(005MK) မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က စစ်ဘေးရှောင်များကို နယ်စပ်တစ်နေရာမှာ တစုတစည်းတည်းထားရှိရန် စီစဉ်နေကြောင်း မီဇိုရမ်အစိုးရပြည်ထဲရေးဝန်ကြီးကပြောသည်။ မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်အရေးဆောင်ရွက်နေသော High Level Committee on Indigenous Internal Displaced Persons ဥက္ကဌလည်းဖြစ်သည့် ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga က မိမိအသက်လုံခြုံရေးအတွက် မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်များ တစ်နေရာထဲ စုပေါင်းနေထိုင်နိုင်မည့် မြေနေရာများ ရှာဖွေနေဆဲဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်သတင်း LPS သတင်းကဖော်ပြသည်။ မဏိပူရ်ပြည်နယ်ကနေ ထွက်ပြေးလာကြသော ဇိုး (ချင်း) မျိုးနွယ်စုစစ်ဘေးရှောင်များနေထိုင်ရန် မီဇိုရမ် နှင့် အာသံပြည် နယ် နယ်စပ်တွင် မြေနေရာရှာဖွေနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသူများအတွက်လည်း မီဇိုရမ်ပြည်နယ် CADC ဧရိယာနယ်မြေထဲတွင် မြေနေရာရှာဖွေနေဆဲဖြစ်သည်ဟု ဖော်ပြသည်။ ထိုနည်းတူ မြန်မာနိုင်ငံက စစ်ဘေးရှောင်များအတွက်လည်း တနေရာထဲ စုပေါင်းနေထိုင်နိုင်ရေးအတွက် နယ်စပ် တစ်နေရာမှာ မြေနေရာရှာဖွေပေးနေသည်ဟု ပြည်ထဲရေးဝန်ကြီးကပြောသည်။ ယခုလက်ရှိတွင် မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များသည် အစိုးရကစီစဉ်ပေးထားသည့် စစ်ဘေးရှောင်စခန်းများနှင့် အစိုးရ အဆောက်အအုံ၊ ရပ်ရွာအဆောက်အအုံများတွင် ပြန့်နှံ့နေထိုင်နေကြရပြီး အလှူရှင်များနှင့် အစိုးရတို့၏ ကူညီထောက်ပံ့မှုဖြင့်သာ ရပ်တည်နေကြရသည်ဟု သိရသည်။ စစ်ဘေးရှောင်များအနေဖြင့် အလှူရှင်များ၏ ကူညီထောက်ပံ့မှုတစ်ခုတည်းအပေါ်မှာ မှီခိုအားထားမနေဘဲ မိမိဘာသာ ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းများလည်းရှာဖွေလုပ်ကိုင်နိုင်ရေးအတွက် ရည်ရွယ်ကာ ယခုကဲ့သို့ စီစဉ်လာရခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးကပြောသည်။ ယခုကဲ့သို့စီစဉ်ဆောင်ရွက်ခြင်းသည် စစ်ဘေးရှောင်များကို မီဇိုရမ်ပြည်နယ်တွင် တသက်လုံးနေထိုင်နိုင်ရန် ရည်ရွယ် ခြင်းမဟုတ်ဘဲ ၎င်းတို့နိုင်ငံဒေသ တည်ငြိမ်အေးချမ်းမှုမရှိသေးသည့်ကာလအတွင်း မိမိဘာသာရပ်တည်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းသာဖြစ်သည်ဟု…
Author: Editor
ဟားခါးကို လေကြောင်းဖြင့် အင်အား ၂၀၀ ခန့်ဖြည့်ပြီး ထန်တလန်ကို စစ်ကူပို့နိုင်ရန် စစ်ကောင်စီ ကြိုးပမ်း (006SV) ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက တိုက်ပွဲများတွင် ပွိုင့် ၃ စခန်းကုန်းကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေသည်။ ဟားခါး- ထန်တလန်ကြားရှိ စစ်ကောင်စီစခန်းများကို ချင်းပြည်အစိုးရပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၂ ရက်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ရာ နိုဝင်ဘာလ ၂၅ ရက်တွင် စစ်ရေးအရ အရေးပါသည့် ပွိုင့် – ၃ စခန်းကုန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ဟားခါး-ထန်တလန်ကြားမှာ ရှိနေတဲ့ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်နေတာပါ။ အခုလ ၂၂ ရက်ကနေ ဒီနေ့အထိပေါ့နော်။ အဲဒီမှာ စခန်းငယ်တစ်ခုပေါ့နော်။ ၂၅ ရက်နေ့ မှာ ကျနော်တို့ ဝင်စီးနိုင်ခဲ့တယ်။ သူတို့ အဓိက အသုံးချတာက လေကြောင်းကနေ ဗုံးကြဲတာက နေ့စဉ်ဆက်တိုက်ပြန်လုပ်နေတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ စခန်းအတွင်း စစ်ကောင်စီ ရုပ်အလောင်း ၆ လောင်းကို တွေ့ရှိခဲ့ပြီး တပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ဒဏ်ရာများ ရရှိနိုင်သည်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲတွင် ထွက်ပြေးကြသည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ကြားမှ စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦး ကျဆုံးကာ၊ ရဲဘော် ၉ ဦးထက်မနည်း မစိုးရိမ်းရ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။…
ရေး – Salai Vakok “မိုးမရွာပါစေနဲ့” အုံမှိုင်းနေတဲ့ ကောင်းကင်ကို မော့ကြည့်၊ ဆုတောင်းရင်း ကိုဆလိုင်းတို့တွေ ရခိုင်ရိုးမကို လူသူအသိနည်းတဲ့ တောလမ်းတွေကနေ ဖြတ်ကျော်နေကြပါတယ်။ ဇူလိုင်လ နှောင်းပိုင်းရဲ့ မိုးတွင်းကာလမှာ မတ်စောက်ပြီး တောတောင် ထူထပ်လွန်တဲ့ ရိုးမတောင်ပေါ်လမ်းခရီးက မတွင်ကျယ် လှပါ။ ရခိုင်ရိုးမမှာ မိုးသည်းထန်နေချိန် ခရီးသွားရင် တောင်ကျရေအပါအဝင် အန္တရာယ်များလွန်လို့ မကြာခဏ ရပ်နားရပါတယ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့အနောက်ဘက်ခြမ်းက ကိုဆလိုင်းဇာတိ ချင်းရွာကနေ ပေ ၄၀၀၀ မှ ၅၀၀၀ ခန့်အမြင့် ရှိတဲ့ ရခိုင်ရိုးမ တောင်ပေါ်ကို ဖြတ်ပြီး မကွေးတိုင်း၊ မင်းဘူးမြို့ကို ရောက်ဖို့ တပတ်ကျော် လမ်းလျှောက်ရပါတယ်။ (အမ်း – မင်းဘူးရဲ့ ကားလမ်းမ အကွားအဝေးဟာ ၁၀၂ မိုင်ရှိပါတယ်) ဒါဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကနေ လွတ်မြောက်ဖို့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က ထွက်ပြေးကြတဲ့ ချင်းလူငယ်တွေထဲက ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ကိုဆလိုင်းနဲ့ အခြားချင်းလူငယ် ၃ ဦးဟာ တစ်ဦးကို ၂ သိန်းစီပေးပြီး ရိုးမတောလမ်း ကျွမ်းကျင်သူလမ်းပြကို ငှားရမ်းကာ ရှောင်ပြေးရတာဖြစ်ပါတယ်။ “စကစက အမ်းမှာ စစ်သား စုဆောင်းဖို့ လူငယ်တွေကို ဖမ်းတာဆီးတာတို့ စစ်မှုထမ်းဥပဒေအရ ဖြစ်လာချိန်မှာ ပြေးလာတာပါ” လို့ ရန်ကုန်ကို ရောက်ရှိနေပြီးတဲ့ အသက် ၂၄ နှစ်အရွယ် ကိုဆလိုင်းက ပြောပါတယ်။ အဲဒီအချိန်က စစ်ကောင်စီဟာ အမ်းမြို့နယ်ထဲမှာ နယ်မြေစိုးမိုးထားဆဲဖြစ်ပြီး စစ်မှူထမ်းဥပဒေအရ စာရင်းကောက်ယူမှုရှိသလို ဖမ်းဆီးခေါ်ဆောင်သွားတွေလည်း ဖြစ်ပွားနေခဲ့ပါတယ်။…
(006SV) ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းညီနောင် (CB) တို့သည် ချင်းပြည်အစိုးရတရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့စည်းပုံပဋိညာဉ် (Charter) မူကြမ်းကို ရေးဆွဲထားပြီဖြစ်ကြောင်း ချင်းညီနောင်၏ နိုင်ငံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောသည်။ ချင်းညီနောင်စစ်ဆင်ရေးအတွက် အရေးပေါ် ရန်ပုံငွေရှာဖွေခြင်းကို အွန်းလိုင်းက ပြုလုပ်ရာတွင် ချင်းအမျိုးသားအဖွဲ့အချုပ် (CNO/CNDF) ဒု-ဥက္ကဌ ဆလိုင်းပီတာထန်က နိုဝင်ဘာလ ၂၄ ရက်က အသိပေးလာခြင်းဖြစ်သည်။ “ချင်းပြည်နယ်ရဲ့ လက်ရှိအခြေအနေအရ နိုင်ငံရေးအရဆိုရင်လည်း ICNCC အနေနဲ့ ချင်းပြည်ရဲ့ အစိုးရ ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်နေတဲ့အခါမှာ ကျနော်တို့ ချာတာက draft (မူကြမ်း) ကတော့ ပြီးသွားပါပြီ။ review (ပြန်သုံးသပ်ခြင်း) ပြန်လုပ်ဖို့နဲ့ အတည်ပြုပြီးတော့မှ အတည်ပြုမယ့် ချာတာအရ ဖွဲ့စည်းဖို့ ရှိနေပါတယ်” ဟု ဆလိုင်းပီတာထန်က ပြောသည်။ ချာတာ (Charter) သည် တော်လှန်ရေးကာလ ဦးဆောင်အဖွဲ့အစည်းများ အချင်းချင်းကြား နားလည်မှု ပဋိညာဉ်မူဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေ (Constitution) လောက် တင်းကြပ်မှုမျိုးမရှိဘဲ ပြုပြင်ပြောင်းလဲလွယ်မည်ဖြစ်သည်ဟု သိရသည်။ တော်လှန်ရေးကာလတွင် လူထုဆန္ဒခံယူမှုများဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲနိုင်မှီကာလတွင် ချာတာရေးဆွဲအတည်ပြုပြီး ကြားကာလအစိုးရတစ်ရပ် ဖွဲ့စည်း၍ အုပ်ချုပ်ရေးယန္တရာများကို အကောင်အထည်ဖော်နိုင်ရေး ပြင်ဆင်ခြင်းဖြစ်ကြောင်း ဆလိုင်းပီတာထန်က ရှင်းပြသည်။ ချင်းပြည်တွင် ချင်းတော်လှန်ရေးအင်အားစုများ၏ အကွဲအပြဲကို ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် Crisis Management Initiative (CMI) နှင့် Zo Reunification Organization (ZORO) အပါအဝင် မီဇိုရမ်ပြည်နယ်ထဲက အစိုးရဘက်နှင့် အရပ်ဖက်…
(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ချင်းတော်လှန်ရေးအင်အားစု အချင်းချင်းဖြစ်သည့် ကန်ပက်လက်ကောင်စီ ခေါင်းဆောင်တချို့ကို CDF – ကန်ပက်လက်က စီးနင်းဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၄ ရက်က ကန်ပက်လက်မြို့နယ်၊ အမှတ် ၅ ဒေသတွင် ကန်ပက်လက်ကောင်စီ ဥက္ကဌ ဦးမနားထန်းကို CDF – ကန်ပက်လက်က အင်အား ၁၅ ဦးခန့်ဖြင့် လာရောက်ဖမ်းဆီးခဲ့သည်ဟု ကန်ပက်လက်ကောင်စီအဖွဲ့ဝင် တစ်ဦးက ပြောသည်။ ဦးမနားထန်းကို အသင်းတော်တစ်ခုတွင် ဝတ်ပြုနေသည်ကို တွေ့ရှိချိန် ခေါ်ဆောင်ရန် ကြိုးစားရာတွင် ဒေသခံရွာသားတချို့နှင့် CDF – ကန်ပက်လက်တပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ပြီး ပြန်လည်ထွက်ခွာသွားသည်ဟု သိရသည်။ “ဦးမနားထန်းက တနင်္ဂနွေးနေ့ဆိုတော့ ဘုရားဝတ်ပြုနေတာ၊ အဲဒီမှာ ပြည်သူလူထုတွေလည်း ရှိတယ်။ အဲဒါ သူတို့ရောက်တာနဲ့။ လူထုက လက်မခံတာနဲ့ သူကိုဖမ်းရင် လူထုနဲ့ ပဋိပက္ခဖြစ်မယ်ဆိုပြီး လူထုက ဆန္ဒပြတော့ မနားထန်းက အဖမ်းမခံရဘူး” ဟု ကန်ပက်လက်ကောင်စီအဖွဲ့ဝင် တစ်ဦးက ပြောသည်။ ထို့နောက် CDF – ကန်ပက်လက်မှ ရဲဘော်များသည် ကန်ပက်လက်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာကီးကို နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဦးဟာကီးသည် နေအိမ်အနောက်ဘက် ပြတင်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၊ တောထဲတွင် တိမ်းရှောင်နေရကြောင်း၊ ၎င်းနေအိမ်မှ စာရွက်စာတမ်းနှင့် အဝတ်အထည်တချို့ ယူဆောင်သွားခံရသည်ဟု သိရသည်။ “အခုက ကန်ပက်လက်မှာ ကျနော်တို့ နေဖို့က လုံးဝအဆင်မပြေဘူး။ စစ်ဘေးကလည်း ရှောင်ရသေးတယ်။ နောက်ဆုံးတော့ ကောင်စီအကြီးအကဲတွေရယ်၊ အုပ်ချုပ်ရေးမှူးတွေကို သူတို့က…
(005MK) မီဇီုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော စစ်ဘေးရှောင် ၄ သောင်းကျော်အတွက် အိန္ဒိယဗဟိုအစိုးရက ပေးအပ်သည့် ဆန်မက်ထရစ်တန်ချိန် ၁၃၀၀ ကျော်သည် မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးကို ရောက်ရှိပြီဟုသိရသည်။ မီဇိုရမ်ပြည်နယ်အစိုးရ Food, Civil Supplies & Consumer Affairs (FCS&CA) ဌာန၏ ထုတ်ပြန်ချက်အရ အိန္ဒိယဗ ဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဘေးရှောင်များအတွက် ရူပီးသိန်း ၅၀၀ တန်ဖိုးရှိသော ဆန်မက်ထရစ်ထန်ချိန် ၁၃၇၉ သည် စစ်ဘေးရှောင်များနေထိုင်ရာ မီဇိုရမ်ပြည်နယ်က ခရိုင် ၁၁ ခုမှာ ရောက်ရှိသွားပြီဟု သိရသည်။ အဆိုပါဆန်များကို သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများ၏ ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာနမှ စီစဉ်သတ်မှတ်ချက်အတိုင်း စစ်ဘေးရှောင်များထံ ကူညီထောက်ပံ့ပေးအပ်မည်ဖြစ်ပြီး တချို့ခရိုင်များမှာ အကူအညီ များပေးအပ်နေကြပြီဖြစ်ကြောင်းသိရသည်။ ကနဦးသတ်မှတ်ချက်အရ စစ်ဘေးရှောင်တစ်ဦးလျှင် ဆန် ၃၁.၅ ကေဂျီ နှုန်းဖြင့် ဖြန့်ဝေမည်ဖြစ်သည်ဟုသိရသည်။ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၄၃၇၈၈ ရှိပြီး ယင်းအနက် မြန်မာစစ်ဘေးရှောင် ၃၃၇၆၄ ၊ ဘဂ်လားဒေရှ့်နိုင်ငံမှ ၂၀၁၄ ၊ မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင် ၈၀၁၀ ဦးရှိသည်ဟု ပြည်ထဲရေးဝန်ကြီး ဌာန၏ စာရင်းအရသိရသည်။
(006SV) ချင်းပြည်တောင်ပိုင်း လမ်းပန်းဆက်သွယ်ရေးအတွက် အချက်အချာကျနေသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ မတူပီမြို့ကိုဖြတ်၍ အာရက္ခတပ်တော် ULA/AA ထိန်းချုပ်ထားသည့် ပလက်ဝမြို့အထိ ရောက်ရှိသည့် လမ်းမများကို ပြင်ဆင်နေသည်ဟု CDF – မတူပီ၊ တပ်မဟာ – ၁ ကထုတ်ပြန်သည်။ မတူပီမြို့နယ်တွင်း ပြည်ထောင်စုလမ်းများ၊ ရွာချင်းဆက် ဖွံ့ဖြိုးရေးလမ်းများကို အကောင်အထည်ဖော် ဖောက်လုပ်၊ ပြင်ဆင်နေပြီး မတူပီ – လိုင်လင်းပီ၊ ယင်းမှ မီဇိုရမ်ပြည်နယ်အထိပေါက်သည့် လိုင်လင်းပီ – မီဇိုရမ်လမ်းပိုင်းတို့ကို ပြုပြင်နေသည်ဟု ဆိုသည်။ မတူပီ – ပလက်ဝ လမ်းပိုင်း၊ မတူပီ – မင်းတပ်လမ်းပိုင်းနှင့် မတူပီမြို့နယ်ထဲက ရွာချင်းဆက်လမ်းများကို တူးဖော်ပြုပြင်နေကြောင်း CDF – မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုတ်က ပြောသည်။ “မီးဇိုးရမ်းနဲ့ မတူပီကိုတော့ သူ့ဟာနဲ့ သူ စစ်ဘေးရှောင်သွားလာတာနဲ့ ကျန်းမာရေးကိစ္စ သွားလာတာက ရှိမှာပေါ့နော်။ တောင်ပိုင်းတခုလုံးနဲ့ အိန္ဒိယနဲ့ အရေးကြီးတဲ့ လမ်းမတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့က မြင်ပါတယ်။ ဒါပေမယ့် ဟိုဘက် တာဝန်ရှိတဲ့ လူနဲ့ကျနော်တို့က ဒီလိုမျိုးအသုံးပြုမယ်ဆိုတဲ့ အဆင့်အထိကတော့ ပြောဆိုတာက မရှိသေးပါဘူး။ လမ်းတွေ ပျက်နေတယ်၊ ပြင်စရာရှိနေလို့ ပြင်နေတဲ့ အနေအထားပဲ ရှိပါသေးတယ်” ဟု ကိုဘွေအုတ်က ပြောသည်။ မတူပီမြို့ အနောက်တောင်ဘက်ရှိ မတူပီ – ပလက်ဝလမ်းပိုင်းသည် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို ရောက်ပြီး အနောက်ဘက်ရှိ မတူပီ-လိုင်လင်းပီ/မီဇိုရမ်လမ်းပိုင်းသည်…
(004SS) ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန် ပြင်ဆင်နေကြောင်း ပလက်ဝဒေသခံများထံမှ သိရသည်။ “ပလက်ဝမှာ လက်ရှိက အေအေရဲ့ အုပ်ချုပ်ရေးယန္ဒရား လည်ပတ်နေတယ်၊ ပြီးရင် ပညာရေးစနစ်ကို လုပ်ဆောင်နေတာ ပေါ့နော်။ ဘယ်လိုမျိုးလုပ်မလဲဆိုတာတော့ အတိအကျမသိဘူး၊ လာမဲ့နှစ် ၂၀၂၅၊ တစ်လပိုင်းဆိုလို့ရှိရင် စပြီးလုပ်တော့ မယ်ပေါ့နော်။ ဒီနှစ်ထဲမှာတော့ သူတို့ curriculum တွေ အကုန်လုံး ပြီးမယ်၊ ပုံနှိပ်တွေဘာတွေ အကုန်ရိုက်မယ်ဆိုတဲ့ဟာမျိုး ကိုတော့ သိရတယ်” ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။ ထိုကဲ့သို့ အာရက္ခပညာရေးစနစ်ဖော်ဆောင်ရန်အတွက် ပလက်ဝမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း အငြိမ်းစားများအား လိုက်လံစည်းရုံးနေကြောင်းလည်း သိရသည်။ ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံများသည် အာရက္ခတပ်တော်၏ ပညာရေးဖော်ဆောင်မည့်အစီစဉ်ကို လက်မခံကြသည့် အတွက် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိလာနေပြီဟု သိရသည်။ “အဓိက ရခိုင်စာပေ၊ ရခိုင်သမိုင်းတွေသင်မယ်။ ပြီးတော့ ရခိုင်စကားကို အကုန်လုံးတတ်ရမယ်၊ ရခိုင်စကားနဲ့ပဲ အကုန်လုံး လွှမ်းမိုးရမယ်ဆိုတဲ့ပညာရေးစနစ်ပေါ့နော်။ ဒါကြောင့်လဲပဲ ပြည်သူလူထုတွေက လက်မခံလို့ မီဇိုရမ်ဘက် ထွက်ပြေးလာကြတာပေါ့” ဟု ခူမီးချင်းလူငယ်တစ်ဦးက ပြောသည်။ အာရက္ခတပ်တော် AA သည် ပလက်ဝမြို့ကို ယခုနှစ်ဆန်းပိုင်းတွင် အလုံးစုံသိမ်းပိုက်အုပ်ချုပ်ခဲ့ပြီးနောက် လာမည့် ၂၀၂၅ ခုနှစ်တွင် အာရက္ခပညာရေးစနစ်ကို စတင်အကောင်အထည်ဖော်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု သိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ အာရက္ခတပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
(002MG) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်က ချင်းအမျိုးသမီးတဦး ဟင်းရှာထွက်ရင်း တောထဲတွင် အဓမ္မပြုကျင့်ခံရပြီး လက်ရှိ ဆမီးဆေးရုံတွင် ဆေးကုသမူခံယူနေရသည်ဟု ဆမီးဒေသခံတဦးက ပြောသည်။ “မနက်ပိုင်းထွက်သွားတာ ညနေပိုင်းကျတော့ မပြန်လာဘူး၊ လူတွေက လိုက်ရှာတဲ့အခါ ချောင်းထဲ ခြုံပုတ်ထဲမှာ မြက်ပင်တွေနဲ့ ဖုံးထားတာကိုတွေ့လို့ ဆေးရုံမှာ အခုတော့ နည်းနည်းသက်သာပြီး သတိရလာပြီ။ ဘာမှတော့ ပြောလို့မထွက်နိုင်သေးဘူး၊ သူက တညလုံး အဓမ္မပြုကျင့်တာခံရတာ” ဟု ဆမီးမြို့ဒေသခံကပြောသည်။ အသက် (၃၅) နှစ်အရွယ်ခန့်ရှိသော အဆိုပါအမျိုးသမီးသည် နိုဝင်ဘာလ (၂၂) ရက်နေ့မနက်ပိုင်းတွင် ဟင်းရှာထွက်စဉ် နေအိမ်သို့ ပြန်မရောက်လာနိုင်သည့်အတွက် ရွာသားများက ရှာဖွေရာမှာ နိုဝင်ဘာလ (၂၃) ရက်နေ့ တွင် ဆမီးမြို့အနီး စောချောင်းဝတွင် ပြန်လည်တွေ့ရှိခဲ့ကြခြင်းဖြစ်သည် ဟု သိရသည်။ ယင်းအမျိုးသမီးသည် ဆမီးမြို့ပေါ်တွင် ကျန်းမာရေးမကောင်းသည့် မိခင်နှင့်အတူ နေထိုင်ခြင်းဖြစ်ပြီး သားသမီး (၃) ယောက်မိခင်ဖြစ်သည်ဟု သိရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဆမီးမြို့သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့တခုဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဆွေမျိုးအသိုင်းအဝိုင်းများမှ ရပ်ကွက်လူကြီးများထံ သွားရောက်ပြောဆိုမှုများရှိသော်လည်း လက်ရှိအထိ အရေးယူမှုတစုံတရာ ဆောင်ရွက်ပေးခြင်းများ မရှိသေးကြောင်း ဒေသခံကပြောသည်။
(006SV) ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့် ဖလမ်းတို့တွင် အောင်မြင်မှုအများအပြား ရရှိထားကြောင်း ချင်းညီနောင်တာဝန်ရှိသူများက ပြောသည်။ ယနေ့ နိုဝင်ဘာလ ၂၂ ရက်က ချင်းညီနောင် စစ်ဆင်ရေးအတွက် အရေးပေါ်ရန်ပုံငွေ ရှာဖွေမှုကို အွန်လိုင်းမှ ပြုလုပ်ရာတွင် ချင်းညီနောင်တာဝန်ရှိသူများက စစ်ဆင်ရေးအခြေအနေများကို ပြောဆိုသွားခြင်းဖြစ်သည်။ “အခုဆိုရင် ဖလမ်းမှာလည်း အောင်မြင်မှုတွေ အများကြီးရရှိထားတာ ရှိပါတယ်။ ကျနော်တို့ မင်းတပ်မှာလည်း တော်တော်လေး အောင်မြင်မှုတွေ ရရှိထားပါပြီ။ ဆိုတော့ပြည်သူလူထုအတွက်လည်း အားတက်စရာပေါ့လေ။ တိုက်ပွဲတွင်း ဘေးထွက်ဆိုးကျိုး နည်းအောင် စီမံခန့်ခွဲတဲ့အခါမှာ တိုက်ပွဲသတင်း အောင်မြင်မှုတွေကို အချိန်နဲ့ တပြေးညီ မပေးနိုင်တာ ဖြစ်ပါတယ်။ ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ အသက်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အခါကြတော့ ဒါကို နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်” ဟု CDF Mindat စစ်ဦးစီးချုပ် ကိုထန်းချွန်းဖေက ပြောသည်။ စစ်ကောင်စီသည် ယမန်နေ့က ဖလမ်းမြို့ တိုက်ပွဲတွင် လေကြောင်းပစ်ကူများ တနေကုန်နီးပါး ပေးနေခဲ့ပြီး မင်းတပ်တိုက်ပွဲတွင် ယမန်နေ့ညက တညလုံးနီးပါး ပစ်ကူတွေ တောက်လျှောက်ပေးနေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူမျိုးစုံဖြင့် စစ်ကောင်စီက ခုခံနေခြင်းဖြစ်သည်ဟု သိရသည်။ “မနေ့က ဆိုရင် ကျနော်တို့ဘက်မှာရော မင်းတပ်ဘက်မှာရော လေယာဉ်တွေ ညပိုင်းမှာ တောက်လျှောက် ပစ်နေတယ်။ ဒီမှာ ဆိုရင်လည်း မနေ့ကဆိုရင် ခေါင်းထောင်လို့ မရအောင်ကို လေယာဉ်တွေ ဝဲနေတာပေါ့လေ။ ကျနော်တို့ ကျဆုံးမှုတွေ ရှိသလို တဖက်မှာလည်း အောင်မြင်မှုတွေလည်း ရရှိနေပါတယ်” ဟု…