Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီ စစ်ဆင်ရေးတွင် ချင်းတပ်ဖွဲ့ အချင်းချင်းကြား ပစ်ခတ်မှုကြောင့် ချင်းတော်လှန်ရေးရဲဘော်များ ကျဆုံးမှုရှိနေ

မတူပီ စစ်ဆင်ရေးတွင် ချင်းတပ်ဖွဲ့ အချင်းချင်းကြား ပစ်ခတ်မှုကြောင့် ချင်းတော်လှန်ရေးရဲဘော်များ ကျဆုံးမှုရှိနေ

0
By Editor on June 21, 2024 Headline

(006SV)

ချင်းပြည်တောင်ပိုင်း မတူပီမြို့ စစ်ဆင်ရေးတွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ နှစ်ဖက်လုံးမှာ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သတင်းရရှိသည်။

ချင်းတော်လှန်ရေးနှစ်ဖွဲ့အကြားတွင် ဇွန်လ ၁၈ ရက်မနက်ပိုင်းမှ ဇွန်လ ၂၀ ရက်အထိ တိုက်ပွဲများ ၃ ရက်ကြာအထိ ဖြစ်ပွားနေခဲ့ပြီး တိုက်ပွဲအကြိမ်ရေ အများအပြားရှိခဲ့ကြောင်း CDF – မတူပီ၊ တပ်မဟာ – ၁ မှ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က ပြောသည်။

“တိုက်ပွဲက တောက်လျှောက်ဖြစ်နေပါတယ်။ တဖက်နဲ့ တဖက် ကျနော်တို့က တိုက်နေမယ်ဆိုရင် စစ်ကောင်စီကို သိမ်းဖို့က တော်တော်လေး ခဲယဉ်းဖို့ ဖြစ်နေပါတယ်။ တပ်မဟာ – ၂ က ထုတ်ပြန်တာမှာလည်း လမ်းတွေ ပိတ်မယ်ဆိုတာတွေ ပါလာတော့ လိုအပ်တဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူမှု အပိုင်းတွေမှာနောက်ကျမှု အများကြီး နောက်ကျမှု ရှိပါမယ်။ အချင်းချင်းကြား ပြသနာ ဆက်ဖြစ်မယ်ဆိုရင် ကျနော်တို့ ချင်းညီနောင်ရဲ့ သီးသန့် တာဂစ်ပေါ့နော်။ စစ်ကောင်စီ ပြုတ်ကျရေး ရည်းမှန်းချက် အတော်လေး အခက်အခဲရှိမယ်။ အတော်လေး လူလည်ပေးဆပ်ရမယ်” ဟု ၎င်းက ပြောသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင်ပူးပေါင်းတပ်တို့၏ မတူပီမြို့မှာ အချင်းချင်း တိုက်ခိုက်မှုများကြောင့် ဇွန်လ ၂၀ ရက်က ချင်းအမျိုးသားတပ်ဦး CNA မှ ဒုတိယ ဗိုလ်မှူးကြီး လာလ်ဘိခ့် (Lt.Col Lal Bik) ကျဆုံးသွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၈ ရက်က အချင်းချင်းတိုက်ခိုက်မှုများတွင် ချင်းညီနောင်မှ ရဲဘော် ၂ ဦးကျဆုံးပြီး အပြင်းအထန် ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း သိရသည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေသော်လည်း အတိအကျကို မဖြေနိုင်သေးကြောင့် CDF – မတူပီ၊ တပ်မဟာ – ၁ မှ ပြောရေး ဆိုခွင့်ရှိသူ ကိုဘွေအုတ်က ယမန်နေ့က ချင်းညီနောင်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ချင်းအမျိုးသားတပ်ဦး CNA မှ ဒုတိယ ဗိုလ်မှူးကြီး လာလ်ဘိခ့် (Lt.Col Lal Bik) ကျဆုံးသွားမှုနှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်ရကြောင်း ချင်းညီနောင်မှ စစ်ရေးတာဝန်ခံ၊ CDF – မင်းတပ် စစ်ဦးစီးချုပ် ထန်းချွန်းဖေက ပြောသည်။

“စိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်လူမျိုးအချင်းချင်း စကစကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီးတော့ တိုက်ခိုက် နေတဲ့အချိန်မှာ စကစကို တိုက်ခိုက်နေတဲ့အဖွဲ့ကို လာတိုက်ခိုက်ရင်းနဲ့ ကျဆုံးတဲ့အတွက် ပိုပြီးတော့မှ စိတ်မကောင်း ပါဘူး။ ချင်းပြည်သူတွေအနေနဲ့ ဒါကိုသင်ခန်းစာယူပြီးတော့ မဖြစ်သင့်တဲ့၊ ဆိုရှယ် မီဒီယာပေါ်မှာ အမုန်းတရားတွေ ပြန့်ပွားစေမှုတွေကို ရပ်တန့်ဖို့လည်း လိုအပ်နေပါတယ်” ဟု ထန်းချွန်းဖေက ပြောသည်။

မတူပီမြို့သိမ်း စစ်ဆင်ရေးအတွင်း ချင်းတော်လှန်ရေးအင်အားစုများ အချင်းချင်းကြား တိုက်ပွဲများ ဖြစ်ပွားနေမှုသည် ချင်းလဲန်း ကောင်စီဘက်က တိုက်ပွဲများ ရပ်ပေးပါက မိမိတို့ဘက်ကလည်း ရပ်ပေးမည်ဖြစ်ကြောင်း ၊ ချင်းလဲန်းကောင်စီတပ်ဖွဲ့က မိမိတို့ကို ထိုးစစ်ဆင်နေ၍သာ အချင်းချင်းတိုက်ပွဲဖြစ်ရခြင်းဖြစ်ကြောင်း ချင်းညီနောင်မှ တာဝန်ရှိသူများက မနေ့ညကပြုလုပ်သော ချင်းညီနောင်သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုကြသည်။

လတ်တလောတွင် ချင်းအဖွဲ့အချင်းချင်းကြား တွေ့ဆုံဆွေးနွေး၍ ရသော အခြေအနေမျိုး မရှိသေးကြောင်း ချင်းညီနောင်မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

လက်ရှိတွင် ချင်းလဲန်းကောင်စီသည် မတူပီမြို့တိုက်ပွဲများအတွက် လက်နက်ခဲယမ်း စုဆောင်နေခြင်းနှင့် စစ်ရေးပြင်ဆင်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း CDF- မတူပီ၊ တပ်မဟာ ၁ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဘွေအုပ်က ပြောသည်။

မတူပီမြို့စစ်ဆင်ရေးကို ချင်းညီနောင်က ဇွန်လ ၉ ရက်က စတင်တိုက်ခိုက်ခဲ့ရာ မြို့ပေါ်ကို ဇွန်လ ၁၁ ရက်တွင် သိမ်းနိုင်ခဲ့ပြီး ဇွန်လ ၁၇ ရက်တွင် ခမရ ၃၀၄ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

မတူပီမြို့ စစ်ကောင်စီ ဗျူဟာကုန်းနှင့် ခလရ ၁၄၀ တို့ကို သိမ်းယူနိုင်ရေးအတွက် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင် တပ်ဖွဲ့တို့က ဆောင်ရွက်နေကြကြောင်း အသီးသီး ထုတ်ပြန်ထားသည်။

မတူပီမြို့မှာ စစ်ကောင်စီနှင့် တိုက်ပွဲများတွင် ချင်းတော်လှန်ရေး အင်အားစုများ၏ CDF- မတူပီ၊ တပ်မဟာ – ၁ မှ ရဲဘော် ၆ ဦး ရှေ့တန်းတစ်နေရာတွင် ကျဆုံးခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.