Author: Editor

(004SS) စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းတောင်သို့သွားရာ က‌‌လေး – သိုင်ငင်းလမ်းမကြီးအား တီးတိန်မြို့သိမ်းတိုက်ပွဲကြောင့် ကလေးမြို့သို့ စစ်ဘေးရှောင်ကြသော ပြည်သူများ ဖြတ်သန်းသွားလာနိုင်ရန် ခေတ္တဖွင့်ပေးထားကြောင်း သိရသည်။ မေလ ၂၇ ရက်နေ့ကစ၍ ကလေး- သိုင်ငင်းလမ်းမကြီးအား စစ်ဘေးရှောင်ပြည်သူများ အသွားအလာ အဆင်ပြေစေရန် ခေတ္တဖွင့်လှစ်ထားခြင်းသာဖြစ်ပြီး စစ်ရေးဗျူဟာအရ အချိန်မရွေး ပြန်လည်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF CDM-Siyin မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “သိုင်ငင်းလမ်းမကြီးကို တီးတိန်စစ်ဆင်ရေးစတဲ့ချိန်ကနေ စစ်ရှောင်ပြည်သူတွေအတွက် ခဏဖွင့်ပေးထားတာပါ။ တရား ဝင်ဖွင့်ဖို့က အဆင်‌မပြေသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ CB စစ်ဆင်ရေးလုပ်တဲ့အခါ စကစတွေ စစ်ကူတက်လာနိုင်တာ ကို ပိတ်ပင်ထားတာဖြစ်တယ်။ သူတို့သာ တက်လာရင်တော့ ကျွန်တော်တို့ ပစ်ဖို့ အဆင်သင့်ရှိတယ်၊ ဒါပေမဲ့ ပြည်သူတွေကို လူသားဒိုင်းအဖြစ်သုံးလေ့ရှိတယ်ဆိုတော့ အဲလိုသာဆို သူတို့ကို ပစ်ဖို့ခက်သွားပြီ၊ နောက် ပြည်သူတွေအရမ်းနစ်နာ မှာဖြစ် လို့ အခု စစ်ဆင်ရေးပြန်စပြီဟေ့ဆိုရင်တော့ အချိန်မရွေးပြန်ပိတ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ မေလ ၂၆ ရက်နေ့ ညနေပိုင်းမှစပြီး ၂၇ ရက်နေ့ မနက်ပိုင်းအထိ တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းညီနောင်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲကြောင့် တီးတိန်မြို့ပေါ်ဒေသခံပြည်သူအားလုံးနီးပါးသည် ကလေးမြို့နှင့် အခြားသော ‌ကျေးရွာများနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်သို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။ ကလေး-သိုင်ငင်း လမ်းမကြီးကို ‌လွန်ခဲ့သော မတ်လဆန်းပိုင်းကစ၍ စစ်ရေးအခြေအနေကြောင့် CDF CDM-SIYIN မှ ပိတ်ပင်ခဲ့ခြင်းဖြစ်ရာ ကလေးမြို့မှ ချင်းတောင်သို့တက်မည့်…

Read More

(002MG) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ မေလ (၂၇) ညနေပိုင်းမှာ မီးရှို့ခဲ့မှုကြောင့် နေအိမ် ၃၀ ကျော် ပြာကျခဲ့ရသည်ဟု သိရသည်။ တီးတိန်မြို့ မြို့မရပ်ကွက် နာရီစင်အနီးက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ညနေပိုင်း ၄ နာရီခန့်တွင် တစ်ကြိမ်၊ ညနေ ၆ နာရီခန့်တွင်တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်မီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးငြိမ်းသတ်မည့်သူမရှိဘဲ တစ်အိမ်ပြီးတအိမ် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “မနေ့ညကလည်းထပ်ရှို့တာ အိမ်လည်းမီးထဲပါသွားပြီ၊ ကျွန်တော်တို့ အိမ်နားတလျှောက် အကုန်လုံးပြာကျတယ်၊ တကယ်ဆိုရင် ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူးသူတို့ကို ဘာမှလုပ်တာမဟုတ်ဘူး၊ သူတို့ ရှို့ချင်တဲ့ အိမ်တွေကို ရှို့တယ်၊ မနေ့ည မိုးအရမ်းရွာတော့ မီးကငြိမ်းသွားတယ်၊ ဒါပေမယ့် အိမ်သုံးဆယ်ကနေ လေးဆယ်အထိလောင်သွားတယ်” ဟု မြို့မရပ်ကွက်က နေအိမ်မီးထဲပါသွားသော ဒေသခံတစ်ဦးကပြောသည်။ နေအိမ်များ အကြီးအကျယ်မီးလောင်ကျွမ်းသည့် ရုပ်ပုံများ လူမှုကွန်ယက်စာမျက်နှာများတွင် တွေ့မြင်ခဲ့ကြရပြီး ကံကောင်းထောက်မစွာ မိုးရွာသွန်းမှုကြောင့် ညသန်းခေါင်ယံအချိန်ခန့်တွင် အလိုအလျောက် မီးငြိမ်းသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မီးလောင်မှုကြောင့် မြို့မရပ်ကွက်တွင်ရှိသည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင် နှစ်ထပ်တိုက်အိမ်၊ ပျဉ်ထောင်အိမ် အများအပြား မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။ တီးတိန်မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်တပ်ဖွဲ့က ဖော်ဆောင်လျှက်ရှိပြီး မေလ ၂၆ ရက်ညပိုင်းကစ၍ တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်အထိုင်စခန်းများကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယခုလက်ရှိတွင် စစ်ကောင်စီတပ်စွဲထားသော မိုက်ခရိုဝေ့စ်နှင် နတလ တို့ကို သိမ်းပိုက်ထားပြီဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ သိရသည်။ တီးတိန်မြို့တိုက်ပွဲကြောင့် ဒေသခံပြည်သူအားလုံးနီးပါးသည် ကလေးမြို့နှင့် အနီးအနားကျေးရွာများသို့…

Read More

(005MK) မီဇိုရမ်ပြည်နယ်တွင် ဆိုင်ကလုံးမုန်တိုင်း Remal ကြောင့် မိုးကြီး၍ မြေပြိုမှု အကြီးအကျယ်ဖြစ်ပွားကာ လူသေဆုံးမှု တိုးလာနေပြီး လူပေါင်း ၃၁ ဦးသေဆုံးခဲ့ပြီဟု ဒေသတွင်း Zonet ရုပ်သံသတင်းဌာနက ယနေ့ည ၇ နာရီသတင်းမှာ ကြေညာသည်။ ဆိုင်ကလုံးမုန်တိုင်း Remal ကြောင့် မီဇိုရမ်ပြည်နယ်တွင် မေလ ၂၇ မှ ၂၈ ရက် နေ့လည်ပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး အိုင်ဇောလ်မြို့အနီး Methum နှင့် Hlimen ကျေးရွာကြားက ကျောက်ထုတ်လုပ်သည့် နေရာသည် ယနေ့မနက်ပိုင်း ၆ နာရီခန့်က ပြိုကျမှုဖြစ်ပွားခဲ့သည်။ ထိုမြေသားပြိုကျမှုကြောင့် Methum ကျေးရွာက လူဦးရေ ၂၀ ခန့်နေထိုင်သော လူနေအိမ်ခြေ ၄ လုံးနှင့် Hlimen ကျေးရွာက အိမ်တစ်လုံးတို့ မြေသားနှင့် နွံများက ဖုံးလွှမ်းကာ တောင်ကမ်းပါးအောက်သို့ လွင့်စင်သွားပြီး ၁၉ ယောက် သေဆုံးခဲ့သည်ဟုဆိုသည်။ ယင်းတို့အနက် အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ကြသည်ဟု သိရသည်။ အဆိုပါ ၁၉ ဦးတွင် ၁၄ ဦး၏ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိပြီဖြစ်ကာ ကျန် ၅ ဦးအလောင်းမှာ ရှာဖွေဆဲဟုသိရသည်။ အလားတူ Hlimen ကျေးရွာထဲတွင် နောက်ထပ်မြေပြိုမှုကြောင့် ၄ ယောက်သေဆုံးခဲ့သည်ဟု သိရသည်။ ၂ ဦး၏ ရုပ်အလောင်းကို ရှာတွေ့ပြီဖြစ်ကာ ကျန် ၂ ဦး၏အလောင်းမှာ မတွေ့သေးကြောင်း သိရသည်။ Falkawn ကျေးရွာတွင်လည်း မြေပြိုမှုကြောင့် အိမ်…

Read More

(005MK) ဇိုမီးတော်လှန်ရေးတပ်မတော်အရှေ့ပိုင်းတိုင်း (ZRA-EC) နှင့် ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ပြန်လည်သင့်မြတ်ရေးရှိစေရန်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင် အဖြစ် ကြားဝင်ဆောင်ရွက်ပေးသွားမည်ဟု Zo Reunification Organization (ZORO) က ပြောဆိုလိုက်သည်။ မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ZORO အဖွဲ့သည် ZRA နှင့် CNA တို့အကြားဖြစ်ပွားနေ သော စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ယနေ့မေလ ၂၇ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ZORO အဖွဲ့သည် နိုင်ငံတကာမှာရောက်ရှိနေကြသော ချင်း (ဇို) မျိုးနွယ်စုများ ငြိမ်းချမ်းစွာအတူတကွနေထိုင်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေသောအဖွဲ့ဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက ZRA-EC နှင့် CNA /ချင်းပူးပေါင်းတပ်ဖွဲ့များအကြား သဘောထားကွဲလွဲမှုကြောင့် အပြန်အလှန်ပစ်ခတ်မှုအထိဖြစ်ပွားသည့်အပေါ် စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။ မိမိတို့ညီအကိုများဖြစ်ကြသော ZRA-EC နှင့် CNA /ချင်းပူးပေါင်းတပ်ဖွဲ့များအနေဖြင့် တစ်ဦးနှင့်တစ်ဦး ပြန်လည်သင့်မြတ်ကာ ပဋိပက္ခများ ဆက်လက်မဖြစ်ပွားဘဲ ရပ်တန်းကရပ်တန့်ကြရန် တောင်းဆိုသည်ဟု ZORO ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ZRA-EC နှင့် CNA /ချင်းပူးပေါင်းတပ်ဖွဲ့များသည် သွေးသားတော်စပ်ကြသော တအူတုံဆင်းညီအကိုများဖြစ်ကြပြီး သဘောထားအမြင်မတူညီမှုကြောင့် နောက်ဆက်တွဲဖြစ်လာသည့် ပြသနာဟုယူဆရပြီး နှစ်ဖက်တပ်ဖွဲ့များအကြား ပြန် လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်စွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ZORO အနေဖြင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ကြားဝင်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။ သို့သော်လည်း မည်ကဲ့သို့ ငြိမ်းချမ်းရေးအကျိုးဆောင်ရွက်သွားမည်ကို ထည့်သွင်းဖော်ပြခြင်းမရှိပေ။ Zo Reunification Organization (ZoRO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃…

Read More

(006SV) စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်မှာ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်အတွင်းက ဘုရားကျောင်း၊ ဆေးရုံနှင့် စာသင်ကျောင်းပေါင်း ၁၉၀ ကျော် ပျက်စီးကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သတင်းထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ် မေလအထိ ချင်းပြည်နယ်အတွင်းက ဘာသာရေး အဆောက်အဦးများ၊ စာသင် ကျောင်းများနှင့် ဆေးရုံဆေးခန်းများကို စစ်ဗျူဟာတစ်ခုအဖြစ်အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်စီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု CHRO က ယမန်နေ့ မေလ ၂၆ ရက်က ထုတ်ပြန်သည်။ စစ်ကောင်စီသည် နိုင်ငံတကာသဘောတူညီချက် ဂျီနီဗာကွန်ဗင်ရှင်းကို ချိုးဖောက်ပြီး ဘုရားကျောင်းနှင့် ဘာသာရေး အဆောက် အဦးပေါင်း ၁၁၆ ခု၊ ဆေရုံနှင့် ဆေးပေးခန်းပေါင်း ၂၆ ခုနှင့် စာသင်ကျောင်းနှင့် သင်ကြားရေး စင်တာပေါင်း ၄၉ ခုကို ပစ်ခတ် တိုက်ခိုက်၊ မီးရှိ့၍ ဖျက်စီးခဲ့ကြောင်း သိရသည်။ ၃ နှစ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ချင်းပြည်နယ်တွင်း အရပ်သားပြည်သူ ၉၃ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထဲတွင် ကလေးငယ် ၂၈ ဦးနှင့် အမျိုးသမီး ၂၀ ဦး ပါဝင်နေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။ ကလေးငယ် ၁၅ ဦးနှင့် အမျိုးသမီး ၄၇ ဦးအပါအဝင် အရပ်သားပြည်သူ ၂၀၀ ခန့်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအစိုးရအနေဖြင့် စစ်ကောင်စီကို လက်နက်ခဲယမ်းနှင့်…

Read More

(006SV/MG) ချင်းပြည်နယ် တီးတိန်မြို့ကို သိမ်းနိုင်ရန်အတွက် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ဖော်ဆောင်နေပြီး လက်ရှိတွင် စစ်စခန်း (၁) ခုကို သိမ်းဆည်းထားနိုင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၉) ဦးကို အရှင်ဖမ်းဆီးရမိ ထားကြောင်း PDF – Zoland မှ ပြန်ကြားရေးမှူးက ပြောသည်။ ယနေ့ မေလ ၂၇ ရက် မနက်ပိုင်း ၄ နာရီခွဲတွင် တီးတိန်မြို့ပေါ်က စစ်ကောင်စီအထိုင်ချစခန်းဖြစ်သည့် မိုက်ခရိုဝေ့စ်စခန်းကို ချင်းညီနောင်အဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၉ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကာ လက်ရှိတွင် မိုက်ခရိုဝေ့စ်စခန်းကို သိမ်းဆည်းထားပြီးဖြစ်ကြောင်း ပြန်ကြားရေးမှူးက ပြောသည်။ “မိုက်ခရိုဝေ့စ်စခန်း သိမ်းပြီးတော့မှ အခုလောလောဆယ် ငြိမ်နေတာပါ။ သူတို့တပ်စွဲထားတဲ့ မြို့ထဲက မိုက်ခရိုစခန်းပါ။ သူတို့ဘက်က ၄ ယောက်လောက် ကျတယ်။ တခြားသူတွေက ပြေးတယ်။ ကျနော်တို့ အရှင်ဖမ်းထားတဲ့ လူက ၉ ယောက်ရှိပါတယ်” ဟု PDF – Zoland မှ ပြန်ကြားရေးမှူးက ပြောသည်။ တီးတိန်မြို့သိမ်းစစ်ဆင်ရေးသည် ချင်းညီနောင်၏ ဒုတိယမြောက် စစ်ဆင်ရေးဖြစ်ပြီး ပထမ စစ်ဆင်ရေးမှာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဖြစ်သည်။ တီးတိန်မြို့ပေါ်တွင် ရဲစခန်းနှင့် ခလရ – ၂၆၉ တပ်စခန်းကုန်းသာ ကျန်ရှိတော့ပြီး မြို့သိမ်းတိုက်ပွဲကို တဖြည်းဖြည်း လုပ်သွားမည်ဖြစ်၍ တိုက်ပွဲကို အရှိန်မြှင့်သွားမည်ဖြစ်ကြောင်း PDF – Zoland မှ ပြန်ကြားရေးမှူးက ပြောသည်။ တိုက်ပွဲတွင် စစ်ကောင်စီမှ ၄ ဦး ကျဆုံးပြီး ၉…

Read More

ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် မေလ ၂၆ ရက်ညပိုင်းကစ၍ ယနေ့မနက်ပိုင်းအထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုနှင့် ဘာသာရေးအဆောက်အအုံအပါဝင် နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။ တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့၏ အထိုင်တပ်စခန်းများကို PDF-Zoland နှင့် ချင်းညီနောင်တပ်ဖွဲ့ဝင် များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောဆိုကြသော်လည်း သီးခြားအတည်ပြု၍မရသေးပေ။ ချင်းညီနောင် နှင့် PDF-Zoland ဘက်ကို ဆက်သွယ်ရန်ကြိုးစားနေဆဲဖြစ်သည်။ ထိုတိုက်ပွဲကြောင့် မေလ ၂၆ ရက်ည နှင့် ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု တီးတိန်မြို့ ဒေသခံတစ်ဦးကပြောသည်။ “အဓိက လေးလုမ်း၊ လေးတော့တန်းရပ်ကွက်နဲ့ စကစ တပ်စွဲတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်တာ၊ စကစဘက်က Y 12 နဲ့ ၈ကြိမ်လောက်ဗုံးချတယ်၊ ဒီနေ့မနက်တော့ Jet Fighter နဲ့ ၃ကြိမ်လောက် ဗုံးကြဲ တယ်၊ လူနေအိမ် တော့ တော်တော် များများ ပျက်စီးတယ်၊ CCJ Hall လည်း အများကြီးပျက်စီးတယ်” ဟု တီးတိန်မြို့ဒေသခံက ပြောသည်။ တီးတိန်မြို့ပေါ်တွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြုရန် ဒေသခံပြည်သူတချို့က ပြီးခဲ့သည့်ရက်ပိုင်းက တီးတိန် မြို့လမ်းမ ပေါ်တွင် အုပ်စုလိုက် ဆုတောင်းခြင်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ တိုက်ပွဲမဖြစ်ခင်ရက်ပိုင်းကတည်းက တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအနီးတဝိုက်တွင်နေထိုင်ကြ သော ပြည်သူများနှင့် မြို့ခံ ၄ ပုံတစ်ပုံခန့်မှာ စစ်ဘေးတိမ်းရှောင်ခဲ့ကြပြီးဖြစ်သလို ယခုအခါ တိုက်ပွဲဖြစ်ပွားပြီးနောက် တီးတိန်တမြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။ တီးတိန်မြို့တွင် တွန်းဇံမြို့က…

Read More

(006/002-SV/MG) ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသ တွန်းဇံမြို့နယ်မှာ မေလ ဒုတိယပတ်ကစ၍ မြို့သိမ်းစစ်ဆင်ရေးကို ပထမဆုံးအကြိမ် အကောင်အထည်ဖော်ဆောင်ခဲ့ပြီး၊ စစ်ဆင်ရေးစတင်ပြီး ၅ ရက်အကြာ မေလ ၁၉ နှင့် ၂၁ ရက်နေ့တွင် တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ မေလ ၁၅ ရက်နေ့က စတင်ခဲ့သော အဆိုပါ မြို့သိမ်းစစ်ဆင်ရေးအခြေအနေနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။ မေး – ချင်းပြည်အစိုးရ ချင်းပြည်နယ် ဝန်ကြီးဌာနက ဒီလိုမျိုး ပထမဦးဆုံး တွန်းဇံမြို့တွင်း စစ်ဆင်ရေးဖော်ဆောင်မှုက ချင်းတော်လှန်ရေးအတွက် ဘယ်လိုမျိုးအရေးကြီးပါသလဲ။ ဖြေ – ကျွန်တော်တို့က ဒီတော်လှန်ရေးကို နိုင်ငံရေး၊ စစ်ရေးနဲ့ ဟန်ချက်ညီညီ ဖော်ဆောင်တာဖြစ်တယ်။စစ်ရေးဆိုတာ နိုင်ငံရေးအခြေအခံ ပဋိပက္ခကြောင့် ဒီစစ်ရေးအခြေအနေအထိ ဖြစ်လာတာဖြစ်တယ် ၊ ဒါကြောင့် နိုင်ငံရေးအရ အမျိုးသားစုစည်းမှုကို စစ်ရေးနဲ့ နိုင်ငံရေးအရ အခုက ဖော်ဆောင်နေတာဖြစ်တယ်။ အခုလက်ရှိမှာ ချင်းပြည်အစိုးရ ပေါ်လာပြီဆိုတော့ ဒီစစ်ကောင်စီကို တိုက်ထုတ်ဖို့က အားကောင်းကောင်းနဲ့ ကျွန်တော်တို့ သွားချင်တယ်၊ အဲ့ဒါကြောင့် ချင်းလဲန်းကောင်စီ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ကနေ အခုက CNA ချင်းအမျိုးသား တပ်မတော်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုဖွဲ့ပြီးတော့ ချင်းကာကွယ်ရေး ဝန်ကြီးအောက်မှာထားပြီးတော့ အားကောင်း ကောင်းနဲ့ စစ်ရေးကို ဖော်ဆောင်နေတာ ဖြစ်တယ်။ ဒါက အင်မတန်မှ အရေးကြီးတဲ့ စစ်ရေးနဲ့ နိုင်ငံရေးအရ စုစည်းမူကြီးတခုအနေနဲ့ ဒီစစ်ဆင်ရေးကို ဖော်ဆောင်နေတာဖြစ်တယ်။ မေး…

Read More

(002MG) ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် ရေရှားပါးမှုကြောင့် တွန်းဇံမြို့မှ စစ်ဘေးရှောင်လာကြသော ပြည်သူများ သောက်သုံးရေအခက်အခဲနှင့်ကြုံနေကြရသည်ဟု သိရသည်။ ချင်းပြည်နယ်မြောက်ဘက်အစွန်ဆုံးတွင်တည်ရှိသော တွန်းဇံမြို့သိမ်းစစ်ဆင်ရေးကို ချင်းပြည်အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက မေလ ၁၅ ရက်နေ့က စတင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ တွန်းဇံမြို့ပေါ်နှင့် ကျေးလက်ဒေသက ဒေသခံပြည်သူများသည် တီးတိန်မြို့ပေါ် အပါအဝင် အခြားသောဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ စစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်တစ်ဦးက “အခုလောလော ဆယ်က တီးတိန်မြို့ပေါ်မှာ ရေတအား ရှားတယ်၊ အဓိကသုံးရေတော်တော်လေးကို လိုအပ်တယ်၊ရေဖြန့်ဝေမူက တစ်ရက်ခြားလာတဲ့အချိန်မှာ လည်း နာရီ ဝက်လောက်ပဲရတယ်၊ ပုံမှန်အခြေအနေဆိုရင် မိသားစုတခုက သုံးတာအဆင်ပြေပေမယ့် စစ်ဘေးရှောင်တွေတ အားများလာတဲ့အခါကျတော့ ဥပမာ- တအိမ်မှာအယောက် (၄၀) လောက်နေကျတဲ့ အခါကျတော့ မလောက်တော့ ဘူး၊ ရန်ပုံငွေလည်းမရှိတာတွေကြောင့်၊ သုံးရေ လုံလောက်ဖို့ဆိုရင် သုံးရေ ရောင်းတဲ့အရောင်းသမားတွေကို ငှါးပြီး သူတို့ စီကနေပဲ လီတာ (၂၀၀၀)ဆို ရင် သုံးသောင်းခွဲ အဲ့လိုပုံစံရောင်း တယ်၊ ရေအလှူရှင်တွေလည်း လိုအပ်တယ်” ဟုပြောသည်။ စစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီ၏ စာရင်းအရ လက်ရှိ တီးတိန်မြို့ပေါ်တွင် စစ်ဘေးရှောင် ပြည်သူ (၂၅၀၀) ခန့်ရှိပြီး ၎င်းတို့အတွက် စစ်ဘေးရှောင်စခန်း(IDPs Camp) များပြုလုပ်နိုင်ခြင်းမရှိဘဲ ဆွေမျိုး၊ အသိမိတ်ဆွေ အိမ်များတွင် နေထိုင်ကြရသလို တချို့မှာလည်း အိမ်ငှါးဖြင့်နေထိုင်ကြရသည်ဟုသိရသည်။ စစ်ဘေးရှောင်များထဲတွင် ကလေးသူငယ်၊သက်ကြီး ရွယ်အိုအများအပြားပါလာပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး (၁၀) ဦးထက်မနည်းရှိနေသောကြောင့် ဆေးဝါးနှင့် အသုံးဆောင်ပစ္စည်း၊ အဝတ်အထည်များလည်း လိုအပ်လျက်ရှိ သိရသည်။…

Read More

(004SS) မရာလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုဖြစ်သည့် မရာဒေသကာကွယ်ရေးတပ်ဖွဲ့ MDF/MTC နှင့် CDF-Mara တပ်ဖွဲ့တို့အကြား ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးတွေ့ဆုံဆွေးနွေးမှုကို ဘာသာရေးအဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့် ပြုလုပ်ကာ နှစ်ဖက်သဘောတူညီမှုရရှိကြောင်းသိရသည်။ မရာဧဝံဂေလိအသင်းတော် (Mara Evangelical Church) ၏ ဦးဆောင်မှုဖြင့် MDF/MTC နှင့် CDF-Mara တပ်ဖွဲ့တာဝန်ရှိ သူများသည် မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် ဇောင်းလိန်ရွာ၌ မေလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင်တွေ့ဆုံဆွေး နွေးခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးသဘောတူညီမှုရရှိခဲ့ကြသည်ဟု MDF/MTC ပြန်ကြားရေးဌာန အတွင်းရေးမှူး ကပြောသည်။ “အဓိကတော့ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းရေးအတွက် ဘာသာရေးအဖွဲ့အစည်းကနေ လုပ်ပေးတာဖြစ်ပါတယ်။ ငြိမ်းချမ်း ရေးကတော့ အဆင်ပြေတယ်ပေါ့နော်၊ ပေါင်းစည်းရေးအတွက်က ပြန်ပြီး ကော်မတီဖွဲ့၊ တဖြည်းဖြည်း ချဉ်းကပ်ရမှာ ဖြစ်ပါတယ်၊ အနည်းဆုံး ၂/၃ လလောက်အချိန်ပေးပြီးလုပ်ရမှာပေါ့နော် အလုံးစုံပူးပေါင်းနိုင်ဖို့ကို၊ မရာမြေမှာ အုပ်ချုပ်ရေး တစ်ခု၊ စစ်တပ်တစ်ခုတည်းပဲရှိရမယ်ဆိုတဲ့မူကို ကိုင်ဆွဲပြီး ချဉ်းကပ်နေတာပါ” ၎င်းကပြောသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် MDF နှင့် CDF-Mara အကြား အပြုသဘောဆောင်သောရှေ့လုပ်ငန်းစဥ် (၈) ရပ်ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။ ယင်းသဘောတူညီချက်ထဲတွင် နှစ်ဖက်တပ်ဖွဲ့မှ ကိုယ်စားလှယ် ၅ ယောက်စီ၊ ဘာသာရေးဆရာ၊ မြို့မိမြို့ဖဘက်က ကိုယ်စားလှယ် ၅ ယောက်ဖြင့် ပြန်လည်ပေါင်းစည်းရေးကော်မတီဖွဲ့စည်းကာ ပေါ်လစီရေးဆွဲရန်၊ ပြန်လည်ပေါင်းစည်းရေး ကော်မတီက မရာလူထုကောင်စီညီလာခံခေါ်ယူပြီး မူကြမ်းအတည်ပြုကာ ရွေးကောက်ပွဲလုပ်ရန်၊ ရွေးကောက်ပွဲကျင်းပပြီး ၁၄ ရက်အတွင်း နှစ်ဖက်တပ်ဖွဲ့မှ ဖမ်းဆီးထားသော…

Read More