(006SV) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် – NCAကို အခြေခံသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ လမ်းကြောင်းအားလုံး ရပ်တန့်၊ ပျက်ပြယ်သွားပြီဖြစ်ပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ခြင်းမရှိဘဲ မည်သည့်ဆွေးနွေးပွဲမှ ပြုလုပ်ရန်မရှိကြောင်း CNF၊ KNU နှင့် ABSDF တို့က ဘုံသဘောထားများကို ထုတ်ပြန်သည်။ အာဏာသိမ်းစစ်ကောင်စီသည် NCA စာချုပ် ၈ နှစ်ပြည့်နှစ်ပတ်လည်အထိန်းအမှတ်ပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအား ဖိတ်ခေါ်နေသည့်အချိန်တွင် NCA စာချုပ်လက်မှတ်ထိုးထားပြီး လက်ရှိမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက် နေသည့် ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့က ဘုံနိုင်ရေး ရည်မှန်းချက်နှင့် ရည်တည်ချက်များကို အောက်တိုဘာလ ၁၂ ရက်က ထုတ် ပြန်ခဲ့ရာမှာ ထိုကဲ့သို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီသည် ကြည်း၊ ရေ၊ လေတပ်များဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ နိုင်ငံ တကာဥပဒေများကို ချိုးဖောက်သကဲ့သို ယင်းလုပ်ရပ်များသည် NCA စာချုပ် ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေသည်ဟု ချင်းအပါအဝင် အပစ်ရပ် (၃) ဖွဲ့က ထုတ်ပြန်သည်။ NCA ကို အခြေပြု၍ ဖိအားပေးကာ ဟန်ပြအကောင်အထည်ဖော်မှုများနှင့် ကျင်းပရန်ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲများသည် နိုင်ငံ၏ အကြပ်အတည်းကို ပိုမိုနက်ရှိုင်းအောင် ပြုလုပ်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။ CNF အပါအဝင် အဖွဲ့ (၃)ဖွဲ့၏ ဘုံနိုင်ငံရေးရေးမှန်ချက်တွင် နိုင်ရေးမှာ စစ်တပ်ပါဝင်နေမှုကို အဆုံးသတ်ရန်၊ စစ်တပ်ကို အရပ်သားအုပ်ချုပ်မှုအောက်၌ ထားရန်၊…
Author: Editor
(004SS) ချင်းပြည်နယ် ဟားခါးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ပါတ်စ်ပို့ရုံး) တွင် အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်များ နယ်ကျော်ပြုလုပ်ခွင့် ရုတ်တရက်ပိတ်လိုက်သည်ဟု စုံစမ်းသိရှိရသည်။ ကြိုတင်အသိပေးခြင်းမရှိဘဲ နယ်ကျော်ပါတ်စပို့ ပြုလုပ်ခွင့် ရုတ်တရက်ပိတ်လိုက်ရခြင်းကြောင့် နယ်ခြားမှ ပါတ်စပို့လုပ်ရန် စောင့်ဆိုင်းနေကြသည့် ပြည်သူများ အခက်တွေ့နေကြောင်း ဟားခါးမြို့ကို ပါတ်စပို့လုပ်ရန် ရောက်ရှိနေသော ချင်းအမျိုးသားတစ်ဦးက ပြောသည်။ “ရုံးဘက်ကတော့ ဒီလိုပဲ ပိတ်ခိုင်းလို့ ဒီနေ့ ပိတ်လိုက်တာ၊ နယ်ခြားဆို လက်မခံတော့ဘူးလို့ ပြောတယ်။ အခု ကျွန်တော်တို့ဆို ၅/ ပေါ့ ကလေးမြို့ကနေလာတာ ရက်ချိန်းယူပြီးစောင့်တာပေါ့ ဒီနေ့ဆို ကျွန်တော်တို့ ရက်ချိန်း ရတဲ့နေ့ပဲ အခု မလုပ်ပေးဘူး၊ ပြန်လှည့်ရတော့မယ်” ဟု ကလေးမြို့မှ ဟားခါးမြို့သို့ ပါတ်စပို့လုပ်ရန် ရောက်နေသည့် ချင်းအမျိုးသားတစ်ဦးကပြောသည်။ ဟားခါးမြို့ ပါတ်စပို့ရုံးတွင် နယ်ခြားမှ ရောက်ရှိလာသူများသည် ကြိုတင်ရက်ချိန်းယူကြရကာ နေစရိတ် စားစရိတ်နှင့် သွားလာရေးလမ်းစရိတ်များအား ကုန်ကျခဲ့ရပြီး၊ ယခုကဲ့သို့ ရက်ချိန်းနေ့တွင် ရုတ်တရက် ပြုလုပ်ခွင့် ပိတ်ပင်ခံရခြင်းကြောင့် နစ်နာမှုများ ကြုံနေကြရသည်ဟု သိရသည်။ ချင်းပြည်နယ်ပြင်ပ ချင်းလူမျိုးများအများစုနေထိုင်ကြသော ကလေးမြို့နယ်၊ တမူးမြို့နယ် နှင့် ဂန့်ဂေါမြို့နယ်မှ ချင်းပြည်သူများ၏ အခက်အခဲအား ဖြေရှင်းပေးသည့်အနေဖြင့် ဟားခါးမြို့တွင် တင်ပြညှိနှိုင်းချက်အရ ပါတ်စပို့ နယ်ကျော်လုပ်ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဟားခါးမြို့ ပါတ်စ်ပို့ရုံးတွင် ချင်းပြည်နယ်အတွင်းရှိ ၄/ များအတွက်သာ လက်ခံကာ ပြုလုပ်ပေးနေကြောင်း သိရသည်။ ချင်းပြည်နယ်အတွင်း ၄/ များအတွက် ပါတ်စပို့ပြုလုပ်ရာတွင်…
(005MK) မြန်မာနိုင်ငံကနေ တရားမ၀င်သယ်ဆောင်လာသော ရှားပါးမျောက်၀ံမျိုးစိတ် (orangutan) တစ်ကောင်ကို မီဇိုရမ်ပြည်နယ် အခွန်ဦးစီးဌာနတာ၀န်ရှိသူများက အောက်တိုဘာလ ၁၁ ရက်နေ့ကဖမ်းဆီးရမိခဲ့သည်။ အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့သို့ ကားတစ်စီးဖြင့် တင်ဆောင်လာစဉ် Seling ရွာအ၀င်နီးမှာ တာ၀န်ရှိသူများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယခုဖမ်းဆီးရမိသည့် မျောက်၀ံမျိုးစိတ်သည် ကမ္ဘာပေါ်တွင် မျိုးသုဉ်းပြောက်ကွယ်လုနီးပါးဖြစ်နေသော ရှားပါးတိရိစ္ဆာန်မျိုးစိတ်ဖြစ်ပြီး မလေးရှာနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်သာ တွေ့ရှိနိုင်သည်ဟုသိရသည်။ တရားမ၀င် သယ်ဆောင်လာသော ယာဉ်မောင်းနှင့် ယာဉ်ကိုလည်း အခွန်ဦးစီးဌာနက ထိန်းသိမ်းကာ အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။ ရှားပါးမျောက်၀ံမျိုးစိတ် (orangutan) ကိုတော့ မီဇိုရမ်ပြည်နယ် Enviroment, Forest& Climate Change ဌာနတွင် လွဲပြောင်းအပ်နှံခဲ့ကြသည်ဟုသိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသော မီဇိုရမ်ပြည်နယ်တွင် ယခင်ကလည်း ယခုကဲ့သို့ တရားမ၀င်သယ်ဆောင်လာသော ရှားပါးမျိုးစိတ်တိရိစ္ဆာန်များကို မကြာခဏ ဖမ်းဆီးရမိလေ့ရှိသည်။
(002HH) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောင်လေးကျေးရွာက အသက် (၅၀) နှစ်အရွယ် ချင်းအမျိုးသမီးတစ်ဦး ယနေ့ မနက် (၈) နာရီအချိန်ခန့်က တောထဲ လပ်ပြာဉဆေးမြစ်ရှာသွားစဉ် လမ်းဘေးထောင်ထားသည့် မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံးသွားသည်ဟု သိရသည်။ ”ဆေးပင်ရှာပြီးမှ ဆန်တွေဝယ်ရတာဆိုတော့ သွားရှာမယ်ဆိုပြီး ကားလမ်းဘေးကနေ အတက်ပဲရှိသေးတယ် စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းနင်းမိလို့ ခြေထောက်တဖက်က ကြေမွသွားတယ်၊ဘယ်ဘက်ခြေထောက်က ဒူးအောက်က နေပြတ်သွားတာ ပွဲချင်းဆုံးသွားတယ်” ဟု ဆွေးမျိုးတော်စပ်သူအမျိုးသားတစ်ဦးက ပြောသည်။ မိုင်းနင်းမိ၍ သေဆုံးသူမှာ Pi Biak Za Nem ဟုသိရပြီး ဇောင်လေးကျေးရွာနှင့် (၇) မိုင်ဝေးသော Hlan Zawl ကျေးရွာ အဝင်လမ်းတွင် မိုင်းနင်းမိခြင်းဖြစ်ပြီး ၎င်းတွင် သားသမီး (၆) ဦးကျန်ရစ်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယခုမိုင်းနင်းမိပေါက်ပွဲမှုဖြစ်ပွားသည့်နေရာအနီး သူဖေးကျေးရွာထိပ်တွင် တပ်စွဲထားပြီး ၎င်းတို့ထောင်ထားသော မိုင်းဖြစ်နိုင်သည်ဟု ဒေသခံများကပြောသည်။ ဇောင်လေးကျေးရွာသည် ဖလမ်းမြို့နှင့် မိုင် ၃၀ နီးပါးကွာဝေးပြီး အိမ်ခြေ (၄၀) ရှိသည်ဟု သိရသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းနင်းမိမှုကြောင့် ချင်းလူမျိုး ၂၀ ဦး သေဆုံးပြီဖြစ်ကာ ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်၀ါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်မှာ တနိုင်ငံလုံးကပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီထဲမှာ အစိုးရ၀န်ထမ်းတွေဟာလည်း “ရုံးမ တက်နဲ့ရုန်းထွက်” ဆိုတဲ့ကြွေးကျော်သံနဲ့အတူ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါ၀င်လာခဲ့ကြပါတယ်။ ချင်းပြည်နယ်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ CDM လှုပ်ရှားမှုအားအကောင်းဆုံးပြည်နယ်တစ်ခုဖြစ်ပြီး အရပ်ဖက်အဖွဲ့အစည်း တွေရဲ့ အဆိုအရ ချင်းပြည်နယ်က အစိုးရ၀န်ထမ်း ၇၀ ရာခိုင်နှုန်းကျော်ဟာ CDM ပြုလုပ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုမှာပါခဲ့ကြပါတယ်။ အစိုးရ၀◌န်ထမ်းတွေဟာ ရုံးမတက်နဲ့ရုန်းထွက် ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ တော်လှန်ရေးတပ်ဦးအဖြစ် ရှေ့တန်းက ထွက် ပြီး ရဲရဲ၀◌ံ့၀◌ံ့ချီတက်ခဲ့ကြပြီး အဓိကနေရာမှာ ပါ၀င်ခဲ့ကြပေမယ့် အိမ်နီးချင်းအိန္ဒိယ နိုင်ငံကိုထွက်ပြေးခဲ့နေ ထိုင်ခဲ့ကြတဲ့ CDM ၀◌န်ထမ်းတွေဟာ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ အလုပ်အကိုင်မရှိတာ၊ အထောက်ပံ့တွေလည်း မရရှိကြတာကြောင့် အတော်လေးအခက်အခဲနဲ့ရင်ဆိုင်ခဲ့ကြရတယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလုံလာကြတဲ့ CDM ၀န်ထမ်း အယောက် ၁၅၀၀ ကျော်လောက်ရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတချို့က ခန့်မှန်းထားကြပါတယ်။ အဲဒီထဲက ၃ ပုံတစ်ပုံလောက်ကတော့ စား၀◌တ်နေရေးအခက် တွေ ကြောင့် နေရပြန်သွားကြတယ်လို့သိရပါတယ်။ အိန္ဒိယဘက်မှာ ရောက်ရှိနေကြတဲ့ CDM ၀◌န်ထမ်းတွေရဲ့ ဘ၀ရပ်တည်ရေး အခြေအနေက ဘယ်လိုရှိပါသလဲ၊ ဘယ်လို အခက်အခဲစိန်ခေါ်မှုတွေကြုံနေကြရတာပါလဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်တိုင် CDM ဆရာမတစ်ဦးလည်းဖြစ် CDM တွေအကြောင်းကို သုတေသနပြုလေ့လာနေတဲ့ တက္ကသိုလ် ကထိက ဒေါက်တာ မေရီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး- အိန္ဒိယနိုင်ငံကိုရောက်လာတဲ့ CDM ဝန်းထမ်းဘယ်လောက်လောက်ရှိလဲ။ ဖြေ- မဏိပူရ်ရော၊…
(006SV) စစ်အာဏာသိမ်းမှု ၃ နှစ်နီးပါးတွင် ချင်းပြည်နယ်မှာ စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ကလေးငယ် ၂၄ ဦးအပါအဝင် အရပ်သား ပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ချင်းလူမျိုုး ၁၀၀၀ ကျော်ကို ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်သည်။ အာဏာသိမ်းချိန်မှ ယခုနှစ်အောက်တိုဘာလ ၁ ရက်အထိ ချင်းပြည်နယ်တွင် စစ်ကောင်စီက မတရားဖမ်းဆီး သတ်ဖြတ်မှု၊ စစ်ကြောင်းထိုးစဉ် သတ်ဖြတ်မှု၊ မြေမြှုပ်မိုင်းနှင့် သေဆုံးမှု၊ လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု၍ သတ်ဖြတ်မှုကျူးလွန် ရာမှာ အမျိုးသမီး ၃၈ ဦးနှင့် အမျိုးသား ၁၇၉ ဦး စုစုပေါင်း ချင်းအရပ်သားပြည်သူ ၂၁၇ ဦး သေဆုံးခဲ့သည်ဟု ချင်းရေးရာ အဖွဲ့ချုပ်မှ လ/ထညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက ပြောသည်။ “ဒီဟာက မြန်မာနိုင်ငံမှာ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကို ရင်းမြစ်အများကြီးကနေ မြင်နိုင်တယ်။ နိုင်ငံတကာက ဘယ်လိုမျိုး ဖိအားတွေ ပေးမလဲ၊ ဒီထက် ထိရောက်တဲ့ အရေးယူမှုတွေ ဘယ်လိုမျိုး လုပ်မလဲဆိုတာတော့ ကျနော်တို့က ရီပို့ပေးရုံပဲ ပေးလို့ ရတာပေါ့နော်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လက်ပိုက်ကြည့်မနေတော့ဘဲနဲ့ ဘယ်လိုထိရောက်တဲ့ အရေးယူမှုကို လုပ်မလဲဆိုတာ စဉ်းစားဖို့ လိုအပ်ပြီး” ဟု သူက ပြောသည်။ ယင်းသေဆုံးမှုထဲတွင် အသက်မပြည့်ကလေးငယ်များ မိန်းကလေး ၄ ဦးနှင့် ယောင်္ကျားလေး ၂၀ ဦးတို့ ပါ၀င်သည်ဟုဆိုသည်။ စစ်ကောင်စီသည် ချင်းပြည်နယ်ကို စစ်ကြောင်းထိုးရာတွင်…
(005MK) လူနည်းစု တိုင်းရင်းသားများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည့် လုပ်ရပ်များ ကျူးလွန်နေသော အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဝိုင်းပယ် ကန့်ကွက်ကြရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ယနေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး အလေးအနက် ပန်ကြားတောင်းဆိုလိုက်သည်။ အာဏာသိမ်း စစ်ကောင်စီသည် ယမန်နေ့ အောက်တိုဘာလ (၉) ရက် ည (၁၁) နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကလေးသူငယ်များ၊ အသက် အရွယ်အိုမင်းသူများနှင့် အမျိုးသမီးများအပါအဝင် အရပ်သား ပြည်သူ (၃၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ (၅၀) ဦးထက်မနည်း ထိခိုက်ဒါဏ်ရာရရှိခဲ့သည်ဟု ICNCC ကပြောသည်။ ထိုနည်းတူ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၇) ရက်နှင့် (၈) ရက်နေ့များတွင် ချင်းလူမျိုးများ အများစုနေထိုင်သော စစ်ကိုင်း တိုင်း၊ ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာအား နှစ်ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခဲ့ရာ အနည်းဆုံး အိမ်ခြေ (၈၀) ကျော် ပျက်စီးဆုံး ရှုံးခဲ့သည့်ပြင်၊ ချင်းအမျိုးသမီး Pi Ngai Hnem (အသက် ၆၇ နှစ်) နှင့် မြေးဖြစ်သူ Salai Van Bawi Lian (အသက် ၁၄ နှစ်) တို့အား စစ်ကောင်စီတပ်ဖွဲ့က ရက်စက်စွာသတ်ဖြတ်မီးရှို့ခဲ့သည်ဟု ဆိုသည်။ အာဏာသိမ်းစစ်ကောင်စီက လူနည်းစုတိုင်းရင်းသားများအပေါ် ဤကဲ့သို့ အကြိမ်ကြိမ်ပြုကျင့်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများအပါအဝင် အရပ်သားပြည်သူများ၏ အသက်ရှင်သန်ပိုင်ခွင့်တို့ကို မျက်ကွယ်ပြုရာရောက်ပြီး၊ လူနည်းစုတိုင်းရင်းသားများအား…
(004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လျှပ်စစ်မီတာကြေး အခွန်မဆောင်သည့်အိမ်များကို စစ်ကောင်စီက လျှပ်စစ်မီးမပေးတော့ပဲ ဖြတ်တောက်မှုရှိနေကြောင်း ဒေသခံများထံမှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့ပေါ် ရပ်ကွက်အချို့တွင် လုံခြုံရေးအပြည့်နှင့် လျှပ်စစ် မီတာခွန်များ ပေးဆောင်ရန် လိုက်လံသတိပေးပြီးနောက် အောက်တိုဘာလ ပထမပတ်ကစ၍ အခွန်မဆောင်သော အိမ်များကို စတင်ဖြတ်တောက်လိုက် ခြင်းဖြစ်သည်။ ထို့ကြောင့် ရပ်ကွက်နေပြည်သူများသည် ကလေးခရိုင် လျှပ်စစ်ရုံးသို့ သွားရောက်ကာ မီတာခွန်များ ပေးဆောင်နေကြရ သည်ဟု တောင်ဖီလာရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောသည်။ “ကျွန်မတို့ရပ်ကွက်မှာ မီးမရတာ အခုဆိုရင် တစ်လ ကျော်ပြီ။ မီတာခမပေးဆောင်တဲ့သူတွေ မီးဖြတ်တယ်ဆိုလို့ ကျွန်မ တို့လဲ စုပြီး မီတာခသွားဆောင်တာ။ ရုံးက တစ်ပါတ်နေပြန်ရမယ်လို့ ပြောတယ် ဒါပေမဲ့ အခုတစ်ပါတ်ကျော်နေပြီ မီးပြန် မရသေးဘူး။ မီးမရတော့ အခက်တွေ့တာပေါ့” ဟု ၎င်းက ပြောသည်။ အောက်တိုဘာလဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များသည် လုံခြုံရေးအပြည့်ဖြင့် ချင်းလူမျိုးအများစုနေထိုင်ကြသော တာဟန်းရပ်ကွက်တွင် မီတာခွန်များပေးဆောင်ရန် လိုက်လံသတိပေးခဲ့သည်ဟု သိရသည်။ ထို့နောက် ရပ်ကွက်လူကြီးများ အဖွဲ့အစည်းများ စုပေါင်းကာ ရုံးသို့ သွားရောက်အခွန်ဆောင်ပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့ညတွင် မီးပြန်လည်ရရှိခဲ့ကြောင်း တာဟန်းရပ်ကွက်နေ ဒေသခံများထံမှ သိရသည်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ကလေးမြို့တွင် စစ်ကောင်စီယန္တရားလည်ပတ်မှုရပ်တန့်စေရန် ပြည်သူ များသည် လျှပ်စစ်မီတာခွန်မဆောင်ကြသည်မှာ လပေါင်း ၂၈ လခန့်ရှိသွားပြီဟုသိရသည်။ ထို့အတွက်ကြောင့် ပြည်သူများအနေဖြင့် လျှပ်စစ်မီတာအခွန်များကို အရစ်ကျဖြင့် ၃ ကြိမ်ပေးသွင်းရမည်ဖြစ်ပြီး အကယ်၍ မပေးသွင်းနိုင်ပါက လျှပ်စစ်မီးဖြတ်တောက်ခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက အသိပေးခြိမ်းခြောက် မှုလည်းရှိနေသည်ဟု…
(003PT) ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့၏အမည်ကို ခုတုံးလုပ်ပြီး နာမည်ဆိုးထွက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မှုများ ရှိနေသည့်အတွက် ရပ်တန်းကရပ်ကြရန် CDF-Paletwa က အောက်တိုဘာ လ ၈ ရက်နေ့က သတိပေးထုတ်ပြန်သည်။ ယခုရက်ပိုင်းတွင် ပလက်ဝမြို့နယ်အတွင်းရှိ အင်္ဂလီကန် အသင်းတော်မှ အသင်းသူ/သား တစ်ချို့တို့သည် လက်နက်ကိုင် အဖွဲ့၏ အမည်ကို ခုတုံးလုပ်ပြီး အင်္ဂလီကန် အသင်းတော်၏ အသင်းလူကြီးများထံ ခြိမ်းခြောက်စာပေးပို့ခြင်း၊ မဟုတ် မမှန်သတင်းများဖြန့်ေ၀ခြင်း၊ လက်နက်ကိုင်အဖွဲ့များ၏ နာမည်ဆိုးထွက်စေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်း၊ အချင်း ချင်းစိတ်၀◌မ်းကွဲစေမည့် သတင်းအချက်အလက်များဖြင့် ၀◌ါဒမှိုင်းတိုက်ခြင်းစသည်တို့ကို လုပ်ဆောင်လျှက်ရှိသည်ဟု CDF-Paletwa ကဆိုသည်။ ပလက်ဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သူ ဆလိုင်းမျိုးထိုက်က “ကျွန်တော်တို့က မြေပြင်မှာ ဖြစ်နေတဲ့ ဘာသာ ရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ပြောရမယ်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်တဲ့ကိစ္စတွေမှာ အခုနလို လက်နက် ကိုင်အဖွဲ့အစည်းတွေဆိုပြီးမှ လက်နက်ကိုင်အဖွဲ့တွေကို နာမည်ပျက်အောင် အဲ့လိုလုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့က လုံးဝကို ရှုတ်ချပါတယ်၊ ကျွန်တော်တို့ တော်လှန်ရေးလုပ်တယ်ဆိုတာက အာဏာရှင်ဖြုတ်ချရေးနှင့် ပြည်သူ့လွတ်မြောက် ရေးပဲ၊ ကျွန်တော်တို့ က အဲ့ဒီ ဘာသာရေးတွေ၊ လူမှုရေးတွေကို အခြေခံပြီးမှ မလုပ်ဘူး” ဟုပြောသည်။ CDF-Paletwa သည် ချင်းပြည်နယ်အတွင်း ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ တစ်နိုင်ငံလုံး၏ ဘုံရန်သူဖြစ်သည့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းလျက်ရှိပြီး ပြည်သူ့လွတ်မြောက်ရေးအတွက် တစ်စိုက် မတ်မတ် ဦးတည်လျက် တော်လှန်နေသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့်အလျောက် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွပ်ဖက်ခြင်း လုံးဝမရှိကြောင်း CDF-Paletwa…
(005MK) မြန်မာနိုင်ငံမှ တရားမ၀င်သယ်ယူလာသော ကွမ်းသီးခြောက်အိတ် ၁၂၀၀ ကျော်ကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် ဒေသတွင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ်သို့ မြန်မာဘက်က ကွမ်းသီးခြောက်များတင်ဆောင်လာကြောင်း သတင်းရရှိထားချက်အရ အာသံရိုင်ဖယ်နှင့် အကောက်ခွန်ဌာနပူးပေါင်းအဖွဲ့က ယနေ့အောက်တိုဘာ ၉ ရက်နေ့တွင် ကျန်ဖိုင်းခရိုင် Chhungte နှင့် Zotlang ကျေးရွာကြားတွင် ကွမ်းသီးအိတ် ၉၇၁ အိတ်ဖမ်းဆီးခဲ့သည်ဟု ဒေသတွင်းသတင်းမှာဖော်ပြသည်။ ယမန်နေ့အောက်တိုဘာ ၈ ရက်နေ့ကလည်း Chhungte ကျေးရွာအနီးတွင် မြန်မာဘက်က သယ်လာသော ကွမ်းသီးခြောက် ၂၄၉ အိတ်ဖမ်းဆီးခဲ့သည်။ ကျန်ဖိုင်းခရိုင်တွင် ၂ ရက်တာအတွင်း မြန်မာနိုင်ငံမှ တင်သွင်းလာသော ကွမ်းသီးခြောက် စုစုပေါင်း ၁၂၂၀ အိတ်ဖမ်းဆီးခံ ရပြီး ကာလပေါက်စေ◌ျးအရ ရူပီးငွေ သိန်း ၆၀၀ ကျော်ခန့်တန်ဖိုးရှိသည်ဟု ဆိုသည်။ အလားတူ အောက်တိုဘာလ ၇ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် ကော်လစစ်နှင့် ဘိုင်းရဘီး မြို့ကြားတွင် ကုန်တင်ကား ၃ စီးနှင့်တင်လာသော မြန်မာနိုင်ငံက ကွမ်းသီးခြောက် ၂၉၉ အိတ် (ရူပီးငွေ ၉၅ သိန်းကျော်) ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံမှ ၀◌င်ရောက်လာသော ကွမ်းသီးအခြောက်များသည် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးမှတဆင့် မီဇိုရမ် ပြည်နယ် ကို ဖြတ်သန်းကာ အိန္ဒိယပြည်မဘက်သို့ တင်ပို့လေ့ရှိကြသည်။ ယင်းကဲ့သို့ တင်ပို့ရာမှာ တရားမ၀င်လမ်းကြောင်းဖြင့် အစိုးရထံမှာလည်း အခွန်ပေးဆောင်ခြင်းမရှိသလို ကွမ်းသီးကြားထဲမှာ လက်နက်နှင့် တရားမ၀င်မှောင်ခိုပစ္စည်းများ တင်သွင်းလေ့ရှိသည်ဟု ဆိုကြသည်။ ထို့အပြင်…
