Author: Editor

ဒီသတင်းအမှားကို Facebook စာမျက်နှာမှာ Zaw Moe Lwin အကောင့်ကရေးတင်ထားတာဖြစ်ပြီး “၁၆-၀၆-၂၀၂၂ ရက်နေ့ နံနက် ၄ နာရီ အချိန် အင်စိန်ထောင်တွင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကြိုးပေးကွက်မျက်တော့မယ်လို့ သတင်းထွက်နေပါတယ်” ဆိုပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော်တို့ရဲ့ ဓာတ်ပုံနဲ့တကွ ရေးတင်ထားတာဖြစ်ပါတယ်။ ဇွန်လ (၁၆) ရက်နေ့ မနက်ပိုင်းမှာ ပျံနှံ့ခဲ့တဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော်တို့ကို အကြမ်းဖက်စစ်ကောင်စီက ကြိုးပေးကွက်မျက်တော့မယ်ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်ကြောင်း ဧရာဝတီသတင်းဌာနမှာလည်းဖော်ပြထားတာကိုတွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အင်စိန်အကျဉ်းထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်နဲ့ပတ်သက်ပြီး “မဟုတ်ပါဘူး။ ကျနော်တို့တောင် ဘာမှမသိဘူး။ တကယ်ဖြစ်ကြည့်ပါလား။ ဒီမနက်ပိုင်းဆို ထောင်ဆူနေပြီ။ ဒီလောက်ပဲပြောမယ်” လို့ ရန်ကုန်မြို့မှာရှိတဲ့ အင်းစိန်ထောင်နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီသတင်းဌာနကို ပြောထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၃) ရက်နေ့မှာလည်း ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော်တို့ကို ကြိုးပေးကွပ်မျက်ပြီးပြီးလို့ သတင်းအမှားများထွက်ပေါ်လာခဲ့ပါသေတယ်။ ဒါကြောင့်ပြည်သူများအနေနဲ့ သတင်းတွေကိုဖတ်ရှုတဲ့အခါ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနက သတင်းတွေကိုသာဖတ်ရှုကြဖို့တိုက်တွန်းလိုက်ရပါတယ်။

Read More

ဒီသတင်းအမှားကို Myaylat Time ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတစ်ခုက “အခမ်းအနားတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ် အမှတ် (၉၀၅) အမြှောက်တပ်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးသန့် က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသည့်လူငယ်များအား ရပ်ရွာတည်ငြိမ်အေး ချမ်းသာယာရေးကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် လွတ်လပ်စွာနေထိုင်သွားလာလုပ်ကိုင် ဆောင်ရွက်ကြရန်ဆုံးမ ဩဝါဒစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုး ရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက အမှားအမှန်ခွဲခြားပြီး အလင်းဝင်ရောက်လာသူလူငယ် (၉) ဦးအား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မိမိတို့၏အသက် မွေးဝမ်းကြောင်းဆိုင်ရာကိစ္စရပ်များကို လေ့လာလိုက်စားရန်နှင့် တည်ငြိမ် အေးချမ်းရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ဆွေးနွေးပြောကြားသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး “ငဖဲမြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးစိန်သောင်းက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာ ဆောင်ရွက်နေမှုများအားဆွေးနွေးပြီး လူငယ်များအနေဖြင့် မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးကြိုးစားဆောင်ရွက်ကြရန် ဆုံးမဩဝါဒစကားပြောကြားပြီး ပြစ်မှု ကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်း ဝင်ရောက်လာသည့် အမျိုးသား (၉) ဦး တို့အား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ တာဝန်ရှိသူများရှေ့မှောက်တွင်လက်မှတ်ရေးထိုး လွှဲပြောင်းပေးအပ် ခြင်းကိုဆောင်ရွက်ကြသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ Myaylat Time စစ်ကောင်စီဝါဒဖြန့် မီဒီယာကနေ ဖော်ပြထားသလို ငဖဲမြို့နယ်ထဲက အလင်းဝင်လာတဲ့ PDF ၉ ဦးကို အပြစ်မရှိလို့ ကြိုဆို လက်ခံတယ်လို့ ရေးသားဖော်ပြချက်ဟာ လိမ်ညာမှုတစ်ခုသာဖြစ်ပြီး တကယ်က သာမန်အရပ်သားတွေကို ဖမ်းဆီးပြီး PDF နဲ့ ပုံမှားရိုက်တာလို့ ဒေသခံတစ်ဦးက Burma VJ မီဒီယာတစ်ခုကို ပြောကြားထားပါတယ်။ “သူတို့ ၉ ယောက်ထဲက…

Read More

ဒီသတင်းအမှားကို ချယ်ရီသစ္စာ အကောင့်မှ “စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းချီကျေးရွာနေ ဦးဝင်ရှိန်ရဲ့ နေအိမ်ကို PDF အဖွဲ့ဝင်များ ဆိုက်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့လုပ်ကြံရာ ဦးဝင်ရှိန်အပါအဝင် သူရဲ့မိသာစုဝင် ၄ ဦး နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့သလို ကလေးငယ်နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့” ရေးသားဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး PDF ဘက်မှ တာဝန်ရှိသူက “ကျနော်တို့ အဓိကတော့ အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်တာဖြစ်တယ် သူ့ရဲ့ဒေါက်တိုင်တွေကို ရိုက်ချိုးတာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်စီကိုတော့ ပစ်မှတ်ထားပြီး ဖြေရှင်တာတော့ မပြုလုပ်ပါဘူး…. ဘယ်တော်လှန်ရေးအဖွဲ့မှလည်း ပြုလုပ်မှာမဟုတ်ဘူး။” စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်သူများစွာဟာ လက်သည်မပေါ်ပဲအကြောင်းမဲ့ အသတ်ခံနေရတာဖြစ်ပါတယ်။ အဲ့သလိုဖြစ်စဉ်များနဲ့ အတူသတင်းတုသတင်းအမှားများစွာလည်း နေ့စဉ်ထွက်ပေါ်လာနေတာဖြစ်ပါတယ်။ စစ်ကိုင်းမြို့နယ်မှာ မိသားစုဝင် ၇ ဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး တခြားသတင်းဌာနကြီးတွေမှာလည်းဖော်ပြထားတာမျိုးမတွေ့ရပါဘူး။ ပြည်သူများအနေနဲ့ သတင်းများကိုဖတ်ရှုတဲ့အခါ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းများကိုသေချာရွေးချယ်ပြီး ဖတ်ရှုကြဖို့လိုအပါတယ်။

Read More

ဒီသတင်းအမှားကို Fifty Two News Account မှ “၂၀၂၂ခုနှစ်၊ ဇွန်လ ၆ ရက်နေ့၊ မနက်ပိုင်း ၉ နာရီခွဲခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွား၊ နောင်ပါခါးရပ်ကွက်၊ နောင်ပါခါးမူလတန်းလွန်ကျောင်းမှာ PDF အကြမ်းဖက်များမှ ဒေသခံပြည်သူလူထုများရဲ့ရင်သွေးငယ် ကျောင်းသား/ကျောင်းသူများကို ထိခိုက်ကြောက်လန့်စေဖို့ ယုတ်မာတဲ့ရည်ရွယ်ချက်နဲ့ ချထားတဲ့ကျောင်းအဝင် တံခါးဘေးမှာ ကျောပိုးအိတ်ပန်းရောင်နဲ့ထည့်ထားတဲ့ လက်လုပ်မိုင်း (၁) လုံး၊ (၂) ထပ် ကျောင်းဆောင်အောက်ထပ် လှေကားအခြေတွင် လက်လုပ်မိုင်း (၁)လုံးအား လုံခြုံရေးအဖွဲ့များမှ ကြိုတင်ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်းသိရတယ်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများနဲ့ပတ်သက်ပြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း “ဟုမ္မလင်းမြို့နယ်အတွင်းရှိ PDF များမှ စာသင်ကျောင်းများမှာ မိုင်းများထောင်ထားကြောင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများမှ ဝါဒဖြန့်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာလည်း နောင်ပိုအောင်ကျေးရွား စာသင်ကျောင်းမှာ PDF များ မိုင်းထောင်းထားပြီး ဖျက်ဆီးလိုက်ရကြောင်း အကြမ်းဖက် စစ်ကောင်စီနဲ့ အလိုတူ အလိုပါ ဝါဒတူသူများမှ လူထုအမြင်မှားစေဖို့ လုပ်ကြံဇာတ်လမ်း ဖန်တီးပြီး ဝါဒဖြန့်ခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဆက်လက်ဖော်ပြထားတာက “ကျနော်တို့ တပ်ဖွဲ့များဟာ အပြစ်မဲ့ပြည်သူများကို ထိခိုက်စေနိုင်တဲ့ နေရာများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို လုံးဝ (လုံးဝ) မပြုလုပ်ပါ” လို့ ရေးသားဖော်ပြထားပါတယ်။ ပြည်သူများအနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုများကြားထဲမှာ နေ့စဉ်နဲ့အမျှ သတင်းတု၊ သတင်းအမှားတွေဟာ ထွက်ပေါ်နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုတဲ့အခါ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနမှသတင်းတွေကိုသာ ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Read More

ထိုသတင်းအမှားမှာ “ဇွန်လ ၆ ရက် နံနက် ၉ နာရီခန့်မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး) အောင်ဆန်းခန်းမမှာ ပြစ်မှုကျူးလွန်မှုမရှိတဲ့ PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်း/ လက်ခံ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားကို ဒေသကွပ်ကဲမှူး စစ်ဌာနချုပ် (ကလေး)၊ ဒေကွပ်ကဲရေးမှူး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌနဲ့ အဖွဲ့ဝင်များ၊ ကလေးခရိုင်ရဲတပ်ဖွဲ့မှူး၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အလင်းဝင်ရောက်သူများနဲ့ သူတို့ရဲ့ အုပ်ထိန်းသူများတက်ရောက်ခဲ့တယ်လို့” Fifty Two News အကောင့်ကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ကလေး PDF ဘက်မှာ တာဝန်ရှိသူက “ကျနော်ဘက်က မှတ်ချက်ပေးချင်တာကတော့ ကျနော်တို့ဘက်က အဲ့သလိုမျိုးမရှိဘူး၊ အဲ့သတင်းမှာဖော်ပြထားသလိုမျိုးလည်း ကျနော်တို့မလုပ်ကြပါဘူး၊ ဒါမျိုးကိစ္စတွေမရှိပါဘူး၊ စကစထောက်ခံတဲ့ဘက်ကနေမှ ပုံရိပ်အမှားဖြစ််အောင် သတင်းအတုဖြန့်ချိတာပဲဖြစ်ပါလိမ်မယ်။” ပြည်သူများအနေနဲ့ သတင်းများကိုဖတ်ရှုတဲ့အခါမှာ သတင်းဌာနကြီးများမှာ ရေးသားဖော်ပြထားတဲ့သတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။

Read More

ဇွန်လ (၃) ရက်နေ့မှာ ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ နဲ့ လှိုင်သာယာလူသတ်မှုကျူးလွန်သူတွေဖြစ်တဲ့ လှမျိုးအောင် (ခ) ဝက်ကြီး၊ အောင်သူရဇော် (ခ) သူရတို့ကို သေဒဏ်အမိန့် အတည်ပြုလိုက်ပြီဖြစ်တယ်လို့ နစကရဲ့ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားပါတယ်။ နစကရဲ့ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုပြီးနောက်မှတော့ ဇွန်လ (၃) ရက်နေ့မှာပဲ “ကွတ်မျက်ပြီးပြီ ဟုသိရတယ်။ Credit ဟန်ငြိမ်းဦး” ဆိုပြီး တေနုယဉ်အဘသမီးဆိုတဲ့ အကောင့်ကနေပြီး ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီနဲ့ လှိုင်သာယာလူသတ်မှုကျူးလွန် ၂ ဦး တို့ကို သေဒဏ်အမိန့်ချမှတ်ပြီး ကွတ်မျက်ပြီးပြီ ဆိုတဲ့ သတင်းအအမှား ရေးတင်ထားတာဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်မီနဲ့ အန်အယ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်ပေးဖို့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ရှုတ်ချထားပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ပြောခွင့်ရှိသူကလည်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူနှစ်ယောက်ကို စစ်ကောင်စီက သေဒဏ်ပေးဖို့ ကြံစည်နေတာကို ချက်ချင်းဖျက်သိမ်းဖို့နဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း ဒီကိစ္စမှာ ကြားဝင်ဟန့်တားဖို့ တောင်းဆိုလိုက်ပါတယ်။ Link>>>http://burmese.dvb.no/archives/537224 ဒါကြောင့် ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီနဲ့ လှိုင်သာယာလူသတ်မှုကျူးလွန်သူတွေဖြစ်တဲ့ လှမျိုးအောင် (ခ) ဝက်ကြီး၊ အောင်သူရဇော် (ခ) သူရတို့ကို သေဒဏ်အမိန့် အတည်ပြုလိုက်ပေမယ့် ကွတ်မျက်လိုက်ပြီဆိုတာကိုတော့ သတင်းဌာနကြီးတွေမှာဖော်ပြထားတာတွေမရှိသေးပါဘူး။ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Read More

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ခိုလုံနေကြသော မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူ ၉၉ ရာခိုင်နှုန်းကျော်ထံ ဒုက္ခသည်အသိမှတ်ပြုကဒ် (ID) ထုတ်ပေးထားပြီဟု သိရသည်။ မီဇိုရမ်ပြည်ထဲရေးဝန်ကြီး ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော High-Level Committee on Myanmar refugee’s အဖွဲ့၏ ယခုနှစ်ဇွန်လ ၄ ရက်နေ့အထိ စာရင်းမှတ်တမ်းအရ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၂၉၉၆၄ ဦးရှိသည့်အနက် ၂၉၇၅၁ ဦးထံ အဆိုပါ ID ကဒ်ပြားများကိုထုတ်ပေးထားပြီဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် ၉၉.၂၈ ရှိသည်ဟု The Aizawl Post သတင်းတွင်ဖော်ပြသည်။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့စစ်တပ်က မတရားအာဏသိမ်းယူပြီးနောက် နိုင်ငံတဝန်း စစ်အာဏာရှင်စနစ်ဆန့်ကျင်မှု ပေါ်ပေါက်ခဲ့ပြီး စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုးခွင်းကာ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့သောကြောင့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်က ပြည်သူများသည် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများအား စနစ်တကျစာရင်းပြုစုရန် မီဇိုရမ်အစိုးရက ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် ကျေးရွာအဆင့်အထိ ကော်မတီအသီးသီးဖွဲ့စည်းကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကစ၍ စစ်ဘေးရှောင်ပြည်သူများ ID ထုတ်ပေးရေးကို အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည်။ High-Level Committee on Myanmar refugee’s အဖွဲ့၏ စာရင်းမှတ်တမ်းအရ ယခုလက်ရှိ မီဇိုရမ်ပြည်နယ် ခရိုင် ၆ ခုတွင် စစ်ဘေးရှောင်စခန်း (Relief Camp) ၁၄၉ ခုရှိကာ ယင်းစခန်းများတွင် စစ်ဘေးရှောင်ပြည်သူ ၁၁၈၃၃ ဦး နေထိုင်ကြပြီး စစ်ဘေးရှောင်စခန်းမဟုတ်သည့် အခြားသောနေရာများတွင် နေထိုင်ကြသူ ၁၈၁၃၁ ဦးရှိသည်ဟု…

Read More

ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်ဘက်တွင် ယနေ့ ဇွန်လ ၁၅ ရက်နံနက်ပိုင်း ၉ နာရီကျော်ကျော်ခန့်ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီဘက်က ၄ ဦးခန့်သေဆုံးသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ထုတ်ပြန်သည်။ အင်အား ၁၂၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် တာဟန်းဘောလုံးကွင်းမှာ တပ်စွဲရန် ရောက်ရှိလာသည့်အတွက် CNDF နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ည်ဟု CNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယနေ့နံနက်ပိုင်း ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသည့်အပြင် ရက်ကွက်အတွင်း လျှပ်စစ်မီတာကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထပ်မံပစ်ခတ်ကာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယခုရက်ပိုင်းအတွင်း တာဟန်းရပ်ကွက်ဘက်တွင် မြို့တွင်းပစ်ခတ်တိုက်ခိုက်မှု ခတ်စိတ်စိတ်ဖြစ်ပွားလာပြီး စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့သည်။ ယနေ့နံနက်ပိုင်းက ဖြစ်ပွားသည့် ပစ်ခတ်မှုမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီး အကြိမ်ကြိမ်ပစ်ခတ်ခဲ့ပြီး The Methodist (Mission Veng) ဘုရားကျောင်းဝင်းအတွင်းရှိ နေအိမ်တလုံး၏ ရေချိူးခန်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကာ အဝတ်လျှော်စက်နှင့် အမိုးအကာများ ပျက်စီးခဲ့သည်ဟု သိရသည်။ ယခုလက်ရှိတွင်လည်း တာဟန်းရက်ကွက်တွင် စစ်ရေးအခြေအနေ တင်းမာလျှက်ရှိကာ ဒေသခံပြည်သူများသည် တံခါးပိတ်ပြီး အိမ်ထဲတွင် ပုန်းနေကြရသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် တာဟန်းဘောလုံးကွင်းအနီးတဝိုက်တွင် ရှိနေဆဲဟုသိရပြီး စခန်းချတပ်စွဲမည်ဟု ယူဆရသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် CDF-ကန်ပက်လက်တပ်ဖွဲ့နဲ့ တိုက်ပွဲတောက်လျှောက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေဟာ ဘေးလွှတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ကန်ပက်လက် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက “အခုရှောင်တဲ့ရွာက ၅ ရွာ၊ ပထမတစ်နေရာကိုရှောင်တာ အဲ့ဒီ ဖက်ကို စစ်ကြောင်းရှိတော့ နောက်တစ်နေရာ ထပ်ပြီးပြေးရတာ။ လူဦးရေ ၆၀၀ လောက်ရှိမယ်။ သူတို့ကို ပြည်သူ့ အုပ်ချုပ်ရေးအစီအစဉ်နဲ့ လုံခြုံတဲ့တစ်နေ ရာမှာ သွားရှောင်ကြတယ်။ စစ်ကြောင်းထိုးမယ်ဆိုရင်လည်း လွယ်လွယ်နဲ့ မရောက်နိုင်တဲ့နေရာရွေးပြီးမှ ပို့ပေးတဲ့သဘောပါ။” ဟု ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ ကန်ပက်လက်မြို့နယ် အမှတ် (၅) တိုက်နယ်ဘက်ကို စစ်ကြောင်းထိုးရာကနေ ရုတ်တရက် နောက်ကြောင်းပြန်ဆုတ်လာတာကြောင့် အပြိုင်း၊ ငုံလောင်း၊ အမ်ပုံ၊ ကျော့တော်နဲ့ ချင်းလက်မွန်ရွာက ပြည်သူတွေကို ဘေးလွှတ်ရာကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရတာလို့ သူက ဆိုပါတယ်။ ကန်ပက်လက်မြို့နယ်မှာ ဇွန်လ ၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့တို့အကြား တိုက်ပွဲတောက်လျှောက်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာပေါင်း ၁၁ ရွာလောက်ရှိပြီး လူဦးရေအားဖြင့် ၂၀၀၀ ကျော်လောက်ရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ကန်ပက်လက် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင်ပြည်သူတွေကို မိုးရာသီလည်းဖြစ်တော့ သူတို့ကို ကူညီဖို့အတွက် တိုက်တွန်းနှိုးဆော်ချင်တယ်။ အဓိက လိုအပ်ချက်က သူတို့ တောထဲမှာ ပြန်ထိုးဖို့က တာလပတ် ရယ်၊ မိုးကာရယ်၊ ရိက္ခာခြောက်တွေ၊ ဆေးဝါးပစ္စည်းတွေလိုတယ်။” ဟု ပြောပါတယ်။ ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ယခင်က ဒေသခံပြည်သူ…

Read More

တောင်တန်းမြေပြန့်ဒေသအလိုက် အာဏာသိမ်းစစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ်အရှိန် အပြင်းထန်ဆုံးဒေသအဖြစ် စစ်ကိုင်းတိုင်းပြီးလျှင် ချင်းဒေသသည် ဒုတိယမြောက် ခုခံတော်လှန်စစ်အရှိန် အပြင်းထန်ဆုံးဟု ဆိုရပါမည်။ BNI – Myanmar Peace Monitor ၏ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ အချက်အလက်သင်ပုန်းတွင် ဖော် ပြထားချက်အရ ၂၀၂၂ ခုနှစ်‌ မေလ ၃၁ ရက်အထိ စစ်အာဏာသိမ်းကာလအတွင်း မြို့နယ်အလိုက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားသည့် ရက်ပေါင်း ၁၁၈ ရက်အထိ ရှိခဲ့ပြီး အကြိမ်ရေအားဖြင့်မူ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များကို လေ့လာကြည့်ပါက မင်းတပ်မြို့နယ်အတွင်း ၂၈ ရက်အထိရှိကာ ခုခံတော်လှန်စစ်အရှိန် အမြင့်ဆုံးဒေသ ဖြစ်ခဲ့ပါသည်။ ထို့နောက်တွင်မှ ဟားခါးမြို့နယ်အတွင်း ၂၁ ရက်၊ မတူပီမြို့နယ်အတွင်း ၂၁ ရက်၊ ဖလမ်းမြို့နယ်အတွင်း ၁၅ ရက်၊ ကန်ပက်လက်မြို့နယ်အတွင်း ၁၄ ရက်နှင့် ထန်တလန်မြို့နယ်အတွင်း ၁၃ ရက်အဖြစ် တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့ပါသည်။ ထို့နောက် တီးတိန်၊ ပလက်ဝနှင့် တွန်းဇံမြို့နယ်များအတွင်းတွင်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေခဲ့သည်။ ချင်းပြည်နယ်အတွင်း မြို့နယ်အားဖြင့် (၉) မြို့နယ်သာ ရှိနေသော်လည်း စစ်အာဏာသိမ်းကာလအတွင်း ထွက်ပေါ်လာသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၂၀ ကျော်အထိ ရှိနေသည်ကို တွေ့ရပါသည်။ ၂၀၂၂ ခုနှစ် မေလကုန်အထိ စုဆောင်းထားသော မှတ်တမ်းများကို အခြေခံပြုလုပ်ထားသည့် BNI – Myanmar Peace Monitor ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မြေပုံသင်ပုန်းအရ မင်းတပ်၊…

Read More