(005MK) မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်လာကြသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ သွေးချင်းညီအကို စစ်ဘေးရှောင် ပြည်သူများ၏ ဇီ၀မှတ်တမ်း (biometric နှင့် biographic) ကောက်ယူရန် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေး၀န်ကြီးဌာနမှ ဖိအားပေးမှုခံနေရသော်လည်း ကောက်ယူမည်မဟုတ်ကြောင်း မီဇိုရမ်အစိုးရကပြောဆိုလိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်က ကျင်းပသော မီဇီုရမ်ပြည်နယ်အစိုးရ ၀◌န်ကြီးများအစည်းအဝေးမှာ အဆိုပါကိစ္စကို ဆွေးနွေးကြရာတွင် ဗဟိုအစိုးရ၏ အပြင်းအထန် ဖိအားပေးမှုခံနေရသော်လည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သွေးချင်းညီအစ်ကို စစ်ဘေးရှောင်များ၏ biometric နှင့် biographic ကောက်ယူမှတ်တမ်းတင်မှုများ လုပ်ဆောင်မည်ဆိုပါက မလိုလာအပ်သော နောက်ဆက်တွဲပြသနာများ ဖြစ်လာနိုင်သည်ဟု မီဇိုရမ်အစိုးရ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီး Pu Lalruatkima က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် သွေးချင်းညီအကို စစ်ဘေးရှောင်များအတွက် နောက်ဆက်တွဲ ဖြစ်လာနိုင်သော ပြသနာများကို ရှေးရှူလျက် ဇီ၀မှတ်တမ်းတင်ကောင်ယူမှုကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ဗဟိုအစိုးရထံ အကြောင်းပြန်ကြားရန် ၀န်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီး Pu Lalruatkima က ပြောသည်။ မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်နေထိုင်သော မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်များ၏ ဇီ၀အချက်အလက်မှတ်တမ်းများ ကောက်ယူရန် ဗဟိုအစိုးရ ပြည်ထဲရေး၀န်ကြီးဌာနက ပြည်နယ်အစိုးရကို အကြောင်းကြားခဲ့ပြီးနောက် ဇူလိုင်လကုန်ပိုင်းကစ၍ စစ်ဘေးရှောင်စခန်းတချို့တွင် ဇီ၀အချက်အလက်မှတ်တမ်း ကောက်ယူမှုကို စတင်လုပ်ဆောင်ခဲ့ကြသည်။ အဆိုပါကိစ္စအပေါ် အရပ်ဖက်အဖွဲ့အစည်းတချို့မှ ဝေဖန်ကန့်ကွက်မှုများရှိလာသည့်နောက်ပိုင်း ဇီ၀မှတ်တမ်းကောက်ယူမှုကို ရပ်နားကာ ယခုအခါ ဇီ၀မှတ်တမ်းကောက်ယူမှုကို လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရက တရား၀င် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ ပုံစာ – မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့…
Author: Editor
(006SV) ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် CDF အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ဖြင့် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေရာ နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြားပြီး စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံအရပ်သား ၅ သေဆုံးသည်ဟု သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် မနက် ၈ နာရီက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ အောင်သာယာရွာသို့ စစ်ကောင်စီ နှင့်ပျူစောထီး ပူးပေါင်းတပ်တို့ အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာရာ ဒေသတော်လှန်ရေးပူးပေါင်းတပ်များဖြင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် – KKG က ယနေ့ ထုတ်ပြန်သည်။ တိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ကူ အများအပြားသုံး၍ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာမှုကို ကာကွယ်ရေးပူးပေါင်းတပ်တို့က ခုခံတိုက်ခိုက်ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး CDF-KKG မှ ရဲဘော်တစ်ဦး၊ ကလေး (ပကဖ) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။ နေ့လည် ၁ နာရီခန့်တွင်လည်း အောင်သာယာအရှေ့ရပ်ကွက်တွင် စခန်းချနေသည့် စစ်ကောင်စီပူးပေါင်းတပ်ကို CDF-KKG နှင့် ကလေးခရိုင်တပ်ရင်း (၄) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ ထိခိုက်မှုရှိနိုင်ပြီး ချင်းပူးပေါင်းတပ်မှ ရဲဘော် (၂) ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်ဟု CDF- KKG က ဆိုသည်။ ယနေ့ စက်တင်ဘာလ ၂၇ ရက်တွင် အောင်သာယာမှ မှန်တောသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်းတပ်နှင့် ဒေသ ကာကွယ်ရေးပူးပေါင်းတပ်တို့…
(006SV) ချင်းပြည်နယ်၊ ထန်တလန်မြို့တိုက်ပွဲတွင် CNF/CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်ဖွဲ့က တစ်ဦးကျဆုံး၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး စစ်ကောင်စီတပ်က သေဆုံးမှုကို မသိသေးသော်လည်း ၁၃ ဦးမှာ ထိခိုက်ဒဏ်ရာများဖြင့် ဟားခါးဆေးရုံရောက်နေသည်ဟု CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ငါတို့ဖက်ကတော့ ထန်တလန်က တိုက်ပွဲမှာ ၁ ဦးကျဆုံးသွားတယ်။ ရဲဘော်တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိထားတယ်။ စစ်ကောင်စီဘက်ကတော့ ၁၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိပြီးတော့မှ ဟားခါးဆေးရုံရောက်နေတယ်။ သူတို့ဘက်က အသေအပျောက်ကိုက အခု မသိသေးဘူး” ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ စက်တင်ဘာလ ၂၅ ရက်ကဖြစ်ပွားတဲ့ ထန်တလန်မြို့တွင်းတိုက်ပွဲမှာ ချင်းအမျိုးသားတပ်မတော် (CNF/CNA) မှ တတ်ကြပ်ကြီး ဆလိုင်းလိန်းဟုန် ကျဆုံးခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် CNF/ CNA နှင့် CDF ထန်တလန်တို့ တပ်စွဲစိုးမိုးထားသည့် နေရာများကို စက်တင်ဘာလ ၂၀ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်လာရာ ထိတွေ့တိုက်ပွဲမှာ တစ်ပတ်ကျော်ကြာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု The Chin Journal က ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံများကို ကိုးကားပြီး ဖော်ပြထားသည်။ ထန်တလန်မြို့တိုက်ပွဲတွင် စစ်ကောင်စီသည် ဟားခါးမြို့မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး ထန်တလန်မြို့ တိုက်ပွဲနေရာသို့ စစ်အင်အားများလည်း ဖြည့်တင်းနေသည်ဟု သိရသည်။ ထန်တလန်မြို့တွင်းရှိ တပ်ကုန်းအပါအဝင် ၎င်းအနီးက စခန်း (၅) ခုအပြင် တခြားမြို့တွင်းက စစ်စခန်းငယ် (၂) ခုနှင့်…
(07SN) ချုံကျုံးရွာနဲ့ မလှမ်းမကမ်းမှာ ကင်းထောက်ဖို့ တာဝန်ကျတဲ့ ဒယ်နီရယ်ထန်းတစ်ယောက် မနက်မှောင်ရီဝိုးတဝါးအချိန်မှာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ထွက်လာခဲ့ပါတယ်။ လသာတဲ့ ညဖြစ်ပေမယ့် လမ်းတစ်လျှောက်မှာတော့ မှောင်မည်းနေပြီး လရောင်က ဟိုတစ်ကွက် ဒီတစ်ကွက် သာ ထိုးဖောက်ကျနေပါတယ်။ အလင်းနောက်ကို လိုက်ရင်း အရှေ့က သွားနေတဲ့ သူငယ်ချင်းရဲ့ ခြေလှမ်းတိုင်း ဂရုတစိုက်နဲ့ နောက်ကနေ သူ လိုက်ပါလာခဲ့တယ်။ ဒါပေမယ့် အလင်းကို ရှောင်ပြီး အမှောင်ဘက်ကို လှမ်း လိုက်တဲ့ ခြေတစ်လှမ်းမှာတော့ “အုံး” ခနဲ အသံနဲ့အတူ အထိတ်တလန့်နဲ့ ကြောက်အားလန့်အားထွက်ပြေးခဲ့ ပေမယ့် ဒယ်နီရယ်ကတော့ မြေပြင်ပေါ် လဲကျခဲ့ရပါပြီ။ “ကျွန်တော့် ခြေထောက် ညာဖက်က မရှိတော့ဘူး” ဂျိုင်းထောက်ကို ဘေးမှာ ချထားရင်း ခပ်ပြတ်ပြတ် လေသံနဲ့ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို အသက် ၁၈ နှစ်အရွယ် လူငယ်လေး ဒယ်နီရယ်ထန်းက ပြန်ပြောပြနေတာပါ။ ၂၀၂၃ ခုနှစ် မေလအတွင်းမှာပဲ ချင်းပြည်နယ်၊ ဟားခါး-ထန်တလန် သီးမြစ်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ သီးမြစ် တိုက်ပွဲ စစ်ဆင်ရေးအပြီး အပြန် ချွန်ကျုံးရွာမှာ စစ်ကူဖို့အတွက် သွားရောက်ခဲ့ရင်း ၃ ရက်မြောက်နေ့မှာတော့ ကင်းထောက်ဖို့သွားတဲ့ ဒယ်နီရယ်ထန်းဟာ ဒီလို အဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရပါတယ်။ သူဟာ အာဏာစသိမ်းချိန်က ၁၀ တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကိုဗစ်ကြောင့် ကျောင်းတွေ ပိတ်ချိန်မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့က သူရဲ့ဇာတိကျေးရွာကိုပြန်ကာ အဘိုးအဖွားတွေရဲ့တောင်ယာလုပ်ငန်းကို ဝိုင်းကူလုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့သူ တစ်ဦးပါ။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်…
(006SV) စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာ) မှ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက ဒု-တပ်ကြပ်တစ်ဦးသည် ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDM- စီယင်းသို့ ယခုလပိုင်းတွင် ဆက်သွယ်၍ အလင်းဝင်ရောက်လာသည်ဟု သိရသည်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ) ၊ အမှတ် (၉၃၀)၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဒုတိယတပ်ကြပ် ဦးငိုလျန်ကျင်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလပိုင်းကတည်းက စစ်တပ်မှ ထွက်ပြေးလာခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်မှ ထွက်ပြေးလာပြီးနောက် အသိဆွေမျိုးတချို့ထံတွင် ရှောင်တိမ်းနေခဲ့ပြီး ယခုနှစ် ၆ လပိုင်းတွင် ဖမ်းဝရမ်း ထုတ်ခံခဲ့ရပြီးနောက် နောက်ပိုင်းလများတွင် လုံခြုံမှုမရှိစွာ နေထိုင်ခဲ့ရသည်ဟု သိရသည်။ “သူတို့လုပ်ရပ်တွေ မကြိုက်လို့ ထွက်ပြေးလာတာပါ။ ၂၀၂၃ တစ်လပိုင်းကနေ ထွက်ပြေးလာခဲ့တာ၊ ဝရမ်းထုတ်ခံရတာက ၆ လပိုင်းဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ ဒုက္ခရောက်တယ်။ စစ်ဆေးတွေများတယ်။ အရင်ကတော့ တခြားနေရာမှာ ရှောင်တိမ်းနေခဲ့တာပါ” ဟု အလင်းဝင်ရောက်လာသူ ဒု-တပ်ကြပ် ဦးငိုလျန်ကျင်က ပြောသည်။ ထို့ကြောင့် ယခုလပိုင်းတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDM – စီယင်းသို့ ဆက်သွယ်၍ အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး CDM – စီယင်းတပ်ဖွဲ့သို့ ယမန်နေ့က ရောက်ရှိခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDM – စီယင်းမှ စစ်ဦးစီချုပ်က ပြောသည်။ “သူက နောက်ဆုံးဝင်လာတာပါ။ ဖမ်းဝရမ်းထုတ်တော့ သူက ဆက်သွယ်လာတယ်။ လုံခြုံမှုရှိတဲ့နေရာမှာ ခိုလှုံချင်တယ်ဆိုလို့ ခေါ်လိုက်တယ်။ အကုန်လုံးက တာဝန်ယူပြီးမှ ခေါ်ပြီးတော့ ပို့ပေးပါတယ်” ဟု သူက…
(004SS) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော ဘာသာရေးအဆောက်အအုံများကို အရေး ယူဆောင်ရွက်မည်ဟု စစ်ကောင်စီလက်အောက်ခံ ပလက်ဝမြို့နယ် သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက ထုတ်ပြန်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ပလက်၀မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကတဆင့် ပလက်၀မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံ ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့က အသိပေးညွန်ကြားလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ပလက်၀မြို့နယ်တွင် ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံဆောက်လုပ်မှု၊ တိုးချဲ့ပြင်ဆင်မှုများ မရှိစေရေး ကြပ်မတ် ဆောင်ရွက်ရန် စစ်ဆေးတွေရှိပါက ဉပဒေအရ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်နှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့များသို့ အချိန်နှင့်တပြေးညီ တင်ပြရမည်ဟု အဆိုပါညွန်ကြားစာတွင်ဖော်ြပထားသည်။ ထိုသို့ ညွှန်ကြားစာထွက်လာပြီးနောက်ပိုင်း ပလက်ဝမြို့၌ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း များ မရှိသေးသလို အရေးယူဆောင်ရွက်ခြင်းမျိုးလည်း မကြားမိသေးကြောင်း ပလက်၀မြို့နယ်က ခရစ်ယာန်ဘာသာရေး ဆရာ တစ်ဦးကပြောသည်။ “သူတို့ ထွေအုပ်ရုံးမှာတော့ စာကပ်ထားတယ်လို့ ပြောတယ်၊ တချို့တွေလုပ်တဲ့နေရာမှာ အခက်ခဲ အဟန့်တားရှိတယ် ဆိုတာတော့ မတွေ့သေးဘူး ဒါပေမယ့် သူတို့ရဲ့လုပ်ထုံးလုပ်နည်းလို့ပြောမလား အဆောက်အအုံတစ်ခုလုပ်မယ်ဆိုရင်တော့ တရား၀◌င်ခွင့်ပြုချက်တို့ဘာတို့လုပ်ဖို့ သူတို့သတ်မှတ်ထားတဲ့ဟာတော့ရှိမယ်ထင်တယ် လောလောဆယ်တော့ အဆောက် အအုံဆောက်ထားတာမျိုးမရှိတော့ ကျနော်ကိုယ်တိုင်တော့ မကြုံသေးဘူးလို့ပြောရမှာပေါ့’’ ဟု ခရစ်ယာန်ဘာသာရေး ဆရာကပြောသည်။ ပလက်ဝမြို့နယ်အတွင်း ဘာသာရေးအဆောက်အအုံ ဆောက်လုပ်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်းများအား စစ်ကောင်စီမှ ယခုကဲ့သို့ တင်းကြပ်ကန့်သတ်လိုက်သည့်အပေါ် ဘာသာရေး လွတ်လပ်ခွင့်ပိတ်ပင်ခြင်းဖြစ်သည်ဟုဆိုကာ ဒေသခံများ က ေ၀ဖန်နေကြသည်။ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် တွင် ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာနှင့် မူဆလင်ဘာသာ၀◌င်များလည်း နေထိုင်ကြသည်။ ချင်းပြည်နယ်သည်…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် ဦးဝမ္မသူးမောင်း ပန်းခြံအနီးတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှပ်မိုင်း နင်းမိ၍ သက်ကြီးအမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် မနက် ၁၀ နာရီခန့်မှာ သက်ကြီး ဒေသခံ ၂ ဦးသည် တောင်ယာသွားစဉ်တွင် စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ “မြို့အဝင် ပန်းခြံနားမှာ တောင်ယာသွားတဲ့ သက်ကြီး ဦးလေးတစ်ဦးက စကစ ထောင်ထာတဲ့ နင်းမိုင်းမိပြီ သေဆုံးသွားတယ်။ သူနဲ့ အတူသွားတဲ့ သက်ကြီးပိုင်း အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာ ရရှိမှု နည်းတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြော သည်။ ယနေ့ မနက်ပိုင်းတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့က မင်းတပ်မြို့ ၂၇၄ တပ်ရင်းထဲသို့ လက်နက်ကြီးဖြင့် လေးကြိမ်ခန့် လှမ်းပစ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ၁၂၀ မမ ဖြင့် တိုက်နယ် ၂ ဘက်သို့ ၄ ကြိမ်ခန့် ရမ်းသမ်း၍ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံသတင်း ရင်းမြစ်က ပြောသည်။ “မနက်က CDF ကလက်နက်ကြီး ၄ ချက် ၂၇၄တပ်ရင်းထဲလှမ်းပစ်တယ်လို့ပြောတယ် ထိခိုက်တာတွေ ရှိတယ်တော့ကြားတယ်။ အတိအကျမသိရသေးဘူး” ဟု သူက ပြောသည်။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်တို့အကြား စက်တင်ဘာလ ၂၄ ရက်ညပိုင်းကတည်း ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့ပြီး…
ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့တွင် ယနေ့စက်တင်ဘာလ ၂၅ ရက်ညနေပိုင်း ၅ နာရီခန့်ကစ၍ စစ်ကောင်စီတပ် ဖွဲ့နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။ ယင်းတိုက်ပွဲကြောင့် မိဘပြည်သူများ လိုင်လင်းပီမြို့သို့ ၀င်ရောက်ခြင်း မပြုလုပ်ရန် စစ်ရေးသတိရှိကြရန်နှင့် နောက်ထပ်အသိပေးထုတ်ပြန်မှုမပြုလုပ်မီ ယခုထုတ်ပြန်ချက်ကို လိုက်နာ ဆောင်ရွက်ကြရန် အလေးအနက်သတိပေးအပ်သည်ဟု MDF က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) ပြောရေးဆိုခွင့်ရှိသူ ဒိုဝင်က “ကျွန်တော်တို့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်လင်းပီမြို့ကို စစ်ကောင်စီတွေက အဝင်ထွက်တွေ ရဲရဲတင်းတင်းလုပ်လာလို့ ကျွန်တ်ောတို့က အဲ့ဒီလုပ်လာတဲ့ အဲ့ဒီစစ်ကောင်စီကို ဝင်ရောက် ထိန်းသိမ်း ဖမ်းဆီးဖို့ လုပ်ရင်းနှင့် ကြိုတင်သတင်းပေါက်ကြားသွားမှုများဖြစ်နေမယ်လား မသိဘူး၊ အဲ့လိုမျိုးဖြစ်သွားတော့ သူတို့က အချိန်မီ လွတ်သွားတယ်။ အဲ့လိုလွတ်သွားတော့ သူတို့ဖက်ကနေ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်လာတော့ ကျွန်တော်တို့ဖက်ကလည်း ကြိုကြားလောက်ပါပဲ ပစ်ခတ်မှုတော့ရှိတယ်။ ပြီးရင် ရွာသားတွေလည်း ထိန်လန့်နေရတော့ ပြည်သူတွေ ထိခိုက်၊ အသက်အန္ဒရာယ် ဆုံးရှုံးမှုတွေမကြုံရအောင်လို့ ကျွန်တော်တို့က ကြိုတင်ပြီးမှ သတိပေးတဲ့အနေနဲ့ ထုတ်ပြန်ပေးထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။ တိုက်ပွဲဖြစ်ပွားသည့် ဖြစ်စဉ်အခြေအနေများအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
(005MK) အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရက မြန်မာနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက် ကီလိုမီတာ ၇၀ ကို ခြံစည်းရိုးခတ်ရန် စီစဉ်နေသည်ဟု သိရသည်။ မဏိပူရ်ပြည်နယ်၀န်ကြီးချုပ် N Biren Singh သည် အိန္ဒိယ-မြန်မာနယ်စပ် ကီလိုမီတာ ၇၀ ခြံစည်းရိုးခတ်ရန် အစီအစဉ်ကို နယ်စပ်လမ်းများအဖွဲ့ Border Roads Organization (BRO)၊ ပြည်နယ်၏ အခြားအကြီးတန်းအရာရှိများနှင့် စက်တင် ဘာလ ၂၄ ရက် တနင်္ဂနွေနေ့က တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်ဟု The Hindustan Times သတင်းဌာနက ဖော်ပြသည်။ ယင်းတွေ့ဆုံမှုသည် နယ်စပ်တစ်ဖက်စီတွင်နေထိုင်ကြသော ပြည်သူများအား တစ်ဖက်နိုင်ငံအတွင်း ၁၆ ကီလိုမီတာအထိ သွားလာခွင့်ပြုသည့် (Free Movement Regime) လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို ‘အမြဲတမ်းပိတ်ထားရန်’ ဗဟို အစိုးရကိုတိုက်တွန်းပြီး နောက် တစ်ရက်တွင် အဆိုပါ အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ရန်စီစဉ်ခြင်းသည် နယ်စပ်ဖြတ်ကျော် တရားမဝင် ၀င်ရောက်လာမှုနှင့် မူးယစ် ဆေးဝါး မှောင်ခိုကူးမှုအား တားဆီးထိန်းချုပ်နိုင်ရန်ဖြစ်သည်ဟု မဏိပူရ်ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။ “BRO က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အင်ဒို-မြန်မာ နယ်စပ်တလျှောက် နောက်ထပ် ကီလိုမီတာ ၇၀ ခြံစည်းရိုး ကာရံဖို့ အစီအစဉ်ကို ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်၊ DGP နဲ့ ပြည်ထဲရေးဌာနက တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပါ တယ်။ တစ်ဖက်နိုင်ငံမှ တရားမဝင် မှောင်ခိုကူးသန်းမှုများနှင့် မူးယစ်ဆေးဝါး မှောင်ခိုဝင်ရောက်မှု တိုးလာခြင်းကြောင့် ကျွန်ုပ်တို့၏ နယ်နိမိတ်များကို…
(006SV) စစ်ကောင်စီတပ် အများအပြား အထိနာသည့် ဗာရ်စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲထားသည့် CNDF တပ်မဟာများထဲမှ တပ်မဟာ ၁ ၏ ရဲဘော်များကို မောင်းပြန်တပ်ဆင်ပေးနိုင်ရန်အတွက် CNO/ CNDF မှ သိန်း ၅၀၀၀ ကမ်ပိန်းကို ယနေ့ စတင်ပြုလုပ်သည်ဟု ယင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “တပ်မဟာ ၁ က ချင်းပြည်နဲ့ စစ်ကိုင်းကြားမှာ ရှိတဲ့ နယ်စပ်ဖြစ်နေတဲ့အတွက် စစ်ရေးစစ်ရာအရမှာ တကယ့် အရေးပါတဲ့ နေရာဖြစ်လို့ပါ။ အဲဒါကြောင့် ကျနော်တို့က ရဲဘော်တွေက လက်နက်အင်အားနည်းနေတော့ စစ်ရေးအတွက် အဓိက ကျတဲ့ နေရာဖြစ်တာရော၊ ရဲဘော်တွေရဲ့ အဝတ်အစားနဲ့ စားဝတ်နေရေးအတွက်ပါ ဒီကမ်ပိန်းကို လုပ်လိုက်ရတာ ဖြစ်ပါတယ်။ ချင်းတို့ရဲ့ တူမီး၊ မောင်းပြန်နဲ့ ပြီး ကမ်းပိန်မှာ စွမ်းအားရှိသ၍ ပါဝင်ပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်း က ပြောသည်။ အဆိုပါ “ချင်းတို့ရဲ့ တူမီး၊ မောင်းပြန်နဲ့ အပြီ” ရန်ပုံငွေကမ်ပိန်းကို ယနေ့ စက်တင်ဘာလ ၂၅ ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မှာဖြစ်ပြီး တပ်မဟာ ၁ မှ ရဲဘော်များကို ကာကွယ်ရေးပစ္စည်းများ တပ်ဆင်ပေးနိုင်ရန် သိန်း ငါးထောင်ရရှိရန် မျှော်မှန်းထားခြင်းဖြစ်သည်။ CNDF တပ်မဟာ ၁ သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အရှေ့ပိုင်းတွင် တည်ရှိပြီး ယင်းတပ်မဟာနယ်မြေအတွင်းရှိ စစ်ကောင်စီ ဗာရ်စခန်းကို ပြီးခဲ့တဲ့ ဧပြီ…