Author: Editor

၂၀၂၃ ခုနှစ်ဟာ ချင်းတစ်မျိုးသားလုံးအတွက် အင်မတန်မှအရေးပါတဲ့ကာလဖြစ်ပြီး ပိုမိုအားကောင်းတဲ့ ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် အဓိကကျမယ့်နှစ်ဖြစ်တယ်လို့ ချင်းကာကွယ်ရေးတပ်ပေါင်းစုကော်မတီ CJDC ဥက္ကဌက ပြောဆိုလိုက်ပါတယ်။ CJDC ဥက္ကဌ ဆလိုင်းတလာဟဲက ဇန်နဝါရီလ ၁ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ သူရဲ့နှစ်သစ်သဝဏ်လွှာမှာ ၂၀၂၃ ခုနှစ်ဟာ “ချင်းပြည်ထောင်တည်ဆောက်ရေး (Chin Nation- Building) နှစ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ချင်းအမျိုးသားတော်လှန်းကို ဆက်လက်တိုက်ပွဲဝင်သွားကြရမယ်လို့ဆိုပါတယ်။ အဲဒီလိုတိုက်ပွဲဝင်ကြတဲ့နေရာမှာ ပြည်သူတွေအနေနဲ့ မိမိတို့ဒေသနဲ့ မြို့နယ်အဆင့်များကို ကျော်လွန်ပြီး အမျိုးသားတစ်ရပ်အဆင့်အနေဖြင့် စုစည်းနိုင်ရေးကို အားထုတ်ကြိုးပမ်းကြဖို့ကိုလည်း CJDC ဥက္ကဌ က တိုက်တွန်းထားပါတယ်။ ယခုလိုအရေးကြီးတဲ့ကာလမှာ နေရာဒေသအသီးသီးမှာရှိနေကြတဲ့ ချင်းလူမှုအဖွဲ့အစည်းက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဘာသာပေါင်းစုံက သာသနာပြုဂ္ဂိုလ်တွေ၊ ဘာသာရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ယခုဆင်နွှဲနေတဲ့ အမျိုးသားတော်လှန်ရေးမှာ ချင်းပြည်သူတစ်ရပ်လုံး နိုးကြားမှုရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ချင်းအမျိုးသားတော်လှန်ရေးမှာပါဝင်ကြတဲ့ တော်လှန်ရေးရဲဘော်များအားလုံးနဲ့အတူ CJDC အဖွဲ့ဝင်အသီးသီးထံ ငွေကြေားအားဖြင့်ဖြစ်စေ၊ မိမိတို့တတ်စွမ်းနိုင်တဲ့ အခန်းကဏ္ဍအသီးသီးကနေ ကူညီထောက်ပို့ခြင်းအားဖြင့်ဖြစ်စေ ကျရာတာဝန်ကို ကျေပြွန်စွာ ပါဝင်ထမ်းဆောင်ကြသူများအားလုံးအပေါ် ဦးညွတ်ဂါရဝပြုကြောင်း၊ နောင်အနာဂတ်မှာလည်း ဆထက်ထမ်းပိုး ဆက်လက်ပါဝင်ထမ်းဆောင်ကြဖို့ နှိုးဆော်ထားပါတယ်။ Chinland Joint Defense Committee (CJDC) ဟာ ချင်းအမျိုးသားတပ်ဦး CNF အပါအဝင် နွေဦးတော်လှန်ရေးကနေ ပေါက်ပွားလာကြတဲ့ ချင်းပြည်နယ်က မြို့နယ်နဲ့ ဒေသအလိုက် ဖွဲ့စည်းထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုကြီးဖြစ်ပါတယ်။ Zawgyi ၂၀၂၃ ခုနှစ်ဟာ ချင်းပြည်ထောင်တည်ဆောက်ရေးအတွက်အဓိကကျမယ့်နှစ်ဟု CJDC ဥက္ကဌပြော…

Read More

ချင်းပြည်နယ်၊ မင်းတပ်မြို့အနောက်ဘက် (၅) မိုင်အကွာ တက္ကသိုလ်ကျောင်းဝန်းအနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူအမျိုးသား (၃) ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေက တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့က မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းလှည့်နေစဉ်မှာ အဲဒီပြည်သူ ၃ ဦးကို ဖမ်းဆီးပြီးနောက် သူတို့ထဲက နှစ်ဦးရဲ့ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြပြီး ကျန်တစ်ဦးကိုတော့ ခုထိမတွေ့ရသေးဘူးလို့ မင်းတပ်မြို့ခံတစ်ဦးက ပြောပါတယ်။ “သူတို့မြို့အနီးအနားကင်းလှည့်ရင်းနဲ့တွေ့လို့ဖမ်းတာ။ ၉ မိုင်လောက်မှာဖမ်းပြီး ၄မိုင်လောက်မှာ အလောင်း ပြန်တွေ့တယ်။ တယောက်ကတော့ အသေအချာမသိရသေးဘူး၊ နှစ်ယောက်ကျတော့ သေချာတယ်။ နှစ်ယောက်ရဲ့အလောင်း ကိုပြန်တွေ့တာ ဆွေမျိုးအသိုင်းအဝန်းက” စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီးသတ်ဖြတ်ခံရတဲ့ အဲဒီ ၃ ဦးဟာ လုံးခါး၊ ထန်းရိုးနဲ့ နန်းဂီးကျေးရွာက ပြည်သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။ မင်းတပ်မြို့ပေါ်မှာ နယ်မြေခံတပ်ရင်း ၂၇၄ မှာ စစ်ကောင်စီက အင်အားဖြည့်တင်းထားပြီး နေ့တိုင်း လမ်းမပေါ် ကင်းလှည့်စစ်ဆေးမေးမြန်းတာမျိုး ရှိနေတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် Telegram Channel တွေမှာတော့ မင်းတပ်မြို့နယ် ပန်းအော့ကျေးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့ပစ်ခတ်မှုရှိပြီးတဲ့နောက် ကာကွယ်ရေးတပ်ဘက်က ကျဆုံးမှုရှိကြောင်းနဲ့ လက်လုပ်တူမီးသေနတ် သိမ်းဆည်းရမိတယ်လို့ ဝါဒဖြန့် စွပ်စွဲထားပါတယ်။ ယခုသတ်ဖြတ်ခံထားရတဲ့ မင်းတပ်ဒေသခံပြည်သူ ၃ ဦးနဲ့ပတ်သက်ပြီး CDF မင်းတပ်ဘက်က တစုံတရာထုတ်ပြန်ထား တာမျိုး မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မကွေးတိုင်း ပခုက္ကူမြို့မှာ ဆေးကုဖို့သွားတဲ့…

Read More

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အလှည့်ကျ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်နှင့် တွေ့ဆုံမေးမြန်းခြင်း – အပိုင်း (၁) ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းယူပြီးနောက် နွေးဦးတော်လှန်ရေးစတင်လာခဲ့ကြသည်မှာ ယခုဆိုရင် နှစ်နှစ်နီးပါးရှိလာပြီဖြစ်ပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးဘယ်လောက်ထိခရီးပေါက်ပြီလဲ။ လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေကဘယ်လိုရှိနေပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်၍ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အလှည့်ကျ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်ကို ခိုနူမ်းသုန်သတင်းဌာနဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ ပထမဦးဆုံးအနေနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကို ဘယ်လိုစတင်ဖွဲ့စည်းခဲ့ကြလဲ။ ဖြေ။ ။ ဒီ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ဆိုတာကတော့ ၂၀၂၁ ဧပြီလထဲမှာ ဒီတော်လှန်ရေးကာလ ချင်းလူမျိုးများရဲ့ နိုင်ငံရေးစုဖွဲ့မှု Platform တစ်ခုအနေနဲ့ ဖွဲ့စည်းခဲ့တာပေါ့နော်။ ဆိုတော့ အဲ့ဒီမှာ ပါတာကတော့ ချင်းအမျိုးသားတပ်ဦး CNF, နောက်ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ လွတ်တော်ကိုယ်စားလှယ်တွေ၊ စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ နိုင်ငံရေးပါတီ၊ ချင်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတွေ၊ နောက်ပြီးတော့ ဒီ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ CDM ကော်မတီ စတာတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မေး။ ။ ICNCC အနေနဲ့ အဓိက ဘာတွေလုပ်ဆောင်နေလဲ။ ဘယ်လောက်ထိအရေးပါတဲ့ အဖွဲ့အစည်းဖြစ်လဲ။ ဖြေ။ ။ ဒီတော်လှန်ရေးကာလမှာ ကျွန်တော်တို့လုပ်ရတဲ့ ကိစ္စတွေက နံပါတ် (၁) ကတော့ စစ်အာဏာရှင် စနစ် အပြီးပိုင် ဖြုတ်သိမ်းရေး၊ စစ်အာဏာရှင်စနစ်…

Read More

FactCheck ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံ လမ်းထောင့်တွင် စစ်ဆေးရေးဂိတ်ချထားသော စစ်ကောင်စီတပ်က ပြည်သူ ၂ ဦး စီးနင်းလာသော ဆိုင်ကယ်တစ်စီးကို အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးမှုရှိခဲ့သည်ကို စစ်ကောင်စီဝါဒဖြန့် Fact Check ဆိုတဲ့ အကောင့်ကနေ အဲဒီဖြစ်စဉ်ဟာ လုပ်ကြံသတင်းသာဖြစ်ပြီး သေဆုံးမှုမရှိခဲ့ဘူးလို့ သတင်းအမှားကို ဖော်ပြခဲ့ပါတယ်။ Fact Check အကောင့်မှာ ခုလိုဖော်ပြထားပါတယ် “လုပ်ကြံသတင်းတစ်ခုသာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်တွင် စကစတပ်ဖွဲ့ဝင်များမှ ပြည်သူ ၂ ဦးအား ပစ်ခတ်ဖမ်းဆီးတဲ့ဖြစ်စဉ်မရှိကြောင်း ဒေသခံသတင်းများအရ သိရှိရပါတယ်။” လို့ ရေးသားထားတာဖြစ်ပါတယ်။ ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာမှာနေထိုင်တဲ့ ပြည်သူနှစ်ဦးဟာ တာဟန်းဈေးအနီးမှာ နာရီပြင်ဖို့အသွား တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနဲ့ ဝယ်စလီဆေးရုံအနီး တောင်ဖီလာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ပျဉ်းခုံကြီးကျေးရွာက အသက် ၃၈ နှစ်အရွယ် U Thian Zei Thang ပွဲချင်းသေဆုံးခဲ့ပြီး သူငယ်ချင်းဖြစ်သူ ဦးရာမ်လွေမှာ လက်မောင်းမှာဒဏ်ရရှိခဲ့တယ်လို့ ဦးရာမ်လွေကိုယ်တိုင်က ပြောပါတယ်။ “ကျွန့်တော့သူငယ်ချင်းက မောင်းတာ တားသံ၊အော်သံကြားတော့ ရပ်တာ မသွားခိုင်းတော့ဘူးထင်တယ်ဆိုပြီး သူတို့ကလှမ်းခေါ်တာမျိုးမရှိတော့ သူတို့နဲ့လည်း နည်းနည်း အလှမ်းဝေးသေးတယ် ခေါ်လည်းမခေါ်ဘူးဆိုတော့ နောက်ပြန်လှည့်မယ်ဆိုပြီး လုပ်တဲ့အချိန်မှာ လှမ်းပစ်တာ ကျွန်တော်ရှေ့မှာပဲ ပွဲချင်းဆုံးတာဘာမှလုပ်လို့မရဘူး။ သူတို့မိသားစုရယ် ကျန်ခဲ့တဲ့သားသမီးတွေအတွက် အရမ်းလည်း ဝမ်းနည်းသွားတယ်။…

Read More

ရေး – ဆလိုင်းထွန်းလှကျော် AA ပလက်ဝသို့ ဝင်ရောက်လာမှုနှင့် နောက်ဆက်တွဲဖြစ်ရပ်များ (အာဏာ မသိမ်းခင်) စစ်ရေးလှုပ်ရှားမှုများ ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း ကချင်ပြည်နယ် KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာ၌ စတင်ဖွဲ့စည်းခဲ့သော ရက္ခိုင့်တပ်တော် (AA) သည် သူ၏ အစောဆုံး စစ်ရေးလှုပ်ရှားမှုများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း များတွင် စတင်ခဲ့သည်။ ၂၀၁၅ ခုနှစ်မှစ၍ AA သည် MNDAA ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၊ TNLA တအောင်း/ ပလောင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့်အတူ ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ရေးလှုပ်ရှားမှုများတွင် ထင်ထင်ရှားရှား ပါဝင်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် အဆိုပါ (၃) ဖွဲ့ကို မြောက်ပိုင်း ညီနောင် မဟာမိတ်တပ်များဟူ၍ လူသိများလာခဲ့ပါသည်။ ကချင်ပြည်နယ် တိုက်ပွဲများတွင်လည်း KIA နဲ့အတူ ပူးတွဲပါဝင်ခဲ့ပြီး “AA အနေဖြင့် ထိုကဲ့သို့ ပူးတွဲတိုက်ပွဲဝင်ခဲ့ခြင်းမှာ မဟာမိတ်များကို တွဲဖက် ကူညီ‌ပေး ခဲ့ခြင်းဖြစ်သလို တစ်ဘက်တွင်လည်း စစ်ရေးအတွေ့အကြုံများကို ရယူခဲ့ခြင်းဖြစ်သည်”ဟူ၍ မောင်မောင်စိုးမှ သူ့၏ တိုင်းရင်းသား လက်နက်ကိုင်များအကြောင်း တစေ့တစောင်းတွင် သုံးသပ်ဖော်ပြခဲ့သည်။ ၂၀၁၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ AA တပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်ရှိ ကျောက်တော်နှင့် မြောက်ဦးတို့ ကဲ့သို့သော မြို့‌နယ်များ၏ တောနက်သည့် နေရာဒေသ များဆီသို့ ရောက်နှင့် နေကြပြီးဖြစ်‌လောက်သည်ဟု သုံးသပ်မှုများလည်း ရှိခဲ့ပါသည်။ မတ်လထဲတွင်တော့ ပြောက်ကျား စစ်ဆင်ရေးနည်းနှင့် မြန်မာစစ်တပ်ကို…

Read More

FactCheck ဒီသတင်းအမှားကို Khin Nyein Chan ဆိုတဲ့အကောင့်နေပြီး “NUG နဲ့ PDF တို့ အခြေအနေမလှတော့ကြောင်း အတွင်းသူလျှိုများရဲ့ ပေးပို့မှု ကြောင့် ရရှိထားတဲ့ B 15 နဲ့ B 12 တပ်ရင်းမှူးများ Singal ကနေ အချင်းချင်းပြောနေကြတဲ့ ကယားပြည်နယ် အခြေအနေပါ။ မှန် / မမှန်တော့ မသိပါ။ ကာယကံရှင်များသာသိကြပါလိမ့်မယ်။ တကယ့် မြေပြင် အခြေအနေကတော့ မီဒီယာမှာ PDF NUG တွေ အခြေအနေကောင်းပြီး အောင်ပွဲတွေ အလီလီရလျက်ပါ။ တကယ် မြေပြင်မှာတော့ စားစရာမရှိလို့ တောင်းစားနေရတဲ့အခြေအနေတွေဖြစ်နေပါပြီ။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ရှာဖွေလေ့လာကြည့်တဲ့အခါ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်နဲ့ ဘက်သလိန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် KNDF/B09 ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှတာဝန်ရှိသူတစ်ဦးက “တိုက်ပွဲ ၃ ကြိမ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က ၃၀ ဦးခန့် ထိခိုက် သေဆုံးပါတယ်။ တိုက်ပွဲငယ်တွေပေါ့။ မကြာခဏ ထိတွေ့ပစ်ခတ်တာတွေတော့ ရှိနေတယ်” လို့ပြောပါတယ်။ နောက်ပြီးတော့ ဒီဇင်ဘာ ၄ ရက်နေ့ ဒီမော့ဆိုမှာလည်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံးပြီး တပ်ကြပ်ကြီးအဆင့်ရှိသူ ၁ ဦး၊ တပ်ကြပ် အဆင့်ရှိသူ ၂ ဦး၊ တပ်သားအဆင့်ရှိသူ…

Read More

FactCheck ဒီသတင်းအမှားကို ရွှေမဲခေါင်ဆိုတဲ့အကောင့်ကနေပြီး “KNU နယ်မြေတွေမှာ အဖွဲ့တွေ အစိပ်စိပ်အမွှာမွှာကွဲနေကြပြီ….. KNU ဗဟိုအနေနဲ့လည်း သူ့လက်အောက်က အဖွဲ့တွေကို မထိန်းနိုင်ကြတော့ဘူး…. နယ်ဒါးမြ၊ တာဘော၊ စောကျော်သက်နဲ့ အယ်စေးဝါးတို့လို အဖွဲ့တွေက မွေးဖွားပေးခဲ့တဲ့ ကျားဖြူ၊ နဂါးဖြူနဲ့ ဂျပ်စတစ်ဆိုးဂျားတို့လို PDF အဖွဲ့တွေကလည်း သူတလူ ငါတမင်းနဲ့ မင်းမူနေကြပြီ…. တနေ့ထက်တနေ့ အဖျက်အမှောက်လုပ်ငန်းတွေ ပိုပိုလုပ်လာတယ် အတင့်ရဲလာတယ်….” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး “ဒီဇင်ဘာ ၁၅ ရက် နေ့ က လမ်းတံတားနဲ့ လျှပ်စစ်ထရမ်စဖေါ်မာတွေ တာဝါတိုင်တွေကို KNU လက်အောက်ခံ အကြမ်းဖက်အဖွဲ့တွေက ဖေါက်ခွဲဖျက်ဆီးသွားတယ်…. အဲဒီတော့ KNU ဗဟို အနေနဲ့ ဘယ်လိုတွေတာဝန်ခံပြီး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အောက်ကအဖွဲ့တွေကို ထိန်းသိမ်းသွားမှာလဲ ?” လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါအပြင် “အောက်ကအဖွဲ့တွေရဲ့ လုပ်ချင်တိုင်း လုပ်နေတာတွေကို တာဝန်ခံဖို့ KNU ဗဟိုမှာ တာဝန်ရှိတယ်ဆိုတာ မေ့ထားလို့မရဘူးနော်…. အဲဒီတော့ ရှေ့လျှောက် KNU ဗဟိုက ဘယ်လိုမျိုးတွေ ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ စောင့်ကြည့်ရတော့မယ့် အနေအထားကို ရောက်လာပါပြီ” လို့ ဖော်ပြထားပါတယ်။ ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်စောင့်ကြည့်လေ့လာသူတစ်ဦက “ဒါကသတင်းအမှားပါ အစိတ်စိတ်အမွှာမွှာကွဲတယ်ဆိုတာ အဖွဲ့တွေကိုမထိန်းနိုင်ဖြစ်နေတယ်ဆိုတာတွေကမဟုတ်ပါဘူး။” လို့ ပြောပါတယ်။ သတင်းအမှားမှာဖော်ပြထားသလို “ဒီဇင်ဘာ ၁၅ ရက် နေ့ က လမ်းတံတားနဲ့ လျှပ်စစ်ထရမ်စဖေါ်မာတွေ တာဝါတိုင်တွေကို KNU လက်အောက်ခံအကြမ်းဖက်အဖွဲ့တွေက ဖေါက်ခွဲဖျက်ဆီးသွားတယ်.” ဆိုတာနဲ့ပတ်သက်ပြီး “တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတာ။ ဒီဇင်ဘာ…

Read More

FactCheck ဒီသတင်းအမှားကို Kyin Nyein Chan ဆိုတဲ့အကောင့်ကနေပြီး “Kaw Thoo Lei Army တည်ထောင်သူ နယ်ဒါးမြတို့ မိသားစုတစုလုံး US ကို ခိုလှုံသွားပါပြနယ်ဒါးမြ၊ ဘောကျော်ဟဲ၊ ဖဓိုစောတောနီးတို့က အခြေအနေအရပ်ရပ်ကို လက်ကျန် EAOs တွေကို တပ်မတော်နဲ့အပစ်ရပ်ပြီး ပဒက်တွေကို သုတ်သင်ပစ်ဖို့ အထူးအစည်းအဝေးထိုင်ပြီး US ကိုထွက်ခွာသွားကြောင်း သတင်းအတိအကျရပါတယ်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဆက်ပြီးတော့ “ကျန်ခဲ့တဲ့ KNU တပ်မဟာမှူးတွေထဲက တချို့က ထိုင်းနိုင်ငံထဲမှာ အိမ်နဲ့ခြံနဲ့သာသာယာယာပဲ။ NUG ကပေးတဲ့ ထောက်ပံ့ကြေးယူထားတဲ့ KNU ရင်းမှူး ဗဟမတွေကတော့ စိတ်ဝမ်းကွဲနေကြပြီး PDF တွေပဲ ပိုက်ဘောမိကျန်ခဲ့တယ်။” ရေးသားထားပါတယ်။ ဒါ့အပြင် “EAOs (7) တပ်အတော်ကို NCA အတွက် ကမ်းလှမ်းထားပြီး PDF ပဒက်တွေကတော့ သောင်ပြင်လွတ်တဲ့ခွေးတွေလို မိမိတို့ကျွမ်းကျင်တဲ့ မြို့ရွာဝန်းကျင်မှာ ခိုကပ်ကျင်လည်နေမှာ မလွဲဧကန်ပါပဲ။ မြို့ရွာတွေက ထောက်ပို့ကိုအရင်ဖြတ်ပြီး ရှာဖွေဖြတ်တောက်ပါ။ PDF ပဒက်တွေအတွက် နေဝင်ချိန်နီးလာပြီ။” လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် စောင့်ကြည့်လေ့လာသူတစ်ဦးက “ကျနော်ကတော့ ဒီသတင်းမျိုးမကြားမိပါဘူး ပေါက်တက်ကရ သတင်းအမှားတွေက အမြဲတက်နေတာပဲ” လို့ ပြောပါတယ်။ KAWTHOOLEI ARMY ကို ဗိုလ်မှူးချုပ်နယ်ဒါးမြက ဦးဆောင်ပြီး ဇူလိုင်လ ၁၇ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပြီး Venom ကွန်မန်ဒိုစစ်ကြောင်းဟာလည်း ကရင်ပြည်သူ့တပ်မတော်ရဲ့ အဖွဲ့ဝင်စစ်ကြောင်းတခုအဖြစ် ရပ်တည်ပြီး စစ်ကောင်စီကို စွမ်းစွမ်းတမံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကရင့်ပြည်သူ့တပ်မတော်ကို…

Read More

FactCheck ဒီသတင်းအမှားကို 52 News ဆိုတဲ့အကောင့်ကနေပြီး “မနေ့က (ဒီဇင်ဘာ ၁၆ ရက်) ည ၇ နာရီခန့်တွင် ဂန့်ဂေါမြို့ အမှတ် (၁) ရပ်ကွက်အနီးတွင် အများပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်လျက်ရာ ပြစ်မကျေးရွာဘက်မှ မောင်းနှင်လာသော မသင်္ကာဖွယ်ရာဆိုင်ကယ် ၁ စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးသောကြောင့် လုံခြုံရေးပူပေါင်းအဖွဲ့မှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ အထောက်အထားများနှင့်တကွ PDF ပဒက်ကင် ၁ ကင်ရရှိခဲ့ကြောင်း သိရှိရပါသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အခုလိုပစ်သတ်ခံရသူမှာ မတူပီမြို့နယ် ဇိုးတုန်နယ် တိန်ဆီးကျေးရွာမှာနေထိုင်တဲ့ ဆလိုင်းရွှေဘီလျန်ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဂန့်ဂေါမြို့က အဒေါ်ဖြစ်သူထံအသွားမှာ အမှတ် (၁) ဂန့်ဂေါစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဆွေမျိုးနီးစပ်သူတစ်ဉီးက “သူကသာမန်ပြည်သူတစ်ယောက်ပါ သူအဒေါ်ဆီကိုသွားလည်တာ အဲ့ဒါနဲ့ KPK ဆီဆိုင်ကို ဆိုင်ကယ်ဆီထည့်ဖို့ ဂန့်ဂေါမြို့အဝင် အမှတ် (၁) စစ်ဆေးရေးဂိတ်ကို ဖြတ်သွားတဲ့ခါ ပစ်သတ်ခံရတာ” လို့ ပြောပါတယ်။ စစ်ကောင်စီဘက်က စွပ်စွဲထားသလို ဆလိုင်းရွှေဘီလျန်ဟာ PDF တပ်ဖွဲ့ဝင်မဟုတ်ဘဲ သာမန်အရပ်သားပြည်သူတစ်ဦးသာဖြစ်ပြီး ဂန့်ဂေါမြို့က သူ့အဒေါ်ဆီအလည်သွားရာမှာ အကြောင်းမဲ့ ပစ်သတ်ခံရတာဖြစ်ပါတယ်။ 52 News မှာဖော်ပြထားသလို ဆလိုင်းရွှေဘိလျန်ဟာ PDF တစ်ဦးမဟုတ်ဘဲ သာမန်အရပ်သားပြည်သူတစ်ဦးသာဖြစ်ပါတယ်။

Read More

ရေး – ဆလိုင်းထွန်းလှကျော် အိန္ဒိယ၏ အရှေ့မျှော်ဝါဒတံခါးပေါက်/ အိန္ဒိယ၊ တရုတ်နှင့် သူတို့၏ဆုံမှတ် “အိန္ဒိယနှင့် တရုတ်ဟာ အနာဂတ်မှာ ပိုပြီး အတူတူ ဩဇာ ညောင်းကြလိမ့်မယ်လို့ ကျွန်တော် ထင်တယ်” ၁၉၃၈ ခုနှစ်မှာ တရုတ်ပြည်သို့ ရောက်ရှိလာခဲ့သည့် နောင်အိန္ဒိယ၏ ပထမဦးဆုံး ဝန်ကြီးချုပ်ဖြစ်လာမည့် ပဏ္ဍိတ်ဂျဝါဟလာနေရူးမှ ထိုစဉ် တရုတ်ပြည်၏သမ္မတ ချန်ကေရှိတ်ကို ပြောခဲ့ခြင်းဖြစ်သည်။ သူသည် တရုတ်ကို မိတ်ဆွေအဖြစ် မြင်ထားခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ကိုလိုနီခေတ်အလွန် စစ်အေးကာလသစ်အတွင်း၌ ကွန်မြူနစ်တို့မှ တရုတ်ပြည်ကို သိမ်းပိုက်ခဲ့ပြီးသည့် အချိန်တွင်လည်း နေရူး၏ ဘက်မလိုက်၊ ကြားနေရေး ဝါဒအောက်မှာပင် အိန္ဒိယနှင့် တရုတ်တို့မှာ ချစ်ကြည်ရင်းနှီးစွာ အတူပူးပေါင်း ဆောင်ရွက်ရေးက ခိုင်မြဲလျှက်ပင် ရှိနေခဲ့သည်။ နေရူးသည် အိန္ဒိယကိုသာမက တရုတ် ကိုပါ “ဖွံ့ဖြိုးဆဲ ကမ္ဘာသစ်” ၏ အဓိက အခန်းကဏ္ဍနေရာ၌ ပါဝင်စေလိုခဲ့သူတစ်ဦး ဖြစ်ပါသည်။ သို့သော် ပဏ္ဍိတ်နေရူး၏ အိန္ဒိယ၊ တရုတ် အတူတူပူးပေါင်း ဆောင်ရွက်ရေးမှာ ၁၉၅၀ ခုနှစ်အလွန်နှောင်းပိုင်း နယ်နိမိတ် ပြဿနာများကြောင့် တင်းမာမှုများတိုးလာရင်း မှေးမှိန်သွားခဲ့ရသည်။ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းများသည် သွေးစွန်းသော ပြည်တွင်းစစ်များမှတစ်ဆင့် အာဏာကို ရရှိလာခဲ့ကြသူများဖြစ်သည်။ ထို့အတွက်ကြောင့် ထိုသူတို့မှာ အတိတ်မှ မန်ချူးအင်ပါယာပိုင် နယ်နိမိတ်များအတိုင်း နယ်မြေများကို ပြန်လိုချင်ခဲ့ကြသည်။ ၁၉၅၁ ခုနှစ်တွင် တရုတ်ပြည်သူ့ လွတ် မြောက်ရေးတပ်မတော်မှ တိဘက်ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး တိဘက်၏ တန်ပြန်တော်လှန် ပုန်ကန်မှု များကိုလည်း ၈ နှစ်ကြာမျှ…

Read More