Author: Editor

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း စစ်ဘေးဒဏ်ခံနေရသော စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေရှာဖွေသည့်အနေဖြင့် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် တတိယအကြမ်မြောက် “Mobile Charity Concert” ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ ယနေ့ပြုလုပ်သော ယင်းရန်ပုံငွေဂီတပွဲအစီစဉ်ကို အိုင်ဇောလ်မြို့၏ အချက်အချာကျသော နေရာများဖြစ်သည့် Chanmari, Zawrkawt, Dawpui စသည့်နေရာများတွင် ကျင်းပခဲ့ကြသည်။ ယင်း Mobile Charity Concert ရန်ပုံငွေရှာဖွေပွဲကို အိုင်ဇောလ်မြို့အခြေစိုက် မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့၊ NGO united for democratic Myanmar အဖွဲ့များနှင့် တေးဂီတအဆိုတော်များဖြင့် ဖွဲ့စည်းထားကြသော MZI, MDM, PUMP တို့မှ ဦးဆောင်ကျင်းပခြင်းဖြစသည်။

Read More

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းအနီးတွင် ဩဂုတ်လ ၈ ရက် ညပိုင်းက အမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့်သွားလာစဉ် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အသက် ၂၁ နှစ်အရွယ် ကိုလင်းလင်းနိုင် သေဆုံးခဲ့သည်ဟု သိရသည်။ ကိုလင်းလင်းနိုင် (ခ) ကိုငယ်လေးသည် ယင်းနေ့ ည ၇ နာရီအကျော်အချိန်ခန့်က သူငယ်ချင်းအချို့နှင့် ၎င်း၏ ဆွေမျိုးနေအိမ်သို့ ညအိပ်ရန်သွားရောက်စဉ် ကလေးမြို့၊ အ.ထ.က (၈) ကျောင်းအနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု Voice of Kalay ကဖော်ပြသည်။ အဆိုပါကျောင်းဝန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်က ၎င်းတို့မောင်းနှင်လာသည့် ဆိုင်ကယ်မီးအား မြင်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။ ကိုလင်းလင်းနိုင်သည် ကလေးမြို့တွင် ဆံသပညာကို ၄ နှစ်ခန့် သင်ယူခဲ့ပြီးနောက် ရန်ကုန်မြို့၌ သင်တန်းထပ်မံတက်ရောက်ကာ ကလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၅ ရက်ခန့်အကြာတွင် ယခုလို စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ကလေးမြို့တွင် ကိုယ်ပိုင်ဆံသဆိုင်ဖွင့်လှစ်နိုင်ရန် ကြိုးစားနေသူဖြစ်ပြီး ဆိုင်ခန်းငှားရမ်းခြင်းနှင့် လိုအပ်သည့်ပစ္စည်းများလည်း ဝယ်ယူပြီးအခြေအနေတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု Voice of Kalay တွင် ဖော်ပြထားသည်။

Read More

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ ချောင်းခွကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့သြဂုတ်လ ၁၂ ရက်နေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု PDF (Kalay) ကထုတ်ပြန်သည်။ ကလေးနည်းပညာတက္ကသိုလ်မှ ၁၀ မိုင်ခန့်အကွာ ချောင်းခွကျေးရွာအနီးသို့ ဦးတည်ရွေ့လျား လာသော စစ်ကောင်စီတပ်ဖွဲ့ကို သြဂုတ်လ ၁၂ ရက်နေ့နံနက်ပိုင်း ၁၁ နာရီခန့်ကစ၍ PDF (Kalay) တပ်ရင်း (၁) ၊ (၂) ၊ (၅) ၊ (၆) ၊ (၇) ၊ ပ.က.ဖ (ကလေး) နှင့် CNDF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ ရာ ညနေ ၅ နာရီအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးပြီး PDF (Kalay) မိုင်းတပ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့်လည်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုများပြားနိုင်ကြောင်း PDF (Kalay) က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် သြဂုတ်လ ၁၂ ရက်နေ့ညနေ ၅ နာရီခန့်တွင် ချောင်းခွကျေးရွာသို့ဝင်ရောက်ပြီး လူနေအိမ်ခြေ ၁၂ လုံးကို မီးရှိုဖျက်ဆီးခဲ့သည်ဟုသိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့သြဂုတ်လ ၁၃ ရက်နေ့တွင် ချောင်းခွကျေးရွာမှတဆင့် ကလေးမြို့နယ်တောင်ပိုင်းသို့ ဆက်လက်ဦးတည်ရွေ့လျားသွားကြောင်း သိရသည်။

Read More

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်း ရိခေါဒါရ်မြို့အနီး ဟိုင်မွာလ်ရွာသစ်တွင် ယနေ့ညနေပိုင်း ၃ နာရီခွဲခန့်က သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် လူနေအိမ်များ မီးလောင်မှုဖြစ်ပွားကာ ယခုချိန်ထိ လောင်ကျွမ်းနေဆဲဖြစ်သည်။ မီးလောင်ကျွမ်းမှုကို တဖက်မီဇိုရမ်ပြည်နယ်ဘက်မှ လှမ်းမြင်နေရပြီး စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်တောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က သြဂုတ်လ ၁၀ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ကာ စစ်ကောင်စီဘက်က တပ်ရင်းမှူး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးကာ ၄ ဦးမွာ ချင်းကာကွယ်ရေးဘက်သို့ လက်နက်မပါပဲ ထွက်ပြေးအလင်းဝင်ခဲ့ကြသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာသောကြောင့် ယနေ့ညနေပိုင်းတွင် ဟိုင်မွလ်ရွာသစ်သို့ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ခြင်းဖြစ်နိုင်သည်ဟု နယ်စပ်ဒေသခံတစ်ဦးက ပြောသည်။ ဟိုင်မွာလ်ရွာသစ်သည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း (ကလေး-တီးတိန်-ရိ) ပေါ်တွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ရိခေါဒါရ်မြို့နှင့် တစ်မိုင်ခန့်ကွာဝေးကြောင်း သိရသည်။

Read More

စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြားဖြစ်ပွားသည့် ၆ လတာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကတပ်သား ၉၀၀ ကျော် သေဆုံးခဲ့သည်ဟု Cinland Join Defense Committee (CJDC) ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အပါအဝင် ချင်းပြည်နယ် ၉ မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် CJDC အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပေါင်း ၂၂၀ ကြိမ် ဖြစ်ပွားခဲ့ကြသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ၉၂၇ ဦးသေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၅၃ ဦး ကျဆုံးခဲ့သည်ဟု CJDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Read More

မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှုကူညီနိင်ရန် အမေရိကန်ပြည်ထောင်စုမှရောက်ရှိလာသော Project-Mizoram ‘22 ၏ ဆေးဘက်ဆိုင်ရာပစ္စည်းများအား လွဲအပ်ခြင်းအခမ်းအနားကို သြဂုတ်လ ၁၀ ရက်နေ့က အိုင်ဇောလ်မြို့ Floria ဟိုတယ်တွင် ကျင်းပခဲ့ကြသည်။ Project-Mizoram စီမံကိန်းသည် အမေရိကန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးထောက်ပံ့ကူညီရေးအသင်း Project C.U.R.E၊ မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ချုပ်-မီဇိုရမ် (MRRC-M)၊ Mizo Student Union (MSU)၊ R2P Myanmar Way၊ အိုင်ဇောင်မြို့ရှိ BN Hospital၊ Research Center Mizoram၊ Arizona Falam Christian Church နင့် Chin Baptist Association North America စသည့် အဖွဲ့စည်းများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများသည် ကျပ်သိန်းပေါင်း ၇၅၀၀ ကျော်တန်ဖိုးရှိကြောင်းသိရပြီး၊ ကျန်းမာရေးအတွက်ဆေးဝါးနှင့် အခြားသော အစားအသောက်ပိုင်းဆိုင်ရာ ထောက်ပံ့မှု စီမံကိန်းများလည်း ရှိသေးကြောင်း သိရသည်။ ယင်း Project-Mizoram ‘22 မှရရှိသော ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများကို မီဇိုးကျောင်းသားများအသင်း (MSU) နင့် မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့-မီဇိုရမ် (MRRC-M) တို့အဖွဲ့ထံ လွဲအပ်ပြီး၊ အချို့သော ကျန်းမာရေးစစ်ဆေးရေးစက်ပစ္စည်းများကို အိုင်ဇောင်မြို့ရှိ BN ဆေးရုံသို့ လွဲအပ်ပေးခဲ့ကြသည်။ ထိုအခမ်းအနားတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga လည်းတက်ရောက်လာပြီး မြန်မာစစ်ဘေးရှောင်ပြည်သူများအား ဆက်လက်ကူညီသွားမည်ဖြစ်ဖြစ်ကြောင်း အိန္ဒိယဗဟိုအစိုးရကိုလည်း ယခုထက်မက ဖိအားပေးတိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယင်းအခမ်းအနားတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဆလိုင်းလျန်လွယ်၊…

Read More

ချင်းပြည်နယ်၊ မတူပီမြို့နယ် အရှေ့ဇိုတုန်နယ်မြေ ချင်း-မကွေးနယ်စပ်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ဇွန်လကတည်းက စစ်ကြောင်းထိုးလာကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့်အတွက် ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် တောထဲသို့ ထွက်ပြေးစစ်ဘေးတိမ်းရှောင်နေကြရပြီး ဆေးဝါးနှင့်စားနပ်ရိက္ခာ အကူအညီလိုအပ်နေသည်ဟု ဇိုတုန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့က အရှေ့ဇိုတုန်ဖက် ဇွန်လ ပထမပတ်ကစပြီးတော့ မြန်မာ့တပ်မတော်က စစ်ကြောင်း နှစ်ခေါက်ထိုးပြီတော့ ပြည်သူတွေကလည်း များသောအားဖြင့် တောထဲမှာပဲတိမ်းရှောင်နေရကြရတယ်၊ သူတို့အတွက် ပထမဆုံးအခက်အခဲက စားရေးသောက်ရေးပဲ ရှိတာလေးနဲ့ ရွာနားနီးမှာ ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ခြေကျင်နဲ့ဖြစ်ဖြစ် သွားလို့ရတဲ့နေရာမှာ အကူအညီတောင်းပြီး စုဆောင်းကြတာ၊ ဆေးဝါးကတော့ တော်တော်လေးခက်ခဲတယ် မိုးရွာသီဆိုတော့ ဖျားတာ၊ ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်တော့ ကျန်းမာရေးအခြေအနေတော့ တော်တော်လေးခက်ခဲတယ်။” ဟု ဇိုတုန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဂန့်ဂေါမြို့နယ်မှ မတူပီမြို့နယ်ဖက်သို့ ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း စစ်ကြောင်းထိုးခဲ့ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ ရမ်းစီး၊ နာဘုန်းကျေးရွာအတွင်း ဝင်ရောက်ခဲ့သောကြောင့် ဒေသခံများ အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြရသည်။ အဆိုပါ စစ်ကြောင်းထိုးခြင်းကြောင့် ဂန့်ဂေါမြို့နှင့် မိုင်နှစ်ကျော်ကွာဝေးသော အန်းသားကျေးရွာ ရောင်နပ်ကျေးရွာ၊ မတူပီမြို့နယ် ဒါးလ်ကျုံးရွာ၊ ရမ်းစီးရွာ၊ နာဘုန်း စသည့် ရွာပေါင်း (၅) ရွာမှ လူဦးရေနှစ်ထောင်ကျော်တို့သည် တောထဲတွင် ထွက်ပြေးတိမ်းရှောင်ကြသည့်အပြင် ဂန့်ဂေါမြို့ဘက်တွင်လည်း သွားရောက်ခိုလုံသူများလည်းရှိသည်ဟု သိရသည်။ ချင်း-မကွေးနယ်စပ် မတူပီမြို့နယ် ဇိုတုန်နယ်မြေ ရမ်းစီးကျေးရွာဘက်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လကုန်ပိုင်းက ရမ်းစီးရွာသား အယောက် ၃၀ ခန့်ကိုလည်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို ကယ်ထုတ်ရန်သွားသည့်…

Read More

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ရင်း မျက်လုံးနှစ်ဖက်ဆုံးရှုံးလိုက်ရသော ချင်းသူရဲကောင်း တော်လှန်ရေးရဲဘော်များကို Chin Relief Funding Program ချင်းရန်ပုံငွေအဖွဲ့ – တူမီးထီ အစီအစဉ်မှ ဆေးဝါးကုသစရိတ် ဖြည့်ပေးရန် ပြင်ဆင်နေသည်ဟု သိရသည်။ “ကျနော်တို့က တူမီးထီရောင်းပြီးမှ ရရှိတဲ့ဘဏ္ဍာငွေထဲကနေ CJDC ကဘယ်လောက်၊ IDPs ကဘယ်လောက်၊ CDM ကဘယ်လောက်၊ ဒဏ်ရာရရဲဘော်တွေက ဘယ်လောက်ဆိုပြီး ခွဲဝေထားတယ်၊ ဒဏ်ရာရရဲဘော်လို့ပြောတဲ့နေရာမှာ ဒဏ်ရာရရဲဘော်တွေက များတဲ့အခါကျတော့ ပထမသုတ်အနေနဲ့ မျက်လုံးနှစ်ဖက်ဆုံးရှုံးသွားတဲ့ ရဲဘော်တွေရဲ့ ဆေးကုသစရိတ်၊ အခြေခံလိုအပ်ချက်လေးတွေတွက် ကူညီသွားဖို့ရှိတယ်” ဟု ချင်းရန်ပုံငွေအဖွဲ့က တာဝန်ရှိသူက ပြောသည်။ ယခုလက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ထဲမှ မျက်လုံးနှစ်ဖက်ဆုံးရှုံးသူ ၇ ဦးထိရှိပြီး CDF – Matupi တပ်ဖွဲ့က နှစ်ဉီး၊ CNDF တပ်ဖွဲ့က နှစ်ဉီး၊ CDF – Lautu တပ်ဖွဲ့က တစ်ဉီး၊ CDF – KKG တပ်ဖွဲ့က တစ်ဉီးနှင့် ချင်းအမျိုးသားတပ်မတော် CNA က တစ်ဦးတို့ဖြစ်ကြောင်း ချင်းရန်ပုံငွေအဖွဲ့က ပြောသည်။ တော်လှန်ရေးကာလအတွင်း မျက်လုံးနှစ်ဖက်စလုံး ဆုံးရှုံးလိုက်ရသော ချင်းသူရဲကောင်း တော်လှန်ရေးရဲဘော်များ၏စာရင်းကို ဆက်လက်ပြုစုနေပြီး စာရင်းမကျန်ခဲ့ရန် ချင်းရန်ပုံငွေအဖွဲ့ထံသို့ စာရင်းပေးသွင်းကြရန် အသိပေး ဖိတ်ခေါ်လျှက်ရှိသည်။ ချင်းရန်ပုံငွေအဖွဲ့ CRFP အဖွဲ့သည် ချင်းတော်လှန်ရေးတပ်ဖွဲ့များကို တဖက်တလမ်းမှ ဘဏ္ဍာရေးကူညီထောက်ပံ့ပေးရန် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး ယခုလက်ရှိမှာလည်း တူမီးထီအစီစဉ်ဖြင့် ရန်ပုံငွေရှာဖွေပေးလျှက်ရှိသည်။ ယခုဆိုလျှင် တူမီးထီအစီစဉ်သည် အပတ်စဉ် (၃) အထိရောက်ရှိလာပြီး အပတ်စဉ် ၃…

Read More

Salai Vakok “အုံ ၊ ဝုန်း” ဤဗုံးပေါက်ကွဲသံက မောင်နန်းလင်း (အမည်လွှဲ) တို့ မိသားစုကို ဒုတိယအကြိမ် ကမ္ဘာပျက်စေသည်။ လွန်ခဲ့သော တစ်လနီးပါးက ဗုံးကျပေါက်ကွဲသော အိမ်ဘေးကနေရာကိုပင် ဒုတိယအကြိမ် ကျရောက်ပေါက်ကွဲ၍ မီးဖိုခန်းတွင် ထမင်းစားနေသည့် မောင်နန်းလင်း၏ အစ်ကိုမှာ နှလုံးတည့်တည့်ကို ဗုံးစမှန်ပြီး တစ်နာရီအကြာတွင် သေဆုံးသွားသည်။ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၅ ရက်၊ မနက် ၉ နာရီခန့်တွင် မင်းတပ်မြို့၊ ခလရ- ၂၇၄ က အိမ်ခြေ ၁၀၀ ကျော်ရှိသော မဒပ်ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် မောင်နန်းလင်း၏ အစ်ကိုမှာ ဗုံးစမှန်ကာ သေဆုံးသွားခြင်းဖြစ်သည်။ အသက် ၁၄ နှစ်အရွယ် မောင်နန်းလင်း၏ အစ်ကိုသည် ၇ တန်းတက်ရောက်ရမည့် ကျောင်းသားဖြစ်ပြီး ခုတော့ အရွယ်မတိုင်ခင် ကြွေလွင့်ခဲ့ရတော့သည်။ သားသမီး (၈) ဦး၏ မိခင်၊ အသက် ၄၆ နှစ်အရွယ် မိုင်ဂရေးစုကြည် (အမည်လွှဲ) အတွက်တော့ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒုတိယအကြိမ် ရင်တွေကွဲကြေမွခဲ့ရခြင်းဖြစ်သည်။ ပထမအကြိမ်က မေ ၂၃ ရက် မနက် ၈ နာရီခွဲဖြစ်သည်။ ထိုနေ့က စစ်တပ်၏ လက်နက်ကြီးဗုံး ပထမအကြိမ်အဖြစ် မိုင်ဂရေးစုကြည်တို့ အိမ်ဘေးအနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး တတိယတန်းကျောင်းတက်ရမည့် သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်နန်းလင်းကို ထိမှန်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်၏ အိမ်ခြေရာကျော်ရှိသော ရွာထဲကို ပစ်လွှတ်သော ဗုံးကြောင့်…

Read More

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ္တိရှိပါက ပြည်သူနှင့် ပြည်သူ့စည်းစိမ်များအား တိုက်ရိုက်ထိခိုက်မှုမရှိနိုင်မည့် မြို့ပြင်သို့ ထွက်ခွါလာပြီး စစ်ဆင်ရေးများလုပ်ဆောင်ရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha က စိန်ခေါ်လိုက်သည်။ ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်ပစ္စည်းအမြောက်အများ ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ရသည့်အပြင် လူနေအိမ်ခြေ ၃၀ ကျော်လည်း ပျက်စီးခဲ့ရပြီးဖြစ်သည်ဟု CDF-Hakha က ဆိုသည်။ ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ္တိရှိပါက မြို့ပြင်သို့ထွက်လာပြီး စစ်ဆင်ရေးလုပ်ဆောင်ရန် CDF-Hakha က ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း ဟားခါးမြို့နယ် နှီယာလောန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် Pi Chia Hnem အသက်ဆုံးရှုံးခဲ့ရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်သည် နိုင်ငံတကာစစ်ဥပဒေ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြစ်ပြီး ပြည်သူများဆုံးရှုံးခဲ့ရသော နစ်နာမှုများနှင့် လုပ်ရပ်အပေါ် တာဝန်ယူဖြေရှင်းရလိမ့်မည်ဟု CDF-Hakha က သတိပေးထားသည်။ CDF-Hakha တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို ပြင်းထန်သောစစ်ဆင်ရေးများ ပိုမိုလုပ်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ကို ကြိုးကိုင်ကြောထောက်လုပ်နေသည့် ရာထူးခံလူပုဂ္ဂိုလ်များ၊ Non-CDM နှင့် ဒလန်များကိုလည်း CDF-Hakha ၏ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပဒေနှင့်အညီပြင်းပြင်းထန်ထန် အရေးသွားမည်ဟု သိရသည်။

Read More