Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNO/CNDF (UCR) ထိပ်ပိုင်းအရာရှိတစ်ဦး သေဆုံးမှုအတွက် မိမိတို့ မှားယွင်းကြောင်း တမူးခရိုင်ပကဖ ထုတ်ပြန်၊ တောင်းဆိုချက်များကို တမူးခရိုင်ပကဖနှင့် NUG ဘက်က အကောင်အထည်ဖော်ရန် စောင့်နေဟု CNO ပြော

CNO/CNDF (UCR) ထိပ်ပိုင်းအရာရှိတစ်ဦး သေဆုံးမှုအတွက် မိမိတို့ မှားယွင်းကြောင်း တမူးခရိုင်ပကဖ ထုတ်ပြန်၊ တောင်းဆိုချက်များကို တမူးခရိုင်ပကဖနှင့် NUG ဘက်က အကောင်အထည်ဖော်ရန် စောင့်နေဟု CNO ပြော

0
By Editor on February 13, 2024 Khonumthung

(006SV)

စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့၊ ကနန်စံပြကျေးရွာ စစ်ဆေးရေးဂိတ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF (UCR) ၏ ထိပ်ပိုင်းအရာရှိတစ်ဦး အပစ်ခံရ၍ သေဆုံးမှုတွင် မိမိတို့ မှားယွင်းခဲ့မှုအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် တောင်းပန်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက် ညနေ ၆ နာရီခန့်က စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့၊ ကနန်စံပြကျေးရွာ စစ်ဆေးရေးဂိတ်တွင် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF (UCR) တို့ကြား နားလည်မူ လွဲမှားခဲ့ကြောင်း တမူခရိုင် (ပကဖ) က ထုတ်ပြန်လာသည်။

နားလည်မှုလွဲမှားမူကြောင့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လုံခြုံရေးဆောင်ရွက်သူ ရဲဘော်တစ်ဦးက ပစ်ခတ်လိုက်ရာ CNO/CNDF (UCR) မှ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ဘော်ဘွိုင်း (Salai Bawi Bawi) ၏ ဦးခေါင်ကို ထိမှန်ပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်သည် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး စသည့်တို့ကြောင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ နှစ်ဖက် နားလည်မူ လွဲမှားခြင်းသာဖြစ်ကြောင်း တမူးခရိုင် (ပကဖ) က ဖေဖော်ဝါရီလ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲဘော် ဘော်ဘွိုင်း၏ မိသားစုနှင့် CNO/CNDF (UCR) တို့အတွက် ကြီးမားသော ဆုံးရှုံမူကို ဖြစ်ပွားစေသော မိမိတို့ မှားယွင်းခဲ့မှုအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် အနှုးအညွတ် တောင်းပန်ပါကြောင်း တမူခရိုင်/ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ရုံးစာဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က လက်ရှိစာကို ထုတ်ပြန်လာသော်လည်း ဖြစ်စဉ်ဖြစ်ပွားပြီး နှစ်ပတ်နီးပါးအထိ နှစ်ဖက်ကြားပြေလည်မှု မရရှိသေးကြောင်း၊ တောင်းဆိုချက် (၂) ချက်ကို တမူးခရိုင် (ပကဖ) က အကောင်အထည်ဖော်လာမူကို စောင့်ကြည့်နေရကြောင်း CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်းက ပြောသည်။

“ပြေလည်မူကတော့ မရသေးဘူး။ တောင်းဆိုထားတာ ရှိသေးတယ်။ ၂ ချက်ပေါ့။ အဲဒါက လောလောဆယ် မရသေးဘူး။ ဒီတစ်ခုပဲ ရှိသေးတယ်။ နောက်တောင်းဆိုမူက ဘယ်လိုလာဦးမလဲဆိုတာ မသိတော့ ဆက်လက် စောင့်ကြည့်ရမယ့် အနေအထားမှာရှိတယ်။ လိုက်လျောကို လိုက်လျောရမယ့် အချက်တွေပါ။ အချိန်ကာလ သတ်မှတ်ထားတာက အမြန်ဆုံးတော့ ပြောထားတယ်” ဟု ဆလိုင်းကျုံငိုင်းက ပြောသည်။

တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဆောင်ရွက်ပေးရမည့် အချက် (၂) ချက်နှင့် ပတ်သက်၍ လတ်တလောတွင် ထုတ်ဖော်ပြောဆိုရန် အဆင်မပြေသေးကြောင်း၊ တမူးခရိုင် (ပကဖ) ဘက်ကို တောင်းဆိုထားသကဲ့သို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဘက်ကိုလည်း တောင်းဆိုထားသောကြောင့် အမြန်ဆုံး အကောင်အထည်ဖော်မည်ဟု ယုံကြည်ကြောင်း ဆလိုင်းကျုံငိုင်းက ပြောသည်။

CNO/CNDF (UCR) ၏ အသက် ၂၇ နှစ်အရွယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး အတွင်းရေးမှူး Salai Van Bawi Nei Thawng (သို့မဟုတ်) Bawi Bawi ကျဆုံးမှုနှင့်ပတ်သက်၍ ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖေဖော်ဝါရီလ ၂ ရက်က CNO/CNDF က ထုတ်ပြန်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.