Author: Editor

(006SV) လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ၈၁ နှစ်ပြည့် မွေးနေ့မှသည် စစ်မိစ္ဆာများ၏ မတရားချုပ်နှောင်မှုမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေကြောင်း ချင်းပြည်(Chinland) အစိုးရအဖွဲ့က မွေးနေ့ဆုတောင်း ပေးပို့သည်ဟု ထုတ်ပြန်သည်။ ဇွန်လ ၁၉ ရက် ယနေ့မှာ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့သို့ ချင်းလန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့က ပေးပို့သော သဝဏ်လွှာတွင် မွေးနေ့မှသည် ပြည်သူ့မိခင်ကြီး အသက်ရှည်ကျန်းမာ ပါစေကြောင်းလည်း ဆုတောင်းမေတ္တာပို့ထားသည်။ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်တောင့်တခဲ့သော စစ်ဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးကို တော်လှန်ပြည်သူများနှင့်အတူ လက်တွဲ တွန်းလှန်သွားမည်ဟု ချင်းပြည်အစိုးရအဖွဲ့က အဓိဌာန်ပြု ထုတ်ပြန်သည်။ “မြန်မာပြည်သူလူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ပညာဥာဏ်ထက်မြတ်မှုနှင့် တည်ကြည်သော သမာဓိတရားတို့သည် မြန်မာပြည်အတွက် အမှောင်ထုစနစ်ဆိုးမှ ဆွဲတင်ပေးနိုင်မည့် အလင်းရောင်နှင့် ခွန်းအားတစ်ရပ်ဖြစ်ပါသည်” ဟု ချင်းပြည်အစိုးရအဖွဲ့က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ယုံကြည်အားကိုရသော လူထုခေါင်းဆောင် ဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၎င်း၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးပြီး နွေဦးတော်လှန်ရေး အောင်မြင်ရန် အဓိက မျှော်လင့်ချက် မောင်းနှင်းအား ဖြစ်သည်ဟု ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်သည်။ စစ်အုပ်စုသည် ၂၀၂၁ ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဥပဒေမဲ့ ဖမ်းဆီးအကျဉ်းချထားသည်မှာ ၅ နှစ်ကျော်၊ ရက်ပေါင်း ၁၉၆၅ ရက် ရှိလာပြီး ၎င်းကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို တရားဝင်သတင်း…

Read More

အလုပ်လုပ်ပုံ • လက်လုပ်ပေါက်ကွဲစေတတ်သော ပစ္စည်းတွေဟာ စက်ရုံထုတ်မဟုတ်ဘဲ လက်လုပ်ဖြစ်တဲ့အတွက် ပုံသဏ္ဍာန်ကို ခန့်မှန်းရခက်ပါတယ်။ ဟောင်းနွမ်းနေတဲ့ ဗုံးတွေထဲက ယမ်းမှုန့်တွေ၊ အိမ်သုံး ဓာတုပစ္စည်းတွေကို အသုံးပြုပြီး ပြုလုပ်ထားတတ်ပါတယ်။ ဆဲလ်ဖုန်းလို၊ Remote Control လို ရိုးရှင်းတဲ့ ဖိအားပေးစနစ်တွေနဲ့ ဖောက်ခွဲတတ်ကြပါတယ်။ လက်လုပ်ပေါက်ကွဲစေတတ်သောပစ္စည်း ရှိတတ်သည့် နေရာများ • “လက်လုပ်” ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ အိမ်တွင်း၊ အိမ်ပြင်၊ ပတ်ဝန်းကျင်က ဘယ်နေရာမှာမဆို… ဥပမာ – လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ် စတဲ့ ဘယ်ပစ္စည်းထဲမှာမဆို ထည့်ပြီး ပေါက်ကွဲအောင် လုပ်ဆောင်နိုင်ပါတယ်။ ဘာကြောင့် အန္တရာယ်ပိုရှိသလဲ • လက်လုပ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ စံချိန်စံညွှန်းမရှိတဲ့အတွက် အပူလွန်ကဲလာတဲ့အခါ၊ လှုပ်ခါမိတဲ့အခါ၊ ဘက်ထရီယိုစိမ့်မှုတွေဖြစ်လာတဲ့အခါ အလိုအလျောက် ပေါက်ကွဲတတ်ပြီး အလွန်မတည်ငြိမ်ပါဘူး။ ပေါက်ကွဲအား ပြင်းထန်စေဖို့အတွက် အထဲမှာ သံတိုသံစတွေ၊ ဖန်စတွေကို ထည့်သွင်းထားတတ်ပါတယ်။ လက်လုပ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ထောင်ချောက် အကြောင်းကိုလည်း ဆက်လက်ရှင်းပြပေးသွားပါမယ်။ အတွေ့ရအများဆုံးသော ပုံစံများ • တံခါးဖွင့်လိုက်တာနဲ့ ထိခိုက်မိအောင်၊ ပေါက်ကွဲအောင် လုပ်ထားတာ။• အရာဝတ္တုတွေ၊ သေဆုံးသူတွေရဲ့ ရုပ်ကလာပ်တွေကို ဖယ်လိုက်ရင် (ဒါမှမဟုတ်) ကောက်ယူလိုက်ရင် ပေါက်ကွဲအောင် မိုင်းနဲ့ တွဲထားတာ။• လှေကားအတက်အဆင်း၊ ကြမ်းပြင်တွေအောက် စတဲ့နေရာတွေမှာ ဝှက်ထားပြီး နင်းမိတဲ့အခါ ထိခိုက်မိအောင်၊ ပေါက်ကွဲအောင်လုပ်တာ။ စသဖြင့်ရှိတတ်ပါတယ်။ သတိထားရမည့် အချက်များ • မသင်္ကာစရာ နေရာလွဲနေတဲ့ ပစ္စည်းတွေ၊ နန်းကြိုးမျှင်တွေ၊ ငါးမျှားကြိုးတွေ သို့မဟုတ်…

Read More

(006SV) ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့် မင်းတပ်မြို့ အရှေ့ဘက်ခြမ်း နေရာများကို ယနေ့မနက်ပိုင်းတွင် စစ်တပ်က Y – 12 ဗုံးကြဲလေယာဉ်ဖြင့် ဗုံးအလုံးရေ ၇၀ ကျော် ကြဲချ တိုက်ခိုက်သွားကြောင်း သိရသည်။ ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၇ နာရီမှ ၈ နာရီ ၁၂ မိနစ်ခန့်အတွင်း မကွေး၊ ယောဒေသနှင့် မင်းတပ်မြို့ကြားရှိ မြို့အရှေ့ဘက်ခြမ်းနေရာများကို Y- 12 လေယာဉ်ဖြင့် တစ်ကြိမ်ကြဲချလျှင် ဗုံး ၄ လုံးခန့်အသုံးပြုပြီး ၁၇ ကြိမ်ခန့်၊ ဗုံးအလုံးရေ ၇၀ ကျော်ကြဲချ၊ တိုက်ခိုက်သွားခြင်းဖြစ်သည်ဟု မင်းတပ်မြို့ဒေသခံ HKL Mindat ထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၁၆ ရက် ညဦးပိုင်း ၇ နာရီ ၁၇ မီနစ်ခန့်ကလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးဟူ၍ ယူဆရသော ဗုံး ၄ လုံး ကြဲချတိုက်ခိုက်သွားကြောင်း၊ မနက် ၇ နာရီခန့်ကလည်း ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ်လေကြောင်းတိုက်ခိုက်ရာ ဗုံး ၈ လုံးကြဲချသွားသည်ဟု သိရသည်။ မကွေး၊ ယောဒေသမှတဆင့် ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူအများအပြားအသုံးပြုလျက် စစ်အင်အား ၂၀၀၀ ကျော်ဖြင့် မေလလယ်ခန့်မှ…

Read More

(006SV) ချင်းပြည်နယ်၊ ဇိုတုန်ဒေသက ကားလမ်းများကို အသုံးပြု၍ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေသော ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များအနေဖြင့် မိုးရာသီကာလ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရန် ဇိုတုန်ဖက်ဒရယ်ကောင်စီက ကြေညာလိုက်သည်။ ကုန်တင်ကားများနှင့် ခရီသည်တင်ကားများ၏ ကားဘီးများတွင် ချိန်းကြိုပတ်ပြီး မောင်းနှင့်ခြင်းကို တားမြစ် လိုက်သကဲ့သို့ ကုန်တင်ကားများ၊ ကားအမျိုးအစားလိုက် တင်ဆောင်ခွင့် ကန့်သတ်ထားသော ပမာဏထက် တန်ပိုတင်၍ မောင်းနှင်ခြင်း မပြုရန်တို့ကို ဇွန်လ ၁၆ ရက်မှာ ယင်းကောင်စီက အသိပေးထုတ်ပြန်သည်။ ဇွန်လ ၂၀ရက်မှ ဩဂုတ်လအတွင်း ကားလမ်းပျက်စီးမှု သက်သာစေရန် ၁၂ ဘီးကားနှင့် ၁၀ ဘီးကားများကိုလည်း မြေပြန့်ဒေသမှ ရမ်းစီးကျေးရွာအထိသာ သွားလာရန် အသိပေးထားပြီး မိုးရာသီဥတုအပေါ် မူတည်၍ သွားလာခွင့်ကို ပြန်လည်ထုတ်ပြန်ပေးမည်ဟု သိရသည်။ ၂၀၂၅ မိုးရာသီတွင် မိုးအဆက်မပြတ် ရွာသွန်းသောကြောင့် ဇိုတုန်ဒေသကားလမ်းများ ပျက်စီးမှု ကြီးမားခဲ့ပြီး နွေရာသီက လမ်းပြုပြင်ရာတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းကြောင့် ရန်ပုံငွေ ခက်ခဲမှုနှင့်လည်း ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။ သို့ရာတွင် ယခုနှစ် မိုးရာသီ မရောက်ခင် လမ်းပြုပြင်ရန် လိုပ်သောကြောင့် ဆက်လက်ပြုပြင်ခဲ့ရာ ကျပ်သိန်းပေါင်း ၂၀၀၀ ကျော် ကုန်ကျခဲ့သည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီထံမှ သိရသည်။ဇိုတုန်ဒေသအတွင်းရှိ အဓိက လမ်းမကြီးများကို ယခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ၄လ ကျော်ကြာ စက်ယန္တရာများဖြင့် ပြုပြင်ခဲ့ရသည်ဟု သိရသည်။ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ပုံမှန်သွားလာနိုင်ရေးအတွက် လမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီရန်နှင့် သတ်မှတ်ထားသော ယာဉ်စည်းကမ်းများကို…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ Kalay UG တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦးသေဆုံးခဲ့ပြီး (၃) ဦးအရှင်ဖမ်းဆီးရမိခဲ့သည်ဟု Kalay UG တပ်ဖွဲ့ထံက သိရသည်။ Kalay UG တပ်ဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့အား မိုင်းခွဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားဝင်ရောက်တိုက် ခိုက်ခြင်းများကြောင့် ရက်ပေါင်း (၃၀) အတွင်း ဒုအရာခံဗိုလ် (၁) ဦး၊ တပ်ကြပ် (၁) ဦး အပါအဝင် (၇) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန် (၃) ဦး ဖမ်းဆီးရမိခဲ့သည်ဟု ဇွန်လ ၁၇ ရက်က ထုတ်ပြန်သည်။ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိမှု ရှိသည့်အပြင် လက်ပစ်ဗုံးများ အပါအဝင် ခဲယမ်း အချို့လည်း သိမ်းဆည်းရရှိထားသည်ဟု သိရသည်။ Kalay UG တပ်ဖွဲ့အနေဖြင့် ရှေ့ဆက်၍ မြို့တွင်းစစ်ဆင်ရေးများအား ခြေသံလုံလုံဖြင့် အထိရောက်ဆုံး နှင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ယာဉ်တန်းများနှင့် စစ်ဆေးရေးဂိတ်များအနီး သွားလာလှုပ်ရှားခြင်းများအား အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် အသိပေးဖော်ပြထားသည်။ အဆိုပါ သတိပေးချက်အား လိုက်နာခြင်းမရှိဘဲ သွားလာခြင်းကြောင့် တစ်စုံ တစ်ရာ ထိခိုက်မှုဖြစ်ပွား ခဲ့ပါက Kalay UG တပ်ဖွဲ့အနေဖြင့် လုံးဝတာဝန်ယူမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

Read More

(004SS) အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC သည် ၎င်းတို့အဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တီးတိန်မြို့နယ် သွီထန်းကျေးရွာက လူငယ်တစ်ဦးကို ဖမ်းဆီးကာ သေဒဏ်စီရင်လိုက်သည်ဟု သိရသည်။ ZRA-EC ၏ National Worker တစ်ဦးဖြစ်သည့် ဦးပေါင်ငိုက်မန်သည် ဇွန်လ ၉ ရက်နေ့က တုန်းဇံကျေးရွာမှ ဆွောင်းဇန် ရွာရှိ ၎င်း၏ နေ အိမ်သို့ပြန်လာစဉ် လမ်းခရီးမှာ အရိုက်ခံရ၍ သေဆုံးခဲ့သည်ဟုသိရသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ZRA-EC က စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ရာမှာ သွီထန်းရွာမှ ဦးကျင်ဇာခုပ်၏ သားဖြစ်သူ ကပ်လျန်မန်ကို ဆက်နွယ်မှူရှိသည်ဟု ဆိုကာ ဖမ်းဆီးရကာ အပြင်းထန်ဆုံးပြစ်ဒဏ် သေဒဏ်ပေးလိုက်သည် ဟု ဇွန်လ ၁၄ ရက်နေ့က ဇိုမီးတော်လှန်ရေးတပ်မတော်-အရှေ့ပိုင်းစစ်ဌာနချုပ် (ZRA-EC) က ထုတ်ပြန်ကြေညာသည်။ ယခုသေဒဏ်စီစဉ်မှုနှင့်ပတ်သက်၍ ZRA-EC အဖွဲ့ဝင် Joshua Zomi ဆိုသူက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ယခုကဲ့သို့ ရေးသားထားသည်။ “ယခုဖြစ်စဉ်မှာ ဒေလီကပြန်လာပြီး ZNA ထဲဝင်တာ နှစ်ပတ်ပဲရှိသေးတဲ့ ကပ်လျန်မန် @ Helper ကို အမြင့်ဆုံးပြစ်ဒဏ် (သေဒဏ်) ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ဆက်နွှယ်သူတွေကိုလည်း အမြစ်ပြတ်တဲ့အထိ ဆက်လက်အရေးယူ သွားမှာပါ။ ဒါ့အပြင် ယခင်က သောမတ်စ် (Thomas) ဆိုသူက ဦးပေါင်ငိုက်မန်အား သတ်ဖြတ်ရန် တခြားလူတစ်ချို့ကို စေခိုင်းခဲ့ပေမဲ့ ငြင်းဆန်ခဲ့ကြတဲ့ အထောက်အထားတွေ ရှိထားပါတယ်။ ယခုဖြစ်စဉ်ဟာ ဇိုဂမ်ကာကွယ်ရေးတပ် (ZRA-EC) နဲ့ ဒေသတွင်း ဂိုဏ်းစတား/ဓားပြအသွင်…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေး ရှောင်ပြည်သူများအား ကူညီပေးနေသည့် ကိုသူရိန်ဇင်သည် ပြင်းထန်သောအဖျားရောဂါကြောင့် ကွယ်လွန်သွားသည်ဟု သိရသည်။ Lighthouse စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ခံဖြစ်သော အသက် ၂၉ နှစ်အရွယ် ကိုသူရိန်ဇင်သည် ပြင်းထန်သော အဖျားရောဂါကြောင့် ဇွန်လ ၁၄ ရက်နေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု Lighthouse က အသိပေးထုတ်ပြန် သည်။ ကိုသူရိန်ဇင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှု စတင်ချိန်မှစ၍ ကလေးမြို့လူထု သပိတ်အဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့ပြီး တာဟန်းခံတပ်ဖြိုခွင်းခံရပြီးနောက် PDF(Kalay) တပ်ရင်း – ၁ တွင် ဘဏ္ဍာငွေရှာဖွေရေးနှင့် သတင်း ပြန်ကြားရေးအဖြစ် ၂ နှစ်တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ကလေးမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် လူသားစာနာ (ဒု-တာဝန်ခံ) အဖြစ် ၁ နှစ် တာဝန်ထမ်းဆောင်ခဲ့ သည်ဟု သိရသည်။ ထို့နောက် ၂၀၂၄ ခုနှစ် ဧပြီလတွင် Lighthouse စစ်ရှောင်ကူညီရေးအဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး ကလေးမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ၂၀၂၆ ခုနှစ် မေလအထိ ၂ နှစ်ကျော်ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု သိရသည်။ ကိုသူရိန်ဇင် ဦးဆောင်သည့် Lighthouse စစ်ရှောင်ကူညီရေးအဖွဲ့အနေဖြင့် စစ်ရှောင်မိသားစုများ ၊ ရဲဘော်များ နှင့် ရဲဘော် များ၏ မိသားစုဝင်များ အတွက် စားနပ်ရိက္ခာ နှင့် အမိုး အကာ ရရှိရေး ၊ ပညာသင်ကြား ရန်ခက်ခဲသော ကလေး ငယ်များ အတွက်…

Read More

(002MG)စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ရိန်ဂျားကလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း(RKDF)မှ ခွင့်ရက်ကျော်လွန်ကာ ပျက်ကွက်နေသည့်ရဲဘော်များအား (၇) ရက်အတွင်း တပ်ရင်းထံသို့ ပြန်လည်တာဝန်ထမ်းဆောင်ရန် နောက်ဆုံး အကြိမ်သတိပေး ကြေညာလိုက်သည်။ရက်တို/ ရက်ရှည် ခွင့်ယူထားပြီး ခွင့်ကာလကျော်လွန်သော်လည်း ယနေ့ချိန်ထိ တပ်ရင်းသို့ပြန်လည်ဝင်ရောက်လာခြင်း မရှိသော ရဲဘော်များအနေဖြင့် သတ်မှတ်ကာလ (၇) ရက်အတွင်း တပ်ရင်းသို့ အမြန် ဆုံးဝင်ရောက် ကာ ပျက်ကွက်ရ သည့်် အကြောင်းအရင်းအား တင်ပြရန်အတွက် ရိန်ဂျားကလေးပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ ဇွန်လ (၁၃) ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။တပ်ရင်းမှ တရားဝင်ထွက်စာတင်ခြင်းမရှိဘဲ မိမိသဘောဆန္ဒဖြင့် တာဝန်မှ အနားယူသွားသည့် ရဲဘော် များ၊ တရားဝင် ထွက်စာတင်ထားသော်လည်း တပ်ရင်းခွင့်ပြုချက်မရသေးသည့်ရဲဘော်များ၊ တပ်မှ ပျက်ကွက်နေသူများအား ယခုအမိန့် စာဖြင့် အကျုံးဝင်သတ်မှတ်၍ သတ်မှတ်ကာလ (၇) ရက်အတွင်း တပ်သို့ ပြန်လည်ဝင်ရောက်ပြီး သက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရှင်းလင်းတင်ပြရန် အသိပေးထားသည်။၎င်းအပြင် သတ်မှတ်ကာလအတွင်း ပြန်လည်ဝင်ရောက်ခြင်းမရှိပါက တပ်ရင်းစည်းမျဉ်း စည်းကမ်း များအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read More

မင်းတပ်မြို့နှင့်ကျေးရွာတချို့မှ နေအိမ်နှင့် အဆောက်အဦး အများအပြား ထိခိုက်ပျက်စီး (006SV) ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေ့သည့် ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နှင့် မြို့အရှေ ခြမ်းနေရာများကို ယခု ဇွန်လ နှစ်ပတ်တာအတွင်း စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၇၀ ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ မေလလယ်မှ စတင်၍ မင်းတပ်နှင့် ကန်ပက်လက်မြို့များကို စစ်တပ်က အင်အား ၂၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေရာ ဇွန်လ ၁၅ ရက်တာအတွင်း မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင် တိုက်ပွဲဖြစ်ပွားသည့် နေရာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၇၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁၇၀ ထက်မနည်း အသုံးပြုခဲ့ကြောင်း ဒေသခံတချို့နှင့် ခိုနူမ်းသုန်က မှတ်သားထားသော စာရင်းအရ သိရသည်။ မင်းတပ်မြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်ရာတွင် တချို့နေ့ရက်များမှာ ဂျက်ဖိုက်တာ ၂ စီး၊ ၃ စီးဖြင့် ဗုံးကြဲမှု အများအပြား ပြုလုပ်သကဲ့သို့ Y – 12 လေယာဉ် အသုံးပြု၍လည်း ဗုံးများအတွဲလိုက်ဖြင့် ကြဲချတိုက်ခိုက်သည်ကို လေ့လာတွေ့ရှိရသည်။ “လေကြောင်း ဗုံးကြဲမှုတွေက မင်းတပ်မြို့ပေါ်ကိုလည်း ကြဲပါတယ်။ မြို့ရဲ့အရှေ့ခြမ်းဘက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာကိုလည်း ကြဲတယ်။ တိုက်နယ် ၁၄ အတွင်းက ကျေးရွာတစ်ရွာကိုလည်း ဇွန်လ ၁၄ ရက်က လေကြောင်းက တိုက်ခိုက်သွားတာ နေအိမ်တွေ ထိခိုက်ပျက်စီးတယ်လို့ ကြားရတယ်။ ဒီနေ့လည်း မင်းတပ်ကို ဗုံးကြဲသွားတယ်” ဟု ချင်းတောင်ပိုင်းဒေသခံတချို့ထံမှ သိရသည်။ ယနေ့…

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့မှ ထန်တလန်မြို့ပေါ်သို့ အာဏာသိမ်းစစ်တပ်များ ဝင်ရောက်လာပြီးနောက် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားနေသည်မှာ ၅ ရက်ခန့်ရှိနေပြီး စစ်တပ်ဘက်မှ အနည်းဆုံး ၅ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း CDF-Thantlang ထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် ဟားခါးဘက်မှ ရောက်ရှိလာသော စစ်တပ်သည် ထန်တလန်မြို့ပေါ်ရှိ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ အင်အား ၃၀၀ ဝန်းကျင်ဖြင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များရှိရာ နောရာများအား ထိုးစစ်ဆင် တိုက်ခိုက် လာနေပြီး ဇွန်လ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြို့ပေါ်တွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါးနေခဲ့ကြောင်း CDF-Thantlang ပြောရေးဆိုခွင့်ရှိသူကပြောသည်။ “ဒီနေ့ကျတော့ လူအင်အားကို မသုံးဘဲ ဒီမနက် မိုးလင်းတာနဲ့ ဒရုန်းလဲ သုံးတယ်၊ စဉ်ဆက်မပျက် လက်နက်ကြီးနဲ့လဲ ထုတာပေါ့နော်။ ထိတွေ့မှုက ၁၃၊ ၁၄ ရက်နေ့မှာ ပြင်းထန်ပြီးတော့ အဲဒီနေ့မှာ စကစဘက် ၅ ယောက်လောက် သေသွား တယ်။ အဲဒီနေ့မှာ ပဲ ထိခိုက်ဒါဏ်ရာရတဲ့သူလဲ များတာပေါ့။ ကျွန်တော်တို့ ခြေကုတ်ယူထားတဲ့နေရာကို တိုက်ဖို့ ကြိုး စားတာပေါ့။ အင်အားကတော့ အရင်တုန်းကရှိတဲ့ အင်အားနဲ့ ပေါင်းပြီးတော့မှ အနည်း ဆုံး ၃၀၀-၄၀၀ ကြား လောက်တော့ ရှိမယ်လို့ ယူဆတယ်။ ကျွန်တော်တို့ဘက်ကတော့ ဘုရားရှင်ကျေးဇူးတော်ကြောင့် ထိခိုက်ကျဆုံးမှုတော့ မရှိပါဘူး။” ဟု CDF-Thantlang ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။ စစ်တပ်သည်…

Read More