Author: Editor

(006SV) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် ကလေးငယ် ၁၁ ဦးအပါအဝင် အရပ်သား ၁၉ ဦးကို စစ်ကောင်စီက ဆေးဝါးကုသခွင့် ပိတ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ဇန်နဝါရီလ ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူများက ပြောသည်။ “စစ်ကောင်စီက ဒဏ်ရာ ရသူတွေကို မြို့ထဲကို အဝင်မခံဘူး။ ခိုးပြီးတော့ တိတ်တိတ်ဝင်မှာ ကြောက်လို့လည်း မြို့ထဲက ပုဂ္ဂလိက ဆေးရုံးဆေးခန်းတွေကို ရှောင်တခင် ဝင်စစ်တယ်။ ကနန်ရွာက လာတဲ့ လူတွေကို ဘယ်သူမှ ကုသခွင့် မပေး ရဘူး။ ပိတ်ပင်ထားတာပါ။ ကျမတို့က မဖြစ်ဖြစ်တဲ့ နည်းလမ်းနဲ့ ဒဏ်ရာ ရထားတဲ့ လူတွေကိုဆေးဝါးကုသမှု ပေးနေ ပါတယ်။ ဘယ်နေရာမှာ ဘယ်သူတွေဆိုတာ လုံခြုံရေးအရ ထုတ်ဖော်ပြောကြားလို့ မရပါဘူး” ဟု Mobile Medical Team – West Division ၏ တာဝန်ခံဆရာမ ဒေါ်ရတီအုန်းက ပြောသည်။ တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီး ကလေး-တမူးကားလမ်းမပေါ်ရှိ ကနန်ကျေရွာ၏ အ.ထ.က ကျောင်းခွဲနှင့် St. Peter ဘုရားကျောင်းအနီးကို ဘုရားကျောင်းတက်ချိန်မှာ ဇန်နဝါရီလ ၇ ရက်က စစ်ကောင်စီက A- 5 တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် (တစ်ကြိမ်လျှင် ဗုံးနှစ်လုံး) ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယင်းတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် ကလေးသူငယ် ၉ ဦးအပါအဝင် အရပ်သားပြည်သူ ၁၇…

Read More

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် စစ်ကောင်စီခေါင်းဆောင်၊ အပစ်ရပ် တိုင်းရင်သား ၇ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံရေးအရ ထူးထူးထွေထွေ မျှော်လင့်စရာမရှိကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “အထူးသံတမန်အနေနဲ့ တွေ့ဆုံတာက သူ့တာဝန်ပေါ့လေ၊၊ စကစနဲ့လည်း တွေ့တယ်လို့ သိရတယ်။ အာဆီယံရဲ့ မူ ၅ ချက် အကောင်အထည်ဖော်ဖို့ဆိုရင် ဒုံရင်းပဲဖြစ်မှာပါ။ နိုင်ငံရေးအရ ထူးထူးထွေထွေ မျှော်လင့်စရာ မရှိလောက်ဘူးလို့ပဲ မှတ်ချက်ပြုချင်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ ကုလသမဂ္ဂဆိုင်ရာ လာအိုသံအမတ်ဟောင်းလည်းဖြစ်ပြီး အာဆီယံအထူးသံတမန်လည်းဖြစ်သူ Mr. Alounkeo Kittikhoun သည် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့၊ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် နေပြည်တော်တွင် ဇန်နဝါရီ ၁၀ ရက်နေ့က သီးခြားတွေ့ဆုံခဲ့သည်ဟု သိရသည်။ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ထဲက ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့သည် အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့ခြင်း မရှိပေ။ ဆလိုင်းထက်နီက “စကစ အနေနဲ့ အာဆီယံမူတွေ လိုက်နာနိုင်အောင် အပစ်ရပ် ၇ ဖွဲ့ကနေ တွန်းနိုင်မှာမဟုတ်ဘူး။ အာဆီယံကိုယ်တိုင်ကလည်း ကြိုးစားခဲ့တာ ဘာမှအရာထင်ခဲ့တာမဟုတ်ဘူး၊၊ ဒီနေ့နိုင်ငံရေး ပဋိပက္ခကြီးက အင်မတန် ကျယ်ပြန့်နေပြီး စကစရော အပစ်ရပ်…

Read More

(006SV) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ချင်းပြည်နယ်မှ စစ်ကောင်စီတပ်သား (၃) ဦး လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်ရောက်ပြီး ငွေကျပ်သိန်း (၂၀၀) ကျော် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁၁ ရက်က ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးသည် MA1 ရိုင်ဖယ် (၁) လက်၊ MA3 ရိုင်ဖယ် (၁)လက်၊ လက်ပစ်ဗုံး (၆) လုံး၊ ကျည်ဘောက် (၆) ခု၊ အီနာဂါ (၄) ဖူး၊ ကျည်ဆံ (၄၉၀) တောင့်တို့ကို သယ်ဆောင်ကာ အလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့က သတင်းထုတ်ပြန်သည်။ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့မှ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးကို တစ်ဦးလျှင် ငွေကျပ် (၇၀) သိန်းစီဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၂၁၀ တို့ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ပုလဲမြို့နယ် လူသားစာနာတာဝန်ခံမှလည်း ငွေကျပ် ၁ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့သည်ဟု သိရသည်။ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် ချင်းပြည်နယ်မှ စစ်ကောင်စီ၏ မည်သည့်တပ်ရင်းများမှဖြစ်သည်ကို ပုလဲမြို့နယ်ပအဖက ထုတ်ပြန်ထားခြင်းမရှိပေ။

Read More

(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန် – ရိခေါဒါရ်ကားလမ်းမပေါ် လိုင်သွီးကျေးရွာအနီးတွင် ချင်းအမျိုးသားတပ်ဦး CNF/ CNA နှင့် ZRA တို့ ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ၁ နာရီခန့်မှာ လိုင်သွီးကျေးရွာအနီးတွင် ZRA (Zomi Revolutionary Army) မှ CNF/CNA တပ်ဖွဲ့က နယ်မြေလုံခြုံရေးအတွက် သွားလာမှုဆောင်ရွက်နေချိန်မှာ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထို့နောက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ZRA မှ ဆုတ်ခွာထွက်ပြေးစဉ် လိုက်လံတိုက်ခိုက်ရာ ပစ္စည်းတချို့နှင့် အဝတ်အစားတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ “CNA က နယ်မြေလုံခြုံရေးသွားတဲ့အချိန်မှာ ZRA ကနေ Ambush လုပ်ပြီး ပစ်ကြတာပါ သူတို့နောက်ကို ဆက်လိုက်တာ အဝတ်အစားတချို့ သိမ်းခဲ့တာပါ အထိအခိုက်မရှိပါဘူး အနည်းငယ် ပစ်ခတ်ကြတာပါ” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ တိုက်ပွဲအတွင်း နှစ်ဖက်အဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်နီးပါးအတွင်း CNF/CNA၊ တွန်းဇံ – CDF အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တချို့နှင့် ZRA (Zomi Revolu tionary Army) သည် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးနှစ်ခြင်းအသင်းတော်ပိုင် မူကြိုကျောင်း ယနေ့မနက်ပိုင်းက မီးလောင်ပြာကျ သွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ခွဲဝန်းကျင်တွင် ဟားခါးနှစ်ခြင်း အသင်းတော်ပိုင် မူကြိုစာသင်ကျောင်း မီးလောင်ခဲ့ရာ မီးသတ်ကားမရောက်လာမှီ နာရီတစ်ချက်အတွင်း ပြာကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “မနက်အစောက စလောင်တာပေါ့၊ မီးသတ်ကားကတော့ ၊၆ နာရီကျော်လောက်မှာ ရောက်လာတယ် အဲချိန် အိမ်က အကုန် ပြကျသွားလုနီးပါးဖြစ်ပြီ နောက်ပြီး ဘေးအိမ်က ပြတင်းပေါက်တွေပျက်ဆီးနေပြီ အဲအိမ်ကိုတော့ မီးဆက်မလောင်သွား အောင် တားပေးနိုင်ခဲ့တယ်” ဟု မျက်မြင် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ယခုလောင်ကျွမ်းသည့် အဆောက်အအုံတွင် အစောင့်များနေထိုင်ပြီး လူထိခိုက်‌ေသဆုံးမှု မရှိသလို ၎င်းတို့၏ ပစ္စည်း အချို့ ဆယ်ထုတ်နိုင်ခဲ့သော်လည်း ကျန်ပစ္စည်းများအားလုံး မီးထဲပါသွားသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။ မီးလောင်ရသည့်အကြောင်းအရင်းကို မသိရသေးသော်လည်း လျှပ်စစ်မီးမှ စတင်လောင်ကျွမ်းခြင်းဖြစ်နိုင်သည်ဟု မျက်မြင် ဒေသခံများက ယူဆကြသည်။ မီးလောင်ကျွမ်းသွားခဲ့သည့် မူကြိုကျောင်းသည် ပျဉ်ထောင် နှစ်ထပ်အိမ်ဖြစ်ပြီး မကြာမှီ ပြန်လည်ပြုပြင်ရန် ပြင်ဆင်‌ေနဆဲဟုလည်း သိရသည်။ Photo Crd

Read More

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရသည့် ထန်းတပင်ကျေးရွာက ဒေသခံများသည် ယနေ့ချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ အန္ဒိယ- မြန်မာနယ်စပ်ဘက်တွင် တဲထိုးနေထိုင်ကြရသည်ဟု ဒေသခံ များက ပြောသည်။ ထန်းတပင်ကျေးရွာခံ အမျိုးသမီးတစ်ဦးက “ပြန်မယ့်နေရာမှ မရှိတာ၊ အိမ်မှ မရှိကြတော့တာ၊ တဲထိုးပြီး နေကြတယ်။ သွပ်ပြားတွေ မီးလောင်တဲ့ မကောင်းတဲ့ဟာတွေလည်း သွားယူကြပြီး နယ်စပ်တွေမှာနေကြတာ၊ ရွာထဲဝင်ရင်လည်း ဘာမှနေလို့မရတာ ဘယ်မှာသွားနေမလဲ အိမ်တွေကနည်းနည်းပဲကျန်တာ” ဟု ပြောသည်။ လက်ရှိချိန်တွင်လည်း တမူးမြို့နယ်ဘက်တွင် စစ်ရေးအခြေအနေ မတည်ငြိမ်သေးတာကြောင့် ပြည်သူများ စိုးရိမ် ကြောက်ရွံပြီး နေရပ်ပြန်၍ နေအိမ်များ ပြုပြင်ခြင်းများ လုပ်ဆောင်ရန် ခက်ခဲနေသဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်တွင် အဆင်ပြေသလို နေထိုင်ကြရသည်ဟု ၎င်းက ဆက်ပြောသည်။ ရွာခံတချို့မှာလည်း တမူးမြို့ပေါ်နှင့် တခြားကျေးရွာရှိ ဆွေမျိုးများထံ ခိုလှုံနေကြရသည်ဟု သိရသည်။ ချင်းလူမျိုးအများစုနေထိုင်သည့် ထန်းတပင်ကျေးရွာသည် ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာပြီး ပြည်သူအားလုံးကို ဘောလုံးကွင်းထဲသို့ ခေါ်ဆောင်ကာ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ထန်းတပင်ကျေးရွာခံ ပြည်သူများသည် အဝတ်တထည်ကိုယ်တခုဖြင့် တမူးမြို့ပေါ်နှင့် နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးခဲ့ကြရပြီး အဝတ်အထည်၊ တာလပတ်မိုးကာ၊ ဆန်၊ ဆီ၊ ဆား အပါအဝင် ဆေးဝါးများ အကူအညီ လိုအပ်နေသည်ဟု စစ်ရှောင်သူများထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့က အိမ်ခြေ ၃၀၀…

Read More

၂၀၂၄ ခုနှစ်တွင် ချင်းအင်အားစုများ ရင်ဆိုင်ဖြတ်ကျော်ရမည့် စိန်ခေါ်မှုများနှင့် လက်ရှိ ချင်းပြည် နိုင်ငံရေး အခင်းအကျင်းနှင့်ပတ်သတ်ပြီး ချင်းလဲန်းကောင်စီ တွဲဖက်အတွင်းရေးမှူး – ၁၊ CNF-CAN ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက်။ ခုခံတော်လှန်စစ်အားကောင်းသည့် ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး-CNF နှင့် ချင်းတော်လှန်ရေး အင်အားစုများသည် ၂၀၂၃ ခုနှစ် စစ်ရေးကဏ္ဏတွင် “၁၀၂၇ စစ်ဆင်ရေး” အရှိန်အဟုန်ဖြင့် ချင်းတောင်တွင် ခုခံစစ်မှ ထိုးစစ်အသွင်ကို ချေးမှုန်းစစ်အထိ ပြောင်းလဲနိုင်ခဲ့ပြီး မြို့နှင့် စစ်စခန်းတချို့ကို သိမ်းနိုင်ခဲ့သည်။ နိုင်ငံရေးကဏ္ဏတွင် ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ၊ ချင်းလဲန်းကောင်စီတို့ကို့ အတည်ပြုဖွဲ့စည်းနိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရား၏ အခြေခံအုပ်မြစ်များကို ချမှတ်နိုင်သည်အထိ အောင်မြင်မှုများ ရှိခဲ့သည်။ ယခု ၂၀၂၄ ခုနှစ်သည် ချင်းလူမျိုးများ ကိုယ်တိုင်ပြဌာန်း၍ ချင်းပြည်နယ်တွင် ချင်းလူမျိုးများက ကိုယ်ပိုင်အုပ်ချုပ်ရေးကို စတင်တော့မည် ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ချင်းအင်အားစုများ ရင်ဆိုင်ဖြတ်ကျော်ရမည့် စိန်ခေါ်မှုများနှင့် လက်ရှိ ချင်းပြည် နိုင်ငံရေးအခင်းအကျင်း၊ သဘောထားကွဲလွဲမှုများအကြောင်းနှင့် ပတ်သတ်ပြီး ချင်းလဲန်းကောင်စီ တွဲဖက်အတွင်းရေးမှူး – ၁ ၊ CNF-CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ ၂၀၂၃ ခုနှစ်မှာ CNF-CNA နဲ့ ချင်းတော်လှန်ရေး အင်အားစုတွေက ဘယ်လိုမျိုးအောင်မြင်မူတွေရခဲ့ပါလဲ။ ပြီးတော့ သတ်မှတ်ထားတဲ့ စစ်ရေးနဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ဘယ်လောက်အတိုင်းအတာအထိ ပြည့်မှီစွာ အကောင်ထည်ဖော်နိုင်ခဲ့ပါလဲ။ ဖြေ။ ။ ၂၀၂၃ ကတော့ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကနေ အမြဲတမ်း…

Read More

(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် ဆန်ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အလွန်ခက်ခဲမှုနှင့် ရင်ဆိုင်နေကြရသည်ဟု မတူပီမြို့ ဒေသခံများထံမှ သိရသည်။ မတူပီမြို့ခံတစ်ဦးက “အခုမတူပီက စားဝတ်နေရေးက တော်တော်ဆိုးတယ်၊ စားစရာလုံးဝမရှိဘူး အဲ့ဒီအခြေနေရှိ တယ်။ သူတို့က ဖြတ်(၄) ဖြတ်နဲ့လုပ်တာဆိုတော့ ဖုန်းလိုင်းက ဆက်လို့ရတယ်ဆိုပေမယ့်တခြား ဆန်၊ ဆီ၊ဆား၊ ငပိတွေကတော့ လုံးဝမရောက်လာနိုင်ဘူး” ဟု ပြောသည်။ ယခုလက်ရှိ မတူပီမြို့ပေါ်တွင် ဆန်တအိတ်ကျပ် တစ်သိန်းရှစ်သောင်းခန့်ရှိနေပြီး ၀ယ်ယူရန်ပင်မရှိသလောက် ရှားပါးပြတ်လပ်နေပြီဟု ဒေသခံကပြောသည်။ မတူပီမြို့ပေါ်တွင် လွန်ခဲ့သည့် ၃ လခန့်ကတည်းက စစ်ကောင်စီက ကုန်တင်ကားအ၀◌င်အထွက်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ မတူပီမြို့မိမြို့ဖများက စစ်ကောင်စီတပ်ဖွဲ့ထံ ကုန်တင်ကားများ၀◌င်ထွက်သွားလာခွင့်ပြုရန် သွားရောက် တောင်းဆိုကာ ခွင့်ပြုသော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က မင်းတပ်-မတူပီလမ်းပိုင်းတွင် ပိတ်ထားသည့်အတွက် ဆန်သည် ကားများ မရောက်လာနိုင်သောကြောင့် အလွန်ခက်ခဲနေကြသည်ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။ မတူပီမြို့က မြို့မိမြို့ဖနှင့် နီးစပ်သည့် ပြည်သူတစ်ဦးက ”စစ်ကောင်စီထံ အကူအညီတောင်းပြီး ချောချော ချုချုသွားဖို့ ဝင်ထွက်သွားလို့ရအောင်အကူအညီတောင်းထားတယ်။ အခုက လူငယ် CDF တွေက မင်းတပ်ဘက်ကနေ ဆန်သယ်တဲ့ ကားတွေကို (၈၄) မိုင်မှာ အကုန်လုံးချခိုင်းတယ်” ဟု ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF-Matupi ကို ဆက်သွယ်ရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရခဲ့ပေ။ လက်ရှိတွင် မတူပီမြို့ပြည်သူများသည် ပြည်မဖက်မှ ဝင်လာသည့်ကုန်ကားများမရှိသောကြောင့် မြို့အနီးအနား ကျေးရွာ ဖက်မှ ဝင်လာသည့် တောင်ယာဆန်များကို ဝယ်ယူကြပြီး ယခင် ဆန်(၁)ပုံးတွင် ငွေကျပ် ၄၀၀၀၀ ခန့်ရှိသော်လည်း ယခုတွင်ငွေကျပ် ၇၀,၀၀၀…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော် AA တို့ ယမန်နေ့က တစ်နေ့လုံး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ရုပ်အလောင်းအများအပြားနှင့် လက်နက်ခဲယမ်းများစွာကို ထပ်မံသိမ်းဆည်းရမိသည်ဟု ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။ ပလက်ဝမြို့နယ်ကို စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်လာရန် ကျန်ရှိနေသော စစ်ကောင်စီတပ် စခန်းများကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေး ဆက်လက်တိုက်ခိုက်လျက်ရှိသည်ဟု ရက္ခိုင်တပ်တော်က ဇန်နဝါရီလ ၉ ရက်က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီကလည်း လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။ ပလက်ဝမြို့ပေါ်နှင့် မြို့ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို ဆက်လက်သိမ်းဆည်းရမိနေသည်ဟု သိရသည်။ ထို့အပြင် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်အစပ်တွင် ရှိနေသည့် စစ်ကောင်စီ၏ မီးဝဗျူဟာကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရန် တစ်ပြိုက်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ရက္ခိုင်တပ်တော်က ဆိုသည်။ ဇန်နဝါရီလ ၉ ရက်က ပလက်ဝမြို့တိုက်ပွဲများတွင် အထိနာသော စစ်ကောင်စီတပ်သည် ပလက်ဝမြို့တစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာတွင် မီးဝကျေးရွာမှ သက်ကြီးပိုင်းအမျိုးသမီး (၁) ဦး သေဆုံးပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ ရက္ခိုင်တပ်တော် AA သည် ပလက်ဝမြို့နယ်တွင် ခလရ – ၂၈၉ ပလက်ဝဗျူဟာကုန်းအပါအဝင် ခြေလျင်နှင့် ခြေမြန်တပ်ရင်း ၈ ခုကို ဇန်နဝါရီလ ၁ ရက်မှ စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ ရဲစခန်း၊ စစ်စခန်းများနှင့် ဗျူဟာကုန်းများ စုစုပေါင်း…

Read More

(006SV) စစ်ကောင်စီက မတရားဖမ်းဆီးထားသော သတင်းသမား ၅၀ ကျော် အားလုံးကို ခြွင်းချက် မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ယနေ့မှာ တောင်းဆိုလိုက်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီသည် တစ်နိုင်ငံလုံးရှိ အကျဉ်းသား/သူ ၉၆၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုရာတွင် သတင်းမီဒီယာသမားများဖြစ်သော ကိုကောင်းဆက်လင်း (MPA)၊ ကိုထွန်းသန်းအောင်နှင့် ကိုတိုးအောင် (မဲခေါင်သတင်းဌာန၊ သတင်းထောက်ဟောင်း) တို့ သုံးဦး ပါဝင်ခဲ့သည်။ စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ စစ်ကောင်စီဖမ်းဆီးခဲ့သော သတင်းသမား ၁၇၀ ဦး ရှိသည့်အနက် ၁၁၈ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး သတင်းသမား ၅၂ ဦးမှာ အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ်ကျခံနေရဆဲဖြစ်သည်ဟု IPCM ဇန်နဝါရီလ ၁၀ ရက်မှာ ထုတ်ပြန်သည်။ သတင်းသမားများသည် တည်ဆဲဥပဒေများ၊ နိုင်ငံတကာဥပဒေများ၊ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ပြည်သူတို့ သတင်းရယူသိရှိပိုင်ခွင့်ကို တရားဝင် လုပ်ဆောင်ပေးခြင်းသာဖြစ်သည်ဟု IPCM က ဆိုသည်။ လွတ်လပ်စွာ သတင်းရယူတင်ဆက်ခြင်းကို ဟန့်တားမှုဖြစ်စေသည့် မည်သည့် တားဆီးနှောက်ယှက်မှု၊ ဖမ်းဆီးထောင်ချမှုများ အားလုံးကို IPCM က ပြင်းထန်စွာရှုံ့ချသည်ဟု ထုတ်ပြန်သည်။ ဖမ်းဆီးခံသတင်းသမားများ အမြန်ဆုံးလွတ်မြောက်ရေးနှင့် တရားဝင် မီဒီယာလုပ်ငန်းများ ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရေးတို့ကို အဓိက ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဟု IPCM က ထုတ်ပြန်သည်။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar-IPCM) ကို ပြည်တွင်း/ပြည်ပရှိ…

Read More