(006SV) မြန်မာပြည်သူလူထုတစ်ရပ်လုံးက မျှော်လင့်တောင့်တနေသော နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်ဘဲ ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လူထုတစ်ရပ်လုံးနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်ညမှာ သတင်းထုတ်ပြန်သည်။ လတ်တလောတွင် တွေ့မြင်နေရသော သတင်းများကြောင့် မြန်မာပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်များအပေါ် များစွာစိုးရိမ်ပူပန်မှုမရှိကြစေရန် ပြောကြားလိုသည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်လာခြင်းဖြစ်သည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည့်အထိ လုပ်သင့်လုပ်ထိုင်သည်များကို လူထုတစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဟု အသိပေးအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ အကူအညီဖြင့် ညီနောင်မဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပြီး သဘောတူညီမှုတချို့ရရှိခဲ့သည်ဟု ဒီဇင်ဘာလ ၁၁ ရက်က သတင်းများ ထွက်ပေါ်လာပြီးနောက် ယမန်နေ့ညမှာ မြောက်ပိုင်းညီနောင် မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်လာခြင်းဖြစ်သည်။ ထို့အပြင် မြန်မာလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသော နိုင်ငံရေးရည်မှန်းချက်မျာကို မိမိတို့အနေဖြင့် မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည့်၍သွားမည်သူများ မဟုတ်ကြောင်း မြောက်ပိုင်း (၃) ဖွဲ့က လူထုကို အသိပေးထုတ်ပြန်သည်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း တရုတ်အကူအညီနှင့် ညီနောင်မဟာမိတ်အဖွဲ့များဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်၊ ထပ်မံတွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များလည်း ရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ အတည်ပြုဖြေကြားခဲ့သည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး၏ ၄၇ ရက်တာအတွင်း စစ်ကောင်စီ စခန်းပေါင်း ၂၈၀ ကျော်၊ မြို့ကြီးတချို့…
Author: Editor
(003PT) ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းကို ဆက်သွယ်သော ကလေး-သိုင်းငင်းလမ်း ပိတ်ထားမှုကြောင့် ဖလမ်းမြို့နယ် ဗားလုံးကျေးရွာအနီးတွင် ကုန်တင်ကားနှင့် ခရီးသည်တင်ကား အစီး ၁၀၀ ခန့် ၂ ပတ်ကျော်ကြာ ပိတ်မိသောင်တင်နေပြီဟု သိရသည်။ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်-ဖလမ်း-ဟားခါးဘက်သို့ဆက်သွယ်သော ကားလမ်းမကြီးကို လုံခြုံရေး အခြေအနေကြောင့် နို၀င်ဘာလ ၂၇ ရက်နေ့ကစ၍ CDF CDM-Siyin တပ်ဖွဲ့က ဖြတ်သန်းသွားလာခွင့်ပိတ်ထားခြင်းဖြစ်ပြီး ဖလမ်း-ဟားခါးဘက်မှ ကလေးမြို့သို့ ဆင်းလာသော ကုန်တင်ကားနှင့် ခရီးသည်တင်ကားအစီး ၁၀၀ ခန့်မှာ ဖလမ်းမြို့နယ် ဗားလုံ၊ နယူးစွမ်ပီးရွာနှင့် တီးတိန်မြို့နယ် ဇောင်ကုန်ကျေးရွာတို့တွင် ပိတ်မိနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။ ချင်းတောင်မှ ကလေးမြို့ဘက်သို့ဆင်းမည့် အဆိုပါယာဉ်တန်း ပိတ်မိနေသည်မှာ ၂ ပတ်ကျော်လာပြီဖြစ်၍ ကားသမားများ အစားအသောက်ပိုင်းမှာ အခက်ကြုံနေကြရပြီး ကျေးရွာဒေသခံများက ကျွေးမွေးနေကြရသည်ဟု သိရသည်။ “ကျွန်တော်တို့ ကျေးရွာက လူထုက ကျွေးမွေးတယ်။ ဝတ်တွေသတ်ပြီးပေးတယ်၊ ကြက်ဥတွေပေးတယ် ပြီးတော့ ဆန်တွေလည်းပေးတယ်” ဟု ဗားလုံကျေးရွာခံတစ်ဦးက ပြောသည်။ ကားလမ်းပိတ်ဆို့မှုကြောင့် သောင်တင်နေကြသော ခရီးသွားပြည်သူများမှာ ၎င်းတို့၏ မိသားစု၀င်များက ဆိုင်ကယ်ဖြင့် လာရောက်ခေါ်ယူကာ အိမ်ပြန်လှည့်ခဲ့ကြရသည်ဟု သိရသည်။ ခရီးသည်တင်ကားနှင့် ကိုယ်ပိုင်အိမ်စီးကားများမှာ ဖလမ်းမြို့ဘက်သို့ပြန်လှည့်ကာ ေ၀ဘူလလမ်းမှတဆင့် ကလေးမြို့သို့ ပြန်လှည့်ကြသော်လည်း နတ်ချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က လမ်းပိတ်ထားခြင်းကြောင့် အခက်ကြုံနေကြရသည်ဟု သိရသည်။ “တစ်ချို့ ခြောက်ဘီးကားတွေက ဝေဘူလမြို့ဖက်ကနေ ပတ်ပြီးသွားကြတယ် အစတော့ နတ်ချောင်းဘက်ကနေ ဝင်လို့ရတယ်၊ ဒါပေမဲ့ အခုတော့ ဝင်လို့မရကြတော့ဘူးလို့ပြောတယ်။ အခုက သုံးပတ်မြောက် ပိတ်မိနေကြတာ”…
(003PT) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝ ကျေးရွာအနီးတွင် ဆိုင်ကယ်ဖြင့် ခရီးသွားပြည်သူတစ်ဦး မိုင်းနင်းမိ၍ အပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးရုံတင်ထားရသည်ဟု သိရသည်။ပလက်ဝမြို့နယ်၊ ကောက်ကြီးဝကျေးရွာတွင်နေထိုင်သူ အသက် ၄၄ နှစ်ရှီ ဦးကျော်ထွန်းသည် ဒီဇင်ဘာလ ၈ ရက်နေ့က ရှင်းလက်ဝကျေးရွာသို့ ဆေးဝယ်ရန် ဆိုင်ကယ်ဖြင့်သွားနေစဥ် ရှင်းလက်ဝ ရွာအနီး လမ်းမတွင် မိုင်းတက်နင်းမိရာမှ ခြေထောက်တွင် ဒဏ်ရာအပြင်းထန်ရရှိခဲ့ခြင်းသည်။ဒဏ်ရာရရှိသူ ဦးကျော်ထွန်းကို ပလက်ဝဆေးရုံသို့ ပို့ဆောင်ရန်ကြိုးစားခဲ့သော်လည် လမ်းပန်းဆက်သွယ်ရေး အသွားလာ ပိတ်ပင်ထားမှုကြောင့် ဒီဇင်ဘာလ ၉ ရက်နေ့က မိဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ရှိ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း ပလက်ဝမြို့နယ် စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။“ဒဏ်ရာကတော့ အပြင်းထန်ကတော့ ခြေဖဝါး နည်းနည်း ပွမ်းပဲ့တဲ့အနေထားရှိတယ်။ ပြီးတော့ ပေါင်းတွေလည်း ကျည်အစတွေ ထိတဲ့ဟာတွေရှိတယ်၊ ဓာတ်မှန်တွေရိုက်ပြီးမှ Operation လုပ်မယ်လို့တော့ ဒေါက်တာက ချိန်းထား တာရှိတယ်။ ဆိုတော့ အခက်ခဲတစ်ခုက ပြည်ပမှာလဲ သူ့ရဲ့ညီအစ်ကို အသိုင်းအဝိုင်းကမရှိတဲ့အခါမှာကျတော့ ငွေရေးကြေးရေးက အခက်ခဲရှိတယ်။ ပံ့ပို့မယ့်လူက မရှိဘူး” ဟု စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။မိုင်းဒဏ်ရာကြောင့် ဒဏ်ရာရရှိသူ ဦးထွန်းကျော်သည် မိသားစုဝင် ၆ ဦးရှိပြီး တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောနေသည့် သာမန်ပြည်သူတစ်ဦးဖြစ်သည်။ ဦးကျော်ထွန်းအား အကူအညီ အထောက်ပံ့များပေးလိုသူများရှိပါက ယခု ဖုန်းနံဘတ် ၉၂၃၃၆၇၆၁၅၁ တွင် ဆက်သွယ် မေးမြန်းလှူဒါန်းနိုင်သည်။
(002MG) အာဏာသိမ်းစစ်ကောင်စီအဖွဲ့ထဲတွင် ပူးပေါင်းပါ၀င်သော ချင်းတိုင်းရင်းသား ဒေါက်တာမှုထန်းအပါအ၀င် စစ်ကောင်စီ ထပ်ပိုင်းအရာရှိ ၄ ဦးနှင့် လက်နက်ပွဲစား ကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ကထုတ်ပြန်သော ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုထဲတွင် ချင်းပြည်နယ် ထန်တလန်မြို့ ဇာတိ၊ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌလည်းဖြစ် စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့ပါ၀င်သည်။ ထို့အပြင် စစ်ကောင်စီကို လက်နက်ပစ္စည်းများ ပံ့ပိုးနေသည့် Star Sapphire Group OF Companies၊ Royal Shune Lei Company Limited တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ဥရောပသမဂ္ ဂ(အီးယူ) ကထုတ်ပြန်သည်။ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစာရင်းထဲပါသူများ၏ ငွေကြေးများကို သိမ်းဆည်းကာ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်သွားမည်ဟု ထုတ်ပြန်ထားသည်။ လက်ရှိတွင် ဥရောပသမဂ္ဂ (အီးယူ) သည် မြန်မာနိုင်ငံမှ အဖွဲ့အစည်း (၂၁) ခုနှင့် လူပုဂ္ဂိုလ် (၁၀၃) ဦးတို့ကို ပိတ်ဆို့အရေးယူထားပြီးဖြစ်ကာ ယင်းစာရင်းထဲတွင် ပါဝင်သူများ၏ ပိုင်ဆိုင်မူများကို ဆိုင်းငံ့ထားခြင်း၊ငွေကြေးလွဲပြောင်းပေးအပ်မူ များကို တားမြစ်ခြင်းနှင့် ခရီးသွားလာခြင်းတို့ကိုပိတ်ပင်ထားသည်ဟု RFA ကဖော်ပြထားသည်။ ဥရောပသမဂ္ဂ (အီးယူ) ၏ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ပါ၀◌င်လာသော ဒေါက်တာမှုထန်သည် ZCD ပါတီ အထွေထွေအတွင်း ရေးမူး ပူးဂင်ကမ်းလျန်အစား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနစ် ဖေဖော်ဝါရီလ…
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော “နှုံးဘူး” ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာမှူး အလောင်းအပါအဝင် အလောင်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က ယနေ့မှာ သတင်းထုတ်ပြန်သည်။ နှုံးဘူးဗျူဟာကုန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၇ ရက်အကြာ ဒီဇင်ဘာလ ၁၀ ရက် ည ၁၁ နာရီ ၄၅ မီနစ်တွင် ဗျူဟာကုန်းတစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ရက္ခိုင့်တပ်တော် AA သည် နှုံးဘူးဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရေးအတွက် တစ်လနီးပါးအကြာ နေ့စဉ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအများအပြားဖြင့် အပြင်းအထန် ပြန်လည်ခုခံခဲ့သည်ဟု သိရသည်။ “နှုံးဘူး” ဗျူဟာကုန်းတိုက်ပွဲတွင် “နှုံးဘူး” ဗျူဟာမှူးအလောင်းအပါအဝင် စစ်ကောင်စီတပ်သားတချို့၏ အလောင်းများကိုလည်း တွေ့ရှိခဲ့ရပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။ ထပ်မိသိမ်းပိုက်ရန် ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများကို ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ အခိုင်အမာစစ်စခန်းများဖြစ်သော တရွန်အိုင်နှင့် နှုံးဘူး ဗျူဟာကုန်းများကို ရက္ခိုင်တပ်တော် AA က နိုဝင်ဘာလ ၁၄ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တရွန်အိုင် ဗျူဟာကုန်းတစ်ခုလုံးကို ၂၁ ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ဒီဇင်ဘာလ ၄ ရက်က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ – မြန်မာ…
(002MG) စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ်ဖွဲ့ဘက်က မြေပြင်နှင့် လေကြောင်းဖြင့် ထိုးစစ်ဆင်လာပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။ ခမ်းပတ်မြို့ဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့သည် ယမန် နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစ၍ ခမ်းပတ်မြို့ ထဲကို ၀င်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်က လေကြောင်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု CNO UCR တပ်မဟာ ၄ တပ်မဟာမှူးကပြောသည်။ “သူတို့က မနေ့က ၁၁ နာရီလောက်မှာ ခမ်းပတ်ဖက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံးကြဲသွားတယ်။ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ မြို့ထဲမဝင်ဖို့အတွက်ကြိုးစားပြီးကာထားရတာပေါ့ ကာတဲ့ကင်းတွေနဲ့ ထိတွေ့မှုက ခနခနရှိ နေတယ်။ ဒီနေ့မှာလည်း ခုနမှပဲ သေနတ်သံတွေငြိမ်တာ” ဟု တပ်မဟာမူးက ပြောသည်။ ကလေး-တမူးကားလမ်းမပေါ်က ခမ်းပတ်မြို့ကို ပြီးခဲ့သည့်နို၀င်ဘာလ ၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြသည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော ခမ်းပတ်မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသော စစ်ကောင်စီသည် ဒီဇင်ဘာလဆန်းပိုင်းကစ၍ ခမ်းပတ်မြို့ကိုပြန်လည်သိမ်းပိုက်ရန် တန်ပြန်ထိုးစစ်ဆင်လာခဲ့ပြီး ယမန်နေ့က နှစ်ဖက်ထိတွေတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့က ခမ်းပတ်မြို့ကို ပြန်လည်သိမ်းပိုက်လိုက်ပြီဟု ယနေ့ သတင်းများထွက်ပေါ်လာသော်လည်း ကောလဟလသသာဖြစ်သည်ဟု CNO-Upper Chindwin Region တပ်မဟာ (၄) တပ်မဟာမှူးကပြောသည်။ “မြို့ကိုတော့ သိမ်းတာမဟုတ်ဘူး သူတို့ စခန်းထဲကို ပြန်ဝင်နိုင်တယ်၊ ဒါပေမယ့် စခန်းထဲကို မနေရဲပဲ အခုပြန်ထွက်သွားပြီ၊ ကျွန်တော်တို့ ကောင်းကောင်းလေး လိုက်ကြည့်နေတယ်၊ မနေ့က အနောက်တောင်ဖက်ကနေ ပတ်လာပြီးတော့ အရင်တုန်းက သူတို့နေခဲ့တဲ့တပ်စခန်းကို…
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝစစ်စခန်းက စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲ ၁၀ ဦးတို့ အလင်းဝင်ရောက်လာခဲ့သည်ဟု ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။ “သူတို့က လွန်ခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ တောက်လျှောက်အဆက်အသွယ် ရှိတယ်။ အဲဒီအချိန်မှာ လက်နက်အပြည့်အစုံနဲ့ ဝင်ခဲ့ပါ၊၊ စကစက ပြိုလဲတော့မယ်လို့ ပြောထားတာ၊ သူတို့ကလည်း အခြေအနေကို ကြည့်ဦး မယ်ပေါ့။ လုံခြုံရေးအရလည်း ထွက်လို့ မရဘူးပေါ့နော်။သူတို့က မိသားစုတွေနဲ့ပေါ့နော်၊၊ လက်နက်ခဲယမ်းတွေ မပါဘဲ လူလွတ်နဲ့ ထွက်လာခဲ့ကြတာ” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာ စစ်ကောင်စီအခြေစိုက် ဗျူဟာ – ၃၊ ခလရ – ၂၉၉ မှ ရဲဘော်ကျော်ထွက်ဝေနှင့် ဒု-တပ်ကြပ် နိုင်လင်းအောင်တို့သည် မိသားစုများနှင့်အတူ CDF – ပလက်ဝထံ နိုဝင်ဘာလ ၂၉ ရက်က အလင်းဝင်လာ ခဲ့သည်။ ထို့အပြင် ရှင်းလက်ဝရဲစခန်းမှ ဒေသခံရဲဝန်ထမ်း (၈) ဦးတို့သည်လည်း ဒီဇင်ဘာလ ၇ ရက်က ထပ်မံအလင်းဝင်လာခဲ့ သည်ဟု သိရသည်။ အလင်းဝင်လာသူများသည် လက်နက်ခဲယမ်းများ မယူဆောင်လာနိုင်ဘဲ လူလွတ်သာ အလင်းဝင်လာနိုင်ခဲ့ကြပြီး လက်ရှိတွင် ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ထားပြီးဖြစ်သည်ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။စစ်ကောင်စီတပ်စခန်းများတွင် စစ်သားနှင့် ရဲများကို အပြင် အလွယ်တကူထွက်၍မရစေရန် တင်းကြပ်ထားကြပြီး စစ်အရာရှိများက အောက်ခြေတပ်သားများကို ဖိအားများပေးနေသောကြောင့် တပ်တွင်းမှာလည်း မပြေလည်မှုများ ဖြစ်ပွားနေကြသည်ဟု သိရသည်။ စစ်ကောင်စီလက်အောက်က စစ်သားနှင့်…
(006SV) ချင်းပြည်နယ်၊ ချင်းလုံ (Chinlung) မြို့တွင် ပထမအကြိမ် ချင်းပြည်ကောင်စီအစည်းအဝေးကို ယနေ့ ကျင်းပခဲ့ပြီး ချင်းပြည်ကောင်စီလုပ်ငန်း ယန္တရားနှင့် မဏ္ဍိုင်သုံးရပ် ဖွဲ့စည်းနိုင်ရေးအတွက် လုပ်ငန်စဉ်များနှင့် လုပ်ငန်းလမ်းညွှန်ချက်များကို ရေးဆွဲချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် ပထမအကြိမ် ချင်းပြည်ကောင်စီ ညီလာခံသက်တမ်း၏ ပထမအကြိမ် ချင်းပြည်ကောင်စီ အစည်းအဝေးကို ချင်းလုံမြို့တွင် ကျင်းခဲ့ရာ ကောင်စီဝင် ၈၃ ဦး ပါဝင်တက်ရောက်ခဲ့သည်ဟု ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်သည်။ ယင်းအစည်းအဝေးတွင် ချင်းပြည်ကောင်စီ လုပ်ငန်းယန္တရားများ လည်ပတ်နိုင်ရေး၊ ချင်းပြည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီးရင်ရေးမဏ္ဍိုင် သုံးရပ် ဖွဲ့စည်းနိုင်ရေးအတွက် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းလမ်းညွှန်များကို ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရေးဆွဲချမှတ်ခဲ့သည်ဟု သိရသည်။ “ဦးတည်ချက်က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောင်ရေးဆိုတဲ့ အဲဒါတွေ ကို ဟန်ချက်ညီညီ တည်ဆောက်နိုင်ဖို့က စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီဖို့ ဖြစ်တယ်။ နိုင်ငံရေးနဲ့ စစ်ရေး အားကောင်းဖို့ ၊ ချင်းပြည်ကို စုစုစည်းစည်းနဲ့ သွားနိုင်ဖို့ အဓိက ရည်ရွယ်ခြင်းဖြစ်တယ်။ အဲဒီမှာ ချင်းလဲန်းကောင်စီကနေ တစ်ဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့ လိုချင်တဲ့ ပက်ကားအစိုးရ ဖြစ်လာတဲ့အထိ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်” ချင်းပြည်ကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက ခိုနူမ်းသုန်နှင့် ယမန်နေ့က သီးသန့်အင်တာဗျူးတွင် ဖြေကြားထားသည်။ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည် တည်ဆောက်ရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် တော်လှန်ရေးအပြီးသတ် အောင်နိုင်ရေးအတွက်…
(005MK) မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိသော Zoram People’s Movement (ZPM) က အစိုးရသစ်ဖွဲ့ စည်းရန် ၀န်ကြီးချုပ်သစ် Pu Lalduhoma နှင့် သူ၏ ၀န်ကြီးများက ယနေ့မနက်ပိုင်း ၁၁ နာရီတွင် ကျမ်းသစ္စာကျိန်ဆို ခဲ့သည်ကြသည်။ ကျမ်းသစ္စာကျိန်ဆိုသည့်အခမ်းအနားကို မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်မြို့ အုပ်ချုပ်ရေးမှူး (Governor) အမ်ယာ Raj Bahwan တွင် ယနေ့ မနက်ပိုင်း ၁၁ နာရီက ကျင်းပခဲ့ကြပြီး ၀န်ကြီးချုပ် Pu Lalduhoma ၊ ၀◌န်ကြီးများအဖွဲ့ (Cabinet of Ministers) ၇ ဦး၊ ပြည်နယ်၀န်ကြီး (Minister of State) ၄ ဦးနှင့် လွှတ်တော်ဉက္ကဌ (Speaker) တို့မှ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။ မီဇိုရမ်ပြည်နယ် ၀◌န်ကြီးချုပ် Pu Lalduhoma သည် India Police Service (IPS) အရာရှိတစ်ဦးလည်းဖြစ်ပြီး အိန္ဒိယ ၀◌န်ကြီးချုပ်ဟောင်း Indira Gandhi ၏ လုံခြုံရေးအရာရှိဖြစ်ခဲ့ဖူးသူဖြစ်သည်။ ထို့အပြင် အိန္ဒိယအစိုးရနှင့် မီဇိုးတော် လှန်ရေးတပ်ဖွဲ့ Mizo National Front (MNF) တို့ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက်အဓိက ဆောင်ရွက်ခဲ့သူ ထဲက တစ်ဦးလည်းဖြစ်သည်။ သူသည် India Police Service (IPS) မှအနားယူပြီးနောက် နိုင်ငံရေးလောကတွင် ၁၉၈၄ ခုနှစ်ကစ၍ ခြေစုံပစ်၀◌င်ကာ ယခုအခါမီဇီုရမ်ပြည်နယ်တွင် ၀ါအရင့်ဆုံးနိုင်ငံရေးသမားထဲက တစ်ဦးဟုဆိုနိုင်သူဖြစ်သည်။ သူသည်…
(002MG) ချင်းပြည်နယ်၊ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ် ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF CDM-Siyin က ယနေ့မနက်ပိုင်းတွင် ဝင်ရောက်တိုက်ခဲ့သည်ဟု သိရသည်။တီးတိန်မြို့ ဒေသခံတစ်ဦးက “ဒီနေ့သိုင်းငင်းမှာ တိုက်ပွဲဖြစ်တယ်။ ဖုန်းလိုင်းတွေလည်း မနက်ကတည်းက ပြတ်နေတာ ခုနပဲပြန်ရတာ” ဟု ပြောသည်။ ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ကလည်း သိုင်းငင်းကျေးရွာဘက်ကို လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ကူနေသည်ဟု သိရသည်။ တိုက်ပွဲအခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ သိုင်းငင်းကျေးရွာသည် ကလေး-တီးတိန်-ဖလမ်း ကားလမ်းမပေါ်တွင်တည်ရှိပြီး စစ်ကောင်စီတပ်က ကင်းစခန်းတစ်ခုချပြီး တပ်စွဲထားသည်။ဒီဇင်ဘာလ (၂) ရက်နေ့ကလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDM-Siyin မှ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ် ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းအပါအဝင် လက်နက်ကြီးဖြင့် ပစ်ကူခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF CDM-Siyin က ကလေး-သိုင်းငင်း လမ်းမကြီးကို နိုဝင်ဘာလ ၂၇ ရက်နေ့ကစ၍ ယနေ့ချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သည်။