Author: Editor

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ဆက်သွယ်သော ရေလမ်းကြောင်းပြန်လည်ဖွင့် ပေးရန် ဘာသာရေး အသင်းအဖွဲ့နှင့် ရပ်မိရပ်ဖများက တာဝန်ရှိသူများထံစာရေးသားတောင်းဆို ခဲ့ကြသည်ဟု သိရသည်။ ပလက်ဝမြို့အတွက် အခြေခံစားသောက်ကုန်များ အဓိကသယ်ယူသည့်လမ်းကြောင်းဖြစ်သော ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းကို စစ်ကောင်စီတပ်ဖွဲ့က ပိတ်ထားသည်မှာ ၂ လနီးပါးခန့်ကြာမြင့်ခဲ့ပြီဖြစ်ကာ ယခုလက်ရှိတွင် ဆန်၊ ဆီ၊ ဆား နှင့် လောင်စာ ဆီများပြတ်လပ်သည့် အခြေအနေဆိုက် ရောက်နေပြီဟု ပလက်ဝမြို့က ဘာသာရေးဆရာတော် တစ်ပါးက ပြောသည်။ ထို့ကြောင့် ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်းကို ပြန်လည်ဖွင့်ပေးကာ ကုန်ပစ္စည်များသယ်ယူခွင့်ပြု ရန် စစ်ကောင်စီ ဘက် နှင့် ရက္ခိုင့်တပ်တော် နှစ်ဖက်စလုံးက တာဝန်ရှိသူများထံ စာရေးသားတောင်းဆိုထားသည် ဟု ဘာသာရေးဆရာ တော်တစ်ပါးကပြောဆိုသည်။ “စာတော့တင်ထားတယ် နှစ်ဖွဲ့စလုံးကို၊ ဒီနေ့နဲ့ဆိုရင် ၃ ရက်ပဲရှိသေးတယ်ဆိုတော့ လောလောဆယ်အ ထိ တော့ အကြောင်း တော့မထူးသေးဘူး၊ ဘာမှမကြားရသေးဘူး။” ဟု ပလက်ဝမြို့က ဆရာတော်တစ်ပါးက ပြောသည်။ ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းပြန်လည်ဖွင့်ပေးရန်အတွက် ပလက်ဝမြို့က ခရစ်ယာန်ဆရာ တော်များ၊ ဗုဒ္ဓဘာသာဘုန်းကြီးများ၊ ရပ်မိရပ်ဖတို့မှ ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ထံ ပြည်သူများကိုယ်စား စာရေးတင်ပြကြခြင်းဖြစ်သည်ဟု သိရသည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာပြီးနောက် ပလက်ဝ-ကျောက်တော် ကုလားတန်မြစ်ရေလမ်းကြောင်းကို စစ်ကောင်စီတပ်ဘက်က ပိတ်ပင်လိုက်ပြီး ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ပလက်ဝ မြို့ပေါ်တွင် ကုန်ဈေးနှုန်းများပြတ်လပ်ကာ ကျန်ရှိသည့် ကုန်ပစ္စည်းများမှာလည်း အဆမတန်ဈေးမြင့်တက်လာခဲ့သည်။ ထို့အပြင် နယ်ဝေးခရီးသွားမည့် ပြည်သူများမှာ မှောင်ခိုလမ်းကြောင်းဖြင့်…

Read More

FactCheck ဒီအကြောင်းအရာကို စစ်ကောင်စီလက်အောက်ခံ Myanmar Local News Digital ကနေ “လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေနဲ့ နယ်မြေတည်ငြိမ်ရေးနဲ့ ငြိမ်ချမ်းရေးတို့အတွက် လိုအပ်တဲ့ သောင်းကျန်းသူ ချေမှုန်းရေး၊ စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗန်းရှင်း (၄)ရပ်ကို အခြေခံတဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေ(Law of Armed Conflict)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိတဲ့ ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာစည်းမျဉ်း(Rules of Engagement-ROE)အတိုင်း ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိတယ်”လို့ရေးသားဖော်ပြ ထားတာပဲဖြစ်ပါတယ်။ ဒါဟာ ကချင်းပြည်နယ် ဖားကန့်မြို့နယ် KIO ၏ တပ်မဟာ ၉ ထိန်းချုပ်နယ်မြေအတွင်းရှိ အနန့်ပါ (A Nang Pa) ကျေးရွာမှာ အောက်တိုဘာ ၂၃ ရက်နေ့ညက တေးဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လူအုပ်ကြားထဲသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူအမြောက်အများသေဆုံးခဲ့မှု အပြီးမှာ စစ်ကောင်စီထောက်ခံတဲ့ မီဒီယာအမည်ခံများက အထက်ပါကဲ့သို့ ဝါဒဖြန့်ရေးသားလာတာဖြစ်ပါတယ်။ အဲဒီဗုံးကြဲတိုက်မှုကြောင့် သေဆုံးတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း Myanmar Local News Digital က ခုလိုဆက်လက်ဖော်ပြခဲ့ပါတယ်။“Khit Thit Media အပါအဝင် သတင်းလိမ်၊ သတင်းတု၊ သတင်းမှား ဖော်ပြနေကြတဲ့ သတင်းဌာနများမှာ ဖော်ပြခဲ့တဲ့ ပြည်သူ ၅၀ ကျော်နဲ့ အနုပညာရှင်များသေဆုံးခဲ့ရဆိုတဲ့ ထုတ်ပြန်ချက်ဟာ ကောလဟလသာဖြစ်ပြီး အတည်ပြုနိုင်တဲ့ မြေပြင်သတင်းများနဲ့ လိုင်ဇာ၊ KIO ဗဟိုဌာနချုပ်ရဲ့ အတွင်းသတင်းများအရ တပ်မဟာမှူး အဆင့်ရှိ ဒူကဘာ လအောင်၊ သယံဇာတတိုင်းတာရေး တာဝန်ခံဆိုသူ ဖေရန်တို့ အပါအဝင် KIA…

Read More

ချင်းပြည်နယ် ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် သချိုင်းကုန်းအနီးရှိ နေအိမ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့နေ့လယ် ၁၂ နာရီကျော်ကျော်ခန့်က မီးရှို့ခဲ့သည်ဟု သိရသည်။ ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များ မြို့ထဲသို့ဆင်းလာသည့်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး သေနတ်ပစ်ခတ်မှုများထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းတို့တပ်စွဲရာတောင်ကုန်းအနီး အမှတ် ၂ ရပ်ကွက်အပေါ်ပိုင်း သချိုင်းကုန်းအနီးတွင်ရှိသော လူနေအိမ်ကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် နေအိမ်မည်မျှလောင်ကျွမ်းခဲ့သည်ကိုမူ မသိရကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ဒေသခံတချို့မှာ တဖက်မီဇိုရမ်ဘက်သို့ ပြေးသွားသူလည်းရှိသည်ဟု ဒေသခံကဆိုသည်။ ယနေ့မနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသည်ဟုယူဆရသော တပ်သား ၂ ဦး၏ ရုပ်အလောင်းကိုလည်း စစ်ကောင်စီတပ်သားများက သယ်ဆောင်သွားကြသည်ဟုသိရသည်။

Read More

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့အမှတ် ၂ ရပ်ကွက် တောင်ကုန်းတွင် စခန်းချတပ်စွဲ ထားသော စစ်ကောင်စီတပ်သားများ ယနေ့မနက်ပိုင်းက မြို့ထဲသို့ဆင်းလာသည့်အချိန်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (MEDF) မှ မိုင်းဖြင့်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုရှိနိုင်သည်ဟုသိရသည်။ ယနေ့မနက်ပိုင်း ၈ နာရီကျော်ကျော်ခန့်က မြို့ထဲဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်က အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ခါတိုင်းဆို စစ်ကောင်စီတပ်တွေ ၁၀ ယောက်လောက် မနက်တိုင်း မြို့ထဲဆင်းလေ့ရှိတယ်၊ သူတို့က ဘာမှတော့မလုပ်ဘူး ဈေးဝယ်တယ်ပြီးတော့ မေးမြန်တာတွေလဲရှိတယ်၊ ဒီမနက်ဆိုရင် ကျွန်တော်တို့ လည်းသူတို့မဆင်းလာခင်ဆိုပြီး စောစော ဈေးဝယ်တာ မိုင်းဆွဲသံကြားရတယ် ပြီးတော့ လက်နက်ကြီးသံ နဲ့ သေနတ်သံကြားရတယ်” ဟု အမည်မဖော်လိုသူ ရိခေါဒါရ်မြို့ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအချက်အချာကျသော ရိခေါဒါရ်မြို့ တောင်ကုန်း ၂ နေရာတွင် စစ်ကောင်စီတပ်ဖွဲ့သည် တပ်စွဲထားသည်။

Read More

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတစ်နှစ်ခွဲကျော်ကာလအတွင်း အဘက်ဘက်ကကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်တာကြောင့် ကလေးမြို့က ဆောက်လုပ်ရေးကုမ္ပဏီ လုပ်ငန်းများ တစ်ချို့ ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။ အခုလို ကုန်ဈေးနှုင်းမြင့်တက်နေပေမဲ့ တွက်ချက်ပြီး စာရင်းအတိုင်း မပြောင်းလဲတာကြောင့် ဆုံးရှုံးနစ်နာမှုတွေများလာပြီး လက်ရှိ လုပ်ငန်းရဲ့ ထက်ဝက်ကျော် ရပ်ဆိုင်းခဲ့ရတယ်လို့ ကလေးဒေသခံ ပုဂ္ဂလိကဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခုရဲ့ အင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။ “ကျွန်တော်တို့ အရင်ကဈေးနှုန်းနဲ့ ဆောက်ထားတဲ့အိမ်တွေက အခုဈေးနဲ့ မရတော့တာပေါ့နော်။ကုန်ဈေးနှုန်း တက်နေပေမဲ့ အိမ်ရှင်တွေကို ငွေကြေးထပ်တောင်းတာမရှိဘူး စာချုပ်အတိုင်းပဲသွားတယ်၊ ဘိလပ်မြေ၊ သံပင်က အစဈေးထိုးတက်နေတာဆိုတော့ အဓိကအဲဒီပစ္စည်းတေအပေါ် ဆုံးရှုံးမှုများတာပေါ့။ ဆိုတော့ အိမ်ရှင်တွေ နား လည်အောင် ရှင်းပြပြီးတော့ လုပ်ငန်းတွေ ရပ်ဆိုင်ခဲ့ရတာပေါ့နော်။” အိမ်ဆောက်လုပ်ရာမှာ အဓိကကျတဲ့ ဘိလပ်မြေတစ်အိပ်ဟာ ကိုဗစ်မတိုင်ခင်က ၄၀ဝ၀ နဲ့ ၅၀ဝ၀ ကြားရှိခဲ့ပြီး ကိုဗစ်နောက်ပိုင်းမှာ ၈၀ဝ၀ ဝန်းကျင်နဲ့ ငြိမ်နေခဲ့ပေမဲ့ အခုလက်ရှိမှာတော့ ကျပ် ၁၃၀ဝ၀ ထိ ဈေးနှုန်းတွေ တက်နေခဲ့တာပါ။ အလားတူ သံပင်တွေကလည်း အစားစားရှိပြီးတော့ ၃ မူး ၆ မူးတေဟာ အရင်က တစ်တန်ကို ၇သိန်းကနေ အခု ၁၈ သိန်းနဲ့ သိန်း ၂၀ ကြားမှာ ရှိနေတယ်လို့ သိရပါတယ်။ ယခင်ကနဲ့ လက်ရှိ ကုန်ဈေးနှုန်းကွာခြားတာကြောင့် တွက်ချက်မကိုက်တော့ဘဲ ကုမ္ပဏီလုပ်ငန်း လည်ပတ်မှု ရပ်တန့်သွားရမယ်ဆိုရင် ကိုယ့်ဘက် သူ့ဘက် အကုန်လုံး ဒုက္ခရောက်နိုင်တာကြောင့် လုပ်ငန်းများကို ကြိုးစား ပြီးလုပ်ဆောင်နေရတယ်လို့လည်း သူကေပြာပါတယ်။ “အခုလက်ရှိပြောရရင် လုပ်ငန်းက ၂၀%…

Read More

FactCheck ဒီသတင်းအမှားကို Sakura Flower ဆိုတဲ့ အကောင့်ကနေပြီး “အဖြေကတော့ ရှင်းရှင်းလေးပါပဲ…. အာရှလမ်းများ အဖျက်အမှောက်လုပ်လို့ ကော့ကရိတ်မြို့ကို အကြမ်းဖက်လို့ ထိုင်းက သူ့အကျိုးစီးပွားထိခိုက်လာတော့ ဖမ်းဝရမ်းကပ်တာပါ… ထိုင်းဘက်ခြမ်းမှာ ကြော်ငြာဘုတ်တွေထောင်ပြီးတော့ကို ကပ်ထားတာ… ပြေးပေါက်ပိတ်သွားတာပေါ့..ဒီလောက်ပါပဲ” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ထိုင်းမြန်မာအခြေစိုက်ကရင်သတင်းဌာနက အယ်ဒီတာတစ်ဉီးက “ထိုင်းဘက်အခြမ်းကို ကျနော်တို့ မေ့ကြည့်တာတော့ ဒီလိုကပ်ထားတာတွေအတွေ့မိပါဘူး။ ဖြစ်နိုင်ခြေမရှိဘူးလို့မှတ်ချက်ပြုပါတယ်။ သူတို့လုပ်ဆောင်ချက်တွေက ထိုင်အစိုးရနဲ့ဆက်နွယ်တာတွေမရှိတာမဟုတ်ဘူးဆိုတော့ ဖြစ်နိုင်ချေအတော်နည်းပါးပါတယ်။” ထိုင်းအစိုးရက ဖမ်းဝရန်းထုတ်ထားတယ်ဆိုတဲ့ သတင်းအမှားမှာဖော်ပြထားသူ စောကျော်သက်နဲ့ စောရန်နိုင်ဆိုသူမှာ KKO..(DKBA ခွဲထွက်) စောကျော်သက်ဖြစ်ပြီး၊ စောရန်နိုင်ကတော့ KNLA၊တပ်ရင်း(၂၇)၊တပ်မဟာ(၆) ၊ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောရန်နိုင်ဖြစ်ပါတယ်။အောက်တိုဘာ ၂၁ နေ့မှာ နယ်ဒါးမြ၊ ဘော်ကျော်ဟဲ၊ စောကျော်သက်၊စောစလုံး၊စောရန်နိုင်ပါဝင်တဲ့ KNLA /KTLA ပူးပေါင်းတပ်များနဲ့ စစ်ကောင်းစီများအကြား ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကော့ကရိတ်အနောက်မြောက်ဘက်ရှိ မြောက်ကြာအင်း၊ လောင်းကိုင်၊ ဖားကျ ကျေးရွာများရှိ BGFနဲ့ စစ်ကောင်စီတပ် အခြေချတဲ့နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း ကော့ကရိတ်ရှိ ခလရ ၉၇ မှ လက်နက်ကြီးဖြင့် ပစ်ကူပေးမှုကြောင့် မြောက်ကြာအင်း ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည် ၄ လုံးထိမှန်ခဲ့ပြီး ဘုန်းကြီးတစ်ပါးသေဆုံးကာ၊ အရပ်သား ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့ ကော့ကရိတ်တိုက်ပွဲ ဖြစ်စဉ်အတွင်း စစ်ကောင်စီလေကြောင်းမှ ကော့ကရိတ် စစ်ကောင်စီ ရုံးများဘက်ကို ဝင်ရောက်တိုက်ခိုက်သည့် KNLA /KTLA ပူးပေါင်းတပ်များ လှုပ်ရှား တိုက်ခိုက်ရာ နေရာများဘက်နဲ့ ကရင်ဒေသခံများ…

Read More

FactCheck ဒီသတင်းအမှားကို Article-11 News ဆိုတဲ့ အကောင့်ကနေပြီး “၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် မနေ့က ည ၁၁ နာရီခွဲခန့်က တီးတိန်မြို့ရှိ မြို့မရဲစခန်းအား PDF များမှ လာရောက် ပစ်ခတ်ရာ လုံခြုံရေးအဖွဲ့များမှ ပြန်လည်တိုက်ခိုက်သဖြင့် PDF များဆုတ်ခွာထွက်ပြေးသွားပြီး မြို့နယ်လဝကရုံးနှင့် သမဝါယမရုံးတို့အား မီးရှို့ဖျက်ဆီးသွားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများမှ သွားရောက်ရှင်းလင်း မီးငြိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီခန့်တွင် မီးညွှန့်ကျိုးသွားခဲ့ကြောင်း သိရှိရပါသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အဲ့ဒီမီးလောင်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများနဲ့ ပတ်သက်ပြီး တီးတိန်ဒေသ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ PDF- Zoland အနေနဲ့ “သူတို့လက်ချက်မဟုတ်သလို ပြည်သူများကို စိုးရိမ်ထိန်လန့်အောင်လုပ်နေတဲ့ အဖွဲ့ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့” သတင်းထုတ်ပြန်ထားပါတယ်။ တီးတိန်မြို့နယ် မိန်းပေါက်ဘက်ကို တာဝန်ယူထားတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် CDF CDM-SIYIN အနေနဲ့လည်း အဲ့ကြောင်းအရာများနဲ့ ပတ်သက်ပြီး “သူတို့အနေနဲ့ ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာ မသိရသလို ဒေသခံတပ်များထံ အသိမပေးပဲ တစ်စုံတရာ လှုပ်ရှားမှုများ ဖြစ်သွားတဲ့အပေါ် အမည်မသိ လက်နက်ကိုင်တချို့ကိုလည်း ရှုတ်ချပါကြောင်း” သတင်းထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉နာရီ ၁၅မိနစ်ခန့်မှပြီး တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ သမဝါယမရုံး၊ မီးလောင်ခြင်း၊ ပြည်သူ့အင်အားဝန်ကြီးဌာနရုံး ၊ ဝန်ထမ်းအိမ်ယာများ မီးလောင်ခြင်းဖြစ်ပြီး မီးလောင်နေစဉ် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်နေစဉ် ရမ်းသန်းပစ်ခတ်မှုကြောင့် တီးတိန်-လိုင်လိုးရွာကြားရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ပြီး နေအိမ်ရှိအမျိုးသမီး…

Read More

ရေး – Salai Vakok ဦး Cho Chin က မင်းတပ်မြို့နယ်တရားစီးရင်ရေးအဖွဲ့၏ သုံးပါးထိုင် တရားသူကြီးများအနက် တစ်ဦးဖြစ်သကဲ့သို့ အဆိုပါဌာန၏ တာဝန်ခံတစ်ဦးလည်းဖြစ်သည်။ ခုခံတော်လှန်ရေးကာလအတွင်း စစ်ကောင်စီလက်အောက် လည်ပတ်နေသော တရားရုံးများကို၊ လူထုက မှုခင်းကိစ္စရပ်များ သွားရောက်မဖြေရှင်းဘဲ၊ စစ်ကောင်စီယန္တရား မလည်ပတ်နိုင်ရန် အခက်အခဲပေါင်းစုံဖြင့် တရားစီရင်ရေးဆောင်ရွက်နေသော၊ ချင်းပြည်နယ်၏ မြို့နယ်တရားရုံးများစွာတွင် Cho Chin တို့ တရားရုံးလည်း ပါဝင်သည်။ ဦး Cho Chin တို့တရားစီရင်ရေးအဖွဲ့က မင်းတပ်မြို့နယ်အတွင်း အမှုပေါင်း ၁၂၀ ကျော်ကို ၁၀ လတာအတွင်း ဖြေရှင်းထားပါပြီ။ လူထုအတွင်း ဖြစ်လာသော မှုခင်းကိစ္စရပ်များကို တရားဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ခြင်းမရှိပါက စိုးမိုးထိန်းချုပ်နယ်မြေများတွင် ပြစ်မှု၊ မှုခင်းများ ပိုမိုများပြားလာနိုင်ပြီး၊ အုပ်ချုပ်ရေးအာဏာလည်း သက်ရောက်နိုင်မည် မဟုတ်သောကြောင့်၊ မင်းတပ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့- တရားစီရင်ရေးဌာကို ဖွင့်လှစ်ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။ “ကျနော်တို့ကနေ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရဲ့ ရပ်ရွာအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့နေရာမှာ ထိထိရောက်ရောက်ဖြစ်ဖို့ရယ်၊ တိုင်းတန်ခံရတဲ့ တရားခံတွေရဲ့ အခွင့်အရေး ပေးဖို့ရယ် အဲဒီအချက်တွေကို ထည့်သွင်းစဉ်း စားပြီးတော့မှ တရားစီရင်ရေးယန္တရားကို အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ပါတယ်” ဟု တရားစီရင်ရေးတာဝန်ခံ ဦး Cho Chin က ပြောသည်။ မင်းတပ်မြို့နယ်တရားစီရင်ရေးအဖွဲ့တွင် တရားသူကြီး အနည်းဆုံး ၂ ဦးမှ ၅ ဦးအထိ ပါဝင်ပြီး ရုံးအဖွဲ့ဝင်တချို့နှင့် ဖွဲ့စည်းထားသည်။ လက်ရှိတွင် တရားသူကြီး ၃ ဦးဖြင့် လည်ပတ်နေသည်။ တစ်မြို့နယ်လုံး…

Read More

ချင်းပြည်နယ် ဟားခါးမြို့အထွက် ကျောဘုတ်စစ်ဆေးရေးဂိတ်ကို CDF-Hakha တပ်ရင်း (၂) Senthang တပ်ဖွဲ့က ယနေ့ နံနက်ပိုင်းကသွားရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့သည်ဟု Senthang Council က ထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုသည် အောက်တိုဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ဘွန်လုံးကျေးရွာက ကလေးငယ် ၂ ဦးအတွက် လက်စားခြေခြင်းဖြစ်သည်ဟု Senthang Council က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကျောဘုတ်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုတွင် ကျဆုံးသွားသော ၎င်းတို့တပ်သားများ၏ အလောင်းများကို စစ်ကားကြီးနှစ်စီးနှင့် အသေး ၃ စီးဖြင့် ကောက်ယူသယ်ဆောင်သွားကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲတွင် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြသည်ဟု သိရသည်။ အောက်တိုဘာလ ၁၉ ရက်နေ့က ဟားခါးမြို့နယ် ဘွန်လုံးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးလွှတ်ချခြင်းကြောင်း အသက် ၆ နှစ်အရွယ် KG ကျောင်းသားနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပေါ် ကလဲ့စားခြေတိုက်ခိုက်ခြင်းဖြစ်သည်ဟု Senthang Council က ထုတ်ပြန်သည်။

Read More

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် အောက်တိုဘာလ ၂၀ ရက် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Kanpetlet တပ်ဖွဲ့တို့ မြို့တွင်း နှစ်နေရာတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖက်မှ ၄ ဦးသေဆုံးခဲ့သည့်အပြင် အများအပြား ထိခိုက်ဒဏ်ရာရမည်ဖြစ်သည်ဟု CDF- Kanpetlet တပ်မမှုးက ပြောသည်။ “မြို့အတွင်းမှာ မနက် ၇ နာရီကတည်းကနေ ၁၂ နာရီအထိ တိုက်ပွဲက ပြင်းထန်နေတယ်။ ကျွန်တော်တို့ သေချာအတည်ပြုနိုင်တာက ၄ ယောက်ပဲရှိတယ်။ ဒါပေမယ့် တခြား ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိနိုင်တယ်လို့ ယူဆလို့ရတယ်၊ ကျွန်တော်တို့ဖက်ကတော့ ထိခိုက်မှုမရှိဘူး” ဟု CDF-Kanpetlet တပ်မမှုးက ပြောသည်။ ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် ပညာရေးရုံးနှင့် ထွေအုပ်ရုံးတို့တွင် CDF-Kanpetlet တပ်ဖွဲ့ဝင်များမှ ဝင်ရောက်ပစ်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းအပြင် အထိနာသော စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ကန်ပက်လက်မြို့အတွင်းသာမက အနီးအနား ကျေးရွာများအထိ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြပြီး လူနေအိမ်များ ထိခိုက်မှုများရှိနိုင်သည်ဟု သိရသည်။ စစ်ကောင်စီတပ်သည် မဆင်မခြင်လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိလာနိုင်သောကြောင့် ကန်ပက်လက်မြို့ နယ်အတွင်း ကျေးရွာများအနေဖြင့် ကြိုတင်ပုန်းခိုကျင်းတူးဖော်ပြင်ဆင်ရန် လိုအပ်ကြောင်း ၎င်းတပ်မမှုးက ဆက်ပြောသည်။ “အခုတလောမှာ သူတို့ဖက်က အထိအခိုက်ရှိတယ်ဆိုရင် လေကြောင်းသုံးတာများတယ်၊ တခြားဒေသတွေမှာပေါ့၊ ကျွန်တော်တို့စီမှာတော့ မရှိပေမယ့်လည်း မသုံးဘူးလို့ ပြောလို့မရဘူး၊ မနေ့ကလည်း သူတို့က လက်နက်ကြီးက တရစပ်ပစ်နေတာ မြို့အနီးအနားကျေးရွာတွေဖက် မလိုအပ်ပဲနဲ့ မဆင်မခြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်တာတွေရှိတဲ့အတွက်ကြောင့် ကြိုတင်တူးဖော်ဖို့ တိုက်တွန်းထားတာပါ။” ဟု CDF-Kanpetlet တပ်မမှုးက…

Read More