ရေးသူ – Salai Vakok လူတစ်ဦး ဖျားနာနေချိန်တွင် ကျန်းမာလာဖို့ ဆုတောင်းပေးခဲ့သော ပါးစပ်၊ ခေါင်းပေါ်တင်ခဲ့သော လက်သည် မတရားမှုကို ဖီဆန်တွန်းလှန်ဖို့ အမိန့်ပေးသော ပါးစပ်နှင့် သွေးစွန်းသောလက်အဖြစ် ပြောင်းလဲသွားသည်။ လူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အခက်အခဲဖြစ်နေသော ဒေသများကို ပရဟိတပြုလုပ်ရခြင်းများကလည်း သူ့ဘဝ၏ အမှတ်ရစရာတွေပါ။ မိသားစု အားလုံးနီးပါးက အစိုးရဝန်ထမ်းများ ဖြစ်ပြီး CDM လုပ်သောကြောင့် မိသားစု၏ စားဝတ်နေရေးကို ကြိုးစားရသည်။ လက်ရှိမှာ မိသားစုက တောထဲ၊ တောင်ထဲက တစ်နေရာတွင် နေထိုင်သည်ဟူသော သတင်းကိုတော့ သူ ကြားမိသည်။
Author: Editor
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တွင် ပြီးခဲ့သည့်မေလနှင့် ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားမှု ၁၁ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဘက်က ၆၆ ဦးသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က ယနေ့ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ရဲဘော် (၃) ဦး ကျဆုံးခဲ့ပြီး ရဲဘော် (၄) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မေလအတွင်း ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာမှ နေအိမ် (၁၀) လုံး၊ တလန်ဇာရ် ကျေးရွာမှ နေအိမ် (၁၇) လုံး၊ ပါရ်သဲကျေးရွာမှ နေအိမ် (၆) လုံးနှင့် ဇောင်လေးကျေးရွာမှ နေအိမ် (၅) လုံးတို့ကို မီးရှို့ဖျက်စီးခဲ့ကြသည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က မီးလောင်တိုက်သွင်းပြီး တမြို့လုံးနီးပါး ပြာကျခဲ့ရသော ချင်းပြည်နယ် ထန်တလန်မြို့အား ပြည်လည်ထူထောင်ရေးလုပ်ဆောင်မည်ဟု ပြောဆိုလာသော စစ်ကောင်စီ၏ လှည့်ကွက်ကို အထူးသတိပြုကြရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက သတိပေးပြောဆိုလိုက်သည်။ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပြည့်ဝသည့်ချင်းပြည်နယ်အဖြစ် ထူထောင်ရန် တိုက်ပွဲဝင်ကြိုးပမ်းနေချိန်တွင် ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဟူသောခေါင်းစဉ်ဖြင့် စစ်ကောင်စီက ပြုလုပ်လာသော လှည့်ကွက်ကို အထူးသတိပြုကြပါရန် ဇူလိုင်လ ၃ ရက်နေ့စွဲဖြင့် ICNCC က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇွန်လ (၃၀) ရက်နေ့ ဟားခါးမြို့တွင် ကျင်းပခဲ့ကြသည်။ အဆိုပါအစည်းအဝေးမှာ စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ထန်တလန်မြို့နယ်မှ သိက္ခာတော်ရဆရာတော် ဒေါက်တာလာလ်အုပ်၊ မြို့မိမြို့ဖ ဦငွန်ဟရမ်၊ ဦးရမ်ခါရ်နှင့် ဦးလောမ်းဘိခ့်တို့အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ထန်တလန်မြို့ ပြည်လည်ထူထောင်ရေးနှင့် ပြည်လည်တည်ဆောက်ရေးဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။ “ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆောင်ရွက်ရာတွင် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (transitional justice) ဆိုင်ရာလုပ်ငန်းစဉ် မဖြစ်မနေပါဝင်ရမည်ဖြစ်သည်။ ယင်း အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေးဆိုင်ရာလုပ်ငန်းစဉ်သည် စစ်ကောင်စီက ၎င်းတို့အား ဆန့်ကျင်ခုခံနေသည့် ပြည်သူများကို သာလွန်အင်အားများဖြင့် တိုက်ခိုက်နေချိန်တွင် မည်သို့မျှ မဖြစ်နိုင်ပါ” ဟု ICNCC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ထန်တလန်မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်သည် သက်ဆိုင်ရာ ဒေသခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် ပြည်တွင်း၊…
ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က မသန်စွမ်း ၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ ကလေးမြို့မှ ဖလမ်းမြို့ဘက်သို့တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ကလေး-ဖလမ်းကားလမ်းပေါ်ရှိ ဗားလုံကျေးရွာတွင် နေထိုင်သူ အသက် ၆၃ နှစ်အရွယ် မသန်စွမ်းအမေအို (ဆွံ့အနားမကြားသူ) ဒေါ်တီာလ်ကပ်ကို ဇွန်လ ၃၀ ရက်နေ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့ကျမှ ရွာသားများက အလောင်းတွေ့ရှိခဲ့ကြသည်ဟု သိရသည်။ စစ်ကားအစီး ၂၀ ကျော်ဖြင့်တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၃၀ ရက်နေ့က ဗားလုံကျေးရွာတွင် စခန်းချညအိပ်ကာ ဖလမ်းဘက်ကို ဆက်လက်ထွက်ခွါကြပြီးနောက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော ဒေါ်တီာလ်ကပ်၏ ရုပ်အလောင်းကို တောထဲတနေရာတွင် ရွာသားများက တွေ့ရှိခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ ထို့အပြင် ဇူလိုင်လ ၂ ရက်နေ့ကလည်း ဖလမ်းမြို့နယ် လှာန်ဇောလ်ကျေးရွာက ခန္ဓာကိုယ်အောက်ပိုင်းသေနေသော အမျိုးသားတစ်ဦး Vum Lian Thang ကို စစ်ကောင်စီတပ်ဖွဲ့က လက်ပြန်ကြိုးတုတ်၊ တရွက်တိုက်ဆွဲခေါ်ပြီး သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည့် မဏိပူရမြစ်နဘေး ဗာရ်ကျေးရွာတွင် ယနေ့ည စခန်းချညအိပ်ကြသည်ဟု သိရသည်။
ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲက ချပ်ကျေးရွာနဲ့ စွန်တောင်ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ် ၂ စင်းနဲ့ ယနေ့ မနက်ပိုင်း ၁၁ နာရီကျော်ကျော်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချပ်ကျေးရွာက စာသင်ကျောင်းနဲ့ ဘုရားကျောင်းဝင်းထဲကို ဗုံးကျေရာက်ပေါက်ကွဲပြီး အရပ်သား ၂ ဦးသေဆုံးခဲ့တာလို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။ “ချပ်ရွာနဲ့စွန်တောင်ရွာပေါ့နော် ဗုံးကြဲတာပေါ့ ဒီနေ့မနက် ၁၁ နာရီကျော်ကျော်လောက်မှာတိုက်လေယာဉ် ၂ စီးပေါ့နော် အပြာရောင်တိုက်လေယာဉ် ၂ စီးလာပြီးမှဗုံးကြဲသွားတာပေါ့ ချပ်ရွာကြဲတာကတော့ စာသင်ကျောင်းမှာ ကျတယ်၊ ဘုရားကျောင်းမှာကျတယ် စာသင်ကျောင်းနဲ့ဘုရားကျောင်းဝန်းကျင်မှာရှိတဲ့လူတွေပြည်သူ ၂ ဦးသေဆုံးတယ် ၂ ဦးအပြင်းအထန်ဒဏ်ရာရပြီးမှ တခြားဒဏ်ရာရတယ်လူလည်းရှိတယ်လို့သိရတယ်’’ စစ်ကောင်စီတပ်ဖွဲ့ဟာ လေကြောင်းတိုက်ခိုက်မှုမလုပ်ခင် အဲဒီကျေးရွာတွေပေါ်ကို ကင်းထောက်ပျံသန်းမှုပြုုလုပ်ခဲ့ပြီး အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တာဖြစ်တယ်လို့လည်း CDF-Mindat ကထုတ်ပြန်ထားပါ တယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ခုလိုအရပ်သားပြည်သူတွေရှိတဲ့ စာသင်ကျောင်း၊ ဘုရားကျောင်းတွေပေါ် ဗုံးကြဲတိုက် ခိုက်တဲ့အပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့ ဆလိုင်း ယောမန်ကပြောပါတယ်။ “အပစ်မဲ့ပြည်သူတွေကိုကြဲတာဖြစ်တယ်၊ ကြဲတဲ့နေရာကလည်း စာသင်ကျောင်း၊ ဘုရားကျောင်းတို့ဆိုတာ မကြဲရမယ့်နေ ရာတွေဖြစ်တယ် အဲဒါမျိုးတွေပါကြဲတယ်ဆိုတော့ ဒါလက်နက်ကိုင်ခြင်းတိုက်ပွဲဖြစ်နေတာလည်းမဟုတ်ဘူးပေါ့နော် လက်နက်ကိုင်ရှိတဲ့နေရာလည်းမဟုတ်ဘူး လက်နက်မကိုင်ထားတဲ့သူ တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုမှာကို ကြဲတဲ့အပြင် ဘုရာကျောင်းတို့ စာသင်ကျောင်းတို့မှာကြဲတယ်ဆိုတာက ဒါအပြင်းအထန်ဆုံးရှုတ်ချစရာဖြစ်တယ်ပေါ့လေ ကျနော်တို့ စကစ ကတော့ ပြောစကားတောင်မရှိတော့ပါဘူး” စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတဲ့ ချပ်နဲ့ စွန်တောင်ကျေးရွာတို့ဟာ မင်းတပ်မြို့ကနေ မိုင် ၄၀ လောက်ကွာဝေးတယ်လို့သိရပြီး…
ချင်းပြည်နယ်တောင်ပိုင်းဒေသ ပလက်ဝမြို့တွင် လောင်စာဆီပြတ်လပ်မှုကြောင့် စစ်ကောင်စီက လျှပ်စစ်မီးမပေးနိုင်တော့ပဲ တစ်မြို့လုံး မီးမရရှိသည်မှာ ၅ ရက်ကျော်ရှိသွားပြီဟု သိရသည်။ ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့အပတ် တနင်္လာညကနေမရတာ ၄၊ ၅ ရက်ရှိပြီး သူတို့ကတော့ ဓာတ်ဆီမရှိဘူးလို့ပြောတာပဲ ဒီမှာက ဓာတ်ဆီကတင်လို့မရတော့အဲလိုဖြစ်တာလို့ပြောတာပဲ ဓာတ်ဆီက ကျောက်တော်ကနေ သယ်လာတာ ဝင်လာလို့မရဘူးနဲ့တူတယ်” ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။ ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်း မရောက်ရှိသေးသည့်အတွက် လျှပ်စစ်ဌာနမှ ဒီဇယ်ဆီကိုအသုံးပြု၍ လျှပ်စစ်မီး ဖြန့်ဖြူးပေးလေ့ရှိသည်။ သို့သော်လည်း ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ကျောက်တော်ဘက်မှ လောင်စာဆီအပါအဝင် ကုန်ပစ္စည်းများဝင်ရောက်မှုကို စစ်ကောင်စီဘက်က တင်းကြပ်လိုက်သည့်အတွက် ပလက်ဝတွင် လောင်စာဆီပြတ်လပ်ကာ ယခုအခြေအနေသို့ ဆိုက်ရောက်သွားရခြင်းဖြစ်သည်။ ပလက်ဝမြို့တွင် လျှပ်စစ်မီးကို အာဏာမသိမ်းခင်က တစ်ညလျှင် ၄ နာရီဖြန့်ဖြူးပေးခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တစ်ရက်ခြားဖြင့် တစ်ည ၄ နာရီဖြန့်ဖြူးပေးလျှက်ရှိကာ ဇွန်လ ၂၇ ရက်နေ့ကစ၍ လောင်စာဆီပြတ်လပ်မှုကြောင့် လျှပ်စစ်မီးပေးဝေမှု ရပ်နားသွားခဲ့ရခြင်းဖြစ်သည်။ “ည ၆ နာရီကနေ ၁၁ နာရီထိတော့ရတယ် ဒီညရင် နောက်တနေ့ကမရတော့ဘူး အဲလိုလေ တလှည့်စီပေါ့ တရက်ခြားရတဲ့အချိန်မှာလည်း အဲလိုရတာ အခုကအဲဒီတလှည့်စီလည်းမရတော့ဘူး တချိူ့က ကိုယ့်အိမ်မှာ ဆိုလာပြားနဲ့ ဘက်ထရီနဲ့ ထွန်းကြတယ်၊ တချိူ့ကဖယောင်းတိုင်မီးနဲ့ထွန်းတယ်၊ အဲလိုပဲနေကြတယ် တမြို့လုံးက ဘက်ထရီရှိ တဲ့အိမ်ကမီးလင်းတယ် ဘက်ထရီမရှိတဲ့အိမ်က တမြို့လုံးက မီးမှောင်နေတာပဲ” ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။ ချင်းပြည်နယ်တွင် လူဦးရေအများဆုံးမြို့နယ်ဖြစ်သည့် ပလက်ဝမြို့နယ်သည် လောင်စာဆီအပါအဝင် အခြေခံစားသောက်ကုန်များကို ရခိုင်ပြည်နယ်ဘက်မှ ကျောက်တော်-ပလက်ဝလမ်းကြောင်းကတဆင့်…
ချင်းပြည်နယ် ဖလမ်းမြို့နယ် ဗားလုံကျေးရွာမှလူငယ် ၂ ဦးသည် ဇွန်လ ၃၀ ရက်နေ့က ဆိုင်ကယ်ဖြင့် အလည်သွားစဉ် မိုင်းနင်းမိ၍ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကလေး-ဖလမ်းကားလမ်းမပေါ်တွင်တည်ရှိသော ဗားလုံကျေးရွာမှ ဆလိုင်းဗန်လျန်အုပ်နင့် ဆလိုင်းပီတာဒိမ်လျှန်ဆန်းတို့နစ်ဦးသည် ဇွန်လ ၃၀ ရက်မနက်ပိုင်းက ဇောင်လေးကျေးရွာသို့ အလည်သွားရာ လမ်းခုလပ်တွင် မိုင်းနင်းမိ၍ အသက် ၂၂ နှစ်အရွယ် ဆလိုင်းပီတာဒီမ်လျှန်ဆန်းသည် အခင်းနေရာတွင် ပွဲချင်းသေဆုံးကာ ကျန်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ “ကလေးကနေ ကစက ယာဉ် ၂၃ စီး ဖလမ်းဖက် ဦးတည်တက်လာကြောင်း ကြားတာနင့် ရွာသူရွာသားအများစုက ကြောက်လို့ဆိုပြီး ထွက်ပြေးပုန်းရှောင်ကြတာ၊ သူတို့နှစ်ဦးက အနီးရွာရှိ သူငယ်ချင်းစီ အလည်သွားမယ်ဆိုပြီး သွားကြတာ၊ သူတို့ထွက်သွားတာ သိမ်မကြာဘူး မိုင်းပေါက်ကွဲသံကြားလိုက်ရတော့ သူတို့နစ်ယောက်လုံး မတော်တစဖြစ်နေပြီဆိုပြီး ထင်မိတဲ့အတိုင်းပဲ တယ်ပဲဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့်ဇွန်လ ၂၇ ရက်နေ့က ကလေးမြို့မှ ချင်းပြည်နယ်သို့ တက်လာကြသည့်အတွက် မိဘပြည်သူများအနေဖြင့် ကလေး-ဖလမ်းကားလမ်းအား ဖြတ်သန်းသွားခြင်း လုံးဝမပြုလုပ်ကြရန် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က အသိပေးထုတ်ပြန်ခဲ့သည်။ စစ်ကား ၂၀ ကျော်ဖြင့် တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ယခုလက်ရှိတွင် ဗားလုံရွာမရောက် ဇောင်ကောင်းကျေးရွာတွင် ကားရပ်ထားပြီး ရာလ်မောလ်တောင်ပေါ်ဘက်သို့ ခြေလျင်ဖြင့် တက်လာကြသည်ဟု သိရသည်။ ထိုကဲ့သို့ အသိပေးထုတ်ပြန်ထားသည့်အချိန်တွင် အဆိုပါလူငယ်နှစ်ဦး အလည်သွားစဉ်မှာ မိုင်းမတော်တဆနင်းမိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ပုံစာ – မိုင်းနင်းမိ၍ သေဆုံးသွားသော ဆလိုင်းပီတာဒိမ်လျန်ဆန်း
နွေမိုးဆောင်း – ရေးသည်။ ကျမသက်တမ်းတလျှောက် ဒီလိုလူစိတ်ကင်းမဲ့စွာနဲ့ မီးရှို့ဖျက်ဆီးမှုမျိုး တခါမျှမကြုံဖူးပါဘူး။ အခုဆို ကျမကို မှီခိုနေထိုင်ကြတဲ့ ကျမရဲ့ပြည်သူပြည်သားတွေ တစ်ယောက်မျှ မရှိတော့ဘူး။ သူတို့အားလုံး ဘေးလွတ်ရာကို ထွက် ပြေး တိမ်းရှောင်နေကြရပါပြီ။ ဟုတ်တယ်။ ကျမမှာ အိမ်ခြေ ၂၀၀၀ ကျော်ရှိတယ်။ ကျမကို မှီခိုနေထိုင်ကြတဲ့ ပြည်သူပြည်သား တစ်သောင်းကျော်ရှိတယ်။ အခုနှစ် (၂၀၂၂) မေလ ၂၄ ရက်နဲ့ ၂၆ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေရဲ့ ၂၈ ကြိမ်မြောက် မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရတယ်။ ကျောင်းရပ်ကွက်က နေအိမ် ၁၁၆ လုံးနဲ့ ဇုန်မှုန်ရပ်ကွက်က နေအိမ် ၁၉ လုံးဆိုတော့ စုစုပေါင်း နေအိမ် ၁၃၅ လုံးကို မီးလောင်ပြကျသွားခဲ့ပါတယ်။ အခုဆိုရင် ပြီးခဲ့တဲ့နှစ် (၂၀၂၁) စက်တင်ဘာလကနေ အခုနှစ် မေ ၂၆ ရက်အတွင်း သူတို့တွေ (စစ်ကောင်စီတပ်) ကျမကို မီးရှို့ဖျက်ဆီးခဲ့လို့ ကျမ ပြည်သူပြည်သားတွေရဲ့ နေအိမ်ပေါင်း ၁၅၀၀ ကျော် မီးလောင်ပြာကျသွားခဲ့ရပါပြီ။ အဲဒီလို မီးလောင်ပြာကျသွားခဲ့ရတဲ့အထဲမှာ ကျမရဲ့ ပြည်သူပြည်သားတွေ အထွဋ်အမြတ်ထား၊ သက်ဝင်ယုံကြည်ရာ ခရစ်ယာန်ဘုရားကျောင်း ၁၂ ကျောင်းလည်း မီးလောင်ပျက်ဆီးသွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၈ ရက်က ကျမတို့ဆီမှာ စစ်ကောင်စီတပ်တွေနဲ့ ကျမတို့ ဒေသခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားတော့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျမပြည်သူတွေရဲ့ နေအိမ် ၁၉ လုံး မီးလောင်ပျက်စီးခဲ့တယ်လေ။ အဲဒီတုန်းက မီးငြှိမ်းဖို့…
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် ယနေ့ (ဇွန် ၂၉) မနက်ပိုင်း ၉ နာရီခန့်ကစ၍ စစ်ကောင်စီတပ်နှင့် CDF-Mindat တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးများပစ်ခတ်မှုကြောင့် မဒပ်ကျေးရွာမှ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သည်။ မင်းတပ်မြို့ပေါ်ရှိ ခလရ ၂၇၄ တပ်ရင်းမှ ယနေ့မနက်ပိုင်း ၁၀ နာရီကျော်ကျော်ခန့်က မင်းတပ်မြို့မြောက်ဘက် မဒပ်၊ ကြားအိမ်နူး စသည့်ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ခဲ့ပြီးနောက် မဒပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ၁၄ နှစ်အရွယ် လူငယ်တစ်ဦး ဗုံးဆံထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “မဒပ်မှာ လူငယ်တစ်ယောက် သေသွားတယ်။ အရင်က လက်နက်ကြီးထိပြီးတော့ သူ့ညီလေးက ဆေးရုံမှာ ခြေထောက်ဖြတ်ပြီးတော့ ဆေးရုံမှာမဆင်းသေးဘူး။ အရင်ကကျတဲ့အိမ်နားမှာ ပြန်ကျပြီးတော့ သူ့အစ်ကိုက အခုထိပြီးတော့ သေသွားတယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။ ယနေ့ သေဆုံးသွားသည့်လူငယ်၏ ညီဖြစ်သူမှာလည်း မေလတုန်းက စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့် ခြေတဖက်ပြတ်ခဲ့ရပြီးဖြစ်သည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ကက ခရလ ၂၇၄ တပ်ရင်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မဒပ်ကျေးရွာဘက်တွင် လက်နက်ကြီးကျည် ၆ ကြိမ်ခန့် ကျရောက်ပေါက်ကွဲကာ ယနေ့သေဆုံးသွားသူ၏ ညီဖြစ်သူ အသက် ၁၁ နှစ်အရွယ်မှာ ဗုံးဆံထိမှန်မှုကြောင့် ဘယ်ခြေထောက်ပြတ်သွားကာ ဆေးရုံတွင် ကုသမှုခံယူနေဆဲဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးဖြစ်ခတ်မှုကြောင့် ကြားအိမ်နူးရွာမှ လူနေအိမ်တစ်လုံးနှင့် ဝက်တစ်ကောင်လည်း မီးလောင်သေဆုံးသွားသည်ဟု သိရသည်။ မင်းတပ်မြို့နယ် ပလုမ်တွီကျေးရွာဘက်တွင် ယနေ့နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြသည်။ CDF- Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က…
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် Non-CDM ပညာရေးဝန်ထမ်းများနှင့်ပတ်သက်၍ PDF-Zoland ၏ သတိပေးစာထုတ်ပြန်ချက်ကို လော်စပီကာဖြင့် လိုက်လံကြေညာသော Shalom Youth Committee လူမှုကူညီရေးအဖွဲ့ဝင်နှစ်ဦးကို ဇွန်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ “သူတို့ကတော့ လူမှုရေးအသင်းကပဲ။ တခါတလေကြရင် သူတို့ကိုယ်ပိုင်အသံချဲ့စက်သုံးတယ် သူတို့နေတဲ့ရပ်ကွက်မှာ တစ်ခုခု အရေးပေါ်ဖြစ်ရင် ကြေညာနေကြပေါ့။ တရားဒေသနာတွေ ဟောနေကြတာပေါ့။ အခုက PDF-Zoland က စာထုတ်တဲ့ ကျောင်းဖွင့်တဲ့ဟာနဲ့ ပက်သက်ပြီးတော့ အဲ့စာကို သူတို့လည်း ရတယ်နဲ့တူတယ် အဲ့တာကို သူတို့ လော်စပီနဲ့ ပဲလိုက်ကြေညာတယ်လို့ပြောရမလား စကစတွေက မနေ့ကသူတို့ဆီသွားပြီး ခေါ်သွားတာ။ တစ်ယောက်က ဆရာပဲ၊ တယောက်ကတော့ သူတို့အသံချဲ့စက်ထားတဲ့အိမ်ကလူပေါ့။” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။ အဖမ်းခံရသည့် Shalom Youth Committee လူမှုကူညီရေးအဖွဲ့ဝင်နှစ်ဦးမှာ ကိုအင်းခတ်မွန်နှင့် ကိုလျန်းရှန်းမုန်တို့ဖြစ်ကြပြီး ၎င်းတို့ကို တီးတိန်မြို့ရဲစခန်းတွင် ထားရှိကာ တီးတိန်မြို့စခန်းမှုးမှ ဗျူဟာမှုး၏ ဆုံးဖြတ်ချက်အရသာ ဖြစ်ရမည်ဟု ပြောဆိုသော်ကြောင့် လက်ရှိအချိန်ထိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် PDF-Zoland သည် ပြီးခဲ့သည့်ဇွန်လ ၂၅ ရက်နေ့က တီးတိန်မြို့နယ်အတွင်းရှိ Non-CDM ပညာရေးဝန်ထမ်း၊ ဘော်ဒါဆောင်များ၊ ကျောင်းသားမိဘများ၊ မြို့မိမြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များ သိစေရန်ဟုဆိုကာ အသိပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်မှာ စစ်ကောင်စီမှ ဦးဆောင်ဖွင့်လှစ်သော ကျောင်းများတွင် အလုပ်လုပ်သည့် Non- CDM ပညာရေးဝန်ထမ်းများ၊ အကြမ်းဖက်အုပ်စုနှင့် အချိတ်အဆက်ရှိသော ဘော်ဒါဆောင်များတွင် သားသမီးများကို အပ်နှံကာ တက်ရောက်စေသော…