(006SV) မလေးရှားနိုင်ငံ၊ ကင်မရွန်ဟိုထ်လန်းတွင် နေထိုင်သော ချင်းလူမျိုးဇနီးမောင်နှံ ၂ ဦးကို အခြားချင်းလူမျိုး ၂ ဦးက ဓါးထိုးမှု ဖြစ်ပွားခဲ့ရာ ခင်ပွန်းဖြစ်သူ သေဆုံးပြီး ဇနီးသည်မှာ ဒဏ်ရာ အပြင်းအထန်ဖြင့် ဆေးကုသနေရကြောင်း သိရသည်။ အောက်တိုဘာလ ၁၃ ရက် ည ၁၁ နာရီခန့်တွင် ကင်မရွန်ဟိုထ်လန်းတွင် နေထိုင်သော ချင်းဇနီးမောင်နှံ၏ နေအိမ်တွင် လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူ ချင်းအမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ဟိုင်ထ်လန်းချင်းလူမှုအဖွဲ့အစည်း (HCC) က အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ဖြစ်စဉ်က အဲ၂ ယောက်ကို သူဌေးက အလုပ်ဖြုတ်လိုက်တယ်။ ကိုအရွှေဖေကနေ ဂျိုးဟိုကနေ ကင်မရွန် ဟိုင်ထ်လန်းကို ပြန် သွားခေါ်တယ်။ သူအိမ်မှာ အိပ်ခိုင်းပြီးတော့ သူက မင်းတို့ နှစ်ယောက် အလုပ်နဲ့ပတ်သက်ပြီးတော့မှ သူဌေး မကြိုက်တာတွေ မလုပ်ဖို့၊ ဆုံးမစကားတွေ ပြောတယ်။ အဲဒါ တအားဆုံးမလွန်တာ မကြိုက်ဘူး။ အဲဒါကြောင့် သတ်ချင်လို့ ဓါးနဲ့ ထိုးလိုက်တာဆိုပြီး ဝန်ခံထားတယ်။ အဲဒါ မကြိုက်လို့ ဓါးနဲ့ ထိုးလိုက်တယ်လို့ သူတို့ကိုယ်တိုင် ထွက်ဆိုထားတယ်” ဟု HCC အဖွဲ့ဝင်တစ်ဦးက ပြောသည်။ သေဆုံးသူတွင် လည်ပင်၊ မျက်နှာ၊ ရင်ဘတ် စသည့် နေရာများတွင် ဓါးထိုးသွင်းဒဏ်ရာအများအပြားကို တွေ့ရှိရပြီး အမျိုးသမီးတွင် ဒဏ်ရာ အများအပြား ရရှိ၍ ဆေးကုသနေရသည်ဟု သိရသည်။ အသက် ၅၅…
Author: Editor
(006SV) ချင်းပြည်အပါအဝင် နိုင်ငံတဝန်းရှိ စာသင်ကျောင်းများနှင့် ကျောင်းနေအရွယ်ကလေးသူငယ်များကို စစ်အုပ်စုက စစ်ရေးပစ်မှတ်အဖြစ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီးအရေး ယူပေးရန် ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက တောင်းဆိုသည်။ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး စာသင်ကျောင်းနှင့် ကျောင်းနေအရွယ် ကလေးငယ်များကို လေကြောင်းပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေသော စစ်အုပ်စု၏ လုပ်ရပ်များကို ချင်းပြည် အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုံ့ချသည်ဟု အောက်တိုဘာလ ၁၅ ရက်မှာ ထုတ်ပြန်သည်။ အပြစ်မဲ့ အရပ်သားများ၊ ကျောင်းသား/သူများနှင့် ဆရာ/မများအပေါ် ကျူးလွန်နေသော စစ်အုပ်စု၏ လုပ်ရပ်များ၊ အထူးသဖြင့် စာသင်ကျောင်းများကို စစ်ရေးပစ်မှတ်အဖြစ် သာလွန်အင်အားသုံး တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ တားဆီးအရေးယူပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တာဝန်ရှိသည်ဟု ထုတ်ပြန်သည်။ အောက်တိုဘာလ ၁၃ ရက်က ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ၈ နှစ်အရွယ် ကျောင်းသား ၁ ဦးနှင့် ၁၂ နှစ်အရွယ် ကျောင်းသူ ၁ ဦးတို့ သေဆုံးပြီး ဆရာ/မ ၅ ဦးနှင့် ကျောင်းသား ကျောင်းသူ ၁၆ ဦး ၊ စုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။ အောက်တိုဘာလ ၉ ရက်ကလည်း မင်းတပ်မြို့နယ်ရှိ ဘော်ဒါဆောင် စာသင်ကျောင်းကို စစ်အုပ်စု လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းသား ၃ ဦး နှင့်…
ပျက်စီးနေသည့်ကာလမ်းများကို ကိုယ်ထူကိုယ်ထဖြင့်ပြုပြင်နေကြရ (004SS) စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့တို့ကို ဆက်သွယ်ထားသော အဓိကလမ်းမကြီးအသုံးပြု၍ မရသောကြောင့် ရှောင်ကွင်းလမ်းများမှသွားလာနေရသည့်အတွက် ခရီးသွားလာစရိတ်သည်လည်း အဆမတန်မြင့်တက်နေပြီး လူတစ်ဦးလျှင် ယာဉ်စီးခ ကျပ် ၂ သိန်းခန့်ရှိသည်ဟု သိရသည်။ ကလေးမြို့မှ တီးတိန်မြို့သို့ ကားဖြင့်သွားမည်ဆိုပါက ခရီးသည်တစ်ဦးလျှင် အတက်- ကျပ် ၂ သိန်း၊ အဆင်း- ကျပ် တစ်သိန်း ရှစ်သောင်းအထိပေးရပြီး ဆိုင်ကယ်အငှားဖြင့် သွားပါကလည်း တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲ မှ တစ်သိန်းရှစ်သောင်းအကြားပေးရသောကြောင့် အခြေခံလူတန်းစားများအတွက် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်ဟု ဒေသခံများကပြောသည်။ တီးတိန်မြို့ဒေသခံ အမျိုးသားတစ်ဦးက “ကားခတွေတက်တော့ တန်ဆာခတွေတက်လာတယ်၊ ကုန်းဈေးနှုန်းတွေ တက်လာ တယ်။ အရေးပေါ် အခြေအနေတွေမှာဆိုရင် အချိန်မမှီနိုင်တာမျိုးတွေကြုံရတယ်။ အခုချိန် အားလုံး ဝင်ငွေရှားပါနေတဲ့ အချိန်ဆိုတော့ Daily Worker တွေဆိုရင် အရမ်းခက်ခဲနေကြတယ်။ ပြီးတော့ ကားတွေ ပုံမှန်မဝင်နိုင် တော့ အခြေခံကုန် ပစ္စည်းတွေနှင့် ဆေးဝါးတွေ ပြတ်လတ်တာမျိုးလည်းကြုံတွေ့နေရတယ်” ဟု ပြောသည်။ ကလေးမြို့မှ တီးတိန်မြို့သို့ဆက်သွယ်ရာတွင် အဓိကအသုံးပြုနေကြသည့် ကလေး-သိုင်းငင်း-တီးတိန်ကားလမ်းမကြီးသည် စစ်ကော်မရှင်တပ်က ကလေးမြို့အထွက် ၉ မိုင်တွင် ပိတ်ထားသောကြောင့် ခရီးသွားပြည်သူများသည် ရှောင်ကွင်းလမ်း ရွာချင်းဆက် မြေနီလမ်းများမှတဆင့် သွားရာနေရသည်ဟု သိရသည်။ ထို့ကြောင့် ယခင်က ခရီးသည်တင်ကားဖြင့် ၃ နာရီခန့်သာ ကြာမြင့်ခဲ့သည့် ကလေး-တီးတိန် ပုံမှန်ခရီးသည် ယခုအခါ တစ်ညအိပ် ခရီးသွားရသည်အထိ အချိန်ကြာမြင့်လာနေပြီး၊ ကုန်တင်ကားများမှာမူ ဝေဘူလလမ်းဘက်မှတဆင့် သွားလာ ကြသည့်အတွက်…
(006SV) ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်ကော်မရှင်တပ်က ယနေ့ မနက်ပိုင်းတွင် ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ် သွားကြောင်း ဒေသခံတချို့ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီသည် မတူပီမြို့ပေါ်ကို ဂျက်ဖိုက်တာ တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ မတူပီပြည်သူ့ဆေးရုံအနီးကို ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ ဗုံး ၂ နှစ်လုံးဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မတူပီပြည်သူ့ဆေးရုံး ထိခိုက်ပျက်စီးမှုတချို့ ရှိပြီး ပြည်သူများ ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မတူပီမြို့နယ်ရှိ ချင်းတော်လှန်ရေးအင်အားစုများထံ အသေးစိတ်သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။ အောက်တိုဘာလ ၁၀ ရက်ကလည်း စစ်ကော်မရှင်သည် မတူပီမြို့ပေါ်ရှိ မီးသတ်ရုံးအနီးဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်မှာလည်း ဟားခါးမြို့၊ Vanha ကျေးရွာ မူလတန်းကျောင်းကို ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်ရာ ကျောင်းသန့်ရှင်းရေး လုပ်နေသော ကလေးငယ်များ ဗုံးထိမှန်ခဲ့ပြီး ကလေးငယ် ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများ အများအပြား ရှိခဲ့သည်။ အောက်တိုဘာလ ၈ ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာက စာသင်ကျောင်းနှင့် ဘော်ဒါဆောင်များကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသား ၃ ဦးနှင့်…
(006SV) အာဏာသိမ်းစစ်ကော်မရှင်ကဖွဲ့စည်းထားသော ချင်းပြည်နယ်စစ်အစိုးရအဖွဲ့ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ခေတ္တပြည် နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဗိုလ်မှူးကြီး ခင်မောင်ထွေး (ကြည်း – ၃၀၂၈၄) သည် ချင်းပြည်နယ် စစ်အစိုးရအဖွဲ့ကို ခေတ္တ ဝန်ကြီးချုပ်အဖြစ် အောက်တို ဘာလဆန်းမှ စတင်၍ တာဝန်ယူထားရာ နှစ်ပတ်နီးပါးရှိလာပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် (Dr. Vung Suan Thang) သည် ကျန်းမာရေး မကောင်း၍ ဆေးကုသနေရသည်ဟု CDF – ဟားခါးနှင့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။ “အဲဒီဝန်ကြီးချုပ်က ကျန်းမာရေး မကောင်းလို့ ဆေးရုံးတက်ဖို့ အောက်ပြည်ကို ဆင်းသွားတယ်။ အောက်တိုဘာလ ၅ ရက်က စစ်တပ်ရဲ့ ဟတ်စကီးနဲ့ အောက်ပြည်ဘက်ကို သွားတယ်။ လတ်တလောမှာ ဖျားလို့ ဆေးကုသဖို့ ဆင်းသွားတယ်လို့ပဲ သိထားပါတယ်” ဟု CDF – ဟားခါးမှ တာဝန်ရှိသူက ပြောသည်။ ချင်းပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ လုပ်ငန်းအစည်းအဝေးကို ဟားခါးမြို့ရှိ ချင်းပြည်နယ်စစ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၁၁ ရက်က ကျင်းပရာ ဗိုလ်မှူးကြီး ခင်မောင်ထွေးက ခေတ္တ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ကျင်းပသည်ဟု သိရသည်။ အဆိုပါအစည်းအဝေးတွင် ချင်းပြည်နယ်စစ်အစိုးရအဖွဲ့ ဝန်ကြီးများအပါအဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဏာသိမ်းစစ်ကော်မရှင်က…
(006SV) ချင်းပြည်နယ်၊ ဟားခါးမြို့နယ် Vanha ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းကို စစ်ကော်မရှင်တပ်က ယနေ့မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ မူလတန်းကလေးငယ် ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ကလေးငယ် များပြားကြောင်း သိရသည်။ အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် စစ်ကော်မရှင်တပ်သည် ဟားခါးမြို့မှ မိုင် ၃၀ ခန့်ကွာဝေးသော Vanha ကျေးရွာက မူလတန်းကျောင်းကို ဂျက်ဖိုက်တာဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ပြီး ကျောင်းသန့်ရှင်းရေး လုပ်နေသော ကလေးငယ်များနှင့် အရပ်သား မိဘပြည်သူများ ဗုံးဒဏ် ထိမှန်ခြင်း ခံရသည်ဟု သိရသည်။ “၁၀ နာရီခွဲ ဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခံလိုက်ရပါတယ်။ သူတို့က ကျောင်းဆောင် အဆောက်အဦးကို ကြဲချတာ၊ အဆောက်အဦးပေါ်မှာတော့ မကျဘူး။ အဆောင်ရဲ့ အနောက်ကို ကျသွားတယ်။ ကလေးတွေလည်း ကျောင်းသန့်ရှင်းရေး လုပ်နေတုန်း တော်တော်လေးလေး ထိခိုက်ဒဏ်ရာ ရတယ်။ လူဦးရေကတော့ အတိအကျ မသိသေးဘူး။ ကလေး ၂ ဦးက သေဆုံးသွားတယ်။ ပြင်းထန် ဒဏ်ရာ တွေလည်း ရှိနေတယ်” ဟု CDF – ဟားခါးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် မူလတန်းကျောင်းသား ၂ ဦး သေဆုံးပြီး ကလေးငယ် အများအပြား ထိခိုက်ဒဏ်ရာများ ရရှိကြောင်း၊ တချို့ကလေးငယ်များမှာ ဒဏ်ရာ ပြင်းထန်မှု ရှိနေကြောင်း၊…
(006SV) UN၊ အာဆီယံနှင့် နိုင်ငံတကာသံတမန်များအနေဖြင့် စစ်ကော်မရှင်၏ ဟန်ပြလုပ်ငန်းစဉ်ဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခြင်း မပြုရန် CNF အပါအဝင် NCA လက်မှတ်ထိုးထားသော တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့က ကြေညာသည်။ စစ်အုပ်စု၏ ဟန်ပြလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းသည် မြန်မာနှင့် ဒေသတွင်း မတည်ငြိမ်မှုကို ဖန်းတီးနေသော စစ်အုပ်စုကို ထောက်ခံရာ ရောက်သည့် အတွက် NCA လက်မှတ်ထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို မတက်ရောက် ခြင်းဖြင့် လူထုနှင့်အတူ ရပ်တည်ကြောင်း ပြသရန် နိုင်ငံတကာအသိုင်းအဝိုင်းကို NCA လက်မှတ်ထိုးခဲ့သော ၆ ဖွဲ့က တောင်းဆိုခြင်းဖြစ်သည်။ “NCA ကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီထဲကနေ ၆ ဖွဲ့ရဲ့ နိုင်ငံရေးသဘောထား ရပ်တည်ချက်ကို ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း သိအောင်ဆိုပြီး ရည်ရွယ်ချက်နဲ့ ဒါက ထုတ်ပြန်ရ ခြင်းဖြစ်ပါတယ်။ စစ်တပ်ကတော့ ဒီလိုပါပဲ နိုင်ငံရေးအနှစ်သာရ ကင်းမဲ့ပြီး အခုလို အတုအယောင်ပွဲတွေကို ကျင်းပလေ့ ရှိပါတယ်။ ဒါကလည်း နိုင်ငံတကာနဲ့ လူထုကို လှည့်စားချင်လို့ပါ။ အခုလည်း ငြိမ်းချမ်းရေး အတုလုပ်ပြီး နိုင်ငံတကာကို လှည့်စားဖို့ သဘောပါပဲ။ ဘာမှ ထူးခြားမှုတော့ မရှိပါဘူး။ ဒီအပေါ်မှာတော့ အထူးတလည် တုန့်ပြန်သွားဖို့တော့ မရှိဘူး။ တော်လှန်ရေးမှာ ဒီနေ့…
(004SS) ချင်းပြည်နယ်အတွင်း ပညာရေးအဆောက်အအုံများကို စစ်ကော်မရှင်တပ်က ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်လာခြင်းကြောင့် ဟားခါးမြို့နယ်အတွင်းရှိ CDF-Hakha ဗဟိုကောင်စီ၊ ပညာရေးဌာန လက်အောက်ရှိ ကျောင်း များအားလုံးကို ခေတ္တပိတ်ထားကြောင်း ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ယနေ့အောက်တိုဘာလ ၁၃ ရက်မနက်ပိုင်းမှာ ဟားခါးမြို့နယ် Vanha ကျေးရွာစာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးခဲ့ပြီးနောက် CD-Hakha ဗဟိုကောင်စီက ယခုကဲ့သို့ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ စစ်ကော်မရှင်တပ်ဖွဲ့သည် ပညာရေးအဆောက်အအုံ နှင့် ကျောင်းသားကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်လာသည့် အတွက် နောက်ထပ်အသိပေးထုတ်ပြန်ခြင်းမရှိမချင်း ပြည်သူ့ကျောင်းများအားလုံး ယာယီပိတ်ထားလိုက်သည်ဟု ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ ဟားခါးမြို့မှ မိုင် ၃၀ ခန့်ကွာဝေးသော Vanha ကျေးရွာက အခြေခံပညာမူလတန်းကျောင်း ဗုံးကြဲတိုက်ခိုက်မှုတွင် ကျောင်း သားတစ်ဦး နှင့် ကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး၊ ကျောင်းဆရာ/ဆရာမအပါအဝင် အယောက် ၂၀ ဝန်းကျင်ခန့် ဒဏ်ရာရရှိ သည်ဟု သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ကလည်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဝမ္မသူးကျေးရွာနှင့် ထင်ချောင်း ကျေးရွာရှိ စာသင်ကျောင်းများနှင့် ဘော်ဒါဆောင်များကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထိုသို့ လေကြောင်းမှ စာသင်ကျောင်းများအား ဦးတည်တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းကြောင့် မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က…
(006SV) ချင်းတော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသော မင်းတပ်မြို့နယ်တွင် စာသင်ကျောင်းများကို စစ်ကော်မရှင်က လေကြောင်းမှ ဦးတည်တိုက်ခိုက်နေ၍ ပြည်သူ့အခြေပြုကျောင်းအားလုံးကို ယနေ့ အောက်တိုဘာလ ၁၀ ရက်မှစတင်၍ ခေတ္တပိတ်ကြောင်း မင်းတပ်ပအဖအဖွဲ့က ကြေညာသည်။ ကြားကာလပြည်သူ့ အခြေပြုကျောင်းများ ပိတ်ရန် ကိစ္စနှင့်ပတ်သက်၍ အောက်တိုဘလ ၉ ရက် နေ့စွဲဖြင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကော်မရှင်တပ်က ကလေးသူငယ်များကို ဦးတည်ကာ စာသင်ကျောင်းများ၊ ဘော်ဒါ ဆောင်များကို တိုက်ခိုက်မှုကြောင့် ကြားကာလ ပြည်သူ့အခြေပြုကျောင်းများ အားလုံးကို ခေတ္တပိတ်လိုက်ရခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့သည် ကယ်ဆယ်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အောက်တိုဘာလ ၈ ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာက စာသင်ကျောင်းနှင့် ဘော်ဒါဆောင်များကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိကာ တချို့မှာ ဒဏ်ရာ ပြင်းထန်းသည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်အပါအဝင် နေအိမ် ၆ လုံးလည်း ပျက်စီးသွားကြောင်း သိရသည်။ အောက်တိုဘာလ ၄ ရက်ကလည်း မင်းတပ်မြို့၏ ၂ နေရာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ် ထိခိုက်ပျက်စီးမှုများ ရှိကြောင်း CDF…
(006SV) စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ၄ နှစ်ကျော်အကြာ ချင်းပြည်နယ်အတွင်းရှိ လူငယ် ၃ ဦးတွင် ၁ ဦးသည် မလုံခြုံမှုများကို အမြဲတမ်း သို့မဟုတ် မကြာခဏ ခံစားနေကြရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP – မြန်မာ) က ကြေညာသည်။ အောက်တိုဘာလ ၁၀ ရက်က ထုတ်ပြန်သော မြန်မာ့လူငယ်များ၏ ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံမှုနှင့် စိတ်ကျန်းမာရေးကို လေ့လာသော အစီရင်ခံစာတွင် ဖော်ပြထားသည်။ မလုံခြုံမှုများသည် လူငယ်များ၏ နေ့စဉ်ဘဝအနှံအပြားသို့ စိမ့်ဝင်လာလျက်ရှိပြီး လူငယ် ၇ ဦးတွင် ၁ ဦးခန့်သည် ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ “အမြဲတမ်း” သို့မဟုတ် “မကြာခဏ” ခံစားနေရကာ ချင်းမှာ ၃၀ ရာခိုင်နှုန်း၊ ကယားမှာ ၂၅ ရာခိုင်နှုန်း ရခိုင်မှာ ၂၂ ရာခိုင်နှုန်း၊ ကချင်မှာ ၂၁ ရာခိုင်နှုန်းအဖြစ် ပဋိပက္ခဒေသများတွင် သိသာစွာ မြင့်မားနေ သည်ဟု UNDP ထံမှ သိရသည်။ UNDP ၏ လေ့လာတွေ့ရှိချက်အရ ချင်းပြည်နယ်တွင် လူငယ် ၃ ဦးတွင် ၁ ဦးသည် မိမိရပ်ရွာတွင် မလုံခြုံမှုကို ခံစားနေရခြင်း ဖြစ်သည်ဟု သိရသည်။ လူငယ် သုံးပုံတစ်ပုံ နီးပါးရှိသည့် လူငယ်ဦးရေ ငါးသန်းခန့်သည် စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဖိစီးမှုများကို အမြဲလိုလို သို့မဟုတ် မကြာခဏ ခံစားနေရကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ၃၄ ရခိုင်နှုန်းနှင့် မသန်စွမ်းလူငယ်များအကြား…
