ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းက အသက် ၁၆ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ်တွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်း/ပြည်ပ ထွက်ခွာခွင့်မပြုတော့ဘူးလို့ CDF-Mindat က ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ မင်းတပ်မြို့ဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ တူမီးသေနတ်ကိုစွဲကိုင်ပြီး လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံး စတင်ခဲ့ဒေသဖြစ်ပါတယ်။ CDF-Mindat အနေနဲ့ ဘာကြောင့် လူငယ်တွေကို ပြည်တွင်း/ပြည်ပ ထွက်ခွါခွင့်မပြုတော့တာပါလဲ။ လက်ရှိ စစ်ရေးအခြေအနေနဲ့ CDF-Mindat ရဲ့အခြေအနေကကော် ဘယ်လိုအနေအထားရှိနေပါသလဲ။ ဒီကိစ္စနဲ့ပတ် သက်ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ပထမဦးဆုံးအနေနဲ့ ယခုလက်ရှိ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ဘက်က စစ်ရေးအခြေအနေ အရင်ရှင်းပြလို့ရမလား။ ဖြေ။ ။ တောင်ပိုင်းဘက်ပြောရမယ်ဆိုရင် မတူပီဖက်မှာတော့ ဟိုတလောက စစ်ကြောင်းတွေရှိတာ ပြန်ဆုတ်သွားပြီ၊ မင်းတပ်နယ်ဘက်မှာတော့တိုက်ပွဲကမရှိဘူး၊ မင်းတပ်မြို့ပေါ်မှာတော့ မေလနဲ့ ဇွန်လကြားထဲ ၁၀ ကြိမ်ကျော်ကျော်တော့ မြို့ပြ ပြောက်ကျားပုံစံပစ်ခတ်နေတာရှိတယ်။ လောလောဆယ်တိုက်ပွဲ ဆိုလို့ ပေါက် ဘက်ကနေ ကျောက်ထု ဘက် ကို လာနေတဲ့ စစ်ကား ၁၀ စီးပေါ့နော် အဲ့တာတခု တော့ရှိတယ်။ မနေ့ တနေ့က စထွက်လာတာ (၃) ရက်ရှိပြီ အခုထိ ကျောက်ထုမရောက်သေးဘူး၊ စစ်ရေးတင်းမာနေတဲ့သဘောရှိတယ် ၊ တိုက်ပွဲဖြစ်လာနိုင်တဲ့သဘောရှိတယ်၊ မင်းတပ်မြို့ပေါ်မှာတော့ ၁၇ ရက်နေ့တကြိမ်၊ ၁၉ ရက်နေ့တကြိမ်တော့ ဖြစ်နေတယ်၊ ကာကွယ်ရေးရဲဘော်တဦးကတော့ အသေးစား ဒဏ်ရာရတယ်၊ စကစ…
Author: Editor
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် တစ်ပတ်နီပါးခန့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် လောင်တလိုင်ခရိုင်အတွင်းရှိ မြန်မာစစ်ရှောင်များ၏ ကျောင်းဆောင်နှင့် နေအိမ် ၇ လုံး ပျက်စီးခဲ့သည်ဟု သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ဇွန်လ ၁၈ ရက်နေ့က လောင်တလိုင်မြို့မှာ မြန်မာစစ်ဘေးရှောင်များအတွက် ဖွင့်လှစ်ထားသော Vengpui Refugee Camp က စာသင်ကျောင်းအဆောက်အအုံနှင့် Canan Refugee Camp မှ စစ်ဘေးရှောင်နေအိမ် ၇ လုံး အမိုးလန်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ “မိုးမှောင်မဲလာပြီးတော့ အနောက်ဖက်ကနေ လေတိုက်လာတာ။ မိုးအရင်ကျလာတယ်၊ ပြီးတော့ ရုတ်တရက်ကြီး ၄ နာရီလောက်မှာတော့ တအားကြီးပြင်းသွားတာ၊ မုန်တိုင်းထက်တောင်ပြင်းသလိုပဲ၊ အခုက မိုးကာနဲ့ပဲဆော က်ထားတာ ဆိုတော့လေး အကုန်ပေါက်ကုန်တာ။ ဝါးနဲ့ဆောက်တာ။ မိုးကာနဲ့မိုးတယ် လေဒါဏ်လာ တဲ့အခါမှာ အကုန် ပြဲကုန်တာပေါ့။” ဟု လောင်တလိုင်မြို့ စစ်ရှောင်တစ်ဦးက ပြောသည်။ စစ်ဘေးရှောင်စခန်းနှင့် ကျောင်းဆောင်အဆောက်အအုံသည် ဝါးနှင့် မိုးကာတို့ဖြင့်သာ ယာယီဆောက်လုပ်ထားခြင် းဖြစ်ပြီး အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းမရှိနိုင်ပါက မိုးတွင်းကာလတွင် ပိုမိုအခက်အခဲရှိလာနိုင်သည်ဟုဆိုသည်။ လောင်တလိုင်ခရိုင်တွင် မြန်မာစစ်ရှောင်စခန်း ၂၃ ခုရှိပြီး လူဦးရေ ၇၀၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။
(05MK) အိန္ဒိယနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ်ဆိုင်ရာဂုဏ်သိက္ခာအားထိပါးစေသော လုပ်ဆောင်မှုများ ရှောင်ကြဉ်ရန်ဆိုသည့်အချက်အပါအဝင် အိန္ဒိယရောက် မြန်မာနိုင်ငံသားများလိုက်နာရန် အချက် ၅ ချက်ပါ အသိပေးမေတ္တာရပ်ခံချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇွန်လ ၁၅ ရက်နေစွဲဖြင့် ထုတ်ပြန်သော ယင်းအသိပေး မေတ္တာရပ်ခံချက်တွင် အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ယာယီခိုလှုံနေကြသည့် မြန်မာနိုင်ငံသားများနှင့် ယင်းမြန်မာနိုင်ငံသားများဖွဲ့စည်းထားသည့် လူမှုအဖွဲ့အစည်းများအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာ (sovereignty) နှင့် နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာ (territorial integrity) ကို ထိပါးစေသည့်ပြုမူလုပ်ဆောင်မှုများကို ရှောင်ကြဉ်ကြရန်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ ရောက်ရှိခိုလှုံနေထိုင်နေသည့်ပြည်နယ်၏ နိုင်ငံရေးနှင့်အုပ်ချုပ်မှုဆိုင်ရာအရေးအရာများ (political and administrative matters) (ဥပမာ – နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုနှင့် လူမျိုး ရေးအခြေပြုအချေအတင်ဖြစ်မှုများ) တွင် မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုများ မရှိစေရေး သတိပြုနေထိုင်ကြရန်လည်း NUG အစိုးရက မေတ္တာရပ်ခံထားသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရေးပဋိပက္ခနှင့် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်မှုရန်မှ လွတ်မြောက်ရန် မြန်မာနိုင်ငံသားအမြောက်အများသည် အိမ်နီးချင်းအိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလုံခဲ့ကြရသည်။ အိန္ဒိယနိုင်ငံတွင် မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံသားများ အထူးသဖြင့် ချင်းလူမျိုးများ ထွက်ပြေးခိုလုံမှုအများဆုံး ပြည်နယ်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းအရ မီဇိုရမ်ပြည်နယ်တစ်ခုတည်းတွင် လူဦးရေ ၃၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခိုလုံနေကြရသည်ဟုဆိုသည်။ ထို့အပြင် မဏိပူရ်ပြည်နယ်နှင့် နယူးဒေလီမြို့တို့တွင်လည်း မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများ ထောင်နှင့်ချီရှိနေကြသည်။ ယခုကဲ့သို့ စစ်ဘေးရှောင်နေကြသည့်အချိန်တွင် မြန်မာနိုင်ငံသားများအနေဖြင့် မူးယစ်ဆေးဝါးနှင့်…
(03PT) အမေရိကန်ပြည်ထောင်စု မေရီလဲန်းပြည်နယ်အခြေစိုက် Chin Association of Maryland က လာမည့်ဇွန်လ ၂၇ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ရှိ ချင်းစစ်ဘေးရှောင်များအရေးနှင့်ပတ်သက်သော အစီရင်ခံစာထုတ်ပြန်ခြင်းနှင့်အတူ ဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်မည်ဟု သိရသည်။ ဇွန်လ ၂၇ ရက် နေ့လည် ၂ နာရီမှ ၃ နာရီခွဲအထိ ဝါရှင်တန်ဒီစီ Open Society Foundations မှာ ယင်းအစီစဉ်ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Chin Association of Maryland ၏ “အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ချင်းဒုက္ခသည်များ- ဒုက္ခသည်များကို ကူညီပေးခြင်းနှင့် ၎င်းတို့အား ကြိုဆိုနေသည့် ဒေသခံအသိုင်းအဝိုင်းများကို ပံ့ပိုးပေးခြင်း” ဆိုသည့် အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဟု ဇွန်လ ၁၄ ရက်နေ့က Chin Association of Maryland က ထုတ်ပြန်သည်။ Chin Association of Maryland မှ Reverend Tim Siemens, CAM Board Chairman, Matthew Wilch, Advisor နှင့် Zo Tum Hmung, Executive Director တို့သည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ နယူးဒေလီနှင့် မီဇိုရမ်ပြည်နယ်သို့ သွားရောက်ကာ ချင်းနှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ၏ အခြေအနေကို အကဲဖြတ်လေ့လာခဲ့ ကြပြီး ယခုထုတ်ပြန်မည့်အစီရင်ခံစာသည် ခရီးစဉ်မှ အဓိက တွေ့ရှိချက်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ…
(04SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့ ညောင်ပင်သာရပ်ကွက်ရှိ မြို့မဈေးတွင် ပန်းရောင်းသူနှင့် ပန်းပန်သူ အမျိုးသမီးများအား ယနေ့ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကလေးမြို့ ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်များသည် စစ်တပ်ဝတ်စုံမဟုတ်ဘဲ အရပ်သားဝတ်စုံများဝတ်ကြကာ ၎င်းတို့အား ကလေးမြို့အရှေ့ ရဲစခန်းသို့ ကားဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။ ထို့သို့ စစ်ကောင်စီတပ်များ ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ပန်းရောင်းဈေးသည်နှင့် ပန်းပန်အမျိုးသမီးမှာ အယောက် ၂၀ ကျော်ရှိသည်ဟု သိရသည်။ ထို့နောက် စစ်ကောင်စီတပ်များသည် မြို့မစျေးတွင်သာမက ကလေးမြို့ လမ်းစုံလမ်းခွနေရာအနှံ့ ကင်းစောင့်နေကြပြီး လမ်းသွားလမ်းလာများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒီနေ့က မနက်ကတည်းက စစ်သားတွေပဲပြည့်နေတယ်။ လမ်းသွားလမ်းလာတွေကို စစ်တယ်၊ မနက်ကတည်းကနေ နေ့ခင်းထိ ရှိကြတယ်။ ဒီမနက်လဲ ပန်းပန်တဲ့သူတွေရော ပန်းရောင်းတဲ့သူတွေရော ဖမ်းကြတာဆိုတော့ ဒီနေ့ကတော့ ပန်းပန်တဲ့သူရှိမလားဆိုတာ အဓိကစစ်တာနေမှာ” ဟု ၎င်းကပြောသည်။ လက်ရှိ ကလေးမြို့ လူစည်ကားသည့် လမ်းစုံလမ်းခွများနှင့် ရပ်ကွက်အချို့တွင် စစ်ကောင်စီတပ်များသည် အသွားအလာစစ်ဆေးမှုများ ပြုလုပ်ကြပြီး အထူးသဖြင့် ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ စစ်ဆေးကာ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်။ ထိုသို့ စစ်ဆေးရာတွင် ဆိုင်ကယ်လိုင်စင် ယူဆောင်ခြင်းမပြုသူများအား ဒါဏ်ငွေ ၅၀၀၀၀ ကျပ်ဆောင်ခိုင်းကြောင်း စစ်ဆေးခံခဲ့သူတစ်ဦးက ပြောသည်။ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပြည်သူများသည် အနယ်နယ်အရပ်ရပ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မွေးနေ့အား ဂုဏ်ပြုကာ အာဏာသိမ်းစစ်တပ်အုပ်ချုပ်မှု မလိုလားကြောင်း…
(02HH) ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့သို့ တပ်ချိန်းလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မင်းတပ်-ကျောက်ထုလမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားကာ ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်သား ၂၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ အင်အား ၁၅၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မကွေးတိုင်း ကျောက်ထုမြို့မှ ချင်းပြည်နယ် မင်းတပ်မြို့သို့ တပ်ချိန်းရန် ချီတက်လာခဲ့ကြရာမှာ မေလ ၂၅ ရက်နေ့ကစ၍ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF-Kanpetlet တပ်မဟာမှူးက ပြောသည်။ “မင်းတပ်ကို သီးသန့် တပ်ချိန်းဖို့အတွက် သွားတဲ့စစ်ကြောင်းပေါ့၊ အသွားတုန်းကတော့ ၁၅၀ လောက်ရှိတယ်။ ပြန်လာတော့ တပ်ချိန်းနဲ့ လုံခြုံရေးနဲ့ ၂၀၀ ဝန်းကျင်လောက် ပြန်ပြီးမှ ဆုတ်လာတဲ့အနေအထားမျိုးပေါ့။ တပ်ချိန်းက မင်းတပ်ဖက်ကနည်းသွားပြီး ပြန်လာတဲ့ဟာကို လုံခြုံရေးယူပေးတဲ့ဟာ ပိုများသွားတယ် ကျောက်ထုဖက်ကို ပြန်ပြီး ရွေ့လာကြတယ်လို့ခန့်မှန်းထားတယ်” ဟု CDF-Kanpetlet တပ်မဟာမူးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ကို CDF-Mindat, CDF-Kanpetlet, ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) (The Youth Force) နှင့် ဂန့်ဂေါခရိုင်တပ်ရင်း (၈) စသည့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မေလ ၂၅ ရက်နေ့က တိုက်ပွဲ ပဒေသာမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု CDF-Kanpetlet ၏ ဇွန်လ ၁၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မေလ ၂၈ ရက်နေ့တွင် မင်းတပ်မြို့သို့ တပ်ချိန်းပြီးနောက် ပြန်လည်ထွက်ခွါလာကြသော စစ်ကောင်စီတပ်ဖွဲ့ကို ပဒေသာမိုင်းဖြင့် ထပ်မံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား…
(02HH) မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် လူနေအိမ်အေဆာက်အအုံ ၇ သောင်းကျော်ပျက်စီးခဲ့ပြီး ချင်းပြည်နယ်သည် တနိုင်ငံလုံးတွင် ပျက်စီးဆုံးရှုံးမှု တတိယအများ ဆုံးပြည်နယ်ဖြစ်သည်ဟု Data for Myanmar ၏ စာရင်းအရသိရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ နိုင်ငံတဝန်းလုံး မီးရှို့ဖျက်ဆီးမှုအခြေအနေနှင့်ပတ်သက်၍ Data for Myanmar အဖွဲ့က ဇွန်လ ၁၄ ရက် နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ (၁) ရက်မှ ၂၀၂၃ ခုနှစ် မေလ (၃၁) နေ့ အထိ လူနေအိမ်အဆောက်အအုံ ၇၀၃၂၄ ပျက်စီးခဲ့သည်ဟု ဆိုသည်။ စစ်ကိုင်တိုင်းသည် တစ်နိုင်ငံလုံးတွင် အဆောက်အအုံမီးရှို့ဖျက်ဆီးခံရမှုအများဆုံးဒေသဖြစ်ပြီး အိမ်ခြေပေါင်း ၅၃၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။ ဒုတိယ ပျက်စီးဆုံးရှုံးမှုအများဆုံးမှာ မကွေးတိုင်းဖြစ်ပြီး အိမ်ခြေပေါင်း ၁၀၄၅၁ လုံး ပျက်စီးဆုံးရှုံးခဲ့ သည်ဟု Data for Myanmar ၏ ထုတ်ပြန်ချက်အရသိရသည်။ ချင်းပြည်နယ်သည် ပျက်စီးဆုံးရှုံးမှု တတိယအများဆုံးဒေသဖြစ်ပြီး အိမ်ခြေပေါင်း ၁၆၃၇ လုံးပျက်စီးဆုံးရှုံးကာ ကျေးလက် ဒေသတွင် လူနေအိမ် ၃၀၂ လုံး နှင့် မြို့ပြတွင် ၁၃၃၅ လုံး ပျက်စီးခဲ့သည်ဟု Data for Myanmar စာရင်း အရသိရသည်။ စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ခုခံတော်လှန်စစ်အားကောင်းသော ဒေသများကိုပစ်မှတ်ထားကာ လူနေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ချင်းရေးရာအဖွဲ့ချုပ်မှ ဒုညွန်ကြားရေးမှူး Salai Van Sui San ကပြောသည်။…
(03PT) ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) တရားရေးဌာနက ဖလမ်းမြို့နယ်တွင် ပြစ်မှုကျူးလွန်သူ ၁၁ ဦးကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေနှင့်အညီ တရားစီရင်ကာ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သည်ဟု သိရသည်။ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) က ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ သက်ငယ် မုဒိမ်းမှု၊ ခိုးမှု၊ အိမ်မီးရှိုမှုနှင့် မိုးယစ်ဆေးဝါးရောင်းဝယ်မှုစသည့် ပြစ်မှုကျူးလွန်သူများကို ပြစ်မှုဆိုင်ရာ ဥပဒေနဲ့အညီ ငွေဒဏ်နှင့် ထောင်ဒဏ် အသီးသီး စီရင်ချမှတ်ခဲ့သည်ဟု CNO တရားရေးဌာနက ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်သည်။ ထိုသို့ တရားစီရင်ရာတွင် ပြစ်မှုကျူးလွန်သူ ၄ ဦးတို့ကို ဒဏ်ငွေရိုက်ပြီး ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးကာ ကျန် ၇ ဦးကိုတော့ ထောင်ဒဏ်တစ်နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် တရားစီရင်ရေးဌာန (CNO-Judiciary Department) အတွင်းရေးမှု Salai Van Sui San က ပြောသည်။ မုဒိမ်းမှုကျင်းလွန်သူ ၂ ဦးအနက် တစ်ဦးကို ပုဒ်မ (၃၇၆) ဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ကာ၊ သက်ငယ်မုဒိမ်းမှုကျူးလွန်သော ကျန်တစ်ဦးကို ပုဒ်မ (၃၆၀) ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။ နေအိမ်မီးရှို့သူ ၃ ဦးကို ပုဒ်မ (၄၆၃) ဖြင့် ထောင်ဒဏ်တစ်နှစ်စီ၊ အကြမ်းဖက်မှုကျူးလွန်သူ တစ်ဦးကိုလည်း ပုဒ်မ (၅၀၆) တို့ဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်ဟု…
(05MK) မဏိပူရ်ပြည်နယ်တွင် လူများစုက သည်းလူမျိုးနှင့် လူနည်းစုတောင်တန်းသားများ (ချင်း-ကူကီးအနွယ်ဝင်) အကြား ဖြစ်ပွား နေသော အဓိကရုဏ်းအတွင်းမှာ ခရစ်ဘာသာဝင်များ၏ ဘုရာကျောင်း ၂၅၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီဟု Indigenous Tribal Leaders’ Forum (ITLF) က ပြောဆိုသည်။ Indigenous Tribal Leaders’ Forum (ITLF) သည် မဏိပူရ်ပြနယ်အတွင်းရှိ တောင်တန်းသားများအားလုံး ပါဝင်စုဖွဲ့ ထား သောအဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့၏ ကောက်ယူထားသောစာရင်းအရ ကသည်းလူမျိုးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဘုရား ကျောင်း ၂၅၀ ကျော်နှင့် ဘာသာရေးအဆောက်အဦး ၉၀ ကျော် ပျက်စီးခဲ့ပြီဟု The Aizawl Post က ဖော်ပြသည်။ ယခုဖြစ်ပွားနေသော ပဋိပက္ခအတွင်းမှာ ချင်း-ကူကီအနွယ်ဝင် တောင်တန်းသား ၁၃၀ ကျော် သေဆုံးခဲ့ပြီး ယင်းအနက် အယောက် ၅၀ ကျော်မှာ အတည်ပြု၍မရဘဲ ပျောက်ဆုံးနေသည်ဟု ITLF က ဆိုသည်။ ထို့အပြင် ချင်း-ကူကီးအနွယ်ဝင် တောင်တန်းသားများနေထိုင်သော ကျေးရွာပေါင်း ၁၆၀ ကျော်က လူနေအိမ်ခြေ ၄၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီ လူဦးရေ ၄ သောင်းနီးခန့်မှာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ITLF က ပြောဆိုသည်။ ယခုလက်ရှိတွင်လည်း ဒဏ်ရာရရှိသူလည်း အများအပြားရှိနေပြီး မဏိပူရ်ပြည်နယ် Lamka ခရိုင်ဆေးရုံတွင် ဒဏ်ရာကြောင့် ဆေးကုသမှုခံယူသူ ၂၀၀ ကျော်ရှိပြီဟု သိရသည်။ မဏိပူရ်ပြည်နယ်တွင် လူများစုဖြစ်သော…
(02HH) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်က ယိုယွင်းပျက်စီးနေသော စစ်ဘေးရှောင်စခန်းများပြုပြင်ရန်ုအတွက် လိုအပ်သောအိမ်ဆောက်ပစ္စည်းအကူအညီတချို့ ရောက်ရှိပြီဟု သိရသည်။ ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်စခန်းအများစုသည် ဝါးဖြင့်ဆောက်လုပ်ထားသော အဆောက်အဦးများသာဖြစ်ကြပြီး ယခုအခါ ယိုယွင်းပျက်စီးနေပြီဖြစ်ကာ မိုးမကျခင်အချိန်မှီပြုပြင်ရန်လိုအပ်သော ဝါး၊ မျောတိုင်၊ အမိုးအကာများကို IRC နှင့် UNHCR အဖွဲ့အစည်းတို့က ကူညီခဲ့ကြသည်ဟု ပလက်ဝမြို့က စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကပြောသည်။ “သူတို့ရဲ့အိမ်တွေက လွန်ခဲ့တဲ့ (၂) နှစ်လောက်က ဆောက်ထားတာဆိုတော့ မိုးပက်လို့ အကာတွေ၊ ခေါင်မိုးတွေက ဆွေးကုန်တာ၊ လေတိုက်ရင် ပြိုပျက်ကုန်တော့ IRC ကနေတဆင့် တိုင်တွေ၊ ဝါးတွေ အရေအတွက်က ၉ သောင်းကျော် Camp တွေအားလုံးအတွက်ပေါ့၊ မျောတိုင်လည်း အလုံးရေ ၆ ထောင်ကျော်၊ အမိုးက UNHCR ကပို့တဲ့ တာဗွန်ရှိတယ်။ ဒီရက်ပိုင်းတော့ ပစ္စည်းတွေတော့ တော်တော်များများရောက်လာပြီလို့ကြားမိတယ်။” ဟု ၎င်းက ပြောသည်။ ယခုလက်ရှိ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိပြီး ၂၀၁၈ ခုနှစ်ဝန်းကျင်ကတည်းက ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်လာကြသူများဖြစ်သည်။ ယင်းစစ်ဘေးရှောင်စခန်း ၅ ခုတွင် စစ်ဘေးရှောင်အိမ်ထောင်စု (၅၉၇) စုတို့နေထိုင်ကြပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကလိုအပ်သော ဆန်၊ဆီ၊ဆား၊ပဲ၊ အဟာရမှုန့်များကို လစဉ်ထောက်ပံ့ကူညီပေးနေသည်ဟု ပလက်ဝမြို့ပေါ်က စစ်ရှောင်များ ကို ကူညီပေးနေသူတဦးက ပြောသည်။ “သူတို့ကို နိုင်ငံတော်ခွင့်ပြုချက်နဲ့ (WFP) ပေးနေပါသေးတယ်။ သူတို့က နေလာတာ ၂ နှစ်၊ ၃ နှစ်ရှိပြီဆိုတော့…
