Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့နှင့် ချင်းပြည်နယ်မှာ လျှပ်စစ်မီး ရက်ရှည်ကြာပြတ်တောက်မှုကြောင့် ဒေသခံများအခက်ကြုံ

ကလေးမြို့နှင့် ချင်းပြည်နယ်မှာ လျှပ်စစ်မီး ရက်ရှည်ကြာပြတ်တောက်မှုကြောင့် ဒေသခံများအခက်ကြုံ

0
By Editor on July 16, 2024 Headline

(002MG)

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်တွင် လျှပ်စစ်မီးရက်ရှည်ကြာပြတ်တောက်နေမှုကြောင့် ဒေသခံပြည်သူများ လုပ်ငန်းခွင်နှင့် အိမ်မှုကိစ္စရပ်များတွင် အခက်ကြုံနေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကစ၍ ကလေးမြို့နှင့် ချင်းပြည်နယ်ဘက်သို့ မဟာဓာတ်အားလိုင်းဖြန့်ဖြူးပေးနေသော အုန်းတော-ညောင်ပင်ကြီး 230KV ခွဲရုံ ပြတ်တောက်ခဲ့ပြီးနောက် ယနေ့ချိန်ထိ ကလေးခရိုင်နှင့် ချင်းပြည်နယ်တို့တွင် လျှပ်စစ်မီးပြတ်တောက်နေခဲ့ခြင်းဖြစ်သည်။

ကလေးမြို့ဒေသခံတဦးက “အရင်ကလည်းပြတ်တယ် နှစ်ရက်လောက်ဆိုပြန်လာပြီ၊ အခုမီးက အခုထိမရသေးဘူး ကြာပြီပေါ့ မီးမရတော့ တော်တော်လေး ဒုက္ခရောက်ကြတာ မီးအမှီပြုပြီးမှ လုပ်တဲ့လုပ်ငန်း အားလုံး ထမင်း၊ ဟင်း ချက်တာကအစ အဲ့တာပြီးတော့ ဓာတ်ဆီ၊ ဒီဇယ်ဈေးကလည်းကြီးတယ်၊ မီးမလာတော့ မီးစက်နှိုးဖို့ကလည်း ခက်တယ်၊ ဆိုလာတွေ၊ ဘဏ်ထရီတွေဆိုရင်လည်း ဈေးက တအားကြီးတော့ လူတိုင်းက မဝယ်နိုင်ဘူးလေ၊ တချို့က ဂက်စ်နဲ့ချက်တဲ့အိမ်တွေတောင်မှ ဂက်စ်ဝယ်လို့မရတော့ဘူး လမ်းတွေကပိတ်တော့ ပစ္စည်းတွေ တော်တော်များများလည်း ပြတ်တာတွေလည်းရှိတယ်” ဟု ပြောသည်။

ဇူလိုင်လ (၁၄) ရက်က လျှပ်စစ်မီး 230KV ချောင်းကူးရုံးခွဲသို့ ရောက်ရှိလာပြီဟု သိရသော်လည်း ယင်းခွဲရုံတွင် ချို့ယွင်းချက်ရှိနေပြီး အစားထိုးပစ္စည်းများ၊ အရံပစ္စည်းများ ပြတ်တောက်နေကာ လက်ရှိတွင် အခြားစက်ရုံသို့ မှာယူထားဆဲဖြစ်သောကြောင့် ဂန့်ဂေါ၊ ကလေး၊ ကလေးဝ၊ မောလိုက်နှင့် ချင်းပြည်နယ်တို့တွင် မီးမရရှိနိုင်သေးခြင်းဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင်လည်း လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် ရေတင်ရန်အခက်အခဲနှင့် ကျောင်းသူ၊ ကျောင်းသားများ ညပိုင်း စာကြည့်ရန်ပင် ခက်ခဲလာသည်ဟု ဟားခါးမြို့ခံတဦးကပြောသည်။

“မီးပျက်တာကြာပြီ ဘယ်ချိန်လာမလဲမသိဘူး၊ ရေတင်လို့လည်းမရဘူး၊ ထမင်းချက်တဲ့အခါမှာလည်း အများစုက ဂက်စ်မသုံးနိုင်ကြဘူး၊ မီးသွေးကလည်း ၂ သောင်းဆိုတော့ မလွယ်ဘူးလေ၊ ညမှာ ကလေးတွေ စာကျက်ဖို့လည်း တော်တော်လေး ဒုက္ခရောက်နေတယ် အခုက မိုးရွာတော့ မိုးရေကိုခံပြီးမှ ထမင်း၊ ဟင်းချက် သုံးနေရတာ၊ ရေချိုးမယ်ဆိုရင် သဘာဝရေတွင်းရှိတဲ့နေရာမှာ သွားပြီးတော့ အဝတ်လျော်၊ ရေချိုးရတာ၊ မိုးသာမရွာရင်တော့ ဒုက္ခရောက်ပြီ” ဟု ဟားခါးမြို့ခံက ပြောသည်။

ကလေးမြို့အပါအဝင် ချင်းပြည်နယ်တို့တွင် လက်ရှိအထိ လျှပ်စစ်မီးပြတ်တောက်နေမူကြောင့် ပြည်သူအများစုသည် မီးသွေး၊ ထင်း၊ ဂက်စ်များကိုသာ အသုံးပြုနေကြရပြီး မီးသွေးတအိတ်လျှင် (၂၀၀၀၀) ကျပ်၊ ရိုးရိုး ဒီဇယ် ၁ ဂါလံ (၂၅၀၀၀) ကျပ်၊ ဓာတ်ဆီ ၁ ဂါလံ (၄၀၀၀၀) ကျပ် အထိ ဝယ်ယူနေကြရသည်ဟု သိရသည်။

ကလေးမြို့မှ မဟာမြိုင်ကားလမ်းပိုင်း ပိတ်ထားဆဲဖြစ်သောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်ကာ လက်ရှိတွင် ကလေးမြို့မှ ရန်ကုန်သို့ ခရီးသည်ကားများသည် ကလေး-ဟားခါး-ဂန့်ဂေါလမ်းဖြင့် ပြေးဆွဲနေကြပြီး ခရီးသည်တဦးလျှင် ရန်ကုန်-ကလေး (၂၀၀,၀၀၀) ကျပ်၊ မန္တလေး-ကလေး (၁၆၀၀၀၀ မှ ၂၀၀၀၀၀) ကျပ်၊ ဟားခါး-ကလေး (၁၀၀,၀၀၀) ကျပ်ရှိကာ ခရီးသွားထောက်ခံစာနှင့် မှတ်ပုံတင်ဖြင့်သာ ကားလက်မှတ် ရောင်းချပေးသည်ဟု ကားလိုင်းပြေးဆွဲသူများထံမှ သိရသည်။

လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်သောကြောင့် ကလေးမြို့ပေါ်တွင် ရေရရှိနိုင်ရန် မြို့ခံပြည်သူအများစုသည် မီးစက်နှင့် ရေတင်ပေးသည့်အငှါးကားဖြင့် တနာရီလျှင် ကျပ် (၃၅၀၀၀) ပေးကာ ရေဝယ်ယူအသုံးပြုနေကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.