(05MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်ခရိုင် ဆိုင်းရန်ကျေးရွာအနီးတွင် ဆောက်လက်စ မီရထားလမ်းတံတားပြိုကျမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။ ယနေ့မနက်ပိုင်း ၉ နာရီခွဲ၀န်းကျင်ခန့်မှာ ဘိုင်ရဘီး-ဆိုင်းရန်ကြား ဆက်သွယ်မည့် ဆောက်လက်စ မီးရထားလမ်းတံတား အမှတ် ၁၉၆ သည် ရုတ်တရက်ပြိုကျခဲ့ပြီး ယင်းနေရာတွင် အလုပ်လုပ်ကိုင်နေသူ ၂၆ ဦးသေဆုံးကာ ယနေ့ညနေပိုင်း ၅ နာရီခွဲအထိ ရုပ်အလောင်း ၁၈ လောင်း ထုတ်ယူရရှိပြီဟု မီဇိုရမ်ကလာသောသတင်းများတွင် ဖော်ပြသည်။ ယင်းတံတားသည် ဆိုင်းရန်ကျေးရွာ Zero point အနီး Kurung ချောင်းပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး တံတားပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ကိုလည်း အိုင်ဇောလ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီဟု သိရသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယ၀န်ကြီးချုပ်၊ ပြည်ထဲရေး၀န်ကြီး နှင့် မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်တို့ကလည်း သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများနှင့်အတူ ၀မ်းနည်းပူဆွေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားရာနေသို့ မီဇိုရမ်ပြည်နယ် လမ်းပန်းပို့ဆောင်ရေး၀န်ကြီးနှင့် လွှတ်တော်အမတ်တချို့တို့လည်း ရောက်ရှိခဲ့ကြပြီး တံတားပြိုကျမှုအခြေအနေများကို လေ့လာခဲ့ကြသည်ဟု သိရသည်။
Author: Editor
(05MK) မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်းတချို့မှာ ဆန်နှင့် ရိက္ခာများကို Network for Unity Association Mizoram (NUA) အဖွဲ့က အရေးပေါ် ကူညီထောက်ပံ့ပေးအပ်ခဲ့ကြသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်၊ မာမစ် နှင့် ကော်လစစ်ခရိုင် ၃ ခုတွင်နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်စခန်း ၆ ခုတွင် ဩဂုတ်လ ၂၁ ရက်နေ့က ဆန်၊ ဆီ နှင့် ခေါက်ဆွဲခြောက်ထုတ်များကို NUA အဖွဲ့က သွားရောက်ထောက်ပံ့ခဲ့ကြခြင်းဖြစ်သည်။ မြန်မာစစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုပေးနိုင်ရန် အမေရိကန်ပြည်ထောင်စုအခြေစိုက် Project Chin Hill မှ ရူပီး တစ်သိန်း၊ အိုင်ဇောလ်မြို့တွင်နေထိုင်သော Pu Tanpuia က စားသုံးဆီ (အဖာ ၃၀) နှင့် Pu Tluanga က ခေါက်ဆွဲခြောက် (၃၅၀) ထုတ်တို့ ပေးအပ်လှူဒါန်းခဲ့ကြသည်ဟု NUA က ထုတ်ပြန်သည်။ ယခုကဲ့သို့ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ နိုင်ရန် ကူညီဆောင်ရွက်ပေးသော ချင်းအဆိုတော် Rebecca Fanai အပေါ်မှာလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်နေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများသည် အချိန်ကြာလာသည်နှင့်အမျှ ကူညီထောက်ပံ့သူ နည်းသထက်နည်းပါးလာပြီး ယခုလက်ရှိမှာလည်း အရေးပေါ်ကူညီထောက်ပံ့မှုလိုအပ်သော စစ်ဘေး ရှောင်စခန်း အများအပြားရှိနေသေးကြောင်း NUA က ဆိုသည်။ ထို့ကြောင့် ပြည်တွင်း/ပြည်ပအလှူရှင်များနှင့် ချင်းပြည်သူများအနေဖြင့် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ရေးတွင် ဆက်လက်အားစိုက်ပေးကြရန်လည်း NUA က တောင်းဆိုထားသည်။ Network for Unity…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ ဆေးရုံ၊ ကျောင်းနှင့် ရုံးဌာနအားလုံးကို ဩဂုတ် ၂၁ ရက်ကစတင်၍ ပိတ်ထားရန် စစ်ကောင်စီ က ညွှန်ကြားပြီးနောက် ရုံးဌာနတွေ အားလုံး မလည်ပတ်တော့ကြောင်း မင်းတပ်ဒေသခံနှင့် တော်လှန်ရေးအင်အားစုထံမှ သိရသည်။ “မနေ့က စပြီးတော့မှ ဆေးရုံးတွေ၊ စာသင်ကျောင်းတွေရော အကုန်လုံး ပိတ်သွားကြတယ်။ ကလေးတွေလည်း ကျောင်း မတက်ကြရဘူး။ ဒီနေ့အထိတော့ ပိတ်ထားတယ်။ ဆက်ပြီး ပိတ်မလားဆိုတာတော့ နောက်ဘယ်လိုဖြစ်လာမလဲဆိုတာ မသိသေးဘူး။ ထ ၁ နဲ့ ထ ၃ ကျောင်းရယ်၊ ၃ ကျောင်းဖွင့်နေတာကိုလည်း အကုန်လုံးပိတ်သွားပါတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။ ယနေ့တွင် မြို့ပေါ်နှင့်အနီးဝန်းကျင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဈေးရောင်းခြင်း၊ လက်ဖက်ရည်ဆိုင်ဖွင့်ခြင်းစသဖြင့် ပြည်သူ များ ပုံမှန်သွားလာနေကြသော်လည်း မင်းတပ်ဆေးရုံမှာ ပိတ်ထား၍ လူနာနှင့် ကိုယ်ဝန်ဆောင်များ အခက်အခဲဖြစ်နေသည်ဟု မင်းတပ်ဒေသခံက ပြောသည်။ “ဆေးရုံပိတ်တယ်ဆိုတော့ ပြည်သူတွေက ဆေးရုံထဲ ရောက်နေတဲ့ လူနာတွေ မီးဖွားမယ့် လူနာတွေ၊ ဆရာဝန်ကလည်း အထဲမှာပဲ ရှိတဲ့အခါမှာ တပ်ထဲမှာ ကြိုပို့ဖို့ ကားလည်း မရှိတော့ သူတို့ကလည်း မလာနိုင်ဘူး။ ဆေးရုံလူနာတွေကတော့ အခက်အခဲတွေ ကြုံတွေ့နေတာပေါ” ဟု မင်းတပ်ဒေသခံက ပြောသည်။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနအများစုမှာ မလည်ပတ်နိုင်ပဲ ပိတ်ထားရပြီး ပညာရေး၊ ကျန်းမာရေး၊ သစ်တောရုံး၊ ဆက်သွယ်ရေး စသဖြင့် ဌာနတချို့မှာ လည်ပတ်နေသော်လည်း ဩဂုတ် ၂၁ ရက်မှ စတင်၍ ပိတ်သွားခြင်း…
(04SS) ကလေးမြို့နှင့် ပြည်မဘက်သို့ ဆက်သွယ်သည့် ကလေး-ဂန့်ဂေါကားလမ်းနှင့် မဟာမြိုင်ကားလမ်းများ ပိတ်ထားမှုကြောင့် ယခုရက်ပိုင်းအတွင်း ကလေးမြို့ပေါ်တွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့်အပြင် ဝယ်ယူရန်ပင် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် ကလေးမြို့ပေါ်ရှိ ဓါတ်ဆီဆိုင်များတွင် ခွဲတန်းဖြင့်သာ ရောင်ချပေးနိုင်ပြီး ယနေ့တွင်မူ ဝယ်ယူရန်ပင် မရနိုင်တော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အခုက ဓါတ်ဆီတွေဝယ်ဖို့ခက်တယ် မနေ့က ၂ နာရီလောက်မှာပေါ့ သွားဝယ်တာ ကျန်မကတစ်ဂါလံရခဲ့တယ် ကျွန်မ ဝယ်လို့ပြီးရော ထပ်ရောက်လာကြတယ် အဲမှာ ဆိုင်က တစ်ယောက် ၅၀၀၀ ဖိုးပဲ ခွဲတန်းသဘောနဲ့ ပေးတယ်၊ ဒီနေ့ကျတော့ ရပ်ကွက်ထဲကသူတွေ သွားဝယ်မယ်ပေါ့ ဘာမှမရဘဲ ပြန်လာကြတယ် ပြီးတော့ တခြားဆိုင်သွားမေးကြည့်မယ်ဆိုပြီး ပြန်သွားရှာတယ် အဲလိုမျိုး။ ပြီးတော့ ဈေးနှုန်းကလဲ အရင်တပါတ်ထက် ၄၀၀၀ လောက်တက်တယ်” ဟု ကလေးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ လွန်ခဲ့သည့်တစ်ပါတ်က ဓါတ်ဆီ တစ်ဂါလံ ၁၆၀၀၀ ကျပ်ဖြင့် လိုသလောက် ဝယ်ယူနိုင်ခဲ့သော်လည်း ယခုတွင် ဓါတ်ဆီ တစ်ဂါလံ ၂၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရန်ပင် ခက်ခဲနေခြင်းဖြစ်သည်။ အလားတူ ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းမှာလည်း အဆမတန် မြင့်တက်နေကြောင်း သိရသည်။ ဩဂုတ်လဆန်းပိုင်းတွင် အများစုစားသုံးသည့် ကနန်ဧရာမင်းကော်ချက် တစ်အိတ် ၈၇,၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့သော်လည်း ယခုတွင် ကျပ် ၁၂၀,၀၀၀ ကျော်ဖြင့် ဝယ်ယူနေကြရသည်။ ထို့အပြင်…
(05MK) မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ တွင် မူးယစ်ရဲဌာနက မြန်မာနိုင်ငံသား ၃ ဦးနှင့် အိန္ဒိယအမျိုးသား ၂ ထံမှ စိတ်ကြွဆေးပြား (Methamphetamine) အလုံးတစ်သိန်း (၉ ကီလို ၇၈၂ ဂရမ်) ကို ယနေ့ မနက်ပိုင်း ၉ နာရီခန့်က Edenthar ရပ်ကွက်တွင် ဖမ်းဆီးရမိသည်ဟု သိရသည်။ အဖမ်းခံရသူ ၅ ဦးတို့မှာ Tripura ပြည်နယ်သား ၂ ဦးနှင့် ချင်းပြည်နယ် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်း (Khawmawi) တွင်နေထိုင်သူ ၃ ဦးတို့ဖြစ်ကြသည်ဟု မီဇိုရမ်သတင်းတွင် ဖော်ြပသည်။ စိတ်ကြွဆေးပြားများကို ကလေးမြို့ မှ အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ သယ်ဆောင်လာကြပြီး ထိုမှတဆင့် အိန္ဒိယပြည်မ ဘက်သို့ ပြန်လည်သယ်ဆောင်ရန်စီစဉ်ထားခြင်းဖြစ်သည်ဟုသိရသည်။ စိတ်ကြွဆေးပြားများသယ်ဆောင်ရာတွင် အသုံး သော ကားတစ်စီးကိုလည်း ဖမ်းဆီးထားသည်ဟု ဆိုသည်။ ၎င်းတို့ ၅ ဦးစလုံးကို The Narcotics Drugs& Psychotropic Substances Act, 1985 (NDPS Act) ဖြင့် အမှုဖွင့်အရေးယူ ထားသည်ဟု သိရသည်။ ယင်းဉပဒေအရ ၎င်းတို့သည် ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ နှင့် ဒဏ်ငွေ ရူပီးတစ်သိန်းမှ ၂ သိန်းထိ အမြင့်ဆုံး ပြစ်ဒဏ်ကျခံနိုင်ကြောင်း သိရသည်။
(06SV) ချင်းပြည်နယ်၊ တီးတိန်မြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား (၂) ဦး လက်နက်ခဲယမ်းများနှင့်အတူ PDF- Zoland တပ်ဖွဲ့ထံ အလင်းဝင်လာပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်လိုက်ပြီဟု PDF- Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တီးတိန်မြို့က ရိပ်သာတစ်ခုတွင် တာဝန်ကျနေစဉ် ဩဂုတ် ၂၀ ရက်က CDM ပြုလုပ်ရန် ထွက်ပြေးလာခြင်းဖြစ်ပြီး ရဲတပ်သားတစ်ဦးမှာ လုပ်သက် ၉ နှစ် ရှိပြီးဖြစ်ကာ အခြားတစ်ဦးမှာ လုပ်သက် ၃ နှစ် ရှိသည်ဟု PDF- Zoland တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဓိကကတော့ သူတို့ တပ်တွင်းမှာ မပျော်တော့ဘူးလို့ ပြောတယ်။ သူတို့ ဘာကြောင့် CDM လုပ်လာတာလည်းဆိုတော့ တပ်ထဲမှာကလည်း အခြေအနေ မကောင်းတော့ဘူးပေါ့။ ပြည်သူ့ ရင်ခွင်မှာပဲ ပြည်သူနဲ့အတူတူ ရပ်တည်ချင်တယ်လို့ အဲလိုပြောလို့၊ ကျနော်တို့ကို ဆက်သွယ်လာတဲ့အချိန်မှာ ဖြေပါတယ်။ အဲဒီရဲက ရာထူးတွေက တပ်သားတွေပဲ” ဟု PDF- Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ အလင်းဝင်လာသူ (၂) ဦးကို တစ်ဦးလျှင် သိန်း (၅၀) ကျပ်စီ ချီမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ဘေးကင်း ကင်းနှင့် ရောက်ရှိသွားပြီဟု ဆိုသည်။ တပ်သားတစ်ဦးသည် လက်နက်တစ်လက်နှင့် ကျည် ၁၉၀ ခန့် ပါရှိပြီး ကျန်တစ်ဦးမှာ သေနတ်တစ်လက်နှင့် ကျည် ၉၀ ခန့် သယ်လာကြသည်။ စစ်အာဏာသိမ်းပြီးနောက် PDF –…
(03PT/06SV) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး CNF/CNA တပ်စခန်းနှင့် ဂိတ်များ ပြန်လည်ရုပ်သိမ်းရန် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) က ဩဂုတ်လ ၁၉ ရက်နေ့စွဲဖြင့် ချင်းအမျိုးသားတပ်ဦး ဥက္ကဌထံ လိပ်မူ၍ တောင်းဆိုလိုက်သည်ဟု သိရသည်။ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) နယ်မြေ ဖလမ်းမြို့ပေါ်တွင် ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့် ပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၁၂ ရက်နေ့က (CNO/ CNDF) တပ်ဖွဲ့ကို ကြိုတင်အသိပေးအကြောင်းကြားမှုမရှိဘဲ စစ်ဆင်ရေးတစ်ခုဖော်ဆောင်ခဲ့ပြီးနောက်မှာ ယခုကဲ့သို့ တောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ CNO/CNDF မှ မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်းက “ကျနော်တို့ မျိုးနွယ်စုကြားထဲမှာ မစည်းလုံနိုင်အောင် လက်နက်တပ်ဆင်ပေးတာတွေ၊ စစ်သင်တန်း ပေးတာတွေ၊ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီးတော့ စခန်းမှာ အားဖြည့်ပေးတာတွေ လုပ်ထားတာတွေက နဂိုက ရှိပြီးသား။ ပြီးတော့ ကျနော်တို့ နယ်ထဲမှာ တပ်စခန်း ဆောက်ထားတာ ရှိတယ်။ ပြီးတော့ ကျနော်တို့ နယ်ထဲမှာ အခွန်ကောက်တာတွေက အစရှိပြီသားပေါ့။ အခုနောက်ဆုံး မှာလည်း မြို့တွင်းအထိ စစ်ဆင်ရေးလုပ်တဲ့အခါမှာ ညှိနှိုင်းတိုင်ပင်တာ မရှိဘူး။ ဖြစ်ပြီးသွားတာမှာလည်း ဘာကြောင့် လုပ်ခဲ့မှန်း စသဖြင့် ဖြေရှင်းချက်လည်း မလုပ်ပဲနဲ့။ အဲဒီတစ်ခုထဲတော့ မဟုတ်ဘူး။ ကျန်တဲ့ အကြောင်းတွေလည်း ရှိနှင့်နေပြီးသာဖြစ်လို့ ဒီကိစ္စကတော့ မရှင်းလို့ မရတော့ဘူးဆိုတဲ့ ကိစ္စကြောင့်မို့ လုပ်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။ CNF/ CNA ဥက္ကဌကို ပေးပို့သော စာတွင် CNA နှင့် CNDF…
(04SS) ချင်းပြည်နယ်၊ တွန်းဇံမြို့ပေါ်တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်အရွယ် ကလေးငယ် ၄ ဦးကို သူခိုးမှုဖြင့် တွန်ဇံလူငယ်များအဖွဲ့မှ ဖမ်းမိကြောင်း သိရသည်။ အဖမ်းခံရသူ လေးဦးမှာ အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ်များသာရှိသေးပြီး အဖွဲ့လိုက် အိမ်ဖောက်ထွင်းကာ ငွေကြေးခိုးယူမှု၊ ဆိုင်ကယ်ပစ္စည်း ခိုးဖြုတ်မှုများ ပြုလုပ်ခြင်းကြောင့် ၎င်းတို့အား ဩဂုတ်လထဲတွင် တွန်းဇံမြို့ လူငယ်များအဖွဲ့မှ ဖမ်းဆီးကာ ထိန်းသိမ်းထားခြင်းဟု သိရသည်။ “သူတို့က အိမ်ဖောက်တာတွေလုပ်တယ်၊ ပြီးတော့ ဆိုင်ကယ်တွေဆို အစီးလိုက်မခိုးဘူး၊ အပိုင်းအဆတွေကို ခိုးတာ ဥပမာ- ဘီးလုံးဖြုတ်ထုတ်တာမျိုးပေါ့၊ ကြီးကြီးမားမားခိုးတာမျိုးတော့ မရှိသေးဘူး ဒါပေမဲ့ အခုကတည်းက သူတို့အသက်အရွယ်နဲ့မမျှအောင် ခိုးလာလို့ ထိန်းသိမ်းပေးတဲ့သဘောပါ။ အခုက ၄ ယောက် ဖမ်းမိထားတယ် သူတို့ကို အိမ်တစ်အိမ်မှာ လောလောဆယ် ထိန်းသိမ်းထားပြီးတော့ အချို့လူတွေဆီမှာ အကူညီတောင်းခံပြီး သူတို့ကို နေ့တိုင်းထမင်းကျွေးထားတယ်”ဟု ဒေသခံလူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထိုသို့ ဖမ်းဆီးထိန်းသိမ်းရာတွင် ၎င်းတို့၏ မိဘများမှလည်း ဆက်လက်ထိန်းထားပေးရန် သဘောတူထားကြောင်း သိရပြီး ထို ကလေးငယ်များအား ရှေ့ဆက် မည်သို့ အရေးယူဆောင်ရွက်မည်ဆိုတာ မဆုံးဖြတ်နိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တွန်းဇံမြို့ပေါ်တွင် ခိုးဆိုးသူများလာပြီး ယခုကဲ့သို့ အသက်မပြည့်သည့် ဆယ်ကျော်သက် အရွယ် ကလေးငယ်များ ခိုးဆိုးလာခြင်းမှာ တွန်ဇံမြို့ပေါ်တွင် ကျောင်းများပိတ်ထားရကာ ပညာသင်ယူနိုင်ခြင်းမရှိသောကြောင့်ဟု တွန်းဇံမြို့ဒေသခံတစ်ဦးက ပြောသည်။ “မြို့ပေါ်မှာတော့ အရင်ကလည်း သူခိုးတွေရှိတာေပါ့ ဒါပေမဲ့ အခုလို ကလေးတွေခိုးလာတာကတော့ ကျောင်းပိတ်ပြီးနောက်ပိုင်းပေါ့၊ ကျောင်းမှာ တိုက်ပွဲဖြစ်ခဲ့တယ်…
(03PT) ချင်းပြည်နယ်၊ မတူပီမြို့နယ် ဇိုတုန်နယ်မြေဒေသအတွင်းရှိ စာလ်ထောင်ရွာတွင်နေထိုင်သူ ဦးဖွာတင်အား စစ်ဆေးမေးမြန်း ရာတွင် ဗဟိုဌာနချုပ်သို့ အကြောင်းကြားရန်ပျက်ကွက်သည့်အပြင် ချမှတ်ထားသည့် စည်းကမ်းများကျော်လွန်ကာ ရိုက်နှက်မှုကျူးလွန်သူ တပ်ဖွဲ့ဝင်နှစ်ဦးကို အရေးယူထားသည်ဟု CDF-Zotung ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ပြည်သူတစ်ယောက်ဒီလိုဖြစ်သွားတာကိုတော့ ကျွန်တော်တို့ စိတ်မကောင်းဘူးဆိုတော့ တာဝန်ယူတဲ့အနေနဲ့ ကျွန်တော်တို့ ရဲဘော်တွေကို ပြန်အရေးယူဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီကိစ္စအပေါ်မှာ စည်းကမ်း ကျော်လွန်ပြီးတော့ လုပ်ဆောင် တာတွေတွေ့ရတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ အရေးပြန်ယူတာပေါ့လေ ကိုယ့်တပ်သားတွေကို။ အရေးယူတဲ့နေရာမှာ ကျွန်တော်တို့ ထုတ်ပြန်ထားသလို့ပေါ့နော်။ ဒီကိစ္စဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ သေချာ စစ်ဆေးပြီးတော့ အဲ့ဒီ တာဝန်ရှိတဲ့ နှစ်ဦးကို တာဝန်ကနေ အကန့်သတ်မရှိ ရပ်နားထားတယ်။ တစ်နေရာမှာ စည်းကမ်းအရ ထိန်းချုပ်ထားတယ်” ဟု CDF-Zotung ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စာလ်ထောင်ကျေးရွာခံ ဦးဖွာတင်သည် တော်လှန်ရေးအားနည်းစေရန် ရည်ရွယ်ချက်ဖြင့် ကျေးရွာရှိ ပြည်သူများ၏ ဒီမိုက ရေစီနည်းလမ်းကျစွာ ရွေးကောက်တင်မြောက်ထားသည့် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ဦးဆောင်ကာ အကောင်ထည် ဖော်ဆောင်နေသည့် ရပ်ကျိုး၊ ရွာကျိုး လုပ်ငန်းများအား အနှောက်အယှက်လုပ်ဆောင်နေခြင်းကြောင့်ဟုဆိုကာ တိုက်နယ်မှူး နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ ထံတိုင်ကြားခဲ့သည့်အတိုင်း ဇူလိုင် ၃၁ ရက်နေ့က ခေါ်ယူစစ် ဆေးခဲ့သည်ဟု ဩဂုတ်လ ၁၈ ရက်နေ့က CDF-Zotung ကထုတ်ပြန်သည်။ မေးမြန်းစစ်ဆေးချက်အရ ဦးဖွာတင်သည်တိုင်ကြားချက်ပါအချက်များအားလုံးကိုကျူးလွန်ကြောင်းတွေ့ရှိခဲ့ပြီး ၎င်းမှ နောက်နောင်တွင် ထိုကဲ့သို့ပြစ်မှုမျိုးကျူးလွန်တော့မည်မဟုတ်ကြောင်းခံဝန်ကတိထိုးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု CDF-Zotung ၏ ထုတ်ပြန်ချက်တွင်ဖော်ြပသည်။ သို့သော်လည်း ဦးဖွာတင်မှာ…
(04SS) ကလေးမြို့တောင်ပိုင်း သာစည်ကျေးရွာကို စစ်ကောင်စီတပ်က တစ်ပါတ်ကြာ မီးရှို့မှုကြောင့် ခန့်မှန်ခြေ ပြည်သူနေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျသွားသည့်အပြင် သာစည်ရွာနှင့် အနီးတဝိုက်ရွာများမှ ထောင်နှင့်ချီသော ပြည်သူများမှာ ဘေးလွှတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ကလေးမြို့နယ် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။ ကလေးမြို့မှ ၃ မိုင်ခန့်ကွာဝေးပြီး ကလေး-ဂန့်ဂေါကားလမ်းမပေါ်မှာတည်ရှိသော သာစည်ကျေးရွာကို လွန်ခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့ မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ကိုင်တုတ် ပျူစောထီး အဖွဲ့များပူးပေါင်းကာ ပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ကလေးမြို့နယ် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “၁၄ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီက သာစည်ရွာထဲကို စတင်ဝင်ရောက်စီးနင်းလာတာပေါ့နော်၊ ဒီ ၁၄ ရက်နေ့မှာပဲ စတင်မီးရှို့ဖျက်ဆီးလာတာ ဒီနေ့နဲ့ဆို တစ်ပါတ်ရှိပြီပေါ့၊ ဒီတစ်ပါတ်အတွင်းမှာ အိမ်ခြေပေါင်း ၁၀၀ ကျော်မီးရှုခံရပြီဗျ။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်တဲ့အခါမှာ အိမ်တစ်အိမ်ကတော့ တောက်ရှောက် မီးလောင်သွားတယ်။ အဲဒီနောက် သာစည်ရွာထဲကို စစ်ကောင်စီကရောက်လာပြီးတော့မှ လူကိုယ်တိုင်မီးရှို့ နေကြတယ်ဗျ” ဟု ၎င်းကပြောသည်။ သာစည်ရွာနှင့် အနီးတဝိုက်ရှိရွာများသည် စစ်ကောင်စီတပ်ဖွဲ့မှ မကြာခဏစစ်ကြောင်းထိုးလေ့ရှိသည့် ရွာများဖြစ်ပြီး ပြည်သူများမှာ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်ရသည်မှာ အကြိမ်ပေါင်းမနည်းတော့ကြောင်း သူက ဆက်ပြောသည်။ လွန်ခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ဖြစ်ပွားသည့် တိုက်ပွဲတွင်လည်း သာစည်ရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာပေါင်း ၅ ရွာေကျာ်မှ ထောင်နှင့်ချီသောပြည်သူများသည် ကလေးမြို့ တောင်ပိုင်း စစ်ရှောင်စခန်း၊ နီးစပ်ရာကျေးရွာနှင့်…
