Author: Editor

(002MG) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခါမ်းပါတ်မြို့ကို ယနေ့ နိုဝင်ဘာလ  ၇ ရက် မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ များက အပြည့်အ၀ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ ကလေး-တမူးကားလမ်းမပေါ်တွင်တည်ရှိသော ခါမ်းပါတ်မြို့က စစ်ကောင်စီ ရဲစခန်းကို နို၀◌င်ဘာလ ၃ ရက်နေ့က သိမ်းပိုက်ခဲ့ကြပြီးနောက် စစ်ကောင်စီတပ်ကုန်းစခန်းကို ယနေ့တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ထပ်မံသိမ်းပိုက်ကာ တမြို့လုံးကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “သိမ်းတော့သိမ်းနိုင်ပြီ၊ အခုက စခန်းကလူတွေက အကုန်လုံးထွက်ပြေးသွားကြတာ ဘယ်သူမှမရှိတော့တာ” ဟု ခမ်းပတ် မြို့စခန်းသိမ်းတိုက်ပွဲတွင် ပါ၀◌င်သော CNO Upper Chindwin Region-UCR တာ၀◌န်ရှိသူတစ်ဦးက ပြောသည်။ မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းဖြင့်အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ခါမ်းပါတ်မြို့ သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးမှုအခြေအနေကိုတော့မသိရသေးပေ။ ခါမ်းပတ်မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ အမျိုးသား ညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်) ကလည်း ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာလ (၃) ရက်မှ စတင်၍ ဝိုင်းပတ်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။ ခါမ်းပါတ်မြို့ကို အမှတ် (၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့်တော်လှန်ရေးအဖွဲ့များက အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးအဖွဲ့များအနက် တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂) ၊ အမှတ်…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စောင်ထီယားကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို CDF မတူပီ တပ်ရင်း ၂ မှ စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီမှ ၂ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာများ ရရှိပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ချင်းကာ ကွယ်ရေးတပ်ဖွဲ့ – မတူပီမှ တာဝန်ရှိသူက ပြောသည်။ ယမန်နေ့ နိုဝင်ဘာလ ၆ ရက် ညနေပိုင်းတွင် မတူပီ- ငလိုင်ကျေးရွာကြားရှိ စောထီယားကျေးရွာလမ်းခွဲသို့ မတူပီအခြေစိုက် စစ်ကောင်စီတပ်မှ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာခဲ့ရာ CDF – မတူပီ တပ်ရင်း ၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF- မတူပီမှ တာဝန်ရှိသူက ပြောသည်။ “မကြာခဏ မတူပီတပ်ရင်း ၂ နဲ့ကတော တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်ရေးအရ သူတို့နဲ့ နီးနီးကပ်ကပ် ရှိတဲ့အတွက် သူတို့ နယ်မြေလုံခြုံရေးအရသော်လည်းကောင်း၊ မတူပီကို တပ်အင်အားဖြည့်ဖို့ လမ်းကြောင်း ရှင်းတာလည်း ဖြစ်နိုင်ပါတယ်။ စစ်ရေးကတော့ နှစ်ဖက်တင်းမာတဲ့ အခြေအနေမှာပဲ ရှိနေပါတယ်” ဟု သူက ပြောသည်။ မတူပီမြို့ ခရလ – ၁၄၀၊ ခရလ – ၃၀၄ နှင့် မတူပီစစ်ဗျူဟာ၏ ပူးပေါင်းစစ်ကြောင်းနှင့် CDF မတူပီ တပ်ရင်း ၂ တို့၏ တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး…

Read More

(002MG) စစ်ကိုင်းတိုင်း ကလေးနှင့် တမူးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၃ ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိသည်ဟု သိရသည်။ နို၀◌င်ဘာလ ၃ ရက်နေ့မနက်အစောပိုင်းက တမူးနှင့် ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအနည်းဆုံး ၆ ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်း၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ ရဲစခန်း၊ ၀◌ိတုတ်ကျေးရွာရဲစခန်း နှင့် ကလေးမြို့နယ်ထဲက မြောက်စည်းကျေးရွာ ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။ “ကလေးမြို့နယ်မှာက မြောက်စည်းသိမ်းနိုင်တယ်၊ ၀◌ိတုတ်သိမ်းနိုင်ပြီ၊ ခမ်းပတ်က တ၀◌က်ကျန်တယ် ရဲကင်းသိမ်းပြီ တပ်ကုန်းကျန်တာပေါ့ အဲဒီ ၄ နေရာမှာ ၃ ခုကတော့ သိမ်းနိုင်ပြီ” စခန်းသမ်းတိုက်ပွဲတွင်ပါ၀◌င်သော CNDF-Vakok တပ်ရင်း တာ၀န်ရှိသူကပြောသည်။ မြောက်စည်းရဲစခန်းတိုက်ပွဲသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး စစ်သုံ့ပန်း တချို့နှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ရာဇဂြိုလ် ရဲဘက်စခန်းကိုလည်း သိမ်း ပိုက်ကာ ထောင်သားများကိုလည်း လွှတ်ပေးခဲ့သည်ဟု သိရသည်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ခမ်းပတ်မြို့ရဲစခန်းကိုသိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့များ နောက်ထပ်တပ်စွဲထားသော တပ်ကုန်းကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးပဲ ဆက်လက်ကြိုးစားနေဆဲဖြစ်သည်ဟု သိရသည်။ ကလေးမြို့နယ်တောင်ပိုင်း၊ မြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF- Vakok တပ်ရင်းမှ အသက် (၁၉) နှစ်အရွယ် Salai Thawng Tha Cung (ခ) Cung Te နှင့် RKDF မှ အသက်…

Read More

SV ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝ၏ ရဲဘော်၊ ရဲမေ ၂၅၀ ထက်မနည်းမှာ တောစီးဖိနပ် မရှိဘဲ စစ်ရေးလှုပ်ရှားနေရသောကြောင့် အခက်အခဲကြုံတွေ့နေရပြီး အရေးပေါ်လို အပ်နေသည်ဟု ပလက်ဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။ “ရဲဘော် ၂၅၀ အတွက် ဆိုတာကလည်း များများလှူရင်တော့ များများ ဝယ်လို့ ရနိုင်တာပေါ့နော်။ ၂၅၀ ရရင်လည်း ကျနော်တို့ အတွက် အများကြီး ခံသာတာပေါ့လေ။ ကျန်တာကို အဆင်ပြေသလို ဖဲ့ထုတ်ပြီး ဝယ်လို့ ရတာပေါ့။ အခုအရေးပေါ်လိုအပ်နေတဲ့ အရံ ၂၅၀ သာရရင် မြေပြင်မှာရှိတဲ့ ရဲဘော်တော်တော်များများကို အဆင်ပြေစေတယ်” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။ CDF- ပလက်ဝ၏ ရဲဘော်ရဲမေများသည် တောစီးဖိနပ် မရှိ၍ အရေးပေါ် လိုအပ်နေသောကြောင့် နည်းလမ်းရှာကြံပြီး ပို့ပေးခဲ့ သော်လည်း ရဲဘော်ထက်ဝတ်မျှ မလောက်ငှပဲ ရှိနေသည်၊ ကျန်ရဲဘော်များ ဖိနပ်မရှိဘဲ စစ်ရေးလှုပ်ရှားနေရသောကြောင့် ပြည်တွင်း၊ ပြည်ပ ပြည်သူများ၏ အကူအညီများ လိုအပ်နေသည်ဟု သူက ပြောသည်။ ဆလိုင်းမျိုးထိုက်သည် ပလက်ဝမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သကဲ့သို့ ပလက်ဝမြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးဥက္ကဌလည်းဖြစ်သည်။ တချို့ရဲဘော်များသည် တောစီးဖိနပ်မရှိဘဲ နေရသည်မှာ အချိန်ကြာမြှင့်လာပြီး တောစီးဖိနပ် မလုံလောက်မှုမှာ တော်လှန်ရေး စတင်ကတည်းက အခက်အခဲအဖြစ် ရှိနေခဲ့သည်၊ လက်ရှိတောစီးဖိနပ်များမှာလည်း ၃လခန့် အသုံးပြုလိုက်ပါက လုံးဝ ပျက်စီးသွားပြီး အရေးပေါ်တောစီးဖိနပ်အရန်အဖြစ်လည်း ရဲဘော်၊ ရဲမေများမှာ မရှိကြကြောင်း စုံစမ်းသိရှိရသည်။…

Read More

ရေး – Salai Vakok “မောပန်းလွန်တဲ့ ဘဝတွေ၊ ဘယ်အချိန်ပြီးဆုံးမှာလဲ ၊ ခါးသီး လွန်တဲ့ အရပ်မှာ မနေချင်တော့ဘူး၊ ရှေ့ဆက်ရမယ့် လမ်းဟာ ဘယ်အချိန်အဆုံးသတ်ရမှာလဲ၊ ပြီးဆုံးသွားမယ့်နေ့တွေ ကြိုမျှော်လင့်ရင်း” ဒီသီချင်းက ချင်းလဲန်းတောင်တန်းတွေပေါ်မှာ အာဏာသိမ်းမှုကို ခုခံတွန်းလှန်နေတဲ့ ရဲဘော်၊ ရဲမေတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ခံစားရေးဖွဲ့ထားတာပါ။ တော်လှန်ရေးရဲဘော်တွေ အကုန်လုံး နားဆင်ဖို့၊ ရည်ရွယ်ရေးဖွဲ့သီဆိုတာဖြစ်သလို ပြည်တွင်း/ပြည်ပ ပြည်သူတွေလည်း ချင်းရဲဘော်လေးတွေအကြောင်းကို ပိုနားလည်စေဖို့လည်း ရည်ရွယ်ပါတယ်။ ရေးဖွဲ့သီဆို သူက ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်က ရဲဘော် ဆလိုင်းကီးဘွေပါ။ အသက် ၂၄ နှစ်အရွယ် သမိုင်း တတိယနှစ်ကျောင်းသား ဆလိုင်းကီးဘွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာ စတင်ပါဝင်ခဲ့ပြီး တူးမီးတော်လှန်ရေးအထိ လက်နက်စွဲကိုင်ခဲ့သူပါ။ “နေ့တိုင်း ညတိုင်းခက်ခဲမှုတွေ၊ စခန်းတွေမှာ ကျနော်တို့ ထမင်းနပ်မမှန်တာတွေလည်း ရှိတယ်။ ဒီလိုမျိုးအခြေအနေဆိုးတွေနဲ့ ကြုံလာတဲ့အခါ ပိုပြီးတော့ ခံစား၊ ခံပြင်းလာတဲ့အချိန်မှာ ရေးစပ်ခဲ့တာ။ ဒီသီချင်းလေးက အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပြည်သူတွေနဲ့ ပြည်ပမှာရှိတဲ့ ပြည်သူ ပြည်သားတွေ အကုန်လုံး၊ ရဲဘော်တွေနဲ့ ထောက်ပို့တပ်သားတွေ အကုန်လုံး၊ ကျနော်တို့ စိတ်ခံစားချက်လေးကို ပေါ်လွင်စေအောင် ရေးစပ်ခဲ့တာဖြစ်တဲ့အတွက် ဒီသီချင်းလေးကနေ ကျနော်တို့ CDF ကန်ပက်လက်ကို ဆက်ထောက်ခံပေးဖို့ မျှော်လင့်ပါတယ်” လို့ CDF ကန်ပက်လက် ရဲဘော်ဆလိုင်းကီးဘွေက ပြောပါတယ်။ “ရင်ဆိုင်နေမယ့် အားမလျော့စိတ်တွေနဲ့ ရှင်သန်နေမယ် တို့တွေ အနာဂါတ်အတွက် ၊အိမ်အို မြို့လေးကို…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်သည် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၂၄ ရက်က မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ရာမှ အမျိုးသားတစ်ဦးမှာ သေဆုံးသွားခဲ့ပြီး အမျိုးသမီးကို ပြန်လွှတ်ပေးသည်ဟု CDF မင်းတပ်က နိုဝင်ဘာလ ၂ ရက် ယနေ့မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။ သေဆုံးသွားသော အရပ်သားသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကျောင်းများမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး မြို့အနီး သွားချိန်တွင် အဖမ်းခံရခြင်းဖြစ်သည်ဟု မင်းတပ်မြို့ခံ HKL Mindat က ပြောသည်။ CDF – မင်းတပ်ထံ ထပ်မံအတည်ပြုနိုင်ရန် ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပါ။ “ခုရက်ပိုင်းအရပ်သားတွေကို အကြောင်းမဲ့ဖမ်းတာတွေ၊ လူသားဒိုင်းအဖြစ် ရှေ့ကသွားခိုင်းပြီး လုပ်တာတွေက ပြည်သူကို အလေး ထားရင် (စကစ) တကယ်ကိုမလုပ်သင့်တာပါ။ ပြည်သူတွေအနေနဲ့လည်း အသွားအလာအပြောအဆို ဆင်ခြင်စေချင် ပါတယ်” ဟု မင်းတပ်မြို့ခံ HKL Mindat က ပြောသည်။ အောက်တိုဘာလ ၁၅ ရက်က မင်းတပ်မြို့၊ ၄ မိုင်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော အသက် ၂၉ နှစ်ရွယ် အမျိုးသားကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်ဟု သိရသည်။ မင်းတပ်မြို့တွင်းက အရှေ့ပြင်မှာလည်း အောက်တိုဘာလ ၂၅ ရက်ညက စစ်ကောင်စီနှင့် CDF မင်းတပ်တို့ ထိတွေ့ တိုက်ပွဲ…

Read More

(02HH) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်တွင်ရှိသော စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး မြို့ တွင်းနေပြည်သူများ ခရီးသွားလာခွင့်ကို ရက်ကန့်သတ်မရှိ ပိတ်လိုက်သည်ဟု သိရသည်။ မတူပီ-ဟားခါးလမ်းမပေါ်တွင် တပ်စွဲထားပြီး အင်အားဖြည့်လာသည့် စစ်ကောင်စီစစ်ကြောင်းကို CDF-Matupi က လက်ဦးမှုယူပြီး တိုက်ခိုက်ပြီးနောက်ပိုင်းတွင် ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု CDF-Matupi တာဝန်ခံ G-1 က ပြောသည်။ “ထိတွေ့မှုခနဖြစ်တာနဲ့ အခုမြို့ထဲမှာ အကုန်လုံးအပြင်ကို ထွက်ခွင့်ပိတ်ထားတယ်။ မြို့တွင်း ဧည်သည့်အဝင်အ ထွက်များရင်တော့ သူတို့မလုံခြုံဘူး၊ မြို့တွင်းအခြေအနေကို မြို့တွင်းကနေ အပြင်ထွက်သွားရင် ကျွန်တော်တို့စီ သတင်း ပြန်ရောက်တယ်လေ၊ ကြောက်သွားလို့ဖြစ်မှာကျွန်တော်တို့အဖွဲ့ကိုမသိစေချင်ဘူး သူတို့ လျို့ဝှက်နဲ့ ပိတ်ထားတာ။” CDF-Matupi တာဝန်ခံ G-1 က ပြောသည်။ အဆိုပါ ပိတ်ပင်မှုကြောင့် မတူပီမြို့အနီးအနားတွင်ရှိသော ကျေးလက်ပြည်သူများ မြို့တွင်း ဆီ၊ ဆား၊ ငပိ အပါအဝင် အခြားစားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများဝယ်ယူရန် ပိုအခက်အခဲတွေ့နေကြရသည်ဟု သိရသည်။ စစ်ကောင်စီတပ်က မြို့တွင်း၊မြို့ပြင် ခရီးသွားလာခြင်းပိတ်ထားသည်မှာ ၃ ရက်သာရှိနေသေးသော်လည်း လက်ရှိမတူပီမြို့ထဲတွင် စားသောက်ကုန်ပစ္စည်းအပါအဝင် ဆန်စျေးနှုန်းများ မြင့်တက်လာနေပြီဖြစ်သောကြောင့် ယခုထက်ရက်ကြာမြင့်ပါက ရိက္ခာပြတ်တောက်လာမည်ကို မြို့ခံများက စိုးရိမ်နေရသည်ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ “သူတို့အဲ့လိုပိတ်တာနဲ့စျေးတွေက ထိုးထိုးတက်လာတယ်၊ အခြေခံစားသုံးကုန်တွေက နယ်ဖက်ကလည်း ဆား၊ငပိတွေဝယ်မယ့်သူတွေအတွက် တော်တော်ခက်ခဲရှိတယ်။ အညံ့ဆုံးပေါ်ဆန်းတောင် ၉သောင်းနဲ့ တစ်သိန်းကြားမှာရှိတယ်။” ဟု မတူပီမြို့ခံက ပြောသည်။ မတူပီမြို့ပေါ်တွင် CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးတိုင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ပြည်သူများ မတူပီမြို့တွင်း၊မြို့ပြင် ခရီးသွားလာခြင်းမပြုရန် ပိတ်ထားလေ့ရှိပြီး…

Read More

(02HH) စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၊ ဒိုးဝိုင်းချောင်းရွာထဲ ပြည်သူနေအိမ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ  တပ်ဆွဲထားသောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။ ဒိုးဝိုင်းချောင်းဒေသခံတစ်ဦးက ”စစ်သားတွေနဲ့ ကား ၃ စီး ရွာအပြင်နားမှာရှိနေကြတယ်။ တချို့ဆိုရင် အိမ်ထဲတွေမှာလည်း ဝင်ထိုင်ကြတယ် ဒီနေ့မှာရောပဲ။ ရွာအပြင်ဖက်နားတွေမှာလည်း မိုင်းတွေမြုပ်ထားတော့ ကြောက်လို့ ညလည်း မအိပ်ရဲတာနဲ့ အမျိုးတွေစီသွားအိပ်ရတယ်။ ပစ္စည်းတွေလည်း အဆင့်သင့်ပြင်ထားရတယ်” ဟု ပြောသည်။ ဒိုးဝိုင်းချောင်းကျေးရွာတွင် အောက်တိုဘာလ ၃၁ ရက် ယမန်နေ့ညက အင်အား ၅၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ညအိပ်ဖို့ အခြေချခဲ့တာဖြစ်ပြီး ယနေ့တွင်လည်း ၎င်းကျေးရွာတွင် တပ်စွဲနေကြဆဲဖြစ်သည်ဟု သိရသည်။ ယနေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းမှုကြောင့် ကလေးမြို့မြောက်ပိုင်း၊ မောက်လင်းကျေးရွာက ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ပြီး ခြေသလုံးကြွက်သားကြေမွကာ လက်မောင်းရိုးကျိုုး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ လက်ရှိ ကလေးမြို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းစစ်ဆေးမှုများ ပိုမိုပြုလုပ်လာသည့်အပြင် ညပိုင်းအချိန်တွင်လည်း ကလေးမြို့မြောက်ပိုင်းဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေသည်ဟု PDF-KKG ပြန်ကြားရေးတာဝန်ခံက ပြောသည်။ Photo – စစ်ကောင်စီလက်နက်ကြီးကြောင့် မောင်လင်းရွာသား၏ ပုံ

Read More

(03PT) အိန္ဒိယ-မြန်မာနယ်စပ် မဏိပူပြည်နယ် မိုရေးမြို့ Phaicham Veng ရပ်ကွပ်တွင် နေထိုင်သည့် ဒေသခံပြည်သူအချို့အပါဝင် မြန်မာနိုင်ငံသား အယောက် ၃၀ ကျော်ခန့် ယနေ့ မနက်ပိုင်းတွင် လုံခြုံရေးအကြောင်းပြုကာ ဒေသတွင်းအာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “ကွန်မန်ဒိုရော၊ ရဲ‌ရော၊ Army ‌ရော စုပေါင်းပြီးတော့ မှ စစ်ဆေးပြီးတော့ မှ ရဲစခန်းကို ခေါ်သွားတယ်။ အခုထိတော့ စစ်ဆေးမေးမြန်းတုန်းဖြစ်တယ်ပေါ့နော်။ ကျန်တဲ့ရပ်ကွက်တွေလည်း ရပ်ကွက်အလိုက် စစ်ဆေးရေး ဝင်နေတယ်” ဟု မိုးရေးမြို့တွင်နေထိုင်သူဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေက မြန်မာနယ်စပ်မြို့ ဖြစ်သော မို‌ရေးမြို့အတွင်း ရဟပ်ယာဥ်ကွင်းဆောက်လုပ်မှု ကွင်းဆင်းစစ်ဆေးနေသူ မဏိပူရ်ရဲအရာရှိတစ်ဦး စနိုက်ပါသေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံရမှုဖြစ်ပြီးတဲ့နောက်မှာ လုံခြံရေးတင်းကျပ်ကာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့အပါဝင် မဏိပူရ် ရဲကွန်မန်ဒိုတပ်ဖွဲ့နှင့် အသံရိုင်ဖယ်တပ်ဖွဲ့တို့ ပူးပေါင်းကာ မိုရေးမြို့တွင်း စစ်ဆေးမှု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးမှုပြုလုပ်ရာတွင် မဏိပူရ်ဒေသခံ ကူကီးလူမျိုး ၁၁ ယောက်အပါဝင် အထောက်ထားမဲ့ မြန်မာစစ်ဘေးရှောင် ၃၂ ယောက် အားလုံးစုစုပေါင်း အယောက် ၄၄ ဦး ကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “သူတို့အရင် ရပ်ကွက်အလိုက် ယာယီကဒ်လုပ်ဖို့ရန်အတွက် Biometric ရိုက်ဖို့လုပ်တာတွေရှိတယ် အဲ့တာတွေထဲပါ မပါ အဲ့တာတွေလည်းစစ်တယ်၊ အထောက်ထားတွေဘာတွေစစ်တယ်။ ပြီးတော့ ကျွန်တော်တို့ကြားတာက အဲ့ဒီလိုလုပ် ထားပြီးတော့ Biometric တွေ ရိုက်ပြီးတော့မှ ပြန်လွတ်မယ်ကြားတယ် ဒါပေမဲ့…

Read More

(006SV) ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးစစ်ဆင်နေသည့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ စစ်ရေး၊ နိုင်ငံရေးတွင် မိမိတို့ တော်လှန်ရေးအင်အားစုများအနေဖြင့် ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် ချင်းအမျိုးသားတပ်ဦးက သတင်းထုတ်ပြန်သည်။ ချင်းအမျိုးသားတပ်ဦးအနေဖြင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ (MNTJP/MNDAA)၊ PSLF/TNLA၊ ULA/AA) တို့၏ စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို တိုက်ခိုက်ချေးမှုန်းရန် ရည်ရွယ်ချက်ဖြင့် မဟာဗျူဟာမြောက် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်မှုအပေါ် ထောက်ခံကြိုဆိုသည်ဟု အောက်တိုဘာလ ၃၀ ရက် ထုတ်ပြန်သည်။ “၁၀၂၇ စစ်ဆင်ရေး” တွင် စစ်ကောင်စီတပ်စခန်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်း ရရှိမှုများအပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် တိုက်ပွဲတိုင်း အောင်လံလွှင့်ထူနိုင်စေကြောင်း CNF/ CN A က ဆန္ဒပြုသည်ဟု ဆိုသည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခြင်းသည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ပြည်သူများလိုလာတောင်းတသော နိုင်ငံရေးစနစ်ဖြင့် တိုင်းပြည်တည်ဆောင်ရန် မြန်မာ့သမိုင်းတွင် မကြုံဖူးသော နိုင်ငံရေးအခွင့်အခါကောင်းကို ရရှိခြင်းဖြစ်ပြီး၊ ဤအခွင့်ကောင်းကို အမိအရ ဆုပ်ကိုင်း၍ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် ဟန်ချက်ညီညီ တိုက်ပွဲ ဆင်နွှဲကြရန် လိုအပ်သည်ဟု CNF/CN A က ထုတ်ပြန်သည်။ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” သည် ယနေ့တွင် ငါးရက်မြောက်နေ့အဖြစ် ရောက်ရှိလာပြီး စစ်ကောင်စီတပ်၏ ယာယီစခန်းများအပါအဝင် တပ်စခန်းပေါင်း ၈၀ ခန့်ကို သိမ်းပိုက်ထားသည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ထုတ်ပြန်သည်။ “၁၀၂၇ စစ်ဆင်ရေး”သည်…

Read More