Author: Editor

မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်နေထိုင်ကြသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ NGOs များ ဝင်ရောက်ခွင့်ပြုပြီး ဒေသခံများနှင့် မြန်မာစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရန် အမေရိကန်အခြေစိုက် Chin Association of Maryland (CAM) က တောင်းဆိုလိုက်သည်။ Chin Association of Maryland (CAM) အမှုဆောင်ဒါရိုက်တာ Pu Zo Tum Hmung သည် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေမှ ၂၃ ရက်နေ့အထိ မီဇိုရမ်ပြည်နယ်သို့ မြေပြင်အခြေအနေများ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်များကို မေလ ၁၆ ရက်နေ့က အမေရိကန်အစိုးရထံ တင်ပြခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ NGOs အဖွဲ့အစည်းများ တရားဝင်ရောက်ရှိခွင့်ပြုရန် နှင့် အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းက စစ်ဘေးရှောင်ပြည်သူများအား တိုက် ရိုက်အကူအညီများပေးအပ်ရန်လိုအပ်သည်ဟု CAM ကဆိုသည်။ အိန္ဒိယဗဟိုအစိုးရအနေဖြင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး( UNHCR) ရုံးများကိုလည်း မီဇိုရမ်ပြည် နယ်တွင် ပွင့်လင်းလွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်ပြုသင့်သည်ဟု ဆိုသည်။ ထို့အပြင် မြန်မာစစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနေသော မီဇိုရမ်ပြည်နယ်က မီဇိုးလူငယ်အသင်း (CYMA) ကဲ့သို့သော ဒေသဆိုင်ရာ NGOs အတွက် နည်းပညာပိုင်းဆိုင်ရာများကိုလည်း အမေရိကန်အစိုးရအနေဖြင့် ကူညီပံ့ပိုးပေးသင့်သည်ဟု CAM ကအကြံပြုထားသည်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တွင် ရုံးစိုက်သော Chin Association of Maryland…

Read More

(005MK) မီဇိုရမ်ပြည်နယ် ရှာဟာခရိုင်တွင် စစ်ဘေးတိမ်းရှောင်လာသည့် ချင်းအမျိုး သမီးတစ်ဦးသည် ယမန်နေ့ မေလ ၁၇ ရ က်နေ့က ကလေး ၃ မွှာပူးအောင်မြင်စွာမွေးဖွားနိုင်ခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ် မတူပီမြို့နယ် စပေါ်ကျေးရွာကနေ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာမြို့တွင် စစ်ဘေးရှောင်လာသော အသက် ၂၉ နှစ်အရွယ် ဒေါ်နိုက်ဖါသည် လောင်တလိုင်မြို့ Lairam Christian Medical Centre တွင် မေလ ၁၇ ရက်ညနေပိုင်း ၆ နာရီမှာ ဆရာဝန် ၂ ဦးက ခွဲစိတ်ခဲ့ကြသည်ဟုသိရသည်။ တစ်နာရီခွဲကျော်ကြာ ခွဲစိတ်ပြီးနောက် ဗိုက်ထဲက ကလေး ၃ မွှာပူးကို အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ကြပြီး ကလေး ၃ ယောက်စလုံးမှာ မိန်းကလေးများဖြစ်ကြကြောင်း သိရသည်။ ပထမဆုံး ထွက်လာသည့်ကလေးမှာ အလေးချိန် ၂.၅၀၀ ကီလိုဂရမ်ရှိပြီး၊ ဒုတိယမှာ ၁.၈၀၀ ကီလိုဂရမ်နှင့် တတိယ ကလေး မှာ ၂.၄၅၀ ကီလိုဂရမ်ရှိကာ ကလေးအားလုံးမှာ ကျန်းမာရေးလည်းကောင်းမွန်ကြောင်း သိရသည်။ Lairam Christian Medical Centre ဆရာဝန်များက ဒေါ်နိုက်ဖါ၏ အခြေအနေကို Doctor Without Borders အဖွဲ့အစည်းထံအကြောင်းကြားခဲ့ပြီးနောက် ၎င်းတို့အနေဖြင့် ဒေါ်နိုက်ဖါ၏ ဆေးကုသမှုကုန်ကျစရိတ်အားလုံးကို ကူညီ ထောက်ပံ့ပေးအပ်သွားမည်ဟု ပြောဆိုကြောင်း ဒေသတွင်း ရုပ်သံ Zonet သတင်းကဆိုသည်။

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့က CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့၏ တိုက်ပွဲများ တွင် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးရှိလာပြီး စစ်ဘေးရှောင်ဦးရေ တိုးလာလျက်ရှိကြောင်း တွန်းဇံ မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မှာ သတင်းထုတ်ပြန်သည်။ တွန်းဇံမြို့၊ စစ်ကောင်စီတပ် ခလရ – ၂၆၉ တပ်စခန်းနှင့် မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့များရှိရာ နေရာများကို ချင်းပြည်အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက စုပေါင်း၍ မေလ ၁၆ ရက် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တွန်းဇံမြို့နယ် တိုက်ပွဲများမှာ တစ်ရက်ပြီး တစ်ရက် ပိုမိုပြင်းထန်လာကာ မြို့နယ်တွင်း ကျေးရွာ ၁၅ ရွာနှင့် မြို့ပေါ် ရပ်ကွက် (၂) ခုမှ စစ်ဘေးရှောင်ဦးရေ ၅၀၀၀ နီးပါး ရှိလာပြီးဖြစ်ကြောင်း တွန်းဇံမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ယနေ့ မေလ ၁၈ ရက်မှာ ထုတ်ပြန်သည်။ “ပြည်သူမှ ပေါက်ဖွားလာသော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့များ အ‌နေဖြင့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နဲ့ အများပြည်သူအတွက် ကိုယ်ချင်းစာလျက် မြို့နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်ရာတွင် ကြိုတင်ညှိုနှိုင်းမှု လုပ်ထားရန်၊ လက်နက်ကိုင်ပြီး လုပ်ချင်ရာဇွတ်မလုပ်ကြရန် တိုက်တွန်းနှိုးဆော်ပါသည်” ဟု တွန်းဇံ ပအဖက ထုတ်ပြန်သည်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းတိုက်ပွဲများကြောင့် ပြည်သူများသည် တွန်းဇံမြို့နယ်သို့ စစ်ဘေး ရှောင်တိမ်းလာရာ လူဦးရေ ၁၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။ တွန်းဇံမြို့တိုက်ပွဲတွင်…

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော စစ်ဘေးရှောင်ပြည်သူ ၃၈ ဦးထဲမှ သက်ကြီးရွယ်အိုနှင့် ကလေးငယ်အများစု ပါဝင်သည့် ၃၄ ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊ လူသားစာနာဌာနမှ သိရသည်။ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုအများစု ပါဝင်သည့် ဒေသခံပြည်သူ ၃၄ ဦးကို စစ်ကောင်စီတပ်က ပြန်လွတ်ပေး လိုက်ပြီးနောက် ယမန်နေ့ မေလ ၁၇ ညသန်းခေါင်အချိန်တွင် ထပ်မံရွှေ့ပြောင်းထားရသည့် စစ်ရှောင်စခန်းသို့ CDF – ကန်ပက်လက် ရဲဘော်များက ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “စစ်ကြောင်းက ၃ ကြောင်းခွဲပြီး လောင်းရှည် ကပစထဲကို ပြန်ဆုတ်တယ်။ တစ်ကြောင်းက ဝင်သွားပြီ။ ကျန်တဲ့ ၂ နှစ်ကြောင်းထဲက တစ်ကြောင်းက ဖမ်းခေါ်သွားတာ၊ အဲဒါ ဟိုဘက်အထိ မခေါ်သွားပဲ ပြန်လွတ်လိုက်တာ။ ကျန်ခဲ့တဲ့ဟာက အရွယ်ကောင်းတွေ ဖြစ်နိုင်တယ်။ လွတ်လိုက်တာက အမျိုးသီးတွေ အဖိုးကြီးတွေများတယ်” ဟု ၎င်းက ပြောသည်။ သို့သော်လည်း ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကာ တစ်ဦးမှာ ပျောက်နေကြောင်း ကန်ပက်လက်၊ လူသားစာနာဌာန တာဝန်ခံက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၁၄ ရက်နေ့က အုံရွာပြည်သူများ စစ်ဘေးရှောင်နေသည့်နေရာသို့ ရောက်ရှိလာပြီး စစ်ရှောင်ပြည်သူ ၃၈ ဦးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ CDF – ကန်ပက်လက်အဖွဲ့မှ တပ်မဟာမှူးဆလိုင်းထွန်းလိန်ထန်းကလည်း စစ်ကောင်စီ ဖမ်းဆီးသွားသော ပြည်သူ များကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ်…

Read More

(002MG) မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်း ဆော-ကျောက်ထု လမ်းမကြီးအား စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသအတွင်းရှိ ပြည်သူများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြောင်းရွေ့နေရာချထားခြင်းများ ဆောင်ရွက်ရန် ယာယီပိတ်ထားကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းက မေလ (၁၅) ရက်နေ့တွင် ထုတ်ပြန်ထားသည်။ယင်းထုတ်ပြန်ချက်ထဲတွင် မေလ (၁၅) ရက်နေ့မှ မေလ (၂၅) ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကာ အရေးပေါ် ကိစ္စရပ်များဖြင့် ဖြတ်သန်းသွားလာရန်လိုအပ်လာပါက ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းထံအကြောင်းကြားနိုင်သည်ဟု ဖော်ပြထားသည်။အဆိုပါ ဆော-ကျောက်ထုလမ်းပိုင်းတွင် လက်ရှိအထိ လူဦးရေ (၁၃၂၂) ဦးအထိ စစ်ဘေးတိမ်းရှောင်နေထိုင်ကြခြင်းဖြစ်သည်။မေလ (၁၄) ရက်နေ့တွင် ဆောမြို့နယ်၊ တောမကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ကာ ၉ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယောအလင်းတန်းက ဖော်ပြထားသည်။ထို့အပြင် မေလ (၉) ရက်နေ့တွင်လည်း ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ အတွင်း လေကြောင်းတိုက်ခိုက်ကာ ပြည်သူ (၁၆) ဦး သေဆုံးခဲ့ရပြီး (၂၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့တွင် CNA ဦးဆောင်သည့် ချင်းတပ်ပေါင်းစု နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့ကစ၍ နေ့ရော၊ ညပါ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မေလ ၁၆ ရက် မနက် ၉ နာရီမှ စတင်၍ မေလ ၁၇ မနက် ၄ နာရီအထိ တွန်းဇံမြို့က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရှိရာနေရာများကို ချင်းပူးပေါင်းတပ်ဖွဲ့များက ဒရုန်းအပါအဝင် ပစ်ခတ်တိုက်ခိုက်သံများ ကြားနေရကြောင်း တွန်းဇံမြို့ ဒေသခံများက ပြောသည်။ “ညကဆိုရင် ၅ မိနစ်၊ ၁၀ မိနစ်ခြား တစ်ခါ ပစ်တာ၊၊ မနေ့ကတည်းကနေ ဆက်တိုက်ပဲ ပစ်နေကြတာ။ မနက် ၄ နာရီမှာနောက်ဆုံး ကြားတယ်။ ပြီးတော့ ဒီမနက် ၈ နာရီကျော်ကျော်လောက်မှာ ပစ်ခတ်တာ ကြားတယ်။ အဲဒီနောက်ပိုင်းတော့ ငြိမ်းသွားပြီ” ဟု တွန်းဇံမြို့ခံတစ်ဦးက ပြောသည်။ ယနေ့ မေလ ၁၇ ရက် ၈ နာရီခန့်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ချင်းပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံက ပြောသည်။ တွန်းဇံမြို့ စစ်ကောင်စီ ခလရ – ၂၆၉ တပ်စခန်း နှင့် စစ်ကောင်စီတပ်ဖွဲ့များခြေကုပ်ယူထားသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မီးသတ်ရုံးနှင့် အခြားရုံးတစ်ခုတို့ကို ချင်းပူးပေါင်းတပ်များက ဦးတည်တိုက်ခိုက်ခဲ့ကြောင်း၊ တွန်းဇံမြို့နှင့် ၃ မိုင်ခန့်အကွာက လမ်းမပေါ်တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ ချင်းပူးပေါင်းတပ်များနှင့်…

Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ချင်းပြည်လွှတ်တော်၊ ချင်းပြည်တရား လွှတ်တော် ချုပ်တို့မှ တာဝန်ရှိသူများ ယနေ့ (မေလ ၁၇ ရက်) တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်း ၁၀ နာရီတွင် အွန်လိုင်း (Zoom platform) မှတဆင့် ကျင်းပပြုလုပ်သော ယင်းတွေ့ဆုံမှုတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလာ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ချင်းပြည် (Chinland) ကောင်စီမှ ကောင်စီဥက္ကဌ ပူးဇင်ကျုံးနှင့် ကောင်စီဦးဆောင်အဖွဲ့များ၊ ချင်းပြည် (Chinland) အစိုးရမှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ချင်းပြည် (Chinland) လွှတ်တော်မှ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းပြည် (Chinland) တရားလွှတ်တော်မှ တရားလွှတ်တော်ချုပ်တို့ တက်ရောက်ခဲ့ကြသည်ဟု ချင်းပြည်အစိုးရနှင့် NUG တို့က အသီးသီးထုတ်ပြန်ခဲ့ကြသည်။ ထို့တွေ့ဆုံပွဲတွင် သက်ဆိုင်ရာ အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်း၊ အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဥ် (၄) ရပ်ကိုလည်း ချမှတ်သဘောတူညီခဲ့ကြသည်ဟု ဖော်ပြထားသော်လည်း အသေးစိတ်အခြေအနေများအား ဖော်ပြထားခြင်းမရှိပေ။ ချင်းပြည်အစိုးရကို ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီးနောက် သုံးလကျော်အကြာတွင် NUG အစိုးရနှင့် ပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးမှု ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

Read More

(004SS) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ဇိုဖေဒေသရှိ မှောင်တလန်‌ေကျးရွာတွင် ကျေးရွာအုပ်စုစာ‌ေရးရုံးအပါအဝင် ပျဉ်ထောင်အိမ် ၄ လုံး မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မေလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် မီးစတင်လောင်ခြင်းဟု သိရပြီး မှောင်တလန်ကျေးရွာ အုပ်စု စာရေးရုံး၊ လမ်းစုံအနီးရှိ ဦးလျန်လွှန်၊ ဦးဘွေကုန်း နှင့် ဆရာမ အာသဲတို့နေအိမ်မီးလောင်းပြာကျခဲ့ခြင်းဖြစ်သည်။ ဦးဘွေကုန်းနေအိမ်မှာ အသစ်ဆောက်လုပ်ပြီးစ ပျဉ်ထောင်အိမ် ၃ ထပ်ဖြစ်ကာ လူနေထိုင်ခြင်းပင် မရှိသေးကြောင်း ဒေသခံများက ပြောသည်။ မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးခြင်းမရှိကြောင်း သိရပြီး အိမ်သုံးပစ္စည်းအချို့ကိုသာ ဆယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။ မီးစတင်လောင်ကျွမ်းသည့် အကြောင်းရင်းကို မသိရသေးဘဲ ဒေသခံပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာမှာ မီးငြိမ်နိုင်ခဲ့ကြောင်း သိရသည်။ မှောင်တလန်ရွာသည် ထန်တလန်မြို့မှ မတူပီမြို့သို့သွားရာလမ်းမပေါ်တည်ရှိသော ကျေးရွာဖြစ်ပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည်။ ယခင်က ရဲစခန်းတည်ရှိရာ ရွာဖြစ်သော်လည်း နွေဦးတော်လှန်ရေးလှုပ်ရှားပြီးနောက် ထိုရဲစခန်းရှိ ရဲများ စခန်းစွန့်ခွာသွားခဲ့ကြောင်း သိရသည်။

Read More

(004SS) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အိန္ဒိယ-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားကာ ဆေးဝါးများ အကူအညီလိုအပ်နေကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကြသော စစ်ဘေးရှောင်များသည် ယခင်ပတ်ကစ၍ ကလေးနှင့် လူကြီးများပါမကျန် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြသည်ဟု ကာကီရွာစစ်ဘေးရှောင်စခန်းတွင် နေထိုသူတစ်ဦးပြောသည်။ “အခု ကာကီရွာမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာဗျ၊ ဆေးဝါးကမလုံလောက်ဘူးဖြစ်နေတာ၊ လက်ရှိတော့ ကလေး တိုင်းလိုလိုဖြစ်နေတာ၊ ဖြစ်နုန်းကတော့ ကလေးရော လူကြီးရော အယောက် ၄၀၀ မှာ ၁၀၀ လောက်ဖြစ်မယ်ဗျ ကောင်းသွားလိုက် ပြန်ဖြစ်လိုက်ပေါ့နော်၊ ဝမ်းပျက်တယ်၊ အော့အန်တာလဲရှိတယ် ပြီးတော့ နုံးခွေတာပေါ့နော်” ဟု ကာကီရွာ က စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။ ကာကီကျေးရွာက စစ်ဘေးရှောင်စခန်းတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူ အယောက် ၄၀၀ ခန့်ရှိကြပြီး ယင်းအနက် ကလေး လူကြီးအယောက် ၁၀၀ ဝန်းကျင်ခန့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြသည်ဟု ဆိုသည်။ ထိုသို့ဖြစ်ရခြင်းမှာ ‌သောက်ရေမသန့်ခြင်းနှင့် ရေလောင်းအိမ်သာမလုံလောက်ခြင်း ကြောင့်ဖြစ်နိုင်သည်ဟု သိရသည်။ “ကျွန်တော်တို့သောက်သုံးနေတာ စမ်းရေပေါ့ အခုမိုးတွင်းဆိုတော့ ရေကမသန့်နိုင်‌တော့ဘူးပေါ့၊ ပြီးတော့ ရေစိမ်းသောက် ကြတာ များလို့ထင်တယ်၊ နောက် အိမ်သာပေါ့၊ လေး ငါး ဆယ်အိမ်မှ တစ်လုံးဆိုတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့သူလည်း သုံး မဖြစ်တဲ့သူလဲသုံးဆိုတော့ ကူးစက်တာမြန်တာပေါ့နော်” ဟု ကာကီကျေးရွာက စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ ထို့အပြင် စစ်ဘေးရှောင်ပြည်သူများသည် ရာသီတုတ်ကွေးနှင့် ငှက်ဖျားရောဂါပါဖြစ်ပွားနေကြပြီး ဆေးဝါးကုသမှုများမရရှိကြကြောင်းသိရသည်။ “ဒီမှာ ဆေးခန်းလည်းမရှိတဲ့အပြင် ဆေးဝါးလည်းမရှိ၊…

Read More

(004SS) ချင်းအမျိုးသားတပ်မတော် CNA က တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့သော ZRA-EC တပ်သား ဦးဆွပ်လမ်းခိုင် သည် သေဆုံးခြင်းမရှိဘဲ အသက်ရှင်လျှက် ကျန်းမာစွာရှိနေကြောင်း သိရသည်။ ဦး ဆွပ်လမ်းခိုင်သည် ဧပြီလ ၃ ရက်နေ့က တီးတိန်မြို့နယ် ဒါရ်ခိုင်ကျေးရွာတိုက်ပွဲတွင် CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် CNA က သတ်ဖြတ်၍ သေဆုံးသွားပြီး မေလ ၁၄ ရက်နေ့က အလောင်းမပါပဲ သဂြိုလ်ခဲ့ကြသည်ဟု ဓာတ်ပုံနှင့်တကွ ZRA ကိုအားပေးထောက်ခံသော သတင်းဌာန နှင့် လူမှုကွန်ယက်စာမျက်နှာတချို့က ဖော်ပြခဲ့ကြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဆွပ်လမ်းခိုင်ကိုယ်တိုင်ရှင်းလင်းပြောဆိုခဲ့သည့် ရုပ်သံကို Chinland Information Center က ယနေ့ထုတ်ပြန်ခဲ့သည်။ “ကျနော့ကို မေလ ၁၄ ရက်နေ့မှာ သဂြိုလ်လိုက်တယ်ဆိုပြီး ဖော်ပြကြတယ်၊ ဒါပေမဲ့ ကျွန်တော်က မသေပါဘူး။ ဒီမှာ (CNA ) မှာ ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ် ဆိုတာ ကျွန်တော့မိဘတွေကို ပြောပြချင်ပါတယ်၊ ဒီကြားထဲ ကျွန်တော်က ဗိုက်နာ၊ ခေါင်းကိုက် ဖြစ်တယ်၊ ဆေးခန်းလည်း ၂ ကြိမ်သူတို့ လိုက်ပို့ပေးတယ် သူတို့ကျွန်တော့ကို ကောင်းကောင်းပြုစု ပေးကြတယ်။ အခုလို တိတိကျကျမသိဘဲနဲ့ မသေသေးတဲ့သူကို သေသွားပြီလို့ မီဒီယာပေါ်မှာ သတင်းလွှင့်ခြင်းခံရတဲ့အပေါ် ကျနော်အားငယ်ရတယ်၊ စိတ်မကောင်းဘူး၊ မိသားစုအတွက် နစ်နာမှုရှိပါတယ်၊ ဒါမျိုးမလုပ်သင့်ဘူးလို့ မှာချင်ပါတယ်” ဟု ဦးဆွပ်လမ်းခိုင်ကိုယ်တိုင်က ပြောဆိုခဲ့သည်။ ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်နှင့် ZRA-EC…

Read More