ချင်းပြည်နယ်၊ ဖလမ်း- ဟားခါးလမ်းပေါ်တွင်ရှိသော တားလ်ကျေးရွာက လူနေအိမ်အားလုံးနီးပါးကို စစ်ကောင်စီ တပ်ဖွဲ့မှ ဇူလိုင် ၉ ရက် မနက် ၁၁ နာရီအချိန်ကစတင်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု တားလ် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။ “သူတို့က မနေ့ညက ကျွန်တော်တို့ရွာနားမှာ ဒီမနက် ၈ နာရီလောက်မှာ အခုက တရွာလုံး နီးပါးရှို့ထားတာ။ အခု ၇ အိမ်လောက်ပဲ မီးမရှို့တာ။ ကျွန်တော်တို့လည်း တောထဲမှာပုန်းတာဆိုတော့ ဒီမနက် ဟိုဖက်ရွာကနေ ကျွန်တော်တို့ ရွာမီးရှို့တာတွေ့တာ” ဟု တားလ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။ တားလ်ကျေးရွာသည် ဖလမ်းမြို့နှင့် ၁၄ မိုင်ခန့်ကွာဝေးကာ ၎င်းကျေးရွာတွင် ဝန်းထမ်အိမ်အပါအဝင် အိမ်ခြေ ၄၁ အိမ်ခန့်ရှိသည်ဟု သိရပြီး ကျေးရွာနေပြည်သူများသည် တောထဲတောင်ထဲတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ ၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့သည် ဖလမ်းမြို့နယ်၊ လုံရန်ကျေးရွာလူနေများအား ဖောက်ထွင်းကာ ပစ္စည်းများ ခိုးယူဖျက်စီးမှုများရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဇြန္လ ၂၉ ရက်နေ့က ကလေးမြို့ဖက်မှ ဟားခါးမြို့ဘက်သို့ စစ္ကား ၂၇ စီးဖြင့် ဦးတည်ထွက်လာပြီး ယခုလက်ရှိတွင် ဖလမ်း-ဟားခါးကြားတွင် ရောက်ရှိနေကြသည်။ ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CNA နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ထလန်ရောန်ကျေးရွာအနီးတွင် ၃ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ အကျအဆုံးရှိသည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင်လည်း တားလ်ကျေးရွာမှ လူနေအိမ် ၁၁ အိမ်ကို စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ခဲ့ပြီးဖြစ်သည်။
Author: Editor
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လအတွင်းမှာ ဒေသခံ ချင်းလူမျိုး ၁၅ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (IKACC) က ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်သည်။ ပလက်ဝမြို့နယ် ကုလားတန်မြစ်အနောက်ဘက် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့များ လှုပ်ရှားရာနယ်မြေအတွင်းရှိ ကျေးရွာ ၅ ရွာခန့်က ဒေသခံအရပ်သားပြည်သူ ၁၅ ဦးထက်မနည်းကို AA က ဇွန်လအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း IKACC က တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျနော်တို့မြေပြင်သတင်းအရ AA ကနေ ဖမ်းတာ ၁၅ ဦးလောက်ရှိတယ်လို့သိရတယ်၊ သူတို့ (AA) ကို အနှောက်အယှက်ပေးလို့ ဖမ်းခံရတာလားဆိုတာတော့ တိတိကျကျမသိရဘူး ဒါပေမယ့် ကျနော်တို့ နားလည်ထားတာကတော့ အခုအဖမ်းခံရတဲ့သူတွေဟာ သာမန်အရပ်သားပြည်သူတွေဖြစ်တယ်လို့ သိရတယ်” ဟု IKACC ကတာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ အဖမ်းခံရသူများသည် သာမန် ရပ်သူရပ်သားအရပ်သားများသာဖြစ်ပြီး ရက္ခိုင့်တပ်တော်က ခေါ်ယူထိန်းသိမ်းစစ်ဆေးမှု ပြုလုပ်ရသည်အထိ ဆောင်ရွက်ရန် လိုအပ်သူများမဟုတ်ကြောင်း IKACC က ဆိုပါသည်။ ပလက်ဝမြို့နယ်အတွင်းရှိ ချင်းလူမျိူးအပါအဝင် ဒေသခံပြည်သူများအား ရက္ခိုင့်တပ်တော် (AA) က ခေါ်ယူထိန်းသိမ်းမှု ပြုလုပ်ခြင်းသည် ဒေသတွင်း အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရာ၌ မလိုလားအပ်သော နားလည်မှုလွှဲမှာခြင်းမျိုး ထပ်မံပေါ်ပေါက်လာနိုင်သဖြင့် ခေါ်ယူထိန်းသိမ်းထားသည့် ပြည်သူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် IKACC က တောင်းဆိုထားသည်။ “သူတို့ (AA) ကလည်း…
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၇ ရက် ည (၉) နာရီဝန်းကျင်က ဈေးသစ်ရပ်ကွက်၊ တာလ်ကျုံးလိန်းလမ်းပေါ်ရှိ အ.ထ.က (၁) ကျောင်းအနီးတွင် မိုင်းမတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ CDF-Hakha ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ “မနေ့ညက အ.ထ.က (၁) ကျောင်းနားမှာဖြစ်တာ။ နှစ်ယောက်စလုံးက လူငယ်တွေပဲ၊ မိုင်းမတော်တဆ ပေါက်ကွဲသွားတာထင်တယ်” ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါသေဆုံးသည့် CDF-Hakha ရဲဘော်နှစ်ဦးမှာ အသက် ၂၀/၂၅ နှစ်ဝန်းကျင်ခန့်သာရှိကြပြီး ၎င်းတို့၏ ရုပ်အလောင်းကိုမူ စစ်ကောင်စီတပ်ဖွ့ဲဝင်များက သယ်ယူသွားသည်ဟု သိရသည်။ စစ်ကောင်စီတပ်၏ ဝါဒဖြန့် သတင်းထုတ်ပြန်ရေး တယ်လီဂရမ်ချန်နယ်၏ ဖော်ပြချက်အရ “ဇူလိုင် ၇ ရက် ည ၁၁ ခွဲအချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်အတွင်း ဗုံးပေါက်သံကြားလို့ သွားရောက်ရှင်းလင်းချိန်တွင် တာလ် ကျုံးလိန်းလမ်းပေါ် ဗုံးထောင်ရင်းဗုံးကွဲကာ သေဆုံးသွားသည့် CDF တပ်ဖွဲ့ဝင် ၁ ဦး၏ ရုပ်အလောင်းကို တွေ့ရှိတယ်” ဟု ယနေ့မနက် ၈ နာရီသတင်းတွင် ဖော်ပြထားသည်။ ထို့အပြင် ဗုံးကွဲသေဆုံးသူနှင့်အတူ Type-56 အမျိုးအစား AK သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၃ တောင့် ရရှိကြောင် းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း ယင်းကိစ္စနှင့်ပက်သက်ပြီး Hakha- CDF အနေဖြင့် သတင်းထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရောက်ရှိနေကြသော စစ်ဘေးရှောင်များအတွက် ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်းကို ယခင်က တပတ်လျှင် ၃ ရက်ဖွင့်လှစ်ခဲ့ရာမှ ၅ ရက်အထိ ထပ်တိုးဖွင့်လှစ်တော့မည်ဟု သိရသည်။ အဆိုပါဆေးခန်းသည် ယခင်က တပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ၃ ရက်သာဖွင့်လှစ်ပြီး ရက်အကန့်အသတ်ကြောင့် လူနာများအခက်ကြုံခဲ့ရသည့်အပြင် ယခုရက်ပိုင်းအတွင်း လာရောက်ပြသသည့်လူနာ များလာသည့်အတွက် ယခုဇူလိုင်လမှစတင်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်သွားရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။ ဆေးခန်းတာဝန်ခံတစ်ဦးက “အရင်က ၃ ရက်ပဲဖွင့်တဲ့အချိန်ကျတော့ တချိူ့က မသိလိုက်လို့ ဆေးခန်းပိတ်တဲ့နေမှာ လာတဲ့သူတွေရှိရင် ဒုက္ခရောက်ကြတယ် အဲဒါကြောင့် ရက်တိုးဖွင့်လိုက်ရအောင်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာ” ဟု ပြောသည်။ လာရောက်ပြသသည့်လူနာများကို သမားတော်နှင့် တာဝန်ခံဆရာဝန်များမှ တပတ်လျှင် ၅ ရက်ကြည့်ရှုမည်ဖြစ်ကာ သမားတော်ဆရာဝန်မှ ၃ ရက်ကြည့်ရှုမည်ဟု သိရသည်။ စစ်ဘေးရှောင်ပြည်သူများအတွက် အခမဲ့ ဖွင့်လှစ်သည့် အဆိုပါဆေးခန်းကို Mizo Student Union (MSU), BN Hospital, Myanmar Refugee Relief Committee (MRRC) နှင့် Chin Health Organization (CHO) တို့ပူးပေါင်းပြီး အိုင်ဇောလ်မြို့ ကူလီကွန်ရပ်ကွက် BN Hospital တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။
လိုင်လင်းပီမြို့မှ မတူပီမြို့နယ်ဘက်သို့ စစ်ကြောင်းထွက်လာသည့် အကြမ်းဘက်စစ်ကောင်စီနှင့် CDF-Matupi တို့သည် ရဲန်ခဲန်းနှင့် အမ်လိုင်ကျေးရွာကြားတွင် ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်း (၉) နာရီမှ (၁၀) နာရီထိ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ ၃ ဦးသေဆုံးပြီး ၂ ယောအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း CDF-Matupi က ထုတ်ပြန်သည်။ CDF-Matupi ဘက်မှ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များသည် ရဲန်ခဲန်းကျေးရွာသို့ တပ်ဆုတ်ကာ ကျေးရွာမှ ပြည်သူပိုင်နေအိမ် (၃) လုံး မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်တိုင်း တမူးမြို့တွင် ဇူလိုင် ၅ ရက်နေ့က စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့မှ ပစ်သတ်ခဲ့သော အိန္ဒိယနိုင်ငံသား ၂ ဦး၏ ရုပ်အလောင်း ပြန်လည်ရရှိရေးအတွက် မဏိပူရ်ပြည်နယ် နယ်စပ် မိုးရေးမြို့တွင် ဒေသခံပြည်သူလူထုက ယနေ့မွန်းလွဲပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ တမူးမြို့နှင့် ထိစပ်နေသော အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် နယ်စပ်မြို့ မိုးရေးပြည်သူထုသည် မိုးရေးမြို့ရဲစခန်းရှေ့တွင် ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က သွားရောက်တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အလောင်းပြန်မရသည့်အတွက် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ မြန်မာဘက်က ရဲကင်းတစ်ခုကို မီးရှို့ခဲ့ကြသည်ဟု သိရသည်။ ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်ခန့်တွင် တမူးမြို့ စော်ဘွားရပ်ကွက်ရှိ အမှတ် ၄ အထက်တန်းကျောင်းအနီးတွင် သူငယ်ချင်းအိမ်သို့ အလည်သွားပြီး ပြန်လာကြသည့် အသက် ၂၈ နှင့် ၃၅ နှစ်အရွယ်ခန့်ရှိသော အိန္ဒိယနိုင်ငံသား ၂ ဦးကို ပျူစောထီးများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း တနိုင်ငံလုံးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုများဖြစ်ပွားလာပြီး စစ်ရေးပဋိပက္ခ ပြင်းထန်လာမှုကြောင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ဒေသခံပြည်သူများသည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများကို အိန္ဒိယဗဟိုအစိုရက လက်မခံခဲ့သော်လည်း မီဇိုရမ်ပြည်နယ်အစိုးရက နွေးထွေးစွာလက်ခံကြိုဆိုပြီး စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ကာ ပြန်လည်နေရာချထားရေးများ လုပ်ဆောင်ပေးခဲ့သည်။ စစ်ဘေးရှောင်ပြည်သူများထဲမှ ထက်ဝက်ခန့်သည် မီဇိုရမ်ပြည်နယ် ခရိုင် ၈ ခုတွင် ဖွင့်လှစ်ထားသော Relief Camp ကယ်ဆယ်ရေးစခန်းများတွင်နေထိုင်ကြပြီး ကျန်တဝက်ခန့်မှာ စခန်းပြင်ပတွင် အိမ်ငှားနေထိုင်ကြရပါသည်။ စစ်ဘေးရှောင်ပြည်သူအများစုသည် စေတနာအလှူရှင်များ၏ လှူဒါန်းထောက်ပံ့ပေးမှုဖြင့်သာ ရပ်တည်နေကြရသည်။ ယခုဆိုလျှင် မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာကြသည်မှာလည်း တစ်နှစ်ကျော်ရှိလာပြီဖြစ်ကာ စစ်ဘေးရှောင်ပြည်သူများ၏ ဘဝရပ်တည်မှုအခြေအနေ အခက်အခဲ စိန်ခေါ်မှုများနှင့်ပတ်သက်၍ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသော Myanmar Refugee Relief Committee- Mizoram (MRRCM) အတွင်းရေးမှူး Salai Hulian နှင့် ဆက်သွယ်မေးမြန်းထားသည်။ မေး – ပထမဆုံးအနေနဲ့တော့ ဆရာတို့ရဲ့အဖွဲ့အစည်းအကြောင်း ပြောပြလို့ရမလား။ ဘယ်တုန်းက ဘယ်လို စတင်ဖွဲ့စည်းဖြစ်ကြတာပါလဲ။ ဖြေ – မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ MRRCM သည် မီဇိုရမ်ရှိ မြန်မာဒုက္ခသည်များအတွက်သာ တည်ထောင်ထားသော အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်တယ်။ မီဇိုရမ်ကျောင်းသားသမဂ္ဂ၊ Myanmar Action Group ဒိန်းမတ်၊ ချင်းရေးရာအဖွဲ့ချုပ်၊ မြောက်အမေရိက ချင်းနှစ်ခြင်းခရစ်ယာန်အသင်း၊ ချင်းကျန်းမာရေးအဖွဲ့၊ ဒေသခံကျေးရွာ ဒုက္ခသည်များကော်မတီတွေနှင့် ဒုက္ခသည်များအတွက် လုပ်ဆောင်နေသော အခြား NGO…
ရေးသူ – Salai Vakok လူတစ်ဦး ဖျားနာနေချိန်တွင် ကျန်းမာလာဖို့ ဆုတောင်းပေးခဲ့သော ပါးစပ်၊ ခေါင်းပေါ်တင်ခဲ့သော လက်သည် မတရားမှုကို ဖီဆန်တွန်းလှန်ဖို့ အမိန့်ပေးသော ပါးစပ်နှင့် သွေးစွန်းသောလက်အဖြစ် ပြောင်းလဲသွားသည်။ လူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အခက်အခဲဖြစ်နေသော ဒေသများကို ပရဟိတပြုလုပ်ရခြင်းများကလည်း သူ့ဘဝ၏ အမှတ်ရစရာတွေပါ။ မိသားစု အားလုံးနီးပါးက အစိုးရဝန်ထမ်းများ ဖြစ်ပြီး CDM လုပ်သောကြောင့် မိသားစု၏ စားဝတ်နေရေးကို ကြိုးစားရသည်။ လက်ရှိမှာ မိသားစုက တောထဲ၊ တောင်ထဲက တစ်နေရာတွင် နေထိုင်သည်ဟူသော သတင်းကိုတော့ သူ ကြားမိသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တွင် ပြီးခဲ့သည့်မေလနှင့် ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားမှု ၁၁ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဘက်က ၆၆ ဦးသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က ယနေ့ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ရဲဘော် (၃) ဦး ကျဆုံးခဲ့ပြီး ရဲဘော် (၄) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မေလအတွင်း ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာမှ နေအိမ် (၁၀) လုံး၊ တလန်ဇာရ် ကျေးရွာမှ နေအိမ် (၁၇) လုံး၊ ပါရ်သဲကျေးရွာမှ နေအိမ် (၆) လုံးနှင့် ဇောင်လေးကျေးရွာမှ နေအိမ် (၅) လုံးတို့ကို မီးရှို့ဖျက်စီးခဲ့ကြသည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က မီးလောင်တိုက်သွင်းပြီး တမြို့လုံးနီးပါး ပြာကျခဲ့ရသော ချင်းပြည်နယ် ထန်တလန်မြို့အား ပြည်လည်ထူထောင်ရေးလုပ်ဆောင်မည်ဟု ပြောဆိုလာသော စစ်ကောင်စီ၏ လှည့်ကွက်ကို အထူးသတိပြုကြရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက သတိပေးပြောဆိုလိုက်သည်။ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပြည့်ဝသည့်ချင်းပြည်နယ်အဖြစ် ထူထောင်ရန် တိုက်ပွဲဝင်ကြိုးပမ်းနေချိန်တွင် ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဟူသောခေါင်းစဉ်ဖြင့် စစ်ကောင်စီက ပြုလုပ်လာသော လှည့်ကွက်ကို အထူးသတိပြုကြပါရန် ဇူလိုင်လ ၃ ရက်နေ့စွဲဖြင့် ICNCC က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇွန်လ (၃၀) ရက်နေ့ ဟားခါးမြို့တွင် ကျင်းပခဲ့ကြသည်။ အဆိုပါအစည်းအဝေးမှာ စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ထန်တလန်မြို့နယ်မှ သိက္ခာတော်ရဆရာတော် ဒေါက်တာလာလ်အုပ်၊ မြို့မိမြို့ဖ ဦငွန်ဟရမ်၊ ဦးရမ်ခါရ်နှင့် ဦးလောမ်းဘိခ့်တို့အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ထန်တလန်မြို့ ပြည်လည်ထူထောင်ရေးနှင့် ပြည်လည်တည်ဆောက်ရေးဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။ “ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆောင်ရွက်ရာတွင် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (transitional justice) ဆိုင်ရာလုပ်ငန်းစဉ် မဖြစ်မနေပါဝင်ရမည်ဖြစ်သည်။ ယင်း အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေးဆိုင်ရာလုပ်ငန်းစဉ်သည် စစ်ကောင်စီက ၎င်းတို့အား ဆန့်ကျင်ခုခံနေသည့် ပြည်သူများကို သာလွန်အင်အားများဖြင့် တိုက်ခိုက်နေချိန်တွင် မည်သို့မျှ မဖြစ်နိုင်ပါ” ဟု ICNCC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ထန်တလန်မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်သည် သက်ဆိုင်ရာ ဒေသခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် ပြည်တွင်း၊…
