Author: Editor

(002MG) ချင်းပြည်နယ်၊ ဟားခါးမြို့က လူထုသပိတ် ဦးဆောင်ခဲ့သူလည်းဖြစ် CDF-Hakha ၏ တွဲဖက်အတွင်းရေးမှူးတဦးဖြစ်သည့် ဆလိုင်းငွန်ဆန်းအောင်သည် ကျန်းမာရေးကြောင့် ယမန်နေ့ညက ကွယ်လွန် သွားသည်ဟု သိရ သည်။ ဆလိုင်းငွန်ဆန်းအောင်သည် ဇန်နဝါရီ ၂၅ ရက်နေ့လယ်ပိုင်းက ရုတ်တရက်မူးလဲရာမှ ဆေးရုံကိုပို့ဆောင်ခဲ့သော်လည်း ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သူတစ်ဦးကပြောသည်။ “သူက အရင်ကတည်းက ကျန်းမာရေးလဲ သိပ်မကောင်းဘူး၊ ပြီးခဲ့တဲ့အပတ်တုန်းကဆို သူ့အဖေလဲ ဆုံးတယ်၊ အဲဒါ တွေကြောင့်လည်းပါမယ်၊ တကယ်စိတ်မကောင်းဘူး၊ သူက ရိုးသားပွင့်လင်းပြီးစိတ်သဘောထားကောင်းတဲ့သူပါ၊ တော်လှန်ရေးအတွက်လည်း အားထားရတဲ့ ချင်းလူငယ်တစ်ဦးဖြစ်ပါတယ် တကယ်စိတ်မကောင်းဖြစ်ရပါတယ်” ဟု သူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ဆလိုင်းငွန်ဆန်းအောင်သည် စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်မှာ သတင်းမီဒီယာသမားတစ်ဦးဖြစ်ခဲ့ပြီး ဟားခါမြို့အခြေစိုက် The Chinland Post သတင်း ဌာနမှာလည်း အယ်ဒီတာတာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတုန်းကလည်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီရဲ့ ဟားခါးမြို့ လူငယ်ဥက္ကဌ ဖြစ်သည်။ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိသည်ဟုအကြောင်းပြကာ အာဏာသိမ်းလိုက်သည့်နောက်ပိုင်း နွေဦး တော်လှန်ရေးလူထုဆန္ဒပြမှုပေါ်ပေါက်လာသည့်အချိန်တွင်လည်း ဆလိုင်းငွန်ဆန်းအောင်သည် ဟားခါးမြို့က လူထုသပိတ်ကို ဦးဆောင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ ယင်းနောက် လက်နက်ကိုင်တော်လှန်ရေးထဲဝင်ရောက်ကာ CDF-Hakha တပ်ဖွဲ့တွင် ယနေ့ချိန်ထိ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်ကာ တိုက်ပွဲပေါင်းများစွာမှာပါဝင်ခဲ့သည်ဟု သိရသည်။ ဆလိုင်းငွန်ဆန်းအောင်တွင် ဇနီးနှင့် သမီးတယောက်ကျန်ရစ်ခဲ့သည်။

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်များသည် အထိနာနေပြီး ကလေးမြို့မှ တစ်ဆင့် စစ်အင်အားများ ထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်ခန့်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍ စစ်ပြင်ဆင်နေကြောင်း သိရသည်။ ဖလမ်းမြို့သို့ သိုင်းငင်း- ဖလမ်း နှင့် ဝေဘူလ – ဖလမ်းလမ်းကြောင်းတို့မှတဆင့် စစ်အင်အား ၈၀၀ – ၁၀၀၀ ကြား အသုံးပြုပြီး လေကြောင်း ပစ်ကူအများအပြားဖြင့် ထိုးစစ်ဆင်နေသော စစ်ကော်မရှင်တပ်သည် သုံးလနီးပါးအကြာတွင် ထိခိုက်ကျဆုံးမှု များပြားခြင်း၊ စစ်သုံ့ပန်းဖြစ်ခြင်း၊ ထွက်ပြေးခြင်း၊ အလင်းဝင်ခြင်းတို့ကြောင့် အထိနာမှုများနေရာ ဇန်နဝါရီလ ၂၀ ရက်တွင် စစ်အင်အား ရာချီ ထပ်မံဖြည်းတင်သည်ဟု သိရသည်။ “တိုက်ပွဲက ၃ လပြည့်တော့မယ်။ အဲဒီမှာ သူတို့စတင် တက်ချိန်က အင်အားက ၈၀၀ ကနေ ၁၀၀၀ ဝန်းကျင်ပေါ့နော်။ အဲဒီထဲမှာ အလင်းဝင်တဲ့ လူတွေရယ်၊ ပြေးတဲ့ လူတွေလည်း ရှိတယ်။ ဆိုတော့ တော်တော်များများက ကျနော်တို့ ဖမ်းတာလည်းရှိတယ်။ အလင်းဝင်တာလည်း ရှိတယ်။ သေဆုံးမှုရောဆိုတော့ စစ်ကြောင်းရဲ့ လူတော်တော်များများ ပြုတ်တယ်လို့ ပြောလို့ ရတယ်။ ဒါပေမယ့် သူတို့ကလည်း ဖလမ်းရဲ့ ၁၃ မိုင်/ ၁၅ မိုင်ပတ်ဝန်းကျင်မှာ အခိုင်အမာ ကတုတ်ကျင်းတွေနဲ့ အခြေပြန်ချတဲ့ အခြေ အနေမှာ ရှိတယ်။ တိုက်ပွဲက ဘယ်အချိန်မှာ မဆို၊ ပြင်းထန်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ သူတို့ဘက်ကလည်း မတိုးနိုင်သေးဘူး။ ကျနော်တို့ ဘက်ကလည်း တားဆီးနိုင်တဲ့…

Read More

(006SV) ကလေး- ကဘော်- ဂန့်ဂေါအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – KKG ၊ တပ်ရင်း ၃ သည် ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသော ရဲဘော်များအား ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံထားပြီး ပြန်လည်တာဝန်ထမ်းဆောင်ရန် ကြေညာလိုက်သည်။ ခွင့်လွန်၊ ခွင့်မဲ့နေသော ရဲဘော်များအနေဖြင့် ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံးထားပြီး တပ်ရင်းသို့ လူကိုယ်တိုင် လာရောက်၍ ပြန်လည်တာဝန်ထမ်းဆောင်ကြပါရန် CDF – KKG တပ်ရင်း ၃ က ဇန်နဝါရီလ ၂၅ ရက်မှာ ခွင့်လွန်၊ ခွင့်မဲ့ ရဲဘော်များနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။ သတ်မှတ်ကာလအတွင်း တပ်ရင်းသို့ ပြန်လည်တာဝန်ထမ်းဆောင်ခြင်း မရှိသော ရဲဘော်၊ ရဲမေများကို တပ်ပြေးအဖြစ် သတ်မှတ်မည်ဟု CDF – KKG တပ်ရင်း ၃ က ထုတ်ပြန်သည်။ တပ်ပြေးအဖြစ် သတ်မှတ်ခံရပါက ရောက်ရာအရပ်အထိ လာရောက်ဖမ်းဆီးကာ တပ်ရင်းမှ ချမှတ်ထားသော ပြစ်ဒဏ်အတိုင်း ပြင်းထန်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ CDF – KKG ၏ တော်လှန်ရေး ၄ နှစ်တာတွင် ကလေး- ကဘော်- ဂန့်ဂေါဒေသမှာသာမက အခြားဒေသများတွင်လည်း တိုက်ပွဲဝင်လျက်ရှိရာ တိုက်ပွဲပေါင်း ၄၀၀ ကျော်မှာ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ CDF – KKG Major Operation ကို ၂၀၂၅ နှစ်ဆန်းပိုင်းက မဟာမိတ်တပ်များနှင်းပူးပေါင်းဖော်ဆောင်ခဲ့ရာ ကလေး – ဂန့်ဂေါအကြားရှိ…

Read More

(004SS) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အိမ်ထောင်ဦးစီးဖြစ်သူက ၎င်း၏ ဇနီးနှင့် သမီးဖြစ်သူကို သေနတ်ဖြင့် ပစ်သတ် ပြီးနောက် မိမိကိုယ်ကိုယ်လည်း အဆုံးစီရင်မှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထန်တလန်မြို့နယ်၊ ကုချာ (Kuhchah) ကျေးရွာတွင် ဇန်နဝါရီလ ၂၂ ရက် ညပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ အသက် ၃၃ နှစ်အရွယ် ဦး ကျဲအိုနှင်းထန် (Pu Ceu Hnin Thang) သည် ည ၁၁ နာရီ ဝန်းကျင်ခန့်တွင် အိပ်ပျော်နေသည့် ဇနီးဖြစ်သူ ဒေါ်နီကျဲရ်နှမ် (Pi Ni Cer Hnem – ၃၄ နှစ်) နှင့် သမီးဖြစ်သူ ပါအီယန်း (Par Iang – ၁၂ နှစ်) တို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဟု သိရသည်။ “ သူကစိတ်ဝေဒနာ ခံစားနေရတာပါ။ သူ့မိန်းမကို သေနတ်နဲ့ ပစ်၊ သူ့သမီးကိုလဲ ပစ်ပြီးမှ သူ့ကိုသူ လဲအဆုံး စီရင် သွားတာ။ အဲဒီအိမ်က အဖို့းနဲ့ ညလာအိပ်တဲ့သူတွေက ချက်ချင်းလိုက်သွားပြီး သေနတ်ကို လုယူဖို့လုပ်ပေမဲ့ သူက သေနတ်မောင်းတံ ကို ခြေမနဲ့ နင်းပြီး သူ့ရဲ့မေးကို ပစ်ခတ်ပြီး သူ့ကိုသူ အဆုံးစီရင်သွားတယ်။ သူက သူ့ဇနီးနဲ့ သားသမီးတွေကို အရမ်းချစ်တာ။ မလေးရှားသွားဖို့ ပြောတဲ့အခါတိုင်းလည်း သူ့မိသားစုမပါရင် မသွားဘူး၊ ခွဲမနေနိုင်ဘူးလို့ အမြဲပြောလေ့ရှိတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ…

Read More

(004SS) အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေကြသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံထားသူများသည် “မိသားစုပြန်လည်ပေါင်းစည်းရေး လမ်းညွှန်မှုအကူအညီပေးရေးအစီအစဉ် (FRUN)”ကို လျှောက်ထားနိုင်သည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR India) က ထုတ်ပြန်သည်။ အဆိုပါ အစီအစဉ်ကို UNHCR India နှင့် ADRA India တို့ ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး တတိယနိုင်ငံရောက် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် လိုအပ်သော ဥပဒေကြောင်းအရ အကြံဉာဏ်နှင့် လမ်းညွှန်မှုများကို အခမဲ့ ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ယင်းအစီအစဉ်တွင် ဇနီး သို့မဟုတ် ခင်ပွန်း၊ အသက် ၁၈ နှစ်အောက် ကလေးငယ်များ (အချို့နိုင်ငံများတွင် ၂၁ နှစ်အထိ) နှင့် တတိယနိုင်ငံရှိ အရွယ်မရောက်သေးသည့် ကလေး၏ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများ အဓိက အကျုံးဝင်မည် ဖြစ်ကာ အချို့နိုင်ငံများ၏ စည်းမျဉ်းအရ အရွယ်ရောက်ပြီးသား သားသမီး၊ မိဘနှင့် မောင်နှမအရင်းများလည်း ပါဝင်နိုင် သော်လည်း လုပ်ငန်းစဉ် ကြာမြင့်နိုင်ကြောင်း သိရသည်။ မိသားစုပြန်လည်ပေါင်းစည်းရေးအတွက် အကူအညီတောင်းခံလိုသူများသည် မိမိ၏ အမည်၊ UNHCR နံပါတ်၊ လက်ရှိ နေရပ်၊ ဖုန်းနံပါတ်၊ တတိယနိုင်ငံရှိ မိသားစုဝင်၏ အချက်အလက်နှင့် တော်စပ်မှုအထောက်အထားများဖြစ်သည့် မွေးစာရင်း သို့မဟုတ် အိမ်ထောင်စုစာရင်းတို့ကို ပြည့်စုံစွာဖော်ပြ၍ ADRA India ၏ အီးမေးလ် frindia@adraindia.org သို့ ပေးပို့ရ မည်ဖြစ်ပြီး UNHCR ၏ အီးမေးလ် indnecpt@unhcr.org ကိုလည်း မိတ္တူ…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် နှစ်ရှည်လများ စစ်ဘေးတိမ်းရှောင်နေကြရသည့် စစ်ရှောင်ပြည်သူများ အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီလိုအပ်များလိုအပ်လျက်ရှိနေသည်ဟု ကလေးဒေသ စစ်ရှောင်အရေးကူညီ ဆောင်ရွက်နေသူထံမှ သိရသည်။ “လက်ရှိကလေးတောင်ပိုင်းမှာ စစ်ဘေးရှောင် ပြည်သူတွေအတွက် အဓိကလိုအပ်တာ ရိက္ခာပိုင်းဖြစ် တယ်။ ဆန်၊ ဆီ တွေလိုအပ်တယ်။ နောက်တခုက အမိုးအကာတွေလိုအပ်လျက်ရှိပါတယ်။ တောတောင်ထဲမှာ ရေရရှိရေးအတွက် ရေပိုက်တွေအထူး လိုအပ်လျက်ရှိတယ်။ အခြေခံလူတန်းစားတောင် ခက်ခဲနေတဲ့ကာလမှာ တောတောင်ထဲမှာ စစ်ရှောင်နေကြတဲ့ ရေရှည်စစ်ရှောင်တွေအတွက်ဆိုရင် ပိုပြီးခါမှ စားဝတ်နေရေးအတွက် ခက်ခဲမှုတွေနဲ့ရင်ဆိုင်နေရ ပါတယ်။” ဟု ကလေးဒေသ စစ်ရှောင် အရေးကူညီ ဆောင်ရွက်နေသူ ကပြောသည်။ ကလေးတောင်ပိုင်းဒေသတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် ကာလရှည်ကြာ စစ်ဘေးရှောင်နေကြ သူများ နှင့် ၂၀၂၅ ခုနှစ် (၁၀) လပိုင်းတကျော့ ပြန်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူများဟူ၍ရှိကြပြီး လေကြောင်း တိုက်ခိုက်မှု နှင့် နယ်မြေလုံခြုံအေးချမ်းမှုမရှိသေးသောကြောင့် အများစုမှာ နေရပ်မပြန်နိုင်ကြဘဲ တောတောင်များတွင် ယနေ့ချိန်ထိ ခိုလုံနေကြရဆဲဖြစ်သည်။ လက်ရှိအထိ စစ်ဘေးတိမ်းရှောင်နေကြရသည့် ကျေးရွာများမှာ ထိုမာ၊ သုံးအိမ်စု၊ လေအိမ်စု၊ ထောက် ကြန့်၊ သာယာ ကုန်း၊ စည်သာ၊ ကြာအင်း၊ နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ အောင်ချမ်း သာ၊ ကြံသာ၊ အောင်သာ ယာ၊ မှန်တော၊ ရှားဖို၊ အောင်မဂ်လာ၊ အင်းကျွန်း၊ ကျောက်ဆည်၊ ရေရှင်၊ စီးစံ၊ ရှားတော တို့ဖြစ်ကြသည်။ ကလေးတောင်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ကလေးဒေသစစ်ရှောင်အရေး ကူညီဆောင်…

Read More

(006SV) ၂၀၂၆ အတွက် အာဆီယံအလှည့်ကျ ဥက္ကဌသစ် ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ထရီဇာ လာဇရိုနှင့် CNF အပါအဝင် တော်လှန်ရေးအင်အားစုများသည် မြန်မာ့ပဋိပက္ခ ဖြေရှင်းနိုင်ရေး ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။ ဇန်နဝါရီလ ၁၉ ရက်မှ ၂၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ Tagaytay မြို့တွင် ၂၀၂၆ အတွက် မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် ဖြစ်လာသော ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်အာဏာရှင် တော်လှန်ရေးအင်အားစုတို့ ဆွေးနွေးခြင်းဖြစ်သည်။ “အာဆီယံအလှည့်ကျ ဥက္ကဌကနေ ဖိတ်ခေါ်တဲ့ အစည်းအဝေးဖြစ်တယ်။ ဆွေးနွေးခဲ့ကြတာက ပထမအချက်အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ဘယ်လိုအကောင်အထည် ဖော်မလဲ၊၊ ပြီးတော့ အကြမ်းဖက်မှုတွေကို အမြန်ဆုံး ဘယ်လိုရပ်တန့်နိုင်မလဲပေါ့။ ဥပမာ – လေကြောင်းတိုက်ခိုက်မှုတွေ၊ ပြီးတော့ ပြည်သူလူထုကို ဦးတည်ချက်ထား တိုက်ခိုက်တာတွေ၊ နောက်တစ်ခုက လူသားချင်းစာနာထောက်ထားမှု အကူအညီပံ့ရေးကိစ္စတွေ၊ နောက် နိုင်ငံတကာ ရာဇဝတ်မှုတွေဖြစ်တဲ့ Scamming Center ကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ လူကုန်ကူးမှုကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF) မှ ပြောရေးဆိုခွင့်ရှိသူ Salai Van က ပြောသည်။ အဆိုပါအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု လွတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ၊…

Read More

(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးအကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများသည် အကျဉ်းသားများထံမှ လာဘ်ယူ ခြင်း၊ ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်သည်။ ကလေးအကျဉ်းထောင်တွင် လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးက ဦးဆောင်၍ အကျဉ်းသားများကို ငွေညှစ်၍ အခန်းပြောင်း၊ အိပ်ဆောင်ပြောင်းခြင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသကဲ့သို့ ကွမ်းပေါင်းနှင့် သီးနှံများရောင်းချခြင်းတို့ကို ပုံမှန်ထက် ၃ ဆတင်ပြီး ရောင်းချနေသည်ဟု PPNM က ယနေ့ ဇန်နဝါရီလ ၂၂မှာ ထုတ်ပြန်သည်။ လက်ရှိတွင် အကျဉ်းသားများအပေါ်တွင် ကျဉ်စက်အသုံးပြုခြင်း၊ ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်လာကြောင်း၊ ယခင် ကလည်း အကျဉ်းသားတစ်ဦးကို ခေါင်းကွဲအောင် ရိုက်နှက်ခဲ့ဖူးပြီး အရေးယူခံရခြင်း မရှိခဲ့ကြောင်း သိရသည်။ ကလေးအကျဉ်းထောင်သည် အကျဉ်းသားစားနပ်ရိက္ခာများကို လောက်ငှအောင် မပေးတော့သည့်အပြင် ဖြတ်ယူ စားသောက်နေမှုများကြောင့် နိုင်ငံရေးအကျဉ်းသားများသည် မိမိစားရိတ်ဖြင့် မှာယူစားသောက်နေရပြီး မိသားစုနှင့် အပေါင်းအသင်းများမှ ပေးပို့လာသော ပါဆယ်များကိုလည်း ထောင်အရာရှိများက ခေါင်းပုံဖြတ်စားနေသည်ဟု PPNM က ထုတ်ပြန်သည်။ ထောင်ဝင်စာ လာသော ပါဆယ်များကို တာဝန်သယ်ဆောင်ရန် လက်ထောက် ကြီးကြပ်ရေးမှူးရုံးသည် မူးယစ် ဆေးဝါးမှုဖြင့် အကျဉ်းကျနေသူ တွေကို အသုံးပြု၍ အကျဉ်းသား ရိက္ခာများကို ဖြတ်ယူနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကဖော်ပြထားသည်။

Read More

(006SV) တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတစ်ခုလုံးရှိ တိုင်းရင်းသား လူမျိုးစု အားလုံးအတွက် ကောင်းမွန်မျှတမှု ရှိသည့် နိုင်ငံရေးစနစ်တစ်ရပ် ပေါ်ပေါက်ရေးနှင့် တန်းတူညီမျှမှု ရှိသော ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာ သည် အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုက ကြေညာသည်။ ချင်းကာကွယ်ရေးတပ် – အရှို တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၂၁ ရက်က သဘောထား ထုတ်ပြန်ချက်တွင် ကြေညာခြင်းဖြစ်သည်။ CDF- အရှို၏ တော်လှန်ရေး ၃ နှစ်တာ ခရီးတွင် ပြည်တွင်း ပြည်ပရှိ တော်လှန်ပြည်သူများ၏ ပံ့ပိုးဝန်းရံမှုများကြောင့် စစ်ဆင်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဖော်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။ အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် အထောက်အကူပြုသည့် တပ်ဖွဲ့တစ်ခုအဖြစ် အခိုက်အမာရပ်တည်သွားမည်ဟု CDF – အရှို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခေတ်အဆက်ဆက်မှ ယနေ့ နွေဦးတော်လှန်ရေးအထိ စစ်အစိုးရ၏ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများအပေါ် သွေးခွဲ အုပ်ချုပ်မှုများ၊ ဖိနှိပ်မှုများနှင့် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကိုလည်း ကွန့်ကွက်ရှုတ်ချသည်ဟု သိရသည်။ လက်ရှိတော်လှန်ရေးကာလ စစ်ကော်မရှင်တပ်၏ အရပ်သားပစ်မှတ်ဖြစ်သော စစ်ဆင်ရေးများကြောင့် အသက်ခန္ဓာနှင့် အိုးအိမ် ဆုံးရှုံးပြီး နေရပ်စွန့်ခွာကြရသော ပြည်သူတစ်ရပ်လုံးနှင့် ထပ်တူထပ်မျှ ရပ်တည်ခံစားရပါကြောင်း အလေးအနက်ဖော်ပြလိုပါသည်ဟု CDF – အရှိုက ထုတ်ပြန်သည်။ CDF – အရှို၏ စစ်ဆင်ရေးများတွင် အသက်၊ သွေး၊ ချွေးနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို…

Read More

(005MK) မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ ITI ရပ်ကွက်တွင် မီဇိုးလူငယ်အသင်း(YMA) နာမည်ဖြင့် ဒေသခံတစ်ဦးကို ခြိမ်းခြောက်၍ ငွေတောင်းယူခဲ့သော မြန်မာစစ်ရှောင်လူငယ် ၃ ဦးကို ဖမ်းဆီးပြီး ရပ်ကွက်မှနှင်ထုတ်လိုက်သည်ဟု သိရသည်။ ITI ရပ်ကွက်တွင်နေထိုင်ကြသော မြန်မာစစ်ရှောင်လူငယ် ၃ ဦးသည် ဇန်နဝါရီ ၁၉ ရက်ည ၁၀ နာရီဝန်းကျင်တွင် ရပ်ကွက်ထဲက ဒေသခံအမျိုးသားတစ်ဦးကို YMA နာမည်ဖြင့်ငွေကြေးတောင်းခံခဲ့ကြပြီး မပေးပါက ထိုးနှက်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်ဟု ITI YMA က သတင်းထုတ်ပြန်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ITI ရပ်ကွက် YMA အဖွဲ့က သတင်းကြားကြားချင်းစုံစမ်းကာ ဇန်နဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။ ၎င်းတို့ ၃ ဦးမှာ တမူးခရိုင် ခမ်းပတ်မြို့နေ အသက် ၁၈ နှစ်အရွယ် Duhlianthanga၊ ကလေးမြို့နယ် Phulmawi ကျေးရွာနေ အသက် ၁၇ နှစ်အရွယ် Hunlawmawma နဲ့ လောင်တလိုင်ခရိုင် Kawlchaw West ကျေးရွာနေ အသက် ၂၁ နှစ်အရွယ် Lalrindika တို့ဖြစ်ကြပြီး ITI YMA တာဝန်ရှိသူများရှေ့တွင် ထိုကဲ့သို့ကျူးလွန်ကြောင်း ဝန်ခံခဲ့ကြသည်ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုပါ လူငယ် ၃ ဦးနှင့်အတူ ITI ရပ်ကွက်တွင်နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်အားလုံး ကို ဇန်နဝါရီ ၂၁ ရက်ညက YMA က ခေါ်ယူတွေ့ဆုံကာ နောက်နောင်တွင် ထိုကဲ့သိုဖြစ်ရပ်များမဖြစ်ပွားစေရန်အတွက် ပြစ်မှုကျူးလွန်သူ မြန်မာစစ်ရှောင်လူငယ် ၃…

Read More