Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»NUG ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ဂွမ်ဂျူးမြို့တော်ဝန်တို့ တွေ့ဆုံ

NUG ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ဂွမ်ဂျူးမြို့တော်ဝန်တို့ တွေ့ဆုံ

0
By Editor on October 19, 2022 Khonumthung

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ဂွမ်ဂျူးမြို့၏ မြို့တော်ဝန် Mr Kang Gi Jung တို့ ယနေ့ ကိုရီးယားဒေသစံတော်ချိန် နေ့လယ် ၃ နာရီ ၁၀ မိနစ်အချိန်တွင် မြို့တော်ဝန်ရုံး ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြောင်း NUG ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။

ဒေါက်တာလျန်မှုန်းဆာခေါင်းသည် ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာနှင့် မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ဂွမ်ဂျူးမြို့တော်ဝန်က ကိုရီးယားအစိုးရသာမက ကိုရီးယား ပြည်သူပြည်သားများအနေဖြင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရပ်ရပ်ကို သိရှိထားကြောင်း၊ စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံသားများ၏ ခံစားချက်များကို စာနာနားလည်ကြောင်း၊ NUG အစိုးရကိုလည်း တသီးပုဂ္ဂလအနေဖြင့် အသိအမှတ်ပြု ထောက်ခံနေပါကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ကိုရီးယားအစိုးရအနေဖြင့်လည်း နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြသည့် မြန်မာပြည်သူပြည်သားများအား အစဉ်အားပေးနေမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်စေရေး ၎င်းတို့အနေဖြင့် အစွမ်းကုန် ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း စသည့် ကတိစကားများ ပြောကြားခဲ့ကြောင်းလည်း သိရသည်။

ဒေါက်တာလျန်မှုန်းဆာခေါင်းကလည်း ကိုရီးယားနိုင်ငံ၏ စစ်အာဏာရှင် ဂျွန်ဒူးဝမ်ကို တွန်းလှန်ခဲ့သည့် ၁၉၈၀ ပြည့် ဂွမ်ဂျူး ဒီမိုကရေစီ တော်လှန်ရေးလှုပ်ရှားမှုသမိုင်းကို ကောင်းစွာသိရှိပြီး စံနမူနာယူကာ အတုယူလေ့လာမိကြောင်း၊ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးကို အစဉ်ထောက်ခံအားပေးမှုတွက် ကိုရီးယားအစိုးရနှင့် ပြည်သူပြည်သားများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတွေ့ဆုံပွဲတွင် NUG ၏ ပြည်ထောင်စုဝန်ကြီးက ကိုရီးယားအစိုးရနှင့် NUG အစိုးရကြား အတူတကွ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များနှင့် အဓိကလိုအပ်သည့် အကူအညီများကို မြို့တော်ဝန်အား တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

ထို့နောက် ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် NUG အစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့်အဖွဲ့သည် ဂွမ်ဂျူး မေ ၁၈ အောက်မေ့ဖွယ် ဖောင်ဒေးရှင်းရုံး ပြတိုက်ကို သွားရောက်ခဲ့သလို ဂွမ်ဂျူး သူရဲကောင်း ဗိမ္မာန်သို့ သွားရောက်ကာ ၁၉၈၀ ပြည့် မေ ၁၈ ဂွမ်ဂျူး အရေးတော်ပုံအတွင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများအား အမှတ်တရ ရည်စူးအလေးပြုပြီး မေတ္တာပို့ဆုတောင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းပြီးနောက် ကိုရီးယားသမ္မတနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာသည့် NUG အစိုးရ၏ ပြည်ထောင်စုဝန်ကြီးဖြစ်ကြောင်း သိရသည်။

#ဧရာဝတီ မြန်မာပိုင်းသတင်းဌာနမှ ကူးယူဖော်ပြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.