Author: Editor

မိမိတို့ ထိန်းချုပ်နယ်မြေမှ ဒေသခံများ ထွက်ခွာလိုလျှင် တပ်ဖွဲ့ဌာနချုပ်၏ ထောက်ခံစာ လိုအပ်ဟု ဆို ခိုနူမ်းသုန်သတင်း၊ ၂၄ မတ်လ ၂၀၂၆ (006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် စစ်မှုထမ်းမူဝါဒကို လက်ရှိ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တပ်သားသစ် စုဆောင်းမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ကြေညာသည်။ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရက သတ်မှတ်ပြဌာန်းလိုက်သော စစ်မှုထမ်းမူဝါဒအရ ချင်းပြည်ကောင်စီ လက်အောက်ရှိ ကာကွယ်ရေးအဖွဲ့များသည် စစ်အင်အားတည်ဆောက်မှု လုပ်ငန်းစဉ်များကို ယခုစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု CDF – မတူပီက ယနေ့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်သည်။ “အဓိကက အသက်ပြည့်တဲ့ လူတိုင်းက စစ်မှုထမ်းဖို့ တာဝန်ရှိပါတယ်။ အခုချိန်မှာ ချင်းပြည် လွတ်မြောက် နိုင်ဖို့ရန်အတွက် မည်သူမဆို အကုန်လုံး တာဝန်ရှိတယ်။ ကျနော်တို့ တော်လှန်ရေးက နှစ်တွေ ကြာလေလေ၊ တချို့ပြည်သူတွေက တော်လှန်ရေးအတွက် စိတ်အားထက်သန်မှုက ပိုလျော့လာလေလေ ဖြစ်လာတဲ့အခါကြတော့ အခုလက်ရှိ တော်လှန်ရေး အင်အားတွေ ထပ်ပြီး ဖြည့်တင်းရေးတွေ မလုပ်ရင် ကျနော်တို့မှာ အနာဂါတ်အတွက်လည်း အဆင်ပြေမှာ မဟုတ်ဘူး။ ချင်းပြည်နယ်ကိုလည်း ကောင်းကောင်း ကာကွယ်နိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ဒီမူဝါဒကိ ချမှတ်ပြီးတော့ အခု အကောင်အထည်ဖော်ရခြင်းဖြစ်ပါတယ်” ဟု CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူ Salai Nai John Kim က ပြောသည်။ အထက်က ညွှန်ကြားလာသော ညွှန်ကြားချက်များအတိုင်း အကောင်အထည်ဖော်…

Read More

(005MK) မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင် (Siaha District) မှ မြန်မာနိုင်ငံဘက်သို့ စက်သုံးဆီ တရားမဝင်တင်ပို့မှုကို ပိတ်ပင်တားမြစ်လိုက်ကြောင်း ရှာဟာခရိုင် ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်သည်။ ယခုရက်ပိုင်းအတွင်း ရှာဟာခရိုင်အတွင်းရှိ လူတချို့သည် မြန်မာနိုင်ငံသို့ပြန်လည်တင်ပို့ရောင်းချရန်အတွက် ဆီဆိုင်များမှ ဓာတ်ဆီနှင့် ဒီဇယ်ဆီများကို အလုံးအရင်းဖြင့်ဝယ်လျက်ရှိသောကြောင့် ဒေသခံပြည်သူများအတွက် ကြီးမားသောဆီပြတ်လပ်မှုနှင့်အခက်အခဲများဖြစ်ပေါ်လာနိုင်သည့်အတွက် မြန်မာဘက်သို့ စက်သုံးဆီတင်ပို့မှုကို တားမြစ်လိုက်သည်ဟု ရှာဟာခရိုင်အုပ်ချုပ်ရေးမှူး VL Hruaizela Khiangte က မတ်လ ၂၀ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ ရှာဟာခရိုင်အတွင်းရှိ ဆီဆိုင်များသည် အစိုးရမှ သတ်မှတ်ထားသော ဈေး ထက် ပိုမိုမြင့်မားသော မှောင်ခိုဈေးဖြင့် စက်သုံးဆီ ရောင်းချခြင်း မပြုရန်၊ ဆီဆိုင်များသည် ဓာတ်ဆီ ၅၀၀ လီတာအထက် နှင့် ဒီဇယ် ၁၀၀၀ လီတာအထက်ဆိုလျင် ဝယ်ယူသိုလှောင်ခွင့်လိုင်စင် (Storage Permit) ရှိသူများကိုသာ ရောင်းချရမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ကို အိမ်နီးချင်းနိုင်ငံ (မြန်မာ) နှင့် အခြားနေရာများသို့ ကူးသန်းရောင်းဝယ်ခြင်း သို့မဟုတ် တရားမဝင် ပို့ဆောင်ခြင်းတို့ကို ပိတ်ပင်တားမြစ်သည်ဟု ဖော်ပြထားသည်။ ဤတားမြစ်မိန့်ကို ဖောက်ဖျက်ကျူးလွန်ပါက ၂၀၂၃ ခုနှစ်၊ Bharatiya Nyaya Sanhita ပုဒ်မ ၂၂၃ အရ ပြင်းထန်စွာ အရေးယူခြင်း ခံရမည်ဖြစ်ပြီး အဆိုပါ တားမြစ်မိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ (၂) လ အထိ အတည်ဖြစ်ကြောင်းသိရသည်။

Read More

တစ်နှစ်အတွင်း PDF-Zoland ရဲဘော် ၁၃ ဦးကျဆုံး (004SS) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော Zomi Federal Union (ZFU/PDF-Zoland) သည် ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်းမှာ စစ်ကော်မရှင်၏ တပ်စခန်း ၂ ခုကို သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၃၀ ဦးဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ ZFU/PDF-Zoland သည် ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့မှုအခြေအနေနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် စစ်ရေးအစီရင်ခံစာကို မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်တွင် ဆိုင်မွာလ် (Saimual) စခန်းနှင့် ဒီဇင်ဘာလ ၂၇ ရက်တွင် ထွမ်ဗုမ်း (Thuamvum) စခန်းတို့ကို တစ်လအတွင်း ဆက်တိုက် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည်ဟုဖော်ပြသည်။ ထို့အပြင် ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှ စတင်ကာ မဟာမိတ်တပ်ပေါင်းစုများနှင့်အတူ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင်လည်း ပါဝင် ဆင်နွှဲခဲ့သည်။ စစ်ဆင်ရေးကာလအတွင်း PDF-Zoland အနေဖြင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ စစ်ကော် မရှင်တပ်သား ၁၈ ဦးသည်လည်း PDF-Zoland ထံ ခိုလှုံလာခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း လက်နက် ၅၀ ကျော် ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းဖော်ပြသည်။ တစ်နှစ်တာအတွင်း တိုက်ပွဲများကြောင့် PDF-Zoland မှ ရဲဘော် ၁၃ ဦး ကျဆုံးခဲ့ပြီး လက်ရှိတွင် ရဲဘော် ၁၅ ဦးထက်မနည်း ဒါဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်းလည်း PDF-Zoland ထံမှ…

Read More

လက်ရှိ ဖလမ်းတိုက်ပွဲသည် ချင်းအားလုံးအတွက် တိုက်ပွဲဟုဆို (006SV) ချင်းပြည်နယ်တွင် စစ်ကော်မရှင်ကို မောင်းထုတ်ပြီးရင်း ချင်းလက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွတ်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ CB ဥက္ကဌ ထန်းချွန်ဖေက ပြောသည်။ “ကျနော်တို့ ချင်းညီနောင်အနေနဲ့ အဓိကရန်သူက စစ်ကောင်စီဖြစ်တဲ့အတွက် စစ်ကောင်စီကို မောင်းထုတ်မယ်၊၊ ရန်သူကို မောင်းထုတ်ပြီးရင် နောက်ထပ် ဘာလုပ်မလဲဆိုရင် ကျနော်တို့မှာ plan (အစီအစဉ်) ရှိတယ်၊၊ ကျနော်တို့ လက်ခံထားတာက ချင်းဟာ တစ်ခုထဲ ဖြစ်ရပါမယ်။ တစ်ချင်းပဲ ဖြစ်ရပါမယ်၊၊ စည်းလုံးညီညွတ်ရပါမယ်။ ဒါကလည်း ကျနော်တို့ လုံးဝ ယုံကြည် မျှော်လင့်ထားတဲ့ အရာဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့ သွားနေပါတယ်။ ဘယ်သူကမှ ကျနော်တို့ကို စည်းလုံးညီညွတ် အောင်၊ အပြင်ကနေ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ကိုယ်တိုင်ရဲ့ ပြုမူနေထိုင်မှု၊ လုပ်ဆောင်မှု အပေါ်မှာပဲ ယုံကြည်မှုကို တည်ဆောက်ပြီး သွားနိုင်မယ်။ ပြည်သူလူထုကလည်း နားလည်ပါလိမ့်မယ်။ ကျနော်တို့ အခုချိန်မှာတော့ တချို့အရာတွေကို အချိန်မပေးနိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီဟာ ကျနော်တို့ မောင်းထုတ်ဖို့ လိုအပ်နေပြီ။ စစ်ကောင်စီကို မောင်းထုတ်ပြီးလို့ ရှိရင် သေချာတယ် ကျနော်တို့ စည်းလုံးညီညွတ်အောင် မဖြစ်မနေ ပြန်ပြီး ကြိုးစားသွားဖို့ ရှိပါတယ်” ဟု ICNCC/ CB ဥက္ကဌ ထန်းချွန်ဖေက ပြောသည်။ မတ်လ ၂၁ ရက် အွန်းလိုင်းမှတဆင့် ပြုလုပ်သည့် ချင်းညီနောင် စစ်ဆင်ရေး ရန်ပုံငွေပွဲတွင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ…

Read More

(004SS) မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အတွင်း နိုင်ငံခြားသားများ အများဆုံးနေထိုင်ရာနှင့် သွားလာရာနေရာများကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာမှု ရှိ၊ မရှိ သေချာစေရန်အတွက် မတ်လ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ (၂၄) နာရီပတ်လုံး အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် Datuk Zakaria Shaaban က ယခုစောင့်ကြည့်မှုသည် နိုင်ငံခြားသားများ အနေဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေများကို လိုက်နာမှုရှိစေရန်အတွက် ကနဦးခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြား ခဲ့ကြောင်း မလေးရှားရောက် ချင်းဒုက္သသည်အဖွဲ့အစည်းတစ်ခုဖြစ်သော ACR က ဖော်ပြထားသည်။ ထို့အပြင် အများပြည်သူ ဘေးကင်းလုံခြုံရေးနှင့် စည်းကမ်းစနစ်တကျရှိစေရေးအတွက် နိုင်ငံခြားသားများနှင့် ခရီးသွားများ ကို အစဉ်တစိုက် စောင့်ကြည့်သွားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ စောင့်ကြည့်စစ်ဆေးမည့် နယ်မြေများတွင် KLCC, TRX, SOGO, Pavillion, Bukit Bintang, Central Market, Petaling Street, Kotaraya, Masjid India, Chow Kit နှင့် Kampung Baru တို့ ပါဝင်သည်။ ထို့အပြင် အဓိကလမ်းမကြီးများဖြစ်သော Jalan Ampang, Jalan Sultan Ismail, Jalan Imbi, Jalan Kia Peng, Jalan Changkat, Jalan Alor, Jalan Pudu, Jalan Silang, Jalan Tun H.S Lee,…

Read More

CDF-Tonzang က ၎င်းလက်နက်ခဲယမ်းများ ပြန်လည်အပ်နှံရန် သတိပေး (004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Geelzang ရွာရှိ People’s Defense Army (PDA) ၏ တပ်စခန်းတစ်ခုကို Zomi Revolutionary Army-Eastern Command (ZRA-EC) က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး လက်နက်ခဲငယ် ၁၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းခဲ့ကြောင်း သိရသည်။ မတ်လ ၂၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အဆိုပါစီးနင်းမှုအတွင်း ZRA-EC ဘက်မှ လက်နက် ၁၅ လက်နှင့် ကျည်ဆန် အမြောက်အများ၊ ဗုံးသီးများ သိမ်းဆည်းရမိခဲ့ကြောင်း ZRA-EC အဖွဲ့ဝင် Peter Kim thang က ၎င်း၏ လူမှုကွန်ယက်စာ မျက်နှာတွင် ဖော်ပြသည်။ “မနေ့က Geelzang က PDA စခန်းကို သွားတိုက်တာ RPG ရော လက်နက်ခဲယမ်းအမြောက်အများရခဲ့တယ်” ဟု ဗီဒီယိုဖိုင်၊ ဓါတ်ပုံနှင့်တကွ Peter Kim Thang က ရေးသားဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ CDF-Tonzang က ယမန်နေ့ညနေပိုင်းတွင်ကြေညာချက်ထုတ်ပြန်ပြီး ZRA-EC အနေဖြင့် သိမ်းယူသွားသော လက်နက်ခဲယမ်းများကို မူလပိုင်ရှင်ဖြစ်သည့် PDA ထံသို့ အမြန်ဆုံး ပြန်လည်အပ်နှံရန် သတိပေးခဲ့သည်။ အကယ်၍ သတ်မှတ်ထားသည့်အတိုင်း ပြန်လည်အပ်နှံခြင်းမရှိပါက ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် လိုအပ်သလို ပြန်လည်တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF-Tonzang ကပြင်းထန်စွာ သတိပေးထားသည်။

Read More

(006SV) အာဏာသိမ်းစစ်ကော်မရှင်၏ ရွေးကောက်ပွဲများအလွန် ချင်းပြည်နယ်လွှတ်တော်တွင် ဟားခါးမှာ စစ်ရာဇဝတ်မှု ကျူးလွန်ထားသော စစ်တပ်မှ စစ်အရာရှိကြီး ၂ ဦးတို့ ပါဝင်နေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံမှ သိရသည်။ မတ်လ ၂၀ ရက်က စတင်ကျင်းပသော ချင်းပြည်နယ်လွှတ်တော်တွင် ဟားခါးမြို့နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု များထဲ ပါဝင်ခဲ့သော ဗိုလ်မှူးကြီး စောထွန်းနှင့် ဗိုလ်မှူး အာကာကျော်မိုးတို့သည် စစ်တပ်ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်လာခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း CHRO က မတ်လ ၂၀ ရက်မှာ ကြေညာသည်။ “ချင်းပြည်နယ်လွှတ်တော်မှာ ညှင်းပန်းနှိပ်စက်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံ ထားရတဲ့ စစ်တပ်အရာရှိတွေကို ပြန်လည်ထားရှိနေတာဟာ နစ်နာသူဒေသခံတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို စော်ကားပြုမှုခြင်းသာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ရာဇဝတ်မှု ကျူးလွန်ထားသူတွေကို အာဏာရှိတဲ့ နေရာတွေကို ပြန်လည်ပို့ဆောင်အသုံးပြုဖို့နဲ့ တရားမျှတမှု ရှာဖွေခံရခြင်းမှ ကာကွယ်ဖို့အတွက် စနစ်တကျ တွက်ချက်ပြီး ကြိုတင်ကြံစည်ထားတဲ့ ကြိုးပမ်းမှုတစ်ခုသာဖြစ်တယ်လို့ ကမ္ဘာကလည်း မှတ်မိနေမှာဖြစ်တယ်” ဟု CHRO မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန်က ပြောသည်။ ချင်းပြည်နယ်မြောက်ပိုင်းရှိ ခြေမြန်တပ်ရင်းများကို ကြီးကြပ်ကွပ်ကဲသော ဗျူဟာမှူးဖြစ်ခဲ့သူ ဗိုလ်မှူးကြီး စောထွန်းသည် စစ်အာဏာာသိမ်းပြီးနောက် ၂၀၂၁ နှင့် ၂၀၂၂ အတွင်းက စစ်ဆင်ရေးများတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများတွင် ပါဝင်သည်ဟု CHRO ထံမှ သိရသည်။ ၂၀၂၁ ခုနှစ် မေလအတွင်း…

Read More

(006SV) အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားပြည်သူတရပ်လုံးက အမျိုးသားရေးအသိ၊ အမျိုးသာရေးတာဝန်ဖြင့် ချင်းတော်လှန်ရေးတွင် စစ်မှုထမ်းကြပါရန် အထူးတိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ကြေညာသည်။ ယနေ့ မတ်လ ၂၀ ရက်တွင် ကျရောက်သော ၃၈ နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ချင်းအမျိုးသားတပ်ဦး (CNF) က ချင်းလူထုထံ ပန်ကြားလိုက်ခြင်းဖြစ်သည်။ ယနေ့သည် ချင်းတော်လှန်ရေး အင်အားစုများအနေဖြင့် စစ်ရေး၊ နိုင်ငံရေး အင်အားကို ပိုမိုစုစည်းခိုင်မာအောင် တည်ဆောက်လျက် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြရမည့် အချိန်ကာလသို့ ရောက်ရှိနေပြီဟု CNF က အသိပေးထားသည်။ ပြည်တွင်းနှင့် နိုင်ငံတကာရှိ ချင်းလူမျိုးများအနေဖြင့် စစ်မြေပြင်တွင် နေ့နေ့ညည တိုက်ပွဲဝင်နေကြရသော တော်လှန်ရေး ရဲဘော်၊ ရဲမေများနှင့် အသက်နှင့် ခန္ဓာ ပေးလှူခဲ့သော အာဇာနည်များကို အောက်မေ့အမှတ်ရလျက် ဆင်နွှဲလျက်ရှိသော ပြည်သူ့တော် လှန်ရေး ပန်းတိုင်သို့ အမြန်ရောက်ရှိရေးအတွက် လူအင်အား၊ ဓနအင်အား ပိုမိုစိုက်ထုတ်ပါဝင်ကြရန်လည်း နှိုးဆော်ထားသည်။ အာဏာသိမ်းစစ်အုပ်စုသည် တရားမဝင် ရွေးကောက်ပွဲမှတဆင့် အတုအယောင် လွှတ်တော်နှင့် စစ်တပ်အခွံလဲ အစိုးရကို ဖွဲ့စည်းပြီး စစ်အုပ်စု အာဏာတည်မြဲရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပြည်သူနှင့် နိုင်ငံတကာကို လှည့်ဖျားကြိုးပမ်းနေသည်ကို အထူးသတိပြုမိရန်လည်း CNF က အသိပေးထားသည်။ ပြည်သူနှင့် တော်လှန်ရေး အင်အားစုများအနေဖြင့် ရန်သူနှင့် မိတ်ဆွေတို့ကို ရှင်းရှင်းလင်းလင်း ခွဲခြားပြီး ညီညီညွတ်ညွတ်ဖြင့် လက်တွဲ တော်လှန်ကြရမည့် အချိန်အခါဖြစ်သည်ဟု ဆိုသည်။ ယနေ့ မတ်လ ၂၀ ရက်သည် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့်…

Read More

လိုအပ်လာပါက ချင်းပြည်သူအားလုံး လက်နက်စွဲကိုင်ပြီး ချင်းလဲန်ကို ကာကွယ်ရမည်ဟု ဆို (006SV) ချင်းအမျိုးသားလုံခြုံရေးနှင့် ချင်းလဲန်တည်ဆောက်ရေးအတွက် အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရေးသည် ပကတိလိုအပ်ချက်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဌ Pu Zing Cung က ပြောသည်။ ယနေ့ ကျရောက်သော ၃၈ နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဌက ယင်းသို့ ပြောဆို လာခြင်းဖြစ်သည်။ “ချင်းသမိုင်းကို ပြန်ကြည်ရင် ကိုယ့်မင်းကိုယ့်ချင်း ဘဝကနေ နယ်ချဲ့အင်္ဂလိပ် လက်အောက် ကျရောက်သွားရတာဟာ “ချင်းလဲန်ကို ကာကွယ်စောင့်ရှောက်နိုင်သည့် စည်းလုံး၍ အရည်အချင်း ပြည့်ဝသော တပ်မတော်တစ်ရပ် မရှိခဲ့လို့ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးကာလ ဗမာလူမျိုးကြီးဝါဒီများနဲ့ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်း ၆၀ ကျော်ကြာ ဖိနှိပ်၊ အုပ်ချုပ်၊ ကျွန်ပြုခံရတာဟာ မိမိတို့ နယ်မြေကို ကာကွယ်ပေးနိုင်တဲ့ အရည်အချင်းရှိသော တပ်မတော်တစ်ရပ် မရှိလို့ပဲ ဖြစ်ပါတယ်” ဟု CNF ဥက္ကဌ Pu Zing Cung က ပြောသည်။ ချင်းအမျိုးသားတပ်မတော်သည် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည် ရရှိရေးနှင့် ချင်းလဲန်ကာကွယ်ရေး တာဝန် များကို နှစ်ပေါင်း ၃၈ နှစ်ကြာ ထမ်းဆောင်နေပြီဖြစ်သကဲ့သို့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း ၎င်းတို့ နယ်မြေဒေသ အလျှောက် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေပြီဟု သိရသည်။ တော်လှန်ရေးတွင် ချင်ပြည်အတွက် လိုအပ်လာပါက ချင်းလဲန်ပြည်သူ အားလုံး လက်နက်စွဲကိုင်ပြီး ချင်းလဲန်ကို ကာကွယ်ကြရ မည်ဟုလည်း…

Read More

ဟားခါးမြို့ပေါ်တွင် ယနေ့ပစ်ခတ်မှုများ ဖြစ်ပွါး (004SS) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယနေ့ မတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ Pu Kawl Lian Thang နှင့် ဒုဥက္ကဌအဖြစ် ဦးသန့်စင်ဦးတို့ကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ရွေးချယ်ခံရသူ Pu Kawl Lian Thang သည် လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ်အစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ထို့အပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စစ်တပ်ကျင်းပသော ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုအ‌နေဖြင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ (၁) မှာ အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ရွေးကောက်ခံရသူ ဖြစ်သည်။ အလားတူ ဒုဥက္ကဌအဖြစ် ရွေးချယ်ခံရသူ ဦးသန့်စင်ဦးသည်လည်း USDP ပါတီမှ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၎င်းသည် အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ (၁) မှ ရွေးချယ်ခံထားရသူ ဖြစ်သည်။ ယနေ့ လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်အတွင်း ဟားခါးမြို့ပေါ်၌ ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။ မနက်ပိုင်း ၁၀ နာရီခန့်မှစတင်ကာ ဟားခါးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစိုးရရုံးနှင့် လွှတ်တော်ရုံးများတည်ရှိရာ ချင်းဦးစီးရပ်ကွက် အနီးတစ်ဝိုက်တွင် သေနတ်သံများ တောက်လျှောက်ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် CDF တပ်ဖွဲ့များက ဒရုန်းများအသုံးပြုကာ အစိုးရရုံးနှင့် လွှတ်တော်ရုံးတည်ရှိရာ…

Read More