(04SS) ချင်းပြည်နယ်၊ တွန်ဇံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့ကို ဖဝရမ်းထုတ်ထားကြောင့် CDF-Tonzang က ယနေ့ဇူလိုင် ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါ အရာရှိ ၂ ဦးသည် NUG သမ္မတဒူဝါလရှီးလ၏ အမိန့်ထုတ်ပြန်ချက်ဖြစ်သော ကျောင်းများဖွင့်လှစ်ခြင်းမပြုရန်နှင့် ရုံးတက်ခြင်းမပြုလုပ်ရန်ဟူသော တားမြစ်ချက်များကို လိုက်နာခြင်းမရှိသည့်အပြင် CDF-Tonzang တပ်ဖွဲ့ကို ပြင်းထန်သော စကားလုံးများ အသုံးပြုပြောဆိုလာသောကြောင့် ယခုကဲ့သို့ ဖမ်းဝရမ်းထုတ်ရခြင်းဖြစ်သည်ဟု CDF-Tonzang ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ CDF-Tonzang တပ်ဖွဲ့အနေဖြင့် ၎င်းတို့စိုးမိုးနယ်မြေဖြစ်သော တွန်းဇံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ရုံးများ၊ စာသင်ကျောင်းများအား ဖွင့်လှစ်ခြင်းမပြုကြရန် အကြိမ်ကြိမ် အမိန့်ထုတ်ပြန်တားမြစ်ပြီးသားဖြစ်သည်ဟု ဆိုသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့နှစ်သည် ချင်းလူမျိုးပီပီ တွန်းဇံမြို့နယ်၏ တိုးတက်ရာတိုးတက်ကြောင်းကို တာဝန်ယူ ဆောင်ရွက်သူဟု ယူဆခဲ့သောကြောင့် လွယ်လင့်တကူ အရေးယူခြင်းမပြုဘဲ ရှောင်ရှားပေးခဲ့သော်လည်း နွေဉီးတော်လှန်ရေးသိက္ခာ ကျဆင်းစေသည့်အပြင် CDF-Tonzang တပ်ဖွဲ့ကို စိန်ခေါ်သောစကားများပြောဆိုမှုများ ရှိလာခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် စစ်ကောင်စီလက်အောက်ခံ တွန်းဇံ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူး နှစ် ဉီးတို့အား ယနေ့မှစ၍ CDF-Tonzang တဖွဲ့မှ ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။
Author: Editor
Salai Vakok ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီ၏ ယန္တရားကို လည်ပတ်စေပြီး ပြည်သူ့အုပ်ချုပ်ရေးကို ထိခိုက်စေသည့် Non-CDM ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကန်ပက်လက်မြို့နယ်၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၄ ရက်မှာ ကြေညာလိုက်သည်။ “အမည်ပျက်ကြေငြာခံရတဲ့သူတွေကို CDF ဂိတ်ဖြတ်သန်းခွင့် ပေးမှာ မဟုတ်ဘူး။ သူတို့ကို ထပ်ဆောင်းပြီးမှ အရေးယူမှုတွေ လုပ်သွားမှာပါ။ ဘာလို့ဆိုတော့ ကန်ပက်လက်မှာ စကစ ကျောင်း၊ တကျောင်းမှ မရှိစေရဘူး။ ဒါပေမဲ့ NonCDM ကို အရေးယူချင်တဲ့ ဆန္ဒနဲ့ အခုက ပထမ ဦးစားပေးမဟုတ်ပါဘူး။ ဘယ်သူက CDM ဝင်တယ်၊ ဘယ်သူက Non CDM ဖြစ်နေတယ်ဆိုတာ ဝေဝါးနေတဲ့အတွက် ဒီစာရင်းကို ကြည့်ပြီး ဆက်သွယ်စုံစမ်းလို့ ရအောင်ပါ”လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။ ယနေ့ အမည်ပျက်ဝန်ထမ်းအဖြစ် ကြေညာခံရသူများသည် ကန်ပက်လက်မြို့နယ် ပညာရေးဌာန၏ ဝန်ထမ်း ၈၀၀ ကျော်ထဲမှ Non- CDM အဖြစ် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်း (၃၂၂) ဦးကို ထုတ်ပြန်ခြင်းဖြစ်သည်။ သို့သော် ယခုစာရင်းမှာ ပါဝင်နေသော CDM ဝန်ထမ်းများ ရှိပါက ခိုင်လုံသော အထောက်အထားဖြင့် CDM/Non-CDM စုံစမ်းစစ်ဆေးရေးကော်မတီထံသို့ အယူခံဝင်ခွင့်ရှိသည်ဟု သိရသည်။ အမည်ပျက်ဝန်ထမ်းအဖြစ် ကြေညာခံရသူများသည် စစ်ကောင်စီလက်အောက် ကျောင်းများမှာ စာသင်နေသူများ (Non-CDM)၊ CDM လုပ်သည်ဟု ပြောပြီ လစာခိုးထုတ်နေသူများနှင့်…
(04SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၃ ရက်ကစ၍ ပိတ်ပင်ထားသည်ဟုသိရသည်။ ခရီးသွားပြည်သူများအား စစ်ဆေးဖမ်းဆီးမှုများလုပ်ဆောင်နေသော ကလေး-တီးတိန်ကားလမ်းပေါ်က သိုင်ငင်းကျေးရွာ အနီးတွင် စခန်းချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်မည်ဟု CDM-Siyin တပ်ဖွဲ့မှ ကြေညာခဲ့ပြီးနောက် ၄ ရက်မြောက်နေ့ ဇူလိုင် ၃ ရက်နေ့မှစတင်ကာ ကလေးမြို့မှ ချင်းတောင်သို့ ယာဉ်ထွက်ခွါခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်ထားခြင်း ဖြစ်သည်။ “ကျွန်တော်တို့ သိုင်ငင်းစစ်တပ်ကင်းစခန်းပစ်မယ်လို့ ထုတ်ပြန်လိုက်ပြီးတဲ့နောက် ၈ မိုင်ကနေ မထွက်ခိုင်းတော့ဘူး၊ ခရီသွားသူတွေကို ကလေး-သိုင်ငင်းကြားမှာ PDF တွေအများကြီးရှိတယ် နင်တို့ကို ပစ်လိမ့်မယ်ဆိုပြီး ခြိမ်းခြောက်တာ တွေရှိတယ်လို့ကြားတယ်ပေါ့နော်။ တကယ်တမ်းတော့ သူတို့က စစ်ကြောင်းထိုးဖို့ တက်ချင်နေတာလို့ကြားတယ်” CDM-Siyin တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကလေး-တီးတိန်ကားလမ်းမပေါ်တွင်တည်ရှိသော သိုင်ငင်းကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းသည် ခရီးသွားပြည်သူ များထဲမှ လူငယ်များကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ရိုက်နှိက်ခြင်းများ ပိုမိုပြုလုပ်လာသောကြောင့် စစ်ကောင်စီတပ်စခန်းကို သွားရောက်ပစ်ခတ်ရန်နှင့် ဒေသခံများအား လုံခြုံသည့်နေရာများသို့ ရှောင်ပေးရန် CDM-Siyin က ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ သိုင်ငင်းကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းတွင် ဖမ်းဆီးခံရသော ခရီးသွားလူငယ်များသည် ယနေ့ချိန်ထိပြန်လည်လွ တ်မြောက် လာခြင်းမရှိပဲ တပ်စခန်းတွင်ဆက်လက်ထိန်းသိမ်းထားဆဲဟုသိရသည်။ ယခုလက်ရှိတွင် သိုင်းငင်စစ်ကောင်စီ တပ်စခန်းတွင် စစ်ကောင်စီတပ်သား အင်အား ၄၀ မှ ၆၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။ သိုင်ငင်းရွာသည် ကလေးမြို့မှ ချင်းပြည်နယ်…
Salai Vakok ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ သံချပ်ကာ ယာဉ် ၂ စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့ခြင်းကြောင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျပ်ငွေသိန်း ၄၀၀၀ ကို ဂုဏ်ပြုချီးမြှင့်ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၄ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၂ ကြိမ်မြောက်၊ အစိုးရအဖွဲ့အစည်းအဝေးမှာ စိစစ်ချီးမြှင့်ရေးအဖွဲ့ က လေ့လာသုံးသပ်စိစစ်ကာ ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ (CDFs) တို့၏ တာဝန်ရှိသူများကို ချီးမြှင့်ခဲ့သည်ဟု အမျိုးသားညီညတ်ရေးအစိုးရက ထုတ်ပြန်သည်။ “ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အားလုံး အံ့ဩ ဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်။ ဒီလို ကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ အပါအဝင် တိုင်းပြည်အာဏာကို စစ်တပ်က မတရား လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စလို့ ဒီတော်လှန်ရေးကြီးမှာ မဆုတ်မနစ် ဇွဲသတ္တိရှိရှိနဲ့ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ချင်းအမျိုးသားများ အားလုံးကိုလည်း အထူး လေးစားဂုဏ်ယူ ကြောင်း ပြောကြားလိုပါတယ်”ဟု NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်က ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်က စစ်ကောင်စီ၏ သံချပ်ကာယာဉ် (၂) စီးနှင့် ယာဉ်တန်းကို တိုက်ခိုက်ဖျက်စီးနိုင်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုများလည်း ရှိသည်။ ထို့ကြောင့်…
Salai Vakok ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ နဂိုမူလနိုင်ငံရေး ရပ်တည်ချက်လမ်းစဉ်ဖြင့် စစ်အုပ်စု ကို ပြန်လည်တော်လှန်ခုခံသွားမည်ကိုကြိုဆိုပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် ကလလတနှင့်အတူ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ဇူလိုင်လ ၃ ရက်က ထုတ်ပြန်သည်။ နှစ်ပေါင်း ၃၀ ကျော်ကြာ စစ်အုပ်စုနှင့် လက်တွဲလာခဲ့သော ကလလတသည် စစ်အုပ်စု၏ မြန်မာ့နိုင်ငံရေးအပေါ် ရပ်တည်ချ က်သဘောထားအမှန်ကိုသိရှိပြီး ယခုကဲ့သို့ စစ်အုပ်စုကို တကျော့ပြန်တော်လှန်တိုက်ပွဲဝင်လာခဲ့ခြင်းကို စံနမူနာယူလျက် စစ်အုပ်စုနှင့် နိုင်ငံရေး၊ စစ်ရေး၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦးက တိုက်တွန်းသည်။ တော်လှန်ရေးကာလ တိုင်ပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်တည်းဆုံးချိန်တွင် ကလလတ၏ တကျော့ပြန် တော်လှန်စစ်သည် နိုင်ငံရေးယုံကြည်ချက်၊ ခံယူချက် တူညီသော တော်လှန်ရေးအင်အားစုများအတွက် အားသစ်တရပ် ထပ်မံရရှိသည်ဟု CNF က ဆိုသည်။ ထို့အပြင် စစ်အာဏာရှင်ကို ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ပြည်သူဘက်မှ ရပ်တည်၊ ပူးပေါင်းကာ စစ်အုပ်စုကို တော်လှန်တိုက်ပွဲဝင်ကြရန် ချင်းအမျိုးသားတပ်ဦး (CNF) က တိုက်တွန်းသည်။ လွတ်လပ်မှု၊ တန်းတူမှုနှင့်တရားမျှတမှုရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် ကလလတအပါအဝင် ညီနောင်တော်လှန်ရေးမိတ်ဖက်များနှင့်အတူ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု သိရသည်။ ကလလတသည် ဇွန်လ ၁၃ ရက် ကရင်နီပြည်၊ မယ်စဲ့မြို့က စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တို့နှင့်အတူ…
Salai Vakok ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တဝန်းလုံးတွင် မူးယစ်ဆေးဝါးနှင့် အရက်၊ ဘီယာ စသည့် မူးယစ်စေတတ်သော ပစ္စည်းများအား သယ်ဆောင်ရောင်းချခြင်းများကို တွေ့ရှိပါက ထိရောက်စွာအရေးယူသွားမည်ဟု ချင်းကာကွယ်ရေးတပ် (မင်းတပ်)က ယနေ့ ဇူလိုင် ၄ ရက် မှာသတင်းထုတ်ပြန်သည်။ “ထုတ်ပြန်ရတဲ့ အကြောင်းရင်းက မင်းတပ်- ကျောက်ထု လမ်းကို လုံးဝ စိုးမိုးသွားပြီးဆိုတဲ့ သဘောပေါ့နော်။ အရင်တုန်းက မထိန်းချုပ်နိုင်သေးတဲ့အတွက် မင်းတပ်မြို့ထဲကို မူးယစ်ဆေးဝါးတွေ၊ အရက်သေစာတွေ ဝင်တာကို မတားနိုင်ဘူး။ နယ်တွေမှာ ပိတ်ထားတဲ့အတွက် တချို့နယ်တွေက မြို့ပေါ်က ယူပြီးမှ သောက်သုံးမှုတွေလည်း ရှိလာတယ်။ အခုက တမြို့နယ်လုံးကို ပိတ်ပစ်လိုက်တာပေါ့နော်။ အရင်က စိုးမိုးထိန်းချုပ်ထားတဲ့ နယ်တွေကိုပဲ ပိတ်တယ်။ အခုက မြို့ပေါ်ကိုပါ ထပ်ပိတ်တာ”ဟု ချင်းကာကွယ်ရေးတပ် (မင်းတပ်) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် တိုက်ပွဲများဖြစ်ပွားကတည်းက ချင်းကာကွယ်ရေးတပ် (မင်းတပ်) စိုးမိုးထိန်းချုပ်ထားသည့် မင်းတပ်မြို့နယ်ထဲက မင်းတပ်- မတူပီ လမ်းမကြီးအပါအဝင် ကျေးရွာများတွင် မူးယစ်စေတတ်သော ပစ္စည်းများ သယ်ဆောင် ရောင်းချခြင်းကို ပိတ်ပင်ခဲ့သည်ဟု သိရသည်။ “အဲဒီနယ်မြေမှာ ထိန်းသိမ်းထားတာက တော်လှန်ရေးကာလဖြစ်တဲ့အတွက် လူငယ်တွေရော၊ ရဲဘော်တွေမှာ သောက်စား မူးယစ်မှု မရှိအောင်၊ မလိုအပ်တဲ့ ပြသနာတွေ မဖြစ်အောင် တားထားတာ နှစ်နှစ်ကျော်ပြီ” ဟု ဆလိုင်းဟာအွမ်းက ပြောသည်။ ယခုအခါ စစ်ကောင်စီက မကြာခဏ စစ်ကြောင်ထိုးနေသည့် မင်းတပ် – ကျောက်ထုလမ်းကို…
(06LY) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ပိုမိုပြုလုပ်လာခြင်းကြောင့် ပြည်သူတွေ မဖြစ်မနေ (မဖြစ်မနေ) ဗုံးခိုကျင်းတွေ အမြန်တူးကြဖို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချပ်ရေးအဖွဲ့က ထပ်မံသတိပေးထုတ်ပြန်သည်။ “ဇွန်၂၈ ရက်နေ့က လုပ်ခေးရွာကို ဗုံးကြဲတယ်။ လက်နက်ကြီးနဲ့ ငါးကြိမ်ပစ်တယ်။ ၂၈ ရက်မှာပဲ (ဒေါနတူးရွာ) ရောနတူးရွာကို လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ ဇူလိုင်လ ၁ ရက်မှာပဲ တိုက်နယ် ၃ က ရွာတရွာကို လက်နက်ကြီးနဲ့ လှမ်းထုတယ်။ အဲလို လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းက ဗုံးကြဲတာ ခပ်စိတ်စိတ် ဖြစ်နေတဲ့အတွက်ကြောင့် အရင်က ထုတ်ပြန်ပေမဲ့ လိုက်နာမှု အားနည်းတာကြောင့် ထပ်မံ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု မင်းတပ်မြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။ ယခုရက်ပိုင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုမရှိပေမဲ့ ဘာသာရေးအဆောက်အအုံအပါအဝင် အရပ်သားနေအိမ်တချို့ ပျက်စီးသည်ဟု ကိုယောမာန်က ပြောပါသည်။ မင်းတပ်မြို့နယ်အတွင်းရှိ ချပ်၊ စွန်တောင်၊ ပလိပ်ထွီ၊ ရောင်လောင်း၊ ပန်းပါနဲ့ လုပ်ခေးကျေးရွာ၊ မင်းတပ်-မတူပီကား လမ်းမပေါ်ရှိ စခန်းများကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုက်နယ်အမှတ် ၂၊ ၃ နဲ့ ၄ အတွင်းသို့ လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဇူလိုင်လ ၁ ရက်က ထုတ်ပြန်သည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူများ အသက်ဆုံးရှုံးခြင်း၊ ဒဏ်ရာရရှိခြင်းများဖြစ်ပေါ်နေပြီး ဗုံးခိုကျင်းများ ဆောလျင်စွာ…
(04SS) ချင်းပြည်နယ်၊ ဟားခါးနှင့် ထန်တလန်အကြား သီမြစ်လွင်ပြင်တဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ယနေ့မနက်ပိုင်း လင်းအားကြီးချိန်ကစ၍ တိုက်ပွဲဖြစ်ပွါးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်၂ ဦးကျဆုံးပြီး ဒါဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ အာရုံဦးအချိန်တွင် ဟားခါး-ထန်တလန်အကြား သီတာရွာသို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲပြီးနောက် သီမြစ်လွင်ပြင်တဝိုက်က ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆရသောနေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ နာရီဝက်ကျော်ကြာ နှစ်ဘက် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဟု သိရသည်။ “ဒီနေ့မနက်အစောကြီး မိုးမလင်းခင်အထိ တောက်လျှောက် ပစ်ခတ်တယ်၊ သီတာရွာကို ဂျက်ဖိုက်တာက ဗုံးလာကြဲတယ်။ ပြီးတော့မှ သီမြစ်ဘက် ဒေသကာကွယ်ရေးတပ်စခန်းကို သူတို့ လာပစ်တယ်။ အဲမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာပေါ့။ အဲမှာ CDF-Thantlang က ရဲဘော် ၁ ဦး နဲ့ CDF-Zophei က ရဲဘော်၁ ဦး ကျဆုံးတာပေါ့နော် ပြီးတော့ ဒါဏ်ရာရတဲ့သူ ၆၊၇ ယောက်လောက်ရှိတယ်။ စစ်သားတွေကတော့ ဘယ်လောက်သေတယ် ဆိုတာအတိအကျတော့ ပြောလို့ မရပေမဲ့ ထိခိုက် သေဆုံးမှု များမယ်၊ ဘာလို့လဲဆိုတော့ တိုက်ပွဲက အနီးကပ် ပစ်ခတ်တာဆိုတော့ အဲလိုပြောနိုင်တာပေါ့” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ဦးကပြောသည်။ ယခုမနက်ပိုင်း ဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့ရှိ လွတ်လပ်ရေးကျောင်တိုင်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့ကြောင်းလည်း သိရသည်။ လွန်ခဲ့သည့် မေလ ၂၅ ရက်နေ့မှစတင်ကာ သီမြစ်လွင်ပြင်အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး…
(03PT) ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ် ရွှေအောင်သာကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ အများပြား ဒဏ်ရာရှိပြီး CDF-Mindat က ထုတ်ပြန်သည်။ ရွှေအောင်သာကျေးရွာရှိ နှော်စေတီကုန်းအနီးတစ်ဝိုက်တွင် ဇွန်လ ၂၆ ရက်နေ့ နံနက် ၇ နာရီမိနစ် ၂၀ မှ ၈ နာရီခွဲအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ် (CDF-Mindat) တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ အများပြား ဒဏ်ရာရရှိပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်အဖွဲ့ဖက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိတယ်လို့ CDF-Mindat က ဆိုသည်။ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်မှ Jet-Fighter ယဉ်အမျိုးစား နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၇ နှစ်ကြိမ် လုပ်ဆောင်သော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဖက်မှ အထိခိုက်အကျဆုံးမရှိကြောင်း သိရသည်။ ထို့အပြင် မင်းတပ်မြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်သေဆုံးအခြေအနေ အတည်မပြုနိင်သေးကြောင်း သိရသည်။
(04SS) စစ်ကိုင်းတိုင်း၊ တမူးမြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွါးမှုကြောင့် တမူးမြို့ပေါ်သို့ ကားအဝင်/အထွက်လမ်းများပိတ်ကာ စားသောက်ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ထိုသို့ စားသောက်ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေသည်သာမက အချို့စားသောက်ကုန်များ ပြတ်လပ်နေပြီဖြစ်ကာ ယခုလက်ရှိတွင် ဒေသခံပြည်သူများ သည် တမူးနယ်ထွက် သီးနှံများနှင့် လက်ကျန်ကုန်ပစ္စည်းများသာ အဓိကအားထားနေကြရကြောင်း သိရသည်။ “အခုက လမ်းပိတ်တော့ ကလေးမြို့ဘက်ကနေ ဘာမှမရောက်တော့ဘူးလေ ဟင်းသီးဟင်းရွက်တေကတော့ အခုတမူးမှာရှိတာတွေပဲ စားနေကြရတာပေါ့နော။ အခုဆိုလဲ ရှိတဲ့ဟာတေက စျေးတက်ကုန်ပြီ တစ်ချို့ကလဲ ဝယ်စရာ သိပ်မရှိတော့ဘူး” ဟု တမူးဒေသခံတစ်ဦးကပြောသည်။ ယခုလက်ရှိ တမူးမြို့ပေါ်ရှိ အခြေခံစာသောက်ကုန်စျေးနှုန်းအချို့မှာ ခရမ်းချဉ်သီး ၁ ပိဿာ- ၁၂၀၀၀ ကျပ်၊ အာလူး ၁ ပိဿာ – ၁၀၀၀၀ ကျပ်၊ ကြက်ဉ ၁လုံး – ၅၀၀-၆၀၀ ကျပ်၊ အမဲသား၊ ဝက်သား ၁ ပိဿာ – ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ ဧရာမင်းကော်ချက်ဆန် ၁ အိတ်- ၈၆၀၀၀ – ၉၀၀၀၀ ကျပ် စသည်ဖြင့် အသီးသီးရှိကြကာ ခရမ်းချဉ်သီး၊ ကြက်ဉစသည်တို့မှာ ဝယ်ယူရန်ပင် ခက်ခဲကြောင်း ဒေသခံများထံမှ သိရသည်။ ထိုသို့ ကုန်စျေးနှုန်းများမြင့်တက်နေရခြင်းမှာ လွန်ခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ခန့် မှစတင်ကာ တမူး-ကလေးနယ်စပ်၊ တမူး-မိုးရေးနယ်နယ်စပ် စသည့် မြို့စွန် မြို့ဖျား နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်မာလျက်ရှိပြီး တမူး-ကလေးလမ်းမပေါ်ရှိ ပန်းသာတံတားဖျက်ဆီးခံရမှုကြောင့် ကား…
