Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ်၊ အင်ဖားထောင်ထဲက မြန်မာအကျဉ်းသားများ အစာငတ်ခံဆန္ဒဖော်ထုတ်

မဏိပူရ်၊ အင်ဖားထောင်ထဲက မြန်မာအကျဉ်းသားများ အစာငတ်ခံဆန္ဒဖော်ထုတ်

0
By Editor on June 17, 2024 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော မြန်မာနိုင်ငံသား ၂၈ ဦးသည် ဇွန်လ ၁၆ ရက်နေ့ကစ၍ အစာငတ်ခံ ဆန္ဒပြနေကြသည်ဟု သိရသည်။

“အဓိကသူတို့တောင်းဆိုချက်ကတော့ သူတို့လွတ်မြောက်ဖို့ပါ၊ ဘယ်ကိုပို့ပါ ဘယ်ကိုမပို့ပါနဲ့ဆိုတာမျိုးထက် ထောင်ထဲ ကနေ လွတ်မြောက်ဖို့ ထောင်အာဏာပိုင်တွေကိုတောင်းဆိုတာဖြစ်တယ်၊ မြန်မာနိုင်ငံကိုပြန်မပို့ဖို့တောင်းဆိုတာမျိုးလဲ မဟုတ်ဘူး လွတ်မြောက်ဖို့တောင်းဆိုတာပါ” ဟု ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦး၏ ဆွေမျိုးကပြောသည်။

ယခုလက်ရှိ အင်ဖားမြို့အကျဉ်းထောင်ထဲတွင် မြန်မာနိုင်ငံသား ၁၅၀ ကျော်ခန့်ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ပြီး ဧည့်တွေ့ခွင့်မရှိသည့်အပြင်၊ အစားအသောက်နှင့် သောက်သုံးရေ အဆင်မပြေမှုကြောင့် ကျန်းမာရေးထိခိုက်လာသူများလည်းရှိသည်ဟု သိရသည်။

ထို့အပြင် အကျဉ်းသားများထဲတွင် သက်ဆိုင်ရာပြစ်ဒဏ်၊ ငွေဒဏ် များကျခံပြီး လွတ်ရက်စေ့သူများရှိနေသော်လည်း မဏိပူရ်အာဏာပိုင်များက လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု သိရသည်။

မြန်မာအကျဉ်းသားများထဲတွင် အိန္ဒိယ မြန်မာသံရုံးနှင့်ချိတ်ဆက်ကာ မဏိပူရ်အစိုးရ၏ အစီစဉ်နှင့် နေရပ်ပြန်လိုသူများ နှင့် နေရပ်ပြန်ပို့မခံလိုသူများဟူ၍ အစုအဖွဲ့ ၂ ဖွဲ့ရှိနေပြီး ယခု အစာငတ်ခံဆန္ဒဖော်ပြကြသည့် ၂၈ ဦးဟာ ကြားနေများဖြစ်ကြသည်ဟု သိရသည်။

“ဒီ ၂၈ ယောက်ကကျတော့ ထောင်အာဏာပိုင်တွေနဲ့တွေ့မယ် သူတို့လွတ်မြောက်ဖို့အရေးကို တောင်းဆိုမယ် ထောင်အာဏာပိုင်တွေဘက်ကနေ ဘယ်လိုတုံ့ပြန်ချက်တွေပြန်လာမလဲ အဲဒီတုံ့ပြန်ချက်အရ သူတို့က ဆုံးဖြတ်ချက် ချမယ် လို့ပြောတယ် ထောင်အာဏာပိုင်နဲ့တွေ့လို့ နောက်ဆုံးနည်းလမ်းက အစိုးရချင်းလွှဲအပ်မယ်ဆိုရင်တော့ လုပ်ချင်တဲ့ သူကလုပ် မလုပ်ချင်တဲ့သူကမလုပ်နဲ့ အဲလိုသဘောပါ” ဟု ဆန္ဒပြရာမှာ ပါဝင်သူ၏ ဆွေမျိုးကပြောသည်။

ပြီးခဲ့သည့် မေလ နှင့် ဇွန်လဆန်းပိုင်းက အင်ဖားမြို့အကျဉ်းထောင်ထဲမှ မြန်မာနိုင်ငံသား ၇၇ ဦးကို မဏိပူရ်အစိုးရအစီစဉ်ဖြင့် တမူး-မိုးရေ နယ်စပ်ကတဆင့် နေရပ်ပြန်ပို့ခဲ့ပြီးဖြစ်သည်။

ယခုလက်ရှိမှာလည်း မဏိပူရ်အစိုးရက မြန်မာအကျဉ်းသားများ နေရပ်ပြန်ပို့ရန် ထပ်မံစီစဉ်နေကြောင်း သိရသည်။

အင်ဖာအကျဉ်းထောင်ထဲတွင် မြန်မာနိုင်ငံက အမျိုးသား ၉၉ ဦး၊ အမျိုးသမီးနှင့် ကလေးငယ် ၆၀ ဦး ထိန်းသိမ်းခံထားရဆဲပြီး စာရွက်စာတမ်း အတုပြုလုပ်မှု၊ စစ်ဘေးရှောင်များနှင့် တရားမဝင်နေထိုင်မှု စသည့်အကြောင်းပြချက်ဖြင့် ထိန်းသိမ်းခံရသူများဖြစ်ကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.