မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း ထွက်ပြေးခိုလုံနေကြသည့် မြန်မာစစ်ဘေးရှောင် ၄၀၀၀ ကျော်ကို မီဇိုရမ်ပြည်နယ်အစိုးရက စစ်ဘေးရှောင်ကဒ်ပြားများ လုပ်ဆောင်ပြီးစီးသွားပြီဟု သိရသည်။ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံနေကြသော စစ်ဘေးရှောင်များ စနစ်တကျမှတ်သားနိုင်ရန်နှင့် ပိုမိုလုံခြုံမှုရှိနိုင်ရေးအတွက် ရည်ရွယ်ပြီး မီဇိုရမ်ပြည်နယ်အ စိုးရက စစ်ဘေးရှောင်ကဒ်ပြား စတင်ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင် အများဆုံး ဝင်ရောက်ခိုလှုံနေသည့် ကျန်ဖိုင်းခရိုင်တွင် စစ်ဘေးရှောင်ကဒ်ပြားကို Champhai District Level Committee on Myanmar Refugees အဖွဲ့က ဆောင်ရွက်ပေးလျက်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၆၉၀၅ စာရင်ပြုစုထားပြီးဖြစ်ကြောင်းနှင့် ယင်းအနက် ၄၂၅၅ ဦးကို စစ်ဘေးရှောင်ကဒ်ပြား ထုတ်ပေးပြီဖြစ်ကြောင်း မီိဇိုရမ်နေ့စဉ်သတင်း Zonet တွင် ဖော်ပြသည်။ ကျန်ဖိုင်းခရိုင်တွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်ခန့်ရှိမည်ဟု ခန့်မှန်းရပြီး စစ်ဘေးရှောင်က ဒ်ပြားထုတ်ပေးရေးကို ယခုဖေဖော်ဝါရီလအတွင်း အကုန်ပြီးစီးဆောင်ရွက်ကြမည် ဟု လည်း သိရသည်။ အလားတူ မီဇိုရမ်ပြည်နယ် မြို့တော်အိုင်ဇောလ်မြို့ ရပ်ကွက် ၃၀ ကျော်တွင်လည်း စစ်ဘေး ရှောင်ကဒ်ပြားလုပ်ဆောင်ရန် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှတဆင့် ဖောင်များဖြန့်ဝေခဲ့ပြီး ရပ်ကွက်အသီးသီးတွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
Author: Editor
ချင်းပြည်နယ် ရိခေါဒါရ်မြို့ အိန္ဒိယ-မြန်မာနယ်မှတဆင့် မုန်ညင်းအိတ်တွင် ဖွတ်ပြီး အိုင်ဇောလ်မြို့သို့ သယ်ဆောင်လာသော ဘိန်းဖြူ (၃၂ ဟောင်)နှင့်အတူ ပိုင်ရှင်ဟုယူဆရသည့် အမျိုးသမီးတစ်ဦးကို မီဇိုရမ်ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်မှ ဘိန်းဖြူများသယ်ဆောင်လာကြောင်း သတင်းရရှိချက်အရ မီဇိုရမ်ရဲတပ်ဖွဲ့များ သည် နယ်စပ်ကိုပြေးဆွဲသည့် မော်တော်ယာဉ်လိုင်းဂိတ်(ဇိုးခေါထားကားဂိဒ်) တွင် စစ်ဆေးခဲ့ရာ မြန်မာပြည်မှသယ်ဆောင်လာသော မုန်ညင်းအိတ်ထဲတွင် ဖွတ်ထားသော အဆိုပါဘိန်းဖြူများကို ဖမ်းဆီးခဲ့ခြင်းသည်ဟု မီဇိုရမ်ကလာသောသတင်းအရသိရသည်။ အဆိုပါ ဘိန်းဖြူနှင့်အတူ အဖမ်းခံရသည့် အသက် ၄၃ နှစ်အရွယ် Pi Zothansangi သည် အိုင် ဇောလ်မြို့အတွင်း အဓိကဘိန်းဖြူဖြန့်ဝေသူတစ်ဦးဖြစ်သည်ဟု သတင်း တွေမှာဖော်ပြထားသည်။
ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါကားလမ်းမအပေါ်ရှိ မှန်တောကျေးရွာတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံး ၆ ယောက်ဒဏ်ရာရရှိပြီး သေဆုံး မှုလည်းရှိနိုင်သည်ဟု CDF – KKG က ထုတ်ပြန်သည်။ ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာနှင့် ဂန့်ဂေါမြို့နယ် ဟံသာဝတီရွာတို့၌တပ်စွဲထားသည့် စစ် ကောင်စီများနှင့် ပျူစောထီးများသည် အင်အား (၇၀) ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ မှန် တောရွာဖက်သို့ထိုးစစ်ဆင်လာကြရာတွင် CDF – KKG၊ CDF – Thantlang၊ PDF – Kalay ၊ RKDF ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်များသည် ယခင်စစ်ကြောင်းထိုးရာ၌ အသုံးပြုနေကျ ပြည်ထောင်စုလမ်းမကြီး အတိုင်း မလာဘဲ တောလမ်းမှတဆင့် မှန်တောရွာအနောက်ဖက်မှ ရွာတွင်းသို့ဝင်ရောက်လာကာ ပူးပေါင်း တပ်ဖွဲ့များနှင့် (၂) နာရီကြာခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး CDF – KKG တပ်ဖွဲ့ဝင်များ ထောင်ထားသည့် တိုက်မိုင်းများတိုက်မိခြင်း ၊ ပူးပေါင်းအဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့်ပြန်လည်ပ စ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ၎င်းတို့ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများကို အတည်မပြုနိုင်သေးသော်လည်း (၆) ဦးထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း CDF-KKG ကထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း၊ ဂန့်ဂေါနှင့် ပျားရွာအကြားရှိ စစ်ကောင်စီတပ်ဖွဲ့တပ်စွဲရာ စက်ယန္တရားကုန်းကို CDF-KKG တပ်ရင်း (၅) မှ လက်နက်ကြီးများဖြင့်…
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အနည်းဆုံးအယောက် ၂၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မကွေးတိုင်း၊ ဆောမြို့နယ် လောင်းရှည်ကျေးရွာဘက်ကနေ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ဘက်ကို စစ်အင်အား အလုံးအရင်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်ကစပြီး ယမန့်နေ့ ဖေဖော်ဝါရီ လ ၂၂ ရက်နေ့အထိ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွား ခဲ့ကြတာဖြစ်ပါ တယ်။ လောင်းရှည်ကျေးရွာဘက်ကနေ စစ်ကား ၁၆ စီးနဲ့ အင်အား ၃၀၀ နီးပါးလောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျင်းဒွေး မြို့မှာ စစ်အင်အားဖြည့်တင်းဖို့တက်လာကြတာဖြစ်ပြီး CDF-Kanpetlet၊ CDF-Dai, Saw-PDF နဲ့ CNA ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အနည်းဆုံးအယောက် ၂၀ လောက်သေဆုံးခဲ့တယ်လို့ CDF-Kanpetlet တပ်ဖွဲ့က တပ်မမှူးကပြောပါ တယ်။ “ကျင်ဒွေးကို သူတို့မရမကအရောက်သွားဖို့ ပြင်ဆင်ကြတယ် လမ်းတစ်လျှောက်လုံးမှာတိုက်ပွဲဖြစ်တာတော့ ၁၉ ရက်နေ့ ကတည်းကဖြစ်တာ မနေ့ကအထိပေါ့ ၁၉ ရက်နေ့မှာ မနက်ပိုင်းတစ်ခါ ညနေပိုင်းတစ်ခါပေါ့ မနက်ပိုင်းမှာ ၂ ယောက်ကျ တယ် ညနေပိုင်းမှာတော့ ၄ ယောက်ကျတယ် ၂၁ ရက်နေ့မှာ ကျနော်တို့တိုက်ပွဲထပ်ဖြစ်တယ် သူတို့ ၃၊ ၄ ယောက်တော့ ကျတယ် သူတို့အင်အားအလုံးအရင်းဆိုတော့ ကျနော်တို့က နောက်တဆင့်ပြန်ဆုတ်ပေးတယ် ၂၂ ရက်နေ့မနေ့ကတော့ တနေ့ကုန်နီးပါးတော်တော်လေးပြင်းထန်ခဲ့တယ် ၁၁ ယောက်ကတော့အနည်းဆုံးသေချာတယ် ဒဏ်ရာရတဲ့ဟာလည်း များနိုင်သေးတယ် ဒီနေ့ ၂၃ ရက်နေ့အထိတော့…
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိနေကြတဲ့ မြန်မာတက်ကြွလူငယ်တစ်စု Youth for Myanmar အဖွဲ့က စစ်ဘေးရှောင်ပြည်သူတွေကိုကူညီထောက်ပ့ံနိုင်ဖို့ ပြည်နယ်ရဲ့မြို့တော် အိုင်ဇောလ်မြို့က Millennium Centre ကုန်တိုက်ရှေ့မှာ ဖေဖော်ဝါရီလ ၂၂ နေ့ (၂) ခြောက်လုံးတော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ စျေးရောင်းပွဲတော်ကျင်း ပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီစျေးရောင်းပွဲတော်နဲ့ပတ်သက်ပြီး Youth for Myanmar အဖွဲ့က တာဝန်ရှိသူ မဝါဝါကခုလိုပြောဆိုပါတယ်။ “ ၂ ခြောက်လုံးအထိမ်းမှတ်နေ့မှာပဲ စျေးရောင်းပွဲတော်ကို စပြီးဆောင်ရွက်ကြမယ်ဆိုတဲ့စဉ်းစားချက်ဖြစ်လာတယ် ဒုက္ခသည်တွေကို ကူညီနိုင်ဖို့ဆိုတဲ့ရည်ရွယ်လည်းပါတယ် မီဇိုရမ်ပြည်နယ်မှာရောက်နေတဲ့ တခြားအဖွဲ့ေ တွနဲ့ပူးပေါင်းပြီးတော့မှ စျေးရောင်းပွဲတော်လေးကိုလုပ်လိုက်မယ် အဲဒီကရလာတဲ့ ရန်ပုံငွေကို မီဇိုရမ်ပြညနယ်မှာရောက် နေတဲ့ ဒုက္ခသည်တွေကို သွားရောက်လှူဒါန်းနိုင်မယ်ဆိုတဲ့စဉ်းစားချက်နဲ့ကျမတို့ပေါ်လာတယ် အဲဒီအပြင် ၂ ခြောက်လုံးနဲ့လည်းအံဝင်ဂွင်ကျဖြစ်တယ်ဆိုတဲ့စဉ်းစားမှုနဲ့ ၂ ခြောက်လုံးစျေးရောင်းပွဲတော်ကို ကျမတို့စီစဉ်ဖြစ်ခဲ့တာဖြစ်ပါတယ်’’ လို့သူမကပြောပါတယ်။ ယနေ့ကျင်းပတဲ့ ၂ ခြောက်လုံးတော်လှန်ရေးနေ့အထိမ်းအမှတ် စျေးရောင်းပွဲတော်မှာ မြန်မာအစား အစာမျိုးစုံဖြစ်တဲ့ အကြော်စုံ၊ မာလာရှမ်းကော၊ ဝတ်သားဒုတ်ထိုး၊ ကြာဇံကြော်၊ ဆာဗူသီး၊ မုန့်လက်ကောက်၊ ငါပိကြော်၊ ပုဇွန်ကြော်၊ ကုန်ခြောက်မျိုးစုံရောင်းချခဲ့ကြပြီး မီဇိုရမ်မှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအပါဝင် ဒေသခံမီဇိုးလူမျိူး တွေကလည်း အားပေးပါဝင်ခဲ့ကြပါတယ်။ အဲဒီစျေးရောင်းပွဲတော်အစီစဉ်မှာ ဒေသခံမီဇိုးအဆိုတော်များနဲ့အတူ မြန်မာနိုင်ငံက နာမည်ကြီးချင်းအဆိုတော် ထွဏ်းခမ် ကလည်း ပါဝင်သီဆိုဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၄ သောင်းနီးပါးခန့်ဝင်ရောက်ခိုလုံနေကြပြီး မီဇိုရမ်အစိုးရ၊ မီဇိုးလူငယ်အသင်း၊ မီဇိုးကျောင်းသားသမဂ္ဂ၊ အင်ဂျီအိုအဖွဲ့ွအစည်းတွေက ကူညီပ့ံပိုးဆောက်ရွက်နေကြတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမှာတော့ ၂ ခြောက်လုံးနေ့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့နေနဲ့ နယူးဒေလီရောက်မြန်မာနိုင်ငံသားတွေက ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သိရပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဘက်ကိုဦးတည်ကာ မကွေးတိုင်းဘက်ကနေ စစ်ကောင်စီ တပ်ဖွဲ့က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့တယ္လို့ ချင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ CDF-Kanpetlet ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ “မကွေးတိုင်းကိုကျော်လာပြီ ကျင်ဒွေးကိုထိုးစစ်ဆင်ဖို့ပေါ့နော။အဲ့တာနဲ့ ကျွန်တော်တို့အဖွဲ့ကလည်းစောင့်တယ်။ တိုက်ခို က်တာတွေတော့ရှိတယ် မနေ့ကမရှိဘူး တနေ့ကရှိတယ်။ သူတို့ဖက်က အရမ်းအင်အားများတယ်။ အခုက သူတို့က ကျင်ဒွေးမြို့ကို ဦးတည်ပြီးမှ တောက်လျှေက်ကို တက်လာနေတယ် မနက်ဖြန်၊တဖက်ခါ လောက်ဆိုရင် ကျင်ဒွေးကို ဝင်မယ်။”လို့ CDF-Kanpetlet ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မကွေးတိုင်း လောင်းရှည်ကနေ မဆာတွီ- ကျင်ဒွေးလမ်းကြောင်ကနေ ထိုးစစ်ဆင်လာ တာကြောင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားတဲ့အပြင် လမ်းကြောင်းတလျှောက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အနီးအနားရှိကျေးရွာပြည်သူများ ဘေးလွတ်ရာထွက် ပြေးတိမ်း ရှောင်နေကြရကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ကန်ပက်လက်မြို့နယ် မဆာတွီ၊ မောချောင်း၊ လှိိုင်ဒုတ်ရွာ၊ ထန်းကုန်းကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေဟာ ရွာလုံးကျွတ်ထွက်ပြေးတိမ်ရှောင်နေကြရသလို နေထိုင်စားသောက် ရေးမှာလည်း အခက်ခဲကြုံနေကြရတယ်လို့ သိရပါတယ်။ “အခုချိန်ကတော့ သူတို့က အိမ်တွေဘာတွေအကုန်လုံးစွန့်ပြီးမှ တောထဲကို သွားပြီးမှ ရှောင်နေရတာဖြစ်တဲ့ အတွက် လတ်တလော သူတို့မှာ နေစရာ၊ ထိုင်စရာတွေ မိုးကလည်းရွာတယ် မနေ့တနေ့က မုန်တိုင်းပုံစံ အရမ်းရွာနေတော့ သူတို့မှာ တာလပတ်လိုတယ်၊ အခက်အခဲတွေတော့ အများကြီးပဲ စားနပ်ရိက္ခာပိုင်းရော တောထဲမှာ ခက်ခဲနေကြတာပေါ့ အခုချိန်မှာ” လို့ CDF-Kanpetlet ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကန်ပက်လက်မြို့နယ် ကျင်းဒွဲမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့အခါ မောချောင်းကျေးရွာက…
မီဇိုရမ်ပြည်နယ်ရောက် မြန်မာတက်ကြွလူငယ်တစ်စု Youth for Myanmar အဖွဲ့က မနက်ဖြန်ကျေ ရာက်မည့် (၂) ခြောက်လုံး(၂၂ ရက် ၂ လ ၂၀၂၂) တော်လှန်ရေးနေ့အထိမ်းအမှတ် စျေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် အိုက်ဇောလ်မြို့ Millennium Centre ကုန်တိုက်ရှေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။ ယင်းစျေးရောင်းပွဲတော်တွင် မြန်မာအစားအစာများ ရောင်းချကာ ရရှိလာသောငွေကြေးများကို မီဇိုရမ်ပြည်နယ်ရှိ လိုအပ်နေသော စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း Youth for Myanmar က ပြောရေးဆိုခွင့်ဆိုသူ တစ်ဦးက ယခုလို ပြောပါသည်။ “အဓိကတော့ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေများစွာရှိတယ်။ စစ်ဘေးရှောင်တွေကို မီဇိုရမ်အစိုးရ၊ NGO အဖွဲ့အစည်းများရယ်၊ အသင်းတော်ရယ်၊ ပြည်သူလူထုတွေက ယနေ့အချိန်အထိ ကူညီဆောင်ရွက်ပေးလာတာဟာ တစ်နှစ်ကျော်နေပြီဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင်လူငယ်တွေအနေနဲ့ လည်း ရံပုံငွေတွေရှာပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီရင်ကောင်းမယ်ဆိုတဲ့ရည်ရွယ်ချက်ဖြင့် ယခုလို (၂) ခြောက်လုံးတော်လှန်ရေးနေ့အထိမ်းအမှတ် စျေးရောင်းပွဲတော်ကို ကျင်းပရခြင်းဖြစ်တယ်။” ဟု ၎င်းကပြောသည်။ (၂) ခြောက်လုံးတော်လှန်ရေးနေ့အထိမ်းအမှတ် စျေးရောင်းပွဲတော်နေ့တွင် မြန်မာအစားအစာမျိုးစုံ အကြော်စုံ၊ မာလာရှမ်းကော၊ ဝတ်သားဒုတ်ထိုး၊ ကြာဇံကြော်၊ ဆာဗူသီး၊ မုန့်လက်ကောက်၊ ငါပိကြော်၊ ပုဇွန်ကြော်၊ ကုန်ခြောက် မျိုးစုံ ရောင်းချသွားမည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် လာရောက်အားပေးကြဖို့လည်း Youth for Myanmar အဖွဲ့က ဖိတ်ခေါ်ထားသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ထန်တလန်မြို့ကလွဲပြီး ချင်းပြည်နယ် ၈ မြို့နယ်မှာ စစ်ကောင်စီရဲ့ဦးဆောင်မှုနဲ့ ကျင်းပခဲ့ကြပြီး ပြည်သူတွေအနေနဲ့ပူးပေါင်း ပါဝင်မှုမရှိခဲ့ တာ ကြောင့် ဒီနှစ်ချင်းအမျိုးသားနေ့ကတော့ တိတ်ဆိတ် ခြောက်ကပ်နေခဲ့ပါတယ်။ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့မှာတော့ ချင်းအမျိုးသားနေ့အခမ်းအနားကို ပြည်နယ်စစ်ကောင်စီရုံးမှာပဲ အစိုးရဝ န်ထမ်းတွေနဲ့သာ ကျင်းပခဲ့ကြပြီး ဟားခါးမြို့ပြည်သူတွေကတော့ ပူးပေါင်းပါဝင်မှု မရှိကြဘူူးလို့ ဟားခါးဒေသခံ တစ်ဦး ကပြောပါတယ်။ “မနေ့ကတော့ ဟားခါးမြို့ပေါ်ဆိုရင် တိတ်ဆိတ်နေတာပဲ Hakha Campaign for Justice ကလည်း မနေ့ကတော့ ၁၀ နာရီကနေ ၄ နာရီအထိအပြင်မထွက်ဖို့တောင်းဆိုထားတာလေ တိတ်ဆိတ်နေတာပဲ မနေ့ကတော့ တပ်တွေကတော့ လမ်းတိုင်းမှာနေရာတိုင်းမှာရှိတယ်’’ လို့ ဟားခါးဒေသခံတစ်ဦးကပြောပါတယ်။ ဟားခါးမြို့စစ်ကောင်စီရုံးမှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့အခမ်းအနားမှာ နေပြည်တော်က စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ ကောင်စီဝင် ဦးမောင်းဟာတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှာတော့ ချင်းအမျိုးသားနေ့အခမ်းအနားကို ဘုံတလာခန်းမဆောင်မှာ မြို့နယ်ထွေအုပ်ရဲ့ ဦးဆောင်မှုနဲ့ အကျဉ်းရုံးကျင်းပခဲ့ကြတယ်လို့ မတူပီမြို့ရပ်မိရပ်ဖတစ်ဦးကပြောပါတယ်။ “ကျနော်တို့ချင်းအမျိုးသားတွေရဲ့ နေ့ထူးနေမြတ်ကြီးဆိုတော့ သဘောလောက်တော့ ကျင်းပကြတယ်မနေ့က ထွေအုပ်က ဦးဆောင်ပြီးပြီးတော့ ခရိုင်လည်းပါတယ် ဌာနဆိုင်ရာအကြီးအကဲတော့အားလုံးပါတယ် တက်ရောက်တဲ့သူကတော့ ၁၀၀ လောက်ပဲရှိတယ် ဌာနဆိုင်ရာအကုန်လုံး မြို့မိမြို့ဖ၊ ဂိုဏ်းပေါင်းစုံပါစတာတွေပေါ့နော’’ လို့ ရပ်မိရပ်ဖကပြောပါတယ်။ မတူပီမြို့နယ်မှာ လူငယ်လူရွယ်တွေမရှိတော့တာကြောင့် ချင်းအမျိုးသားနေ့အခမ်းအနားမှာ ရိုးရာယဉ်ကျေးမှုတွေနဲ့ ကပြဖျော်ဖြေမယ့်သူမရှိခဲဲ့ဘူးလို့ သူကဆက်ပြောပါတယ်။ “လူတွေကမရှိတော့ဘူး လူငယ်တွေမရှိတော့ဘူး မြို့ပေါ်က အမျိုးသားယဉ်ကျေးမှုတွေကပြမယ်ဆိုရင် လူငယ်တွေအများကြီးလိုတာပေါ့နော လူငယ်တွေလည်းမစုံနိုင်ဘူး အဲဒါကြောင့်…
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြို့ဝင်၊မြို့ ထွက်ဂိ တ်များတွင် စစ်ဆေးရေး တင်းကြပ်လျှက်ရှိပြီး ဖုန်းတွင် VPN (Virtual Private Network) ဆော့ဝဲတွေ့ရှိပါက ဖမ်းဆီးကာ ဒဏ်ငွေေ ဆာင်ခိုင်း မှုလည်း ပိုမိုလုပ်ဆောင်လာနေကြောင်း ဟားခါးဒေသခံတစ်ဦးကပြောသည်။ “တချို့တွေက VPN က တမျိုးထဲမဟုတ်ဘဲနဲ့ ၃ မျိုးလောက်ရှိတယ်လေ တကယ်လို့များ ၁ မျိုးကိုတွေ့ရင် ၅ သောင်းယူ တာ။ ဒဏ်ငွေအရိုက်ခံရတာ ၄-၅ ယောက်တော့အနည်းဆုံးရှိတယ်။ VPN ပဲအဓိက။ ပြီးတော့ တချို့ တွေ ကျတော့ Facebook ကြည့်ပြီးအဖမ်းခံရတဲ့သူတွေလည်းရှိတယ် မသင်္ကာတဲ့အနေနဲ့၊ အဲ့ကိစ္စနဲ့ အဖမ်းခံ ရတာများပြီ။ တချို့ကို ၅ နာရီလောက်ဆိုပြန်လွတ်ပေးတယ်။ အဲ့ထဲက တယောက်ဆိုရင် ၁ ပတ်လောက်ကြာပြီ ပြန်မလွတ်သေးဘူး။ သူက ဖုန်းထဲမှာလည်း အပြစ်တော့မရှိပါဘူး။ ဒါပေမယ့် အပြစ်ရှာတာပေါ့ ဟားခါးမှာတော့ မလွယ်ဘူး အပြင်ထွက်ရင် တော့” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း ဟားခါးမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲသည့် ဟားခါးမန်းခရီးသည်တင်ကား တစ်စီး ဟားခါးမြို့အထွက်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးရာတွင် ကားပေါ်မှပါလာ သည့် လူငယ် ၃ ဦး၏ ဖုန်းကို စစ်ဆေးကာ ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း Facebook လူမှုကွန်ရက် ပိတ်ထားခံရပြီး VPN အသုံးပြုပြီးမှသာ သတင်းအချက်အလက်များကို ကြည့်ရှုနေရသည့်အနေအထားဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့မှ ဖုန်းတွင် VPN ဆော့ဝဲ စစ်ဆေးဖမ်းဆီးခြင်းများတင်းကြပ်လာနေသောကြောင့်…
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး- ဂန့်ဂေါ်လမ်းပေါ်တွင်ရှိသော ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို CDF- KKG/CDF-Hakha ပူးပေါင်းတပ်တို့မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၄ နာရီက အလစ်ငိုက်ဝင်ရောက်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ပွဲမှာ ၁ နာရီခန့်ကြာမြင့််ခဲ့ခြင်းဖြစ်ပြီး CDF ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း CDF-KKG ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၁၅ ရက်က ရန်ကြီးအောင်ကျေးရွာရှိ လူနေအိမ်များကို တကြိမ် မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ယမန်နေ့က ထပ်မံတကြိမ် မီးရှို့ခဲသည့်အတွက် လူနေအိမ် ၈ အိမ် မီးရှို့ပျက်ဆီး သွားပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒေသခံ ပြည်သူများကို ခြ်ိမ်း ခြောက် အကြပ်ကိုင်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း CDF-KKG/ CDF-Hakha ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီ တပ်စခန်းကို အလစ်ငိုက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။
