Author: Editor

(04SS) ချင်းပြည်နယ် ဟားခါးမြို့ Agape ဆေးရုံးက ဆရာဝန်တစ်ဦးနှင့် သူနာပြု ၄ ဦးကို ယမန်နေ့ည သန်းခေါင်ယံအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ ၂၁ ရက်ည သန်းခေါင်ယံအချိန်တွင် ဟားခါးမြို့ ဈေးဟောင်းရပ်ကွက်ရှိ Agape ဆေးရုံကို စီးနင်းဝင်ရောက်ကာ ဆရာဝန် Sicilia, သူနာပြု Henny, Sianlun, Hniang Sung နှင့် J Mawi တို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ ဟားခါးဒေသခံတစ်ဦးက “အခု Agape ဆေးရုံက ဆရာမတွေကို ညကြီးမှာသွားဖမ်းတယ်၊ စစ်သားတွေကတော့ ညမှာပဲ လှုပ်ရှားကြတာများ တယ်လေ။ အကြောင်းအရင်းတော့ သေချာမသိဘူးပေါနော်။ ဒါပေမဲ့ လူငယ်တွေဖမ်းထားတဲ့ ရုံးဘက်လူကြီးတွေနဲ့ လဲချင်လို့ဖြစ်မှာပေါ့။ အရင်ကလဲ အဲလိုပဲလုပ်ခဲ့တာဆိုတော့လေ။” ဟု ပြောသည်။ ၎င်းတို့ ၅ ဦးကို ယခုလက်ရှိ ဟားခါးမြို့ရဲစခန်းတွင် ထိမ်းသိမ်းထားကြောင်း သိရသည်။ လွန်ခဲ့သည့် ဧပြီလ ၂ ရက်နေ့ကလည်း Agape ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဒေသခံဆရာဝန် ၂ ဦးအပါအဝင် လူ ၃ ဦးကို စစ်ကောင်စီတပ်က ၎င်းတို့ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဧပြီလလယ်ပိုင်းတွင် ဒေသကာကွယ်ရေးဘက်မှ ထိန်းသိမ်းထားသည့် ဌာနဆိုင်ရာအရာရှိများနှင့် လဲလှယ်ပြီး ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။ အလားတူ မေလ ၂၁ ရက်နေ့ညကလည်း ဟားခါးမြို့ပေါ် ရပ်ကွက်တချိူ့ကို စစ်ကောင်စီတပ်ဖွဲ့က ဧည့်စာရင်းများစစ်ဆေးရာတွင် ပြည်သူအယောက် ၂၀ ခန့် ဖမ်းဆီးသွားသည်ဟု…

Read More

(05MK) နွေဦးတော်လှန်ရေးနှင့်အတူ ပြန်လည်နိုးထလာသော အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံ၍ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ဖွဲ့စည်းတည်ထောင်ပြီးနောက်ပိုင်း အမျိုးသားတာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့သူ ရဲဘော် ၃၂ ဦးရှိခဲ့ပြီဟု ၂ နှစ်မြောက် ချင်းအမျိုးသားအာဇာနည်နေ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။ ချင်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ အမျိုးသားရေးအတွက်အသက်ပေးခဲ့ကြသူများ၊ နွေဦးတော်လှန်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ မပေါ်ပေါက်ခင်က ပြည်မ၊ တောင်တန်းဒေသမှ ချင်းအမျိုးသား အာဇာနည်သူရဲကောင်းများအား အမှတ်ရဂုဏ်ပြုရန်အတွက် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က မေလ ၂၁ ရက်နေ့ကို “ချင်းအမျိုးသားအာဇာနည်နေ့” အဖြစ် သတ်မှတ်ခဲ့ကြသည်။ မတူညီသော အချိန်၊ နေ့ရက်၊ ခုနှစ်များတွင် ကျဆုံးခဲ့ကြသော ချင်းအမျိုးသား အာဇာနည်သူရဲကောင်းများကို အတူတကွ ဂုဏ်ပြုနိုင်ရန်အတွက် ချင်းအမျိုးသားကာကွယ်ရေး (CNDF) တပ်ဖွဲ့ဝင်ထဲမှ ပထမဦးဆုံး အသက်ပေးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့ကို အစွဲပြု၍ ချင်းအမျိူးသားအာဇာနည်နေ့ကို မေလ ၂၁ ရက်နေ့အဖြစ် CNO က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မေလ ၂၁ ရက်နေ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ် စိုးမိုးနယ်မြေများတွင် ရုံးပိတ်ရက်သတ်မှတ်ခြင်း၊ အလံတဝက်လွှင့်ထူခြင်း၊ ဆုတောင်းအောက်မေ့ပွဲများ ကျင်းပခြင်း၊ ကျဆုံးအာဇာနည်များအတွက် ရည်စူး၍ ကောက်ခံသော အလှူငွေများအား ပေးအပ်ခြင်း၊ ကျဆုံးအာဏာနည်များအား ဂုဏ်ပြုအလေးပြုခြင်းများ ပြုလုပ်လေ့ရှိသည်ဟု CNO က ဆိုသည်။ CNO/CNDF အနေဖြင့် ချင်းအမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အရှိန်မဟုန်မပြတ် ဆထက်တပိုးထမ်းဆောင်သွားမည်ဟု ကျဆုံးသွားသော အာဏာနည်သူရဲကောင်းများ၏ အမည်ကိုတိုင်တည်ရင်း သစ္စာဆိုကတိပြုသည်ဟု ချင်းအမျိူးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

Read More

(01RB) မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ လူနေအိမ် ၁၇၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က မေလ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။ အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့ကာ ချင်းပြည်နယ်ဘက်ကိုလည်း တစ်နာရီ မိုင် (၅၀) ကနေ (၇၀) အထိ တိုက်ခိုက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ မိုခါဆိုင်ကလုံးမုန်တိုင်းကြောင့် ချင်းပြည်နယ် ၉ မြို့နယ်စလုံးအနက် မတူပီ၊ ပလက်၀နဲ့ မင်းတပ်မြို့နယ်တို့မှာ ထိခိုက်ပျက်စီးမှုအများဆုံးခဲ့ရှိပြီး ချင်းပြည်နယ်တဝန်းလုံးမှာ လူနေအိမ်ခြေ ၁၇၇၄ အိမ်ပျက်စီးခဲ့သည်ဟု ICNCC ကဆိုပါတယ်။ ICNCC ရဲ့မှတ်တမ်းအရ မတူပီမြို့နယ်မှာ အိမ်ခြေ ၈၈၇၊ မင်းတပ်မြို့နယ်မှာ ၃၆၄၊ ပလက်ဝမြို့နယ်မှာ ၂၂၀၊ ကန်ပက်လက်မြို့နယ်မှာ ၁၁၂ ၊ ဟားခါးမြို့နယ်မှာ ၈၅၊ ဖလမ်းမြို့နယ်မှာ ၇၄ ၊ ထန်တလန်မြို့နယ်မှာ ၂၇၊ တီးတိန်မြို့နယ်မှာ ၅ အိမ် နဲ့ တွန်းဇံမြို့နယ်မှာတော့ အပျက်အစီးမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် မတူပီမြို့နယ်မှာ ဘာသာရေးအဆောက်အဦး ၇ ခု၊ ကျန်းမာရေးအဆောက်အဦး ၄ ခု၊ စာသင်ကျောင်း ၁ ဆောင်၊ မင်းတပ်မြို့နယ်မှာ ဘာသာရေးအဆောက်အဦး ၇ ခု၊ စာသင်ကျောင်း ၁၈ ဆောင်၊ စပါးကျီ ၁၇ ခု၊ ကန်ပက်လက်မြို့နယ်မှာ ဘာသာရေးအဆောက်အဦး ၃ ခု၊ စာသင်ကျောင်း ၅ ခု၊ စပါးကျီ…

Read More

(02HH) မိုခါဆိုင်ကလုန်းမုန်းတိုင်းကြောင့် ချင်းပြည်နယ်တဝန်းလုံးတွင် လူနေအိမ် ရာနှင့်ချီပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။ မေလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့သော အလွန်အားကောင်းသည့် မိုခါဆိုင်ကလုံးမုန်တိုင်းကြောင့် ချင်းပြည်နယ်တွင် မတူပီမြို့နယ်သည် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပြီး ချင်းပြည်နယ်တဝန်းလုံးတွင် နေအိမ်ပျက်စီးမှု ၅၀၀ ကျော်ခန့်ရှိသည်ဟု Chin Health Organization က ဖော်ပြသည်။ ယင်းဖော်ပြချက်အရ မတူပီမြို့နယ် ဟုန်လေးကျေးရွာတွင် အိမ်ခြေ (၆၀)၊ ထောင်လန်ကျေး ရွာတွင် (၂၀) ၊ရွာဗားကျေးရွာတွင် (၂၃)၊Kihlueng ကျေးရွာတွင် (၂၉) အိမ်နှင့် စပါးကျီးများ၊ ဖနိုင်ကျေးရွာတွင် (၂၀၀) နီးပါး၊ တိန်ဆီးကျေးရွာ တွင် (၁၁၅)၊ လိုင်လင်းပီမြို့ပေါ်မှ လူနေအိမ် (၁၀၀) နီးပါး၊ ထောင်လန်ကျေးရွာတွင် (၅၂) အိမ်တို့ ပျက်စီးခဲ့သည်ဟု သိရသည်။ CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက “အခုကျွန်တော်တို့ဌာနချုပ်က အကုန်လုံးပျက်စီးတယ်။ အိမ်တလုံး မှမကျန်ဘူး။ နည်းနည်းအဆင်ပြေတဲ့ဟာဆိုလို့ဘာမှမရှိဘူး။ အခုပဲ ဘာပဲဖြစ်ဖြစ်မိုးရွာရင်တော့ အိပ်လို့ရ အောင်ဆိုပြီး မိုးကာတဲထိုးဖို့လုပ်နေတာ။ အကုန်လုံးပြန်လုပ်ဖို့ဆိုရင် တပတ် နှစ်ပတ်ကြာမယ် ထင်တာထက် တော်တော်လေးကို ဆုံးရှုံးမှုများသွားတယ်။” ဟု ပြောသည်။ အဆိုပါ ဆိုက်ကလုံးမုန်တိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှ မုန်တိုင်းဗဟိုပြုချက် လေတိုက်နှုန်း တစ်နာရီတွင် ၁၃၀ မိုင်ကျော်အထက်နှင့် ဝင်ရောက်ခဲ့ကာ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ ရွေ့လျားတိုက်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မိုးလေဝသပညာရှင်များက ပြောဆိုထားသည်။ ယင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ကန်ပက်လက်မြို့နယ်တွင် စစ်ဘေးရှောင်စခန်းများအပါအဝင် နေအိမ် (၂၀) ကျော်၊ ပလက်ဝ-ဆမီးမြို့ပေါ်နှင့် ကျေးရွာများတွင် လူနေအိမ်…

Read More

(01RB) ချင်းပြည်နယ် ဟားခါးမြို့နယ် ဇိုခွါကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မေလ ၁၃ ရက်နေ့တရက်တည်းတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၁ ယောက် သေဆုံးခဲ့သည်ဟု သိရသည်။ မကွေးတိုင်း ဂန့်ဂေါမြို့မှ ချီတက်လာပြီး တိုက်ပွဲအတွင်း အထိနာနေသော တပ်မ ၇၇ နှင့် ၎င်းတို့ကို ဟားခါးမြို့ကနေ သွားကြိုသည့် စစ်ကောင်စီစစ်ကြောင်းတို့ ပေါင်းစုံပြီးနောက် ဟားခါးမြို့ဘက်သို့ တောလမ်းအတိုင်း ချီတက်လာခဲ့ကြရာမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ အင်အား ၅၀ ဝန်းကျင်ခန့်သာကျန်တော့သည့် တပ်မ ၇၇ နှင့် ဟားခါးမြို့မှ စစ်ကူသွားသော စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ ခန့် (နှစ်ဖွဲ့ပေါင်းအင်အား ၁၂၀ ဝန်းကျင်) တို့သည် မေလ ၁၃ ရက်နေ့တွင် ဟားခါးမြို့သို့တောလမ်းအတိုင်း ချီတက်လာရာခဲ့ကြပြီး ဇိုခွါနှင့် ဆပ်သာကျေးရွာအကြားမှာ ချင်းကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တို့က ခြုံခိုတိုက်ခိုက်ခဲ့ကြရာမှာ စစ်ကောင်စီဘက်က ၁၁ ယောက် သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “တိုက်ပွဲက ဒီနေ့ ၃ ကြိမ်ဖြစ်တယ် မွန်းလွဲပိုင်း ၁ နာရီမှတိုက်ပွဲဖြစ်တယ်၊ ၂ နာရီမှာပြန်ဖြစ်တယ် ၂ နာရီခွဲမှာထပ်ဖြစ်တယ် ဒီနေ့ ၃ နေရာမှာ ၃ ကြိမ်တိုက်ပွဲဖြစ်တယ်၊ အဲဒီမှာ စစ်ကောင်စီဘက်က ၁၁ ယောက်သေဆုံးတယ် အဲဒီထက်လည်းများနိုင်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ တပ်မ ၇၇ သည် အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် ဧပြီလ ဒုတိယပတ်က…

Read More

04SS ချင်းပြည်နယ် ဟားခါးမြို့သို့ ဆိုင်ကယ်ဖြင့် ခရီးသွားခဲ့ကြသည့် တီးတိန်မြို့ပေါ်က ဒေသခံပြည်သူ ၂ ဦးသည် ဖလမ်း-ဟားခါးကြားတွင်ပျောက်ဆုံးနေပြီး မိသားစုဝင်များနှင့် အဆက်အသွယ်မရသည်မှာ ၁၀ ကျော်ရှိသွားပြီဟု သိရသည်။ တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ မကျင်းဟောက်ဝုန် ၃၇ နှစ်နှင့် ဟားခါးမြို့နေ ဦးလျန်းဇထွန်း ၃၂ နှစ်တို့သည် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန်အတွက် မေလ ၂ ရက်နေ့က ဖလမ်းမြို့မှ ဆိုင်ကယ်တစ်စီးဖြင့် ဟားခါးမြို့သို့ သွားရောက်ခဲ့ကြရာတွင် ယင်းနေ့ညနေပိုင်းကစ၍ ယနေ့ချိန်ထိ အဆက်အသွယ်မရရှိကြတော့ပဲ ပျောက်ဆုံးနေသည့်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးကပြောသည်။ “အခုသူတို့နဲ့ အဆက်အသွယ်မရတာ ဒီနေ့နဲ့ဆို ၁၀ ရက်ရှိပြီ သူမက passport သက်တမ်းတိုးဖို့သွားတာပေါ့နော်။ သူတို့နဲ့အတူရှေ့ကသွားတဲ့ သူတွေကတော့ ဟားခါးရောက်တယ်။ သူ့နဲ့ သူ့ကိုလိုက်ပို့ပေးတဲ့သူတို့က လမ်းပျောက်ကြ တယ် လို့ကြားတယ်။ စစ်သားတွေကို မေးတယ် မသိဘူးတဲ့။ ပြီးတော့ လူငယ်တွေကိုလဲမေးတယ် သူတို့လဲ မသိဘူးလို့ပြောကြတယ်။ အခု ဘယ်လိုရှာရမလဲ မသိတော့ဘူး။ သေလားရှင်လားဆိုတာလဲ မသိရဘူး အရမ်းစိုးရိမ်တယ်။” ဟု ၎င်းကပြောသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က တလန်းရွန်းရွာသစ်အနီး လမ်းဘေးတစ်နေရာတွင် ၎င်းတို့၏ စာရွက်စာတမ်းနှင့် အဝတ်အစားများကို ခရီးသွားများက ကောက်ထားကြပြီး ဟားခါးမြို့ရှိ ၎င်းတို့နှင့် နီးစပ်သူများထံ ပေးအပ်ခဲ့ကြသည်ဟု သိရသည်။ ဖလမ်း-ဟားခါးကားလမ်းမသည် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုကြောင့် တစ်လနီးပါးခန့် ဖြတ်သန်းသွားလာခွင့်မရှိခဲ့ပေ။ ယခုလက်ရှိတွင် လမ်းလွှဲမှသွားကြရပြီး ၎င်းတို့မှာလည်း လမ်းလွှဲမှသွားရောက်စဉ် စစ်ကာင်စီစခန်းချနေထိုင်သည့် အနီးတစ်ဝိုက်တွင် ပျောက်ဆုံးကြခြင်းဟုလည်း သိရှိရသည်။ ၂ နာရီကျော်ကျော်ခန့်သာ…

Read More

(01RB) မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ဌာနချုပ်အဆောက်အအုံများအပါအဝင် လူနေအိမ်များလည်း ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။ အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မေလ (၁၄) ရက်နေ့ ညနေပိုင်းက ချင်းပြည်နယ်ကို တစ္န်နာရီ မိုင် (၅၀) ကနေ (၇၀) အထိ တိုက်ခိုက်ဝင်ရောက်ခဲ့ပြီး မင်းတပ်၊ ပလက်ဝ၊ မတူပီ၊ ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်းစသည့် မြို့နယ်များကို ဖြတ်သန်းသွားခဲ့သည်။ မုန်တိုင်းကြောင့် ချင်းပြည်နယ် မတူပီမြို့နယ်က CDF-Matupi ဌာနချုပ်စခန်း အဆောက်အအုံတချို့ ပျက်စီးခဲ့ခြင်းကြောင့် ဗုံးခိုကျင်းများတွင် အိပ်စက်ခဲ့ရသည်ဟု CDF-Matupi က ထုတ်ပြန်သည်။ ထို့အပြင် မုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း ကျေးရွာတချို့က နေအိမ်များ ပျက်စီးခဲ့သည်ဟု သိရသော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် ပျက်စီးမှုအခြေအနေအသေးစိတ် မသိရသေးပေ။ ကန်ပက်လက်မြို့နယ် မကြားအိမ်နူးတွင်လည်း လူနေအိမ်တလုံး၊ ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ဆောင်နှစ်ခု အမိုးလန်ပျက်စီးခဲ့ပြီး၊ ပလက်ဝမြို့နယ် ဆမီးမြို့တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအိမ်ခေါင်မိုးလန်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။ ဟားခါးမြို့ မြို့သစ်ရပ်ကွက်ဘက်တွင်လည်း အိမ် ၂ လုံးပြိုခဲ့သည်ဟု ကြားကာလချင်း အမျိုးသားအတိုင်ပင်ခံကောင်စီသဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ အလားတူ ပလက်ဝမြို့နယ် CDF-Paletwa တပ်ရင်း ၂ ဌာနချုပ်အမိုးအကာ ဆိုလာများ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဖလမ်းမြို့နယ်က CNDF တပ်ရင်း ၂ ဌာနချုပ် အမိုးအကာများ ဆိုလာများ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည်…

Read More

(03PT) ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Senthang ဌာနချုပ်ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်လုံခြုံရေးအခြေအနေကြေင့် ဟားခါး-မတူပီကားလမ်းကိုလည်း ယာယီပိတ်ထားလိုက်သည်ဟု သိရသည်။ CDF- Senthang ဌာနနချုပ်တပ်စခန်းနှင့် ခွါပီးကျေးရွာတို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ်ခန့် ထပ်မံဗုံးကြဲတိုက်ခိုက်လာခဲ့သည်ဟု CDF-Senthang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “မေလ ၈ ရက်နေ့က ဗုံးကြဲထားတယ်။ ပြီးတော့ နောက် သုံးရက်လောက်ကြာတော့ ပြန်လည် ဗုံးကြဲသွားတယ်ဆိုတော့ နောက်‌ခေါက်ပြန်ပြီးတော့ မကြဲနိုင်ဘူးလို့ ပြောလို့မရသေးဘူးပေါ့နော်။ အဲ့တာကြောင့်မို့ ပြည်သူတွေ လုံခြုံဖို့အဓိကထားပြီးတော့ ခေတ်တ ပိတ်ထားတာပေါ့နော်“ ဟု CDF-Senthang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့၏ ယနေ့မနက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု ရှိ/မရှိ မြေပြင်ဆက်သွယ်မှု အခက်ခဲကြောင့် တိကျသိရှိထားခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။ ယခုကဲ့သို့ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လာသည့်အတွက် ဟားခါး-မတူပီကားလမ်းကိုလည်း ယနေ့ မေလ ၁၁ ရက်နေ့ကစ၍ ယာယီပိတ်ပင်ထားသည်ဟု CDF-Senthang က ထုတ်ပြန်သည်။ CDF-Senthang ထိန်းချုပ်နယ်မြေအတွင်းရှိ ခွါပီးကျေးရွာနှင့် CDF-Senthang ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးကို မေလ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က Mi-35 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Salai Siang Cung Hnin နှင့် တပ်ခွဲမှူး Salai Duh Lian Hmung တို့ ကျဆုံးခဲ့သည်။

Read More

(02HH) စစ်ကောင်စီတပ်ဖွဲနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် ဟားခါးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသူ ပိုမိုများပြားလာနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ အထောက်အပံ့ များလိုအပ်လျက်ရှိကြောင်း ဟားခါးမြို့နယ် စစ်ဘေးရှောင်စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တချို့က ရွာလုံးကျွတ်တောင်လာရှောင်ကြတာ လက်ရှိ မြို့ပေါ်မှာ လူဦးရေ ၂၁၇၁ ရှိတယ်။ ဟားခါးမြို့နယ် ရွာတွေမှာ IDP (Camp) ရှိတယ် စစ်ဘေးရှောင် တွေရှိ တယ် အဲ့တာတွေ ပေါင်း လိုက်ရင် ဟားခါးမြို့နယ်မှာ တော့ လူဦးရေ (၉) ထောင်ကျော် လောက်ရှိတယ်။ IDP (Camp) လုပ်ထားတဲ့ တချို့ရွာတွေဆိုရင် စစ်ကြောင်း ရှိတော့ IDP (Camp) လည်းထပ်ရှောင်ရတာပေါ့၊ လုံခြုံတဲ့ရွာတွေမှာ ထပ်ရှောင်တယ် ပြီးတော့ တောထဲမှာ လည်းပဲ ရှောင်တဲ့သူတွေလည်းပဲရှိတယ်။” ဟု ဟားခါးမြို့နယ် စစ်ဘေးရှောင် စောင့်ရှောက်ရေးအဖွဲ့ဝင်ကေပြာသည်။ ဟားခါးမြို့နယ်အတွင်းရှိ ကလေး-ဟားခါး ကားလမ်းမပေါ်နှင့် ဟားခါး-ဂန့်ဂေါကြား ကားလမ်းမတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားလာသည်မှာ တစ်လခန့်ကြာမြင့်လာပြီဖြစ်ပြီး ကားလမ်းဘေးတစ်လျှောက်တွင် နေထိုင်ကြသော ကျေးရွာများသည် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရသည်။ ဟားခါးမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်လာကြသည့် ကျေးရွာများမှာ ဟားခါးနှင့် ဖလမ်းအကြားတွင်ရှိသော ချွန်ကျုံး၊ ရမ်ထလို၊ ဒေါ့ထက်ရွာ၊ တလန်းဇာရ်ရွာအပါအဝင် ဟားခါး- ဂန့်ဂေါကြား ကျေးရွာတို့မှ ထောင်နှင့်ချီသောပြည်သူများ ဖြစ်ကြသည်။ လက်ရှိ ဟားခါးမြို့ပေါ်တွင် စစ်ဘေးရှောင်သည့် အိမ်ခြေ ၅၈၇ အိမ်၊ လူဦးရေ ၂၁၇၁ ဦး၊ ဟားခါးမြို့နယ်တွင်ရှိသော IDP (Camp) နှင့် ကျေးရွာတို့တွင် စစ်ဘေးရှောင်လူဦးရေ…

Read More

(01RB) ချင်းပြည်နယ် ဟားခါးမြို့နယ် ချွန်ကျူံးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် CDF-Hualngoram ရဲဘော် ၂ ဦး မေလ ၉ ရက်နေ့က ကျဆုံးခဲ့သည်ဟု သိရသည်။ မေလ ၉ ရက်နေ့က ချွန်ကျေးရွာတွင် CNA နှင့် CDF တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းလုပ်ဆောင်နေစဉ် CDF-Hualngoram တပ်ဖွဲ့ဝင် Elsangzela (၂၁ နှစ်) နှင့် Ramthianghlima (၂၂ နှစ်) တို့သည် စစ်ကောင်စီထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သောသတင်းရင်းမြစ်ထံမှ သိရသည်။ ချွန်ကျုံးကျေးရွာတွင် ခြေကုပ်ယူထားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းတော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲက မီးရှို့ဖျက်ဆီးခဲ့သော သံချက်ကာယာဉ် ၂ စီးကို သယ်ဆောင်ပြီး မေလ ၈ရက်နေ့က ဟားခါးမြို့ဖက်ကို ထွက်ခွာခဲ့ကြပြီဟု သိရသည်။

Read More