Author: Editor

(003PT) ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့၏အမည်ကို ခုတုံးလုပ်ပြီး နာမည်ဆိုးထွက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မှုများ ရှိနေသည့်အတွက် ရပ်တန်းကရပ်ကြရန် CDF-Paletwa က အောက်တိုဘာ လ ၈ ရက်နေ့က သတိပေးထုတ်ပြန်သည်။ ယခုရက်ပိုင်းတွင် ပလက်ဝမြို့နယ်အတွင်းရှိ အင်္ဂလီကန် အသင်းတော်မှ အသင်းသူ/သား တစ်ချို့တို့သည်  လက်နက်ကိုင် အဖွဲ့၏ အမည်ကို ခုတုံးလုပ်ပြီး အင်္ဂလီကန် အသင်းတော်၏ အသင်းလူကြီးများထံ ခြိမ်းခြောက်စာပေးပို့ခြင်း၊ မဟုတ် မမှန်သတင်းများဖြန့်‌ေ၀ခြင်း၊ လက်နက်ကိုင်အဖွဲ့များ၏ နာမည်ဆိုးထွက်စေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်း၊ အချင်း ချင်းစိတ်၀◌မ်းကွဲစေမည့် သတင်းအချက်အလက်များဖြင့် ၀◌ါဒမှိုင်းတိုက်ခြင်းစသည်တို့ကို လုပ်ဆောင်လျှက်ရှိသည်ဟု CDF-Paletwa ကဆိုသည်။ ပလက်ဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သူ ဆလိုင်းမျိုးထိုက်က “ကျွန်တော်တို့က မြေပြင်မှာ ဖြစ်နေတဲ့ ဘာသာ ရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ပြောရမယ်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်တဲ့ကိစ္စတွေမှာ အခုနလို လက်နက် ကိုင်အဖွဲ့အစည်းတွေဆိုပြီးမှ လက်နက်ကိုင်အဖွဲ့တွေကို နာမည်ပျက်အောင် အဲ့လိုလုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့က လုံးဝကို ရှုတ်ချပါတယ်၊ ကျွန်တော်တို့ တော်လှန်ရေးလုပ်တယ်ဆိုတာက အာဏာရှင်ဖြုတ်ချရေးနှင့် ပြည်သူ့လွတ်မြောက် ရေးပဲ၊ ကျွန်တော်တို့ က အဲ့ဒီ ဘာသာရေးတွေ၊ လူမှုရေးတွေကို အခြေခံပြီးမှ မလုပ်ဘူး” ဟုပြောသည်။ CDF-Paletwa သည် ချင်းပြည်နယ်အတွင်း ချင်းနယ်မြေကာကွယ်‌ရေးတပ်ဖွဲ့များနှင့်အတူ တစ်နိုင်ငံလုံး၏ ဘုံရန်သူဖြစ်သည့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းလျက်ရှိပြီး ပြည်သူ့လွတ်မြောက်ရေးအတွက် တစ်စိုက် မတ်မတ် ဦးတည်လျက် တော်လှန်နေသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့်အလျောက် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွပ်ဖက်ခြင်း လုံးဝမရှိကြောင်း CDF-Paletwa…

Read More

(005MK) မြန်မာနိုင်ငံမှ တရားမ၀င်သယ်ယူလာသော ကွမ်းသီးခြောက်အိတ် ၁၂၀၀ ကျော်ကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် ဒေသတွင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ်သို့ မြန်မာဘက်က ကွမ်းသီးခြောက်များတင်ဆောင်လာကြောင်း သတင်းရရှိထားချက်အရ အာသံရိုင်ဖယ်နှင့် အကောက်ခွန်ဌာနပူးပေါင်းအဖွဲ့က ယနေ့အောက်တိုဘာ ၉ ရက်နေ့တွင် ကျန်ဖိုင်းခရိုင် Chhungte နှင့် Zotlang ကျေးရွာကြားတွင် ကွမ်းသီးအိတ် ၉၇၁ အိတ်ဖမ်းဆီးခဲ့သည်ဟု ဒေသတွင်းသတင်းမှာဖော်ပြသည်။ ယမန်နေ့အောက်တိုဘာ ၈ ရက်နေ့ကလည်း Chhungte ကျေးရွာအနီးတွင် မြန်မာဘက်က သယ်လာသော ကွမ်းသီးခြောက် ၂၄၉ အိတ်ဖမ်းဆီးခဲ့သည်။ ကျန်ဖိုင်းခရိုင်တွင် ၂ ရက်တာအတွင်း မြန်မာနိုင်ငံမှ တင်သွင်းလာသော ကွမ်းသီးခြောက် စုစုပေါင်း ၁၂၂၀ အိတ်ဖမ်းဆီးခံ ရပြီး ကာလပေါက်စေ◌ျးအရ ရူပီးငွေ သိန်း ၆၀၀ ကျော်ခန့်တန်ဖိုးရှိသည်ဟု ဆိုသည်။ အလားတူ အောက်တိုဘာလ ၇ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် ကော်လစစ်နှင့် ဘိုင်းရဘီး မြို့ကြားတွင် ကုန်တင်ကား ၃ စီးနှင့်တင်လာသော မြန်မာနိုင်ငံက ကွမ်းသီးခြောက် ၂၉၉ အိတ် (ရူပီးငွေ ၉၅ သိန်းကျော်) ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံမှ ၀◌င်ရောက်လာသော ကွမ်းသီးအခြောက်များသည် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးမှတဆင့် မီဇိုရမ် ပြည်နယ် ကို ဖြတ်သန်းကာ အိန္ဒိယပြည်မဘက်သို့ တင်ပို့လေ့ရှိကြသည်။ ယင်းကဲ့သို့ တင်ပို့ရာမှာ တရားမ၀င်လမ်းကြောင်းဖြင့် အစိုးရထံမှာလည်း အခွန်ပေးဆောင်ခြင်းမရှိသလို ကွမ်းသီးကြားထဲမှာ လက်နက်နှင့် တရားမ၀င်မှောင်ခိုပစ္စည်းများ တင်သွင်းလေ့ရှိသည်ဟု ဆိုကြသည်။ ထို့အပြင်…

Read More

(005MK) မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့က AK 47 ကျည်ဆံနှင့် ဖောက်ခွဲရေးလက်နက်များဖမ်းဆီးရမိသည်ဟု သိရသည်။ ရှာဟာခရိုင် Lungbun ကျေးရွာ အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် တရားမ၀◌င်လက်နက်ခဲယမ်းသယ်ယူမှုရှိသည်ဟု သတင်းရရှိထားချက်အရ အာသံရိုင်ဖယ်နှင့် ရှာဟာရဲတပ်ဖွဲ့တို့သည် အောက်တိုဘာလ ၈ ရက်မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာမှာ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု မီဇိုရမ်သတင်းဌာနတစ်ခုဖြစ်သည့် Bengvarna ကဖော်ြပသည်။ အာသံရိုင်ဖယ်နှင့် ရဲတပ်ဖွဲ့တို့သည် အမည်မသိလူ ၂ ဦးကို ရှာဖွေစစ်ဆေးမည့်အချိန်မှာ ကုလားတန်မြစ်တဖက်ကမ်း မြန်မာ ဘက်ခြမ်းသို့ထွက်ပြေးလွတ်မြောက်သွားကြီး ၎င်းတို့ကျကျန်ခဲ့သောအိတ်ထဲမှ အဆိုပါခဲယမ်းများကို ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။ ဖမ်းဆီးရမိသည့် ခဲယမ်းများမှာ ဖောက်ခွဲရေးကိရိယာ Geletine အချောင်း ၁၀၀၊ Detonator အချောင်း ၁၀၀၊ AK 47 ကျည်ဆံ ၁၅၀ ၊ ၀◌ိုယာကြိုး ၁၀ မီတာ နှင့် ဘက်ထရီ ၁၀ လုံးတို့ဖြစ်သည်ဟု Bengvarna ကဖော်ပြသည်။ ယခုဖမ်းဆီးရမိသော လက်နက်ခဲယမ်းများကို ရှာဟာမြို့ရဲတပ်ဖွဲ့ထံသို့ အမှုဖွင့်အပ်နှံကာ ယင်းအမှုနှင့် ပတ်သက်ဆက်နွယ်သူများအား စုံစမ်း ရှာဖွေလျက်ရှိသည်ဟု သိရသည်။

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီလက်အောက်က စစ်သားနှင့် ရဲများကို မြို့သိမ်းတိုက်ပွဲများ မဖြစ်လာမှီ CDM ပြုလုပ်ကြရန် ထပ်မံဖိတ်ခေါ်ပြီး လက်နက်နှင့်တကွ CDM ပြုလုပ်ပါက သိန်း ၅၀ ထက်မနည်း ဆုချီးမြှင့်မည်ဟု PDF – Zoland က ထုတ်ပြန်သည်။ စစ်ကောင်စီလက်အောက်မှ တချို့တပ်သားများသည် CDM ပြုလုပ်ချင်သော်လည်း ဆက်သွယ်၍ မရဖြစ်နေသူများလည်း ရှိပြီး တချို့မှာ လုပ်သင့်၊ မလုပ်သင့် ချင့်ချိန်နေသူများလည်းရှိသည့်အတွက် ထပ်မံ ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု PDF- Zoland မှ တာဝန်ရှိသူက ပြောသည်။ “သူတို့မှာလည်း မလွဲမရှောင်သာလို့သာ လုပ်ရတာ တချို့တွေ ရှိတယ်။၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ သူတို့ ဆင်ခြေတွေ ပေးမနေတော့ဘဲနဲ့ ပြည်သူတွေနဲ့ အမြန်ပူးပေါင်းပါလို့ တိုက်တွန်းချင်တယ်။ ဘယ်နေ့ ဘယ်အချိန်လဲတေ့ာ မသိဘူး။ မြို့သိမ်းတိုက်ပွဲမှာ စခန်းမှာ တွေ့ရင် ကျနော်တို့ ညှာမှာ မဟုတ်တဲ့အတွက်ကြောင့် သူတို့ မိသားစုအတွက်၊ မိတ်ဆွေအတွက် အသက်ရှိစေချင်တယ်။ နိုင်ငံအသစ် ထူထောင်တာမှာလည်း သူတို့ကို ပါဝင်စေချင်တယ်။ အဲဒါကြောင့် သူတို့ကို CDM လုပ်ဖို့ ထပ်မံဖိတ်ခေါ်ရခြင်းဖြစ်တယ်” ဟု သူက ပြောသည်။ စစ်သားနှင့် ရဲများအနေဖြင့် လက်နက်များ၊ ခဲယမ်းများနှင့် တကွ CDM ပြုလုပ်လာလျှင် လက်နက်တစ်လက်ကို အနည်းဆုံး သိန်း ၅၀ ၊ ခဲယမ်းကျည်များကိုလည်း ကာလပေါက်ဈေးနှင့် တွက်၍ ပေးမည်၊ အမျိုးအစား ပိုကောင်းသော လက်နက်ကို သိန်း ၅၀ နှင့်အထက်…

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်နေသည့် PDF Zoland ထံသို့ ပြည်တွင်း/ပြည်ပ ဇိုမီး (ချင်း) ပြည်သူများက AK-47 ချေးမှုန်ရေးရိုင်ဖယ်များ၊ လောင်ချာများနှင့် ကျည်ဆံထောင်ချီကို ပထမသုတ်အဖြစ် လက်နက် တပ်ဆင်ပေးခဲ့သည်ဟု သတင်းရရှိသည်။  AK – 47ချေးမှုရေးရိုင်ဖယ် ၁၀ လက်၊ ပါရိန် (လောင်ချာ) အမျိုးအစား ၂ လက်၊ ကျည်ဘောက် ၄၀ ခု၊ Ey အလုံး ၂၀ နှင့် ကျည်ဆံ ထောင်ချီကို ပထမသုတ်အဖြစ် PDF Zoland က လက်ရရှိခဲ့သည်ဟု ယင်းအဖွဲ့မှ ဓာတ်ပုံနှင့်တကွ ယနေ့ထုတ်ပြန်လာသည်။ “ဒါက ပထမအသုတ်ယူလာတာဖြစ်တယ်။ AK 47 က စုစုပေါင်း ၁၀ လက်ပါ။ ကျည်ကတော့ အသင့်အတင့်တော့ ရှိတယ်။ ထောင်နဲ့ချီပေါ့နော်။ ပမာဏကတော့ အတိအကျ ပြောလို့မရသေးပါဘူး။ နောက်အသုတ်မှာလည်း ရှိသေးတယ်။ ပြည်သူ တွေကနေပဲ ဆက်လက်ပြီးတော့ များများ ဝယ်နိုင်အောင် ခဲယမ်းတွေ သိန်းနဲ့ချီ ဝယ်နိုင်အောင်၊ မြို့တွင်း တိုက်ပွဲ စနိုင်ဖို့က ခဲယမ်းအလုံအလောက်ရှိမှ သိမ်းနိုင်မှာ ဆိုတော့ ဒီဟာကို နောက်အသုတ်မှာလည်း များများ ဝယ်နိုင်အောင် ပံ့ပိုးကူညီကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု PDF- Zoland မှ တာဝန်ရှိသူက ပြောသည်။ ပြည်တွင်း/ပြည်က ဇိုမီး(ချင်း)ပြည်သူများ၏ လက်နက်တပ်ဆင်ပေးမှုသည် ပထမသုတ်အဖြစ် PDF- Zoland ထံ ကောင်းမွန်စွာ ရောက်ရှိခဲ့ပြီး နောက်ထပ်အသုတ်များမှ လက်နက်ခဲယမ်းများ…

Read More

(004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အနောက်တောင်ပိုင်းရှိ စက္ကန့်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ် ရေးပူး ပေါင်းတပ်ဖွဲ့တို့အကြားဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတက်ဖွဲ့ဖက်က ၃ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း CDF-KKG ၊ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့များသည် အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်း ၈ နာရီခန့်တွင် ကလေးမြို့တောင်ပိုင်း မြို့လှ ရပ်ကွက်မှ စက္ကန့်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကာ ဒေသကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များဖြစ်သည့် CDF-KKG, CNDF (TZ), CNDF (NA), Kalay-PDF ပူးပေါင်းတပ်ဖွဲ့များနှင့် ၁ နာရီခန့်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု CDF-KKG က အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ပြန်သည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များသည်  တောင်ဖီလာတောင်ပေါ်မှ လက်နက်ကြီးများဖြင့် တရဆပ်ပစ်ကူခဲ့ခြင်း ကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ဒါဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ၎င်းဒါဏ်ရာရရှိသူများမှာ CDF-KKG မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရဒါဏ်ရာ) နှင့် CNDF (TZ) မှ ရဲဘော်တစ်ဦး ပြင်းထန်ဒါဏ်ရာရရခဲ့ကြောင်း သိရသည်။ “CNDF (TZ) က ရဲဘော်တစ်ဦး လက်နက်ကြီးကျည်စထိမှန်တော့ သူ့ရဲ့ မျက်လုံးတစ်ဘက် ထိခိုက်ထားတယ်၊ နောက် ပေါင်နဲ့ ဝမ်းဗိုက်မှာလဲ နဲနဲ ထိထားတယ်၊ သူ့ကို ဆေးကုသနိုင်ဖို့ ‌ပို့လိုက်ပြီ” ဟု ‌CDNF (TZ) နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ ထို့နောက် ယမန်နေ့…

Read More

(005MK) မြန်မာနိုင်ငံမှ တရားမ၀င်သယ်ဆောင်လာသော အရက်၊ ဘီယာနှင့် စီးကရက်များကို မီဇိုရမ်ပြည်နယ်တွင် ဒေသတွင်း အာဏာပိုင်များက ဖမ်းဆီးရမိသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် အောက်တိုဘာလ ၇ ရက်နေ့က အာသံရိုင်ဖယ်တပ်နှင့် အကောက်ခွန်ဌာနပူးပေါင်း၍ အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့သယ်လာသော အရက်၊ ဘီယာ နှင့် စီးကရက်များကို ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။ အာသံရိုင်ဖယ်နှင့် အကောက်ခွန်ဌာနပူးပေါင်းတပ်ဖွဲ့သည် သတင်းရရှိထားချက်အရ Zokhawthar နှင့် Melbuk ကျေးရွာ ကြားတွင် စစ်ဆေးရှာဖွေမှုပြုလုပ်ရာမှာ ရူပီးငွေ ၂၆ သိန်းကျော်တန်ဖိုးရှိသော စီးကရက် ၁၇ ဖာ၊ ဘီယာ ၈၈ ဖာ၊ ၀◌ိုင် ၁၆ ဖာနှင့် ၀◌ီစကီအရက်တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်း မြန်မာနိုင်ငံမှတဆင့် သယ်လာသော ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးမှုလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်မှာ ချင်းရိုးရာဓလေ့အတိုင်း သတိုးသမီးတင်တောင်းရာမှ အပြန်လမ်းတွင် ကားတိမ်းမှောက်မှုကြောင့် ကားနှင့်လိုက်ပါလာသူ ၆ ဦးလုံး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ တီးတိန်မြို့နယ်၊ Thal Maul ကျေးရွာမှ သတိုးသား၏ ဆွေမျိုးများသည် တီးတိန်မြို့ပေါ်ရှိ သတိုးသမီးအိမ်သို့ ယမန်နေ့ အောက် တိုဘာလ ၇ ရက်က သတိုးသမီးတင်တောင်းရာမှ အပြန် ညနေ ၅ နာရီခွဲခန့်တွင် ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “မင်္ဂလာဆောင်တဲ့ ၂ ဦးက မလေးရှားမှာ ရောက်နေတာ ။ ဒီဘက်မှာရှိတဲ့ သူ့မိဘတွေက ချင်းရိုးရာထုံစံအတိုင်း မနေ့က ရွာဘက်ကနေ တက်လာပြီး မိန်းကလေးကို တင်တောင်းတာဖြစ်တယ်။ တင်တောင်းပြီး အစီအစဉ်တွေ ပြီးတဲ့အချိန် ဆိုင်ကယ်မစီးနိုင်တဲ့ သက်ကြီးရွယ်အိုနဲ့ မိန်းကလေးတွေပါ ၆ ဦးက ကားတစ်စီးနဲ့ တီးတိန်းကနေ Thal Maul ကျေးရွာကို ပြန်ကြတယ်။ ကျေးရွာအနားကို မရောက်ခင်မှာ ကားတိမ်းမှောက်ပြီးတော့မှ ခြောက်ယောက်စလုံး ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါအဝင် သတိုးသား၏ ဆွေမျိုးများထဲမှ ကားနှင့် လိုက်ပါလာသူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ အားလုံး သေဆုံးခဲ့သည်ဟု ဒေသခံက ပြောသည်။ အဆိုပါဖြစ်စဉ်ကြောင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် သတိုးသားနှင့် သတိုးသမီးမှာ ယနေ့ အောက်တိုဘာ ၈ ရက်တွင် မလေးရှားနိုင်ငံ EBC KL ဘုရားကျောင်းမှာ…

Read More

(006SV) လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး တော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုနှင့် ပြောဆိုဆက်သွယ်မှုကြောင့် ချင်းအပါအဝင် နိုင်ငံတဝန်းက အရပ်သားပြည်သူ ၁၃၀၀ ကျော် ဖမ်းဆီးခံရသည်ဟု Data For Myanmar က ယနေ့ သတင်းထုတ်ပြန်သည်။ တော်လှန်ရေးအဖွဲ့များကို လူမှုကွန်ယက်ပေါ်တွင် ထောက်ခံရေးသားမှုများနှင့် ပြောဆိုဆက်သွယ်မှုကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခံရသော ပြည်သူများသည် လစဉ်ပျှမ်းမျှ ၆၅ ဦးခန့်ရှိပြီး ၂၀၂၂ ခုနှစ် ၄ လအတွင်းမှာပင် ပြည်သူ ၅၀၀ ကို ဖမ်းဆီးခဲ့သည်ဟု Data For Myanmar ၏ အစီရင်ခံစာက ဆိုသည်။ ၂၀၂၂ ဖေဖော်ဝါရီမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ စစ်ကောင်စီက ပြည်သူ ၁၃၁၆ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူ ထက်ဝက်နီး ပါးက ရန်ကုန်နှင့် မန္တလေးတို့က ဖြစ်၍ လူပေါင်း ၆၀၀ ကျော်ရှိသည်ဟု ယင်းက ထုတ်ပြန်သည်။ ဖမ်းဆီးခံရသော ပြည်သူများမှာ ရန်ကုန်က ၃၂၃ ဦး၊ မန္တလေးက ၂၈၄ ဦး၊ ပဲခူး (အရှေ့) က ၁၀၄ ဦး၊ မကွေးက ၉၃ ဦး၊ ဧရာဝတီက ၇၈ ဦး၊ ပဲခူး (အနောက်) က ၆၉ ဦး၊ မွန်က ၆၂ ဦး၊ တနင်္သာရီက ၅၉ ဦး၊ စစ်ကိုင်းက ၅၃ဦး၊ နေပြည်တော်က ၄၂ ဦး၊ ရှမ်း(တောင်)က…

Read More

(005MK) ကလေးမြို့အနောက်တောင်ဘက် စက္ကန့်ကျေးရွာက မြေးအဖွားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲက သတ်ဖြတ်ပြီး နေအိမ်နှင့်အတူ မီးရှို့ခဲ့သည် ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့မနက်ပိုင်းက စက္ကန့်ကျေးရွာထဲသို့ ၀င်ရောက်ကာ လူနေအိမ်များ မီးရှို့ဖျက်ဆီးကာ ရွာထဲကနေ ထွက်ပြေးရန်ပြင်ဆင်နေသော မြေးအဖွားနှစ်ဦးကို ဖမ်းဆီး၍ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့်နီးစပ်သောသတင်းရင်းမြစ်ထံမှသိရသည်။  သေဆုံးသွားသော မြေးအဖွား ၂ ဦးမှာ အသက် ၆၅ နှစ်အရွယ်ဒေါ် Neih Hnem နှင့် အသက် ၁၄ နှစ်အရွယ် Van Bawi Lian တို့ဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မြေးအဖွားနှစ်ဦးကို သတ်ဖြတ်ပြီးနောက် နေအိမ် နှင့်အတူ မီးရှို့ခဲ့ကြသည်ဟု သိရသည်။ မသန်စွမ်းအမျိုးသားတစ်ဦးလည်း ရွာထဲမှာကျန်ရစ်ပြီး ယခုချိန်ထိ ရှာမတွေ့ကြသေးပဲ သေသလား ရှင်သလား မသိရကြောင်း CNO UCR ကထုတ်ပြန်သည်။ ချင်းတောင်ခြေတွင်တည်ရှိသော စက္ကန့်ကျေးရွာသည် အိမ်ခြေ ၆၀၀ ခန့်ရှိပြီး ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့က ယနေ့ အောက်တိုဘာ ၇ ရက်မနက်ပိုင်းကတည်းက ကျေးရွာအတွင်းရှိနေအိမ်းများ စတင်မီးရှို့ခဲ့ပြီး လူနေအိမ်ခြေ ၁၀၀ နီးပါးခန့်ပျက်စီးမည်ဟုခန့်မှန်းကြသည်။ ယခုနှစ် ဇန်န၀◌ါရီလ ၅ ရက်နေ့ တုန်းကလည်း စက္ကန့်ကျေးရွာက နေအိမ် ၈၀ ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

Read More