ဒီသတင်းအမှားကို ပန်ဆယ်လိုဓာတ်ပုံနဲ့ ပြုလုပ်ထားတဲ့ အကောင့်တုကနေ တင်ထားတာဖြစ်ပြီး ပန်ဆယ်လိုက အမှန်တကယ် တင်ထားသယောင်နဲ့ နားလည်မှုလွဲမှားအောင် ပုံမှားရိုက်ဖန်တီးထားတာဖြစ်ပါတယ်။ အဲဒီအကောင့်တုကနေ တင်ထားတဲ့အကြောင်းအရာကို စစ်အောင်ဆိုသူက screen short ရိုက်ပြီး သူ့အကောင့်ကနေ ပြန်လည်တင်ထားတာဖြစ်ပါတယ်။ အဲဒီ ပန်ဆယ်လို အကောင့်တုမှာ “အာဏာသိမ်းစက ငါတို့အလွယ်တကူ နိုင်မယ်ထင်ခဲ့တာ အခုက NUG ကကောင်တွေက ထင်ရာစိုင်းနေကြတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ငါလဲတတ်နိုင် သလောက် ကြိုးစားခဲ့တာဘဲ အခုတော့ပြည်ပြေးဘဝနဲ့ အဆုံးသတ်ရတော့မယ် ဘယ်တတ်နိုင်မလဲ သမီးကိုဘဲ လူလားမြောက်အောင်လုပ်ပေးရတော့မယ်။” လို့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပန်ဆယ်လိုဘက်ကို ဆက်သွယ်မေးမြန်ခဲ့ရာ အခုလိုရေးတင်ထားတဲ့အကောင့်ဟာ အကောင့်အတုဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပန်ဆယ်လိုအသုံးပြုတဲ့ အကောင့်အစစ်ကို အောက်ပါလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ Link>>>https://www.facebook.com/AuthorPencilo ပန်ဆယ်လိုဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများနဲ့ ရပ်တည်ခဲ့တဲ့သူဖြစ်ပါတယ်။ အခုအချိန်မှာ အကောင့်အတုတွေကနေ သတင်းအတုများဟာ နေစဉ်လိုလိုထွက်ပေါ်နေပါတယ်။ အခုသတင်းအမှားဟာဆိုလည်း Like & React 74K၊ Comments 743 နဲ့ ပြန်လည်မျှဝေသူ 879 ထိရှိခဲ့ပါတယ်။
Author: Editor
ဒီသတင်းအမှားကို ဇွန်လ ၁၈ ရက်နေ့က Shwekayan Shwrkayan (ရွှေကယန်း-ရွှေကယန်း) အကောင့်မှာ တင်ထားတာဖြစ်ပြီး “ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ ထိုင်းနိုင်ငံ အလွယ်တကူခရီးသွားဟန်ပုံစံနဲ့ တဆင့်ဝင်ရောက်လာတဲ့ နိုင်ငံခြားသားမျက်နှာဖြူ ကြေးစားစစ်သားတွေကို NUGမှ Bonds ရောင်းရငွေ ၁၀ သန်းမှ (စင်္ကာပူတွင်ရုံးခွဲများအခြေစိုက် နာမည်ဖော်ပြခွင့်မရှိ) ဆီးရီးယား၊ အီရတ်တို့မှာ ကြေးစားပုဂ္ဂလိက အရင်းရှင်စစ်တပ် အငြိမ်းစားများကို တစ်ဦးလျှင် ဒေါ်လာ ၃ သိန်း (၃၀၀,၀၀၀) မှ ဒေါ်လာ ၅ သိန်း (၅၀၀,၀၀၀) အထိ (အာမခံကြေး) အပါ ခေါ်ယူကာ သင်တန်းများပေးခြင်း စစ်ကူတိုက်ပေးခြင်းများ ပြုလုပ်နေပါတယ်” ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စင်္ကာပူရောက် မြန်မာပြည်ဖွား စင်္ကာပူနိုင်ငံသားများမှခေါ်ပေးကာ ထိုင်းရောက်မြန်မာများမှ အထက်ပါနိုင်ငံသားများကို နေစရာထိုင်စရာပေးနေတယ်၊ မိမိစုံစမ်းထားသမျှ The Expendables အဖွဲ့မှ ကြေးစားစစ်သားများ၊ MI 6 မှ Pierce Brosnan (ငြိမ်း) မှ တာဝန်ယူပေးခြင်း၊ ကြေးစားလူသတ်သမား Keanu Reeves (John Wick နာမည်ဝှက်)၊ Free Burma Ranger မှ အဖွဲ့ဝင်များ၊ CIA များ၊ MI Series များ၊ Non NGO များ၊ Volunteer များ ပါဝင်တယ်လို့ သိရပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။ Shwekayan Shwrkayan (ရွှေကယန်း-ရွှေကယန်း) အကောင့်မှာ ရေသားဖော်ပြထားသလို ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ နိုင်ငံခြားသားကြေးစားများက…
ဒီသတင်းအမှားကို ဇွန်လ ၁၉ ရက်နေ့က “တစ်ချိန်တုန်းက အောင်စစ်သည်” အကောင့်ကနေပြီး“ယုံကြည်ရာ အစုအဖွဲ့လေးတွေနဲ့ ညီညွတ်စွာနေကြ…မကြာခင်… ကြာအင်းဆိပ်ကြီးမြို့နယ် စစ်တလင်းဖြစ်တော့မယ်… ကယာပြည်နယ်လိုဖြစ်အောင် EAOs တွေလုပ်ကြမယ်…. ကရင်ပြည်သူထုကိုချစ်တာ ပြည်ရူးအတွက်မရုတ်ပါ. သူတို့အကျိုးစီးပွားရေး KNU EAOs လူတစုအတွက်သာဖြစ်… ခလယ်တခွန်တိုင်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုမ်ချောင်းနှစ်ခွ… ရွာကြီးတွေဖျက်ဆီးခံ စစ်တလင်းဖြစ်တော့မယ်… EAOs တစ်ဦးဆီက သတင်းအခိုင်အမာ သိရပါတယ်” လို့ ရေးတင်ထားတာဖြစ်ပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်မှာ ယခင်ကတော့ စစ်ကောင်စီတပ်နဲ့ KNU အကြားတိုက်ပွဲဖြစ်ပွားမှုရှိခဲ့ဖူးပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ KNU ဘက်ကတော့ ထိုးစစ်ဆင်တိုက်ခိုက်တွေမရှိခဲ့ပါဘူး။ ဒါဟာ ပြည်သူလူထုတွေအလန့်တကြားဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့သတင်းသာဖြစ်ပါတယ်။ ကရင်ပြည်နယ်သတင်းတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်ရေးသားနေတဲ့ KIC သတင်းဌာနမှာ ကြာအင်းဆိပ်ကြီးသတင်းနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်း ရေးသားဖော်ပြထားတာမရှိပါဘူး။ ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကတော့ ကြာအင်းဆိပ်ကြီးဘက်မှာ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့တယ်ဆိုတာကို ဖော်ပြထားတာတွေ့ရပါတယ်။ အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါတယ်။ Link>>>https://www.facebook.com/KICNewsPage/videos/5268828429805440/ လက်ရှိအချိန်မှာတော့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ တိုက်ပွဲပြင်ထန်နေတယ်ဆိုတဲ့သတင်းတွေ မရှိသေးပါဘူး။ ဒါကြောင့် ပြည်သူများအနေနဲ့ သတင်းဌာနကြီးတွေကသတင်းများနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ ကိုယ်ပြည်နယ်မှာရှိတဲ့ သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။
ချင်းပြည်နယ် မတူပီမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသော ပါစတာတစ်ဦးအပါဝင် လူငယ် ၉ ဦးကို ပြီးခဲ့သည့် မေလကုန်ပိုင်းနှင့် ဇွန်လ ဒုတိယပတ်က နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်ဟု သိရသည်။ မတူပီမြို့တွင် CDFနှင့် CDM ဝန်ထမ်းများအား ငွေကြေးထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသော ပါစတာ ကပ်ထန်းနှင့် ငွေလွဲလုပ်ကိုင်နေသော ဦးအောင်ကိုတို့နှစ်ဦးကို စစ်ကောင်စီက ဇွန်လ ၁၃ ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု မတူပီတိုင်းမ်သတင်းဌာနမှအယ်ဒီတာကပြောသည်။ “ပါစတာနဲ့ ဦးအောင်ကိုကျတော့ ငွေလွဲ ရန်ကုန်ဘက်ငွေလွှဲလုပ်တာရှိတယ် အဲဒီကို CDF တွေကိုထောက်ပံ့တယ်ဆိုပြီး သူတို့နှစ်ယောက်ကိုဖမ်းတယ်၊ သူတို့ အမိန့်ချမှတ်ထားတဲ့နေ့ကိုလည်း အတိကျရေးထားပေမယ့် ချက်ချင်း သတင်းကမရရှိတော့ ဟိုတနေ့လောက်ကပဲ နောက်ဆုံး၂ ယောက် ၁၅ နှစ်ချခံပြီးမှ ဟိုရှေ့မှာ အမိန့်ချမှတ်ပြီးသာလူတွေလည်း ကျနော်တို့သိရတာ” ဟု ၎င်းကပြောသည်။ ပါစတာကပ်ထန်းသည် မတူပီမြို့နယ် ခြန်းပြန်းကျေးရွာက သတင်းကောင်း (Gospel) အသင်းတော်က ပါစတာဖြစ်ပြီး ဦးအောင်ကိုသည် မတူပီမြို့ပေါ် စံဘောင်ရပ်ကွက်က ငွေလွဲလုပ်ကိုင်နေသူဟု သိရသည်။ ၎င်းတို့နှစ်ဦးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက CDF နှင့် CDM ဝန်ထမ်းများအား ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပါစတာပါထန်းနှင့် ဦးအောင်ကိုတို့သည် CDF/ CDM များအား ငွေကြေးထောက်ပံ့မှုမျိုး မရှိသည့်အပြင် CDF မတူပီနှင့် ပတ်သက်ဆက်နွယ်မှုမရှိသော ပြည်သူများဖြစ်ကြသည်ဟု CDF-Matupi က ဦးဆောင်သူတစ်ဦးက ပြောသည်။ “သူတို့နှစ်ယောက်စလုံးက စစ်ကောင်စီကစွပ်စွဲတာက CDF…
ချင်းပြည်နယ် တီးတိန်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ စစ်ကိုင်းတိုင်း ကလေးမြို့မှ ဇွန်လ ၁၆ ရက်နေ့က ချင်းပြည်နယ်သို့ စစ်ကား ၁၇ စီးဖြင့်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့တွင် တီးတိန်မြို့မရောက်ခင် Hawp အနီးသို့ ရောက်ရှိသည့်အချိန်တွင် ၎င်းတို့၏ ရှေ့ပြေးတပ်ဖွဲ့နှင့် PDF-Zoland, CDF/CDM-Siyin တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု PDF-Zoland က ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု PDF-Zoland က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်သောကြောင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ဘေးကင်းစွာ ပြန်လည်ဆုတ်ခွါခဲ့ကြသည်။ ယနေ့တိုက်ပွဲကြောင့် ကလေးမြို့မှ ချင်းပြည်နယ်အမှတ် ၂ နယ်စပ်ကုန်သွယ်ရေး ရိခေါဒါရ်သို့ထွက်ခွါသော လိုင်းကားများလည်း လမ်းတဝက်မှ ပြန်လှည့်သွားခဲ့ရသည်ဟု သိရသည်။
ဒီသတင်းအမှားကို စစ်ကောင်စီရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Fifty Two News ကရေးသားဖော်ပြထားတာဖြစ်ပြီး See Sar Htut အကောင့်က “မနေ့က ဇွန်လ (၁၆) ရက်နေ့က မနက် ၁၁ နာရီခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ နယ်မြေ (၆)၊ မြို့ပတ်လမ်းရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းမှာ မြို့ပေါ်ရှိကျောင်းသား/သူများ စာပေပညာသင်ကြားနေစဉ် PDF အကြမ်းဖက်များမှ ၎င်းတို့အားထိတ်လန့်ကြောက်ရွံပြီး ကျောင်းမတက်နိုင်ဖို့ ယုတ်မာတဲ့ရည်ရွယ်ချက်နဲ့ လက်လုပ်လက်ပစ်ဗုံးတစ်လုံးကို ကျောင်းဝန်းခြံစည်းရိုးအနီး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း သိရပါတယ်လို့” ပြန်လည်ရေးသားဖော်ပြထားပါတယ်။ အဲဒီကျောင်းမွာ လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာမှန်ပေမယ့် ဒါဟာ ကလေး PDF ကလုပ်ဆောင်တာမဟုတ်ပဲ စစ်ကောင်စီတပ်ဖွဲ့ကသာ လုပ်ဆောင်တာဖြစ်တယ်လို့ကလေး PDF အမှတ် ၆ တပ်ရင်းမှ ကိုဂျပန်ကြီးက ပြောပါတယ်။ “စစ်ကောင်စီဘက်က သူတို့ဘာသာသူတို့ ပစ်ခတ်ပြီး ကျနော်တို့ပဲ စွပ်စွဲနေတာ။ ကျနော်တို့အနေနဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း အစရှိတဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အရာတွေကို ဗုံးနဲ့ပစ်မှာမဟုတ်သလို မီးရှို့ဖျက်ဆီးမှာလည်း မဟုတ်ဘူး”လို့ ကိုဂျပန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ Link>>>http://burmese.dvb.no/archives/538808 ပြည်သူများအနေနဲ့ သတင်းတွေိကိုဖတ်တဲ့အခါ ပြန်လည်ဝေမျှတဲ့အခါမှာ သတင်းအမှား/အမှန်ကို သေချာစွာဖတ်ရှုစစ်ဆေးပြီးမှ ဖတ်ရှု၊ မျှဝေကြဖို့တိုက်တွန်းလိုက်ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားမှုတစုံတရာမရှိဘဲ ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတာကြောင့် တောင်ယာလုပ်နေတဲ့အပြစ်မဲ့ပြည်သူ ၃ ဦး လက်နက်ကြီးဗုံးဆံထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကနေ ယနေ့မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်လောက်မှာ မင်းတပ်မြို့နယ် တိုက်နယ် ၃ ကျေးရွာဘက်ကို ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ခလရ ၂၇၄ တပ်ရင်းနဲ့ မျက်နှာချင်းဆိုင်ရွာလို့ပြောလို့ရတဲ့ တိုက်နယ် ၃ က တွီမွီရွာအနီးမှာ ကျရောက်ပေါက်ကွဲပြီး တောင်ယာမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတာလို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟားအွမ်ကပြောပါတယ်။ “တိုက်နယ် ၃ မွီတွီရွာပေါ့ မွီတွီရွာဆိုတာက မင်းတပ်မြို့ပေါ်မှာတပ်စွဲနေတဲ့ ခလရ ၂၇၄ တပ်ရင်းနဲ့ မျက်နှာချင်းရွာလို့ ပြောလို့ရပါတယ်၊ အဲဒီရွာကို လက်နက်ကြီးနဲ့ ၃ ချက်ပစ်တယ် အသက် ၇၀ ရွယ်အမျိုးသားတစ်ဦးရယ်၊ အသက် ၆၀ ရွယ် အမျိုးသမီးတစ်ဦးရယ် အသက် ၃၀ ရွယ် အမျိူးသမီးတစ်ဦး လက်နက်ကြီးမှန်ပြီးသေဆုံးသွားတာ’’ လက်နက်ကြီးထိမှန်ပြီးသေဆုံးသူတွေဟာ အသက် ၇၀ ရွယ်အမျိုးသားတစ်ဦး၊ အသက် ၆၀ နဲ့ အသက် ၃၀ ရွယ် အမျိုးသမီး ၂ ဦးတို့ဖြစ်ကြပြီး တောင်ယာထဲမှာ အလုပ်လုပ်နေကြတဲ့အချိန်မှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲကာ ဗုံးဆံ ထိမှန်သေဆုံးခဲ့ကြတာလို့သိရပါတယ်။ ဒါ့အပြင် လူနေအိမ် ၄ လုံးလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့သလို အမျိုးသားတစ်ဦးမှာလည်း လက်နက်ကြီး ထိမှန်ဒ ဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။…
ဒီသတင်းအမှားကို Facebook စာမျက်နှာမှာ Zaw Moe Lwin အကောင့်ကရေးတင်ထားတာဖြစ်ပြီး “၁၆-၀၆-၂၀၂၂ ရက်နေ့ နံနက် ၄ နာရီ အချိန် အင်စိန်ထောင်တွင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကြိုးပေးကွက်မျက်တော့မယ်လို့ သတင်းထွက်နေပါတယ်” ဆိုပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော်တို့ရဲ့ ဓာတ်ပုံနဲ့တကွ ရေးတင်ထားတာဖြစ်ပါတယ်။ ဇွန်လ (၁၆) ရက်နေ့ မနက်ပိုင်းမှာ ပျံနှံ့ခဲ့တဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော်တို့ကို အကြမ်းဖက်စစ်ကောင်စီက ကြိုးပေးကွက်မျက်တော့မယ်ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်ကြောင်း ဧရာဝတီသတင်းဌာနမှာလည်းဖော်ပြထားတာကိုတွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အင်စိန်အကျဉ်းထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်နဲ့ပတ်သက်ပြီး “မဟုတ်ပါဘူး။ ကျနော်တို့တောင် ဘာမှမသိဘူး။ တကယ်ဖြစ်ကြည့်ပါလား။ ဒီမနက်ပိုင်းဆို ထောင်ဆူနေပြီ။ ဒီလောက်ပဲပြောမယ်” လို့ ရန်ကုန်မြို့မှာရှိတဲ့ အင်းစိန်ထောင်နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီသတင်းဌာနကို ပြောထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၃) ရက်နေ့မှာလည်း ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော်တို့ကို ကြိုးပေးကွပ်မျက်ပြီးပြီးလို့ သတင်းအမှားများထွက်ပေါ်လာခဲ့ပါသေတယ်။ ဒါကြောင့်ပြည်သူများအနေနဲ့ သတင်းတွေကိုဖတ်ရှုတဲ့အခါ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနက သတင်းတွေကိုသာဖတ်ရှုကြဖို့တိုက်တွန်းလိုက်ရပါတယ်။
ဒီသတင်းအမှားကို Myaylat Time ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတစ်ခုက “အခမ်းအနားတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ် အမှတ် (၉၀၅) အမြှောက်တပ်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးသန့် က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသည့်လူငယ်များအား ရပ်ရွာတည်ငြိမ်အေး ချမ်းသာယာရေးကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် လွတ်လပ်စွာနေထိုင်သွားလာလုပ်ကိုင် ဆောင်ရွက်ကြရန်ဆုံးမ ဩဝါဒစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုး ရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက အမှားအမှန်ခွဲခြားပြီး အလင်းဝင်ရောက်လာသူလူငယ် (၉) ဦးအား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မိမိတို့၏အသက် မွေးဝမ်းကြောင်းဆိုင်ရာကိစ္စရပ်များကို လေ့လာလိုက်စားရန်နှင့် တည်ငြိမ် အေးချမ်းရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ဆွေးနွေးပြောကြားသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး “ငဖဲမြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးစိန်သောင်းက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာ ဆောင်ရွက်နေမှုများအားဆွေးနွေးပြီး လူငယ်များအနေဖြင့် မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးကြိုးစားဆောင်ရွက်ကြရန် ဆုံးမဩဝါဒစကားပြောကြားပြီး ပြစ်မှု ကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်း ဝင်ရောက်လာသည့် အမျိုးသား (၉) ဦး တို့အား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ တာဝန်ရှိသူများရှေ့မှောက်တွင်လက်မှတ်ရေးထိုး လွှဲပြောင်းပေးအပ် ခြင်းကိုဆောင်ရွက်ကြသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ Myaylat Time စစ်ကောင်စီဝါဒဖြန့် မီဒီယာကနေ ဖော်ပြထားသလို ငဖဲမြို့နယ်ထဲက အလင်းဝင်လာတဲ့ PDF ၉ ဦးကို အပြစ်မရှိလို့ ကြိုဆို လက်ခံတယ်လို့ ရေးသားဖော်ပြချက်ဟာ လိမ်ညာမှုတစ်ခုသာဖြစ်ပြီး တကယ်က သာမန်အရပ်သားတွေကို ဖမ်းဆီးပြီး PDF နဲ့ ပုံမှားရိုက်တာလို့ ဒေသခံတစ်ဦးက Burma VJ မီဒီယာတစ်ခုကို ပြောကြားထားပါတယ်။ “သူတို့ ၉ ယောက်ထဲက…
ဒီသတင်းအမှားကို ချယ်ရီသစ္စာ အကောင့်မှ “စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းချီကျေးရွာနေ ဦးဝင်ရှိန်ရဲ့ နေအိမ်ကို PDF အဖွဲ့ဝင်များ ဆိုက်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့လုပ်ကြံရာ ဦးဝင်ရှိန်အပါအဝင် သူရဲ့မိသာစုဝင် ၄ ဦး နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့သလို ကလေးငယ်နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့” ရေးသားဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး PDF ဘက်မှ တာဝန်ရှိသူက “ကျနော်တို့ အဓိကတော့ အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်တာဖြစ်တယ် သူ့ရဲ့ဒေါက်တိုင်တွေကို ရိုက်ချိုးတာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်စီကိုတော့ ပစ်မှတ်ထားပြီး ဖြေရှင်တာတော့ မပြုလုပ်ပါဘူး…. ဘယ်တော်လှန်ရေးအဖွဲ့မှလည်း ပြုလုပ်မှာမဟုတ်ဘူး။” စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်သူများစွာဟာ လက်သည်မပေါ်ပဲအကြောင်းမဲ့ အသတ်ခံနေရတာဖြစ်ပါတယ်။ အဲ့သလိုဖြစ်စဉ်များနဲ့ အတူသတင်းတုသတင်းအမှားများစွာလည်း နေ့စဉ်ထွက်ပေါ်လာနေတာဖြစ်ပါတယ်။ စစ်ကိုင်းမြို့နယ်မှာ မိသားစုဝင် ၇ ဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး တခြားသတင်းဌာနကြီးတွေမှာလည်းဖော်ပြထားတာမျိုးမတွေ့ရပါဘူး။ ပြည်သူများအနေနဲ့ သတင်းများကိုဖတ်ရှုတဲ့အခါ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းများကိုသေချာရွေးချယ်ပြီး ဖတ်ရှုကြဖို့လိုအပါတယ်။
