသက်သက်သာဖြစ်သည်ဟု PDF-Zoland စစ်ဦးစီးချုပ် Greenland Gideon ကပြောသည်။ စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များက PDF-Zoland တပ်ရင်း (၄) မှ တပ်ဖွဲ့ဝင် ၇ ဦးသည် ဩဂုတ်လ ၅ ရက်နေ့က တီးတိန်မြို့ရှိ စစ်တပ်ထံ လက်နက်များနှင့်အတူ ပူးပေါင်းဝင်ရောက်ခဲ့ကြောင်း ဩဂုတ်လ ၁၃ ရက်နေ့က ဝါဒဖြန့်ချိထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ PDF-Zoland စစ်ဦးစီးချုပ် Greenland Gideon က ပြည်သူများထင်ယောင်ထင်မှားဖြစ်စေ ရန် သတင်းမှား ဝါဒဖြန့်ချိမှုသက်သက်သာြဖစ်ကြောင်းပြောဆိုသည်။ “ဒီလို စစ်တပ်ဘက် ပူးပေါင်းတာမျိုးမရှိပါဘူး။ ဒါက ဝါဒဖြန့်ချိမှုသက်သက်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်မှာ ထုတ်လွှင့်ခဲ့သည့် ဝါဒဖြန့် ရုပ်သံမှတ်တမ်းမှာ PDF-Zoland တပ်ဖွဲ့ဝင်တစ်ဦး ဆိုသူရဲ့ ပြောဆိုချက်များသည်လည်း သဘာဝမကျဘဲ လုပ်ကြံဖန်တီးထားမှုများသာ ဖြစ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။ “သူတို့ရဲ့ ထုတ်ပြန်ချက်ကို နားထောင်ကြည့်တော့ အဲ့ဒီ ၇ ယောက်ထဲက တစ်ယောက်က PDF တွေရဲ့ မကောင်းကြောင်းတွေ၊ လူမှုရေးဖောက်ပြန်မှုတွေကအစ ပြောပြီး ဥပဒေဘောင်အတွင်း အေးချမ်းစွာ နေထိုင်သွားပါမယ်လို့ ပြောတယ်။ ဒါပေမဲ့ သေချာနားထောင်ကြည့်ရင် ချင်းအသံ လုံးဝမပေါက်ဘူး။အများအားဖြင့် PDF-Zoland ဆိုတာ တီးတိန်နဲ့ ဒီဒေသခံတွေပဲ ဝင်ကြတာပါ။ အခု ဗီဒီယိုထဲကသူက ဗမာစကားပြောတာ မွတ်နေတာပဲ။ စစ်တပ်က လုပ်ကြံရင်တောင်…

Read More

(006SV) ချင်း- မကွေးအစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF – KKG ၏ တပ်ရင်း (၆) ဥက္ကဌ အပါအဝင် ရဲဘော် ၃ ဦးတို့သည် ယမန်နေ့ညက လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း CDF – KKG နှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီ ၁၁ မီနစ်ခန့်မှာ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာ ရာဇမုနိဘုန်းကြီး ကျောင်းကုန်းအနီးတွင် CDF – KKG တပ်ရင်း ၆ ဥက္ကဌ ရဲဘော်ဘဖြိုး၊ ရဲဘော် မဲကြီးနှင့် အခြားရဲဘော် ၁ ဦးတို့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။ CDF -KKG တပ်ဖွဲ့မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်စဉ်မှာ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေဆဲ ဖြစ်သည့်အတွက် လတ်တလောမှာ ဖြေဆိုရန် မရှိသေးကြောင်း၊ ယင်းဖြစ်စဉ်သည် KKG အတွက် ဆုံးရှုံးမှု ကြီးမားသည်ဟု ပြောသည်။ မကွေးဖက်ဒရယ်ယူနစ်အတွင်း ဘုံရည်မှန်းချက် တူညီသော တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား လက်နက်အားကိုးပြီး အကြမ်းဖက်သတ်ဖြတ်ခြင်းများကို လက်မခံကြောင်း၊ လက်ရှိ တော်လှန်ရေးကာလအတွင်း နစ်နာသူ မိသားစုနှင့် အဖွဲ့အစည်းများ တရားမျှတမှု ရရှိရေးအတွက် ဆောင်ရွက်မည်ဟု မကွေးဖက်ဒရယ်ယူနစ်မှ ဝန်ကြီးချုပ် ရဲထွန်းဇော်က သူ၏ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားအသိပေးထားသည်။ “မကွေးဖက်ဒရယ်ယူနစ်အတွင်းက တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေတွေမှာ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ ရည်ရွယ်ချက်မရှိဘဲ ဖြစ်ခဲ့သည်ဖြစ်စေ၊ ဘုံရည်မှန်းချက်တူတဲ့ တော်လှန်ရေးအဖွဲ့အစည်း…

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။ ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီ ၂၀ ခန့်မှာ ဆမီးမြို့အဝင်ဝနှင့် စစ်တပ်၏ ဗျူဟာစစ်စခန်းဟောင်း နေရာများကို စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတချို့နှင့် ဒေသတွင်း သတင်းဌာနများထံမှ သိရသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဦးငန်တင်းနှင့် ဒေါ်ပြောင်နွဲ့တို့၏ အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူ သေဆုံးခဲ့ရသည်ဟု သိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများတွင် ဦးငန်တင်းနှင့် ဒေါ်ပြောင်နွဲ့တို့အပါအဝင် ၎င်းတို့၏ သားများဖြစ်သော အသက် ၁၀ နှစ်အရွယ် မောင်ထက်လင်းအောင်၊ အသက် ၁၁ နှစ်အရွယ် မောင်ထွန်းလင်းနိုင်၊ အသက် ၈ နှစ်အရွယ် မောင်စိုးမိုးအောင် ၊ ဦးမင်းလှိုင်စိုး၏ သမီး အသက် ၈ နှစ်အရွယ် မနွယ်နွယ်လှိုင်တို့ဖြစ်ကြောင်း၊ အသက် ၅ နှစ်အရွယ် ကလေး ၁ ဦးနှင့် အခြားဒေသခံ ၁ ဦးတို့လည်း ပါဝင်ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးဝါးကုသမှု ပေးနေပြီး ဘေးကင်းရာသို့ ပြောင်းရွေ့ထားသည်ဟု သိရသည်။ ဩဂုတ်လ ၁၁…

Read More

(006SV) ယခုနှစ်၂၀၂၆ မှစတင်ပြီး အာဏာသိမ်း စစ်တပ်အစိုးရသည် ချင်း၊ ကချင်၊ စစ်ကိုင်းတို့တွင် “နှစ်ကြိမ်ဆင့်”(double tap) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို ပိုမိုအသုံးပြုလာသောကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု ပိုမိုဆိုးရွားလာခြင်းကို တွေ့ရှိရကြောင်း IIMM ထံမှ သိရသည်။ ဩဂုတ်လ ၁၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ယင်းကဲ့သို့ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအကြောင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။ “ကျနော်သတိထားမိတာက ဒီနှစ်ထဲမှာ စပြီးတော့ အဲဒီနည်းလမ်းကို အသုံးပြုတာပေါ့‌နော်။ ဒုတိယအကြိမ် လာပြီး ဗုံးကြဲတိုက် ခိုက်တာက ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့်မို့ ထိခိုက်ဒဏ်ရာရရှိတဲ့ လူတွေကို လာကယ်ဆယ်ဖို့ လိုတယ်။ အဲဒီ ဆေးကု သဖို့ လိုအပ်တဲ့ လူတွေကိုပဲ ဒုတိယအကြိမ် ထပ်ပြီးတော့ တိုက်ခိုက်တယ်ဆိုတာက ဒါက လူသားချင်းစာနာမှု လုံးဝ မရှိတဲ့ အနေ အထားပေါ့နော်။ လူသားရာဇဝတ်မှုကို ချိုးဖောက်တဲ့၊ ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ပါတယ်” ဟု IIMM ၏ အကြီးအကဲ နီကိုလပ်စ် ကွမ်ဂျီအန်က ပြောသည်။ “နှစ်ကြိမ်ဆင့်” (double tap) လေကြောင်းဗုံးကြဲမှု နည်းလမ်းသည် အာဏာသိမ်းစစ်တပ်က ပထမအကြိမ် တိုက်ခိုက်ပြီးနောက် အချိန်တိုအတွင်းမှာပင် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းသို့ နှစ်ကြိမ်ဆင့် တိုက်ခိုက်ခြင်းသည် ပထမတစ်ကြိမ် တိုက်ခိုက်မှုအပြီး အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်သူများ၊ ဒဏ်ရာရသူများကို ကူညီရန် ကြိုးပမ်းနေသူများနှင့် ဘေးလွတ်ရာသို့…

Read More

(005MK) မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ Tlangsam Dinthar ရပ်ကွက်တွင် ရေသိုလှောင်ကန်အတွင်း သန့်ရှင်းရေး ဝင်လုပ်သူ ၂ ဦး အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ယနေ့ နံနက် ၁၀ နာရီခန့်က Champhai, Tlangsam Dinthar ရပ်ကွက်ရှိ Pi F Hrangmawii ၏ ရေသိုလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရန် ဆင်းသူနှင့် ၎င်းအား ကယ်ထုတ်ရန် ဆင်းသူ ၂ ဦးစလုံး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ Pi F Hrangmawii သည် ၎င်း၏ ရေသိုလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရန် Vanlalpeka နှင့် Vannunmawia တို့နှစ်ဦး ကိုငှားရမ်းခဲ့သည်ဟု သိရ သည်။ အဆိုပါ ရေသိုလှောင်ကန်အတွင်းသို့ Vanlalpeka သည် ရှေ့ဆုံးမှ စတင်ဆင်းသွားခဲ့ရာ ဆင်းဆင်းချင်းမှာပင် လဲကျ သွားခဲ့ပြီး ၎င်းလဲကျသွားသည်ကို မြင်သောအခါ ကူညီရန်အတွက် Vannunmawia နှင့် အနီးနားတွင်အလုပ် လုပ်နေ ကြသော Lalengmawia၊ Lalhmingthanga တို့ ကန်အတွင်းသို့ ချက်ချင်း ခုန်ဆင်းခဲ့ကြသည်ဟု သိရသည်။ ထို့နောက် Vanlalpeka နှင့် ၎င်းအား ကူညီရန် ဆင်းသွားသည့် Lalengmawia၊ Vannunmawia တို့မှာ သတိလစ်သွား ကြသည်ဟုဆိုသည်။ အနီးအနားတွင် ရှိနေသူများက ချက်ချင်း လာရောက်ကယ်ဆယ်ခဲ့ကြပြီးနောက် Vanlalpeka၊ Lalengmawia နှင့် Vannunmawia တို့ကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့သော်လည်း Vanlalpeka (၃၉…

Read More

(004SS) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲရေး ပစ္စည်းများ သိုလှောင်၊ သယ်ယူ၊ ရောင်းချခြင်းများကို လုံးဝခွင့်မပြုဘဲ လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း Thantlang Peng Council (TPC) / Chinland Defense Force-Thantlang က ဩဂုတ်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် မည်သည့် တော်လှန်ရေးအဖွဲ့အစည်း သို့မဟုတ် မည်သူမဆို တရားဝင် ထုတ်ပေးထားသော အမိန့် သို့မဟုတ် ခွင့်ပြုချက် စာရွက်စာ တမ်း မရှိဘဲ စစ်ရေးအတွက် အသုံးပြုသည့် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ပုဂ္ဂလိက ပိုင်အဖြစ် သိမ်းဆည်းခြင်း၊ သယ်ယူခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် အခြားနေရာသို့ ပေးပို့ခြင်းများ လုံးဝမပြုလုပ်ရန် တားမြစ်ထားခြင်း ဖြစ်သည်။ “CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်းမှာ ပြည်သူအချင်းချင်းကြား မဖြစ်သင့်တာ မဖြစ်အောင် ရပ်ရွာငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက်ရယ်၊ နောက် ပြည်သူတွေအနေနဲ့ ဥပဒေအောက်မှာ ရှိနေပါတယ်ဆိုတဲ့ အသိကိုလဲ ပေးချင်တာဖြစ်ပါတယ်။ အရင်ကဆို လွတ်လွတ်လပ်လပ်နဲ့ ပေါက်ကွဲတတ်တဲ့ လက်နက်ခဲယမ်းတွေကို ကိုယ်ပိုင်ရောင်းချတာ၊ သိမ်းဆည်းထားတာမျိုးတွေ ရှိနေနိုင်တယ်။ ဒီလို ဥပဒေမဲ့ ဆက်လုပ်သွားမယ်ဆိုရင် နောက်နောင်မှာ အချင်းချင်းကြား လက်နက်သုံးပြီး မလိုလားတဲ့ ပြဿနာတွေ ကြိုတင်ရှောင်ရှားလို့ရအောင် ဆိုပြီး ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု CDF-Thantlangပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ထို့အပြင် ပြည်သူလူထု သာမက…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ကို ယနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိကြောင်း သိရသည်။ ယနေ့ ဩဂုတ်လ ၁၁ ရက် မနက် ၇ နာရီခန့်က ပလက်ဝမြို့အဝင် ဆိုင်းဘုတ်နားကို စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၁ လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး အမျိုးသမီးငယ် ၂ ဦးမှာ ခြေထောက်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများမှာ ခူမီးလူမျိုးများဖြစ်သော ဦးကင်းနှုံ၏ သမီး အသက် ၁၃ နှစ်အရွယ်၊ ၆ တန်းကျောင်းသူ မသန္တာထိုက်နှင့် ဦးသောက်ကြာ၏ သမီး အသက် ၁၉ နှစ်အရွယ်၊ ၉ တန်းကျောင်းသူ မထွေးစိန်တို့ဖြစ်သည်ဟု ရခိုင်သတင်းဌာနတချို့မှာလည်း ရေးသားဖော်ပြထားသည်။ ဩဂုတ်လ ၁၀ ရက် နေ့လယ် ၁ နာရီခန့်က အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာ၊ ဓမ္မရောင်ခြည် ဘုန်းကြီးကျောင်း အနီးဝန်းကျင်ကို စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၃၀၀ ဗုံဟု ယူဆရသော ဖျက်အားပြင်း ဗုံး ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁၄ ဦးမှာ အစုလိုက်အပြုံလိုက် ထပ်မံသေဆုံးရသည်ဟု သိရသည်။ သေဆုံးသူများတွင် အသက် ၆ နှစ်နှင့် ၉ နှစ်အရွယ် ကလေး…

Read More