Author: Editor

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန Excise & Narcotics Department က အိုက်ဇောလ်မြို့ Bethlehem Vengthlang ရပ်ကွက်တွင် မြန်မာနိုင်ငံမှသယ်ဆောင်လာသော Methamphetamines ဆေးပြား (၈) သောင်းကျော် မတ်လ ၁၁ ရက်နေ့ညက ဖမ်းဆီးခဲ့သည်။ ယင်းဆေးပြားနှင့်အတူ ပိုင်ရှင်ဟုယူဆရသူ အမျိုးသမီး အသက် (၄၃) နှစ်အရွယ် Zarzoliani ကိုလည်း ဖမ်းဆီးခဲ့ကြောင်း မီဇိုရမ်ညစဉ်သတင်း LPS တွင်ဖော်ပြသည်။ အလားတူ Excise & Narcotics Department အဖွဲ့မှ မတ်လ ၁၁ ရက်နေ့က မီဇိုရမ်ပြည်နယ် သုံးနေရာတွင် ဘိန်းဖြူ ဂရမ် ၁၄၀ ဖမ်းဆီးခဲ့ပြီး ၎င်းဘိန်းဖြူနဲ့အတူ ပိုင်ရှင်ဟု ယူဆရသော မီဇိုရမ်နိုင်ငံသား ၅ ဦးကိုလည်း ဖမ်းဆီးခဲ့ကြပြီး ND & PS Act 1985 အမှုဖွင့်ဆိုခဲ့ကြသည်။ ယခုရက်ပိုင်အတွင်း မီဇိုရမ်ပြည်နယ်တွင် ဘိန်းဖြူနှင့် Methamphetamines ဆေးပြားများ မကြာခဏဖမ်းဆီးမှုရှိနေပြီး အဆိုပါမူးယစ်ဆေးဝါးများမှာ အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများဖြစ်ကြသည်ဟုဆိုသည်။ မီဇိုရမ်၏ အကြီးဆုံးလူမှုအဖွဲ့အစည်းဖြစ်သည့် Central Young Mizo Association ဥက္ကဌ Pu R.Lalngheta က လည်း မူးယစ်ဆေးဝါးတိုက်ပွဲဖျက်ရေးလုပ်ငန်းတွင် အတူတကွပူးပေါင်းပါဝင်ကြရန် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်း လျန်လွယ်နှင့် လွှတ်တော်ကိုယ်စားလှယ်များအား တောင်းဆိုထားသည်ဟု သိရသည်။ Central YMA အဖွဲ့တို့သည် အိုင်ဇောလ်မြို့နှင့်အနီးတဝိုက်တွင်ရှိသော စစ်ဘေးရှောင်များရှိရာ Khamrang, Sairang, Sihhmui, Nghalchawm, Sihphir နှင့်…

Read More

စစ်ကောင်စီက တစ်နိုင်ငံလုံးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပရန်စီစဉ်နေပြီး ချင်းပြည်နယ်မှာလည်း ကျောင်းသား/ ကျောင်းသူ ၃ ထောင်ဝန်းကျင်ခန့်က ဝင်ရောက်ဖြေ ဆိုကြမည်ဟု သိရသည်။ မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ပလက်ဝမြို့နယ်နှင့် ကျီခါးမြို့နယ်ခွဲတို့ရှိ စာစစ်ဌာန ၉ ခုတွင် ကျောင်းသားကျောင်းသူ ၂၉၅၀ ယောက်က ဖြေဆိုကြမည်ဟု ချင်းပြည်နယ်၊ ပညာရေးမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “စာစစ်ဌာနကတော့ တွန်းဇံ ၂ခု၊ တီးတိန် ၁ ခု၊ ဖလမ်း ၁ခု၊ မတူပီ ၁ ခု၊ ပလက်ဝ ၄ ခုဆိုတော့ စုစုပေါင်း ကြတော့ ကျွန်တော်တို့မှာ ကိုးခုရှိတယ် စာစစ်ဌာနက။ ဖြေဆိုသူစုစုပေါင်းတော့ ၂၉၅၀ ပေါ့ စာရင်းတင်ထားတာ” ဟု ပညာရေးမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် မြို့နယ်အလိုက်စာရင်းမှာ ဖလမ်းမြို့နယ်တွင် ကျောင်းသူ၊ ကျောင်း သား ၃၀၉ ဦး၊ တွန်းဇံမြို့နယ်တွင် ၂၂၉ ဦး၊ ကျီခါးမြို့နယ်တွင် ၂၀၈ ဦး၊ တီးတိန်းမြို့နယ်တွင် ၂၈၆ ဦး၊ မတူပီမြို့နယ်တွင် ၁၀၇ ဦး၊ ပလက်ဝမြို့နယ်တွင် ၁၈၁၁ ဦး တို့ဖြစ်ကြသည်။ ချင်းပြည်နယ် ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်တို့တွင် စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်ထားသူ…

Read More

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော်၊ ချင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ကိုးရက်တာအတွင်း တိုက်ပွဲပေါင်း ၁၈ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီ ဘက်က ၈၀ ကျော်သေဆုံးခဲ့ သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်သည်။ ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဦးတည်လာသော စစ်ကောင်စီတပ်၏ ထောက်ပို့တင့်ကားနှစ်စီးနှင့် စစ်ကောင်စီ တပ်အင်အား ၂၀၀ ခန့်ပါရှိသော စစ်ကား ၂၇ စီးကို ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က ၁၅ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၇၀ ဝန်းကျင်သေဆုံးခဲ့သည်ဟု မတ်လ ၈ ရက်နေ့က ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်သည်။ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ကျနော်တို့က ပြောက်ကျားနည်းနဲ့ချုံခိုတိုက်ခိုက်တာဆိုတော့ အသေ အပျောက်နည်းတယ်၊ သူတို့(စစ်ကောင်စီ)က ကျောက်ကမ်းပါးအောက်မှာ စုပြီးနေရာယူတော့ ကမ်းပါးကို မိုင်းနဲ့ဖြိုတာ သူတို့အထိနာသွားတယ်၊ လက်နက်အားမမျှပေမယ့် နယ်မြေကျွမ်းကျင်မှု နဲ့ စိတ်ဓာတ်က လုံးဝကွာတာပေါ့” ဟု ပြောသည်။ ဖလမ်း-ဟားခါးအကြား တိုက်ပွဲများတွင် ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF-Hakha ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CNA မှ ရဲဘော်သုံးဦးနှင့် CNDF မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။ ထို့အပြင် ဖလမ်းမြို့နယ် အမှတ် ၂ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းမပေါ်တွင် လှုပ်ရှားနေသည့် စစ် ကောင်စီတပ်ဖွဲ့များနှင့် သုံးကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၈…

Read More

စစ်ရေး နိုင်ငံရေးအခြေအနေကြောင့် ဒုက္ခအဝဝခံစားနေကြရသည့် မြန်မာနိုင်ငံသားများနှင့်အတူ ထပ်တူခံစားရပြီး စစ်ဘေးရှောင်းများအနေဖြင့် မိမိတို့၏အခက်အခဲများကို အားမနာတမ်းတင်ပြကြရန်နှင့် တတ်နိုင်သည့်အပိုင်းမှာ ကူညီဆောင်ရွက်ပေးရန် အသင့်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် Central Young Mizo Association (CYMA) ဥက္ကဌ Pu R.Lalngheta ပြောသည်။ “မီဇိုးပြည်သူလူထုအနေနဲ့ ခင်ဗျားတို့ ခံစားနေရသလို ထပ်ထူခံစားနေကြပါတယ်။ မိမိပိုင်ဆိုင်ထားတဲ့ အိုးအိမ်တွေကို စွန့်ခွာပြီးတော့ မီဇိုရမ်မှာ ခက်ခက်ခဲခဲလာနေရတဲ့အခြေအနေထိ ဖြစ်လာတဲ့အပေါ်မှာလည်း တကယ်ဘဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ခင်များတို့အခက်အခဲကို ကျနော်တို့ နာလည်းတယ်။ အခက်အခဲရှိရင် အားမနာဘဲ ပြောကြပါ။ Central YMA အနေနဲ့ လုပ်ပေးနိုင်တဲ့အပိုင်းမှာတော့ နောက်ဆုတ်ထွက်ပြေးမှာမဟုတ်ပါဘူး” ဟု CYMA ဥက္ကဌက ပြောသည်။ မီဇိုရမ်ပြည်နယ်ရှိ Hangzo Natural Park နှင့် Zo Friendship International တို့ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ်သို့ ထွက် ပြေးခိုလုံလာကြသည့် စစ်ဘေးရှောင်များအား နှစ်သိမ့်အားပေးသည့် (Raltlan Thlahual) အခမ်းအနားကို မတ်လ ၇ ရက်နေ့က Hangzo Natural Park တွင် ကျင်းပခဲ့ကြပြီး ယင်းအခမ်းအနားတွင် ဧည့်သည်တော်ကြီးအဖြစ်တက်ရောက်လာသည့် CYMA ဥက္ကဌက ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ Central YMA အနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များခိုလုံနေထိုင်ကြသည့် ဒေသအားလုံးသို့ သွားရောက်ရန် စီစဉ်ကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်အကောင်အထည်မဖော်နိုင်သေးသော်လည်း အိုင်ဇောလ်မြို့နှင့်အနီးတ ဝိုက်တွင်နေထိုင်ကြသည့် စစ်ဘေးရှောင်စခန်းများကိုမူ မတ်လ ၁၁ နှင့် ၁၂ ရက်နေ့တွင် သွားရောက်ကြည့်ရှုကြမည်ဟု ၎င်းကပြောသည်။ မီဇိုးလူငယ်အသင်း…

Read More

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် ရိခေါ်ဒါရ်မြို့အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက်ကပြည်သူ အားလုံးသည် ယမန်နေ့ညနေပိုင်းက တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သိရသည်။ Chinland Defense Force – Hualngoram တပ်ဖွဲ့က ယမန်နေ့မတ်လ ၇ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန် ကာ ရိခေါဒါရ်မြို့အမှတ် (၂) (တီအိုချောင်း) တွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ညနေပိုင်း ၆ နာရီမထိုးခင် ဘေးလွတ်ရာကိုပြောင်းရွှေ့ကြရန်ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံပြည်သူများ တဖက်နိုင်ငံဘက်ကိုထပ်မံထွက်ပြေးတိမ်း ရှောင်နေကြခြင်းဖြစ်သည်။ “တိုက်ပွဲကလည်း ဒီနေ့ဖြစ်မလာ မနက်ဖြန်ဖြစ်မလား ပြောလို့မရဘူး အချိန်မရွေးဖြစ်နိုင်တဲ့အခြေအနေမှာရှိတော့ အားလုံးထွက်ပြေးကြပြီ ဇိုခေါထာရ်ဘက်ကို ဆွေမျိုးရှိတဲ့သူက ဆွေမျိုးအိမ်မှာနေကြတယ်၊ မရှိတဲ့သူကတော့ အမိုးအကာတွေလုပ်ပြီး နေကြရတယ်” ဟု အမှတ် (၂) ရပ်ကွက်ဒေသခံတစ်ဦးကပြောသည်။ ရိခေါဒါရ်အမှတ်(၁) ရပ်ကွက်ကပြည်သူများသည်လည်း CDF-Hualngoram ၏ ထုတ်ပြန်ချက်ကြောင့် ယမန်နေ့က တဖက် နိုင်ငံသို့ထွက်ပြေးခဲ့ကြရပြီး သက်ကြီးရွယ်အိုတချို့သာကျန်ခဲ့သည်ဟု ဒေသခံကတစ်ဦးကပြောသည်။ “အများစုကတော့ပြေးကြတယ် အိမ်ခြေ ၂၀ လောက်ဘဲကျန်မယ် မပြေးတာက မပြေးနိုင်တဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ လောက်ပဲကျန်မယ်” ဟု ရိမြို့ဒေသခံတစ်ဦးကပြောသည်။ ရိခေါဒါရ်မြို့အမှတ် (၂) ရပ်ကွက်တောင်ကုန်းပေါ်တွင်အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည့် မတ်လ ၅ ရက်နေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၉ ယောက်သေဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲကြောင့် အမှတ်(၂) ရပ်ကွက်ရှိ ဒေသခံပြည်သူ ထက်ဝက်ကျော်ခန့်သည် တဖက်မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့…

Read More

ချင်းပြည်နယ်‌တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြားဖြစ်ပွားသည့် နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ မကွေးတိုင်း ဆောမြို့နယ်အပါအဝင် ကန်ပက်လက်မြို့နယ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF-Kanpetlet က မတ်လ ၆ ရက်နေ့က ထုတ် ပြန်သည်။ ကန်ပက်လက်မြို့နယ်နှင့်မကွေးတိုင်းနယ်စပ်ဘက် မဆာတွီ၊ ဆွဲလွဲကျင်း၊ ကျင်ဒွေးနှင့် မောချောင်ရွာဘက်တွင် စစ် ကောင်စီတပ်နှင့် CDF-Kanpetlet တို့ တိုက်ပွဲဖြစ်ပွားမှု ၅ ကြိမ်ရှိခဲ့ပြီး ကန်ပက်လက်မြို့နှင့် အပေါရွာနားတွင် တစ်ကြိမ်စီ၊ မကွေးတိုင်းဆောမြို့တွင် ၂ ကြိမ် စုစုပေါင်း ၉ ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ စစ်ကောင်စီနှင့် ၂ လတာဖြစ်ပွားသည့်တိုက်ပွဲအတွင်း CDF-Kanpetlet မှရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးလက်နက်ကြီးထိမှန်ပြီးသေဆုံးခဲ့သည်။ စစ်ကောင်စီတပ်များသည် မောချောင်းရွာမှ ပြည်သူနေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး လူနေအိမ်များဖောက်ထွင်းကာ ပစ္စည်းများခိုးယူခဲ့ကြသည့်အပြင် မဆာတွီကျေးရွာတွင် နွားနောက်နှစ်ကောင်ကိုလည်း ပစ်သတ်ကာ တစ်ကောင်ချက်စားပြီး တစ်ကောင်ယူဆောင်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် CDF-Kanpetlet နှင့်အတူ PDF-Saw၊ ယောကာကွယ်ရေးတပ်ဖွဲ့ YDF၊ CDF-Daai၊ ချင်းအမျိုးသားတပ်မတော် CNA တပ်တို့ကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ အလားတူ ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်မှာလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဖေဖော်ဝါရီလအတွင်း…

Read More

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကန်ပက်လက်မြို့နယ်ဘက်ကို သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာနေပြီး CDF-Kanpetlet တပ်ဖွဲ့က လက်နက် နဲ့ ကျည်ဆံမလုံလောက်မှုကြောင့် ဆုတ်ခွါစနစ်နဲ့ခုခံတော်လှန်နေရပြီး လက်နက်ကျည်ဆံကုန်သွား လည်း တူမီးသေနတ်နဲ့ဖြစ်ဖြစ် ခုခံကာကွယ်သွားမယ်လို့ CDF-Kanpetlet တပ်မမှူးကပြောပါတယ်။ “အခုက ကျနော်တို့ တတ်နိုင်သလောက် ရှိတဲ့လက်နက်လေးနဲ့ ခုခံတယ် ဒါပေမယ့် ကျည်ဆံကုန်တဲ့အခက်အခဲတွေဖြစ် လာတယ် ကာကွယ်ရေးအတွက်အတော်လေးအခက်ခဲဆုံးအခြေအနေဖြစ်လာတယ် စစ်ကောင်စီဘက်ကလည်း ဘယ်လို ရည်ရွယ်ချက်နဲ့ ကန်ပက်လက်ကိုဦးတည်နေသလဲတော့မသိဘူး ဒါပေမယ့်ကျနော်တို့ ကျည်ဆံကုန်ရင်လည်း ရှိတဲ့ တူမီးနဲ့ဖြစ်ဖြစ် ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ခုခံဖို့ပြင်ဆင်နေကြတယ်” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်းနယ်စပ် ရှင်းလက်မွန်ဘက်ကို ကျောက်ထုဘက်ကနေ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာပြီး CDF-Kanpetlet တပ်ဖွဲ့တို့နဲ့ မတ်လ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက် ၇ ဦးသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ “ကျနော်တို့ကန်ပက်လက်CDF တပ်ရင်းတစ်ရင်းအထိုင်ချတဲ့နေရာ အဲဒီမှာ စစ်ကြောင်း ၃ ကြောင်းနဲ့ထိုးစစ်ဆင်လာကြတယ် တိုက်ပွဲဖြစ်ကြတာ သူတို့ ၇ ယောက်လောက်သေတယ် ကန်ပက်လက်ဘက်ကို ဦးတည်ပြီးမှ စစ်ကြောင်းထိုးလာကြတယ်” လို့ CDF-Kanpetlet တပ်မမူးကပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ် မဆာတွီကျေးရွာနဲ့ ဆောမြို့နယ်ဆွဲလွဲကျင်းရွာအကြား မှာ စစ်ကောင်စီတပ်နဲ့ CDF-Kanpetlet တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ သေဆုံးသွားတဲ့ သူတို့တပ်သားတွေရဲရုပ်အလောင်းတွေကို လမ်းဘေးတဲအိမ်တစ်အိမ်မှာ စုထားပြီး တဲအိမ်နဲ့အတူ မီးရှို့ခဲ့ကြတယ်လို့ CDF-Kanpetlet က ထုတ်ပြန်ပါတယ်။

Read More

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အမှတ် (၂) ရပ်ကွက် (တီအိုချောင်း) အနီးတွင် မတ်လ ၅ ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် တဖက် မီဇိုရမ်ပြည်နယ် ဇိုးခေါထားကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးရှောင်၂၀၀၀ ကျော်ရှိသည်ဟု သိရသည်။ အဆိုပါစစ်ဘေးရှောင်ပြည်သူများမှာ ရိခေါဒါရ်မြို့နဲ့အနီးတဝိုက်က ကျေးရွာပြည်သူလူထုများဖြစ်ကြောင်း သိရပြီး နေထိုင်စရာ ဆွေမျိုးသားချင်းမရှိသော စစ်ဘေးရှောင် ၅၀၀ ကျော်ကို ဇိုးခေါထားကျေးရွာ ပြည်သူလူထုများက ကူညီစောင့်ရှောက်ကာ ဂိုဒေါင် ၃ ခုတွင် နေရာထိုင်ခင်းစီစဉ်ပေးကြသည်။ ဇိုးခေါထားကျေးရွာနေလူငယ်တစ်ဦးက “အိန္ဒိယစံတော်ချိန် မနက် ၄ နာရီ လောက်ကစပြီး ဒီဘက်ကို ထွက်ပြေး လာကြတယ်။ အရေအတွက်အတိကျတော့ မသိရသေးဘူး။ တချို့စစ်ဘေးရှောင်တွေက ဆွေမျိုးသားချင်းအိမ်တွေမှာ နေကြတယ်။ နေစရာမရှိတဲ့ စစ်ဘေးရှောင် အယောက် ၅၀၀ ကျော်လောက်ကိုတော့ ဇိုးခေါထားကျေးရွာ ပြည်သူလူထုတွေက မနက်နဲ့ညနေစာ ပြင်ဆင်ပေးထားတယ်။” ဟု ပြောသည်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက် (တီအိုချောင်း) တောင်ကုန်းပေါ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တပ်စွဲလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုCNA, PDF-Zoland, CNDF, CDM-Siyin နှင့် CDF-Hualngoram စတဲ့ ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၉ ဦးသေးဆုံးခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က သေဆုံးသူမရှိကြောင်း သိရသည်။ ယခုလက်ရှိ ဇိုးခေါထားကျေးရွာတွင် စစ်ဘေးရှောင် ၅၀၀၀ ခန့် ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

Read More

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် တိမ်းရှောင်နေကြသည့် မြန်မာစစ်ဘေးရှောင်ကလေးငယ် ၂၅၂၆ ဦးကို မီဇိုရမ်ပြည်နယ် အစိုးက ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်တွင် ကျင်းပပြုလုပ်သော လွတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte က “အိမ်နီးချင်းနိုင်ငံ မြန်မာပြည် ပြည်တွင်းနိုင်ငံရေးပြဿနာကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသူ စစ်ဘေးရှောင် မြောက်များစွာရှိပါတယ်။ အဲဒီထဲမွာ ပညာသင်ကြားတဲ့အရွယ်တွေလည်း အများအပြားပါလာကြ တယ်။ ပညာရေးဆိုတာက Universal ဖြစ်တဲ့အတိုင်းဘဲ အိန္ဒိယဥပဒေအရ နိုင်ငံခြားသားဖြစ်နေပေမယ့် ကျနော်တို့ကတော့ ညီအကိုဆွေမျိုးသားချင်းတွေဖြစ်တယ်လို့ ခံယူထားတယ်။ ဒါကြောင့် ပညာသင်ကြားနိုင်အောင် စဉ်းစားခဲ့ကြတယ်။ လက်ရှိမှာ စစ်ဘေးရှောင် ၂၅၂၆ ဦးဟာ မီဇိုရမ်မှာ ပညာသင်ကြားနေကြတယ်” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ္တပ္က အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှုပြင်းထန်ခဲ့သည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသက ပြည်သူများသည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးခိုလုံခဲ့ကြရသည်။ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းမှတ်တမ်းအရ မြန်မာစစ်ဘေးရှောင်ဦးရေ ၂၄၂၈၉ ဦးရှိသည်ဟု သိရသည်။

Read More

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ပြင်က စစ် ကောင်စီတပ်စခန်းကို ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်ပိုင်း ၅ နာရီခွဲလောက်က သွားရောက်ပ စ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးတယ်လို့ PDF-Zoland ကထုတ်ပြန်ပါတယ်။ ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက် (တီအိုချောင်း) တောင်ကုန်းပေါ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တပ်စွဲလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို CNA, PDF-Zoland, CNDF, CDM-Siyin, CDF-Hualngoram စတဲ့ပူပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သလို ပူးပေါင်းတပ်ဖွဲ့က တော့ အကျဆုံးမရှိပဲ ဒဏ်ရာရသူအနည်းငယ်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ရိခေါဒါရ်မြို့ဟာ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကအချက်အချာကျတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က လုံခြုံရေး တပ်ဖွဲ့တွေချပေးဖို့ စစ်ကောင်စီဥက္ကဌထံ တင်ပြခဲ့ပြီးနောက် ရိတပ်စခန်းက စစ်သားတစ်ဝက်လောက်ဟာ အမှတ် (၂) ရပ်ကွက်ဘက်သို့ စခန်းချတပ်စွဲလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီစခန်းချတပ်စွဲလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် ဒေသခံပြည်သူတွေစိုးရိမ်ထိပ်လန့်ခဲ့ရသလို ရေရှည်မှာပြည်သူတွေ အပေါ်အနှောက်အယှက်ပေးလာနိုင်တာကြောင့် ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ သွားရောက်ပစ်ခတ်ခဲ့တာလို့ CDF-Hualngoram ကလည်း ထုတ်ပြန်ထားပါတယ်။ ယနေ့မနက်တိ်ုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန်တစ်နာရီ ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ ရိခေါဒါရ်မြို့သည် အမှတ် (၁) နဲ့ အမှတ်(၂) ရပ်ကွက်နှစ်ခုရှိကာ ရပ်ကွက်တစ်ခုနဲ့တစ်ခုဟာ ၂ မိုင်လောက်ကွာဝေးပြီး ယခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာအနီး အမှတ် (၂) ရပ်ကွက်က ပြည်သူသုံးပုံနှစ်ပုံလောက်ကတော့ တဖက် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

Read More