Author: Editor

(005MK) မြန်မာနိုင်ငံနှင့် နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုစနစ် Free Movement Regime (FMR) ကို ချက်ချင်းရပ်ဆိုင်းရန် အိန္ဒိယပြည်ထဲရေး၀န်ကြီးက ယနေ့ ပြောဆိုလိုက်သည်။ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးနှင့် အိန္ဒိယအရှေ့မြောက်ပြည်နယ်များ၏ လူဦးရေအနေအထားကို ထိန်းသိမ်းရန် မြန်မာနယ်စပ်ရှိ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုစနစ် (FMR) ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြပြီး ပြည်ပရေးရာဌာနကလည်း ယင်းကိစ္စအား စတင်ဆောင်ရွက်နေပြီဖြစ်သောကြောင့် FMR ကို ချက်ချင်းရပ်ဆိုင်းရန် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က ယနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် သူ၏လူမှုကွန်ယက်စာမျက်နှာကဆင့် ဖော်ပြလာခြင်းဖြစ်သည်။ “နိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေးနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်တွေရဲ့ လူဦးရေစာရင်းကို ထိန်းသိမ်းရန် အိန္ဒိယနှင့် မြန်မာနိုင်ငံကြား လွတ်လပ်သော လှုပ်ရှားမှုစနစ် (FMR) ကို ဖျက်သိမ်းရန် ပြည်ထဲရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။ ပြည်ပရေးရာဝန်ကြီးဌာနကလည်း လက်ရှိမှာ အဲဒီကိစ္စကို ဖျက်သိမ်းရန် လုပ်ဆောင်နေပြီး FMR ကို ချက်ချင်းရပ်ဆိုင်းဖို့ အကြံပြုထားပါတယ်’’ ဟု အိန္ဒိယ ပြည်ထဲရေး၀န်ကြီးက ပြောပါတယ်။ အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား လွတ်လပ်စွာ လှုပ်ရှားသွားလာမှုစနစ် Free Movement Regime အစီအစဉ်ကို ၁၉၇၀ ခုနှစ်များအတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့် ပြုထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့် ထိစပ်နေသော မီဇိုရမ်အပါအ၀င် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ…

Read More

(006SV) ချင်းပြည်နှင့် စစ်ကိုင်းတိုင်းက စစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲများတွင် လက်လုပ်ဗုံးနှင့် လက်နက်ကြီးများ ရာချီ အသုံးပြုတိုက်ခိုက်ခဲ့သည့် ချင်းတော်လှန်ရေးတပ်ဖွဲ့ CNDF မဟာဗျူဟာပရောဂျက်အဖွဲ့မှာ နည်းပညာနှင့် ဘဏ္ဍာငွေထောက်ပံ့မှုများ လိုအပ်နေကြောင်း အဖွဲ့ခေါင်းဆောင် ကိုဒီဒီက ပြောသည်။ “မတော်တဆမူတွေ နည်းပါးအောင် ယမ်းချက်တာပဲ ဖြစ်ဖြစ်၊ ဗုံးသီးစမ်းတာပဲ ဖြစ်ဖြစ်၊ အကာအကွယ်အတွက် လိုအပ်မယ့် ကျည်ကာတွေ ရှိမယ်။ နည်းပညာ‌တွေ ရှိမယ်။ စက်ပစ္စည်းကောင်းကောင်းလေးတွေ ဝယ်ဖို့အတွက် ဘတ်ဂျက်တွေ လိုအပ်တယ်။ ပစ္စည်းလေးတွေ ဝယ်နိုင်မယ်။ ထုတ်လုပ်ချင်တာကို ကောင်းကောင်းလေး ထုတ်လုပ်နိုင်မယ်ဆိုရင် စမ်းသပ်တဲ့အခါမှာလည်း လုံလုံခြုံခြုံနဲ့ စမ်းသပ်ရအောင် ကူညီထောက်ပံ့မှုတွေ လိုတယ်” လို့ CNDF ၊ မဟာဗျူဟာပရောဂျက်အဖွဲ့ ခေါင်းဆောင် ကိုဒီဒီက ပြောသည်။ CNDF ၊ မဟာဗျူဟာပရောဂျက်အဖွဲ့သည် လက်နက်ကြီး ၄၀ မမ၊ ၆၀ မမ၊ ၇၀ မမ များအပါအဝင် အီနာဂါဒရုန်းဗုံးနှင့် ဗုံးအမျိုး မျိုးတို့ကို ထုတ်လုပ်ထားပြီး ရှေ့တန်း စစ်စခန်းသိမ်းတိုက်ပွဲများတွင် အောင်မြင်စွာ အသုံးပြုထားကြောင်း သိရသည်။ ယခင်က လက်လုပ်ဗုံးနှင့် လက်နက်ကြီးများကိုသာ ထုတ်လုပ်နိုင်သော်လည်း လက်ရှိတွင် နည်းပညာပိုင်းများပါ ပိုမိုထည့်သွင်းပေါင်းစပ်၍ ထုတ်လုပ်လာနိုင်ကြောင်း အဖွဲ့ခေါင်းဆောင်က ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလက ဖလမ်းမြို့နယ်၊ ခလရ ၂၆၉ လက်အောက်ခံ သီးဘွာလ်စခန်းသိမ်းတိုက်ပွဲတွင် မဟာဗျူဟာပရောဂျက်အဖွဲ့၏ ဒရုန်းဗုံးသီး ၃၀၀ ခန့် စတင်သုံးစွဲ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ထိုအပြင် ဗားရ်စခန်းသိမ်းတိုက်ပွဲတွင်လည်း လက်နက်ကြီးဗုံးအလုံး ၅၀…

Read More

(005MK) မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့အစည်းများစုပေါင်းထားသော NGO Coordination Committee (NGOCC) က အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် (FMR) အား ဖျက်သိမ်းမည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ပြန်လည်သုံးသပ်ရန် တောင်းဆိုသွားမည်ဟု သိရသည်။ မီဇိုးလူငယ်များအသင်း (CYMA)၊ မီဇိုးကျောင်းသားများသမဂ္ဂ (MZP), (MSU)၊ မီဇိုးသက်ကြီးပုဂ္ဂိုလ်များအသင်း (MUP) နှင့် မီဇိုးအမျိုးသမီးများအသင်း (MHIP) စသည့် ၅ ဖွဲ့ဖြင့် စုဖွဲ့ထားသော NGOCC က နယ်စပ်အရေးနှင့်ပတ်သက်၍ ဖေဖော်၀ါရီလ ၆ ရ က်နေ့က MZP ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် အိန္ဒိယဗဟိုအစိုးရ၏ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် နယ်စပ်တဖက် တချက်စီလွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR ဖျက်သိမ်းမည့်အစီစဉ်တို့ကို ဆွေးနွေးခဲ့ကြပြီး အိန္ဒိယအစိုးရအနေဖြင့် ထိုအစီစဉ်များကို အကောင်ထည်ဖော်ဆောင်ရွက်ပါက မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော မျိုးနွယ်စုတူ ချင်း (ဇိုး) မျိုးနွယ်စုများနှင့် ရင်းနှီးစွာဆက်ဆံမှု၊ စည်းလုံးမှုပိုင်းကို ထိခိုက်စေနိုင်သည့်အတွက် ၎င်းတို့အနေဖြင့် မလိုလားကြောင်း NGOCC ဆိုသည်။ အဆိုပါအစီစဉ်သည် အိန္ဒိယနှင့် မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများအား ပိုင်းခြားစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုယူဆရကြောင်း၊ မိမိတို့ မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှုပြိုကွဲစေလာနိုင်သောကြောင့် ယင်းအစီစဉ်များကို ပြန်လည်ရုပ်သိမ်းနိုင်သည့်အထိ တိုက်တွန်းဆောင်ရွက်သွားမည်ဟု NGOCC က ဆိုသည်။ မကြာခင်ရက်ပိုင်းမှာလည်း အိန္ဒိယပြည်ထဲရေးဌာနထံ စာချွန်လွှာ (Memorandum) ပေးပို့ သွားမည်ဖြစ်ကြောင်း၊ မီဇိုရမ်ပြည်နယ်အစိုးရအပါအ၀င် အဆိုပါအစီစဉ်ကြောင့် သက်ရောက်မှုရှိနိုင်မည့် အိမ်နီးချင်း ပြည်နယ်များနှင့်လည်း လက်တွဲဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု NGOCC က ပြောသည်။ အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား…

Read More

ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင် သေဆုံးကြောင်း ဟားခါးမြို့ ဒေသခံများထံမှ သိရသည်။၎င်းသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်း ၂ နာရီဝန်းကျင်တွင် ရုတ်တရက် နှလုံးဖောက်ကာ သေဆုံးခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။“သူက သွေးတိုးရှိတယ်လို့ကြားတယ်၊ ပြောရရင်တော့ သူ့ကို လာသတ်မှာ ကြောက်လို့လဲပါမှာပေါ့၊  နှလုံးဖောက်ပြီး သေသွားတာလို့သိရတယ်။ သူ့ကို ဟားခါးမှာပဲ မီးသဂြိုလ်ေပးတယ်” ဟု ဟားခါးမြို့ ဒေသခံတစ်ဦးက ပြောသည်။ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ချင်းလူ့အခွင်းအရေးအဖွဲ့ CHRO မှ ၎င်းဗျူဟာမှူးသေဆုံးကြောင်း အတည်ပြုချက်ဖော်ပြသည်။ဗိုလ်မှူးကြီး ဟိဏ်းထက်အောင် ရုတ်တရက်သေဆုံးရခြင်းမှာ နှလုံးရောဂါကြောင့်ဖြစ်ပြီး စစ်ရှုံးသည့်ကိစ္စနဲ့ပက်သက်၍ အထက်နေပြည်တော်မှ ဖိအားပေးမှုများ ခံနေရခြင်းကြောင့် ဖြစ်နိုင်သည်ဟု CHRO ၏ ဖော်ပြချက်အရ သိရသည်။ဟားခါးမြို့ ဗျူဟာမှူး သေဆုံးသည့် ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ အများအပြားသည်  ဂန်ဂေါလမ်းတစ်လျှောက်တွင်  နေရာယူ ကင်းစောင့်နေကြကြောင်း ဒေသခံများက ပြောသည်။ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားခါးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း ပြောင်းရွှေ့သွားပြီးနောက် ၎င်းနေရာတွင် ဗိုလ်မှူးကြီး ဟိန်းထက်အောင် ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

Read More

(006SV) အိန္ဒိယ- မြန်မာနယ်စပ်၊ ချင်းပြည်မြောက်ပိုင်းက ရိခေါဒါရ်မြို့နှင့် ကျေးရွာပေါင်း ၃၀ ကျော်မှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို ချင်းပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်ထားပြီဖြစ်ကြောင်း သတင်းရရှိသည်။ “ရိခေါဒါရ်မြို့ပေါ်မှာက စည်းကမ်းထိန်းသိမ်းရေးတွေ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ခိုးဆိုးလုနှိုင်တွေ မရှိရလေအောင် အုပ်ချုပ်ရေးအဖွဲ့တွေက တာဝန်ယူနေတာဖြစ်ပါတယ်။ စည်ပင်သာယာရေးကိုလည်း စည်ပင်ဌာနနဲ့ ပေါင်းပြီးမှ လုပ်နေတာရှိတယ်။ မြို့မှာ ကောင်းကောင်းမွန်မွန် အုပ်ချုပ်ရေးကို လည်ပတ်နိုင်တယ်” ဟု CDF- ဟွာငိုရမ်မှ အထွေထွေအတွင်းရေးမှူးက ပြောသည်။ အမှတ် – ၂ အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်မှု အဆင်ပြေစေရေး၊ လူထုလုံခြုံရေးနှင့် ဒေသတည်ငြိမ်းရေးတို့ကို ရှေ့ရှု့ပြီး ရိခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးကို CNF/CN A နှင့် CDF – Hualngoram က ပူးတွဲ၍ အကောင်အထည်ဖော်ဆောင်နေကြောင်း သိရသည်။ ရိခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးတွင် အုပ်ချုပ်ရေး၊ စည်ပင်သာယာရေး၊ တရားစီရင်ရေး၊ ရဲဌာန၊ အခွန်ဌာနတို့ကို ဖွဲ့စည်းထားပြီး အခွန်ဌာနက ဈေးခွန်၊ သားသတ်ခွန်၊ ယစ်မူခွန် စသဖြင့် အခွန်ကောက်ခံမူများကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဟွာငိုရမ်းဒေသလုံးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ကျေးရွာပေါင်း ၅၆ ရွာကို လွှမ်းခြုံအောင် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းလျက်ရှိတွင် လက်ရှိတွင် ကျေးရွာပေါင်း ၃၀ ကျော်တွင် ဖွဲ့စည်းလည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။ ဟွာငိုရမ်းတရားစီရင်ရေးဘုတ်အဖွဲ့သည် ရဲဌာနက အမှုဖွင့်ထားသော မူယစ်ဆေးဝါးမူ ၆ မူ၊ မုဒိန်းမူ ၂ မူ၊ လူသတ်မူ ၂ မူနှင့် ခိုးဆိုးလုယက်မှု အများအပြားကို စီရင်ချက်ချထားပြီး…

Read More

(006SV) ချင်းပြည်တွင် ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်မှုဖြင့် လည်ပတ်သော ချင်းလန်းကောင်စီ၏ ချင်းပြည်အစိုးရအဖွဲ့နှင့် လွှတ်တော်သည် ရက် (၁၀၀) စီမံကိန်းကို ချမှတ်ပြီး စတင်အကောင်အထည်ဖော်နေပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။  ချင်းပြည်အစိုးရအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂ – ၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ရှေ့နေချုပ်အပါအဝင် ၁၄ ဦး တက်ရောက်ခဲ့ပြီး ချင်းပြည်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းကို ချမှတ်နိုင်ခဲ့ကြောင်း ချင်းပြည်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးက ပြောသည်။ “ပထမအနေနဲ့က ချင်းလဲန်းအစိုးရက အခုမှ တည်ဆောက်တာဖြစ်တယ်။ ရုံးယန္တရားလည်ပတ်နိုင်ရေး အတွက်ပေါ့၊ ကျန်တဲ့ အစိုးရတွေဆိုရင် ရေအသင့် ကြာအသင့်ပေါ့၊ ရုံးကိစ္စ၊ ဝန်ထမ်းကိစ္စယန္တရားက တည်ထောင်ပြီးသားဆိုတော့ ချက်ချင်းပဲ လုပ်ငန်းကို အကောင်အထည်ဖော်နိုင်တယ်။ ချင်းလဲန်းအစိုးရကတော့ အခုမှ တည်ဆောက်ကြမယ်ဆိုတော့ အဲဒီလိုအပ်တဲ့ ယန္တရားတွေကို လုပ်ဖို့ဖြစ်ပါတယ်” ဟု ဒေါက်တာ ရွှေခါးက ပြောသည်။ ချင်းပြည်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းတွင် ပထမဦးစားပေးအဖြစ် ချင်းအစိုးရယန္တရားများအတွက် ရုံးနှင့် ဝန်ထမ်းကိစ္စများကို ဆောင်ရွက်မည်ဖြစ်သည်။ ဒုတိယအချက်မှာ အုပ်ချုပ်ရေး ယန္တရားများ စတင်လည်ပတ်နိုင်ရန်နှင့် ချင်းပြည်တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်မည်ဖြစ်ပြီး တတိယဦးစားပေးမှာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို စနစ်တကျဖြစ်အောင် လုပ်သွားမည်ဖြစ်သည်ဟု ဒေါက်တာ ရွှေခါးက ပြောသည်။ ရက် ၁၀၀ အတွင်း အစိုးရယန္တရာဖွဲ့စည်းမှုအတွက် လိုအပ်သော သုတေသနစာရင်းကောက် ယူချက်များ လုပ်ဆောင်မည်ဖြစ်ပြီး ချင်းပြည် ပညာရေးမူဝါဒများ ချမှတ်နိုင်ရေးလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း…

Read More

MGချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် ချန်းပြန်း (ခ) ကျေးရွာအတွင်း အင်အား (၁၀၀) ခန့်ဖြင့် ကျန်ရွိနေသည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် မတူပီမြို့တွင်းသို့ ပြန်လည်တပ်ဆုတ်သွားသော်လည်း ရွာလုံးကျွတ်နီးပါး မီးရိူ့ခံ ရသောကြာင့် ပြည်သူများကို ဆက်လက်စစ်ဘေးတိမ်းရွောင်ခိုင်းထားသည်ဟု ချင်းလဲန် ကာကွယ်ရေးတပ်ဖွဲ့-မတူပီက တာဝန်ရှိသူက ပြောသည်။ဆလိုင်းနိုင်ဂျွန်ကိမ်းက “ရန်သူတွေအကုန်လုံးကတော့ မြို့ထဲကိုဆုတ်သွားကြပြီ၊ ဒါပေမယ့် ပြည်သူတွေကိုတော့ စစ်ရှောင်ခိုင်းသေးတယ်၊အခြေအနေကတော့ သိပ်မူမွန်သေးလို့ပါ နေအိမ်တွေလည်း ၉ အိမ်လောက်ပဲ ကျန်တော့တာဆိုတော့ အများအားဖြင့်က အကုန်လုံး မီးရိူ့ခံရတာ” ဟု ပြောသည်။ဖေဖော်ဝါရီလ (၁) ရက်နေ့က မတူပီ-မင်းတပ် လမ်းပိုင်းသို့ အင်အား (၂၀၀) ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကို ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ (၆) ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အင်းအားတဝက် တပ်ဆုတ်ခဲ့ပြီးဖြစ်သည်။စစ်ကောင်စီတပ်ဖွဲ့များ မီးရိူ့မူကြောင့် ပြည်သူများသည်  နေအိမ်ပျက်စီးမူကြုံရကာ လက်ရှိတွင် (၄) မိုင်ခန့်ကွာဝေးသည့် ဟားလ်တူးကျေးရွာနင့် တောထဲ၊ တောင်ထဲတို့တွင် စစ်ဘေးရွောင်နေဆဲ့ဖြစ်သည်ဟု မတူပီမြို့က ချန်းပြန်းဒေသခံနှင့် နီးစပ်သည့် ပြည်သူတစ်ဦးက ပြောသည်။ပြည်သူတဦးက “ပြည်သူတွေကတော့ အကုန်လုံး ထွက်ပြေးကြတယ်။ တောအုပ်ထဲရှောင်တယ် မလွယ်ပေမယ့် အခြေအနေအရ တိမ်းရှောင်ရ တာပါပဲ။ ချန်းပြန်းရွာကတော့ ဘာမှမလွယ်တော့ဘူး အိုးမဲ့အိမ်မဲ့တွေဖြစ်ကုန်ပြီ” ဟု ပြောသည်။စစ်ကောင်စီတပ်ဖွဲ့များ ရွာလုံးကျွတ်နီးပါး မီးရိူ့ခဲ့သည့် ချန်းပြန်း (ခ) ရွာတွင် အိမ်ခြေ (၆၃) အိမ်ရှိပြီး ခန့်မှန်းခြေ လူဦးရေ (၁၀၀) နီးပါးရှိကာ မတူပီမြို့နှင့် (၇) မိုင်ခန့်ကွာဝေးသည်။

Read More

(006SV) ချင်းလဲန်းကောင်စီမှာ ထပ်မံပါဝင်ဖို့ လျှောက်ထားတဲ့အဖွဲ့က ၅ ဖွဲ့ ရှိတယ်။ ၂၀၂၄ ဖေဖော်ဝါရီလ ၁ ရက်ကနေစတင်လို့ ချင်းပြည်မှာ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းလဲန်းတရားလွှတ်တော်ချုပ်နဲ့ ချင်းလန်းလွှတ်တော်တို့ကို ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ချင်းလဲန်းကောင်စီက ဖွဲ့စည်းထူထောင်လိုက်ပြီးဖြစ်ပါတယ်။ ချင်းပြည်ရဲ့ မဏ္ဍိုင် (၃) ရပ်ကို ဦးဆောင်မယ့် လူပုဂ္ဂိုလ်တွေကို ရွေးချယ်မှုတွေ၊ ချင်းလဲန်းကောင်စီက ရှေ့ဆက်လုပ်ဆောင်သွားမယ့် ကိစ္စတွေ၊ ချင်းပြည်အစိုးရ ဖွဲ့စည်းပြီးနောက် မြင်တွေ့ရမယ့် အခင်းအကျင်းတွေ အကြောင်းမေးမြန်းထားပါတယ်။ ဒါ့အပြင် ချင်းလဲန်းအစိုးရအဖွဲ့ဟာ ချင်းပြည်တစ်ခုလုံးကို ဘယ်လောက် လွှမ်းခြုံမှု ရှိလဲ၊ ချင်းလဲန်းကောင်စီမှာ ထပ်မံပါဝင်လာမယ့် ချင်းအင်အားစုတွေ ရှိသေးလား၊ ICNCC ရဲ့ ချင်းပြည်အစိုးရဖွဲ့စည်းမှု ကန့်ကွက်ချက်အပေါ် ချင်းလဲန်းကောင်စီက ဘယ်လိုသဘောထားသလဲဆိုတာ ချင်းလဲန်းကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ်ကို ခေါ်နုသုမ်းသတင်းဌာနမှ Salai Vakok က ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြလိုက်ပါတယ်။ မေး – ချင်းပြည်ကောင်စီ ညီလာခံ ကျင်းပတာတွေ၊ ချင်းလဲန်းအစိုးရဖွဲ့စည်းမှုတွေကို ချင်းလုံမြို့မှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ချင်းလုံမြို့ ဆိုတာကို အရင် ရှင်းပြပေးပါ။ ဆလိုင်းပေါလ် – ချင်းပြည်ကောင်စီ ညီလာခံ ပထမသက်တမ်းရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၂၄ ဇန်နဝါရီလ ၃၀နဲ့ ၃၁ မှာ ပြုလုပ်ခဲ့တယ်။ ပြုလုပ်တဲ့နေရာက ချင်းလုံးမြို့လို့ သုံးတာက ချင်းပြည်၊ ချင်းလဲန်းကောင်စီရဲ့ ရုံးစိုက်တဲ့ နေရာကို ချင်းလုံးမြို့လို့ အမည်သတ်မှတ်တာပါ။ ကောင်စီကနေ ချင်းလဲန်းအစိုးရဖွဲ့တယ်။ ချင်းလဲန်း လွှတ်တော်ဖွဲ့တယ်၊ ချင်းလဲန်းတရားလွှတ်တော်ချုပ်တွေကို ရုံးစိုက်ရမှာဖြစ်တယ်။ ရုံးစိုက်တဲ့…

Read More

(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အရှေ့ပြင်ဂိတ်ဖက်တွင် စစ်ကောင်စီတပ်ဖွဲ့များထောင်ထားသည့် မိုင်းနင်းမိကာ အသက် (၁၂) နှစ်အရွယ် ယောကျ်ားလေးတစ်ဦးနှင့် အသက် (၁၄) နစ်အရွယ် မိန်းကလေး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့က မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရွိသည့် ကလေး (၂) ဦးကို မင်းတပ်မြို့ပေါ် ခလရ (၂၇၄) တပ်ရင်း ဆရာဝန်က ဆေးကုပေးနေသည်ဟု မင်းတပ်မြို့ခံက ပြောသည်။ မင်းတပ်မြို့ခံက “မြို့ဝင်ဂိတ်ဖက်မွာ ကလေးတွေဆိုတော့ လမ်းဘေးဖက်မှာ ဆော့ကစားသွားရင်းနဲ့ မိုင်းနင်းမိတာ။ ဒီနေ့တော့ နာရေးကားနဲ့ ပခုက္ကူဖက်ကို ပို့ဖို့ သွားတော့ မိဘတွေက ဆရာဝန်ကို ပြန်တိုင်ပင်ပြီးတော့ ဒီမှာလည်း ကုလို့ရတယ်ပြောတယ် ဒဏ်ရာက စိုးရိမ်အဆင့်မရောက်ဘူးထင်တယ်” ဟု ပြောသည်။ အဆိုပါ မိုင်းနင်းပြီး ထိခိုက်ဒဏ်ရာရရှိသည့် မိန်းကလေးမှာ ခြေထောက်တဖက်ပြတ်သွားသည့်အပြင် နောက်တယောက်မှာ နောက်ကျောပြင်တခုလုံး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရသော်လည်း ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် နေရာအနီးအနားတွင် မိုင်းနင်းများ ထောင်ထားလေ့ရှိပြီး မြို့တွင်းမိုင်းနင်းမိမူကြောင့် အသက်(၆၀) ကျော် အမျိုးသား (၁) တစ်ဦး၊ အမျိုးသမီး (၁) ဦးလည်း သေဆုံးမူများရှိခဲ့သည်ဟု မင်းတပ်မြို့ခံများထံမှ သိရသည်။

Read More

(006SV) ချင်းပြည်နယ်တွင် ချင်းပြည်ကောင်စီ – CC မှ ချင်းပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းကို ဝမ်းမြောက်စွာကြိုဆိုပြီး လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU နှင့် KNPP တို့က ထုတ်ပြန်သည်။ တိုင်းရင်းသားလူမျိုးများ အစဉ်တစိုက် တောင်းဆိုတိုက်ပွဲဝင်နေသော တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် သမိုင်းမှတ်တိုင်းတစ်ခု ထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီလ ၂ ရက်က ထုတ်ပြန်သည်။ ချင်းပြည်အစိုးရ ဖွဲ့စည်းလိုက်နိုင်ခြင်းသည် လက်ရှိတော်လှန်ရေး၏ ပြောင်းလဲလာသော အရွေ့တစ်ခုအဖြစ် ထင်ဟပ်စေသည့် ဦးဆောင်စံပြ လုပ်ဆောင်မူအဖြစ် မီးမောင်းထိုးပြသလိုက်ခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်သည်။ လက်ရှိကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်းများကို ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ကြိုးစားနေကြသော တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့များ၊ အခြားဖက်ဒရယ်ယူနစ်များ၊ ထပ်မံပေါ်ပေါက်လာနိုင်သော ဖက်ဒရယ်ယူနစ်အသစ်များနှင့် အတူတကွ လက်တွဲ၍ ချင်းပြည်အစိုးရအနေဖြင့် ပိုမိုလုပ်ဆောင်နိုင်ပါစေကြောင်း KNU က သဝဏ်လွှာပေးပို့ခဲ့သည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့တို့နှင့်အတူ စစ်အာဏာရှင်တော်လှန်ရေး အင်အားစုများနှင့်လည်း လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂ ရက်က ထုတ်ပြန်သည််။ ချင်းပြည်အစိုးရအဖွဲ့အနေဖြင့် ချင်းပြည်လူထု၏ ရေးရာကိစ္စအဝဝကို အကောင်းဆုံး စီမံဆောင်ရွက်နိုင်ပြီး မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေကြောင်း KNPP မှ ကြိုဆိုဂုဏ်ပြုလွှာ ပေးပို့ခဲ့သည်ဟု သိရသည်။

Read More