ချုံကျုံးရွာနဲ့ မလှမ်းမကမ်းမှာ ကင်းထောက်ဖို့ တာဝန်ကျတဲ့ ဒယ်နီရယ်ထန်းတစ်ယောက် မနက် မှောင်ရီဝိုးတဝါးအချိန်မှာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ စခန်းကနေ ထွက်လာခဲ့ပါတယ်။ လသာတဲ့ညဖြစ်ပေမယ့် သစ်ပင်အရိပ်တွေကြောင့် လမ်းတစ်လျှောက်ဟာ မှောင်မည်းနေပြီး လရောင်က ဟိုတစ်ကွက် ဒီတစ်ကွက်သာ ထိုးဖောက်ကျနေပါတယ်။ အလင်းနောက်ကိုလိုက်ရင်း အရှေ့ကသွားနေတဲ့ သူငယ်ချင်းရဲ့ ခြေလှမ်းအတိုင်း ဂရုတစိုက်နဲ့ နောက်ကနေ သူ လိုက်ပါလာခဲ့တယ်။ ဒါပေမယ့် အလင်းကိုရှောင်ပြီး အမှောင်ဘက်ကို လှမ်းလိုက်တဲ့ ခြေတစ်လှမ်းမှာတော့ “အုံး” ခနဲ အသံနဲ့အတူ အထိတ်တလန့်နဲ့ ကြောက်အားလန့်အား ထွက်ပြေးခဲ့ပေမယ့် ဒယ်နီရယ်ကတော့ မြေပြင်ပေါ် လဲပြိုကျခဲ့ရပါပြီ။ “ကျနော့် ညာဖက်ခြေထောက် မရှိတော့ဘူး” ဂျိုင်းထောက်ကို ဘေးမှာ ချထားရင်း ခပ်ပြတ်ပြတ်လေသံနဲ့ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို အသက် ၂၀ နှစ်အရွယ် လူငယ်လေး ဒယ်နီရယ်ထန်းက ပြန်ပြောပြနေတာပါ။ ၂၀၂၃ ခုနှစ် မေလအတွင်းမှာပဲ ချင်းပြည်နယ်၊ ဟားခါး-ထန်တလန် သီးမြစ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ သီးမြစ်တိုက်ပွဲ စစ်ဆင်ရေးအပြီး အပြန် ချွန်ကျုံးရွာမှာ စစ်ကူဖို့အတွက် သွားရောက်ခဲ့ရင်း ၃ ရက်မြောက်နေ့မှာတော့ ကင်းထောက်ဖို့သွားတဲ့ ဒယ်နီရယ်ထန်းဟာ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရတာပါ။ သူဟာ စစ်တပ် အာဏာစသိမ်းချိန်က ၁၀ တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ချိန်မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့က သူရဲ့ဇာတိကျေးရွာကိုပြန်ကာ အဘိုးအဖွားတွေရဲ့ တောင်ယာလုပ်ငန်းကို ဝိုင်းကူလုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့သူတစ်ဦးပါ။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ချင်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ စတင်ချိန်မှာတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး ရှေ့တန်းမှာ သက်စွန့်စံဖျားတိုက်ခိုက်ရင်း မိုင်းနင်းမိတာကြောင့် အခုလို…
Author: Editor
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် (၄) ဦး ကျဆုံးခဲ့ရသည်ဟု ကလေး မြို့ မြို့ပြစီမံချက် UG တပ်ဖွဲ့က ယနေ့ ဩဂုတ်လ (၂၅) ရက်နေ့တွင် ထုတ် ပြန်သည်။ဩဂုတ်လ (၁၅) ရက်နေ့က ကလေး-ဂန့်ဂေါလမ်းမပေါ်ရှိ နတ်ချောင်းရွာတိုက်ပွဲတွင် စစ်တပ်၏ ထိုးစစ်အား ရဲဝင့်စွာ ခုခံကာကွယ်ရင်း အသက် (၂၇) နှစ် အရွယ် ရဲဘော် ကျော်မိုးဝင်း(ခ) မုဆိုး၊ အသက် (၂၈) နှစ်အရွယ် ရဲဘော် ဇင်ကိုလတ်၊ အသက် (၄၃) နှစ်အရွယ် ရဲဘော် အောင်မြင့်ဝင်း နှင့် အသက် (၂၈) နှစ်အရွယ် ရဲဘော် ကျော်စိုးအောင် တို့သည် ကျဆုံးခဲ့ရသည်ဟု ကလေး မြို့ မြို့ပြစီမံချက် UG တပ်ဖွဲ့ကဆိုသည်။ကျဆုံးတပ်ဖွဲ့ဝင်ရဲဘော်များ၏ တိုက်ပွဲဝင်စိတ်ဓာတ်နှင့် နိုင်ငံ၊ လူမျိုးအပေါ် အနစ်နာခံပေးဆပ်မှုတို့အား ဂုဏ်ယူလေးစား စွာ ဦးညွှတ်အလေး ပြုသည့်အပြင် ကျန်ရစ်သူ မိသားစုနှင့်တကွ တပ်တူထပ်မျှဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။ထို့အပြင် ကျဆုံးရဲဘော်များ၏ ဂုဏ်ကို အစဉ်အမြဲအောက်မေ့လျှက် ၎င်းတို့၏ နောက်ဆုံးထွက်သက်အထိ ဆန့်ကျင် တော်လှန်ခဲ့သော အကြမ်းဖက် စစ်ကောင်စီနှင့် စစ်အာဏာရှင်စနစ်အား ကျန်ရှိနေသော ရဲဘော်များမှ အမြစ်ဖြတ်ချေ မှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော် တည်ဆောက်နိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ လေဆင်းရွာတွင် ချင်းပြည်သူ့ အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) က ဂိတ်ဆောက်လုပ်ခြင်းကို လက်မခံသည့်အတွက် ဒေသခံပြည်သူများက ကန့်ကွက်ဆန္ဒပြကြောင်း သိရသည်။ မတူပီမြို့မှ ၂၇ မိုင်အကွာ မတူပီ – ပလက်ဝကားလမ်းပေါ်ရှိ လေဆင်းရွာတွင် ပြီးခဲ့သော ရက်သတ္တပတ်ထဲမှာ CPU/ CPA က ဂိတ်ကို စတင်ဆောက်လုပ်ခြင်းနှင့် တပ်သားသစ် စုဆောင်းမှုများကြောင့် ဩဂုတ်လ ၂၃ ရက်မှာ လေဆင်းရွာ ဒေသခံများက ဆန္ဒပြခြင်းဖြစ်သည်ဟု သိရသည်။ “သူတို့ ဂိတ်ထိုးဖို့ လုပ်တဲ့ဟာကို စစ်ကောင်စီလည်း မရှိပဲနဲ့ ဘာကြောင့် ဂိတ်ထိုးတာလည်းဆိုတာကို ပြည်သူတွေက မသိဘူး။ လိုလည်း မလိုအပ်ဘူးပေါ့။ ဘာရန်သူမှလည်း မရှိဘူး။ ဘာကြောင့်ထိုးတယ်ဆိုတဲ့ ကိစ္စတွေ မသိတဲ့ အခါကြတော့ ပြည်သူတွေက ကန့်ကွက်တာပေါ့။ အဓိက က ဘာအတွက် ဂိတ်ထိုးတာကို ကျနော်တို့လည်း ကောင်းကောင်း မသိပါဘူး” ဟု မတူပီမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF- မတူပီ၏ ဧရိယာ ၃ ထိန်းချုပ်နယ်မြေအတွင်းရှိ လေဆင်းရွာတွင် CPU/ CPA တပ်ဖွဲ့က ဒေသခံလူငယ်များကို တပ်သားအဖြစ် ဖမ်းဆီးခြင်းနှင့် ရွာထဲတွင် ဂိတ်ထိုးခြင်းတို့ကြောင့် ဒေသခံပြည်သူများက ဆန္ဒဖော် ထုတ်ပြန်သည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဩဂုတ်လ ၂၃ ရက်မှာ ထုတ်ပြန်ထားသည်။ မတူပီပအဖအဖွဲ့က ထုတ်ပြန်ထားသော ရုပ်သံဖိုင်တွင် လေဆင်းရွာထဲတွင် CPA က ဂိတ်ဆောက်လုပ်ခြင်းကို သဘောမတူကြောင်း…
(006SV) အရှိုချင်းတော်လှန်ရေးအင်အားစုမှ CDF – Asho ၏ တပ်ဦးချုပ် ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသား တော်လှန်ရေး အတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောသည်။ CDF – အရှို တပ်ဦးချုပ် ဆလိုင်းရိုးနှင့် တပ်ဖွဲ့ဝင်များ ကျဆုံးမှုသည် CDF – အရှိုအတွက်သာမက ချင်းအမျိုးသားတော်လှန်ရေးနှင့် တပြည်လုံးအတိုင်းအတာဖြင့် ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) က ဩဂုတ်လ ၂၂ ရက်မှာ ထုတ်ပြန်သည်။ ပြည်သူ့တော်လှန်ရေးအတွက် အမြင့်မြတ်ဆုံး ပေးဆပ်တိုက်ပွဲဝင်ပြီး ကျဆုံးခဲ့သော ဆလိုင်းရိုးချင်းနှင့် တပ်ဖွဲ့ဝင်များကို လေးစား ဂုဏ်ပြုပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF – အရှိုနှင့်တကွ တော်လှန်ရေး ရဲဘော်ရဲဘက်များ အားလုံးနှင့် ထပ်တူ ဝမ်းနည်းကြေကွဲ ရသည်ဟု CNF က ဆိုသည်။ ဆလိုင်းရိုးချင်းနှင့် တပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်ပေးဆပ်မှုများကို အောက်မေ့အမှတ်ရပြီး မိမိတို့ ဆင်နွှဲလျက်ရှိသော ပြည်သူ့တော် လှန်ရေး ပန်းတိုင်ရောက်ရှိသည်အထိ ရှေ့ဆက်တိုက်ပွဲဝင်သွားမည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ကလည်း CDF – အရှို တပ်ဦးချုပ် ကျဆုံးမှုသည် တန်ဖိုးဖြတ်မရသော ဆုံးရှုံးခြင်း၊ ဖော်ပြ၍ မရသော ဝမ်းနည်းခြင်းတို့ကို ဖြစ်စေသည်ဟု ဩဂုတ်လ ၁၉ ရက်မှာ ထုတ်ပြန်သော ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ဖော်ပြထားသည်။ “ဆလိုင်းရိုးချင်းသည် မိမိတို့နှင့် ချင်းကာကွယ်ရေး- အရှိုတပ်ဖွဲ့ကြား လုပ်ငန်းဆိုင်ရာ…
၈ လအတွင်းမှာ ကလေးမြို့မှာ မူးယစ်ဆေးဝါးအလုံးအရင်းဖြင့် ၆ ကြိမ်ထက်မနည်းဖမ်းဆီး (004SS) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သန်းကျော်ဖမ်းဆီးရမိ ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC MYANMAR) က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၅ ရက်နေ့ ည ၇ နာရီခွဲအချိန်က ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ မျိုးမြင့်နိုင်(ခ)ကိုမျိုး နှင့် ထွန်းထွန်းနိုင်(ခ)ဗန်လျန်းမွန်နာ(ခ)ဆန်းဒယ်ဘတယ်(ခ)ဗဒင် တို့အား စိတ်ကြွဆေးပြား ၆ ဒသမ ၂ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁၅ ဒသမ ၅ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းCCDAC က ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။ ကွင်းဆက်စစ်ဆေးချက်များအရ အဆိုပါ မူးယစ်ဆေးဝါးများကို စစ်ကိုင်းမြို့မှ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူမှာ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ရွာနေ ကျော်မြင့်(ခ)သာရှည်ကောဖြစ်ပြီး ကလေးမြို့၊ စမ်းမြို့ရပ်ကွက်နေ လာလ်ရိုဒင်းငါ (ခ)ဒင်းသဲ၊ ရန်ကုန်မြို့နေ မောင်သန်း နှင့် တီးတိန်မြို့နေ အင်းဆွင်းပုမ်းတို့ ၃ ဦးမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင် ဖော်ပြထား သည်။ ကလေးမြို့သည် နယ်စပ်ထွက်ပေါက် လမ်းဆုံလမ်းခွ၌ တည်ရှိနေခြင်းကြောင့် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုရာတွင် အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး မကြာခဏ ဖမ်းဆီးရမိမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ “ကလေးမြို့က ရှမ်းပြည်ဘက်ကနေရော၊ မန္တလေးဘက်ကရော၊ ထိုင်းဘက်ကနေရော ဘယ်ကလာလာ…
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အမှတ် ၃ နယ်မြေအတွင်းရှိ ကျေးရွာ ၈ ရွာမှ ဒေသခံပြည်သူများက ချင်းပြည်သူ့ အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ၏ ကာကွယ်ရေးအသုံးစရိတ်အတွက် ကျပ်သိန်း ၂၀ ထောက်ပံ့ ကူညီခဲ့ကြောင်း သိရသည်။ CPU/ CPA ၏ ချင်းပြည်နှင့် ပြည်သူလူထုအား ကာကွယ်ရေးတိုက်ပွဲတွင် အသုံးပြုရန်အတွက် ပလက်ဝမြို့နယ်၊ အမှတ် ၃ နယ်မြေအတွင်းရှိ ကျေးရွာ ၈ ရွာမှ ဒေသခံပြည်သူများက ပါဝင်လှူဒါန်းကြသော ရန်ပုံငွေ ကျပ်သိန်း ၂၀ ကို ဩဂုတ်လ ၂၃ ရက်မှာ ချင်းပြည်သူ့အစည်းအရုံး၏ ဘဏ္ဍာရေးကော်မရှင်က လက်ခံရရှိကြောင်း သိရသည်။ “ခုလို အခက်အခဲပေါင်းစုံနဲ့ ရုန်းကန်နေရချိန်မှာ ပလက်ဝက ချင်းညီအစ်ကိုတွေအနေနဲ့ ဒရုန်းသံ၊ လေယာဉ်သံ၊ ဗုံးသံ၊ လက်နက်ကြီးသံတွေ မကြားရဘဲ ဝေးနေပေမယ့်လည်း၊ ကိုယ်နဲ့မဆိုင်သလို မနေဘဲ တသားတည်းရပ်တည်ပြီး တတ်နိုင်သမျှ ခြစ်ကုတ်စုစည်းပြီး ချင်းပြည်ကာကွယ်ရေးမှာ ပါဝင်ကူညီကြတာကို ကျေးဇူးအထူးတင် အမှတ်တရ ရှိပါတယ်” ဟု CPU/CPA ၏ အတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောသည်။ လက်ရှိ ကျပ်တည်းနေချိန်မှာ တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကူညီ ရုန်းကန်သည့် ပလက်ဝမှ မိဘပြည်သူများကို ကျေးဇူးတင်ရှိကြောင်း၊ နောင်ကို အခွင့်အခါ ကြုံသောအချိန်တွင် မိမိတို့အနေဖြင့် ပြန်လည်ကူညီနိုင်အောင် ကြိုးစားသွားမည်ဟု ဆလိုင်းယောမာန်က သူ၏ လူမှုကွန်ယက်မှာ ရေးသားထားသည်။ မေလလယ်မှ စတင်၍ ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ဦးတည်၍…
(005MK) အာရက္ခတပ်တော် ULA/AA ထိန်းချုပ်ထားသော ချင်းပြည်နယ်တောင်ပိုင်းဒေသ ပလက်ဝမြို့နယ် စိမ်းညင်းဝကျေးရွာ ကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်ရာတွင် ကလေးငယ်အပါဝင်ပြည်သူ ၅ ယောက်သေဆုံးပြီး ၁၇ ယောက်ဒဏ်ရာရရှိ ကြောင်း သိရသည်။ စိမ်းညင်းဝကျေးရွာကို ယနေ့ သြဂုတ် ၂၄ ရက် နေ့လည် ၁၁ နာရီ ၉ မိနစ်၊ ၁၁ နာရီ ၁၂ မိနစ် နှင့် ၁၁ နာရီ ၁၆ မိနစ်တို့ တွင် သုံးကြိမ် တိုင်တိုင် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနှင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး၊ ပေါင် ၃၀၀ ဗုံးတစ်လုံးနဲ့ ရော့ကတ်သီး ၈ လုံးတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု Paletwa Times ကဖော်ပြသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံး ၅ လုံးမှာ ရွာဘုန်းကြီးကျောင်း ဓမ္မာရုံအဆောင်မှာ ၁ လုံး၊ ရွာအလယ်မှာ ၃ လုံးနှင့် ရွာအဆုံးမှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါ်သန္တာဖြူ ၇၁ နှစ်၊ မြတ်ကျော်နိုင် ၁၀ နှစ်၊ ဒေါ်ခိုင်ခိုင်စိုး ၄၆ နှစ်၊ ဒေါ်မသန်းဝင်း ၃၆ နှစ်၊ မောင်ထက်မြတ်ကျော် ၁ နှစ်တို့ နေရာမှာတင် ပွဲချင်းသေဆုံးသွားပြီး ကလေးငယ် ၈ ဦးအပါအဝင် ပြည်သူ ၁၇ ဦး အသေးစား နှင့် အလတ်စားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင်…
(004SS) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့တွင် နေအိမ်တစ်ခုကို နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ဒေသခံအဖွဲ့အစည်းများက ဝင်ရောက်စီးနင်းခဲ့ရာ ခူမီး (ချင်း) အမျိုးသားတစ်ဦး အပါအဝင် စစ်အသုံးအဆောင်ပစ္စည်း များနှင့် ငွေကြေးများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဩဂုတ်လ ၁၉ ရက် ည ၉ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့နှင့်အတူ အသိသက်သေအဖြစ် Chanmari YLA တို့က Chanmari ရပ်ကွက်၊ Pi Lalremveli တိုက်သစ် ဒုတိယထပ်ရှိ မြန်မာနိုင်ငံသားများ နေထိုင်သည့်နေရာကို ဝင်ရောက်စစ်ဆေးခဲ့ ခြင်းဖြစ်သည်။ “မြန်မာပြည်ကစစ်ရှောင်တွေနေတဲ့နေရာမှာ စစ်အသုံးအဆောင်တွေရှိတယ်ဆိုလို့ ရဲတွေက သွားရောက်စီးနင်းခဲ့တာ ဟုတ်ပါတယ်။ စစ်ပစ္စည်းတစ်ချို့သိမ်းမိတယ်။ ခူမီးအမျိုးသားတစ်ဦးလဲ ဖမ်းမိပါတယ်။ ကျွန်တော်တို့ကတော့ ရပ်ကွက်ထဲကဖြစ်တာဆိုတော့ အသိသက်သေအဖြစ် လိုက်သွားရတာပါ။ ရဲတွေက ဘယ်လိုဆက်လုပ်သွားမလဲတော့ မသိသေးဘူးဗျ။ confidential ဆိုတော့” ဟု Chanmari YLA တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ စီးနင်းမှုအတွင်း ၇.၆၂ ကျည် ၇၁ တောင့်၊ ၅.၅၆ ကျည် ၁ တောင့်၊ ၉ မမ ကျည် ၁ တောင့်၊ ကျည်ကာအင်္ကျီနှင့် စစ်ဝတ်စုံအများအပြားအပြင် မြန်မာငွေကျပ် ၃၄ သိန်းနှင့် အိန္ဒိယငွေ ရူပီး ၅ သိန်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း Chandmary Defense Committee (CDC) ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် ဖမ်းဆီးခံရသူ ခူမီးအမျိုးသားတစ်ဦးနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများကို ဒေသခံရဲတပ်ဖွဲ့က ထိန်းသိမ်းထားဆဲဖြစ်ကာ မည်သို့အရေးယူဆောင်ရွက်မည်ကို…
ချင်းအမျိုးသားကောင်စီ (CNC) လမ်းကြောင်းဖြင့် ရှေ့ဆက်ကြိုးပမ်းရေး မျှော်လင့်ဟု ဆို (006SV) ချင်းတော်လှန်ရေးအင်အားစုများ ပြန်လည်သင့်မြတ်ရေးနှင့် ပေါင်းစည်းရေးအတွက် အိုင်ဇောလ် ချင်းငြိမ်းချမ်ရေး ညီလာခံမှာ ကနဦး တွေ့ဆုံမှုအဖြစ် Chin Peace and Reconciliation Initiative -CPRI သည် ချင်းလဲန်းကောင်စီ (CC) နှင့် ICNCC/ CB အဖွဲ့တို့ကို သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ “Chin Peace and Reconciliation Initiative (CPRI) ကနေ ကျနော်တို့ ချင်းလဲန်းကောင်စီရယ်၊ ICNCC ရယ်ဆိုပြီး တွေ့ဆုံဖို့ဆိုတဲ့ လုပ်ငန်းစဉ်မှာ ICNCC နဲ့ ကျနော်တို့ တွေ့ဆုံတာမျိုး မဟုတ်သေးပဲနဲ့။ အခုကျနော်တို့ကို တွေ့ဆုံဖို့ ကမကထ ပြုပေးတဲ့ CPRI နဲ့ ချင်းလဲန်းကောင်စီနဲ့ သီးသန့်တွေ့သလို၊ CPRI က ICNCC နဲ့လည်း သပ်သပ် တွေ့ပါတယ်။ ကျနော်တို့ အဲဒီလို အဖွဲ့တွေ မျက်နှာ ချင်းဆိုင်တွေ့တာမျိုး မဟုတ်ပဲနဲ့ သီးခြားစီ တွေ့ပြီးတော့ သူတို့ သိချင်တာတွေ မေးမြန်းပြီး အဲဒီလိုမျိုးနဲ့ ညှိနှိုင်းမှုတွေ လုပ်တဲ့ ပွဲဖြစ်ပါတယ်” ဟု ချင်းလဲန်းကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC/ CB) အင်အားစုများအကြား ပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် “Chin Peace Summit 2026” ကို မီဇိုရမ်ပြည်နယ်၊…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ဘေးရှောင်အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိသည်ဟု ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနထံမှ သိရသည်။ ဩဂုတ်လ ၁၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် ကန်ပက်လက်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော စစ်ရှောင်စခန်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြချပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဌာနက ယနေ့ ဩဂုတ်လ ၂၀ ရက်မှာ ထုတ်ပြန်သည်။ ဗုံးကြဲမှုကြောင့် စစ်ရှောင်တဲ ၂ လုံးမှာ လုံးဝပျက်စီးသွားခဲ့ပြီး အသက် ၃၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး ၁ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ မေလလယ်မှ စတင်၍ ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ဦးတည်၍ ထိုးစစ်ဆင်နေသော စစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ လတ်တလောရက်များတွင် ထိတွေ့တိုက်ပွဲများမှာ ယခင်လက ထိုးစစ်များကဲ့သို့ မပြင်းထန်ဘဲ အပြန်အလှန်ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည်ဟု သိရသည်။ ဓါတ်ပုံ – CDF – ကန်ပက်လက် / ပုံအဟောင်း (ကန်ပက်လက်မြို့နယ်မှ ဒေသခံများ စစ်ဘေးရှောင်ရစဉ်ပုံ)
