Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးရှောင်ပြည်သူများအတွက် အွန်လိုင်းမှတဆင့် အခြေခံမီဇိုးဘာသာစကား စတင်သင်ကြား

စစ်ဘေးရှောင်ပြည်သူများအတွက် အွန်လိုင်းမှတဆင့် အခြေခံမီဇိုးဘာသာစကား စတင်သင်ကြား

0
By Editor on August 4, 2022 Khonumthung

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေကြသော မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဒေသခံဘာသာစကားများ သိရှိနားလည်နိုင်ရန်အတွက် Youth for Myanmar အဖွဲ့က အခြေခံမီဇိုးဘာသာစကား သင်ကြားမှုအစီစဉ်ကို အွန်လိုင်းကတဆင့် သြဂုတ်လ ၁ ရက်ကစတင်လိုက်ပြီဟု သိရသည်။

အခြေခံ မီဇိုးဘာသာစကားသင်ကြားမှုကို သြဂုတ်လ ၁ ရက်နေ့ကစ၍ အပတ်စဉ် တနင်္လလာနေ့တိုင်း (အိန္ဒိယစံတော်ချိန် နံနက် ၈ နာရီနှင့် ညပိုင်း (၈) နာရီအချိန်များတွင်) Youth For Myanmar (Facebook Page) အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ထုတ်လွှင့်သင်ကြားပေးနေခြင်းဖြစ်သည်။

“မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ပြီး လာရောက်နေထိုင်တဲ့အခါမှာ ဘာသာစကားနားမလည်မှုကြောင့် အခက်အခဲ အများကြီးကြုံရတယ်၊ ဥပမာ ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါ၊ ဈေးဝယ်သွားတဲ့အခါ၊ အလုပ်လုပ်တဲ့အခါ လိုအပ်တာလေးတွေ ဝယ်ဖို့သွားတဲ့အခါမျိုးမှာလည်း ဘာသာစကားမတတ်တော့ အဆင်မပြေဘူးပေါ့နော် ဒါကြောင့် တဖက်တလမ်းကနေ အထောက်အကူဖြစ်စေဖို့ ခုလို ဘာသာစကားသင်ကြားတဲ့အစီစဉ်ကို လုပ်ဆောင်ရတာပါ” ဟု Youth for Myanmar က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ခန့်ရှိပြီး မီဇိုရမ်ပြည်နယ်အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ စီစဉ်ပေးသော စစ်ဘေးရှောင်စခန်းများတွင် နေထိုင်လျှက်ရှိကြကာ တချိူ့မှာလည်း ရပ်ကွက်အတွင်း အိမ်ငှါးနေထိုင်ကြသည်။

စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ငွေကြေးအသုံးပြုရာတွင် သိသင့်သိအပ်သော ကိန်းဂဏာန်းအသုံးအနှုန်းများ၊ ဈေးဝယ်ယူရာတွင် သုံးနှုန်းသော ဒေသစကားအခေါ်အဝေါ်များကို သင်ကြားပို့ချပေးလျက်ရှိပြီး ဒေသခံပြည်သူနှင့် အပြန်အလှန်စကားပြောဆိုရာ နားလည်တတ်ကျွမ်းသည့်အထိ တဆင့်ပြီးတဆင့် သင်ခန်းစာများကို မြှင့်တင်ပို့ချ သင်ကြားပေးသွားမည်ဟုလည်း သိရသည်။

Youth For Myanmar အဖွဲ့သည် မြန်မာ့နွေးဦးတော်လှန်ရေးနောက်ပိုင်း မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိလာကြသည့် မြန်မာလူငယ်များမှ စုဖွဲ့ထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး နွေဦးတော်လှန်ရေး ရံပုံငွေဈေးရောင်းပွဲတော်များပြုလုပ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် တီရှပ်ရောင်းကာ ရံပုံငွေရှာဖွေခြင်းတို့ကို ပြုလုပ်၍ ရရှိလာသော ရံပုံငွေများကို မီဇိုးပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများထံသို့
ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

တိုက်ပွဲများ ပြင်းထန်နေသာ ချင်းပြည်တောင်ပိုင်းသို့ ပဥ္စမကြိမ်အဖြစ် စစ်တပ်က အင်အားရာချီ ထပ်မံဖြည့်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.