Author: Editor

ရေးသူ – Salai Vakok အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်သူတွေနဲ့ စည်းကာနေလေ့ရှိတဲ့ ကာစင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဟာ ဒီတစ်ပတ်မှာလည်း လူသူကင်းမဲ့နေပါတယ်။ ဝတ်ပြုဆုတောင်းသံတွေလည်း အရင်လို ဝေဝေဆာဆာ မကြားရတော့ပါ။ ချင်းပြည်မြောက်ပိုင်း၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ထဲက အသင်းသူ၊ အသင်းသားအများဆုံးရှိတဲ့ ကာစင်နှစ်ခြင်း အသင်းတော်ရဲ့ အဖွဲ့ဝင်တွေဟာ တခြားရပ်ကွက်က ဘုရားကျောင်းတွေမှာ အပတ်စဉ် ဘုရားကျောင်း သွားတက်နေရပါတယ်။ ဘုရားကျောင်းတွေမှာ “လူငါးဦးထက် မစုဖို့” ၊ “ဘုရားကျောင်းတွေ အားလုံးကို ပိတ်ထားဖို့” လွန်ခဲ့တဲ့ ၂ လခန့်က စစ်ကောင်စီဟာ မြို့သစ်ရပ်ကွက်ကို အမိန့်ထုတ်ပြန်ထားတာကြောင့်ပါ။ ဒီအမိန့်က ကာစင်နှစ်ခြင်းအသင်းတော်ကိုပဲ သက်ရောက်မှုရှိတာ မဟုတ်ပါ၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ထဲက ဘုရာကျောင်း ၁၄ ကျောင်းအားလုံးဟာ ဘုရားကျောင်းဝတ်ပြုမှု အပိတ်ခံထားရပါတယ်။ အသင်းသူ/သားတွေ ဝတ်မပြုနိုင်ဘဲ လုံးဝပိတ်ထားတဲ့ ဘုရားကျောင်းတွေ ရှိသလို တချို့ဘုရားကျောင်းတွေက လုံးဝမပိတ် ထားချင်လို့ အသင်းတော်ရဲ့ သင်းအုပ်ဆရာတော် ၂ ဦး၊ ၃ ဦးနဲ့ အပတ်စဉ်ဝတ်ပြုမှုကိုလည်း မြင်တွေ့ရပါတယ်။ “ငါးဦးထက် ပိုမစုရ၊ ဝတ်မပြုရ ထုတ်ထားတော့ တကယ်တမ်းဆိုရင် ဘာသာရေးကို ပိတ်ပင်တာပေါ့နော်။ ဘာသာရေးကိစ္စနဲ့ပတ်သက်လို့ လွတ်လပ်မှု မရှိဘူး။ အခုထိ မဖွင့်ပေးသေးဘူး” လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။ ကာစင်နှစ်ခြင်းအသင်းတော်၊ Bethel ဘုရားကျောင်း၊ မြန်မာမိတ်သဟာရ အသင်းတော်၊ ရိုမန်ကတ်သလစ် ဘုရားကျောင်း၊ ခရစ်တော် ယုံကြည်သူများ အသင်းတော်ရဲ့ကျောင်း (၄) ကျောင်း စတဲ့ ဘုရားကျောင်း ၁၄ ကျောင်း…

Read More

ဆလိုင်း တင်မောင်ဦးသည် ၁၉၅၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် ချင်းတိုင်းရင်းသားများဖြစ်ကြ‌သော အဖ ဦးလှဒင် (သံတွဲ-ရခိုင်ပြည်နယ်ဇာတိ) နှင့် အမိ ဒေါ်နှင်းမြိုင် (တောင်ကုတ်-ရခိုင်ပြည်နယ်ဇာတိ) တို့မှ တောင်ငူမြို့‌တွင်မွေးဖွားသော သား/သမီးများအနက် အကြီးဆုံး‌သားဖြစ်သည်။ ဆလိုင်းတင်မောင်ဦးသည် ငယ်စဉ်ကတည်းကပင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် အဒေါ်နှင့်အတူ နေထိုင်ကြီးပြင်လာခဲ့သူသည်။ ဆလိုင်းတင်မောင်ဦးသည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် အသက် (၁၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၆၇ ခုနှစ် အသက် (၁၆) နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းကို အောင်မြင်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် အားကစားရေးရာ၌ ထူးချွန်သည်သာမက အနုပညာ၌လည်း တယောကို ကောင်းစွာတီးတတ်သူတစ်ဦးဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှုများ ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ခုနစ် အသက် (၁၈) နှစ်တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးလှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ ဆလိုင်းတင်မောင်ဦး၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ ၁၉၆၉ ခုနှစ် ၅ ကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲ‌ ကျောင်းသားလှုရှားမှု၊ ၁၉၇၀ ခုနှစ် ရန်ကုန်တက္ကသိုလ် ရွေရတုအရေးအခင်း ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ခုနစ် ကျောင်းသား/အလုပ်သမားအရေးအခင်းလှုရှားမှု၊ ၁၉၇၂ ခုနှစ် အလုပ်သမားအရေးအခင်းလှုပ်ရှားမှု၊ ၁၉၇၃ ခုနစ် ဦးသန့်အရေးအခင်းလှုပ်ရှားမှု၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးအခင်းလှုပ်ရှားမှုများတွင် ရှေ့တန်းမှ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ၁၉၇၂ ရန်ကုန်တက္ကသိုလ် ရွေရတုအရေးအခင်း၊ ကျောင်းသားလှုပ်ရှားမှုတွင်လည်း တတ်ကြွစွာပါဝင်ခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ခြင်းခံခဲ့ရသည်။ သို့ရာတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုအချိန် ၁၉၇၄ ခုနှစ် ဇန်နဝါရီလ…

Read More

(004SS) အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်အား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဖြင့် တိုင်ကြားချက်နှင့် ပါတ်သက်ပြီး တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။ ယခုတွင် အဆိုပါတိုင်ကြားခံရသူအား စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိပြီး ဌာနတွင်း ကြားနာစစ်ဆေးမှု ပြုလုပ် နေစဉ်ကာလအတွင်း ဆလိုင်းအိုက်ဇက်ခင်အား တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ အဆိုပါ ဌာနတွင်းကြားနာစစ်ဆေးမှုအစီရင်ခံစာနှင့် ဆက်စပ်စာရွက်စာတမ်းများကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်း ဆိုင်ရာ အကာကွယ်ပေးရေး မူဝါဒ PSHEA ဗဟိုကော်မတီသို့ လွှဲပြောင်းပေးပြီဖြစ်သည်ဟုသိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါအမှုကိစ္စနှင့်ပါတ်သက်၍ PSHEA ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးချက်ထုတ်ပြန်ထားသည်။ ဆလိုင်းအိုက်ဇင်ခင်သည် NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယကိုယ်စားလှယ်ရုံး အတွင်းရေးမှူးအဖြစ် ၁၀ လကြာ တာဝန် ထမ်းဆောင်ခဲ့သော CDM ချင်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေမှုများ ကျူးလွန်းခဲ့ ကြောင်း သက်သေ အချက်အလက်များနှင့်တကွ ကာယကံရှင်အမျိုးသမီးက NUG နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့ ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆလိုင်းအိုက်ဇက်ခင်ကတော့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမပြုခဲ့ကြောင်း ငြင်းဆိုထားသည်။ အဆိုပါ တိုင်ကြားမှုအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ PSHEA ဗဟိုကော်မတီသို့ ဇွန်လ ၂၁ ရက်နေ့တွင် လွှဲပြောင်း‌ေပးပြီးဖြစ်ကာ PSHEA မူဝါဒနှင့်အညီ စုံစမ်းစစ်ဆေးရေးအဖွဲ့အား ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းထားကြောင်းနှင့် စုံစမ်းစစ်ဆေးရေးအစီအစဉ်အား ဆက်လက်အကောင်အထည်ဖော်‌ေဆာင်ရွက်နေကြောင်း…

Read More

(006SV) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းအမျိုးသမီးအပေါ် ဌာနတွင်း လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေမှု ကျူးလွန်ခြင်းမရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်က ငြင်းဆိုလိုက်သည်။ “လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေမှု ကျူးလွန်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့ရုံးဟာ ၃/၄ ဦးနဲ့ နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းရတဲ့ ရုံးဖြစ်တော့ မိသားစုလိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တိုင်းတန်တဲ့ အမျိုးသမီး ရောက်လာတဲ့အခါမှာလည်း ရုံးကို မိသားစုသဖွယ် တည်ဆောက်တာ ဖြစ်ပါတယ်။ အားလုံးကလည်း လူမျိုး၊ ဘာသာ၊ ဒေသ၊ တော်လှန်ရေးခံယူချက် တူကြပါတယ်။ အဲဒါကြောင့် မိသားစုလိုပဲ နေခဲ့ကြပါတယ်။ အထူးသဖြင့် ကျနော်က အသက်အရွယ်က အကြီးဆုံးဖြစ်တော့ အဖေတစ်ယောက်လို၊ အခုတိုင်တန်းတဲ့ အမျိူးသမီးကို ကိုယ့်သားသမီးလို၊ ညီအစ်မလို သဘောထားပြီး ဂရုပြုခဲ့တာပဲ ရှိပါတယ်။ အဲဒီအတွက် လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုတာမျိုးဖြစ်ဖြစ်၊ ဒီထက် ကျယ်ပြန့်တာမျိုးဖြစ်ဖြစ် ဒီလိုစွပ်စွဲလာတဲ့ကိစ္စကို ကျနော် ငြင်းပယ်ပါတယ်” ဟု ဆလိုင်း အိုက်ဇက်ခင်က ပြောသည်။ ဆလိုင်းအိုက်ဇက်ခင်က Mizzima သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ ဆလိုင်းအိုက်ဇင်ခင်သည် NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယကိုယ်စားလှယ်ရုံး အတွင်းရေးမှူးအဖြစ် ၁၀ လကြာ တာဝန် ထမ်းဆောင်ခဲ့သော CDM ချင်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေမှုများ ကျူးလွန်းခဲ့ကြောင်း သက်သေ အချက်အလက်များနှင့်တကွ ကာယကံရှင်အမျိုးသမီးက NUG နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့ကြောင်း မေလ ၁၄ ရက်…

Read More

(006SV) ချင်းလဲန်းကောင်စီ (CC) နှင့် ချင်းညီနောင်အဖွဲ့ (CB) တို့ မတူပီမြို့သိမ်းစစ်ဆင်ရေးများကို အပြိုင်အဆိုင် ထိုးစစ်ဆင်နေချိန်တွင် ပလက်ဝမြို့ဘက်မှ ULA/ AA က အင်အား ၁၈၀ ခန့်ဖြင့် မတူပီမြို့သို့ စစ်ကြောင်းထိုးလာနေကြောင်း သတင်းရရှိသည်။ ဇွန်လ ၂၃ ရက်က ULA/AA ထိန်းချုပ်ထားသော ပလက်ဝမြို့နယ်ဘက်မှ AA တပ်ဖွဲ့ဝင် အင်အား ၁၈၀ ခန့်သည် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂၊ သတင်းနှင့် ပြန်ကြားရေးဌာနက ဇွန်လ ၂၄ ရက်က သတင်းထုတ်ပြန်သည်။ ထိုသို့ စစ်ကြောင်းထိုးလာသော CDF- မတူပီ၊ တပ်မဟာ – ၁ ဦးဆောင်သည့် AA ပူးပေါင်းတပ်ဖွဲ့မှ ဇွန်လ ၂၄ ရက် နေ့လယ် ၁၁ နာရီခန့်တွင် မတူပီမြို့နယ်၊ လေဆင်းကျေးရွာနေ ပြည်သူတစ်ဦး ဦးမင်းစိုးကို ပစ်ခတ်မှုကြောင့် ပေါင်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂၊ သတင်းနှင့် ပြန်ကြားရေးဌာနကထုတ်ပြန်သည်။ ယခုကဲ့သို့ ပြည်သူများအား ပစ်ခတ်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂ က ထုတ်ပြန်သည်။ ယင်းပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ CDF- မတူပီ၊ တပ်မဟာ – ၁ ကို ဆက်သွယ်နေသော်လည်း မရသေးပါ။

Read More

(006SV) ချင်းညီနောင်အနေဖြင့် နဂိုမူလ စစ်ဆင်ရေးရည်မှန်းချက်အတိုင်း မတူပီမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲလျှက်ရှိပြီး မတူပီမြို့ပေါ်က စစ်ကောင်စီ၏ ကာကင်းတချို့ကို သိမ်းပိုက်ထားပြီဟု ချင်းညီနောင်အဖွဲ့က ယနေ့ ဇွန်လ ၂၅ ရက်မှာ သတင်းထုတ်ပြန်သည်။ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေစဉ် ချင်းညီနောင်ပူးပေါင်း တပ်ဖွဲ့များနှင့် ချင်းလဲန်းကောင်စီလက်အောက်ခံတပ်တွေအကြား ထိတွေ့တိုက်ပွဲများ တစ်ပတ်ကြာ အပြင်းအထန်ဖြစ်ပွားမှုကြောင့် စစ်ဆင်ရေး နှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရသော်လည်း ဇွန်လ ၂၄ ရက် ညနေပိုင်းတွင် CNF/ CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်ဖွဲ့များကို မောင်းထုတ်နိုင်ခဲ့ပြီဟု ချင်းညီနောင်က ထုတ်ပြန်သည်။ ယခုအခါ နဂိုမူလ စစ်ရေးရည်မှန်းချက်အတိုင်း မြို့သိမ်းစစ်ဆင်ရေးဆက်လက်ဆင်နွှဲနေပြီး ခလရ – ၁၄၀ တပ်ရင်းနှင့် မတူပီ ဗျူဟာကုန်းများရှိ ကာကင်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ထား ပြီးဖြစ်ကာ မတူပီမြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်နယ် မြေဖြစ်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ချင်းညီနောင်ကဆိုသည်။ မတူပီမြို့သိမ်းတိုက်ပွဲကို CDF – မတူပီ တပ်မဟာ – ၁ အပါအဝင် ချင်းညီနောင်တပ်ဖွဲ့များနှင့်အတူ မကွေးအခြေစိုက် Yaw Army (YA) နှင့် အာရက္ခတပ်တော် (ULA/AA) က ပူးပေါင်းတိုက်ခိုက်နေကြကြောင်း သိရသည်။ ဇွန်လ ၉ ရက်နေ့က စတင်သော ချင်းညီနောင်စစ်ဆင်ရေးတွင် မတူပီမြို့ပေါ်ကို ဇွန်လ ၁၁ ရက်တွင် သိမ်းနိုင်ခဲ့ပြီး ဇွန်လ ၁၇ ရက်တွင် ခမရ ၃၀၄ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ၏ ခလရ -…

Read More

(002MG) စစ်ကိုင်းတိုင်း၊ တမူး- ခါမ်းပါတ်ကားလမ်းပိုင်းအား ၁ နှစ်ခန့်အကြာပိတ်ထားခဲ့ရာမှ ဇွန်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီက ကားလမ်းပြန်လည် ဖွင့်ပေးခဲ့သည်ဟု သိရသည်။ အဆိုပါ တမူး-ခမ်းပါတ် ကားလမ်းကို ၂၀၂၃ ခုနှစ် ဇွန်လပိုင်းတွင် တမူးမြို့နယ် ပန်းသာကျေးရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးအခြေအနေကြောင့်ဟုဆိုကာ ဖြတ်သန်းသွား လာခွင့်ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။ “လက်ရှိက ဖွင့်တာလဲမကြာသေးဘူးဆိုတော့ လူတွေတော့ အများကြီးမသွားသေးဘူး၊ ကားတွေက သွားတော့သွားပြီ၊ အခုက သူတို့ကဖွင့်တာ ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ဖွင့်တာလဲဆိုတာ စောင့်ကြည့်ရမှာ” ဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ လက်ရှိတွင် ခါမ်းပါတ်-တမူးကားလမ်းပိုင်းအသုံးပြုနိုင်သာ်လည်း ကလေး-ခါမ်းပါတ်လမ်းပိုင်းအား စစ်ကောင်စီက စခန်းကြီးကျေးရွာရဲစခန်းမှ ပိတ်ထားဆဲဖြစ်သည်ဟု သိရသည်။ ကလေး-ခါမ်းပါတ် ကားလမ်းပိုင်း ပိတ်ထားဆဲဖြစ်သောကြောင့် အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့၊ ခါမ်းပါတ်မြို့သို့ သွားလိုပါက ကလေးမြို့မှ ချင်းတောင်ကတဆင့် လက်ပံချောင်းဘက်ကူးကာ ရာဇဂြိုဟ်မှ ခါမ်းပါတ်သို့ ကွင်းလမ်းဖြင့် ခရီးသွားလာရပြီး ကားခမှာလည်း ၃ သိန်းကျော်ခန့်ရှိသည်ဟု သိရသည်။

Read More

(002MG) ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးထားရ်ရပ်ကွက် ခြောက်လမ်းစုံဂိတ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ယမန်နေ့ ဇွန်လ ၂၄ ရက်ညမှာ ပစ်ခတ်မူဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ပြည်သူနေအိမ်များကို ဓာတ်ဆီလောင်းမီးရှို့ခဲ့ပြီး နေအိမ် (၃) လုံး ပြာကျခဲ့သည်ဟု သိရသည်။ ဟားခါးမြို့ခံတဦးက “အဲ့ရပ်ကွက်မှာ ည ၂ နာရီမှာ စကစဖက်က တအိမ် ချင်းတက်ပြီးတော့ အိမ်တွေမီးရှို့တယ်၊ တချို့က လောင်ပေမယ့် ငြိမ်းသတ်နိုင်ကြတယ်။ (၃) အိမ်ကအ ကုန်လုံးပြာကျသွားတယ်အဲ့အိမ်တွေက လူရှိလား မရှိလား တော့မသိဘူး။ ဒါပေမယ့် တချို့ သူတို့ရှို့တဲ့အိမ်တွေက လူရှိတယ်၊ လူရှိရဲ့သားနဲ့ အကုန်လုံးဓာတ်ဆီနဲ့ အဝတ်ဆုတ်နဲ့ လောင်းပြီးမီးရှို့တာ၊ အဲ့ကလူတွေက အကုန်လောင်မှာစိုးလို့ ပြေးကြတယ်” ဟုပြောသည်။ စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မူကြောင့် ပြာကျသွားသော နေအိမ် (၃) လုံးမှာ ပျဉ်ထောင်အိမ်ကောင်းများဖြစ်ပြီး ကျန်နေအိမ်များမှာလည်း မီးလောင်ကျွမ်းမှုဖြစ်ပွားသော်လည်း စစ်ကောင်စီတပ်ဖွဲ့များ ပြန်သွားပြီးနောက်တွင် ရပ်ကွက်နေပြည်သူများက မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။ ယမန်နေ့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့အခြေစိုက်သောရုန်းတောင်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဟားခါးထာရ်ရပ်ကွက် နေအိမ်တလုံးပေါ်တွင် ကျရောက်ပေါက်ကာ နေအိမ်အတွင်းမှ အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

Read More

(005MK) အာရက္ခတပ်တော် (AA) က ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားမှုမရပ်တန့်သည့်အတွက်ဟုဆိုကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှတဆင့် ချင်းပြည်ကိုဖြတ်၍ ရခိုင်ပြည်နယ်ဘက်သို့ ကုန်ပစ္စည်း၊ လောင်စာဆီတင်သွင်းခွင့်များကို ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်း CYLA က ပိတ်ပင်လိုက်သည်။ မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာဘက်သို့ ကုန်ပစ္စည်းနှင့် လောင်စာဆီများတင်သွင်းမှုကို စနစ်တကျ လေ့လာစောင့်ကြည့်ရာမှာ ဒုက္ခရောက်နေကြသော ရခိုင်ပြည်သူများအတွက်သာဟု ယူဆခဲ့ကြသော်လည်း မိမိတို့ညီအကိုချင်းလူမျိုးများအား တိုက်ခိုက်ရာတွင် အသုံးပြုသည်သာမက အင်အားခိုင်မာလာစေရေး ရိက္ခာများအတွက်ပါ အသုံးပြုနေသည်ကို တွေ့ရှိရသည်ဟု Central Young Lai Association (CYLA) က ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ AA တပ်ဖွဲ့ထံ ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားခြင်းမပြုလုပ်ရန် အကြိမ်ကြိမ် တောင်ဆိုခဲ့ပြီးဖြစ်သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှုမရှိခဲ့ကြသည့်အပြင် မိမိတို့ပိုင်နက်နယ်မြေထဲတွင် လက်နက်များကိုင်ဆောင်ကာ ဝင်ရောက်လာကြသည်ဟု CYLA က ဆိုသည်။ ထို့ကြောင့် CYLA ဗဟိုအလုပ်အမှုဆောင်ကော်မတီဆုံးဖြတ်ချက်အရ ယနေ့ဇွန်လ ၂၄ ရက်ကစ၍ နောက်ထပ်တစ်စုံတစ်ရာ အမိန့်ထုတ်ပြန်မှုမရှိမချင်း မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံဘက်သို့ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းကို ပိတ်ပင်လိုက်သည်ဟု CYLA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခုကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်သူများနှင့် လောင်တလိုင်၊ ရှာဟာခရိုင် နယ်စပ်ဒေသတွင်နေထိုင်ကြသော ဒေသခံ ပြည်သူများအနေဖြင့်လည်း လေးစားလိုက်နာကြရန် CYLA ကတောင်းဆိုထားသည်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်၀မြို့ နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာပြည်မဘက်မှ လောင်စာဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်းမရှိသည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့်…

Read More

(004SS) ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်၊ ကလေး – တီးတိန် ကားလမ်းမပေါ်ရှိ သိုင်ငဲင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ရွာလုံးကျွတ်နီးပါး နေအိမ်များ မီးရှို့ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲများနှင့်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားကာ စစ်ရေးအခြေအနေ တင်းမာနေဆဲဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် သိုင်ငဲင်းတပ်စခန်းကို ပြန်လည်ထိန်းချုပ်ရန်အတွက် ကလေးမြို့နှင့် တီးတိန်မြို့တို့မှ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြပြီးနောက် ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းကစ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF CDM- Siyin တပ်ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုရှိကာ အထိနာသောကြောင့် ပြည်သူနေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF CDM-Siyin မှ ပြောရေးဆိုခွင့်ရှိ လျန်ဘွေကပြောသည်။ “စကစ တွေက သိုင်ငဲင်းကို မီးရှို့တယ်၊ ကျွန်တော်တို့ကတော့ အနီးကပ်သွားကြည့်ဖို့တော့ သိပ်အဆင် မပြေဘူး ပေါ့နော်၊ မြူတွေဆိုင်း၊ မိုးရွာလိုက်နဲ့ ဒရုန်းလွှတ်ပြီးကြည့်ဖို့လဲ အဆင်မပြေဘူးပေါ့၊ ဒါပေမဲ့ သိရသလောက် တော့ နေအိမ် ၃ လုံးလောက်ပဲ ကျန်တော့တယ်လို့ သိရတယ်၊ သူတို့ စစ်ကြောင်းထိုးလာတော့ သိုင်ငဲင်းအနီးမှာ ပစ်ခတ်မှုဖြစ်တယ် သူတို့အထိနာသွားတယ်၊ ပြီးရင် သိုင်ငဲင်းစခန်းကို ကျွန်တော်တို့ မိုင်းတွေ၊ ဗုံးတွေထောင်ထား ပြီးထားခဲ့တာ၊ အဲမှာလဲ သူတို့ဘက် ထိခိုက်သေဆုံးမှုရှိတယ် ဒါပေမဲ့အတိအကျတော့ ပြောဖို့ခက်တယ်ပေါ့နော် ဆိုတော့ အဲမှာ အထိနာတော့ ၂၀ ရက်နေ့မှာ ကျွန်တော်တို့ နားလေ့ရှိတဲ့ ဆောက်လုပ်ရေးအဆောက်အအုံကို မီးစရှို့တယ်၊ ၂၁ ရက်နေ့မှာ ပြည်သူနေအိမ်ကို ထပ်ရှို့တာပေါ့နော်” ဟု လျန်ဘွေကပြောသည်။ ကလေးမြို့မှ စစ်ကား ၃…

Read More