(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် တောထဲနှင့် လူနေအိမ်များမှာပါ ကျင်းပခဲ့ရသည့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်စာမေးပွဲတွင် ရာနှုန်းပြည့်နီးပါး ဖြေဆိုအောင်မြင်ကြောင်း ကန်ပက်လက်မြို့နယ် ပညာရေးဘုတ်အဖွဲ့မှ သိရသည်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကောင်စီ၊ ကန်ပက်လက်မြို့နယ်ပညာရေးဘုတ်အဖွဲ့တွင် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်မှာ သူငယ်တန်း KG မှ ဧကာဒသမတန် (Grade 11) အထိ ကျောင်းသူ/သား ၆၀၀၀ ကျော် ပညာသင်ကြားခဲ့ကြကြောင်း ဒု-မြို့နယ်ပညာရေးမှူးက ပြောသည်။ “အောင်ချက်ကတော့ ရာနှုန်းပြည့်နီးပါးပါပဲ။ အမှန်တော့ အကျစနစ်က မထားရဘူးပေါ့လေ။ အရင်က ပညာရေးမူဝါဒဆိုရင်လည်း အားနည်းတဲ့ ကလေးတွေကိုကုစားရတဲ့အပိုင်းပဲ ရှိတယ်။ တကယ်လို့ အားနည်းတဲ့ ကလေးတွေကဆိုရင် မိဘတွေနဲ့ တိုင်ပင်ပြီးတော့ အသက်လည်း ငယ်သေးတယ်ဆိုရင် မိဘကလည်းသဘောတူရင် အဲဒီအတန်းကို ပြန်တက်ခိုင်းတာ ရှိပါတယ်” ဟု ဒု-မြို့နယ်ပညာရေးမှူးက ပြောသည်။ ပညာရေးဘုတ်အဖွဲ့လက်အောက်တွင် ကန်ပက်လက်မြို့နယ်အတွင်း ပညာရေးနယ်မြေ ငါးခုခွဲထားပြီး နယ်မြေ ၃ ခုက ကျောင်းသူ/ကျောင်းသားများမှာ စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေခဲ့ကြောင်း သိရသည်။ သို့သော် ကျင်ဒွေးမြို့အနီးက နယ်မြေ ၂ ခုတွင် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်းရသောကြောင့် စာသင်ခုံများကို လုံခြုံသော တောတွင်းနေရာများသို့ ရွေ့ပြောင်း၍ ဖြေဆိုခဲ့ရကြောင်း၊ ကျောင်းသားနည်းသော ကျောင်းများတွင် အရပ်သားနေအိမ်များတွင် ဖြေဆိုခဲ့ရကြောင်း သိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စာမေးပွဲများကို ၂၀၂၃ ဒီဇင်ဘာလနှင့် ၂၀၂၄ ဇန်နဝါရီလတို့တွင် ကျင်းပခဲ့ပြီး စားမေးပွဲ အောင်စာရင်းများကို မတ်လ ၁၅…
Author: Editor
(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်အာဏာသိမ်းမှုကို တော်လှန်တိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို့က စစ်မှုမထမ်းမနေရဥပဒေကြောင့် ရောက်ရှိလာသည့် ရဲဘော်သစ်များအတွက် လက်နက်တပ်ဆင်ပေးနိုင်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။ “ကျွန်မတို ဒီ project လေးကို မဖြစ်မနေ စစ်မှုထမ်းဥပဒေကြောင့် တောခိုလာကြတဲ့ ရဲဘော်အသစ်လေးတွေတွက် လက်နက်တပ်ဆင်ဖို့ လိုအပ်လို ကျွန်မတို CDF -Asho အနေနဲ့ လုပ်ရတာဖြစ်ပါတယ်”ဟု CDF – Asho မှ တာဝန်ရှိသူက ပြောသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှိုတွင် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်နေကြသည့် ရဲဘော်တချို့ကိုလည်း လက်နက်တပ်ဆင်ပေးနိုင်ခဲ့ခြင်းမရှိသကဲ့သို့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရောက်ရှိလာသည့် ရဲဘော်အသစ်များအတွက်လည်း လက်နက်တပ်ဆင်ပေးနိုင်ရန် ထပ်မံလိုအပ်နေကြောင်း သိရသည်။ ထို့ကြောင့် မောင်းပြန်တပ်ဆင်ပေးနိုင်ရန် “နွေဦးကမ်းလက်’’ ပရောဂျက်ကို မတ်လ ၂၅ ရက်မှ ဧပြီလ ၂၅ ရက်အထိ တစ်လတာ အစီအစဉ်အနေဖြင့် အကောင်အထည်ဖော်နေသောကြောင့် ပြည်တွင်း၊ ပြည်ပ ပြည်သူများအနေဖြင့် ပါဝင်အားဖြည့်ပေးပါရန် လိုအပ်နေကြောင်း သိရသည်။ မောင်းပြန်တစ်လက်ကို သိန်း ၁၅၀ ခန့် ရှိနေပြီး လက်ရှိ “နွေဦးကမ်းလက်” ပရောဂျက်တွင် အနည်းဆုံး တစ်လက်မျှ ပိုင်ဆိုင်နိုင်ရန်လည်း မျှော်မှန်းထားကြောင်း၊ ရဲဘော်များကို လက်နက်ခဲယမ်းများ ပိုမိုတပ်ဆင်နိုင်ရန်အတွက် ဘဏ္ဍာငွေများ လိုအပ်နေကြောင်း CDF- Asho မှ တာဝန်ရှိသူက ပြောသည်။ CDF – Asho တပ်ဖွဲ့သည် စစ်အာဏာရှင်တော်လှန်ရေးကာလ ၃ နှစ်ကျော်လာချိန်အထိ တူမီးသေနတ်ဖြင့်သာ အဓိက တိုက်ပွဲဝင်နေရဆဲဖြစ်ပြီး ချေမှုန်းရေးရိုင်ဖယ်များ…
ချင်းပြည်နယ်၊ ဟားခါးမြို့ ရှိ စစ်ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ်ရဲတစ်ဦးအား CDF-Hakha တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းတို့ ထုတ်ပြန်ချက်အရ သိရသည်။ မတ်လ ၂၄ ရက်နေ့တွင် CDF- Hakha ဖမ်းဆီးခဲ့သည့်ရဲမှာ နှစ်ပွင့် ဗိုလ် ရဲကျော်လင်းဦးဟု သိရပြီး ၎င်းအား စစ်ဆေးမေးမြန်းရာတွင် ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုအခြေအနေ၊ နေပုံထိုင်ပုံများ၊ လိုအပ်သည့် သတင်းအချက်အလက်များရရှိနိုင်ခဲ့ကြောင်း CDF- Hakha ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ နှစ်ပွင့် ဗိုလ် ရဲကျော်လင်းဦး ဆိုသူမှာ စစ်ကောင်စီအာဏာသိမ်းခါစအချိန်တွင် ဆန္ဒထုတ်ဖော်ကြသူများအား ထောက်လှန်းကာ ဆန္ဒပြသူများအား မိုင်းဖြင့် ဖောက်ခွဲပစ်မည်ဟုဆိုကာ ပြည်သူများအား အမြဲချိန်းခြောက်ခဲ့သူဟု သိရသည်။ ယခုလအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများ ပြည်သူထံ အလင်းဝင်ရောက်လာကြသလို CDF-Hakh မှ ဖမ်းဆီးလျက်ရှိနေသည်။ ပြည်သူများအပေါ် မတရားအာဏာသိမ်းစစ်ကောင်စီနှင့်အပေါင်းအပါများအား ဖမ်းဆီးခြင်းနှင့်ပါတ်သက်၍ “ ကျွန်တော်တို့ ရန်သူမှန်သမျှကိုတော့ လုပ်နိုင်သမျှလုပ်ဖို့ပါပဲ။ နောက်ပြီး ဟားခါးမြို့ေပါ်မှာဆို ကျွန်တော်တို့ စောင့်ကြည့်နေတဲ့ ရန်သူရှိတဲ့နေရာတွေကိုလဲ တခုပြီးတခု လုပ်သွားဖို့ရှိပါတယ်” ဟု CDF-Hakah မှ တာဝန်ရှိသူတစ်ဦးက ခိုနူမ်းစုန်ကို ပြောခဲ့ပြီး ဖြစ်သည်။ မတ်လ ၁၀ ရက်နေ့တွင်လည်း ပြည်နယ် နတလရုံးတွင် လုံခြုံရေးယူေနသော စစ်ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ်အပါအဝင် ရဲ ၅ ဦးအား ဖမ်းဆီးခဲ့ပြီး ဖြစ်သည်။ အလားတူ မတ်လ ၉ ရက်နေ့နှင့် ၁၃ ရက်နေ့တွင် အဝတ်ဖြင့် ဟားခါးမြို့ထဲ သွားလာနေသော…
(002MG)ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မူကြောင့် မြို့သစ်ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲကာ အိမ်ထောင်ဦးစီးဖြစ်သူ သေဆုံးပြီး မိသားစုဝင် (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ဟားခါးမြို့ခံတစ်ဦးက “လက်နက်ကြီးအိမ်ပေါ်ကျပြီးတော့ ဆုံးတာလို့ကြားတယ်၊ BOC ဖက်မှာဖြစ်တာ။ အိမ်ထောင်ဦးစီး သေဆုံးသွားတယ်၊မိသားစုဝင်တွေလည်း ထိခိုက်တယ်။ ကျန်တာမသိရသေးဘူး” ဟုပြောသည်။ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်မူထမ်းရန် စာရင်းကောက်ယူမူ လုပ်ဆောင်လာပြီးနောက်ပိုင်း မတ်လ (၁၈) ရက်မှစကာ မြို့တွင်းမကြာခဏ ပစ်ခတ်ဖြစ်ပွားမူများရှိလာသော်လည်း ယမန်နေ့တွင် ထိတွေ့မူမရှိပဲ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်သောကြောင့် ပြည်သူသေဆုံးမူရှိလာခြင်းဖြစ်သည်ဟု သိရသည်။၎င်းအပြင် ယမန်နေ့ညမှစပြီး မြို့ပေါ်တွင် အင်တာနက် Wifi လိုင်းများပြတ်တောက်နေသည်ဟု ဟားခါးမြို့ခံများထံမှ သိရသည်။
(002MG) (006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်မှုမထမ်းမနေရဥပဒေဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေသည့် စစ်ကောင်စီလက်အောက်က ဝန်ထမ်း (၅) ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း PDF Zoland၊ ကာကွယ်ရေး ပြန်ကြားရေးမှူးက ပြောသည်။ ချင်းပြည်နယ် တီးတိန်းမြို့ပေါ်က စစ်ကောင်စီ၏ စစ်သားစုဆောင်းမှုများမှာ ပါဝင်လုပ်ကိုင်ပေးနေသူများကို ယနေ့ မတ်လ ၂၅ ရက် မိုးမလင်းမှီတွင် ၎င်းတို့၏ နေအိမ်များထဲ ဝင်ရောက်၍ တပြိုက်နက် ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း PDF Zoland ၊ ကာကွယ်ရေး ပြန်ကြားရေးမှူးက ပြောသည်။ “မိုးမလင်းခင်မှာ သူတို့ အိမ်တွေထဲ ဝင်ပြီးတော့မှ ဖမ်းဆီးလိုက်တာပါ။ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့လူတွေ၊ သတင်းအချက်အလက်ပေးတဲ့လူတွေဟာ ကျနော်တို့ ရန်သူတွေပါပဲ။ အချိန်မှီသူတို့ အမြန်ဆုံး ပြည်သူလူထုနဲ့ ပူးပေါင်းစေချင်ပါတယ်။ နောက်ဆိုရင် အဆင်မပြေတော့ဘူးလေနော်။ အစကတည်းက ကျနော်တို့ရဲ့ရန်သူဟာ စစ်ကောင်စီပဲဆိုတော့ ကျနော်တို့က တိုက်မှာပဲ” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်စုစာရေး လျန်းလမ်ခိုင် (အသက် ၄၈)၊ မြို့နယ်အားကာမှူး ရှင်းခန့်ခွါလ် (အသက် ၄၈)၊ စည်ပင်ဌာနမှ လက်ထောက်အင်ဂျင်နီယာ ကပ်ဆွင်းခွါလ် (အသက် ၃၆)၊ မွေးမြူးရေးနှင့် ကုသရေးဌာနမှ ဒုကြီးကြပ် ၊ ခွါလ်လျန်းမုန် (အသက် ၅၅) နှင့် လဝကဌာနမှ အငယ်တန်းစာရေး နန်ဆွင်းဂင့် (အသက် ၅၇) တို့ ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ၏ စစ်မှု မထမ်းမနေရ ဥပဒေနှင့် စစ်သားစုဆောင်းမှုများတွင်…
(006SV) ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေဖြင့် စစ်သားစုဆောင်းရာတွင် ပါဝင်ဆောင်ရွက်နေသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးမှူးများနှင့် လူပုဂ္ဂိုလ်များကို အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်မှာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီက ၎င်းတို့ စစ်အုပ်စု၏ အာဏာနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်နက်သဖွယ်အသုံးချပြီး ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်သည့်အတွက် ချင်းပြည်အစိုးရက ကွန့်ကွက်ရှုံ့ချကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီ၏ ချင်းပြည်အတွင်း စစ်မှုမထမ်းမနေရဥပဒေကို အတင်းအကြပ်စတင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုကိုလည်း ကန့်ကွက်ရှုံချသည်ဟု ဆိုသည်။ စစ်ကောင်စီသည် ချင်းပြည်နယ်၏ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မတူပီ၊ မင်းတပ်မြို့များအပါအဝင် နိုင်ငံတဝန်းမြို့နယ်ပေါင်း ၁၇၂ မြို့နယ်တွင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်း အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခြင်းများကို လုပ်ဆောင်နေသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က ကြေညာပြီးနောက် စစ်ကောင်စီက အရွယ်ရောက်သူများကို စစ်မှုထမ်းခိုင်းရန် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နေသည်။
(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား၁ ဦးသည် CDF-Hakha ထံသို့ လက်နက်ဖြင့် အလင်ဝင်လာကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရသိရသည်။ ယမန်နေ့ မတ်လ ၂၄ ရက်နေ့တွင် ဟားခါးမြို့မှ ရဲတပ်သားတစ်ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူ တော်လှန်ရေးတွင် ပါဝင်တော့မည်ဟု ဆိုကာ သေနတ်လက်နက်နှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု ဓါတ်ပုံနှင့်တကွ ၎င်းထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့လက်နက်နှင့်အတူ အလင်းဝင်လာသူအား ဆုငွေကျပ် သိန်း ၅၀ ချီးမြှင့်သည့် အပြင် လုံခြုံလွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်တွင် လက်နက်ကိုင်တာဝန်ထမ်းဆောင်နေသော ရဲနှင့် စစ်သားများအား လက်နက်ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ အချိန်မနှောင်းမီ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန်နှင့် ခိုလှုံလာသူများအား CDF- Hakha အနေဖြင့် နွေးထွေစွာကြိုဆိုကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထိုသို့ထုတ်ပြန်ပြီးနောက် ဟားခါးမြို့ပေါ်မှ ရဲတပ်သား ၄ ဦးအား လက်နက်အပြည့်အစုံဖြင့်သော်လည်းကောင်း ကိုယ်လွတ်ရုန်းပြီးသော်လည်းကောင်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြပြီဖြစ်ကာ ၎င်းတို့အား လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးသည့်အပြင် လက်နက်များဖြင့် အလင်းဝင်လာသူများအား ဆုငွေချီးမြှင့်ပေးလေ့ရှိကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် ULA/AA အနေဖြင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် အုပ်ချုပ်ရေးအစီအမံများ ဖော်ဆောင်ရာတွင် ဒေသခံ ချင်းတိုင်းရင်းသားလူမျိုးများအတွက် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးနှင့် စိုးရိမ်ကြောင့်ကြမှုများ မဖြစ်ပေါ်စေရန် အထူးဂရုပြုစေလိုသည်ဟု ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ပြောသည်။ ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ပလက်၀မြို့နှင့်ပတ်သက်သော သဘောထားကြေညာချက်ကို ယနေ့မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပလက်ဝမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များအား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ် ရည်မှန်းချက်ပန်းတိုင်တူအဖွဲ့ အစည်းတစ်ရပ်အနေဖြင့် လေးစားဂုဏ်ပြုသည်ဟု IKACC က ဆိုသည်။ သို့သော်လည်း ပလက်၀မြို့နယ်အတွင်း ULA/AA အနေဖြင့် ကျင့်သုံးဆောင် ရွက်ရန် စီမံထားရှိသော အုပ်ချုပ်ရေး အစီအမံများသည် သက်ဆိုင်ရာနယ်မြေအတွင်းရှိ ဒေသခံ ချင်းတိုင်းရင်းသားလူမျိုးများအတွက် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးနှင့် စိုးရိမ်ကြောင့်ကြမှုများ မဖြစ်ပေါ်စေရန် အထူးဂရုပြုစေလိုပြီး အထူးဂရုပြုဆောင်ရွက်လိမ့်မည်ဟု လည်း ယုံကြည်မျှော်လင့်သည်ဟု IKACC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ပလက်ဝမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ စစ်ရေး တာဝန်ရှိကြသည့် ULA/AA တာဝန် ရှိသူများနှင့် IKACC ၏ အုပ်ချုပ်ရေး၊ စစ်ရေးတာဝန်ရှိသူတို့အကြား ခင်မင်ရင်းနှီးစွာ အချင်းချင်း ဆွေးနွေးညှိနှိုင်းမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခြင်းဖြင့် စစ်ကောင်စီ ကင်းမဲ့ဇုန်အတွင်း ဒေသခံ ချင်းတိုင်းရင်းသားများအပါအဝင် ပြည်သူလူထုများ လုံခြုံလွတ်လပ်စွာ သွားလာနေထိုင် အလုပ်လုပ်ကိုင်နိုင်ရေး ဖန်တီးနိုင်ရန်နှင့် အချင်းချင်းကြား ရင်းနှီးမှုတည်ဆောက်ခိုင်မြဲစေရန် လိုလားသည်ဟု…
ရေး- မာဂရက် “အဝတ်အစတွေကို ဖြတ်ပြီးတော့ ပြန်လျော်ပြီး ပြန်သုံးရတယ်။ ထပ်ထပ်သုံးနေရင် ကျန်းမာရေးထိခိုက်နိုင်မလားဆိုပြီး စိုးရိမ်တယ်။ အများနဲ့နေရတဲ့အခါကျတော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမူမရှိဘူး” ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်ကနေ မိုင်(၂၀) လောက်ဝေးတဲ့ ကီးသာကျေးရွာဖက်မှာ မိသားစုလိုက် စစ်ဘေးရှောင်နေ တာ သုံးနှစ်ထဲရောက်ရှိလာပါပြီဖြစ်တဲ့ အသက် (၂၅) အရွယ် မယုယု (အမည်လွဲ) ပါ။ စစ်ဘေးရှောင်နေရတဲ့ တလျှောက် သူမအတွက် အခုထိ အခက်အခဲဆုံးအချိန်က လစဉ်ဓမ္မတာလာတဲ့အချိန်လို့ ပြောပါတယ်။ ၂၀၂၁ ခုနစ်၊မေလထဲမှာ မင်းတပ်မြို့ပေါ် ဂေါက်ကွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြို့ပေါ်ကပြည်သူတွေ အားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြတာ ဒီနေ့အချိန်ထိဖြစ်ပါတယ်။ စစ်ဘေးတိမ်းရှောင်စအချိန်မှာ သူမတို့ မိသားစုနဲ့အတူ စစ်ရှောင်ပြည်သူတွေဟာ ကျေးရွာကစီစဥ်ပေးတဲ့ စစ်ရှောင်စခန်းတခုမှာ နေခဲ့ရပြီး အခန်းအဖွဲ့ဆိုတာမရှိ လဟာပြင်ကျယ်မှာ စစ်ရှောင်မိသားစု ရာချီနဲ့ နေထိုင်ခဲ့ရပါတယ်။ ဒါကစစ်ရှောင်အမျိုးသားတွေအတွက် သာမာန်နေထိုင်မှုတခုဖြစ်မယ်လို့ဆိုရပေမယ့် စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် ခက်ခဲတဲ့အခြေအနေဖြစ်ပြီး အမျိုးသမီးတယောက်အနေနဲ့ လစဉ်ဖြစ်တဲ့အခါ အတော်လေး စိတ်ပင်ပန်းခဲ့ရတယ်ဆိုပြီး ပြန်ပြောပါတယ်။ “ရာသီလာတာက ရှက်စရာလို့ ခံစားရတော့ လူအများကြားထဲမှာနေရတဲ့ အဲ့နေ့မျိုးဆိုပိုပြီးတော့ ခက်ခဲတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုက တအားကြီးမရှိဘူး၊ သူများကြားထဲမှာ ပေါက်ထွက်သွားမလားစိုး ရိမ်နေရ တယ်။ စိတ်ပိုင်း ဆိုင်ရာလုံခြုံမူမရှိဘူး” လို့ သူမကပြောပါတယ်။ မင်းတပ်မြို့နယ်ဖက်မှာ စစ်ကောင်စီတပ်ဖွဲ့နှင့်ချင်းကာကွယ်ရေးတပ် မင်းတပ်တွေကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဖက်ကလည်း မြို့ပေါ်တင်မကပဲ ကျေးရွာတွဖက်မှာ ဆေးဝါး၊ ဆေးနဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေ လိုသလောက် ဝယ်ယူခွင့်မပြုသလို သယ်ယူခွင့် ပိတ်ပင်တာ၊ အကန့်အသတ်နဲ့ ဝယ်ယူသုံးစွဲရတဲ့အခြေအနေ ကြုံလာရပါတယ်။ ဒါ့အပြင် နှစ်ဖက်တိုက်ပွဲတွေကြောင့်လည်း မင်းတပ်မြို့ကနေ…
(004SS) မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် ကျင်းပပြုလုပ်သော ခရိုင်အဆင့် သိပ္ပံနှင့် သင်္ချာအိုလံပစ် (Science & Mathematics Olympiad) စာမေးပွဲတွင် မြန်မာစစ်ဘေးရှောင်ကျေားသား ၂ ဦးတို့ ပထမအဆင့် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မတ်လ ၂၀ ရက်နေ့က ကျင်းပသော ယင်းစာမေးပွဲကို အိုင်ဇောလ်ခရိုင်အတွင်းရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကိုယ်စားပြု ကျောင်းသူ/ကျောင်းသားများက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုသို့ယှဉ်ပြိုင်ရာတွင် Solomon ‘High School တွင်ပညာသင်ကြားနေသော ဂန်ဂေါမြို့မှ စစ်ဘေးရှောင် မသူသူဟန်နှင့် Seling ကျေးရွာ Don Bosco Catholic ကျောင်းတွင် တက်ရောက်နေသော မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင် ဆလိုင်းပီတာဟုန်းတို့က ၉ တန်းအဆင့် ယှဉ်ပြိုင်မှုတွင် ပထမဆု ဆွတ်ခူးခဲ့ကြခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် မီဇိုရမ်ပြည်နယ်က ကျောင်းသူ/ကျောင်းသားများအနေဖြင့် သိပ္ပံနှင့် သင်္ချာတွင် ပိုမိုထူးချွန်လာစေရေးအတွက် ရည်ရွယ်ကျင်းပလေ့ရှိသည့် ပြိုင်ပွဲဖြစ်ပြီး ခရိုင်အဆင့် နှင့် ပြည်နယ်အဆင့်ဟူ၍ ၂ မျိုးခွဲခြားထားသည်။ မသူသူဟန် နှင့် ဆလိုင်းပီတာဟုန်းတို့သည် အိုင်ဇောလ်ခရိုင်အဆင့် ၉ တန်းပြိုင်ပွဲတွင် ပထမအဆင့်အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြခြင်းဖြစ်သည်။ “သမီးလေး သူသူဟန်ဆိုရင် ဗမာစကားပဲတတ်တာ၊ မီဇိုးလိုဘာမှ မတတ်ဘူး၊ စာသင်တဲ့ခါ ဘာသာစကားမတူတော့ အခက် အခဲတော့အများကြီးပေါ့ ဒါပေမဲ့ သူက ကြိုးစားတယ်၊ သူကြိုးစားရင်းနဲ့ တစ်ခြားကျောင်းသားတွေထက် အမှတ်တွေပိုများ ေလ့ရှိတယ်” ဟု Solomon’ High School မှ ကျောင်းအုပ်ကြီးက ပြောသည်။ မသူသူဟန် နှင့်…
