Author: Editor

(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့်ပြည်သူများနှင့် စစ်ဘေးရှောင်များအတွက် ဆန်ဝယ်ယူထောက်ပံ့ရန် အိန္ဒိယဗဟိုအစိုးရက ရူပီးသိန်း ၅၀၀ ပေးအပ်လာသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်အစိုးရ၏ တောင်းဆိုချက်အရ လူဦးရေ ၄ သောင်းခွဲခန့်ရှိသော စစ်ဘေးရှောင်များနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ရိက္ခာဆန်ထောက်ပံ့ရန် ရူပီးသိန်း ၅၀၀ ကို ပြည်နယ်အစိုးရထံ ပေးအပ်ခဲ့သည်ဟု အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်သည် အိမ်နီးချင်း မြန်မာ၊ဘဂ်လားဒေရှ့်နှင့် မဏိပူရ်ပြည်နယ်တို့မှ စစ်ဘေးရှောင် ၄ သောင်းခွဲဝန်းကျင်ကို ကြည့်ရှုစောင့်ရှောက်နေရပြီး ဗဟိုအစိုးရအနေဖြင့် အကူအညီများပေးအပ်ရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအစိုးရထံ အကြိမ်ကြိမ်တောင်းဆိုခဲ့ဖူးသည်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကစ၍ စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ပြည်သို့ ထွက်ပြေးခိုလုံလာသူ မြန်မာစစ်ဘေးရှောင် ၃၄၀၀၀ ခန့်ရှိသည်ဟု မီဇိုရမ်အစိုးရ၏ စာရင်းအရသိရသည်။ အလားတူ မဏိပူရ်ပြည်နယ်က လူမျိုးရေးပဋိပက္ခကြောင့် ထွက်ပြေးလာသည့် စစ်ဘေးရှောင် တစ်သောင်းကျော်နှင့် ဘဂ်လားဒေရှ့်နိုင်ငံမှ ထွက်ပြေးခိုလုံလာသူ တစ်ထောင်ကျော်ခန့်ရှိသည်ဟု သိရသည်။

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF – တွန်းဇံ၏ ရာဇဝတ်မှု ကျူးလွန်ခြင်းများကို ဖြေရှင်းနိုင်ရန် ချင်းလဲန်းကောင်စီ (CC) ထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း People Defense Army – PDA က ပြောသည်။ တွန်းဇံမြို့တွင် လူမျိုးနွယ်စုများကို ခွဲခြားဆက်ဆံခြင်း၊ ဖမ်းဆီးခြိမ်းခြောက်ခြင်း၊ ငွေနှင့် အလဲအလှယ်လုပ်ခြင်း၊ အိမ်များကို ချိတ်ပိတ်ခြင်း၊ တော်လှန်ရေးသပိတ်ခေါင်းဆောင်များကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်ခြင်းများကို CDF – တွန်းဇံက ကျူးလွန်နေသောကြောင့် ချင်းလဲန်းကောင်စီထံ တိုင်ကြားသွားမည်ဟု PDA ဥက္ကဌက ပြောသည်။ “CC (ချင်းလဲန်းကောင်စီ) ကိုတော့ နှုတ်နဲ့ ပြောထားပြီး။ စာနဲ့တင်ပြဖို့ရှိတယ်။ CC ကို တင်ပြဖို့ လုပ်ထားတဲ့ဟာမှာတော့ အသေးစိတ်အချက်အလက်တွေ ရေးထားတယ်။ ဒီမှာ ဖြစ်စေချင်တာက (နေအိမ်) သိမ်းတယ်ဆိုရင်လည်း သက်သေအခိုင်အလုံနဲ့ ဖြစ်စေချင်တယ်။ ZRA ကို ထောက်ပံ့လို့ သိမ်းတယ်ဆိုတာနဲ့ မဖြစ်သင့်ဘူး။ ဒါက ကိုယ်နဲ့ မတူ၊ ကိုယ့်ရန်သူဆိုပြီး လုပ်တာက မကောင်းဘူး။ သက်သေ မခိုင်လုံဘူးလို့ မြင်တယ်။ ဆိုလိုတာက သိမ်းတယ်ဆိုရင်လည်း သိမ်းပါ။ သက်သေခိုင်ခိုင်လုံလုံနဲ့ တရားဥပဒကျကျ သိမ်းဖို့ ဖြစ်စေချင်တယ်” ဟု PDA ဥက္ကဌက ပြောသည်။ CDF – တွန်းဇံ၏ ရာဇဝတ်မှုများ ကျူးလွန်ခြင်းအပေါ် အပြင်းအထန် ကန့်ကွက်ရှုံချပြီး ခွဲခြားဆက်ဆံခြင်းခံနေရသော ပြည်သူများ၊ မျိုးနွယ်စုများနှင့်အတူ ရပ်တည်ကြောင်း PDA က ဇူလိုင်လ ၂၀ ရက်က…

Read More

(005MK) စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦး (Tuingo) ကျေးရွာတွင် ယနေ့ညနေပိုင်းမှာ စစ်ကောင်စီကပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ အရပ်သားတစ်ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၂၃ ရက် ညနေပိုင်း ၅ နာရီခန့်တွင် ပျဉ်းတောဦးကျေးရွာထဲ ၂ နေရာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ပထမအကြိမ်မှာ ခြံဝန်းထဲ ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒုတိယအကြိမ်မှာ နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲကာ အသက် ၁၅ နှစ်ဝန်းကျင်ခန့်အရွယ်ရှိသော လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ပျဉ်းတောဦးကျေးရွာသည် ကလေးမြို့မှ ၁၂ မိုင်ခန့်ကွာဝေးပြီး ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။ ယခုလဆန်းဇူလိုင် ၉ ရက်နှင့် ၁၁ ရက်နေ့တုန်းကလည်း ပျဉ်းတောဦးကျေးရွာအနီး လက်ပံချောင်းကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Read More

(006SV) ချင်းပြည်နယ်၊ မရာဒေသ၊ လိုင်လင်းပီမြို့ကို မရာပဋိညာဉ်ပြဌာန်းချက်နှင့်အညီ မြို့ခံလူထုနှင့် ပူးပေါင်းပြီး မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC က ပြောသည်။ လိုင်လင်းပီမြို့ကို မရာပဋိညာဉ်အခန်း ၆၊ ကြားကာလအုပ်ချုပ်ရေး၊ ပုဒ်မ ၄၃ ပါ ပြဌာန်းချက်နှင့်အညီ ပြည်သူ လူထုနှင့်ပူးပေါင်း၍ လိုင်လင်းပီမြို့ စီမံအုပ်ချုပ်ရေးကော်မတီကို အမြန်ဆုံးဖွဲ့စည်းကာ မြို့အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဇူလိုင်လ ၂၂ ရက်က MDF က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ “လိုင်လင်းပီမြို့ အုပ်ချုပ်ရေး ပုံစံကို Mara charter မှာ ဖော်ပြထားတဲ့ အတိုင်းပဲ မြို့နေလူထုတွေနဲ့ ပူးပေါင်း အကောင်ထည်ဖော်လုပ်ဆောင်သွားပါမယ်။ အရင်က မြို့အုပ်ချုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ထားမှု မရှိသေးတော့ အခုမှ စတင်ဆောင်ရွက်တဲ့သဘောပါ” ဟု MDF အတွင်းရေးမှူး ကိုဓူဝံက ပြောသည်။ မတူပီမြို့နယ် လိုင်းလင်ပီမြို့သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန် ရေးတပ်ပေါင်းစုတို့က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် CDF – Mara ပူးပေါင်းတပ်တို့က ထိန်းချုပ်ထားခဲ့ကြသည်။ ထိုကဲ့သို့ထိန်းချုပ်ပြီး ၈ လနီးပါးအကြားတွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF/ MTC) က အာရက္ခတပ်တော် (ULA/AA) အကူအညီဖြင့် ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ကာ မြို့စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။ တစ်ဖက်တွင် လိုင်လင်းပီမြို့မှာ CDF – Mara အဖွဲ့၏…

Read More

(006SV) ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းများကို ချင်းပြည်အစိုးရ ပူးပေါင်း များက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်စခန်း ၃ ခုကို အပြီးသတ် သိမ်းပိုက်ထားပြီး စစ်စခန်း ၁ ခုကို ဆက်လက် တိုက်ခိုက် နေဆဲ ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ဟားခါးနဲ့ ထန်တလန်ကြားမှာ စစ်ကောင်စီက တည်ထားတဲ့ တပ်စခန်းငယ်တွေကို ကျနော်တို့ ရှင်းလင်းမှုတွေ လုပ်တာဖြစ်တယ်။ အဲဒီမှာ စခန်းငယ် ၃ ခုက အားလုံး သိမ်းပြီးပြီ။ နောက်တစ်ခုက နည်းနည်းအချက်အချာ ကျတဲ့ စခန်းက အခုက ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသေးတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ ဇူလိုင်လ ၂၂ ရက် မနက်ပိုင်းမှ စတင်၍ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက စစ်ကောင်စီ စစ်စခန်းများကို ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့ဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့် အော်တိုတောင်ကုန်းပေါ်က အထိုင်ချတပ်စခန်းသို့ စစ်ကူပေးပို့မှုများ ပြုလုပ်နေကြောင်း CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ လက်ရှိ စစ်ဆင်ရေးသည် ဟားခါးမြို့ စစ်ကောင်စီတပ်နှင့် ထန်တလန်မြို့က စစ်ကောင်စီတပ်များအကြား မချိတ်ဆက်နိုင်စေရန် ဖြတ်တောက်ပစ်နိုင်ရန်ဖြစ်ကြောင်း သိရသည်။ “ကျနော်တို့က အဓိက ချင်းပြည်ကနေ စစ်ကောင်စီ ကင်းစင်ရေးက အဓိက လိုအပ်ချက်ပေါ့။ အဲဒီမှာ စစ်ရေးအရ နေရာဒေသအရ ဗျူဟာအရ…

Read More

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၂၂ ရက်နေ့တွင် ယာယီသမ္မတရာထူးကို လွဲပြောင်းရယူလိုက်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှုခံနေရသည့်အချိန် တာဝန်ဝတ္တရားများ ဆောင်ရွက်ရန် ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတတာဝန် လစ်ဟင်းနေစဉ် ကာလတို့တွင် ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လွှဲအပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အကြောင်းကြားစာပေးပို့လာခဲ့ကြောင်း သိရသည်။ ထိုသို့ အကြောင်းကြားစာပေးပို့ပြီးနောက် ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၁၁ နာရီခွဲတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အာဏာသိမ်းစစ်ခေါင်းဆောင်ထံသို့ လွှဲပြောင်းအပ်နှံခြင်းအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ ယာယီသမ္မတ ဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေမကောင်းသည့် အတွက် ဆေးကုသမှုခံယူခဲ့ကြောင်း ဇူလိုင် ၁၈ ရက်က စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး အရေးပေါ်ကာလကို ၆ လတစ်ကြိမ် သက်တမ်းတိုးလာခဲ့ရာမှာ ဇူလိုင်လ ၃၁ ရက်ဆို သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။ အရေးပေါ်ကာလ သက်တမ်းပြည့်ရန် နီးကပ်လာသည့်အချိန်တွင် ကျန်းမာရေးမကောင်းသည့် ယာယီသမ္မတ ဦးမြင့်ဆွေနေရာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွှဲပြောင်းရယူလိုက်ခြင်းဖြစ်သည်။

Read More

(002MG) ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha က ချင်းပြည်နယ် ဟားခါး မြို့မရဲစခန်းကို ဝင်စီးပြီး ကယ်ထုတ်သွားသည့် အကျဉ်းသား ၆၀ ကျော်ထဲတွင် စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့သော အမျိုးသမီးတစ်ဦးနှင့် CDF တပ်ဖွဲ့ဝင် (၁၃) ဦး ပါဝင်သည်ဟု သိရသည်။ ဟားခါးမြို့ ဝမ္မသူးမောင်းအားကစားကွင်းအထက်နားရှိ နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်သော ပုဒ်မများဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသူများထားရှိသည့် မြို့မရဲစခန်းကို ဇူလိုင်လ ၂၀ ရက် မနက် ၅ နာရီခန့်တွင် CDF-Hakha တပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ အကျဉ်းသား ၆၂ ဦး (အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသား ၄၉ ဦး) ကို ကယ်ထုတ်ခဲ့ကြသည်။ CDF-Hakha တပ်ဖွဲ့မှ ကယ်ထုတ်သွားသော အကျဉ်းသားအများစုမှာ နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်သောပုဒ်မဖြင့် ဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသားများဖြစ်ကြပြီး ထိုအထဲမှာ စစ်ခုံရုံးက ထောင်ဒဏ်တသက်ချမှတ်ခဲ့သော ချင်းအမျိုးသမီး မဗျက်မွှေဆုန်နှင့် CDF တပ်ဖွဲ့ဝင် ၁၃ ဦးပါဝင်သည်ဟု CDF-Hakha ဥက္ကဌက ပြောသည်။ “မြို့သိမ်းစစ်ဆင်ရေး အကြိမ်ပေါင်း (၁၀၀) ကျော်လုပ်ခဲ့ပြီးပြီ စစ်ကောင်စီအင်အားနည်းအောင် ဆောင်ရွက်မယ်၊ ပြီးရင် အင်အားနည်းလာရင် ဟားခါးသိမ်းမယ်၊ နောက်ဆုံးက ဟားခါးမြို့သိမ်းစစ်ဆင်ရေးလုပ်ဖို့ အကောင်ထည်ဖော်နေတုန်းပေါ့ အဲ့ထဲက မြို့မရဲစခန်းသိမ်းပိုက်ရေးက တခုပါ။ အခု အကျဉ်းသားတွေအားလုံး ထွက်လာနိုင်ခဲ့တယ်၊ အခုတော့ သူတို့အားလုံး လုံခြုံတဲ့နေရာအကုန်ရောက်ပြီ၊ သူတို့ သွားချင်တဲ့နေရာကိုပေါ့” ဟု CDF-Hakha ဥက္ကဌက ပြောသည်။ မဗျက်မွှေဆုန်သည် CDF တပ်ဖွဲများအား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီက…

Read More

(006SV) ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းထားပြီး ကလေးငယ် ၃၀ ကျော်ကို ကျွေးမွေးပြုစုစောင့်ရှောက်ထားကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ ထံမှ သိရသည်။ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ ULA/AA အပါအဝင် မဟာမိတ်တပ်ပေါင်းစုက ဇွန်လအတွင်း ရက်ပေါင်း ၂၀ ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်စခန်းများမှ တောထဲသို့ ထွက်ပြေးခဲ့ရကြောင်း တပ်မဟာ – ၁ ဇူလိုင်လ ၂၀ ရက်က ထုတ်ပြန်သည်။ တောထဲသို့ ထွက်ပြေးစဉ်လမ်းခရီးတွင် ခရီးလမ်းကြမ်းတမ်းမှု၊ မိုးဒဏ် လေဒဏ်၊ အစာငတ်ဒဏ် ခံစားခဲ့ကြရပြီး မိသားစုဝင်အားလုံး ဆုံးရှုံးသော ကလေးငယ်များလည်း ပါဝင်ကြောင်းသိရသည်။ အသက်မပြည့်သေးသည့် ကလေးငယ် ၃၀ ထဲတွင် အများစုမှာ ခြေလက် သဲဝဲစားမှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရပြီး ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့၏ ဆေးတပ်ဖွဲ့များက ဆေးဝါးကုသမှု ပေးအပ်နေဆဲဖြစ်ကြောင်း သိရသည်။ CDF – တပ်မဟာ ၁ ၏ ထုတ်ပြန်ချက်တွင် ဆေးဝါးကုသပေးနေသော ကလေးငယ် ၂ ဦးကို မေးမြန်းရာတွင် တောထဲ စစ်ဘေးရှောင်နေရစဉ်အတွင်း ၉ ရက်၊ ၁၀ ရက်ခန့် ထမင်းမစားခဲ့ရကြောင်း ဖြေဆိုထားကြသည်။ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့သည့် မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ အာရက္ခတပ်တော် (ULA/AA)၊ YDF နှင့် Yaw Army တို့က ပူးပေါင်း၍ ဇွန်လ…

Read More

ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းအနီးတွင်တည်ရှိသော မြို့မရဲစခန်းကို CDF-Hakha တပ်ဖွဲ့က ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ယနေ့မနက်ပိုင်း ၅ နာရီခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ အမျိုးသမီး ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်ခဲ့သည်ဟု CDF-Hakha က သတင်းထုတ်ပြန်လာသည်။ ယနေ့ ဇူလိုင်လ ၂၀ ရက်၊ နံနက် ၅ နာရီခွဲခန့်တွင် ရုန်းတောင်စစ်ဆင်ရေး (Operation Rung) အမည်ဖြင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် Chinland Defense Force – Hakha မှ ဟားခါးမြို့မရဲစခန်းကို စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။ ထိုရုန်းတောင်စစ်ဆင်ရေးတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ပြီး အကျဥ်းသား ၆၂ ဦး (အမျိုးသား ၄၉ ယောက်နှင့် အမျိုးသမီး ၁၃ ယောက်) တို့ကို ကယ်ထုတ်ခဲ့ကြသည်ဟု CDF-Hakha က ထုတ်ပြန်သည်။ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ဆုံးခန်းတိုင်အောင် ဆက်လက်တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်‌ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု CDF-Hakha က ထုတ်ပြန်သည်။ ရုန်းတောင်စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလက စတင်ဖော်ဆောင်ခဲ့ကြပြီး ရုန်းတောင်စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် စစ်အုပ်စုယန္တရားကို ထောက်ပံ့နေသူ ၁၀ ဦးတို့ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း CDF-Hakha ထံမှ သိရသည်။ CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကျန်ရှိနေသေးသော…

Read More

(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှတဆင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်သို့ အခြေခံစားသောက်ကုန်များ တင်သွင်းခွင့်ပိတ်ပင်မှုကို ဗဟိုလိုင်းလူငယ်များအသင်း (CYLA) က ယမန်နေ့ညကစ၍ ပြန်လည်ခွင့်ပြုလိုက်ပြီး စက်သုံးဆီများကိုမူ တင်းကြပ်စွာ ဆက်လက်ပိတ်ပင်ထားသည်ဟု သိရသည်။ လောင်တလိုင်ခရိုင်မှတဆင့် မြန်မာနိုင်ငံဘက်သို့ စက်သုံးဆီတင်သွင်းမှုကို လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁၆ ရက်နေ့က တရားဝင်ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်လိုက်ပြီးသည့်နောက် ၂ ရက်အကြာ ဇူလိုင်လ ၁၈ ရက်ညကစ၍ အခြေခံစားသောက်ကုန်များ တင်သွင်းခွင့်ပိတ်ပင်မှုကို CYLA က ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု The Lawng tlai Post က ဖော်ပြသည်။ အခြေခံစားသောက်ကုန်များအား မြန်မာဘက်သို့ တင်သွင်းပြုလိုက်ပြီဖြစ်သော်လည်း စက်သုံးဆီများ တင်သွင်းခွင့်ကိုမူ တင်းကြပ်စွာဆက်လက်ပိတ်ပင်သွားမည်ဖြစ်ပြီး စစ်ဆေးရေးဂိတ်များကိုလည်း ဆက်လက်ထားရှိသွားမည်ဟု CYLA က ဆိုသည်။ လောင်တလိုင်ခရိုင်မှတဆင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်သို့ ကုန်ပစ္စည်းနှင့် စက်သုံးဆီများ တင်သွင်းမှုများသည် အာရက္ခတပ်တော် AA က ချင်းလူမျိုးများအား ပစ်ခတ်တိုက်ခိုက်ရာမှာ အင်အားတည်ဆောက်ရေးနှင့် ရိက္ခာအဖြစ် အသုံးပြုနေသည့်အတွက်ဟုဆိုကာ ဇွန်လ ၂၄ ရက်နေ့ကစ၍ CYLA က ပိတ်ပင်ထားခြင်းဖြစ်သည်။ ယခုအခါ မြန်မာဘက်သို့ စားသောက်ကုန်များတင်သွင်းခွင့်ပြုပြီဖြစ်သည့်အတွက် လောင်တလိုင်မြို့ဈေးထဲတွင် မြန်မာဘက်ကို စားသောက်ကုန်များပို့မည့် ကုန်တင်ကားအမြောက်အများဖြင့် စည်ကားနေသည်ဟု သိရသည်။ အခြေခံစားသောက်ကုန်များကို လောင်တလိုင်မြို့မှတဆင့် Hruitezawl နှင့် Zochachhuah ဘက်သို့ပို့ဆောင်ကာ ထိုမှတဆင့် Chhimtuipui ကုလားတန်မြစ်အတိုင်း စက်လှေများဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲသို့ သယ်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

Read More