Author: Editor

(006SV) အာရက္ခတပ်တော် ULA/ AA သိမ်းပိုက်ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ တိုက်နယ်တွင် ကုန်သည်များအပါအဝင် ဒေသခံ ၃၀၀ ဝန်းကျင်သည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကူးစက်ရောဂါ ဖြစ်ပွားနေပြီး ၃၀ ဦးမှာ အတွင်းလူနာအဖြစ် ကုသမှု ခံယူနေသည်ဟု သိရသည်။ ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယနိုင်ငံ၊ လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာ၊ တွီဒန်းကျေးရွာ၊ လုံတင်းကျေးရွာများမှ အစပျိုးဖြစ်ပွားလာသော ပြင်းထန်ဝမ်းပျက်ကူးစက်ရောဂါသည် ရှင်းလက်ဝတိုက်နယ်က ဒေသခံများ၊ ကုန်သည်များကို ကူးဆက်ခံရခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် အတွင်းလူများတွင် ပြန်လည်သက်သာလာမှုများလည်း ရှိနေပြီဖြစ်ကြောင်း ULA/ AA ၏ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက နိုဝင်ဘာလ ၁၂ ရက်က ထုတ်ပြန်သည်။ ULA/ AA သည် ပလက်ဝမြို့နယ်ကို ခရိုင်တစ်ခုအဖြစ် သတ်မှတ်၍ အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင် ရွက်နေရာ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှ အရေးပေါ် တုန့်ပြန်ရေးဆေးအဖွဲ့သည် ပလက်ဝခရိုင်မှ ဒေသအစိုးရအဖွဲ့များ၊ NGO/ CSO များနှင့် ပူးပေါင်း၍ ဆေးဝါးကုသခြင်း၊ ရောဂါမပြန့်ပွားအောင် ထိန်းချုပ်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို ချက်ချင်း လုပ်ဆောင်နေသည်ဟု သိရသည်။ နိုဝင်ဘာလ ၄ ရက်မှ စတင်၍ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ကူးဆက်လူနာ အသစ် ၅ ရာခိုင်နှုန်းအောက်သို့ လျှော့ကျလာသည်ကို တွေ့ရှိရပြီး ကူးဆက်မှု နှုန်းလည်း ကျဆင်းလာသည်ဟု ထုတ်ပြန်သည်။ ပလက်ဝမြို့နယ်နှင့် ဆက်စပ်ဒေသများမှ အန္တရာယ်ရှိသော အုပ်စု…

Read More

(005MK) ပလက်ဝစစ်ဘေးရှောင်အများစုနေထိုင်ကြသော မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲက ကာကီကျေးရွာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦး ယနေ့ မနက်ပိုင်းတွင် ထပ်မံသေဆုံးခဲ့သည်။ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာမှာ နိုဝင်ဘာလဆန်းပိုင်းကစ၍ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့ကြပြီး နိုဝင်ဘာလ ၄ ရက်၊ ၉ ရက် နှင့် ၁၁ ရက်နေ့တို့က ဒေသခံ ၂ ဦး နှင့် စစ်ဘေးရှောင် ၂ ဦးတို့ သေဆုံးခဲ့ ကြပြီးဖြစ်သည်။ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၄ နာရီဝန်းကျင်တွင် အသက် ၁၄ နှစ်အရွယ်ရှိသော Chawlithaw ထပ်မံသေ ဆုံးခဲ့သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာဖော်ပြသည်။ အလားတူ ရှာဟာခရိုင် Lungdar ကျေးရွာမှာလည်း ယနေ့မနက်ပိုင်းက ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လူတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ကာကီကျေးရွာတွင် ဝမ်းရောဂါကူးစက်မှုကြောင့် လက်ရှိမှာလည်း လူနာအယောက် ၃၀ ကျော်ရှိနေကြောင်းသိရသည်။ ကျေးရွာလူငယ်အဖွဲ့က ကာကီကျေးရွာကို Lockdown ချထားပြီး ကျန်းမာရေးဌာနကလွဲ၍ မည်သူမျှ ဝင်ထွက်သွားလာ ခွင့်မပြုကြောင်း သိရသည်။ ကာကီကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသောကျေးရွာဖြစ်ပြီး ပလက်ဝမြို့နယ်က စစ်ဘေးရှောင် ၅၀၀ ကျော်နေထိုင်ကြသည်ဟု သိရသည်။

Read More

ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်သည့် ကနေဒီတောင်၊ သိုင်းငင်းတို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ် (006SV) အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေ ရှိသည့် ချင်းမြောက်ပိုင်း ဒေသများကို စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် မြေပြင်ထိုးစစ်များ ပြုလုပ်နေကြောင်း သိရသည်။ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ချင်းမြောက်ပိုင်းဒေသကို စစ်ကော်မရှင်တပ်က တီးတိန်း၊ ကလေး၊ ဝေဘူလ စသည့်တို့မှ စစ်ကြောင်း ၃ ကြောင်းဖြင့် အင်အားရာချီအသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ “ဖလမ်းကို အဓိက ဦးတည်နေတယ်။ တီးတိန်ဘက်ကလည်း သိုင်းငင်းကနေ ဆင်းလာတယ်။ ကလေးဘက်နေလည်း လာနေတာ ရှိတယ်။ ပြီးရင် နတ်ချောင်း၊ ဝေဘူလမြို့ဘက်ကနေလည်း ဖလမ်းမြို့ကို ဦးတည်လာနေတဲ့ စစ်ကြောင်းက အတော်နီးကပ်လာပြီ။ ဗားရ်တံတားနဲ့ နီးကပ်လာပြီးလို့ ပြောလို့ ရတယ်။ အနေအထားကတော့ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက် ဝန်းကျင်မှာ လုပ်မယ့် ရွေး ကောက်ပွဲ တတိယအပိုင်းမှာ ထန်တလန်၊ ဖလမ်း၊ တွန်းဇံ စတဲ့ ဒီ ၃ မြို့နယ်ကို ထည့်ချင်လို့ အပြင်းအထန် တိုက်စစ်ဆင်နေတဲ့ အနေအထားမျိုးပဲ၊၊ သေချာတာက စစ်တပ်က ဒုတိယပိုင်းမှာ ရွေးကောက်ပွဲ လုပ်စရာ မရှိဘူး။ အဲတော့ တတိယပိုင်းမှာ လုပ်မယ်။ ၉ မြို့နယ်မှာ ၅ မြို့နယ်ကို ရအောင် လုပ်သွားမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ အင်အားသုံး စစ်ကြောင်းထိုးလာတဲ့ အနေအထားမျိုး ပါ”ဟု CDM ဗိုလ်ကြီး ဇင်ယော်က…

Read More

(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး အခြေခံစားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။ သိုင်းငင်းသို့ ကလေးမြို့နှင့် တီးတိန်မြို့တို့မှ နှစ်ဖက်ညှပ်၍ ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်ကြောင့် အောက်တိုဘာလမှ စတင်၍ ကလေး – သိုင်းငင်း – တီးတိန်း လမ်းမပေါ်က ဒေသခံပြည်သူများသည် စစ်ဘေးရှောင်နေရသည်ဟု CDF – CDM Siyin ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “မွှာလ်ပီးကနေ အာလွယ်၊ ပြီးတော့ အကုန်လုံးက စစ်ဘေးရှောင်ကြတယ်၊၊ ဘယ်သူမှ ရွာထဲ မဝင်နိုင်ဘူးပေါ့။ ဒေသခံ လူဦးရေက ၂၀၀၀ ကနေ ၃၀၀၀ ကြားလောက်ရှိမယ်။ သူတို့ကတော့ အထူးသဖြင့်က အရေးပေါ် စားနပ်ရိက္ခာ လိုပါတယ်။ ပြီးတော့ အမိုးအကာ လိုအပ်တယ်။ ဆေးဝါးတွေလည်း လိုပါမယ်။ စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေလည်း များတယ်။ ကလေးသူငယ်တွေလည်း များတယ်” ဟု CDF – CDM Siyin ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ တီးတိန်မြို့နယ်ထဲက မွှာလ်ပီး၊ တုန်းဆမ်း၊ ထီးဇန်၊ ဟိုန်ဇန်၊ သိုင်းငင်း၊ ဆွလင်၊ ဘဲကန့်၊ အာလွယ် စသည့် ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံပြည်သူ ၂၀၀၀ မှ ၃၀၀၀ ကြားသည် အိုးအိမ်စွ့န်ခွာကာ စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု သိရသည်။ ချင်းပြည်မြောက်ပိုင်းတွင် အင်အား ရာချီဖြင့် စစ်ကြောင်းထိုးနေသော…

Read More

(005MK) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ထဲက ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြသော မီဇိုရမ် ပြည်နယ် လောင်တလိုင်ခရိုင်ထဲက စစ်ရှောင်စခန်းတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦး သေဆုံးပြီဟု သိရသည်။ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာမှာ နိုဝင်ဘာလဆန်းပိုင်းကစ၍ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့ကြပြီး ဒေသခံ ၂ ဦး နှင့် စစ်ဘေးရှောင် ၂ ဦးတို့ သေဆုံးခဲ့ကြောင်း စစ်ဘေးရှောင် နှင့်နီးစပ်သူများထံမှ သိရ သည်။ ကာကီကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က အသက် ၇၅ နှစ်အရွယ် ဦး လောမ်ပါသေဆုံးခဲ့ပြီး၊ နိုဝင်ဘာလ ၉ ရက်နေ့က အသက် ၂၄ နှစ်အရွယ် ဒေါ်နီဒါ၊ အသက် ၄၈ နှစ်အရွယ် ဦးကိုင်လော နဲ့ ယနေ့ နိုဝင်ဘာ ၁၁ ရက်မနက်ပိုင်းမှာ အသက် ၂၈ နှစ်အရွယ် ကိုဆောလ တို့ သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းမှာ ဖော်ပြသည်။ ယခုလက်ရှိတွင်လည်း ကာကီကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ အယောက် ၂၀ ဝန်းကျင်ခန့်ရှိနေပြီး လောင်တလိုင်မြို့ကနေ ကျန်းမာရေးလုပ်သားများစေလွှတ်ကာ ကုသရေးများဆောင်ရွက်ရန်စီစဉ်နေကြသည်ဟု သိရ သည်။ ကာကီကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသောကျေးရွာဖြစ်ပြီး ပလက်ဝမြို့နယ်က စစ်ဘေးရှောင် ၅၀၀ ကျော်နေထိုင်ကြသည်ဟု သိရသည်။

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့မှ သိုင်းငင်းရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်း တပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ ယမန်နေ့က တိုက်ပွဲတွင် စစ်ကော်မရှင်တပ်က အထိအခိုက်အကျဆုံး များသည်ဟု သိရသည်။ နိုဝင်ဘာလ ၉ ရက်က စစ်ကော်မရှင်တပ် စစ်ကြောင်းသည် သိုင်းငင်ရွာကို ရောက်ရှိလာချိန်တွင် ချင်းပူးပေါင်း တပ်က မိုင်းထောင် တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်က ၂၀ ခန့် သေဆုံးပြီး ၇ ဦး အပြင်းအထန် ရရှိကြောင်း CDF CDM Siyin ပြောရေးဆိုခွင့်ရှိ သူ ဆလိုင်း ဒီကီက ပြောသည်။ “မနေ့က တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောရမယ်။ မနေ့က ကျနော်တို့က သိုင်းငင်းကို ဆုတ်လိုက်ရတော့ အထွက်လမ်းတွေရော အဲဒီမှာက မိုင်းတွေ တော်တော်ထောင်ခဲ့ပါတယ်။ အဲဒီမှာ သူတို့က အတော်လေး အထိနာသွားတဲ့ သဘောရှိတယ်။ ကျနော်တို့ မြင်တွေ့ရတာက ၇ ဦးက ပွဲချင်းပြီး သေတယ်။ ပြီးတော့ ၂၀ ကျော်က အပြင်းအထန် ဒဏ်ရာ ရတယ်လို့ ကျနော်တို့ သိထားတယ်။ ဒါပေမယ့် ဒီမနက် (နိုဝင်ဘာလ ၁၀ရက်) အတွင်းသတင်းကနေ ပြန်ကြားတာက သေတာက အယောက် ၂၀ တဲ့၊ ၇ ဦးကတော့ အပြင်းအထန် ဒဏ်ရာ ရတာဆိုပြီးတော့ ပြောတယ်” ဟု ဆလိုင်း ဒီကီက ပြောသည်။ နိုဝင်ဘာလ ၇ ရက်ကလည်း လေထန်ကုန်း ခေါ် Fort…

Read More

(006SV) ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ULA/ AA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ချင်းညီနောင် (CB) အဖွဲ့‌တို့ တွေ့ဆုံပြီး စစ်ရေး မဟာ မိတ်အပြင် နိုင်ငံရေးနှင့် စီးပွားရေး မဟာမိတ်အထိ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရေး ဆွေးနွေးနိုင်ခဲ့ သည်ဟု ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောသည်။ ချင်းညီနောင်အဖွဲ့၏ ခေါင်းဆောင်များသည် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ထိပ်ပိုင်းခေါင်းဆောင်များ၊ အာရက္ခတပ်တော် (AA) ထိပ်ပိုင်းခေါင်းဆောင်များကို စုံစုံလင်လင်တွေ့ဆုံကာ ဆွေးနွေးနိုင်ခြင်းဖြစ်သည်ဟု နိုဝင်ဘာလ ၈ ရက်က ပြုလုပ်သော ချင်းညီနောင် ရန်ပုံငွေပွဲတွင် CB ပြောခွင့်ရက ပြောသည်။ “ပြီးခဲ့တဲ့လကပါ။ တွေ့ဆုံကြတာပါ။ ဆွေးနွေးကြတာပါ။ အဓိကက တော်လှန်ရေးနဲ့ ပတ်သက်လို့ စစ်ရေးမှာ ဘယ်လိုပူးပေါင်းကြမလဲ၊၊ ဘယ်လိုအပြန်အလှန် ကူညီကြမလဲ၊၊ အဓိကက စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်လာနိုင်တာကို ခန့်မှန်းထားတယ်။ ပြင်ဆင်ထားကြတာပေါ့။ အဲဒီမှာ တွေ့ရတော့မှ စစ်ရေးမဟာမိတ်အပြင် နိုင်ငံရေးနဲ့ စီးပွားရေး မဟာမိတ်အထိ ပူးပေါင်းချိတ်ဆက်ဖို့ လူမျိုးချင်း အပြန်အလှန် ကူညီဖေးမကြဖို့ပါ” ဟု ဆလိုင်းယောမာန်က ပြောသည်။ စစ်အစိုးရ ခေတ်အဆက်ဆက်သည် ချင်းနှင့် ရခိုင်ကို ဝေးကွာနေအောင် လုပ်ထားပြီး ရခိုင်ပြည်နယ်နှင့် နီးကပ်သောကြောင့် လက်ရှိကာလတွင် စီးပွားရေး ပူးပေါင်းလုပ်ဆောင်နိုင်မှုနှင့် ကုန်သွယ်နိုင်မှုကိုလည်း ဆွေးနွေးသည်ဟု သိရသည်။ ချင်းညီနောင်အဖွဲ့၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် ULA/ AA ခေါင်းဆောင်များက ကူညီနိုင်မည့် အပိုင်းနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့်အပိုင်းတို့ကို စိတ်ဝင်တစား…

Read More

စစ်တပ်က ဒေသခံ ၁၄ ဦးကို လူသားဒိုင်အဖြစ် ဖမ်းဆီးထားရာမှ အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့် (006SV) တီးတိန်မြို့မှ သိုင်းငင်းဘက်သို့ အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်နှင့် ချင်းညီနောင် (CB) ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေရာ စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိသည်ဟု ချင်းညီနောင်က ကြေညာသည်။ အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ ချင်းပြည်နယ်၊ တီးတိန်မြို့မှ သိုင်းငယ်သို့ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်နှင့် ချင်းညီနောင်တပ်တို့သည် နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု ချင်းညီနောင်က နိုဝင်ဘာလ ၇ ရက်မှာ ထုတ်ပြန်သည်။ စစ်ကော်မရှင်တပ်သည် ဒေသခံပြည်သူ တချို့ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြု၍ သိုင်းငင်းသို့ ဦးတည် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသော ဒေသခံပြည်သူ ၁၄ ဦးကို လက်ရှိမှာ ကယ်တင်ထားနိုင်ခဲ့ပြီး ယင်းအထဲက အမျိုးသမီး ၁ ဦးမှာ အဓမ္မပြုကျင့်ခံထားရသည်ဟု ချင်းညီနောင်ထံမှ သိရသည်။ တိုက်ပွဲများအတွင် စစ်ကော်မရှင်တပ်က အနည်းဆုံး ၄၀ ခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသည့်အပြင် ထွက်ပြေးလွတ်မြောက်သူ တချို့ ရှိကြောင်း၊ လက်နက်ခဲယမ်း အများအပြားနှင့် ချောဆွဲထားသော ပြည်သူပိုင် မော်တော်ကား တစ်စီးကို ပြန်လည် သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသော စစ်သုံ့ပန်းတချို့ကို ထိန်းသိမ်းထားသည်ဟု သိရသည်။ စစ်ကော်မရှင်တပ်သည် အောက်တိုဘာလ ၂၆…

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ထဲရှိ စစ်ရေးအရ အချက်အချာကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းယူသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့မှ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “ကနေဒီတောင်စခန်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တယ်ဆိုတာ မှန်ပါတယ်။ သူတို့က ၄ ရက်နေ့က အဲဒီစခန်းကုန်းကို ရောက်သွားပြီလို့ ကြားတယ်။ တိုက်ပွဲ မဖြစ်တော့ ဘယ်ချိန် ဘယ်နှစ်နာရီတော့ မသိဘူး။ ကနေဒီတောင်ဟာ စစ်ရေးအရ အရေးပါပါတယ်။ ကျနော်တို့ ပြန်ယူမှ ဖြစ်မယ့်နေရာ တစ်နေရာလို့ပဲ ဖြေပါရစေ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ တီးတိန်မြို့ခလရ ၂၆၉ တပ်ရင်းမှ သိုင်းငင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာနေသော စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၄ ရက်မှာ စစ်ရေးအရ အရေးပါသော ကနေဒီတောင်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး တပ်စွဲထားကြောင်း၊ ယင်းစစ်ကြောင်းသည် သိုင်းငင်းသို့ ဆက်လက်ဆင်းလာနိုင်ကြောင်း သိရသည်။ အောက်တိုဘာလကုန်ပိုင်းက တီးတိန်မြို့ရှိ ခလရ ၂၆၉ ကို လေကြောင်းမှ စစ်အင်အား ဖြည့်တင်းပြီးနောက် စစ်ကော်မရှင်တပ်သည် တီးတိန်မှ သိုင်းငင်းသို့ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလ ၃ ရက်ကလည်း အဆိုပါစစ်တပ်စစ်ကြောင်းသည် Suangpi ကျေးရွာကို ဝင်ရောက်၍ ဒေသခံရွာသား ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ ကနေဒီတောင်ပေါ်ရှိ စစ်စခန်းသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့အကြားရှိ ပေ ၈၀၀၀ ကျော်တွင် တည်ရှိပြီး စစ်ရေးအရာ အချက်အချာ ကျသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ ကလေး-တီးတန် လမ်းမပေါ်မှာ တည်ရှိသည့် သိုင်းငင်းသို့ မွှာလ်ပီးဘက်မှ…

Read More

စစ်ကော်မရှင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ပူးနိုးထန်ကပ်နဲ့ ဆက်သွယ်မေးမြန်းချက် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပမယ်လို့ ကြေညာ ထားပါတယ်။ အဲဒီထဲမှာ ချင်းပြည်နယ်က ဟားခါး နဲ့ တီးတိန်မြို့နယ်တို့မှာလည်း စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ စီစဉ် ထားပြီး နိုင်ငံရေးပါတီ ၅ ခုက ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီထဲမှာ ချင်းပြည်သစ်ကွန်ဂရက်ပါတီလည်း ပါဝင်ပါတယ်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီဟာ ယခင် NLD အစိုးရလက်ထက် ချင်းပြည်ရဲ့ စက်မှု၊လက်မှု နဲ့ စည်ပင်ဝန်ကြီး ဟောင်း ဦးစိုးထက်က ဥက္ကဌအဖြစ်တာဝန်ယူထားပြီး ထင်ရှားတဲ့ချင်းနိုင်ငံရေးသမားတချို့လည်းပါဝင်ပါတယ်။ အဲဒီထဲမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-CNLD အလှည့်ကျဥက္ကဌဟောင်း ပူးနိုထန်ကပ်လည်းပါဝင်တယ်။ ပူး နိုးထန်ကပ်ဟာ CNLD ပါတီကနေ နှုတ်ထွက်ပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီကိုယ်စားပြုအနေဖြင့် လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အမျိုးသားလွှတ်တော် (အချိုးချကိုယ်စားပြုစနစ်) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ချင်းလူထုအသိုင်းအဝန်းအကြား လူသိများထင်ရှားတဲ့ ပူးနိုးထန်ကပ်အနေနဲ့ ဘာကြောင့် စစ်ကော်မရှင်တပ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရတာပါလဲ? ဒီရွေးကောက်ပွဲကနေ သူဘာတွေ မျှော်လင့်နေပါသလဲစတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပူးနိုးထန်ကပ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ဒီမိုကရေစီစံနှုန်းတွေနဲ့ လုံးဝ ကိုက်ညီမှုမရှိဘူးလို့ နိုင်ငံတကာနဲ့ ပြည်တွင်း တော်လှန်ရေးအင်အားစုတွေက ဝေဖန်နေတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ရတာလဲ? အဲဒီလို ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ဘာကို…

Read More