Author: Editor

စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်နေကြသော ချင်း (ဇိုး) မျိုးနွယ်စုများအနေဖြင့် လူမျိုးစုစွဲများမထားရှိဘဲ အားလုံးစည်းလုံးညီညွတ်စွာ အတူပူးပေါင်း တိုက်ပွဲဝင်စေလိုကြောင်း မီဇိုရမ်ပြည်နယ်ရှိ အင်အားအကြီးဆုံးအရပ်ဖက်အ ဖွဲ့အစည်းတခုဖြစ်သော Central Young Mizo Association (CYMA) ဥက္ကဌ Pu R.Lalngheta က ပြောသည်။ စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြားဖြစ်ပွားသည့်တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့နှင့် အနီးတဝိုက်မှ ပြည်သူများအတွက် ဧပြီလ ၂ ရက်နေ့က ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ရာတွင် CMYA ဥက္ကဌက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဒီမိုကရေစီလိုလာပြီး စစ်ကောင်စီတပ်ကို တိုက်ယူနေတဲ့ ချင်း (ဇိုး) မျိုးနွယ်အင်အားစုများအနေဖြင့် ကျဉ်းမြောင်းသည့် လူမျိုးစုစွဲများမထားရှိဘဲ အားလုံးစည်းလုံးညီညွတ်စွာ အတူပူးပေါင်းတိုက်ပွဲဝင်ကျဖို့ တောင်းဆိုပါတယ်” ဟု CYMA ဥက္ကဌက ပြောသည်။ ဗဟိုမီဇိုးလူငယ်အသင်း (CYMA) အနေဖြင့် ဇိုခေါထာရ်ကျေးရွာသို့ စစ်ဘေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော်အတွက် ဆန်အိတ် (၂၀၀) ၊ ယာယီတဲဆောက်လုပ်ရန်အတွက် ရူပီး ၃ သိန်းကျော်တန်ဖိုးရှိသော မိုးကာများကို ဧပြီလ ၂ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပြီး Champhai YMA sub-headquarter အဖွဲ့က လက်ခံကာ Vanhnuailiana Group YMA ဦးဆောင်မူဖြင့် လိုအပ်သောနေရာများတွင် ကူညီထောက်ပံံ့သွားမည်ဟု သိရသည်။ CYMA သည် မီဇိုရမ်ပြည်နယ်တွင် အင်အားအကြီးဆုံးနှင့် သြဇာအရှိဆုံးအရပ်ဖက်လူမှုအဖွဲ့အစည်းဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများ ကူညီသည့်အပိုင်းတွင်လည်း တက်တက်ကြွကြွ ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။

Read More

မာဂရက် ရေးသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို ရွေးကောက်ခံအစိုးရဆီကနေ မတရားသိမ်းယူခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိစပြုနေတဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဟာ အမှောင်ထုကို တဖန် ပြန်လည်ကျရောက်ခဲ့ရပါတယ်။ ဒီလိုနိုင်ငံတော် အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်ပြီး အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် နိုင်ငံတစ်ဝှမ်းမှာ ပြည်သူလူထုနဲ့အတူ အစိုးရဝန်ထမ်းတွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်လာခဲ့ကြတာ တွေ့ရပါတယ်။ သူတို့တွေဟာ စစ်တပ်က အာဏာသိမ်းမှုကို လက်မခံကြတဲ့အပြင် အာဏာရှင်ရဲ့ လက်အောက်မှာ အလုပ်ဆက်မလုပ်ချင်တော့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဖယ်ဒရယ်ဂျာနယ်မှာ စစ်တမ်းကောက်ယူပြီး စာရင်းပြုစုထားချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ CDM လှုပ်ရှားမှုအားအကောင်းဆုံး ပြည်နယ်ဟာ ချင်းပြည်နယ်ဖြစ်ပြီးတော့ အစိုးရဝန်ထမ်းပေါင်း နှစ်သောင်းကျော်ရှိတဲ့အထဲမှာ ဝန်းထမ်းပေါင်း တစ်သောင်းလေးထောင်ကျော်ဟာ CDM ဝင်ထားတာဖြစ်တာကြောင့် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်းနှုန်းကျော် ပါဝင်တယ်လို့ဆိုရမှာပါ။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို မြန်မာနိုင်ငံမှာရှိတဲ့ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းအားလုံး အင်တိုက်အားတိုက် ပါဝင်ခြင်းမှာ စစ်တပ်ရဲ့ ယန္တရားလည်ပတ်မှုတွေ ရပ်တန့်လာစေပြီး အရပ်သား ပြည်သူ့ အစိုးရထံအာဏာပြန်လွဲမည်ဆိုတဲ့အသိကြောင့်ပါဝင်လာခဲ့ကြပေမယ့် ဒီလှုပ်ရှားမှုကြီးမှာ ကာလရှည် ကြာမြင့်လာတာနဲ့အမျှ CDM ဝန်ထမ်းတွေ ဖမ်းဆီးခံရတာ၊ ခြိမ်းခြောက်ခံရတာနဲ့ အသက်အန္တာရာယ်ကြုံတွေ့ ရနိုင်တဲ့အခြေအနေထိ ရင်ဆိုင်လာခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက CDM ဝင်ပြီးနောက်ပိုင်း တောထဲရောက်နေတဲ့ အကူသူနာပြုဆရာမ တစ်ယောက်က “ကိုယ့်ထက်အကြီးတွေက ဒီ CDM လုပ်မယ်ဆိုရင်…

Read More

စစ်ကောင်စီလက်အောက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့က စတင်ဖြေဆိုခဲ့ကြပြီး ချင်းပြည်နယ်တွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသည့် ကျောင်းသား/ကျောင်းသူ ဦးရေ စုစုပေါင်း ၂၉၆၀ ဦးရေ ရှိသည့်အနက် စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ် လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်းမှာ ၂၂၅၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၇၆.၃၂% ရှိကာ ပျက်ကွက်သူဦးရေ စုစုပေါင်း ၇၀၁ ဦးရှိကြောင်း မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ မြို့နယ် ၉ မြို့နယ်ရှိသော ချင်းပြည်နယ်တွင် ဖလမ်း၊ တီးတိန်၊ မတူပီ၊ ပလက်ဝ၊ တွန်းဇံ မြို့နယ်တို့မှာ စာမေးပွဲဖြေဆိုသူရှိခဲ့ပြီး ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက် မြို့နယ်တို့တွင်ဖြေဆိုသူမရှိခဲ့ကြပေ။

Read More

အဆိုပါသတင်းအမှားကို ကျော်သီဟ အကောင့်မှ “မြန်မာ လေပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်ကာ အကြမ်းဖက်များကို ထောက်ပံ့နေတဲ့ အမေရိကန် စစ်လေယာဉ်တစ်စီးကို မြန်မာတပ်မတော်မှ ဒရုန်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ စစ်လေယာဉ်ပျက်ကျသွားခဲ့ အမေရိကန် နိုင်ငံသားလေယာဉ်မှူး ၂ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာနဲ့ မြန်မာနိုင်ငံအတွက် စိတ်အေးရပါပြီလို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြားခဲ့ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။ သတင်းအမှားမှာဖော်ပြထားသလို ပျက်ကျတာ လေယာဉ်မဟုတ်သလို အမေရိကန်နိုင်ငံက စစ်လေယာဉ်လည်းမဟုတ်ပါဘူး။ မြန်မာစစ်ကောင်စီရဲ့ရဟတ်ယာဉ်ဖြစ်ပါတယ်။ အဲ့ဒီရဟတ်ယာဉ်ဟာ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ၁၀ တန်းစာမေးပွဲမေးခွန်းများသယ်ဆောင်လာတဲ့ ရဟတ်ယာဉ်ဖြစ်ပြီး ဟားခါးမြို့ကိုအဆင်းမှာ ပျက်ကျသွားခြင်းဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရဌာနမှ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။ “(မတ်လ ၂၉ ရက်နေ့) ၉ နာရီကျော်ကျော်လောက်မှာ ကလေးမြို့ကနေ တက်လာတာ ဒီကိုရောက်လာတာ ကိုးနာရီ ၁၅ လောက်ရှိမယ် ဆင်းတဲ့ အခါမှာ ဝိတ်များတော့ ကုန်းပေါ်မှာဆင်းခါနီးမှဖြစ်သွားတယ်ပြောတယ်” စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း “ဒီကနေ့ (မတ်လ ၂၉ ရက်နေ့) မနက် ၈ နာရီ ၅၀ လောက်မှာ ကလေးကနေ ဟားခါးကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းတွေ သွားပို့တဲ့ ရဟတ်ယာဉ်ရှိတယ်။ အဲ့ရဟတ်ယာဉ်က ဟားခါးကို ၉ နာရီ ၂၀ လောက်မှာ ရောက်တယ်။ ဟားခါး ရဟတ်ယာဉ်ကွင်းကို ဆိုက်တဲ့အချိန်မှာ တောင်ပေါ်ကွင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အောက်ကနေ ပင့်တဲ့လေပေါ့- ပင့်ပြီးတိုက်တဲ့လေ မိတယ်။ မိတဲ့အချိန်…

Read More

မတူပီမြို့နယ်၊ ဝေတူးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ အင်အားဖြည့်တင်းမှုများရှိနေသောကြောင့် မတ်လ ၂၈ ရက်နေ့မှစတင်ပြီး ကျေးရွာနေပြည်သူ အားလုံးနီးပါး လွတ်မြောက်နယ်မြေနှင့် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ “လောလောဆယ်တော့ ဝေတူးရွာက ပြည်သူတွေမရှိသလောက်ဖြစ်နေပြီ။သူတို့လည်း ပြီးခဲ့တဲ့အခေါက်က အဖမ်းအဆီးလေးရှိနေတော့ နောက်တွဲ နည်းနည်းစိုးရိမ်လို့ ရွာလုံးကျွတ်တိမ်းရှောင်တယ်လို့သတင်းရတယ်။ နီးစပ်တဲ့ကျေးရွာနဲ့ ပူးပေါင်းတာရှိသလို တချို့တွေကလည်း လွတ်မြောက်နယ်မြေဖက်ကို တိမ်းရှောင်တဲ့ အခြေအနေဖြစ်နေတယ်။” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။ ဝေတူးကျေးရွာသို့ မတ်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့်က နယ်မြေရှင်း လင်းရေး ပြုလုပ်ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲချက်ဖြင့် ပြည်သူများကို ဖမ်း ဆီခြင်းနှင့် ပြည််သူများ၏ ဖုန်း ၂၄ လုံးကိုလည်း သိမ်းယူခဲ့သောဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများ ရွာထဲသို့မနေရဲကြ တော့ပဲ ထွက်ပြေကြခြင်းဖြစ်သည်။ မတူပီမြို့နှင့် ၅ မိုင်ခန့် ကွာဝေးသော ဝေတူးကျေးရွာတွင် လူဦးရေ ခန့်မှန်းချေ ၂၅၀ ဝန်းကျင်ရှိပြီး မတူပီမြို့ အရှေ့ဖက် စစ်ဗျူဟာကုန်းနှင့် မျက်နှာချင်းဆိုင် ကျေးရွာဖြစ်ကြောင်း သိရသည်။ မတူပီမြို့သည် စစ်ကောင်စီတပ် စစ်ဗျူဟာအခြေစိုက်ရာဒေသနှင့် ခမရ ၃၀၄ နှင့် ၁၀၄ တပ်ရင်းနှစ်ရင်းတပ်စွဲ ရာဒေသဖြစ်သည်။ ယခုလက်ရှိတွင်လည်း မတူပီမြို့သို့ စစ်အင်အားဖြည့်တင်းရန် မင်းတပ်မြို့မှ စစ်ကောင်စီယာဉ်တန်း ကားအစီး ၈၀ ကျော်နှင့် ချီတက်လာကြပြီး CDF-Mindat တပ်ဖွဲ့နှင့် လမ်းခုလတ်တွင် တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

Read More

ဒီသတင်းအမှားကို Kyaw Thiha ဆိုတဲ့ကောင့်မှ “ရုရှားတပ်တွေ ယူကရိန်းထဲဝင်လာပါပြီ။ မြန်မာတပ်မတော်မှ စစ်သည်အင်းအား ၆ သောင်းမှ တတိယ ကမ္ဘာစစ်အတွက် ပြင်ဆင်ပြီး ရုရှားတပ်မတော်နဲ့ ပူးပေါင်းပြီး ယူကရိန်း နယ်စပ်တွင်ပို့လိုက်ပါပြီ။ လိုအပ်ပါက မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုဝင်များ၊ ထောက်ခံသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုများ၊ ကြံခိုင်ရေးပါတီဝင်များ၊ မဘသ၉၆၉ မှ မျိုးချစ် သံဃာများမှ မဟာမိတ်ရုရှားအတွက် အသက်ပေးပြီး တိုက်ခိုက်ကာကွယ်ပေးမယ်လို့သိရပါတယ်။ စစ်ရေးစွမ်းရည်ပြည့်ဝတဲ့ မြန်မာတပ်မတော်ကို ရုရှားရဲ့ပူတင်ကလည်း အားကိုးတကြီး အကူအညီတောင်းဆိုမှုကြောင့်ဖြစ်ပါတယ်။” ရေးသားထားပါတယ်။ ဆက်လက်ပြီး “ယူကရိန်းကို မတည်မငြိမ်ဖြစ်စေဖို့ ယူကရိန်းနိုင်ငံထဲက ရုရှားလူမျိုးတွေများတဲ့ (လက်နက်ကိုင်သူပုန်များတဲ့) ပြည်နယ် ၂ ခုကို မနေ့က ရုရှားက လွတ်လပ်သောနိုင်ငံအဖြစ် လွတ်လပ်ရေး အသိအမှတ် ပြုလိုက်ပါတယ်။ အကယ်၍ မဟာမိတ်ရုရှားသာ စစ်ပွဲတွင် အောင်မြင်ခဲ့လျှင် ဥရောပရှိ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနိုင်ငံများကို မြန်မာတပ်မတော်အား အုပ်ချုပ်ခွင့်ပေးမည်ဟု ရုရှားသမ္မတ ပူတင်မှ ကတိပေးပြောကြားထားပါတယ်။ အမေရိကန်နဲ့ ဥရောပကတော့ ရုရှားကိုစပြီး စီးပွားပိတ်ဆို့ရေး လုပ်နေကြပါတယ်။ ထို့ကြောင့် မြန်မာတပ်မတော်မှ မဟာမိတ်ရုရှားကို စစ်ရေး၊ စီးပွားရေး အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အယ်ဂျားဇီးယား ရုပ်သံသတင်းဌာနကထု ပြောကြားခဲ့ပါတယ်။ ရုရှားကတော့ ယူကရိန်းရဲ့မြေကို ၂ ကြိမ်မြောက် ဖဲ့ယူနေပါပြီ။ ၂၀၁၄ က ယူကရိန်းနိုင်ငံ ခရိုင်မီးယားဒေသတစ်ခုလုံးကိုလည်း ဖဲ့ယူခဲ့ဖူးပါတယ်။ လက်ရှိ ယူကရိန်းနိုင်ငံကို…

Read More

အဆိုပါသတင်းအမှားမှာ “ရုရှားသမ္မတပူတင် မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီး မင်းအောင်လိုင်က ယူကရိန်းကို စစ်ကြေညာပြီးနောက် ယူကရိန်းနိုင်ငံ နေရာအနှံ့အပြားမှာ ပေါက်ကွဲသံများကြားရပြီး ရုရှားတပ်မတော်နဲ့ မြန်မာတပ်မတော်တို့မှ ပူးပေါင်းပြီး ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင်း နိုင်ငံတကာသတင်းများမှာ ဖော်ပြထားတယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ စာရေးသူဖော်ပြထားသလို ရုရှားတပ်မတော်နဲ့ မြန်မာတပ်မတော်တို့မှ ပူးပေါင်းပြီး ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင်းကို နိုင်ငံတကာသတင်းများမှာရေးသာဖော်ပြထားတာမျိုးမရှိပါဘူ။ အရှေ့ ဥရောပမှာ ဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှား စစ်ပွဲနှင့်ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတရပ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေပြည်တော်မှာမြန်မာစစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမှာလည်း သတင်းအမှားမှာဖော်ပြထားသလို အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဖော်ပြထားတာမရှိပါဘူ။ သတင်း Link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Link>>https://burma.irrawaddy.com/news/2022/02/28/250189.html ဒီသတင်းအမှားကို Kyaw Thiha account မှ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာရေးသားဖော်ပြခဲ့တဲ့အပြင် ဒီမတ်လ ၂၈ ရက်နေ့မှာတော့ Facebook စာမျက်နှာမှာ ပြန်လည်ဝေမျှနေတာဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ သတင်းတု/သတင်းအမှားများကို သတိထားရှောင်ကြဉ်သင့်ပါတယ်။ သတင်းတွေကိုဖတ်တဲ့အခါမှာလည်း ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။

Read More

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကနေ မတူပီမြို့ကို ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းဖို့ ချီတက်သွားတဲ့ တင့်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်း ၈၀ ကျော် နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ မတ်လ ၂၆ ရက်နေ့ကတည်းကနေ တောက်လျှောက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ် နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၁၆ မှာ မတ်လ ၂၆ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံးခဲ့ပြီး ဒီကနေ့မှာလည်း စစ်ကောင်စီဘက်က ၁၅ ဦး လောက်သေဆုံးခဲ့တယ်လို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ “တိုက်ပွဲအခြေအနေကတော့ ၂၆ ရက်နေ့ကတည်းက ပြင်းထန်မှုရှိတယ် စကစဘက်က ၅ ယောက်သေဆုံး ဒဏ်ရာရတဲ့ သူရှိတယ် ၂၇ ရက်နေ့မှာတိုက်ပွဲတစ်ခုရှိတယ် အဲဒီတိုက်ပွဲကတော့ အကျအဆုံးမသိရလို့ သတင်းမထုတ်ပြန်ခဲ့ဘူး၊ အခု ၂၉ ရက်နေ့မှာတော့ တိုက်ပွဲပြင်းထန်မှုရှိတယ် အရှေ့ဖက်က တပ်မဟာမှူးကိုယ်တိုင် ဆက်သွယ်လာပြီးခါမှ စကစဘက်က ၁၅ ယောက်လောက်သေပြီး ဒဏ်ရာအများအပြားရတယ်လို့ ကျနော့ကို ဆက်သွယ်လာပါတယ်၊ တိုက်ပွဲက တော်တော်ပြင်းထန်ပါတယ်၊ မိုင်းဆွဲတာရှိတယ် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်” စစ်ကောင်စီတပ်ဖွဲ့တွေဟာ မင်းတပ်-မတူပီလမ်းကြောင်းတစ်လျှောက်က ဆက်သွယ်ရေးဖုန်းလိုင်းတွေကလည်း ဖြတ်တောက်ထားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရှေ့တန်းနဲ့နောက်တန်း ချိပ်ဆက်မှုမရှိအောင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီယာဉ်တန်းဟာ မကွေးတိုင်း ကျောက်ထုမြို့ကနေ မတ်လ ၂၄ ရက်နေ့က မင်းတပ်မြို့ကို ရောက်ရှိလာပြီး စစ်ဗျူဟာအခြေစိုက်ရာနဲ့ တပ်ရင်း ၂ ရင်းအခြေစိုက်ထားတဲ့…

Read More

ချင်းပြည်နယ် ဟားခါးမြို့တွင် ယနေ့နံနက်ပိုင်း ၉ နာရီမိနစ် ၂၀ ခန့်က စစ်ကောင်စီတပ်ဖွဲ့၏ ရဟတ်ယာဉ်တစင်း ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ အဆိုပါရဟတ်ယာဉ်သည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ၁၀ တန်းစာမေးပွဲမေးခွန်းများသယ်ဆောင်လာသည့် ရဟတ်ယာဉ် ဖြစ်ပြီး ဟားခါးမြို့သို့အဆင်းတွင် ထိုကဲ့သို့ ပျက်ကျသွားခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရဌာနမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ “၉ နာရီကျော်ကျော်လောက်မှာ ကလေးမြို့ကနေ တက်လာတာ ဒီကိုရောက်လာတာ ကိုးနာရီ ၁၅ လောက်ရှိမယ် ဆင်းတဲ့အခါမှာ ဝိတ်များတော့ ကုန်းပေါ်မှာဆင်းခါနီးမှဖြစ်သွားတယ်ပြောတယ်” ဟု ၎င်းကပြောသည်။ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးမှုမရှိသော်လည်း ၄ ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှ မတူပီမြို့သို့ ထွက်ခွါသည့် တင့်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းနှင့် CDF-Mindat တပ်ဖွဲ့တို့ မတ်လ ၂၆ ရက်နေ့ကစ၍ နှစ်ဖက်ထိတွေ့မှု စတင်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိ ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်နှင့် CDF-Mindat တပ်ဖွဲ့တို့သည် မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၁၆ တွင် မတ်လ ၂၆ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးခန့်သေဆုံးခဲ့သည်ဟု CDF-Mindat ကထုတ်ပြန်သည်။ ယခုလက်ရှိတွင် မင်းတပ်-မတူပီလမ်းကြောင်းတစ်လျှောက်ရှိ ဖုန်းလိုင်းများကို စစ်ကောင်စီတပ်ဖွဲ့က ဖြတ်တောက်ထားပြီး တိ်ုက်ပွဲဖြစ်ပွားမှုအသေးစိတ်ကိုမူမသိရသေးကြောင်း CDF- Mindat မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ “ အနောက်ဖက်တကျောကို ဖုန်းလိုင်းတွေဆက်သွယ်မှုအကုန်ဖျက်ခံထားရတယ်။ ရှေ့တန်းဝင်နေတဲ့ရဲဘော် တွေနဲ့တောင် ဆက်သွယ်လို့မရဘူး။ လုံးဝအဆက်အသွယ်က ဖြတ်ပစ်လိုက်တာ။ တိုက်ပွဲက သူတို့က တောက်လျှောက်ပဲ လက်နက်ကြီး တွေနဲ့ပစ် ဖြည်းဖြည်းချင်းနဲ့ ရွေ့လာတဲ့ သဘောရှိတယ်” ဟု CDF- Mindat မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ မကွေးတိုင်း၊ ကျောက်ထုဘက်မှ မင်းတပ်မြို့သို့ရောက်ရှိလာသည့် တင့်ကားနှစ်စီးနှင့် ကားအစီး ၈၀ ကျော်ပါသော စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့မှ မတူပီမြို့သို့ မတ်လ ၂၅ ရက်နေ့က ဆက်လက်ထွက်ခွါကာ CDF-Mindat တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၇ ရက်နေ့က မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၂၃- ၂၄…

Read More