Author: Editor

(03PT) စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အံတုသွားသော ဆလိုင်းတင်မောင်ဦး၏ သတ္တိသွေးကို မိမိတို့၏ တော်လှန်သော သွေးသားများအဖြစ် အတုယူလေ့ကျင့် တည်ဆောက်သွားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။ ယနေ့ဇွန်လ ၂၆ ရက်နေ့သည် ချင်းတိုင်းရင်းသားကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ၏ ဦးဆောင်မှုဖြင့် ဆလိုင်း တင်မောင်ဦးကျဆုံးခြင်းအခမ်းအနားကို အွန်လိုင်းမှတဆင့်ကျင်းခဲ့ရာတွင် NUG ယာယီသမ္မတက မိန့်ခွန်းပြောကြားရာတွင် ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ “အသက်နဲ့ ခန္ဓာကို ပဓာနမထားဘဲ စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အန်တုသွားတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ သတ္တိသွေးကို ကျွန်တော်တို့ရဲ့ တော်လှန်သောသွေးသားများအဖြစ် အတုယူ လေ့ကျင့်တည်ဆောက်သွားကြဖို့” ဒူဝါလရှီးလက ပြောဆိုခဲ့သည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုခဲ့သည့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် စစ်အာဏာရှင်ဗိုလ်ချုပ်နေဝင်းက တိတ်တဆိတ်ကြိုးပေးကွက် မျက်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် မြန်မာ့သမိုင်းတွင် ပထမဦးဆုံး ကြိုးပေးကွက်မျက်ခံရသော ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး ကြိုးပေးကွက်မျက်ခံရစဉ်တွင် အသက် ၂၅ နှစ်သာရှိသေးသည်။ ဆလိုင်းတင်မောင်ဦးသည် ၎င်းအားကြိုးပေးသတ်ဖြတ်ရန် ပြင်ဆင်နေသည့် စစ်အာဏာရှင်လက်ပါးစေများကို “စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး(I will never kneel down under military boots.)” “မင်းတို့ ငါရဲ့ခန္ဓာ ကိုယ်ကိုသတ်လို့ရချင်ရမယ်။ ဒါပေမဲ့ ငါ့ရဲ့ယုံကြည်ချက်နဲ့ ခံယူချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ မရနိုင်ဘူး( You can kill my body but…

Read More

(04SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာကို မီးရှို့ပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်က အနည်းဆုံး ၃ ဦးထိခိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်က တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ အင်အား ၂၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့မနက်ပိုင်းတွင် သာစည်ကျေးရွာက လူနေအိမ်ခြေ ၁၀ လုံးထက်မနည်း မီးရှို့ပြီးနောက် ပြန်လည်ထွက်ခွါလာစဉ်တွင် CDF-KKG, CNDF-Vakok, PDF-Kalay နှင့် ပကဖ စသည့်ပူပေါင်းတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃ ဦးထက်မနည်း ထိခိုက်မှုရှိပြီး CNDF က ရဲဘော်တစ်ဦးကျဆုံးကာ ၃ ဦးဒါဏ်ရာရှိကြောင်း သိရသည်။ CDF-KKG သတင်းမှန် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “ဇင်းကလင်းကနေထွက်လာတဲ့စကစတွေပေါ့သာစည်ရွာကို မီးရှိုပြီးပြန်ထွက်လာတဲ့ဟာကို ကျွန်တော်တို့ ပူပေါင်းတပ်ဖွဲ့တွေကချောင်းပြီး ပစ်ခတ်ခဲ့တာပေါ့။ ထိခိုက်မှုကတော့ အနည်းဆုံး ၃ ယောက်တော့ရှိနိုင်မယ်ဗျ။ ပစ်ခတ်မှုပြီးမှ ပြန်ဆုတ်ခွါလာတဲ့ချိန်မှာ စကစ ဘက်ကနေ လက်လက်ကြီး တွေနဲ့ပစ်ကူပေးတယ်။ အဲမှာ လက်နက်ကြီးကြောင့် CNDF က ရဲဘော်တစ်ယောက်ကျဆုံးသွားတယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ KKG တပ်ရင်း၂ က ရဲဘော် ၂ ယောက်၊ တပ်ရင်း ၃ က ရဲဘော် ၁ ယောက် ထိခိုက်ထားတယ်ပေါ့နော်” ဟု ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် CNDF-Vakok တပ်ရင်းက ရဲဘော် မင်းခန့်ကျော် (ခေါ်) သားလေးကျဆုံးခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့သည် လွန်ခဲ့သည့် နှစ်ပတ်ခန့်ကစ၍…

Read More

(04SS) ချင်းပြည်နယ် တွန်ဇံမြို့နယ်၊ ရှလ်ထောဇန်ရွာမှ မြစိမ်းစံပြ (Singgialzaang) ကျေးရွာသို့ အသုဘကိစ္စဖြင့်သွားရောက်သော ကားတစ်စီး အပြန်လမ်းတွင် မတော်တဆဖြစ်မှုကြောင့် ယာဉ်ပေါ်ပါလာသူ ၇ ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် မြစိမ်းစံပြကျေးရွာမှ ရှယ်ထောဇန်သို့ ပြန်လှည့်သည့် ဦးမန်ခဲင်း၏ ကားသည် သစ်သားဖြင့်ဆောက်လုပ်ထားသော ရာဇဂြိုလ်တံတားပေါ်ဖြတ်မောင်းစဉ်မှာ တံတားကျိုးပဲ့ကာ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။ “Singgialzaang ကျေးရွာမှာ အသုဘရှိလို့ သူတို့က အမျိုးတွေအဖွဲ့လိုက်သွားကြတာ အပြန်လမ်းမှာ တံတားကျိုးလို့ ကားမတော်တဆပြုတ်ကျတာပေါ့ အဲမှာ ၇ ဦးသေသွားတယ်၊ နောက် ၂ ယောက်ကိုတော့ ရာဇဂြိုလ်ဆေးပေးခန်းမှာ ဆေးကုနေတယ်” ဟု ရှလ်ထောဇန်ဒေသခံနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ ကားမတော်တဆမှုကြောင့် သေဆုံးသူများမှာ ကားပိုင်ရှင် ယာဉ်မောင်း ဦးမန်ခဲင်းအပါအဝင် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးများဖြစ်ကြပြီး ယနေ့ဇွန်လ ၂၅ ရက်နေ့နေ့လည် ၁၂ နာရီတွင် ခရစ်ယာန်ထုံးစံအတိုင်း အသုဘသဂြိုလ်မည်ဟု သိရသည်။ ကား ပြုတ်ကျသည့် သစ်သားဖြင့် ဆောက်လုပ်သောတံတားသည် သစ်သားများ ဆွေးမြေ့ဟောင်းနွမ်းနေပြီဟု သွားလာဖူးသူများ၏ ပြောပြချက်အရသိရသည်။ ရှလ်ထောဇန်ကျေးရွာသည် ရာဇဂြိုလ်မှ ၃ မိုင်ခန့်ကွာဝေးပြီး ကလေးမြို့မှ မိုင် ၂၀ ကျော်ကွာဝေးသည်။

Read More

(04SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်နဲ့ ကလေးမြို့နယ်အတွင်းရှိ အခွန်မဆောင်သော လုပ်ငန်းရှင်တွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှု စတင်နေပြီလို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြည်သူလူထုအားဝန်ဆောင်မှုပေးနိုင်ဖို့ အမျိုးသားညီညွှတ်ရေး အစိုးရ ယန္တယားလည်ပတ်နိုင်ဖို့အတွက် ပြည်သူလူထုကိုဝန်မပိစေဘဲ စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေ အဓိကထားပြီး အခွန်စနစ် စတင်ဆောင်ရွက်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအတွက် မေလ ၂၆ ရက်နေ့ကစပြီး ၁၀ ရက်အတွင်း ပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဇွန်လ ၅ ရက်နေ့မှ စတင်ကာ အရေးယူမှုတွေ စတင်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကေ ပြာပါတယ်။ “အခုဆောင်တဲ့လူလဲ ဆောင်နေကြပြီပေါ့နော်။ အခွန်မဆောင်ထားတဲ့ ဆိုင်က ပစ္စည်းပါလာတယ်ဆိုရင် ကျွန်တော်တို့ ခဏထိန်းသိမ်းထားတယ် အခွန်ဆောင်မလားဆိုပြီးမေးတယ်။ သူတို့ဆောင်မယ်ပြောရင် အခွန်စည်းကမ်းအတိုင်းပဲ ပေးခိုင်းတယ်ပေါ့“ လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အခွန်ကနေရရှိလာတဲ့ ငွေကြေးတွေကို ကြားကာလ ပညာရေးကဏ္ဍေတွမှာ ပြန်လည်အသုံးပြုသွားမှာဖြစ်ပြီး အလေအလွင့်မရှိအောင် အာမခံထားပါတယ်လို့ သူကဆက်ပြောပါတယ်။ “ဒီတော်လှန်ရေးက အခု အစိုးရပုံစံဖြစ်သွားပြီပေါ့နော် ဒီဖက်မှာ အမျိုးသားညီညွှတ်ရေးအစိုးရပေါ့ တစ်ဖက်မှာ စစ်ကောင်စီအစိုးရပေါ့ ဆိုတော့ ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရဆိုတာ အခွန်ကနေလည်ပါတ်တာပေါ့နော်။ ဆိုတော့ အခုရရှိထားတဲ့ အခွန်တွေကလည်း ထိန်းချုပ်နယ်မြေတွေမှာလုပ်ပေးထားတဲ့ ပညာရေးနယ်ပယ်တွေမှာ အသုံးပြုသွားမှာဖြစ်တယ်ပေါ့နော် အဲအတွက် ပြည်သူတွေအခွန်ဆောင်ထားတာနဲ့ပါတ်သက်ပြီး တစုံတရာ အလေအလွင့်မရှိအောင် ကျွန်တော်တို့ အပြည့်အဝ တာဝန်ယူပေးတယ်ပေါ့နော်။” လို့ သူကဆက်ပြောပါတယ်။ အခွန်ပေးဆောင်ရမယ့် လုပ်ငန်းအမျိုးအစားတွေကို သယံဇာတနဲ့ စည်ပင်ဆိုပြီး နှစ်မျိုးခွဲထားပြီး မြေပြင်နဲ့ အွန်လိုင်းကနေလည်း…

Read More

(04SS) ကလေးမြို့တောင်ပိုင်း အရှေ့စံသာကျေးရွာတွင် ယမန်နေ့ညက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ မိသားစုဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။ ဇွန်လ ၂၁ ရက် ည ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သောလက်နက်ကြီးကျည်သည် အရှေ့စံသာကျေးရွာရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲကာ အိမ်ထဲမှာ အိပျော်နေကြသော မိသားစုဝင်များ ထိမှန်ပြီး အငယ်ဆုံးသားဖြစ်သူ အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦး ပွဲချင်းသေဆုံးကာ ကျန်မိသားစုဝင်များမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “လက်နက်ကြီး ရမ်းသမ်းပစ်တော့ မိသားစုဝင်တွေ အိပ်ပျော်နေတဲ့ချိန် လက်နက်ကြီးကျတော့ အမေဖြစ်သူဆိုညာ ခြေထောက်ကို ဒူးဆစ်ကနေ ဖြတ်ရတယ်၊ သားတယောက်ဆိုရင် ဦးခေါင်းမှာ ဒါဏ်ရာရထားတယ် စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်၊ ပြီးရင် ၁၂ နှစ်အရွယ်ကလေးကလဲ ထိခိုက်ထားတယ် ဘယ်နေရာထိခိုက်လဲတော့မသိဘူး မစိုးရိမ်ရဘူးလို့ပြောတယ်။ ပြီးတော့ အငယ်ဆုံးသားလေးကျတော့ ခေါင်းတောင်ပါမလာတော့ဘူး တခါတည်း သေသွားတယ်” ဟု ၎င်းကပြောသည်။ ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးမြို့ေတာင်ပိုင်း သာစည်ရွာသား အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် သေဆုံးခဲ့ပြီးဖြစ်သည်။ ကလေးမြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ညတိုင်းလိုလို လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး အရပ်သားပြည်သူထိခိုက်မှုလည်း ပိုများလာခဲ့သည်ဟု ဒေသခံများကပြော သည်။ ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးမြို့နယ်တွင်…

Read More

(02HH) မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက်ပိုင်းတွင် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နှင့် ဆမီးမြို့တို့တွင် ဆန်အပါအဝင် အခြေခံစားသုံးကုန်များ သိသိသာသာ ဈေးနှုန်းမြင့်တက်နေဆဲဖြစ်သည်ဟု သိရသည်။ မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကိုဗဟိုပြုတိုက်ခတ်ခဲ့သော အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှ ဆန်ဂိုဒေါင်အပါအဝင် ဆန်စက်များလည်း ပျက်ဆီးဆုံးရှုံးမှုရှိခဲ့ပြီးနောက် အခြေခံစားသောက်ကုန်အတွက် ရခိုင်ပြည်နယ်ကို အဓိကအားထားနေရသော ပလက်ဝနှင့် ဆမီးမြို့တို့မှာလည်း ဆန်ဈေးနှုန်းများ မြင့်တက်နေသည်ဟု ပလက်ဝမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။ “အဓိက မိုခါရဲ့နောက်ဆက်တွဲပေါ့ အများအားဖြင့် ဆမီးနဲ့ ပလက်ဝမြို့က ရခိုင်က ဆီ၊ဆန်၊ဆားမှအစ မှီခိုရတဲ့ အနေအထားဆိုတော့ အရင်က ရိုးရိုးဆန်ကြမ်းကိုတောင် လေးသောင်းတန်ကို အခု ရှစ်သောင်းလောက်ဝယ်ရတယ်၊ ပေါ်ဆန်းအကြမ်းတောင် ၁သိန်းခွဲလောက်ဝယ်ရတယ်။ တမြို့နယ်လုံးခြုံပြောရမယ်ဆိုရင် ဆန်ဈေးက အသကုန်တက်တဲ့ အတွက်ကြောင့် ပြည်သူတွေအားလုံးလိုလိုက အခက်အခဲ ရောက်နေ ကြတယ်။” ဟု ပလက်ဝမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။ ပလက်ဝမြို့နှင့် ဆမီးမြို့ပေါ်တွင်နေထိုင်ကြသည့် ပြည်သူများသည် တောင်ယာစပါးများကို ကြိုတင်ဝယ်ယူစုဆောင်းခဲ့ကြရပြီး မိုခါမုန်တိုင်းမဖြစ်ပွားချိန်တွင် ပေါ်ဆန်းဂျိုး ဆန်တအိတ်လျှင် (၆၀၀၀၀) ကျပ်ဖြင့် ရှိခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် ၁ သိန်းကျော်ဖြင့် ဝယ်ယူစားသုံးနေကြရသည်ဟု သိရသည်။ ပလက်ဝမြို့ခံတစ်ဦးက “မိုခါမုန်တိုင်းမဖြစ်ခင်မှာ ၇ သောင်း ၈ သောင်းရှိတဲ့ဟာကို အခု ကျွန်တို့ တကယ်ဝယ်စားနေတာက ၁ သိန်းနဲ့ ၄ ထောင်လောက်နဲ့ ဝယ်စားနေတယ်” ဟု ပြောသည်။ ယခုလက်ရှိတွင်လည်း အလုပ်ရှားပါးခြင်း၊ ဝင်ငွေနည်းပါးခြင်းတု့ိဖြစ်သည့်အပြင် မိုခါမုန်းတိုင်းဖြစ်ပွားပြီးနောက်ပိုင်း ဆန်ဈေးများ တက်လာသောအချိန်တွင် အခြေခံလက်လုပ်လက်စား ပြည်သူများအတွက် နေ့စဉ်စားဝတ်နေေရးမှာ ပိုမိုခက်ခဲမူများ…

Read More

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းက အသက် ၁၆ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ်တွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်း/ပြည်ပ ထွက်ခွာခွင့်မပြုတော့ဘူးလို့ CDF-Mindat က ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ မင်းတပ်မြို့ဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ တူမီးသေနတ်ကိုစွဲကိုင်ပြီး လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံး စတင်ခဲ့ဒေသဖြစ်ပါတယ်။ CDF-Mindat အနေနဲ့ ဘာကြောင့် လူငယ်တွေကို ပြည်တွင်း/ပြည်ပ ထွက်ခွါခွင့်မပြုတော့တာပါလဲ။ လက်ရှိ စစ်ရေးအခြေအနေနဲ့ CDF-Mindat ရဲ့အခြေအနေကကော် ဘယ်လိုအနေအထားရှိနေပါသလဲ။ ဒီကိစ္စနဲ့ပတ် သက်ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ပထမဦးဆုံးအနေနဲ့ ယခုလက်ရှိ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ဘက်က စစ်ရေးအခြေအနေ အရင်ရှင်းပြလို့ရမလား။ ဖြေ။ ။ တောင်ပိုင်းဘက်ပြောရမယ်ဆိုရင် မတူပီဖက်မှာတော့ ဟိုတလောက စစ်ကြောင်းတွေရှိတာ ပြန်ဆုတ်သွားပြီ၊ မင်းတပ်နယ်ဘက်မှာတော့တိုက်ပွဲကမရှိဘူး၊ မင်းတပ်မြို့ပေါ်မှာတော့ မေလနဲ့ ဇွန်လကြားထဲ ၁၀ ကြိမ်ကျော်ကျော်တော့ မြို့ပြ ပြောက်ကျားပုံစံပစ်ခတ်နေတာရှိတယ်။ လောလောဆယ်တိုက်ပွဲ ဆိုလို့ ပေါက် ဘက်ကနေ ကျောက်ထု ဘက် ကို လာနေတဲ့ စစ်ကား ၁၀ စီးပေါ့နော် အဲ့တာတခု တော့ရှိတယ်။ မနေ့ တနေ့က စထွက်လာတာ (၃) ရက်ရှိပြီ အခုထိ ကျောက်ထုမရောက်သေးဘူး၊ စစ်ရေးတင်းမာနေတဲ့သဘောရှိတယ် ၊ တိုက်ပွဲဖြစ်လာနိုင်တဲ့သဘောရှိတယ်၊ မင်းတပ်မြို့ပေါ်မှာတော့ ၁၇ ရက်နေ့တကြိမ်၊ ၁၉ ရက်နေ့တကြိမ်တော့ ဖြစ်နေတယ်၊ ကာကွယ်ရေးရဲဘော်တဦးကတော့ အသေးစား ဒဏ်ရာရတယ်၊ စကစ…

Read More

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် တစ်ပတ်နီပါးခန့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် လောင်တလိုင်ခရိုင်အတွင်းရှိ မြန်မာစစ်ရှောင်များ၏ ကျောင်းဆောင်နှင့် နေအိမ် ၇ လုံး ပျက်စီးခဲ့သည်ဟု သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ဇွန်လ ၁၈ ရက်နေ့က လောင်တလိုင်မြို့မှာ မြန်မာစစ်ဘေးရှောင်များအတွက် ဖွင့်လှစ်ထားသော Vengpui Refugee Camp က စာသင်ကျောင်းအဆောက်အအုံနှင့် Canan Refugee Camp မှ စစ်ဘေးရှောင်နေအိမ် ၇ လုံး အမိုးလန်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ “မိုးမှောင်မဲလာပြီးတော့ အနောက်ဖက်ကနေ လေတိုက်လာတာ။ မိုးအရင်ကျလာတယ်၊ ပြီးတော့ ရုတ်တရက်ကြီး ၄ နာရီလောက်မှာတော့ တအားကြီးပြင်းသွားတာ၊ မုန်တိုင်းထက်တောင်ပြင်းသလိုပဲ၊ အခုက မိုးကာနဲ့ပဲဆော က်ထားတာ ဆိုတော့လေး အကုန်ပေါက်ကုန်တာ။ ဝါးနဲ့ဆောက်တာ။ မိုးကာနဲ့မိုးတယ် လေဒါဏ်လာ တဲ့အခါမှာ အကုန် ပြဲကုန်တာပေါ့။” ဟု လောင်တလိုင်မြို့ စစ်ရှောင်တစ်ဦးက ပြောသည်။ စစ်ဘေးရှောင်စခန်းနှင့် ကျောင်းဆောင်အဆောက်အအုံသည် ဝါးနှင့် မိုးကာတို့ဖြင့်သာ ယာယီဆောက်လုပ်ထားခြင် းဖြစ်ပြီး အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းမရှိနိုင်ပါက မိုးတွင်းကာလတွင် ပိုမိုအခက်အခဲရှိလာနိုင်သည်ဟုဆိုသည်။ လောင်တလိုင်ခရိုင်တွင် မြန်မာစစ်ရှောင်စခန်း ၂၃ ခုရှိပြီး လူဦးရေ ၇၀၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

Read More

(05MK) အိန္ဒိယနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ်ဆိုင်ရာဂုဏ်သိက္ခာအားထိပါးစေသော လုပ်ဆောင်မှုများ ရှောင်ကြဉ်ရန်ဆိုသည့်အချက်အပါအဝင် အိန္ဒိယရောက် မြန်မာနိုင်ငံသားများလိုက်နာရန် အချက် ၅ ချက်ပါ အသိပေးမေတ္တာရပ်ခံချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇွန်လ ၁၅ ရက်နေစွဲဖြင့် ထုတ်ပြန်သော ယင်းအသိပေး မေတ္တာရပ်ခံချက်တွင် အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ယာယီခိုလှုံနေကြသည့် မြန်မာနိုင်ငံသားများနှင့် ယင်းမြန်မာနိုင်ငံသားများဖွဲ့စည်းထားသည့် လူမှုအဖွဲ့အစည်းများအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာ (sovereignty) နှင့် နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာ (territorial integrity) ကို ထိပါးစေသည့်ပြုမူလုပ်ဆောင်မှုများကို ရှောင်ကြဉ်ကြရန်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ ရောက်ရှိခိုလှုံနေထိုင်နေသည့်ပြည်နယ်၏ နိုင်ငံရေးနှင့်အုပ်ချုပ်မှုဆိုင်ရာအရေးအရာများ (political and administrative matters) (ဥပမာ – နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုနှင့် လူမျိုး ရေးအခြေပြုအချေအတင်ဖြစ်မှုများ) တွင် မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုများ မရှိစေရေး သတိပြုနေထိုင်ကြရန်လည်း NUG အစိုးရက မေတ္တာရပ်ခံထားသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရေးပဋိပက္ခနှင့် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်မှုရန်မှ လွတ်မြောက်ရန် မြန်မာနိုင်ငံသားအမြောက်အများသည် အိမ်နီးချင်းအိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလုံခဲ့ကြရသည်။ အိန္ဒိယနိုင်ငံတွင် မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံသားများ အထူးသဖြင့် ချင်းလူမျိုးများ ထွက်ပြေးခိုလုံမှုအများဆုံး ပြည်နယ်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းအရ မီဇိုရမ်ပြည်နယ်တစ်ခုတည်းတွင် လူဦးရေ ၃၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခိုလုံနေကြရသည်ဟုဆိုသည်။ ထို့အပြင် မဏိပူရ်ပြည်နယ်နှင့် နယူးဒေလီမြို့တို့တွင်လည်း မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများ ထောင်နှင့်ချီရှိနေကြသည်။ ယခုကဲ့သို့ စစ်ဘေးရှောင်နေကြသည့်အချိန်တွင် မြန်မာနိုင်ငံသားများအနေဖြင့် မူးယစ်ဆေးဝါးနှင့်…

Read More

(03PT) အမေရိကန်ပြည်ထောင်စု မေရီလဲန်းပြည်နယ်အခြေစိုက် Chin Association of Maryland က လာမည့်ဇွန်လ ၂၇ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ရှိ ချင်းစစ်ဘေးရှောင်များအရေးနှင့်ပတ်သက်သော အစီရင်ခံစာထုတ်ပြန်ခြင်းနှင့်အတူ ဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်မည်ဟု သိရသည်။ ဇွန်လ ၂၇ ရက် နေ့လည် ၂ နာရီမှ ၃ နာရီခွဲအထိ ဝါရှင်တန်ဒီစီ Open Society Foundations မှာ ယင်းအစီစဉ်ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Chin Association of Maryland ၏ “အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ချင်းဒုက္ခသည်များ- ဒုက္ခသည်များကို ကူညီပေးခြင်းနှင့် ၎င်းတို့အား ကြိုဆိုနေသည့် ဒေသခံအသိုင်းအဝိုင်းများကို ပံ့ပိုးပေးခြင်း” ဆိုသည့် အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဟု ဇွန်လ ၁၄ ရက်နေ့က Chin Association of Maryland က ထုတ်ပြန်သည်။ Chin Association of Maryland မှ Reverend Tim Siemens, CAM Board Chairman, Matthew Wilch, Advisor နှင့် Zo Tum Hmung, Executive Director တို့သည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ နယူးဒေလီနှင့် မီဇိုရမ်ပြည်နယ်သို့ သွားရောက်ကာ ချင်းနှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ၏ အခြေအနေကို အကဲဖြတ်လေ့လာခဲ့ ကြပြီး ယခုထုတ်ပြန်မည့်အစီရင်ခံစာသည် ခရီးစဉ်မှ အဓိက တွေ့ရှိချက်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ…

Read More