Author: Editor

(006SV) ချင်းပြည်၏ မြို့နယ်အသီးသီးရှိ နိုင်ငံရေးဦးဆောင်အဖွဲ့များဖြင့် ချင်းကာကွယ်ရေးကော်မတီကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး လုပ်ဆောင်စရာများကို ပြတ်ပြတ်သားသားဆက်လက် လုပ်ဆောင်သွားမည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ထုတ်ပြန်သည်။ ဇန်နဝါရီလ ၁ ရက်က နှစ်သစ်ကူးသဝဏ်လွှာတွင် ကြားကာလချင်းအမျိုးသာားအတိုင်ပင်ခံကောင်စီက ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။ “ချင်းပြည်၏ မြို့နယ်အသီးသီးရှိ နိုင်ငံရေး ဦးဆောင်အဖွဲ့များ၏ တက်ကြွစွာ ပါဝင်မှုနှင့်အတူ ချင်းကာကွယ်ရေး ကော်မတီကို ဖွဲ့စည်းရင်း ချင်းတစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ရှေ့ရှုလျက် လုပ်ဆောင်စရာများကို ပြတ်ပြတ် သားသား ဆက်လက်လုပ်ဆောင်ဖို့ ရှိနေပါသည်” ဟု ချင်းပြည်သူများသို့ နှစ်သစ်ကူး သဝဏ်လွှာတွင်ဖော်ပြထားသည်။ ချင်းပြည်အရေး ဆောင်ရွက်ရာတွင် အခက်အခဲတချို့ ရှိသော်လည်း ICNCC အနေဖြင့် ပြည်သူများ၏ သုံးသပ်အကြံပြုချက်များကို အလေးထားပြီး ပြုပြင်ပြောင်းလဲမှုများစွာ စတင်လုပ်ဆောင်နိုင်ခဲ့သည့် နှစ်ဖြစ်သည်ဟုဆိုသည်။ ချင်းကာကွယ်ရေးကော်မတီ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ မည်သည့်ချင်းကာကွယ်ရေးအဖွဲ့များ ပါဝင်မည်၊ မည်သို့ ဖွဲ့စည်းဆောင်ရွက်မည်ကို အသေးစိတ်မေးမြန်းရန် ICNCC ကို ခိုနူမ်းသုန်မှ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့သည် “ချင်းညီနောင်” အဖြစ် ဒီဇင်ဘာလ ၃၀ ရက်က နိုင်ငံရေးနှင့် စစ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် တရားဝင် ဖွဲ့စည်းခဲ့သည်။ ချင်းပြည် နိုင်ငံရေးတွင် ICNCC လမ်းကြောင်းဖြင့် ဆက်လက်လျှောက်လှမ်းရန် ဆွေးနွေးနေကြပြီး ICNCC တွင် လိုအပ်သော စုဖွဲ့မှုများရှိရန် ပြန်တည်ဆောက်နေသည်ဟု “ချင်းညီနောင်”…

Read More

(006SV) ၂၀၂၄ ခုနှစ်သည် ချင်းပြည်အတွက် အလွန်အရေးကြီးသော “နှစ်” တစ်နှစ်ဖြစ်ပြီး အရေးတကြီး အကောင်အထည်ဖော်ရမည့် အချက် (၄) ချက်ရှိကြောင်း ချင်းလဲန်းကောင်စီ ဥက္ကဌ Pu Zing Cung က ပြောသည်။ ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌလည်းဖြစ် ချင်းလဲန်းကောင်စီ ဥက္ကဌ Pu Zing Cung က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်က နှစ်သစ်နှုတ်ခွန်းဆက်စကားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပထမအချက်သည် “စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်ချေမှုန်းရေး” ဖြစ်ပြီး ယင်းစနစ်ကို ကျောထောက်နောက်ခံပေးနေသည့် စစ်တပ်နှင့် ၎င်း၏ ယန္တရားတစ်ခုလုံကို ချေးမှုန်းရန်ဖြစ်သည်ဟု ကောင်စီဥက္ကဌက ပြောသည်။ ဒုတိယအချက်သည် “ချင်းအမျိုးသားပိုက်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ရေး” ဖြစ်ပြီး ချင်းအမျိုးသားတို့၏ ပိုက်နက် နယ်မြေ အစိတ်အပိုင်းတချို့ကို စစ်ကောင်စီက အုပ်ချုပ်နေဆဲဖြစ်ကာ စစ်ကောင်စီတပ်ကို အပြီးအပိုင် တိုက်ထုတ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ တတိယအချက်သည် “အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းလဲန်းတည်ဆောက်ရေး” ဖြစ်ပြီး ချင်းအမျိုးသားရေး လှုပ်ရှားမှုမှာ အင်အားစုတစ်ရပ်လုံး စုစည်းမှသာ အရှိန်အဟုန်နှင့် တိုက်ပွဲဝင်နိုင်မှာဖြစ်ကြောင်း၊ ချင်းလဲန်းတည်ဆောက်ရေးမှာ ချင်းအမျိုးသားများနှင့် ချင်းလဲန်းပြည်သူတစ်ရပ်လုံး တက်ညီလက်ညီ တာဝန်ထမ်းရွက်ကြမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။ နောက်ဆုံးအချက်သည် “နိုင်ငံရေးနဲ့ အမျိးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” ဖြစ်သည်ဟု သိရသည်။ လက်ရှိအချိန်သည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် အကောင်းဆုံးအချိန်ဖြစ်ပြီး ချင်းပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့်တောင်တခဲ့သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး အကောင်းဆုံးအခွင့်အလမ်းဖြစ်ကြောင်း၊ ယင်းကို…

Read More

(006SV) မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို တူမီးစွဲကိုင်ပြီး အစောဆုံးဆန့်ကျင့်တော်လှန်တဲ့ ချင်းအင်အားစု တွေဟာ အနာဂါတ်ချင်းပြည်တည်ဆောက်ရေးအတွက် ခုခံတော်လှန်ရေး ၃ နှစ်ရှိလာချိန်မှာ ကြီးမားတဲ့ အရွေ့တစ်ခုကို ဖော်ဆောင်လာကြပါတယ်။ ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်မှာ ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်ထိ ကျင်းပနိုင် ခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းနိုင်ခဲ့သလို ချင်းပြည်ကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခဲ့တာပါ။ ချင်းအင်အားစုတွေ ကိုယ်ပိုင်ရေးဆွဲပြဌာန်းနိုင်ခဲ့တဲ့ ဒီအရွေ့မှာ ချင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ အစိုးရယန္တရားတွေကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမှာဖြစ်လို့ ၂၀၂၄ ဖေဖော်ဝါရီလ ၄ ရက်မတိုင်မီ ချင်းပြည်အစိုးရ ယန္တရားလည်ပတ်မှုတွေကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ “လွှတ်တော်ဆိုရင် ဥပဒေပြုရေးရာ အားလုံးကို ကိုင်တွယ်မယ်။ အုပ်ချုပ်ရေးကိုတော့ အုပ်ချုပ်ရေးအစိုးရက ကိုင်တွယ်မယ်။ တရား စီရင်ရေးကြတော့လည်း သူ့ဟာသူ လွတ်လွတ်လပ်လပ် သီးသီးသန့်သန့် အရပ်ဖက် တရားစီရင်ရေးကို ကျနော်တို့က ဖော်ဆောင်မှာ ဖြစ်တယ်။ အဓိက ပြောချင်တာက နိုင်ငံရေးနဲ့ စစ်ရေး အားကောင်းဖို့ ၊ ချင်းပြည်ကို စုစုစည်းစည်းနဲ့ သွားနိုင်ဖို့ အဓိက ရည်ရွယ်ခြင်း ဖြစ်တယ်။ အဲဒီမှာ ချင်းလဲန်းကောင်စီကနေ တစ်ဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့ လိုချင် တဲ့ပက်ကား အစိုးရ ဖြစ်လာတဲ့အထိ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်” ချင်းလဲန်းကောင်စီ၊ တွဲဖက်အတွင်းရေးမှူး ၁ ဆလိုင်းထက်နီက ပြောပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ချင်းပြည်နယ်မှာ…

Read More

(006SV) ချင်းပြည်နှင့် ချင်းအမျိုးသားအရေးတွင် နိုင်ငံရေး၊ စစ်ရေးများကို ပူးပေါင်းဆောင်ရွက်ရန် “ချင်းညီနောင်” မဟာမိတ်အဖြစ် ဒီဇင်ဘာလ ၃၀ ရက်က ဖွဲ့စည်းလိုက်ကြောင်း ချင်းလန်းကောင်စီညီလာခံ မတက်ရောက်သည့် ZFU/PDF-Zoland၊ CNO/CNDF နှင့် CNC/ CDF- Mindat တို့ ကပူးတွဲထုတ်ပြန်ကြေညာလိုက်သည်။ Zomi Federal Union (ZFU)/ PDF-Zoland၊ Chin National Organization (CNO/CNDF) နှင့် Chin National Council (Mindat)/ CDF- Mindat (၃)ဖွဲ့တို့သည် ချင်းပြည်လုံးဆိုင်ရာ ကိစ္စရပ်များနှင့် ချင်းတမျိုးသားလုံးဆိုင်ရာ ကိစ္စရပ်များတွင် “ချင်းညီနောင်” ဘုံသဘောတူညီချက်ဖြင့်သာ ပူးပေါင်းပါဝင်ကြမည်ဟု ယင်းအဖွဲ့ ၃ အဖွဲ့က ပူးပေါင်းထုတ်ပြန်သည်။ “ချင်းညီနောင်” တစ်ဖွဲ့ဖွဲ့အား နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း မတော်မတရား ကျူးကျော် ထိပါးလာပါက အတူတကွ ပူးပေါင်းရင်ဆိုင် တွန်းလှန်တုံ့ပြန်သွားမည်ဟု ယင်းအဖွဲ့တို့က သဘောတူထားသည်။ “ချင်းညီနောင်”၏ ဘုံသဘောတူညီချက်နှင့် ကိုက်ညီသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ချင်းပြည်အရေး၊ ချင်းတမျိုးသားလုံး အရေးနှင့် ပြည်ထောင်စုကိစ္စများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်သည်။ ဒီဇင်ဘာလ ၆ ရက်က CNF/CNA ဗဟိုဌာနချုပ်တွင် CNF/CNA အစုအဖွဲ့၊ CDF ၁၄ ဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တချို့ သည် ချင်းလဲန်းကောင်စီညီလာခံကို ကျင်းပနိုင်ခဲ့ပြီး ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ချင်းလဲန်းကောင်စီကို ဖွဲ့စည်းနိုင်ခဲ့သည်။ ZFU/PDF-Zoland၊ CNO/CNDF နှင့် CNC/ CDF- Mindat တို့သည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှရေး…

Read More

(005MK) ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီတပ်က မြို့မိမြို့ဖအား နှစ်သစ်ကူး အကြောင်းပြုကာ လက်ဆောင်ပေးဝေခြင်းများပြုလုပ်ခဲ့ရာတွင် Zomi Revolutionary Army – ZRA တပ်ဖွဲ့များက လုံခြုံရေးယူပေးခဲ့သည်ဟု Zoland Voice TV ကဖော်ပြသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့က တီးတိန်မြို့ပေါ်ရှိ ဆေးရုံနှင့် မြို့တွင်းတချို့နေရာများတွင် စစ်ကောင်စီက နှစ်သစ်ကူးလက်ဆောင်ဟုဆိုကာ မြန်မာကျပ်ငွေ နှစ်သောင်း (၂၀,၀၀၀) ပေးပြီး စည်းရုံးရေးဆင်းခဲ့သည်ဟု ဆိုသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ZRA တပ်ဖွဲ့က စစ်ကောင်စီလှုပ်ရှားရာ လမ်းကြောင်းများဖြစ်သော ခရိုင်ရုံးနားနှင့် မီးသတ်ရုံး လမ်းခွဲများတွင် လုံခြုံရေးယူပေးခဲ့သည်ဟု Zoland Voice TV ကဖော်ပြသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း စစ်ကောင်စီ ဦးဆောင်မှုဖြင့် Sweet December ဖလား ဘောလုံးပြိုင်ပွဲကို တွန်းဇံမြို့ တွင် ကျင်းပရာ စကစတပ်များ၊ ရဲတပ်သားများနှင့် ZRA တပ်များ ပူးပေါင်းကာ လုံခြုံရေး တာ၀န်ယူထားခဲ့သည်ဟု သိရသည်။

Read More

(005MK) ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA ၏ စခန်းသိမ်းတိုက်ခိုက်မှုများကြောင့် တပ်စခန်းကို စွန့်ခွါထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင်ခန့်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိလာသည်ဟု ဒေသတွင်း Vanglaini သတင်စာက ဖော်ပြသည်။ စစ်ကောင်စီတပ်သား ၁၅၀ ၀◌န်းကျင်ခန့်သည် ဒီဇင်ဘာလ ၂၉ ရက်နေ့က မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Tuisentlang မှာအခြေစိုက်သည့် အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ ထွက်ပြေးခိုလုံခဲ့ကြပြီး ယင်းတို့အနက် ဒဏ်ရာရရှိသူ အများအပြားလည်းရှိသည်ဟု ဆိုသည်။ ဒီဇင်ဘာလ ၂၇ ရက် နှင့် ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝ ဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်ဟု ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။ ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအမြောက်အများသေဆုံးမှုရှိကြောင်း တချို့မှာလည်း စခန်းကိုစွန့်ခွါ၍ ထွက်ပြေးသွားကြသည်ဟု AA ကဆိုသည်။ ယခု မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင်ခန့်မှာ အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းက ဖြစ်နိုင်သည်ဟု သိရသည်။ ပြီးခဲ့သည့် နို၀◌င်ဘာလအတွင်းကလည်း ချင်းပြည်နယ်က စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သားအယောက် ၁၀၀ ခန့်မှာ စခန်းကိုစွန့်ခွါပြီး မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ထွက်ပြေးလာသူအားလုံးကို အိန္ဒိယဗဟိုအစိုးရက ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်ကာ စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့သည်။

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ခဝဲဗျူဟာကုန်းနှင့် ပွိုင့် ၃၇၇ အခြေကုပ်စခန်းကုန်းတို့ကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၊ သတင်းနှင့် ပြန်ကြားရေးက ယနေ့ ဒီဇင်ဘာလ ၂၉ ရက်မှာ သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၆ နာရီခန့်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းကို အပြီးသိမ်းယူနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းကို အပြီးသတ်သိမ်းပိုက်ထားခြင်းဖြစ်ကြောင်း ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ခရိုင်ရဲစခန်းကို ဒီဇင်ဘာလ ၂၆ ရက် က သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။ သိမ်းယူနိုင်ခဲ့သော စစ်ကောင်စီစခန်းများမှ အလောင်းအမြောက်အများ၊ လက်နက်ခဲယမ်းများ ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ပြီး ပုပ်ပွ၍ နေရာအနှံ့ပြန်ကြဲသေဆုံးနေသော စစ်ကောင်စီအလောင်းများကို မြေမြှုပ်သဂြိုလ်ခဲ့ရသည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။ စစ်ကောင်စီစခန်းများမှ စခန်းစွန့်ခွာ ထွက်ပြေးသွားသူများကို လိုက်လံတိုက်ခိုက်နေသည်ဟု သိရသည်။ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အတွင်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များထဲမှ တချို့ကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသော စစ်ဆင်ရေးပစ်မှတ်များကိုလည်း ဆက်လက်တိုက်ခိုက် သိမ်းပိုက်ရယူရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။ ရခိုင်နှင့် ပလက်ဝဒေသက စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်ပြီး အပြီးသတ် သိမ်းယူ ထားပြီး တချို့ပစ်မှတ်များမှာ တစ်ဝက်တစ်ပျက်နှင့် အနည်းငယ်သာ ကျန်ရှိတော့၍…

Read More

(006SV) ချင်းပြည်နယ်တွင် ခွင့်ယူထားသော ရဲဘော်၊ ရဲမေတချို့သည် တပ်ဖွဲ့နာမည်ကို အလွဲသုံးစားမှုများ ရှိလာသောကြောင့် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီး မိခင်တပ်ရင်းများသို့ ပြန်ရောက်ရှိရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ဆင့်ခေါ်ကြောင်း သတင်းထုတ်ပြန်သည်။ “အဓိက ပြောမယ်ဆိုရင် တော်လှန်ရေးကို အကြောင်းပြပြီးမှ ကျနော်က အဲဒီတပ်ရင်းကပါ၊ အဲဒီတပ်ဖွဲ့ကပါ ဆိုတဲ့ ဟာတွေ လုပ်ပြီး အပြင်မှာ လုပ်စားတဲ့ လူတွေ အရမ်းများလာတယ်။ တပ်ရင်းကလည်း ထွက်လို့ ထွက်မှန်း မသိ၊ CDF မတူပီကနေ နားလို့ နားမှန်း မသိ၊ CDF နာမည် ရောင်းပြီး လုပ်စားတဲ့အဖွဲ့တွေ ရှိလို့ ကျနော်တို့က ဒီဟာကို လူနဲ့ စာရင်း နဲ့ အကုန်စီစစ်ချင်တဲ့ သဘောပါ။ အပြင်သွားခွင့် ယူပြီးမှ မိသားစုအကြောင်းပြပြီး ပြန်မလာတဲ့ ရဲဘော်တွေက တော် တော်လေး များပြီး။ ပြောမယ်ဆိုရင် ရာဂဏန်းလောက် ရှိတယ်” ဟု CDF မတူပီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း နိုင်ဂျွန်းက ပြောသည်။ သတ်မှတ်ရက်အတွင်း မိခင်တပ်ရင်းများသို့ မလာရောက်နိုင်ပါက ရဲဘော်၊ ရဲမေများ၏ အမည်စာရင်းမှ ပယ်ဖျက် သွားတော့မည်ဖြစ်ပြီး တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန်ကာလများတွင် ရဲဘော်၊ ရဲမေ၏ ရဲသင့်ရထိုက် သော အခွင့်အရေးများ လုံးဝ ခံစားရရှိတော့မည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်စွဲဖြင့် CDF မတူပီတပ်ရင်း ၁ လင်းယုန်တပ်ရင်း၏ ဆင့်ခေါ်စာတွင်ဖော်ပြထားသည်။ သို့သော်…

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် စစ်ဆင်ရေးတိုက်ပွဲများကို စတင်ဖော်ဆောင်ပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝမှ တာဝန်ရှိသူက ပြောသည်။ “ဒီလင်းယုန်တပ်ဖွဲ့နဲ့ပေါ့နော် စစ်ဆင်ရေးလုပ်တာဖြစ်တယ်၊၊ ပြည်သူတွေကို အသိပေးတာပေါ့နော်။ ဆမီးမြို့ တွင်းစစ်ဆင်ရေးကို ဘယ်လိုကြောင့် လုပ်လဲဆိုတာတော့ အဲဒါကြတော့ ကျနော်တို့က ကြိုတင် ပြောလို့မရဘူး။ လောလောဆယ်က အစပဲရှိသေးတော့လေနော်” ဟု CDF ပလက်၀မှ တာဝန်ရှိသူက ပြောသည်။ ဒီဇင်ဘာလ ၂၇ ရက် ဆမီးမြို့တွင်းက ဆေးရုံသစ်အနီးရှိ စစ်ကောင်စီစခန်းတစ်ခုကို CDF- ပလက်ဝ တပ်ရင်း ၁ နှင့် CDF- ပလက်ဝ၏ လက်အောက်ခံ လင်းယုန်တပ်ဖွဲ့တို့က စတင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၄ နာရီခန့်တွင် တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ဆေးရုံးသစ်အနီးက စစ်ကောင်စီတပ်သည် ဆမီးဗျူဟာကုန်းဘက်သို့ တပ်ဆုတ်ခွာသွားပြီး ၎င်းတို့ ထိခိုက်သေဆုံးမှုကို အတည် မပြုနိုင်သေးကြောင်း၊ CDF – ပလက်ဝဘက်မှ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။ ပလက်ဝမြို့နယ်ထဲတွင် စခန်းသိမ်း စစ်ဆင်ရေးများ ဖော်ဆောင်နေသည့် ရက္ခိုင်တပ်တော် (AA) ကလည်း စစ်ကောင်စီ၏ အခိုင်အမာ စစ်စခန်းဖြစ်သည့် ဆမီးဗျူဟာကုန်းကို ဒီဇင်ဘာလ ၁၄ ရက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ဒီဇင်ဘာလ ၁၆ ရက်က သတင်းထုတ်ပြန်ထားသည်။ ရက္ခိုင်တပ်တော် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ကူ အများအပြားဖြင့် အပြင်း အထန်ခုခံခဲ့ခြင်းကြောင့် ဆမီး…

Read More

(006SV) ချင်းပြည်နယ်နှင့် မကွေးတိုင်းက စစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲများအတွင်း ဒီဇင်ဘာလထဲတွင် စစ်ကြောင်းမှူး အပါအဝင် ရဲဘော် ၄ ဦး ကျဆုံးခဲ့ရပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း CDF – မင်းတပ်မှ ဒီဇင်ဘာလ ၂၆ ရက်က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၄ ရက် ၁၂ ရက်ထိ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာတိုက်ပွဲတွင် CDF မင်းတပ်မှ ရဲဘော် ၂ ဦး ကျဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဖက်မှလည်း ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု သိရသည်။ ဒီဇင်ဘာလ ၈ ရက်က မင်းတပ်မြို့အတွင်းတိုက်ပွဲတွင် စစ်ကောင်စီမှ ၃ ဦး သေဆုံးပြီး ၁၁ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဒီဇင်ဘာလ ၁၈ ရက် CDF – Mindat၊ CNDF၊ CDF – Matupi နှင့် CDF – Loutu ချင်းပူးပေါင်းတပ်များ၏ မတူပီမြို့နယ်၊ ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲတွင်လည်း CDF – မင်းတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ ဒီဇင်ဘာလ ၂၁ ရက်က မကွေးတိုင်း၊ ဂန့်ဂေါ- ထီးလင်းကြားရှိ စစ်ကောင်စီ၏ မြစ်သာမြစ်ဆည်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲများ ဝင်ရောက်စီးနင်းသိမ်းပိုက်သော တိုက်ပွဲတွင် CDF – မင်းတပ်၏ စစ်ကြောင်းဦးဆောင်သူ စစ်ကြောင်းမှူး ဆလိုင်းတဗ်လိန်…

Read More